စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရဟန်းတော်များ အချိန်မရွေး သုံးဆောင်နိုင်ရန် ၀ိနည်းတော်ကခွင့်ပြုထားသောအဖျော်ရှစ်ပါး အပိုင်း(၁)

အပိုင်း   (၁)
ရဟန်းတော်များ အချိန်မရွေး သောက်စားနိုင်ရန် ၀ိနည်းတော်ကခွင့်ပြုထားသောအဖျော်ရှစ်ပါး။
အဖျော် ၈-ပါး။ ။
ဝိနည်းမဟာဝါ။ ပါ။ ၃၄၂။ ဋ္ဌ။ ၃၈၂။ ရဟန်းတော်များ အချိန်မရွေး သောက်စားနိုင်ရန် ၀ိနည်းတော်ကခွင့်ပြုထားသောအဖျော်ရှစ်ပါး။

(၁) သရက်သီးအဖျော်၊
(၂) သပြေသီးအဖျော်၊
(၃) တောငှက်ပျောသီးအဖျော်၊
(၄) အိမ်ငှက်ပျောသီးအဖျော်၊
(၅) သစ်မည်စည်ခေါ် မယ်ဇယ်အဖျော်၊
(၆) မုဒရက်ခေါ် စပျစ်သီးအဖျော်၊
(၇) ကြာစွယ်အဖျော်၊
(၈)ဖက်သက်တရော်သီးအဖျော်။ (ရဟန်းတော်များ အချိန်မရွေး သောက်စားနိုင်ရန် ၀ိနည်းတော်ကခွင့်ပြုထားသောအဖျော်ရှစ်ပါး။ )
ရဟန်းနှင့် ၀ိနည်းဆိုင်ရာ ဗဟုသုတများ။

(၁) ရဟန်း ဟူသည်-

ရဟန်းရဲ့  မူရင်း ပထမအကျဆုံး အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဒီဃနိကာယ် ၊မဟာဝဂ် ၊ မဟာပဒါနသုတ် မှာ ကိုယ်တိုင် ဖတ်ကြည့်နိုင်ပါတယ်။ ထေရ၀ါဒ ပါဠိတော်မှာ ဘုရားလောင်းကို သူအို၊သူနာ၊သူသေ၊ ရဟန်း နိမိတ် (၄)ပါးပြခန်းမှာ ၀ိပဿီ ဘုရားလောင်း ရဲ့ ကာလက ဇာတ်တော်တွေကို သာ ဂေါတမ ဘုရားရှင်က ပြန်ပြီး ဟောပြထားပါတယ်။ ရဟန်းဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တ၀ါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်ပါတယ်။

သာမဏေရ ပဗ္ဗဇ္ဖ လို့ အခေါ်နည်းနည်းပြောင်းလိုက်ရင်တော့-လွတ်မြောက်အောင်ကျင့်နေသူ ၊ အနှောင်အဖွဲ့ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူ လို့ အဓိပ္ပါယ်တွေ ထွက်လာပါတယ် ။

ဘီစီ (၆၀၀)ကျော် လာတဲ့ ဂေါတမဘုရား မပွင့်ခင် အနီးဆုံးသာ ကာလမှာတော့ ဗြာဟ္မဏတို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အဘက်ဘက်က အသာစီးယူနေကြသည်ကိုလည်းမကျေမနပ် ဖြစ်လာကြတဲ့ ဘ၀လွတ်မြောက်ရေးကို အလိုရှိကြသူတွေဟာ အိမ်ရာတည်ထောင် လူတို့ဘောင်ကိုစွန့်ခွာပြီး ဆိတ်ငြိမ်ရာတောအရပ်သို့ ချဉ်းကပ်ကာ အားထုတ်ကျင့်ကြံ ကြိုးပမ်းကြရာမှ တရားဘာဝနာပွားများမှုသဘောပေါ်ပေါက်လာတယ်။ တောထဲတွင် သစ်ပင်အောက်၌ တစ်ကိုယ်တည်း ထိုင်နေရင်း စိတ်မှန်းဖြင့် ယဇ်ပူဇော်မှုပြုခြင်း၊ဗြဟ္မာကို အာရုံပြုခြင်းများ ပြုလုပ်ရာမှ ကသိုဏ်းကျင့်စဉ်များ ပေါက်ကာ ဈာန်လမ်းစဉ်ကို တွေ့ရှိကြသည်။ အ၇ူပဈာန် (၄)ပါးအထိ အောင်မြင်ခဲ့ကြပါတယ်။ ထို့ကြောင့် အာရညကခေတ်ခေါ် တောမှီရသေ့ခေတ်ဦးတွင် ဝေဒလမ်းစဉ် မှေးမှိန်ခဲ့ရပါတယ်။

