














ပေါ်တူဂီနိုင်ငံက
စိတ်ဝင်စားဖွယ်ရာ Monsanto မြို့ကလေးဟာ ထူးထူးဆန်းဆန်း
နှစ်သက်စဖွယ်ကောင်းလှတဲ့ တောင်စောင်းပေါ်က မြို့ငယ်ကလေးဖြစ်ပါတယ်။
ဘယ်လိုများလဲဆိုရင်ဖြင့် အဲဒီမြို့ကလေးကို ရောက်သွားသူတိုင်းဟာ
မြို့ကလေးရဲ့ ထူးခြားမှုကို သတိမပြုမိဘဲ မနေနိုင်အောင် ရင်သပ်ရှုမော
ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ မြို့ကလေးမှာရှိတဲ့ အိမ်တွေဟာ သစ်တွေ၊ ဝါးတွေနဲ့
ဆောက်လုပ်ထားတာ မဟုတ်ဘဲ ကြီးမားလှတဲ့ ဂရင်းနိုက် ကျောက်တုံး
ကျောက်ဆောင်ကြီးတွေ ကြားထဲမှာ ဆောက်လုပ်ထားတာဖြစ်ပြီး အချို့အိမ်တွေကတော့
ကျောက်တုံးကို ထွင်းဖောက်ပြီး ဆောက်လုပ်ထားတာဖြစ်ပြီးတစ်ချို့ကတော့ ကျောက်တုံးအရွယ်တော်များနဲ့ တည်ဆောက်ထားကြပါတယ်။မြို့ကလေးရဲ့ လမ်းတွေဟာဆိုရင်ဖြင့် ကျောက်တုံးတွေကြားထဲမှာ ကွေ့ပတ်ဖောက်လုပ်ထားပြီး အချို့လမ်းတွေဆိုရင် ကျောက်တုံးကိုထွင်းပြီးမှ ဖောက်လုပ်ထားတာဖြစ်ပါတယ်။
No comments:
Post a Comment