ဤ
မင်္ဂလာတရားတော် သည် တရားတော်မပေါ်လာမီ (၁၂) နှစ်ကာလ အချိန်က ကောလဟလ
ဖြစ်ပေါ်ပြီးမှ ပေါ်ထွန်းလာသော တရားတော်ဖြစ်ပါသည်။ ဘုရားရှင်ဟောကြား တော်မူ
ခဲ့သည့် တရားတော်များတွင် ကောလာဟလ ဖြစ်ပေါ်ပြီးမှ ပေါ်လာသောတ၇ားတော်ကား သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ
တရားတော် တစ်မျိုးသာ ရှိပေသည်။ ထို့ကြောင့် ဤတရားတော်သည် ထူခြားသောတရားတော်ဖြစ်ပေသည်။
******* ကောလဟလ (၅) မျိုး *******
၁ ။ ။ ကမ္ဘာကြီးပျတ်တော့ မည်ဟု မပျတ်မီ အနှစ်တစ်သိန်းမှစ၍ ကောလာဟလ ဖြစ်ပွားသောကပ္ပ
ကောလာဟလ။
၂ ။ ။ ဘုရားမပွင်မီ အနှစ်တစ်ထောင်မှစ၍ ဘုရားပွင့်တော့မည် ဟု ကောလာဟလသတင်းဖြစ်ပွား
ဖြစ်ပွားသောဗုဒ္ဓ ကောလာဟလ။
၃ ။ ။ မဖြစ်မီ နှစ်ပေါင်း တစ်ရာမှစ၍ စကြာမင်း ပေါ်မည် ဟု ကောလာဟလ သတင်းဖြစ်ပွားသော
စက္က၀တ္တိ ကောလာဟလ။
၎ ။ ။ မဟောမီ တစ်ဆယ့် နှစ်နှစ်မှစ၍ မင်္ဂလာတ၇ား ဟောကြားမည်ဟု ကောလာဟလ သတင်းဖြစ် ပွားသော မင်္ဂလာကောလာဟလ။
၅ ။ ။ မောနေယျကျင့်သူမပေါ်မီ ခုနှစ်နှစ်မှစ၍ မောနေယျ အကျင့်ကို ကျင့်သူပေါ်မည် ဟု ကောလာဟ
လသတင်းဖြစ်ပွားသော မောနေယျ ကောလာဟလ ဟူ၍ ကောလာဟလ (၅) မျိုး ဖြစ်ပါသည်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟောကြားသည့် မင်္ဂလာတ၇ားတော် ( ၃၈)ပါး မှာ
******* ဆက်ဆံရေး မင်္ဂလာ (၃) ပါး *******
၁ ။ ။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ရခြင်း။
၂ ။ ။ ပဏ္ဍိတာ နဉ္စသေ၀နာ = ပညာရှိတို့ကို မှီဝဲဆည်းကပ်ရခြင်း။
၃ ။ ။ ပူဇာစ ပူစနေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
********* နေထိုင်ရေး မင်္ဂလာ (၃) ပါး။ *********
၎ ။ ။ ပတိရူပဒေသ၀ါသောစ = သင့်တင့်လျောက်ပတ်သော အရပ်၌ နေရာခြင်း။
၅ ။ ။ ပုဗ္ဗေစကတပုညတာ = ရှေးကပြုဖူးသော ကောင်းမူ့ရှိခြင်း။
၆ ။ ။ အတ္တသမ္မာ ပဏီဓိစ = မိမိကိုယ် စိတ် တို့ကို ထိန်းသိမ်းခြင်း။
********* ပညာရေးမင်္ဂလာ (၄) ပါး *********
၇ ။ ။ ဗာဟုသစ္စဉ္စ = အကြားအမြင်များခြင်း။
၈ ။ ။ သိပ္ပဉ္စ = လက်မူ စက်မူ စသောအပြစ်မရှိသော ပညာ၇ပ်များကို တက်မြောက်ရခြင်း။
၉ ။ ။ ၀ိနယောစ သုသိက္ခိတော = ဆိုင်ရာကျင့်ဝတ် ၀ိနည်းများကို သင်ယူလိုက်နာရခြင်း။
၁၀ ။ ။ သုဘာသိတာစ ယာဝါစာ = ကောင်းသော စကားကို ပြောဆိုရခြင်း။
******** ပြုစုလုပ်ကျွေးရေး မင်္ဂလာ(၃) ပါး *********
၁၁ ။ ။ မာတာပိတုဥပဠာနံ = မိဘနှစ်ပါးကို လုပ်ကျွေးပြုစုရခြင်း။
၁၂ ။ ။ ပုတ္တဒါရဿ သင်္ဂဟော = သားမယားတို့အား ကျွေးမွေးထောက်ပံ့ခြင်း။
၁၃ ။ ။ အနာကုလာစကမ္မန္တာ = အနှောက်အယှက်မရှိသော အသက်မွေးမူ့တို့ကိုပြုခြင်း။
********* ကူညီဆောင်ရွက်ေ၇းမင်္ဂလာ (၄) ပါး ********
၁၄ ။ ။ ဒါနဉ္စ = လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း။
