ကောင်းမွန်လှပတဲ့ အရေပြား ဆိုတာ အပြစ်အနာအဆာ ကင်းပြီး ချောမွေ့တင်းရင်း နေတာ မျိုးပါ။ အသားအရေ ပျက်စီးပြီဆိုရင်တော့ အရေပြားခြောက် သွေ့နေတတ်တာ၊ ကြမ်းတမ်းတာ၊ ကွဲအက်လွယ် တာ၊ ဝက်ခြံပေါက်တာ၊ အရေးကြောင်းပေါ်တာ၊ ကြည်လင်မှုမရှိတာ စတဲ့ ပြဿနာတွေ ပေါ်လာပါတော့တယ်။
အသားအရေပျက်စီးရသည့် အကြောင်းရင်း
အသားအရေ ပျက်စီးစေတဲ့ အဓိက အကြောင်းရင်းတွေရှိပါတယ်။ အဖြစ်များတဲ့ အရေပြားပျက်စီးမှုတွေကတော့
နေလောင်ခြင်း
နေပူထဲကို အကာအကွယ်မပါဘဲ ထွက်တာကြောင့် အရေပြားပျက်စီးစေ နိုင်ပါတယ်။
ကာကွယ်နိုင်စေရန်
- မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီအတွင်းက နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ကြောင့် အရေပြားကို ပျက်စီးစေနိုင်တဲ့အတွက် သင့်ခန္ဓာကိုယ်ကို နေရောင်ကာကွယ် တဲ့ SPF ၁၅ ဆလောက် ပါဝင်တဲ့ခရင်မ်ကို လိမ်းပါ။ ဒါမှမဟုတ် နေပူကို ကာ ကွယ်နိုင်တဲ့ အဝတ်အစားနဲ့ အသုံးအ ဆောင်တွေကို သုံးပါ။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် အရေပြားကို အောက်ဆီဂျင်ရရှိမှုနည်းပြီး ကြာလာတဲ့အခါ အရေပြားပျက်စီးစေပါ တယ်။ အရေပြားမှာ အရေးကြောင်း ဖြစ် တာနဲ့ အရွယ်မတိုင်ခင်အိုမင်းတာဟာ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပါတယ်။
ကာကွယ်နိုင်စေရန်
- ဆေးလိပ် မ သောက်ပါနဲ့။ ဆေးလိပ်သောက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။ ဆေးလိပ်သောက် သူဖြစ်ပါက ဆေးလိပ်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။
အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း
အရေပြားပေါ်ကို ကြမ်းတမ်းစွာ ပွတ်တိုက်တာမျိုးနဲ့ အရေပြားသန့်စင် ကြေးချွတ်တာကို ခဏခဏပြုလုပ်တတ် သူတွေမှာ အရေပြားဟာ အထိခိုက်မခံ တော့ဘဲ ဖြစ်လာတတ်ပါတယ်။
ကာကွယ်နိုင်စေရန်
- တစ်နေ့တည်းမှာ ရေခဏခဏမချိုးပါနဲ့။ အရမ်းပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာတွေနဲ့ ကြေးချွတ်ပစ္စည်း တွေကို ရှောင်ပါ။ ရေသုတ်ချိန်မှာ ညင်သာ ပါစေ။ အမွေးရိတ်ချိန်မှာ အထူးဂရုစိုက်ပါ။ ရေဓာတ်ပါဝင်တဲ့ ခရင်မ် ပုံမှန်လိမ်းပါ။
ကျန်းမာရေးနှင့် ညီညွတ်သော အစာမစားခြင်း
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စား သောက်မှုပုံစံကြောင့်လည်း အရေပြား ပျက်စီးစေနိုင်ပါတယ်။
ကာကွယ်နိုင်စေရန်
- ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ မုန့်တွေနဲ့ ပရိုတင်းကြွယ်ဝတာတွေကို စားပါ။ ဈေးကွက်မှာ အလွယ်တကူ ရရှိနိုင်တဲ့ Fast Food တွေကို ရှောင်ပါ။
စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုတွေကြောင့် ဝက်ခြံနဲ့ အရေပြား ထိခိုက်မှုတွေဖြစ်တတ်ပါတယ်။
ကာကွယ်နိုင်စေရန်
- စိတ်ဖိစီးမှုကို တတ်နိုင်သမျှ တိုက်ထုတ်ပစ်ဖို့ပါပဲ။ လှုပ် ရှားရုန်းကန်နေရတဲ့ လူနေမှုဘဝထဲမှာ အတတ်နိုင်ဆုံး ပျော်အောင်နေပါ။ သူငယ်ချင်းတွေနဲ့ ရင်ဖွင့်ပြောဆိုပါ။ လူမှု ရေးအဖွဲ့အစည်းတွေထဲမှာ ကိုယ်တတ်နိုင် သလောက် ပါဝင်ကူညီပါ။
အသားအရေပျက်စီးလျှင် စားသင့်သည့်အစာများ
၁။ အခွံမာရေသတ္တဝါများ
ကမာကောင်၊ ပုစွန်၊ ကဏန်း၊ ခုံး ကောင်စတဲ့ ရေသတ္တဝါတွေမှာ ဇင့်ဓာတ် ကြွယ်ဝကြပြီး အရေပြားပျက်စီးမှုကို ဖြစ် စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ် နိုင်ပါတယ်။
