ဖြေဖျော်ပွဲတစ်ခုမှာ ဂျိုကာလေးတစ်ယောက် မတော်တဆနဲ့
စင်ပေါ်က ပြုတ်ကျသွားခဲ့တယ်။ သူ့သွားတချို့ ကျိုးကုန်တယ်၊ မျက်နှာမှာ
ပွန်းပဲ့ဒဏ်ရာရခဲ့တယ်။ နာကျင်လွန်းလို့ သူ့မျက်နှာရှုံ့မဲ့နေခဲ့တယ်။ ဒါကို
သူသရုပ်ဆောင်တာ ပီပြင်တယ်ဆိုပြီး ပရိသတ်တွေ တဝါးဝါးနဲ့ပွဲကျခဲ့တယ်။
ကလေးလေးတစ်ယောက်ပဲ သူ့မေမေလက်မောင်းကိုဆွဲပြီး "မေမေ.. မေမေ.. ဂျိုကာလေး နာလွန်းလို့ မျက်ရည်ကျနေတယ်"လို့ ပြောခဲ့တယ်။
ကလေးလေးပြောတာကို ဘယ်သူမှ မကြားခဲ့ဘူး။ တစ်ယောက်မှ မကြားခဲ့ဘူး။
___________
သူ့ပျော်ရွှင်ပါစေဆိုပြီး ကိုယ့်ကိုယ်ကို ဒဏ်ရာအထပ်ထပ်နဲ့ မနာကျင်ပါစေနဲ့။ လူဆိုတာ တစ်ကိုယ်ကောင်းဆန်သူတွေပါ။ ကိုယ့်ခံစားချက်ကိုပဲ ကိုယ်ကြည့်ကြသူတွေပါ။ သင်ဒီလို နာကျင်တာကို လူနည်းစုလောက်ပဲ သတိပြု၊ ဂရုစိုက်မိမယ်ဆိုတဲ့အကြောင်း ပုံပြင်လေးက ပြောသွားခဲ့ပါတယ်။
.
Photo:
လေးစားလျက် (လမင်း)

No comments:
Post a Comment