ပါဏ = အသက်ကို၊ အတိပါတ = လျှင်မြန်စွာချခြင်းဟု ပုဒ်ခွဲရသည်။ ရှင်းအောင်ပြန်သောအခါ သူ့အသက်ကိုသတ်ခြင်းဟုပင် ဖြစ်သွားသည်။ အကြောင်းတစ်ခုခုကြောင့် သတ္တဝါတစ်ကောင် သေသွားသောအခါ ပါဏာတိပါတကံထိုက်၊ မထိုက်ဆုံးဖြတ်နိုင်ရန် အင်္ဂါ (၅) ချက်ရှိသည်။ ယင်းတို့မှာ -
(၁) သတ္တဝါတစ်ကောင်ကောင်ဖြစ်ခြင်
(၂) သတ္တဝါဟူသော အမှတ်သညာရှိခြင်း။
(၃) သေစေလိုသော စိတ်စေတနာရှိခြင်း။
(၄) သေဖို့ရန်ကိုယ်၊ နှုတ်တစ်ခုခုဖြင့် လုံ့လပြုခြင်း။
(၅) သေသွားခြင်း။ (ခုဒ္ဒက။ ဌ။ ၂၂)
တို့ဖြစ်ပေသည်။ အရေးတကြီးသိသင့်သော အဆုံးအဖြတ်တစ်ခုမှာ ရောဂါဒဏ်ကို မချိမဆန့် ခံစားနေရသော လူနာတစ်ယောက်ကို မကြည့်ရက်ပါဘူးဆိုကာ မြန်မြန်သေဆေးထိုးပေးသူမှာ အပြစ်ရှိသည်ဟူသော ဆုံးဖြတ်ချက်ပင်ဖြစ်၏။ အပေါ်ယံကြည့်လျှင် ရောဂါခံစားနေရတာကို မကြည့်ရက်လို့ ကရုဏာစိတ်နှင့် လုပ်ပေးလိုက်တာ ပါဏာတိပါတကံမမြောက်လောက်ပါဘ
အမှန်ကား သေဆေးထိုးသခိုက်တွင် သနားသောစိတ်ခေတ္တ ပျောက်သွားပြီး မြန်မြန်သေစေလိုသော သိမ်မွေ့လှသည့် ဒေါသစိတ်က ကာယကံရှင် သတိမထားလိုက်မိသောအချိန်မှာ
"ပဉ္စာနန္တရိယကံထိုက်သောအမှား
••••••••••••••••••••••••••
သေဆေးအထိုးခံရသူမှာ မိဘဖြစ်နေလျှင် ထိုးခိုင်းသော သားသမီးများမှာ ပဉ္စာနန္တရိယကံထိုက်သည်။ အသတ်ခံရသူ၏ သီလ၊ သမာဓိ၊ ပညာ၊ အကြီးအသေးအလိုက် သတ်သူမှာလည်း အကုသိုလ်အကြီး အသေးကွာခြားသွားသည်။ သီလ၊ သမာဓိ၊ ပညာကြီးမားသူကိုသတ်လျှင် အပြစ်ကြီး၍ သီလ၊ သမာဓိ၊ ပညာ နည်းသူကိုသတ်လျှင် အပြစ်သေးသည်ဟု မှတ်ရမည်။
"ပါဏာတိပါတ၏ဆိုးကျိုးများ"
••••••••••••••••••••••••••
ပါဏာတိပါတ်၊ သူ့သက်သတ်က
ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း၊ လျှင်ခြင်းလည်းဝေး
ဘေးကိုကြောက်တတ်၊ အသတ်ခံရာ
အနာများလျက်၊ ခြွေရံပျက်၍
အသက်တိုလျ၊ ပြစ်များစွသည်
ရှောင်ကအပြန်၊ အကျိုးတည်း။
ဖော်ပြပါလင်္ကာအရ သူ့အသက်ကိုသတ်သူများသည် ဖြစ်ရာဘဝတွင် မိခင်ဝမ်းတွင်းကတည်းက ကိုယ်လက်အင်္ဂါအပြည့်မစုံ ဖြစ်လာတတ်သည်။
ရုပ်ရည်မှာ ကြည့်မရလောက်အောင် မွဲပြာနေတတ်သည်။ အားအင်ခြောက်ခန်းပြီး ချိနဲ့နေတတ်သည်။
လျှင်မြန်ဖျတ်လတ်မှုမရှိဘဲ လေးလံထိုင်းမှိုင်းနေတတ်သည်
