ကာကွယ်ထာတာပဲပေါ့ သို့သော် ရေနွေးထဲကိုလည်းရောက်လို့ ခပ်ကြာကြာလေးထားလိုက်လို့ကတော့
အထဲမှာ မာကျောလာတော့တာပဲ ကြာကြာဆူလေမာလေပဲပေါ့**
***ကော်ဖီစေ့တွေက ထူးကိုထူးခြားတယ်***
သူတို့ကိုဆူအောင် ပူအောင်လုပ်တဲ့ရေကို သူတို့ပြောင်းလဲသွားစေတယ်***
ဒီလိုပြောပြီးသူမဟာ သမီးကိုမေးတယ် **
***သမီးဟာ ဘယ်လိုအမျိုးအစားလဲ***
**တကယ်လို့ ဆိုးoါးတဲ့အဖြစ်တွေ သမီးရဲ့အိမ်တံခါးကိုလာခေါက်ရင် သမီးဘယ်လိုတုန့်ပြန်မလဲ**
***မုံလာဥoါလိုလား***ကြက်ဥလိုလား***
ဒါမှမဟုတ်***ကော်ဖီစေ့လိုလား*** သမီးဘယ်လိုလူမျိုးလဲ စဉ်းစားကြည့်ပါ**
တကယ်လို့သမီးဟာ မုံလာဥoါလိုဖြစ်နေတယ်ဆိုရင် မူလကခပ်မာမာပါပဲ
သို့သော် တွန်းတိုက်ခံရတဲ့အခါ ခွန်အားချည့်နဲ့သွားကာ အသုံးမကျဖြစ်သွားမှာလား***
***သမီးဟာ ကြက်ဥလိုလား အစပိုင်းမှာတော့ အတွင်းမှာပျော့ပျော့လေး
နူးညံ့တဲ့နှလုံးသားရှိတာပေါ့ သို့သော် အခက်အခဲတွေကြုံတဲ့အခါ မာကျောလာတယ်
အပြင်ကကြည့်ရင်တော့အတူတူပါပဲ သို့သော် အတွင်းမှာ ခါးသီးနာကျည်းမာကျောနေတာမျိုးပေါ့
မာကျောတဲ့နှလုံးသားပိုင်ရှင်ဖြစ်လာတယ်***
***ဒါမှမဟုတ် သမီးဟာ ကော်ဖီစေ့တွေလား***
ကော်ဖီစေ့တွေဟာ ရေနွေးကိုပြောင်းလဲပစ်နိုင်စွမ်းရှိတယ်
တကယ်တော့ ဒီလိုအခြေအနေမှာ ပူလောင်ခြင်းပြင်းစွာခံစားရမှာပဲ မဟုတ်လား
ဒါပေမဲ့ ရေကပူလာလေလေ သူကမွှေးအကြိုင်တွေ အနံ့ အရသာတွေထုတ်လွှတ်လေပါပဲ
သမီးဟာကော်ဖီစေ့တွေလိုသာဆိုရင် အခက်အခဲတွေတွေ့လေလေ ပတ်oန်းကျင်ကိုပိုပြီး
ကောင်းမွန်တဲ့အခြေအနေရောက်အောင်တွန်းပို့လေလေပါပဲ
***မှောင်မိုက်တဲ့အချိန်ရောက်လေလေ လမ်းပြဟာ အရေးကြီးလေပါပဲ***
အခက်အခဲတွေကြုံလာတဲ့အခါ သမီးဘယ်လိုရင်ဆိုင်မလဲ
***သမီးဟာ**မုံလာဥoါလား**ကြက်ဥလား**ဒါမှမဟုတ် ***ကော်ဖီစေ့လား***
[ နိဂုံး ]
***သမီးအနေနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ လမ်းကြောင်းကို ချမှတ်ဆောင်ရွက်နိုင်ပါစေ***
မျက်ရည်ကိုသိမ်း oမ်းနည်းတာကိုဘေးဖယ် လူသားတွေရဲ့အကျိုးကို
ဆောင်ရွက်နိုင်တဲ့ သမီးကောင်းရတနာတစ်ယောက်ဖြစ်ပါစေ***
ပျော်ရွှင်တဲ့လူသားတွေဟာ အကောင်းဆုံးအရာတွေအားလုံး ရထားလို့မဟုတ်ပါဘူး
သူတို့ဟာ ရထားတဲ့အရာတွေထဲကနေ အကောင်းဆုံးဖြစ်အောင်လုပ်ကြလို့ပါ***
***အတိတ်ကမေ့ထားတဲ့ အရာတွေကိုအခြေခံပြီး အနာဂတ်အတွက်
ထွန်းလင်းတောက်ပလာစရာ အကြောင်းတွေကို ဖြစ်လာစေနိုင်ပါစေ***
***သင့်အနေနဲ့ အသည်းနှလုံးက နာကျည်းမှုတွေနဲ့ ဆုံးရှုံးမှုတွေ မရှိပါဘဲနဲ့
ဘoခရီးကိုရှေ့မဆက်နိုင်ပါဘူး***
***သင်မွေးလာတုန်းကလေ သင်ငိုနေတယ်***
***ဘေးကလူတွေအားလုံး ပြုံးပျော်ရယ်မောနေကြတယ်***
***ဘoရဲ့နောက်ဆုံးအချိန်ရောက်အောင်နေပြီးတဲ့နောက်
***သင်ခွဲခွာတဲ့အခါ ပျော်ရွှင်ပြုံးပျော်စမ်းပါ
***ဒီလိုအချိန်မှာသင်ရယ်မောနေပေမဲ့
***သင့်ဘေးကလူတွေ အားလုံး ငိုကြွေးနေကြမှာအသေအချာပါပဲ***
တို့တတွေအားလုံး ကော်ဖီဖြစ်ကြရင် အကောင်းဆုံးပါပဲ
ဘoမှာခါးသီးတဲ့အတွေ့အကြုံတွေနဲ့ ဆုံလာတဲ့အခါ ဒီဆောင်းပါးလေးဟာ
အားဆေးတစ်ခွက်ဖြစ်စေဖို့ေoငှလိုက်တာဖြစ်တယ်
မိမိရဲ့အားအင်တွေဟာ အများကောင်းကျိုးအတွက်ဖြစ်ပါစေမာကျောတဲ့နှလုံးသားကိုမတည်ဆောက်မိပါစေနဲ့
နှလုံးလှကိုမျှေoနိုင်ပါစေ***********************************************
................................................................................................................
ဒေါက်တာခင်ညို ရဲ့ လူငယ်နဲ့အကောင်းဆုံးဘoကိုတည်ဆောက်ခြင်း
မှ
သူငယ်ချင်းအားလုံးသို့ * မုန်းထိုက်သူ * မှ မျှေoခံစားသည်***
No comments:
Post a Comment