တစ်ခါတုန်းက “ဓမ္မပါလ” လို့အမည်ရတဲ့ သူငယ်လေးတစ်ယောက်ဟာ တက္ကသိုလ်ပြည်
ဒီသာပါမောက္ခဆရာကြီးဆီမှာ တခြားတပည့် ငါးရာနဲ့အတူ ပညာသင်နေပါတယ်။ တစ်နေ့တော့ ပါမောက္ခဆရာကြီးရဲ့ သားငယ်တစ်ယောက် သေဆုံးသွားပါတယ်။ ဒီတော့
ကျန်တဲ့တပည့်တွေက ဝိုင်းငိုကြပါတယ်။ဓမ္မပါလကတော့မငိုပါဘူး။ မငိုတဲ့အပြင် အံ့လည်းအံ့ဩနေပါတယ်။
ဒါကြောင့် ဓမ္မပါလက သူငယ်ချင်းတွေအနားသွားပြီး မေးကြည့်ပါတယ်။
“အမောင်တို့ ... လူဆိုတာ ကြီးမှသေရတာမဟုတ်လား၊ ဘာဖြစ်လို့ ငယ်ငယ်လေးနဲ့ သေရတာလဲ”
“လူဆိုတာကြီးကြီးငယ်ငယ်သေကြ တာပဲ။သင်မသိဘူးလား”
“ကျွန်တော်တော့ အခုမှမြင်ဖူးတာပါ။ကျွန်တော်တို့ဆီမှာတော့လေ ငယ်ငယ်နဲ့
မသေကြဘူး။ကြီးမှပဲ သေကြတယ်။”
ဓမ္မပါလနဲ့ သူငယ်ချင်းတွေ အပြန်အလှန် ပြောနေကြတာကို ပါမောက္ခ ဆရာကြီးက
ကြားသွားပါတယ်။ဒါကြောင့် ဆရာကြီးက ဓမ္မပါလကို ခေါ်ပြီး-
“ဓမ္မပါလ ... သင်တို့ဆီမှာငယ်ငယ်ရွယ်ရွယ် နဲ့ မသေဘူးလို့ သင် ပြောသလားလို့”
“ဟုတ်ပါတယ်ဆရာကြီး။ကျွန်တော်တို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့
မသေကြပါဘူး။ကြီးမှပဲသေကြတာပါ”
ဆရာကြီးက ဓမ္မပါလဆီက စကားဆန်းဆန်းကိုကြားရတော့ အံ့ဩနေပါတယ်။
သူ့တပည့် မလိမ်ဘူးဆိုတာလည်း သိနေပါတယ်။ ဒီတော့ ဘယ်လိုတွေးမိသလဲ ဆိုတော့
“အသက်ရှည်ရှည်နေရတဲ့နည်း သူတို့ဆီမှာ ရှိမှာပဲ။ငါသွားစုံစမ်းရင်တော့ နည်းသိရမှာပဲ”
လို့ တွေးလိုက်ပါတယ်။
သေသွားတဲ့သားအတွက် သင်္ဂြိုလ်မှုကိစ္စတွေပြီးလို့ခုနှစ်ရက်၊ရှစ်ရက် လွန်တဲ့အခါကျတော့
တပည့်အားလုံးကို ဓမ္မပါလဆီအပ်ခဲ့ပြီး တပည့်တစ်ဦးအတူ ဓမ္မပါလတို့ ဇာတိရွာကို
ထွက်ခဲ့ပါတယ်။ ဆရာကြီးကာ သူ့ရဲ့လွယ်အိတ်ထဲမှာ ဆိတ်ရိုးတွေလည်း ထည့်ခဲ့ပါတယ်။
ဆရာကြီး ဓမ္မပါလတို့မိဘတွေ အိမ်ရောက်တော့ အိမ်ဖော်ဖြစ်တဲ့သူတွေက ထီးယူတဲ့သူကယူ၊
အိတ်ယူတဲ့သူကယူ၊ ဖိနပ်ယူတဲ့သူကယူနဲ့ ဝိုင်းပြီး ခရီးဦးကြိုဆိုကြပါတယ်။
ဓမ္မပါလမိဘတွေက ဆရာကြီးကို ခေတ္တခဏနားစေပြီး ထမင်းကျွေးပါတယ်။
ထမင်းစားပြီးလို့ မိသားစုနဲ့ စကားထိုင် ပြောကြတော့ ဆရာကြီးက စိတ်မကောင်းဟန်နဲ့ပြောပါတယ် ။
