ဖျောက်ဆိပ်ကြယ်
ဖျောက်ဆိပ်ကြယ်ဆိုတာ မြန်မာအဆိုအရ ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်)အစုလို့ ခေါ်ပါတယ် မျက်မြင်အားဖြင့် စပျစ်ခိုင်ကဲ့သို့ ကြယ် ၇-လုံး စုကာနေသဖြင့် “ကြတ္တိကာကြယ် ခုနှစ်သွယ် ကြက်ငယ်စုသလို” လို့ ရှေးမြန်မာကြီး များက ဆိုစမှတ်ပြုကာထားခဲ့ကြပါတယ်။ အင်္ဂလိပ်လိုတော့
ပလေးဒီးစ် (The Pleiades Star Cluster) (သို့) M45 လို့ခေါ်ပါတယ်။ ညီအမ ခုနှစ်ဖော်ကြယ်လို့ ဆိုပါတယ်။
ညီအမ ခုနှစ်ဖော်ဆိုတာကတော့ ဂရိနတ်ဘုရား တိုက်တန်အုပ်စုမှ အက်တလက်(စ်) နှင့် ပင်လယ်နတ်သမီး ပလီယွန် တို့ရဲ့ သမီး ခုနှစ်ယောက် ကို ဆိုလိုပါတယ်။ တာ့ရပ်(စ်) (ခ) နွားလားဥဿဖ ကြယ်တာရာအတွင်းမှာ တည်ရှိပါတယ်။
ကြယ်စုများထဲမှာတော့ ကမ္ဘာနဲ့ အနီးဆုံးကြယ်စုပါဘဲ။ သာမန်မျက်စိဖြင့် ကောင်းကောင်းမြင်နိုင်ပါတယ်။ အဝေးကြည့်မှန်ပြောင်းများနှင့် ကြည့်ရှုနိုင်ပါက ပိုမိုထင်ရှားစွာတွေ့မြင်နိုင်မှာပါ။
တကယ်တော့ ဒီကြယ်စုမှာ ကြယ်ပေါင်း ၃၀၀၀ ကျော် ပါဝင်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၄၀၀ ကွာဝေးပါတယ်။ ကြယ်စုရဲ့ အကျယ်က အလင်းနှစ် ၁၃ နှစ်ရှိပါတယ်။ အပြာရောင်ဖြစ်နေတာကတော့ သူတို့ကို ၀န်းရံထားတဲ့ နက်ဗြူလာရဲ့ အရောင်ကြောင့်ပါဘဲ။ brown dwarfs အမျိုးအစား ကြယ်အချို့လည်း ဒီကြယ်စုထဲမှာ တွေ့နိုင်ပါတယ်။
ဒီကြယ်စုကို ကြည့်ချင်ရင်တော့ လိပ်ကြယ် လို့ခေါ်တဲ့ မောင်ရင်ဆိုင်းထမ်းကြယ်စုကို အရင်ရှာပါ။ ၀ါးဆစ်ကြယ်သုံးလုံးရဲ့ မြောက်ဘက် (အပေါ်) ဘက်ကို တည့်တည့် ဆက်ကြည့်သွားရင် တားရပ်(စ်) လို့ခေါ်တဲ့ နွားလားဥဿဖ ကြယ်တာရာကို တွေ့မှာဖြစ်ပါတယ်။ အဲ့ဒီ့နေရာ့ရဲ့ အရှေ့ဘက်နားက အစုစုဖြစ်နေတဲ့ ကြယ်စုလေးပါဘဲ။
ယခုရက်ပိုင်းမှာတော့ လမင်းကြီးရဲ့ အနီးနားမှာ မြင်တွေ့နိုင်ပါတယ်။
အာကာသနှင့် စကြ၀ဠာ
https://www.facebook.com/photo.php?fbid=525649370866232&set=pc
စာအမျိုးအစား
ဗဟုသုတ
No comments:
Post a Comment