ထိုစိတ်ထားနှစ်ခုနှင့်စပ်၍ မှတ်ဖွယ်ကောင်းသောနယ်ပိုင်န
ပထမနယ်ပိုင်မှာ အောက်တန်းစားစိတ်ရှိသဖြင့် အလုပ်ကိုလည်း ၀တ်ကျေတန်းကျေသာလုပ်သည် ။ တာဝန်ပြီးဆုံး၍ နယ်တစ်ခုသို့ပြောင်းရွှေ့ရတေ
နောက်ရောက်လာသော နယ်ပိုင်ကား အထက်တန်းစားစိတ်ရှိသည် ။
အလုပ်ကိုလည်း ကောင်းသထက်ကောင်းအောင်
ကြိုးစားသည့်အပြင် မိမိတာဝန်ပြီးဆုံး၍ နယ်ပြောင်းရတော့မည် ဆိုသည်နှင့်
နောက်ရောက်လာမည့်ပုဂ္ဂိုလ်မပ င်ပန်းအောင် စာရင်းအင်းများကိုပြတ်အောင် လုပ်ထားလိုက်သည် ။ စားပင်သီးပင်များကိုလည်းတိုးချဲ့စိုက်ပျိုးကာ နေထိုင်သော တိုက်ကိုပင် ဆေးအလှများ သုတ်ပေးခဲ့သေးသည်။
၎င်းပုဂ္ဂိုလ်နှစ်ဦးဧ။် အနာဂါတ်ဖြစ်ရပ်များကိုလည်း ဆရာတော်ကြီးကဆက်လက်စုံစမ်း လေ့လာရာအောက်တန်းစားစိတ်ရှိ သော ပထမနယ်ပိုင်မှာရာထူးကျကာဆင်းဆင်းရဲရဲ သေဆုံးသွားရကြောင်းသိရပြီး ၊ အထက်တန်းစားစိတ်ရှိသော ဒုတိယနယ်ပိုင်မှာတစ်ဆင့်ပြီးတစ်ဆင့်
ရာထူးတက်ကာ ၀န်ကြီးတစ်နေရာအထိ ရရှိသွားကြောင်း မှတ်သားရပါသည် ။ ဤနေရာ၌
သူတစ်ပါးချမ်းသာစေလိုသော စိတ်ကိုသာရအောင်မွေးပါ ၊
မိမိတစ်ကယ်ချမ်းသာလာပါလိမ့် မယ်ဟူသော မော်လမြိုင်မြို့နယ် ၊ ကောလှရွာကျောင်း ဆရာတော်ဧ။် သြ၀ါဒလေးမှာလည်း တစ်သက်စာမှတ်သားဖို့ ကောင်းလှပါသည် ။
၎င်းပုဂ္ဂိုလ်နှစ်ဦးဧ။် အနာဂါတ်ဖြစ်ရပ်များကိုလည်း ဆရာတော်ကြီးကဆက်လက်စုံစမ်း လေ့လာရာအောက်တန်းစားစိတ်ရှိ
ထို့သို့ အထက်တန်းစားစိတ်ဖြင့် ကြိုးစားရှာဖွေနေရင်းမှ ကျေးဇူးသိတတ်သော ဦးသက်ရှည်တို့သားအဖကို ပွဲရုံပိုင်ရှင်ကိုယ်တိုင်က
“ ငါသားတို့မှာ ဘ၀သံသရာ အလှူဒါန နည်းခဲ့လို့ ဆင်းရဲမွဲတေခဲ့ရသည် ။ မရှိလို့မလှူ ၊ မလှူလို့မရှိ တို့ကျောင်းဆောက်လှူရအောင် ငွေကိုကြည့်သုံး ဒီဘ၀တို့လုပ်ရတာ သာသနာအတွက်ပဲ ” ဟု သားဖြစ်သူအားပြောဆိုဆုံးမပြ
မြစ်ငယ်ရှိ ကျေးဇူးရှင် ငယ်ဆရာအား ကျောင်းဆောက်လှူလိုကြောင်း လျှောက်ထားရာ ဆရာတော်ကလက်မခံခဲ့ပေ ။ အဘယ့်ကြောင့်နည်း ။
အတုယူစရာ ထေရ်ဆရာနှစ်ပါး
ကျေးရွာမှာ ကျောင်းဆောက်လှူတာထက် စာသင်သားသံင်္ဃာတစ်ထောင်ကျော် ရှိသော မန္တလေးမြို့ဘုရားကြီးတိုက်တွင်
ဆောက်လှူခြင်းက သာသနာအတွက်ပို၍ အကျိုးရှိကြောင်း တိုက်တွန်းတော်မူခဲ့ပါသည်
။ ရဟန်းတော်များအတုယူစရာ ကောင်းလေစွ ။ ထိုနည်းတူမင်းကွန်းတိပိဋက
ဆရာတော်ကြီးလည်း မင်းကွန်းမှာ ကျောင်းဆောက်ချင်သော ဗန္ဓုလဦးဆိုင်ကို
သာသနာမှာပို၍ ကျေးဇူးများနိုင်သော မန္တလေးမြို့ ရွှေရေးဆောင်