“ပုဏ္ဏားကြီး ... စိတ်မကောင်းတော့မဖြစ်ပါနဲ့။သင်တို့သားဟာ(၁၈)ရပ်သောအတတ် ကိုလည်း
တတ်ပြီးပါပြီ။လိမ်လည်းလိမ္မာ ပါတယ်။ဒါပေမယ့် မကြာသေးခင်က ရောဂါတစ်ခုနဲ့
ကွယ်လွန်သွားပါပြီ။”
ဆရာကြီးရဲ့စကား ကြားလိုက်ရတော့ ဓမ္မပါလရဲ့ဖခင်ပုဏ္ဏားကြီးက လက်ခုပ်တွေတီးပြီး
ထရယ်ပါတယ်။ဒီတော့ဆရာကြီးက “ဘာဖြစ်လို့ ရယ်တာလဲ” လို့မေးပါတယ်။
ပုဏ္ဏားကြီးကလည်း အရယ်မပျက် ပြန်ဖြေပါတယ်။ “ဆရာကြီး .... ကျွန်တော်တို့သား မသေပါဘူး။
တခြား တစ်ယောက်ယောက်သေတာ ဖြစ်မှာပါ။”
“ဒီမှာပုဏ္ဏားကြီး ... ဒါသင့်သားရဲ့ အရိုးတွေပဲ။
သင်တို့အတွက် ယူခဲ့တာပါ။”
“ဒီအရိုးတွေဟာ ဆိတ်ရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ခွေးရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်။ကျွန်တော်တို့သား
ဓမ္မပါလကတော့ လုံးဝ မသေပါဘူး။ကျွန်တော်တို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်သူမှ မသေပါဘူး။
ဆရာကြီး မုသားပြောတာပဲဖြစ်မှာပါ။”
ဒီတစ်ကြိမ်မှာတော့ အနားမှာရှိတဲ့မိသားစုဝင်တွေ ကပါ လက်ခုပ်တွေ တီးပြီး ရယ်ကြပါတယ်။ဒီတော့မှ
ပါမောက္ခဆရာကြီးလည်း တပည့်ဖြစ်သူ ဓမ္မပါလပြောတာကို ခိုင်ခိုင်မာမာ ယုံသွားပါတယ်။
ဒါကြောင့် ပါမောက္ခ ဆရာကြီးက သူအသိချင်ဆုံးမေးခွန်းကို မေးလိုက်ပါတယ်။
“ပုဏ္ဏားကြီး သင်တို့ဆီမှာ ဘာဖြစ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့မသေကြတာလဲ။ဘယ်လိုကျင့်ကြံနေ ထိုင်ကြလို့လဲ။သင်တို့ဆီမှာကျင့်သုံးတဲ့ အကျင့်စရဏတွေကိုပြောပါဦး”
“ဆရာကြီး…ကျွန်တော်တို့ တစ်ရွာလုံးဟာ သုစရိုက်တရား (၁၀)ပါး ကို ကျင့်ကြံကြပါတယ်။
ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေကြတာပါ။ တရားကိုစောင့်တဲ့သူကို တရားက ပြန်စောင့်တဲ့သဘောပါ။”
အဖြေသိရတော့မှ ပါမောက္ခဆရာကြီးက “ပုဏ္ဏားကြီး သင်တို့သား မသေပါဘူး။
အခု ယူခဲ့တာလည်း ဆိတ်ရိုးတွေပါ။ စုံစမ်းဖို့ သက်သက် လာခဲ့တာပါ။”
လို့ ပြောပြီး ပုဏ္ဏားကြီးဆီက သုစရိုက်တရား(၁၀)ပါး စာရင်းကိုကူးပြီး တက္ကသိုလ်ပြည်ကို
