အောင်ကျော်မျိုး(ဟင်္သာတ)
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး
ဟင်္သာတ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်ကား ကျော်တက်ရာမှ ဆိုင်ကယ်ကို တိုက်မိရာ ဆယ်တန်းအောင်စာရင်း လာကြည့်သူနှစ်ဦး သေဆုံးပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဟင်္သာတမှ ရန်ကုန်သို့ မောင်းနှင်လာသော ၁ ခ/--- စိန်နိုင်ကျော် ခရီးသည်တင် မှန်လုံယာဉ်သည် ဇလွန်မြို့နယ်၊ မေရီလန်းရွာအနီး မိုင်တိုင်အမှတ် ၂၉/၆ နှင့် ၂၉/ ၇ ကြားအရောက် ဇွန် ၇ ရက်၊ နံနက် ၈ နာရီ ၂ဝ မိနစ်တွင် ရှေ့မှ မောင်းနှင်နေသော ရဲရင့်ခိုင် ခရီးသည်တင် မှန်လုံယာဉ်ကို တစ်ဖက်ယာဉ်ကြောမှ ကျော်တက်ရာမှ လမ်းကြောင်းမှန်အတိုင်း ဇလွန်ဘက်သို့ ဓနုဖြူမြို့နယ်၊ ဖက်သောင်အုပ်စု၊ လှေလမ်းရွာနေ ယာဉ်မောင်း စောလယ်ထူးမောင်းနှင်ပြီး စောစိုင်းမင်းဦး လိုက်ပါစီးနင်းလာသော ဟွန်ဒါဝေ့ ၁၁ဝ အနက်ရောင်ဆိုင်ကယ်ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ပြီး ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဝဲဘက်အခြမ်းရှိ လမ်းဘေးမြောင်းထဲသို့ ထိုးဆင်းသွားခဲ့ကာ ဆိုင်ကယ်ပေါ်ပါ စောလယ်ထူး(၃၅ နှစ်)နှင့် စောစိုင်းမင်းဦး(၃၂ နှစ်) တို့နှစ်ဦး အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကားပေါ်ပါ ခရီးသည် ကျားခြောက်ဦးနှင့် မခြောက်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဇလွန်ရဲစခန်းမှ သိရသည်။
ဒဏ်ရာရသူ ၁၂ ဦး အနက် လေးဦးကို ဟင်္သာတခရိုင် ဆေးရုံကြီးသို့ လွှဲပို့ကုသခဲ့ရပြီး ကျန်လူနာများကို ကျုံရှတိုက်နယ်ဆေးရုံနှင့် ဇလွန်မြို့နယ် ဆေးရုံတို့တွင် အတွင်းလူနာနှင့် ပြင်ပလူနာများအဖြစ် ကုသလျက်ရှိကြောင်း၊ ယာဉ်ပေါ်ပါ ထိခိုက်မှုမရှိသည့် ကျန်ခရီးသည်များမှာ ကားကြုံများနှင့် ခရီးဆက်ခဲ့ကြပြီဖြစ်ပြီး တရားခံအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲအုပ်စိုးအောင်က ပြောကြားသည်။
“မေရီလန်း အ.ထ.ကမှာ ညီမဖြစ်သူ ရဲ့ ဆယ်တန်းအောင်စာရင်းကြည့်ဖို
ဟင်္သာတခရိုင်ဆေးရုံကြီးမှ ထိခိုက်ဒဏ်ရာနှင့် အရိုး၊ အကြော၊ အဆစ်ခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာမင်းသူထံ ဆက်သွယ်ခဲ့ရာ “အရိုးဆောင်ကို နှစ်ယောက် ရောက်လာပါတယ်။ ကလေးတစ်ယောက်က ပေါင်ရိုးကျိုးပြီး အဘွားတစ်ဦးက တင်ပါးဆုံရိုး ထိသွားတယ်။ ခွဲစိတ်ဆောင်ကိုလည်း နှစ်ယောက် ရောက်တယ်လို့ ကြားပါတယ်”ဟု မွန်းလွဲ ၃ နာရီခန့်က ဖြေကြားသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အား ဇလွန်မြို့မရဲစခန်းက ယာဉ်(ပ)၁၈/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃ဝ၄-က/၃၃၇/
-
https://www.facebook.com/MyawadyNew/photos/a.469840836450969.1073741826.27025
အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရားကို သတိရကာ သံဝေဂ စိတ်တစ်ချက်လောက်ဖြစ်ပါစေ..
No comments:
Post a Comment