မြန်မာနိုင်ငံသည် ပထဝီဝင် မြေအနေအထားနှင့် တော၊ တောင်၊ ရေ၊ မြေသဘာဝ စသည့် သယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည့် အပြင် အလုပ် လုပ်နိုင်သည့် လူသား အရင်းအမြစ်များ အပါအဝင် ဖြစ်သော ကြိုးစားနိုးကြား တက်ကြွသော တောင်သူလယ်သမားများ၏
စွမ်းအားတို့ကြောင့် လယ်ယာ စိုက်ပျိုးရေးကို အခြေခံပြီး ဖွံ့ဖြိုး တိုးတက်နိုင်မှု အလားအလာ အလွန်ကောင်းသည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည် လျက် ရှိလေသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကို အဓိက မြှင့်တင်ပေးနိုင်သည့် မောင်းနှင်အား (Driving Engine) မှာ လယ်ယာကဏ္ဍ ဖြစ်ပြီး ကမ္ဘာ့ စိုက်ပျိုးရေး ပညာရှင်များ ကလည်း မြန်မာနိုင်ငံကို စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်လာစေရန် အလားအလာ ကောင်းသော (Virgin Land) ဟု လည်းကောင်း၊ (Natural Green House Country) အဖြစ်လည်းကောင်း အထူး စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။
နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍ နိုင်ငံတော်အ စိုးရ စတင် တာဝန်ယူသည့် ပထမနှစ်တွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်း
များကို အရှိန်အဟုန်ဖြင့် အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်မှ စတင်၍ ဒုတိယ အဆင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လုပ်ကိုင်ရာ၌ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဆောင်ရွက်လျက် ရှိသည်။ အဓိကအားဖြင့် ကျေး လက်နေ ပြည်သူလူထု ၄၁ သန်းကျော်သည် လယ်ယာကဏ္ဍ အပေါ် အခြေပြု၍ အသက်မွေးဝမ်းကျောင်း ပြုနေရခြင်းကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင် မှသာလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်း လဲ နိုင်မည်ဖြစ်သည်။
ထို့ကြောင့် လယ်ယာကဏ္ဍ အလုပ် အကိုင်
အခွင့်အလမ်းများ ရရှိရေး၊ လျင် မြန်စွာ အောင်မြင်မှုရရှိရေး (Quick Win)
ဖော်ဆောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက် လျက်ရှိကြောင်း
သိရသည်။ လယ်ယာ လုပ်ငန်းခွင် များတွင် စိုက်ပျိုး ထုတ်လုပ် ဆောင်ရွက်နေသည့်
တောင်သူ လယ်သမားများသည် ကိုယ်တိုင် တိုးတက်ကြီးပွား လိုစိတ်များ ရှိကြပြီး
ကြိုးကြိုးစားစားဖြင့် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ကောင်းများ၊
စိတ်ဓာတ်ပိုင်းဆိုင်ရာ များကို ပြုပြင် ပြောင်းလဲခြင်း၊
တောင်သူလယ်သမားများ အတွက် ဝင်ငွေ တိုးတက်ပြီး စီးပွားရေး တွက်ခြေကိုက်မည့်
သီးနှံများကို စိုက်ပျိုးခြင်းနှင့် သီးနှံအလိုက် အထွက် ကောင်းစေရန်
မျိုးကောင်း၊ မျိုးသန့်များကို ပြောင်းလဲ စိုက်ကြရမည် ဖြစ်သည်။
မိရိုးဖလာ
စိုက်နည်း စနစ်များ အစား ခေတ်မီသိပံ္ပန ည်းကျ စိုက်ပျိုးရေး
နည်းစနစ်များ၊ စိုက်ပျိုးရေး အလေ့အကျင့် ကောင်းများကို ပြောင်းလဲ
ကျင့်သုံး စိုက်ပျိုးရေး၊ လယ်ယာမြေများကို တစ်သီးမှ နှစ်သီး၊ သုံးသီးအထိ
တိုးတက် စိုက်ပျိုးနိုင်ရေး အတွက် ဆည်ရေသောက် လယ်ယာ စနစ်များသို့ ပြုပြင်
ပြောင်း လဲပေးရေး၊ လက်ရှိ လယ်ကွက်ငယ်များ၊ ပုံသဏ္ဌာန် မမှန်လယ်ကွက်များ၊