ပြန်ခဲ့ပါတော့တယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-မဟာဓမ္မပါလဇာတ်)
“ဓမ္မစရိယာ” ဆိုတာ သုစရိုက်တရား(၁၀)ပါးကို ကျင့်ခြင်းလို့ ဆိုလို ပါတယ်။
❖-သတ်ခြင်း၊ ခိုးခြင်း၊ သူတစ်ပါးမယားပြစ်မှားခြင်း ဆိုတဲ့ ကာယဒုစရိုက် သုံးပါး။
❖-လိမ်ပြောခြင်း၊
-ရန်တိုက် ကုန်းတိုက်စကားပြောခြင်း၊
-ကြမ်းတမ်းသော စကားပြောခြင်း၊
-အကျိုးမရှိ သိမ်ဖျင်းသော
စကားပြောခြင်းဆိုတဲ့ ဝစီဒုစရိုက် လေးပါး။
❖-သူတစ်ပါးစည်းစိမ်၊ကိုယ့်စည်းစိမ်ဖြစ်ရန် ရှေ့ရှုကြံခြင်း၊
-သူတစ်ပါး ပျက်စီးစေရန် ဒုက္ခရောက်စေရန်ကြံခြင်း၊
-အယူမှားခြင်းဆိုတဲ့ မနောဒုစရိုက် သုံးပါး။
အဲဒီ(၁၀)ပါးကို ဒုစရိုက်(၁၀)ပါးလို့ခေါ်ပါတယ်။
ဒုစရိုက်(၁၀)ပါးမှ ရှောင်ကြဉ်တာကို သုစရိုက်တရား(၁၀)ပါးကို ကျင့်တယ်လို့ခေါ်ပါတယ်။ မြတ်စွာဘုရားက
သုစရိုက်တရား(၁၀)ပါးကို ကိုယ်နှုတ်စိတ် အမူအရာတိုင်းမှာ သတိကပ်ပြီးကျင့်ပါတဲ့။
ဘာဖြစ်လို့ သုစရိုက်တရား(၁၀)ပါးကို ကျင့်ရသလဲ မေးရင် ဘေးလေးမျိုးနဲ့ မတွေ့ကြုံရအောင်ပါတဲ့။
ဘေးလေးမျိုးဆိုတာက-
❖(၁)။ အတ္တာနုဝါဒဘေး=မိမိကိုယ်ကို မိမိကိုယ်တိုင် စွပ်စွဲသောဘေး။
မကောင်းတာလုပ်ခဲ့တဲ့သူဟာ “ငါမကောင်းတာလုပ်ခဲ့ပါလား၊ ငါမကောင်းတာ လုပ်ခဲ့ပါလား”
ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင် နှလုံးမသာမယာ ဖြစ်နေတာပါ။
❖(၂)။ ပရာနုဝါဒဘေး = သူတစ်ပါးစွပ်စွဲသောဘေး။
“မင်းဟာ မကောင်းတာပြုခဲ့တဲ့သူ”
လို့ ပတ်ဝန်းကျင်ကဝိုင်းပြီး၊လက် ညှိုးထိုး ရှုံ့ချ အပြစ်တင်ခံရတဲ့ဘေး။
❖(၃)။ ဒဏ္ဍဘေး = မင်းပြစ်မင်းဒဏ်ဘေး။
❖(၄)။ ဒုဂ္ဂတိဘေး = အပါယ်ကျရောက်ရသည့်ဘေးတို့ ဖြစ်ပါတယ်။
ဒုစရိုက်(၁၀)ပါးကို ကျူးလွန်တဲ့သူဟာ အထက်က ဘေးလေးမျိုး ကြုံရတတ်ပါတယ်။ ဘေးလေးမျိုးထဲမှာ
သတိထားဖို့ အကောင်းဆုံးနဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးဘေးက “အတ္တာနုဝါဒဘေး”ဆိုတဲ့
မိမိကိုယ်ကို မိမိပြန်စွဲချက်တင်တဲ့ဘေးပါ ။
မကောင်းမှုပြုခဲ့သမျှကို ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဆိုတော့ အဲဒီမကောင်းမှုတွေကိုပြန်တွေးလိုက်တိုင်း
