စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူတို့ အိုသွားတဲ့အခါ



သင်ကလေးဘ၀တုန်းက ဇွန်း၊ တူတွေနဲ့ အစာစားတတ်ဖို့
အချိန်တွေ အများကြီးသုံးပြီး သူတို့သင်ပေးခဲ့တယ်။

အင်္ကျီဝတ်တတ်ဖို့၊ ဖိနပ်ကြိုးချည်တတ်ဖို့၊ ကြယ်သီးတပ်တတ်ဖို့ သင်ပေးတယ်။
မျက်နှာသစ် သင်ပေးတယ်။ ခေါင်းဖြီး သင်ပေးတယ်။

လူပီသဖို့ သင်ပေးတယ်။ ဒါကြောင့်.....

သူတို့ အိုမင်းသွားတဲ့အခါ.....
သူတို့ သတိလက်လွတ်ဖြစ်တဲ့အခါ ဒါမှမဟုတ် စကားအဆက်အစပ် မရှိတဲ့အခါ

သူတို့ကို အပြစ်မမြင်ပါနဲ့...
ကြယ်သီးတပ်ဖို့၊ ဖိနပ်ကြိုးချည်ဖို့ သူတို့မေ့လျော့လာတဲ့အခါ...

သူတို့ကို မလောပါနဲ့....အကြောင်းက
သင် တဖြည်းဖြည်း ကြီးပြင်းလာချိန်မှာ သူတို့တဖြည်းဖြည်း အိုမင်းသွားလို့ဖြစ်တယ်။

သူတို့မျက်စိရှေ့ သင်ရှိနေတဲ့အချိန် သူတို့ရဲ့နှလုံးသားဟာ နွေးထွေးနေတယ်။
တကယ်လို့ တစ်နေ့နေ့မှာသူတို့ မရပ်နိုင်တော့တဲ့အခါ၊ လမ်းမလျှောက်နိုင်တော့တဲ့အခါ


သူတို့ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး
ငယ်စဉ်အခါက သင့်ကို သူတို့တွဲခေါ်ခဲ့တဲ့အတိုင်း...
ဖြည်းဖြည်းချင်း တွဲခေါ်ပေးပါ။
နိုင်းနိုင်းစနေ ဘာသာပြန်ခံစားသည်။
ဟေမာန်.မောင်နှမများ ပျော်ရွှင်ချမ်းမြေ.ကြပါစေရှင်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...