၁၅ ။ ။ ဓမ္မစရိယာစ = သုစရိုက်တရားများကိုကျင့်ရခြင်း။
၁၆ ။ ။ ဉာတကာနဉ္စ သင်္ဂဟော= ဆွေမျိုးများကို ချီးမြှောက်ထောက်ပံ့ရခြင်း။
၁၇ ။ ။ အန၀ိဇ္ဇာနိ ကမ္မာနိ = အပြစ်ကင်းသော အမူတို့ကိုပြုခြင်း။
********* ရှောင်ကြဉ်လိုက်နာရေး မင်္ဂလာ (၄) ပါး *********
၁၈ ။ ။ အာရတီ ပါပါ = စိတို့ဖြင့် မကောင်းမူမှ ရှောင်ကြဉ်ခြင်း။
၁၉ ။ ။ ၀ိရတီ ပါပါ = ကိုယ်နှုတ်တို့ဖြင့်မကောင်းမူ့မှေ၇ှာင်ကြဉ်ခြင်း။
၂၀ ။ ။ မဇ္ဇပါနာ စသံယမော = သေရည် သေရက် သောက်စာခြင်းမှရှောင်ကြဉ်ခြင်း။
၂၁ ။ ။ အပ္ပမာဒေါစ ဓမ္မေသု = ကုသိုလ်တရားတို့၌ မမေ့မလျော့ရခြင်း။
********* စိတ်ထားကောင်းမွန်ရေး မင်္ဂလာ(၅) ပါး *********
၂၂ ။ ။ ဂါရဝေါစ = အသက်ဂုဏ်ဝါ ကြီးသူကို ရိုသေခြင်း။
၂၃ ။ ။ နိဝါတောစ = မာန်မာနကို နှိပ့်ချထားခြင်း။
၂၄ ။ ။ သန္တိုဠိစ = ရသမျှနှင့် ရောင့်ရဲမျှတခြင်း။
၂၅ ။ ။ ကတညုတာ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆ ။ ။ ကာလေန ဓမ္မဿဝနံ = သင့်လျော်သောအချိန်၌ တရားတော်ကို နားကြားရခြင်း။
********* စိတ်ထိန်းကျောင်းရေး မင်္ဂလာ (၄) ပါး *********
၂၇ ။ ။ ခန္တီစ = အရာရာ၌ သည်းခံခြင်း။
၂၈ ။ ။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမစကားကို လိုက်နာခြင်း။
၂၉ ။ ။ သမဏာနဉ္စ ဒဿနံ = ရဟန်းတော်များကို ဖူးမြော်ရခြင်း။
၃၀ ။ ။ ကာလေန ဓမ္မသာကစ္ဆာ = သင့်လျော်သောအချိန်၌ တရားဆွေးနွေးခြင်း။
********* စိတ်ဓာတ်ကြံ့ခိုင်ရေး မင်္ဂလာ(၂) ပါး *********
၃၁ ။ ။ တပေါစ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂ ။ ။ ဗြဟ္မစရိယဉ္စ = မြတ်သောအကျင့်ကို ကျင့်ခြင်း။
၃၃ ။ ။ အရိယာသစ္စာန ဒဿနံ = အရိယာသစ္စာတို့ကို သိမြင်ခြင်း (၀ါ) သစ္စာလေးပါးတရားကိုသိမြင်
ခြင်း။
၃၄ ။ ။ နိဗ္ဗာ နသစ္ဆိကိရိယာစ = နိဗ္ဗာန်သို့ မျက်မှောက်ပြုရခြင်း။
********* မတုန်လှုပ်ခြင်း မင်္ဂလာ (၄) ပါး *********
၃၅ ။ ။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ်မရှိခြင်း။
၃၆ ။ ။ အသောကံ = စိုးရိမ်ကြောင့်ကြမူ မရှိခြင်း။
၃၇ ။ ။ ၀ိရဇံ = ရာဂစသော ကိလေသာမြူမရှိခြင်း။
၃၈ ။ ။ ခေမံ = ကြောင့်လန့်မူဘေးမရှိခြင်း ။
********* ဤမင်္ဂလာတရားတော်များ ကို ယနေ့ခေတ် လူငယ် လူရွယ် များ သာမက ဗုဒ္ဓဘာသာက
လျာဏနွယ်ဝင် သူတော်စင်တို့ လိုက်နာကျင့်သုံးလျှင် ရန်သူရန်ဘက် မနှိပ်စက် နိုင်ခြင်း ဘေးရန်
ကွာလွန်ချမ်းသာခြင်း တိုးတက် ကြီးပွားခြင်းအကျိုးကျေးဇူးများကို ခံစားစေနိုင်ပါသည်။ ယနေ့ခေတ်
လူငယ်များသည် မြတ်ဗုဒ္ဓ ၏ ဟောကြားသောတရားတော်များကို လေ့လာဆည်းပူး ကျင့်ကြံအား
ထုတ်နိုင်ပါ က လူတော်လူကောင်းများဖြစ်လာမည်မှာဧကန် မုချမလွဲပင်တည်း။*********

No comments:
Post a Comment