“ငါမကောင်းမှုတွေပြုခဲ့တယ်။ငါ မကောင်းမှုတွေပြုခဲ့တယ်”ဆြို ပီး
ပြုခဲ့သမျှမကောင်းမှုတွေက တစ်ကိုယ်ထဲ တစ်စိတ်ထဲကနေ တရားခံ၊တရားလို
နှစ်ကိုယ်ခွဲပြီး စွပ်စွဲတော့တာပါပဲ။
အရွယ်ရှိတုန်း ကျန်းမာတုန်းမှာ-အတ္တာနုဝါဒေ ဘးကို အထိုက်အလျောက် တွန်းလှန်နိုင်ပေမယ့်၊
ရုပ်အိုနာမ်အိုပြီး၊သေခါနီး ကာလမှာတော့ အတ္တာနုဝါဒဘေးကို မတွန်းလှန်နိုင်တော့ပါဘူး။
အဲဒီအတ္တာနုဝါဒဘေးကို အာရုံပြုပြီး သေသွားမယ်ဆိုရင် “အပယ်ဒုဂ္ဂတိ” ကျရောက်ဖို့ပဲ ရှိပါတော့တယ်။
ဘယ်လောက်ပဲ ပြည့်စုံမှုတွေရရှိရရှိ မကောင်းမှုကိုမှီပြီး ရရှိတဲ့ ပြည့်စုံမှုတွေရဲ့ နောက်မှာ
ဘေးလေးမျိုးက အသင့်ကပ်ပါလာပြီးသားပါ။ အရာဝတ္ထုသဏ္ဌာန်တစ်ခုအနေနဲ့
ကပ်ပါလာတာမဟုတ်လေတော့ သတိမထားမိဘူးပေါ့။
ကိုယ်ကျင့်သီလမဲ့တဲ့သူက ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါ “အဆိုးမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။
ကိုယ်ကျင့်သီလရှိတဲ့သူက ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။
အမြင်မတူတဲ့အကြည့်နှစ်ခုဟာ ရလဒ်လည်းမတူပါဘူး။
အဆိုးမြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က မငြိမ်းချမ်းမှုပါ။ အကောင်း မြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က ငြိမ်းချမ်းမှုပါ။ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှုတွေဟာ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေနဲ့ မဆိုင်ပါဘူး။
ကိုယ်ကျင့်သီလ အပေါ်မှာပဲ မူတည်သွားပါတယ်။
ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းဖို့၊ ကိုယ့်ဝန်းကျင် ငြိမ်းချမ်းဖို့ကိုယ်ကျင့်သီလကို မမေ့သင့်ပါဘူး။
“အူမတောင့် မှသီလစောင့်နိုင်တယ်”ဆိုတဲ့ စကား ရှိပေမယ့်၊ပုထုဇဉ်ရဲ့ အူမဟာ သေတဲ့
အထိ တောင့်မလာနိုင်ပါဘူး။ဘာဖြစ် လို့လဲဆိုတော့ ပုထုဇဉ်ရဲ့ အူမဟာ အာရုံဆန်းဆန်းတွေကို
အမြဲတမ်း တောင့်တနေတတ်သလို၊ရောင့်ရဲသွားတယ် ဆိုတာလည်း မရှိပါဘူး။
