စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကုသိုလ်ပြုနေလျှက် အဆိုးလောကဓံနှင့်ဆုံသော်



ကုသိုလ်ပြုနေလျက် အဆိုးလောကဓံနှင့်ဆုံသော်
ကုသိုလ်ရဲ့အကျိုးကလည်း ရုတ်တရက် ချက်ချင်းကြီး မပေးသေးဘူး။
ရင့်ကျက်မှ “အကျိုးပေးကံ”ဆိုတာ ရှိတယ်။

တချို့ ကုသိုလ်အပေါ်မှာ မယုံမကြည်ဖြစ်လာတတ်တာက
“ငါတို့ ကုသိုလ်တွေလုပ်နေလျက်နဲ့ ကောင်းကျိုးပေးတယ်ဆိုပြီး ဘယ်မှာလဲ။ မပေးပါလား။ တော်ပြီ။ မလုပ်တော့ဘူး။ ပင်ပန်းရုံပဲရှိတယ်။ ဘာမှလဲ အကျိုးမပေးဘဲနဲ့ ဘာလုပ်ရမှာလဲ”
လို့ မယုံမကြည်ဘဲ လက်လျော့လိုက်တတ်တယ်။ “ကုသိုလ်”မလုပ်ဘဲ ၊ နေရုံတင်မကဘဲ ၊
“အကုသိုလ်” ဘက် ပါသွားတယ်။

ဒီလိုဆိုရင်တော့ မိမိတို့ ရှုံးပြီ။
ကံရဲ့သဘာဝက “အကျိုးပေး ချိန်တန်မှ၊ အကြောင်းညီညွှတ်မှ၊ စုံမှအကျိုးပေးတာ။”
အဲဒါကို ကိုယ်က မသိတဲ့အခါကျတော့ ကုသိုလ်ပေါ်မှာလည်း မယုံကြည်ဖြစ်ပြီး စွန့်ပယ်တတ်တယ်။
အကုသိုလ်မှာလည်း ရဲရဲတင်းတင်း ပြုရဲသွားတတ်တယ်။
အဲဒါဆိုမှားပြီ။ အဲဒါသဘောပေါက်ရဲ့လား။

- 【ဓမ္မဒူတဆရာတော်ဘုရားကြီး အရှင်ပညာဇောတ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...