-ရေးသားသူ- ငြိမ်းချမ်း
အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်တစ်ယောက် တောင်းရမ်း၍ရလာသော ပိုက်ဆံခပ်နွမ်းနွမ်းများကိ
သမိုင်းဆရာတို့က သူတို့ကို ဘုရားကျွန်ဟုဆိုကြပြီး သူဖုန်းစားများကတော့ သူတို့မှာ မာတင်္ဂမျိုးနွယ်စုမှ ဆင်းသက်လာသူများဟု ယုံကြည်နေကြပြီး သူတို့ထဲမှအချို့မှာ လက်ရှိအချိန်ထိ တောင်းရမ်းသူများလည်း ရှိနေသေးပါသည်။ ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင်ကျရောက်သော ပုဂံမြို့တောင်ဘက် ညောင်ဦးမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော ဂန့်ဂါရွာဘုရားပွဲတော်တွင် သူတောင်းစားများ နှစ်စဉ်လာရောက်တောင်းခံနေမြ
“အဆင်ပြေလာရင်တော့ ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး”ဟု ယခုနှစ် ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင် ကျရောက်သည့် ပုဂံညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာဘုရားပွဲတော်တွင် ငယ်စဉ်ကတည်းက လာရောက်တောင်းရမ်းနေသော မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားတစ်ဦးဖြစ်သော အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်ကပြောသည်။ သူဖုန်းစားများအစု နေထိုင်သော ရပ်ကွက်မှာ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ဘက်ရှ
အိမ်ထောင်စု ၁၆၂ အိမ်ရှိသော မင်္ဂလာသာစည်ရပ်ကွက်တွင် အိမ်ထောင်စုအများစုသည် တောင်းရမ်းမှုမလုပ်တော့ဘဲ အိမ်ထောင်စု ၃၀ ၀န်းကျင်သာ တောင်းရမ်းမှုများ ပြုလုပ်နေသည်။ ရွာများတွင် တစ်နှစ်တစ်ခါပြုလုပ်သည့် ဘုရားပွဲများ၌သာ တောင်းရမ်းကြလေ့ရှိပါသည်။
ရှေးယခင်ကတည်းက တောင်းရမ်းလာမှုကြောင့် ၎င်းတို့သွားနေကျ ဘုရားပွဲများသို့ မသွားရောက်ဖြစ်ခဲ့ပါက စိတ်ဝေဒနာရောဂါဖြစ်ခြင်း၊ ကိုယ်လက်အင်္ဂါများမကောင်းခြင
“သူတောင်းစားမှန်ရင် တိုက်ပုံအင်္ကျီပါရတယ်။ တကယ်လို့မပါရင်လည်း အပေါ်ယံအင်္ကျီလက်ရှည်တော့ ၀တ်ရတယ်။ တောင်းတာက ခုဆိုရှက်စရာလို့ မထင်တော့ပါဘူး”ဟု ဆယ်နှစ်ကျော် တောင်းရမ်းလာခဲ့သူ အသက် ၁၉ နှစ်အရွယ် ကိုဇာနည်မောင်ကပြောသည်။
ယခုလို တောင်းလာခဲ့မှုများကြောင့် တောင်းနေကျ ဘုရားပွဲများရောက်၍ မတောင်းရလျှင် စိတ်ကမနေနိုင်ကြောင်း ကိုဇာနည်မောင်ကဆက်လက်ပြောသည
မြန်မာနိုင်ငံတွင် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများရှိ ဒေသအချို့တွင် သူဖုန်းစားများရှိသော်လည်း မင်္ဂလာသာစည်ရပ်ကွက်ထဲမှ သူဖုန်းစားများနှင့် ကွာခြားမှုရှိသည်။ မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားများက ၎င်းတို့တွင် ရှည်လျားသောသမိုင်းကြောင်းရ
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် မြို့ပြင်ဘက်မှ ဒွန်းစဏ္ဍား(သူတောင်းစား)ရွာတ
၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက်က “ရာဇ၀င်တွင် ရှေးရှေးသောအခါမှစ၍ ရှေးမင်းများအာဏာစက်ကြောင့်
“သူတောင်းစားဆိုတာ ပုဂံခေတ်တုန်းက မပေါ်သေးပါဘူး။ ကုန်းဘောင်ခေတ်ကြမှ ပေါ်လာတာပါ။ သူတို့က ဘုရားကျွန်တွေပါ”ဟု သမိုင်းပါမောက္ခအငြိမ်းစား၊ မြန်မာ့သမိုင်းအဖွဲ့ဝင်၊ သမိုင်းပညာရပ်ကို နှစ်ခြောက်ဆယ်ဝန်းကျင်လေ့လာ
ရှေးမင်းများသည် ဘုရားတွင် ထိန်းသိမ်းစောင့်ရှောက်ရန်အ
ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ပုဂံမြို့တွင် ဘုရားကျွန်၊ သူတောင်းစားများ ပပျောက်ရန်အတွက် လူထုပညာရေးကောင်စီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဝန်ကြီးဦးဘစောက ပုဂံမြို့သရပါတံခါးအနီး သဗ္ဗညုစေတီတော်ရှေ့တွင် ကယ်ပါလွတ်မြောက်ရေး ဘ၀စီမံကိန်းတစ်ခုပြုလုပ်ခဲ့
ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ရှိ မင်္ဂလာသာစည်ရပ်ကွက်သို့ ၀င်လိုက်လျှင် သန့်ရှင်းသပ်ရပ်သောလမ်းမနှင
ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများလာပြီး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလ
စသည်တို့ လုပ်ကိုင်နေကြပါပြီ။ တိုးတက်ပြောင်းလဲလာသော ခေတ်ရေစီးအရ မင်္ဂလာသာစည်ရပ်ကွက်မှ ၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်များ၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား
ဆယ်ဦးကျော်ရှိနေပါပြီ။
“အကုန်လုံးပြောင်းလဲနိုင်အေ
အုပ်ချုပ်ရေးမှူးကိုအောင်ကိ
ညောင်ဦးမြို့ဒေသခံများသည်ပင
“ဒီရပ်ကွက်ကို ညောင်ဦးကလူတွေတောင် မလာကြဖူးတဲ့သူတွေရှိပါတယ်။ လူ့ဘ၀မှာ ဒါ့ထက်နိမ့်ကျတာတော့ မရှိပါဘူး။ သူတို့လည်း မလုပ်ချင်တော့ပါဘူး”ဟု ကိုအောင်ကိုမင်းက ခပ်တိုးတိုးပြောသည်။ သူကတော့ တောင်းရမ်းနေကြခြင်းကို နှစ်မြို့ခြင်းမရှိပေ။ စီးပွားရေးအခြေအနေ၊ ဘ၀ပေးကုသိုလ်ကံကြောင့် လက်ရှိအချိန်ထိ တောင်းရမ်းနေသူများကတော့ မြို့နှင့်အနည်းငယ်ဝေးသော ကျေးရွာများ၏ ဘုရားပွဲများဆီသို့ သွားနေကြမြဲပါ။ “တောင်းတာကို ရပ်လိုက်လို့မရသေးဘူး။ တောင်းချင်နေတာလည်း မဟုတ်ပါဘူး။ အဘွားတို့ကတော့ သွားနေကျဘုရားပွဲတွေကို ဆက်သွားနေရအုံးမှာပဲ”ဟု ဒေါ်သန်းမြင့်ကပြောသည်။
ဓာတ်ပုံ- ငြိမ်းချမ်း
7 Day
မူရင်း=http://
No comments:
Post a Comment