ကိုယ့်ကျင့်သီလကိုစတေးပြီးမှ ရရှိမယ့် ပစ္စည်းဝတ္ထု၊ ရာထူး ဂုဏ်သိမ် အောင်မြင်မှုတွေကို မမက်မောစမ်းပါနဲ့။ကိုယ့်ဘဝသမိုင်းကို ကိုယ်ပြန်ကြည့် လိုက်တိုင်း အစဉ်သဖြင့် လိပ်ပြာသန့်နေဖို့၊ စာလိုပြောရင်တော့ အတ္တာနုဝါဒဘေး ကင်းနေဖို့ပဲ အရေးကြီးပါတယ်။
တကယ်တော့ လူဆိုတာ ကိုယ့်ရဲ့ကိုယ်ကျင့်သီလကို ပြန်ကြည်ညိုပြီး စိတ်ချမ်းသာအောင် နေနေတတ်တာကိုက လူ့ဘဝရဲ့ အဓိပ္ပာယ်တွေထဲက အဓိပ္ပာယ်တစ်ခုပါပဲလေ။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်း မ)၏“မင်္ဂလာအတွေးများ”မှ-】
(အလင်းတန်းဂျာနယ် ၁၅-၁၂-၂၀၀၃)
ဒီသာပါမောက္ခဆရာကြီးဆီမှာ တခြားတပည့် ငါးရာနဲ့အတူ ပညာသင်နေပါတယ်။ တစ်နေ့တော့ ပါမောက္ခဆရာကြီးရဲ့ သားငယ်တစ်ယောက် သေဆုံးသွားပါတယ်။ ဒီတော့
ကျန်တဲ့တပည့်တွေက ဝိုင်းငိုကြပါတယ်။ဓမ္မပါလကတေ
ဒါကြောင့် ဓမ္မပါလက သူငယ်ချင်းတွေအနားသွားပြီး မေးကြည့်ပါတယ်။
“အမောင်တို့ ... လူဆိုတာ ကြီးမှသေရတာမဟုတ်လား၊ ဘာဖြစ်လို့ ငယ်ငယ်လေးနဲ့ သေရတာလဲ”
“လူဆိုတာကြီးကြီးငယ်ငယ်သေကြ
“ကျွန်တော်တော့ အခုမှမြင်ဖူးတာပါ။ကျွန်တော်တို့ဆီမှာတော့လေ ငယ်ငယ်နဲ့
မသေကြဘူး။ကြီးမှပဲ သေကြတယ်။”
ဓမ္မပါလနဲ့ သူငယ်ချင်းတွေ အပြန်အလှန် ပြောနေကြတာကို ပါမောက္ခ ဆရာကြီးက
ကြားသွားပါတယ်။ဒါကြောင့် ဆရာကြီးက ဓမ္မပါလကို ခေါ်ပြီး-
“ဓမ္မပါလ ... သင်တို့ဆီမှာငယ်ငယ်ရွယ်ရွယ်
“ဟုတ်ပါတယ်ဆရာကြီး။ကျွန်တော်တို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့
မသေကြပါဘူး။ကြီးမှပဲသေကြတာပ
ဆရာကြီးက ဓမ္မပါလဆီက စကားဆန်းဆန်းကိုကြားရတော့ အံ့ဩနေပါတယ်။
သူ့တပည့် မလိမ်ဘူးဆိုတာလည်း သိနေပါတယ်။ ဒီတော့ ဘယ်လိုတွေးမိသလဲ ဆိုတော့
“အသက်ရှည်ရှည်နေရတဲ့နည်း သူတို့ဆီမှာ ရှိမှာပဲ။ငါသွားစုံစမ်းရင်တော့ နည်းသိရမှာပဲ”
လို့ တွေးလိုက်ပါတယ်။
သေသွားတဲ့သားအတွက် သင်္ဂြိုလ်မှုကိစ္စတွေပြီးလို့ခုနှစ်ရက်၊ရှစ်ရက် လွန်တဲ့အခါကျတော့
တပည့်အားလုံးကို ဓမ္မပါလဆီအပ်ခဲ့ပြီး တပည့်တစ်ဦးအတူ ဓမ္မပါလတို့ ဇာတိရွာကို
ထွက်ခဲ့ပါတယ်။ ဆရာကြီးကာ သူ့ရဲ့လွယ်အိတ်ထဲမှာ ဆိတ်ရိုးတွေလည်း ထည့်ခဲ့ပါတယ်။
