စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒါးမကူးကန်ရဲ့ အတိတ်




တစ်နေ့သ၌ အင်းဝဘုရင်က ဆရာတော်ကြီး၏ သီလကို စမ်းသပ်လိုသဖြင့် နန်းတွင်းသူတစ်ယောက်ကို ဆရာတော်ကြီး၏ ကျောင်းသို့ ညအချိန်သွားရန် စေလွှတ်လိုက်ပါသည်။

ဆရာတော်ကြီးမှာ တောင်ဖီလာ အရပ်တွင် တစ်ပါးတည်းသီတင်းသုံးလျှက် ရှိ၏။ ဘုရင်လွှတ်လိုက်သော အမျိုးသမီးက ကပိုကယို ၀တ်စား လျှက် ကိုယ်ကို ရေများစိုစေကာ ဆရာတော်ကြီးကျောင်းသို့ ညအချိန်မတော် ရောက်လာပါသည်။

ရောက်လျှင် ဆရာတော်ကြီးအား ဒုက္ခရောက်လာသဖြင့် သည်ည ကျောင်းတွင်တည်းပါရစေ ဟု လျှောက်ထားပါသည်။

ဆရာတော်ကြီးက ရဟန်းတော်များနှင့် မာတုဂါမများ တစ်မိုးအောက်တွင် အတူမအိပ် ကောင်းကြောင်း ပြောသော်လည်း အမျိုးသမီးမှာ ကုတ်နှင့်ကော်ထုတ်တောင် ရမှာမဟုတ်သည့်အတွက် ကျောင်းတွင် အိပ်ခွင့်ပြုလိုက်ရသည်။

ဆရာတော်ကြီးက ကပိုကယိုဝတ်စားကာ ရေများစိုလာသည့် မိန်းမပျိုကြောင့် မိမိစိတ်များဖောက်ပြန်မည်ကို စိုးရိမ်တော်မူသဖြင့် သင်တုန်းဒါးဖြင့် ခြေသလုံးကိုလှီးကာ တစ်ညလုံး ဝေဒနာနုပဿနာ ရှုနေပါသည်။

မိုးလင်းသောအခါ မဟုတ်တာကိုမှ ရွေးကြံတတ်သည် ဘုရင်သည် ကျောင်းသို့နောက်လိုက်နောက်ပါများနှင့် ရောက်လာသည်။

ဆရာတော်ကြီးက သူ့သီလမြဲကြောင်းကို သည်ဒါးသက်သေရှိသည်ဟု ဒါးကို ကန်ထဲတွင် ပစ်ချပြလိုက်ရာ ဒါးသည် အသက်ရှိသော ငါးများကဲ့သို့ ရေတွင်ကူးပြပြီး ဆရာတော်ကြီး၏ သီလကို ထောက်ခံခဲ့ရာ ဒါးမကူးကန်ဟု ယခုတိုင်ရှိသေးသည်။

(အရှင်ဝဏ္ဍဖေ့ဘုတ်မှ)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...