အလယ်တိုက်ကြီးကို ပြင်ဆင်ဆောက်လုပ်စေတော်မူခဲ့ ပါသည်။
ပုထုဇဉ်များနိုင်ဖို့ခဲယဉ်း
၁။ အာဝါသမစ္ဆရိယ = မိမိကျောင်း၌ မိမိမှတစ်ပါး မည်သည့်ရဟန်းသံင်္ဃာကိုမှ မလာစေချင် ၊ မနေစေချင်ခြင်း ။
၂။ ကုလမစ္ဆရိယ ။ မိမိဒါယကာများကို တခြားရဟန်းကောင်းတို့ထံ ဆည်းကပ်မှာကိုစိုးရိမ်ခြင်း
၃။ လာဘမစ္ဆရိယ ။ တခြားရဟန်းတော်များကို ပစ္စည်းလေးပါး လာဘ်လာဘ မရစေလိုခြင်း ။
၎။ ၀ဏ္ဏမစ္ဆရိယ = သူတစ်ပါးဧ။် လှပတင့်တယ်ခြင်းနှင့် ဂုဏ်ကျေးဇူးကို မပြောနိုင် ၊ မချီးမွမ်းနိုင်ခြင်း။
၅။ ဓမ္မမစ္ဆရိယ = စာပေ ပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိသိသလိုသူတစ်ပါး မသိစေလိုခြင်းတို့ဖြစ်သည် ။
ထိုငါးပါးတို့တွင် အာဝါသမစ္ဆရိယကြောင့် သေသောအခါ မိမိစွဲလမ်းသောကျောင်းတွင် ဘီလူးသော်လည်းကောင်း ၊ ပြိတ္တာသော်လည်းကောင်း ဖြစ်ရတတ်သည် ။ သို့မဟုတ် လောဟကုမ္ဘီငရဲ၌ လည်းကျရတတ်သည် ။ ကုလမစ္ဆရိယကြောင့် ယခုဘ၀မှာပင် ပွက်ပွက်ဆူသော သွေးများကို အန်ရတတ်ပြီး ဖြစ်လေရာဘ၀တွင် ပစ္စည်းလေးပါး လာဘ်လာဘ ရှားပါးသည် ။ ဗုဒ္ဓလက်ထက်တော်က သိဉ္စည်းခေါ် (သဉ္စယဗေလဠပုတ္တ) တိတ္တိဆရာကြီးသည် တပည့်(၂၅၀)တို့သည် ဗုဒ္ဓဧ။်တပည့်အဖြစ် ခံယူသွားသောကြောင့် လည်းကောင်း ၊
နိဂဏ္ဍနာဋ ပုတတတိတ္တိဆရာတော်ကြီးများသည
လာဘမစ္ဆရိယကြောင့် ဘီလူးသော်လည်းကောင်း ၊ပြိတ္တာသော်လည်းကောင်း ဖြစ်ရသည် ။ ထိုမှတစ်ပါးဘင်ပုဂ်ငရဲသို့လ
ဆွံ့အခြင်းများဖြစ်တတ်ပါသည်
ဘ၀တက်လမ်းကို ပိတ်ပင်တားမြစ်ခြင်းဟူသော မနာလိုခြင်း က္ကဿာနှင့်နှမြောခြင်း မစ္ဆရိယတို့ဧ။်
ဆိုးကျိုးများကို တစ်သက်တာမှတ်မိသိရှိ ရှောင်ကြဉ်နိုင်ရန် အဘိဓဇမဟာရဠဂုရု ရွှေဟင်္သာ ဆရာတော်ကြီးက
“ က္ကဿာမစ္ဆေ ၊ နှစ်ထွေဟိန ၊ ထိုဓမ္မတို့  ၊ ကျရောက်ကိန်းခို ယင်းပုဂ္ဂိုလ်ကား ၊ ထိုဤကာလ ၊
ဘ၀စ၌ ၊မရကောင်ကျိုး ၊ မတိုးဂုဏ်သိန် ၊ အရှိန်မဲ့ ကင်း ၊ ဆင်းရဲတွင်းသို့  ၊ သက်ဆင်းတတ်ပေ ၊ သို့ ဖြစ်ထွေကြောင့် ၊ အရှည်မျှော်ထောက် ၊ ဆင်းရဲကြောက်၍ အောက်အပါယ်ဝဋ် ၊ကင်းလိုလတ်မှု ၊သတ္တုရန်နှစ်
ဆိုးအညစ်ကို ၊ အရစ်အရံ ၊ပူးမခံပဲ ၊တွန်းလှန်ပယ်ခွင်း၊ ပြုထိုက်လျှင်းသည် ။ အတွင်းရန်သူပါတကား ၊မင်း ရန်သူပါတကား ။” ဟု သတိပေးရေးစပ်တော်မှုခဲ့ ပါသည်။
မေတ္တာရှင်(ရွှေပြည်သာ)
မျက်ရည်မကျခင် သိစေချင်စာအုပ် မှတင်ပြသည်။
မျက်ရည်မကျခင် သိစေချင်စာအုပ် မှတင်ပြသည်။
No comments:
Post a Comment