ဆရာကြီး ဓမ္မပါလတို့မိဘတွေ အိမ်ရောက်တော့ အိမ်ဖော်ဖြစ်တဲ့သူတွေက ထီးယူတဲ့သူကယူ၊
အိတ်ယူတဲ့သူကယူ၊ ဖိနပ်ယူတဲ့သူကယူနဲ့ ဝိုင်းပြီး ခရီးဦးကြိုဆိုကြပါတယ်။
ဓမ္မပါလမိဘတွေက ဆရာကြီးကို ခေတ္တခဏနားစေပြီး ထမင်းကျွေးပါတယ်။
ထမင်းစားပြီးလို့ မိသားစုနဲ့ စကားထိုင် ပြောကြတော့ ဆရာကြီးက စိတ်မကောင်းဟန်နဲ့ပြောပါတယ်
“ပုဏ္ဏားကြီး ... စိတ်မကောင်းတော့မဖြစ်ပါနဲ့။သင်တို့သားဟာ(၁၈)ရပ်သောအတတ်
တတ်ပြီးပါပြီ။လိမ်လည်းလိမ္မာ
ကွယ်လွန်သွားပါပြီ။”
ဆရာကြီးရဲ့စကား ကြားလိုက်ရတော့ ဓမ္မပါလရဲ့ဖခင်ပုဏ္ဏားကြီးက လက်ခုပ်တွေတီးပြီး
ထရယ်ပါတယ်။ဒီတော့ဆရာကြီးက “ဘာဖြစ်လို့ ရယ်တာလဲ” လို့မေးပါတယ်။
ပုဏ္ဏားကြီးကလည်း အရယ်မပျက် ပြန်ဖြေပါတယ်။ “ဆရာကြီး .... ကျွန်တော်တို့သား မသေပါဘူး။
တခြား တစ်ယောက်ယောက်သေတာ ဖြစ်မှာပါ။”
“ဒီမှာပုဏ္ဏားကြီး ... ဒါသင့်သားရဲ့ အရိုးတွေပဲ။
သင်တို့အတွက် ယူခဲ့တာပါ။”
“ဒီအရိုးတွေဟာ ဆိတ်ရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ခွေးရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်။ကျွန်တော်တ
ဓမ္မပါလကတော့ လုံးဝ မသေပါဘူး။ကျွန်တော်တို့ဆီမှ
ဆရာကြီး မုသားပြောတာပဲဖြစ်မှာပါ။”
ဒီတစ်ကြိမ်မှာတော့ အနားမှာရှိတဲ့မိသားစုဝင်တွေ
ပါမောက္ခဆရာကြီးလည်း တပည့်ဖြစ်သူ ဓမ္မပါလပြောတာကို ခိုင်ခိုင်မာမာ ယုံသွားပါတယ်။
ဒါကြောင့် ပါမောက္ခ ဆရာကြီးက သူအသိချင်ဆုံးမေးခွန်းကို မေးလိုက်ပါတယ်။
“ပုဏ္ဏားကြီး သင်တို့ဆီမှာ ဘာဖြစ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့မသေကြတာလဲ။ဘယ်လိုကျင့်ကြံနေ
“ဆရာကြီး…ကျွန်တော်တို့ တစ်ရွာလုံးဟာ သုစရိုက်တရား (၁၀)ပါး ကို ကျင့်ကြံကြပါတယ်။
ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေကြတာပါ။ တရားကိုစောင့်တဲ့သူကို တရားက ပြန်စောင့်တဲ့သဘောပါ။”
အဖြေသိရတော့မှ ပါမောက္ခဆရာကြီးက “ပုဏ္ဏားကြီး သင်တို့သား မသေပါဘူး။
အခု ယူခဲ့တာလည်း ဆိတ်ရိုးတွေပါ။ စုံစမ်းဖို့ သက်သက် လာခဲ့တာပါ။”
လို့ ပြောပြီး ပုဏ္ဏားကြီးဆီက သုစရိုက်တရား(၁၀)ပါး စာရင်းကိုကူးပြီး တက္ကသိုလ်ပြည်ကို