မြေမညီမညာ လယ်ကွက်များကို အကွက်ငယ် စနစ်မှ အကွက်ကျယ် စနစ်၊ စက်မှုလယ်ယာ
စနစ် (Mechanized Farm) အဖြစ်သို့ ပြောင်းလဲ ဆောင်ရွက်ရေးတို့ ဖြစ်သည်။
အဆိုပါ အချက်များ အောင်မြင်ရေး အတွက် တောင်သူလယ်သမားများ၊ ဝန်ကြီး
ဌာနများနှင့် အစိုးရပိုင်းမှ တာဝန်ရှိ သူများက ပူးပေါင်း ဆောင် ရွက်ကြရမည်
ဖြစ်သည်။
လယ်ယာကဏ္ဍ၌ စပါးသီးနှံသည်
စိုက်ဧကအများဆုံးနှင့် ထုတ်လုပ်မှု တန်ဖိုးအများဆုံးဖြစ်ပြီး နိုင်ငံတော်၏
အဓိကသီးနှံလည်းဖြစ်သည်။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော် ပြည်ပသို့
တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၄၆ နှစ်အတွင်း အမြင့်ဆုံး ပြန်လည်
တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင်လည်း ဆန်တန်ချိန်
သုံးသန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်း ဆောင်ရွက်လျက် ရှိသည်။
နိုင်ငံတော်မှ အထူး အထွက်တိုး
မျိုးကောင်း၊ မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ရေး တာဝန်ကို အလေးထား
ဆောင်ရွက်လျက် ရှိပြီး တောင်သူ လယ်သမားများ၏
လက်ထဲသို့ မျိုးကောင်း၊ မျိုးသန့်များ
ဖြန့်ဖြူးပေးသည့် အလုပ်ကို ဒေသ အနှံ့အပြားသို့ လျင်လျင်မြန်မြန်
ပျံ့နှံ့ ရောက်ရှိအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ကုမ္ပဏီများ၊
လုပ်ငန်းရှင်များ အနေဖြင့်လည်း တောင်သူလယ်သမားများ မျိုးကောင်း၊
မျိုးသန့်အသုံးပြု စိုက်ပျိုးနိုင်အောင် ပူးပေါင်း ကူညီ ဆောင်ရွက်ပေး ကြရန်
လိုအပ်ပေသည်။
လက်မှုလယ်ယာမှ စက်မှုလယ်ယာ စနစ်သို့
ကူးပြောင်းရေး ကိုလည်း ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် မလွဲမသွေ
လုပ်ဆောင် သွားကြရမည် ဖြစ်သည်။ လယ်ယာမြေ များကို စက်မှုလယ်ယာ စနစ်ဖြင့်
အံဝင်ခွင်ကျ ဖြစ်အောင် မြေညှိပြုပြင်ခြင်း၊
ဟက်တာကွက်များဖော်ထုတ်ခြင်းနှင့် ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း၊
ရေသွင်းမြောင်း၊ ရေနုတ်မြောင်းနှင့် လယ်ကြားမြောင်းများ တူးဖော်ခြင်း၊
လယ်ယာသုံးစက် ကိရိယာများဖြစ်သည့် လယ်ထွန် စက်၊ ကောက်စိုက်စက်၊
ရိတ်သိမ်းခြွေ လှေ့စက်နှင့် ခေတ်မီစပါး သိုလှောင်ရုံ များကို
အသုံးပြုကြရမည် ဖြစ်သည်။
စက်မှုလယ်ယာစ နစ်သို့ ကူးပြောင်းခြင်း အားဖြင့်
အချိန်နှင့် လုပ်အား သက်သာခြင်း၊ လုပ်အားအင်အား ရှားပါးမှု ပြဿနာများ
ပြေလည်ခြင်း၊ သီးနှံလေလွင့် ဆုံးရှုံးမှု နည်းပါးခြင်း၊ လယ်ယာသုံး စက်ကိရိယာ
များကြောင့် သီးနှံ အထွက်နှုန်း ပိုမို တိုးတက်လာခြင်း၊ သီးနှံ အရည်အသွေး
ပိုမိုမြင့်မားစေခြင်း၊ အချိန်ကုန် သက်သာပြီး သီးထပ်များ
စိုက်ပျိုးနိုင်ခြင်း၊ လယ်ယာသုံး စက်ကိရိယာများကို
တောင်သူလယ်သမားများကိုယ်တိုင် ကိုင်တွယ် အသုံးပြု လာနိုင်ကြခြင်းဖြင့်
စက်မှု နည်းပညာနှင့် အသိပညာ တိုးတက် မြင့်မားလာ စေခြင်း စသည့်
လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ ပြောင်းလဲခြင်း၏ များစွာသော
အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပေသည်။
http://www.myawady.com.mm/
No comments:
Post a Comment