စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရန်ကုန်က ကမ္ဘာ့အသေးဆုံးကြက်ဥတဲ့



       ကမ္ဘာ့ဂင်းနက်စ် မှတ်တမ်း ဝင်ခဲ့သည့် တရုတ်နိုင်ငံမှ ကမ္ဘာ့အသေးဆုံး ကြက်ဥထက် ပို၍ သေးငယ်သည်ဟု ယူဆရသော ကြက်ဥအား ရန်ကုန်မြို့၌ တွေ့ရှိရကြောင်း သိရသည်။
”အိမ်မှာက တိန်ညင်ကြက်လေးတွေကို အလှသဘောမျိုး နဲ့မွေးထားတာ ငါးနှစ်လောက် ရှိသွားပြီ။ အားလုံးဆိုရင် တိန်ညင်ကြက် ၆ ကောင်ရှိတယ်။ အရင်ကလည်း ဒီလို ကြက်ဥအသေးလေးတွေ နှစ်ခါဥဖူးသေးတယ်။ အခု တစ်ခေါက်ကတော့ ကမ္ဘာ့ အသေးဆုံးဆိုတဲ့ တရုတ်နိုင်ငံက ကြက်ဥထက်ကို သေးတာ။ ကျွန်တော်တို့က ဒီကြက်ဥလေးကို ဝပ်ကျင်းထဲက တွေ့ခဲ့ရတာ။ ဒီကြက်ဥကို ကမ္ဘာ့ ဂင်းနက်စ်စံချိန် ဝင်ပြိုင်ချင်ပေမယ့် အဆက်အသွယ် မရှိတော့ ဘယ်လိုလုပ်ရမှန်း မသိဘူး”ဟု ၄င်းက ပြောသည်။

     လက်ရှိ ကမ္ဘာ့ဂင်းနက်စ် မှတ်တမ်းဝင် တရုတ်နိုင်ငံမှ ကမ္ဘာ့အသေးဆုံး ကြက်ဥမှာ အရှည် ၂ ဒသမ ၁ စင်တီမီတာရှိပြီး ရန်ကုန်မြို့ရှိ ယခု တွေ့ရှိသော ကြက်ဥမှာမူ အရှည် ၁ ဒသမ ၈ စင်တီမီတာ သာရှိကြောင်း သိရသည်။ ထို ကြက်ဥကို ယခုနှစ် အောက်တိုဘာ လ ၂၃ ရက်နေ့က ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ၂၄ ရပ်ကွက်ရှိ ဦးစိန်မြင့် မွေးမြူထားသော ကြက် ၆ ကောင် အနက် အသက် ၁ နှစ်ခွဲ အရွယ်ရှိ ကြက်မ တစ်ကောင်မှ ဥခဲ့ ခြင်းဖြစ်ကြောင်း ဦးစိန်မြင့်၏ သားဖြစ်သူက ပြောသည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)
တေးသီငှက်မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...