ပြန်ခဲ့ပါတော့တယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-မဟာဓမ
“ဓမ္မစရိယာ” ဆိုတာ သုစရိုက်တရား(၁၀)ပါးကို ကျင့်ခြင်းလို့ ဆိုလို ပါတယ်။
❖-သတ်ခြင်း၊ ခိုးခြင်း၊ သူတစ်ပါးမယားပြစ်မှားခြင်း ဆိုတဲ့ ကာယဒုစရိုက် သုံးပါး။
❖-လိမ်ပြောခြင်း၊
-ရန်တိုက် ကုန်းတိုက်စကားပြောခြင်း၊
-ကြမ်းတမ်းသော စကားပြောခြင်း၊
-အကျိုးမရှိ သိမ်ဖျင်းသော
စကားပြောခြင်းဆိုတဲ့ ဝစီဒုစရိုက် လေးပါး။
❖-သူတစ်ပါးစည်းစိမ်၊ကိုယ့်စည်းစိမ်ဖြစ်ရန် ရှေ့ရှုကြံခြင်း၊
-သူတစ်ပါး ပျက်စီးစေရန် ဒုက္ခရောက်စေရန်ကြံခြင်း၊
-အယူမှားခြင်းဆိုတဲ့ မနောဒုစရိုက် သုံးပါး။
အဲဒီ(၁၀)ပါးကို ဒုစရိုက်(၁၀)ပါးလို့ခေါ်ပါတယ
ဒုစရိုက်(၁၀)ပါးမှ ရှောင်ကြဉ်တာကို သုစရိုက်တရား(၁၀)ပါးကို ကျင့်တယ်လို့ခေါ်ပါတယ်။ မြတ်စွာဘုရားက
သုစရိုက်တရား(၁၀)ပါးကို ကိုယ်နှုတ်စိတ် အမူအရာတိုင်းမှာ သတိကပ်ပြီးကျင့်ပါတဲ့။
ဘာဖြစ်လို့ သုစရိုက်တရား(၁၀)ပါးကို ကျင့်ရသလဲ မေးရင် ဘေးလေးမျိုးနဲ့ မတွေ့ကြုံရအောင်ပါတဲ့။
ဘေးလေးမျိုးဆိုတာက-
❖(၁)။ အတ္တာနုဝါဒဘေး=မိမိကိုယ်ကို မိမိကိုယ်တိုင် စွပ်စွဲသောဘေး။
မကောင်းတာလုပ်ခဲ့တဲ့သူဟာ “ငါမကောင်းတာလုပ်ခဲ့ပါလား၊ ငါမကောင်းတာ လုပ်ခဲ့ပါလား”
ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင် နှလုံးမသာမယာ ဖြစ်နေတာပါ။
❖(၂)။ ပရာနုဝါဒဘေး = သူတစ်ပါးစွပ်စွဲသောဘေး။
“မင်းဟာ မကောင်းတာပြုခဲ့တဲ့သူ”
လို့ ပတ်ဝန်းကျင်ကဝိုင်းပြီး၊လက်
❖(၃)။ ဒဏ္ဍဘေး = မင်းပြစ်မင်းဒဏ်ဘေး။
❖(၄)။ ဒုဂ္ဂတိဘေး = အပါယ်ကျရောက်ရသည့်ဘေးတို့ ဖြစ်ပါတယ်။
ဒုစရိုက်(၁၀)ပါးကို ကျူးလွန်တဲ့သူဟာ အထက်က ဘေးလေးမျိုး ကြုံရတတ်ပါတယ်။ ဘေးလေးမျိုးထဲမှာ
သတိထားဖို့ အကောင်းဆုံးနဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးဘေးက “အတ္တာနုဝါဒဘေး”ဆိုတဲ့
မိမိကိုယ်ကို မိမိပြန်စွဲချက်တင်တဲ့ဘေးပါ
မကောင်းမှုပြုခဲ့သမျှကို ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဆိုတော့ အဲဒီမကောင်းမှုတွေကိုပြန်တွေ