သူတစ်ပါးက လာမသတ်၍ မိမိကိုယ်မိမိ ပြန်သတ်ရခြင်းဖြစ်၏။ နောက်ဆိုးကျိုးများမှာ အနာရောဂါများခြင်း၊ အခြွေအရံပျက်ခြင်း၊ အသက်တိုခြင်းတို့တည်း။ အကယ်၍ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြည်မည်ဆိုလျှင် ယခုဆိုးကျိုးများ၏ ဆန့်ကျင်ဘက် -
- ဖြစ်ရာဘဝကိုယ်လက်အင်္ဂါပြည့်စ
- ရုပ်ရည်ချောမောလှပ ကျက်သရေရှိခြင်း။
- ခွန်အားဗလကြီးခြင်း။
- လျှင်မြန်ဖျတ်လတ်ခြင်း။
- ရဲရဲရင့်ရင့် တုန်လှုပ်မှုကင်းစွာ နေနိုင်ခြင်း။
- အနာရောဂါကင်းဝေးခြင်း။
- အခြွေအရံများခြင်း။
- အသက်ရှည်ခြင်း။
ဟူသော ကောင်းကျိုးများကို ပြန်လည်ရရှိမည်ဖြစ်သည်။ လူသားတို့တွင် သက်တမ်းဆုတ်သောကပ်၊ တက်သောကပ်ဟူ၍ နှစ်မျိုးရှိသည်။ သီလမရှိမှုကြောင့် ဆုတ်ကပ်ဖြစ်ရပြီး သီလရှိမှုကြောင့် တက်ကပ်ဖြစ်ရသည်။ ယခုအချိန်ကို ဆုတ်ကပ်အချိန်ဟုဆိုရသည်။ မရေမတွက်နိုင်အောင် အသက်ရှည်သော အသေင်္ချေယတန်းမှစ၍ ဆုတ်လာခဲ့ရာ (၇၅) နှစ်တန်းအချိန်သို့ပင် ရောက်လာပေပြီ။
သီလတွေပျက်ပြီး ကရုဏာကင်းလိုက်ကြသည်မှာလည်း
မျောက်ကလေးများအဖြစ်ကား ပို၍ဆိုး၏။ မည်သူက ချောက်တွန်းလိုက်သည်မသိ။ မျောက်ဦးနှောက် လတ်လတ်ဆတ်ဆတ်စားလျှင် အသက်ရှည်သည်၊ အင်အားကိုလည်း ဖြစ်စေသည်စသော သတင်းထွက်လာသည်နှင့် မျောက်များ မချိမဆန့်ဝေဒနာကိုခံစားပြီး
မျောက်ကို ချိန်သားကျအပေါက်ဖောက်ထားသေ
စားပွဲပေါ်တွင်ကား ဓားတစ်ချောင်း၊ ဇွန်းခက်ရင်းအရက်နှင့် ဖလ်ခွက်တို့က အသင့်ရှိနေသည်။ မျောက်ဦးနောက်ကို စားတော့မည်ဆိုသည်နှင့် အသင့်ချပေးထားသောဓားဖြင့် ပေါ်နေသော မျောက်ဦးခေါင်း၏ သုံးပုံတစ်ပုံကို လှီးပစ်လိုက်သည်။ လှီးပြီးသော ဦးခွံကို ဖယ်လိုက်သည်နှင့် အရှင်လတ်လတ် မျောက်၏တလှုပ်လှုပ်ဖြစ်ဆဲ ဖွေးဖွေးဖြူနေသော ဦးနှောက်များက ပေါ်လာသည်။
ထိုဦးနှောက်များကို ဇွန်းခက်ရင်းဖြင့် ယူစားကြသည်။ လူသားသည်လောက၌ အသိဉာဏ်ပညာ အကြီးမားဆုံးဖြစ်သည်။ ထိုအသိဉာဏ်ကို ကရုဏာမေတ္တာနေရာတွင် အသုံးမချဘဲ လောဘ၊ ဒေါသနေရာတွင် အသုံးချလိုက်သောအခါ အရက်စက်ဆုံး၊ အယုတ်မာဆုံးသရဖူသည် လူသား၏ ခေါင်းပေါ်သို့ပင် ပြန်ရောက်သွားရသည်။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။
စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍
No comments:
Post a Comment