၂။ သခွားသီး
သခွားသီးမှာ သဘာဝ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါဝင်တြာေ
၃။ ငှက်ပျောသီး
ငှက်ပျောသီးဟာ ဗိုက်ပြည့်လွယ်ပြီး ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာ ပဲဖြစ်ပါတယ်။ ပုံမှန်စားနေကျ အစားအ စာတွေေ နရာမှာ အစားထိုး ပြီးစားလရှိတဲ့ အစာမျိုးလည်းဖြစ်ပါတယ်။ ငှက်ပျောသီး မှာ ဇင့်ဓာတ်ကြွယ်ဝပြီး၊ ဆံသားပျက်စီးမှု ကိုပါ ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။
၎။ ကိုက်လန်
ကိုက်လန်ဟာ အစိမ်းရောင် အပင်မျိုးဖြစ်ပြီး ဇင့်ဓာတ်ကြွယ်ဝကာ ကျန်းမာရေးအကျိုးပြု အရွက်ပဲဖြစ်ပါတယ်။ အရေပြားပျက်စီးမှုကို ပြန်လည်ကောင်းမွန်စေ တဲ့ ဖြည့်စွက်စာအဖြစ် စားပေးနိုင်ပါတယ်။
၅။ ပဲဖြင့် ပြုလုပ်သော စားကုန်များ
ပဲနဲ့ ပြုလုပ်တဲ့ စားကုန်တွေဖြစ်တဲ့ တိုဟူးလို အစားအစာတွေမှာ ကယ်လ်စီယမ်နဲ့ ဇင့်ဓာတ်တွေကြွယ်ဝပြီး အရေပြား ပျက်စီးတာကို ပြန်လည်ပြုပြင်နိုင်ပါတယ်။
၆။ စတော်ဘယ်ရီ
စတော်ဘယ်ရီသီးမှာ ဇင့်ဓာတ်နဲ့ အရေပြားကို ပြုပြင်ပေးနိုင်တဲ့ salicylic acid ပါဝင်ပါတယ်။ ဇင့်ဓာတ်ချို့တဲ့မှုကို ကာကွယ်နိုင် တဲ့အပြင် အိမ်ထောင်ရေး သုခကိုလည်း ပြည့်ဝစေတဲ့ အသီးမျိုးဖြစ် ပါတယ်။
၇။ အာလူး
အာလူးမှာ ဗီတာမင် အေ၊ စီ၊ အီးနဲ့ ဇင့်ဓာတ်တွေပါဝင်ပါတယ်။ ဝက်ခြံပေါ်ကို အာလူးပါးပါးလှီးပြီး ကပ်ပေးရင် သက်သာစေပါတယ်။
၈။ ရွှေဖရုံသီး
ရွှေဖရုံသီးမှာ အိုမီဂါသရီး၊ ဗီတာမင် ဘီ၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တွေ ပါဝင်တာကြောင့် အရေပြားပျက်စီးမှုကို ပြုပြင်ပေးနိုင် တာပါ။
၉။ ထောပတ်သီး
အရေပြား ပြန်လည်ပြုပြင်ပေးနိုင်ဖို့
၁၀။ အစေ့အဆန်များ
အရေပြားချောမွေ့စေတဲ့ အစားအ အစာအဖြစ် လူသိများပြီး သရေစာအ ဖြစ် စားပေးပါ။
အသားအရေပျက်စီးခြင်းကို ပြန်လည်ကုသမှု
၁။ အလှကုန်ပစ္စည်းများ
အခုခေတ်မှာ အရေပြားကို ပြန် လည်ပြုပြင်ပေးနိုင်တဲ့ အသားအရေထိန်း သိမ်းမှုပစ္စည်းတွေကို စိတ်တိုင်းကျ ဝယ် ယူလို့ရနိုင်ပါတယ်။ သင့်အသားအရေအ လိုက် ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီ
၂။ အိမ်တွင်းကုထုံးများ
ဝက်ခြံပေါက်ရင်။ ။ ဆော်ဒါမှုန့် တစ် ဇွန်းကို ပျားရည်တစ်ဇွန်း၊ ရေအနည်းငယ် နဲ့ရောပြီး မျက်နှာအနှံလိမ်းထားကာ တစ် နာရီလောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်သုံးကြိမ်ပြုလုပ်ပေးပ
အရေပြားချောမွေ့အောင်။ ။ ကြမ်းတမ်းပြီး ညိုမည်းနေတတ်တဲ့ ဒူးနဲ့ တံတောင်လို နေရာတွေကို သံပရာသီးနဲ့ ပွတ်တိုက်ပြီး မိနစ်၂၀ လောက်ကြာချိန်မှ ရေ နဲ့ သန့်စင်လိုက်ပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားချောမွေ့သွားပါလိမ့်
၃။ အခြားကုထုံးများ
မျက်နှာလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။ ရေဓာတ်ခန်းခြောက်မှုကြောင့် အရေ ပြားမထိခိုက်အောင် ရေ တစ်နေ့ ၆-၈ ခွက်သောက်ပါ။ ပြုံးရယ်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပုံမှန် အရေပြား သန့်စင်မှုကို ပြုလုပ်ပါ။ ညအိပ်ရာဝင်တိုင်း မိတ်ကပ်တွေကို ဖျက်ပါ။ နားလည်တဲ့ အရေပြားအထူးကုနဲ့ တိုင်ပင်ပြီး ကုသမှုခံယူပါ။
သဲသဲ
https://www.facebook.com/photo.php?fbid=438916102872893&set=a.351047714993066.
No comments:
Post a Comment