“ငါမကောင်းမှုတွေပြုခဲ့တယ်။ငါ မကောင်းမှုတွေပြုခဲ့တယ်”ဆြို
ပြုခဲ့သမျှမကောင်းမှုတွေက တစ်ကိုယ်ထဲ တစ်စိတ်ထဲကနေ တရားခံ၊တရားလို
နှစ်ကိုယ်ခွဲပြီး စွပ်စွဲတော့တာပါပဲ။
အရွယ်ရှိတုန်း ကျန်းမာတုန်းမှာ-အတ္တာနုဝါဒေ
ရုပ်အိုနာမ်အိုပြီး၊သေခါနီး
အဲဒီအတ္တာနုဝါဒဘေးကို အာရုံပြုပြီး သေသွားမယ်ဆိုရင် “အပယ်ဒုဂ္ဂတိ” ကျရောက်ဖို့ပဲ ရှိပါတော့တယ်။
ဘယ်လောက်ပဲ ပြည့်စုံမှုတွေရရှိရရှိ မကောင်းမှုကိုမှီပြီး ရရှိတဲ့ ပြည့်စုံမှုတွေရဲ့ နောက်မှာ
ဘေးလေးမျိုးက အသင့်ကပ်ပါလာပြီးသားပါ။ အရာဝတ္ထုသဏ္ဌာန်တစ်ခုအနေနဲ့
ကပ်ပါလာတာမဟုတ်လေတော့ သတိမထားမိဘူးပေါ့။
ကိုယ်ကျင့်သီလမဲ့တဲ့သူက ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါ “အဆိုးမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။
ကိုယ်ကျင့်သီလရှိတဲ့သူက ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။
အမြင်မတူတဲ့အကြည့်နှစ်ခုဟာ ရလဒ်လည်းမတူပါဘူး။
အဆိုးမြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က မငြိမ်းချမ်းမှုပါ။ အကောင်း မြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က ငြိမ်းချမ်းမှုပါ။ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှုတွေဟာ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေနဲ့ မဆိုင်ပါဘူး။
ကိုယ်ကျင့်သီလ အပေါ်မှာပဲ မူတည်သွားပါတယ်။
ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းဖို့၊ ကိုယ့်ဝန်းကျင် ငြိမ်းချမ်းဖို့ကိုယ်ကျင့်သီလကို မမေ့သင့်ပါဘူး။
“အူမတောင့် မှသီလစောင့်နိုင်တယ်”ဆိုတဲ့
အထိ တောင့်မလာနိုင်ပါဘူး။ဘာဖြစ်
အမြဲတမ်း တောင့်တနေတတ်သလို၊ရောင့်ရဲသွားတယ် ဆိုတာလည်း မရှိပါဘူး။
ကိုယ့်ကျင့်သီလကိုစတေးပြီးမ
တကယ်တော့ လူဆိုတာ ကိုယ့်ရဲ့ကိုယ်ကျင့်သီလကို ပြန်ကြည်ညိုပြီး စိတ်ချမ်းသာအောင် နေနေတတ်တာကိုက လူ့ဘဝရဲ့ အဓိပ္ပာယ်တွေထဲက အဓိပ္ပာယ်တစ်ခုပါပဲလေ။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်း
(အလင်းတန်းဂျာနယ် ၁၅-၁၂-၂၀၀၃)
No comments:
Post a Comment