ဗုဒ္ဓဘာသာဝင်တိုင်း သိမှတ်ထားသင့်သော “မေတ္တာသုတ်” အဓိပ္ပါယ်နှင့်၊ “မေတ္တာပွားရကျိုး” နှင့်၊ “မေတ္တာပွားသည့်အခါ အစွမ်းထက်လိုပါက လိုက်နာစောင့်ထိန်းဖွယ်များ
Sunday, September 8, 2013
၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့
၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကေ
၎။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်ဝမ်းတခါးအတွက် လွယ်လင့်တကူပေါ့ပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ
မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တ၀ါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။
**ထွက်သက်ဝင်သက် အသက်ရှုနေကြသော သတ္တ၀ါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသော
၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝ
၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။
**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံ
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။
၉။မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလ
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။
**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အ၀ီစိအပါယ်ဘုံတိုင်အော
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု၊
**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မ၀ိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။
၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာသီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်
(မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ)
“မေတ္တာအကျိုး ( ၁၁ )မျိုး”
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၎။ ပတ်ဝန်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီးဝယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင
( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တ၀ါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေ၀ထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , ဈာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း
“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်”
==========================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၎။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊
၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊
၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။
Special Thanks for your precious post – “ဗုဒ္ဓဘာသာစောင့်ရှောက်သူမျာ
နှလုံးသားအာဟာရ
http://
No comments:
Post a Comment