အရညဟူသည် ကတော့ တောမှီရသေ့တို့ကို ခေါ်ဆိုသောအမည်ဖြစ်ပြီး ထိုရသေ့သည် သညာသီ၊ပရဗိုဇ်နှင့် ဘိက္ခုဟု သုံးမျိုးရှိသည်။ သညာသီနှင့် ပရဗိုဇ်တို့မှာ အ၀တ်ဖြူဝတ်၊ ၀တ်လစ်စလစ် စသည်ဖြင့် အမျိုးမျိုးသောဂိုဏ်းများကို ဆိုလိုသည်။ ဘိက္ခုဆိုသည်မှာ ထမင်းကို အလှူခံစားသောက်သောကြောင့် ခေါ်သောအမည်ဖြစ်ပြီး ၊ နောင်အခါ ဗုဒ္ဓသည် မိမိတပည့်ရဟန်းများကို ဘိက္ခုဟု ခေါ်ဆိုလေသည်။ ဘိက္ခု ကိုလဲ ဗုဒ္ဓဘာသာဝင် ရဟန်းလို့ နားလည်ကြရပါမယ်။

အခုနောက်ပိုင်းတော့ ကမ္ဘာပေါ်မှာ ဘိက္ခု ဆိုတဲ့ အသုံးနဲ့ မြန်မာတွေရဲ့  ဆရာတော် ဆိုတဲ့ အခေါ် ကို တွင်တွင်ကျယ်ကျယ်သုံးနေတာ တွေ့ရပါတယ်။ ထိုင်းက နိုင်ငံခြားသာသနာပြု ရဟန်းတော်တွေကလဲ မြန်မာတွေရဲ့  ဆရာတော် ဆိုတဲ့အသုံးကို သူတို့ ကျောင်းတွေမှာ သုံးနေကြောင်း ၀မ်းသာဖွယ် တွေ့ရပါတယ်။

(၂) ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ

ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။

ကိုယ့်ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။

တရားသိမှု၊ ကျင့်ကြံပေါက်မြောက်မှုမှာ ကိုယ်က သာနေပေမယ့် သာသနာဝန်ထမ်းရှင်သာမဏေလေးကို ရှိခိုးထိုက်တယ်။ဘာကြောင့်ဆိုရင် ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိတယ်။ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) တိတိရှိနေတယ်။



အသွင်အပြင်အားဖြင့် (၂)မျိုးကတော့ -

(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ၀တ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အ၀တ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊

(၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ ( ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့)

ဒီနှစ်ချက်မှာတင် သူ၏ ခြိုးခြံမှု ၊ အလိုနည်းမှု ၊ လူ့အသွင်အပြင်သဘာဝကို ရှောင်ခွာကာ မြင့်မြတ်သော အသွင်ကို ယူမှုတွေဟာ သာမာန်လူထက်သာလွန်နေလို့ ရှိခိုးခံထိုက်နေပြီ လို့ ဟောတော်မူပါတယ်။ဒီနေရာမှာ သီလ သမာဓိ ပညာရှိခြင်းတွေကို ဘုရားရှင်က ဘာမှ မဆိုလိုသေးပါ။မိလိန္ဒ ပညာ မှာလဲ ဒီအတိုင်းပါပါတယ် ။

အရှင်နာဂသိန်ကတော့ ဒီအသွင်(၂)ပါးယူပြီးတာနဲ့ကို ဘုရား၏ အလိုကျ အသွင်အပြင် စဖြစ်နေပြီ..တဲ့။ဒါကြောင့်လဲ ရှိခိုးခံထိုက်တယ် လို့ ဆိုပါတယ်။



ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)။

(၁) သေက္ခ ပုဂ္ဂိုလ် အသွင်ရှိခြင်း

(၂)ရဟန္တာအသွင် ရှိခြင်း

(၃) အရီယာနှင့်တူသော အကျင့်ရှိနေခြင်း

(၄)တူသောနေထိုင်ခြင်းရှိကြခြင်း

(၅)တူသောဣနြေ္ဒ ရှိကြခြင်း

(၆)တူသောဆင်းရဲခြင်းရှိခြင်း၊

(၇)တူသောသည်းခံခြင်းရှိခြင်း

(၈ )တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း

(၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း

(၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်ခြင်း

(၁၁)မကောင်းမှုမှရှက်ခြင်း

(၁၂)မကောင်းမှုမှ လန့်ခြင်း

(၁၃)သ ဓမ္မ အကျင့်ကို အားထုတ်ခြင်း

(၁၄)ကုလိုလ်ကို မမေ့လျော့ခြင်း၊

(၁၅)သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း၊

(၁၆)ပါဠိသင်ယူခြင်း

(၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း

(၁၈ ) သီလ၊သမိာပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း၊

(၁၉)ကင်းသောတပ်မက်မှုရှိခြင်း၊

(၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း

ဒီအချက်တွေကြောင့်လဲ ရှိခိုးခံထိုက်နေပါတယ်။

(နေလင်း) ရေးသားသောစာအားပြန်လည်တင်ပြပေးပါသည်။
(အမုန်းတော်ခံ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...