ကိုယ်တိုင် Video Edit လုပ်ကြမယ်
မျှော်နေကြမယ်ဆိုတာ သိပါတယ်။ မြန်မာနိုင်ငံမှာက ကော်နရှင်နတ်မင်းကြီး ခွင့်မပြုဘူးဆိုရင် ဘာမှလုပ်လို့မရဘူးဗျ။ မနက်က ကော်နရှင်မင်းကြီး စိတ်ကောင်းရှိတာနဲ့ စာလာတင်ပါတယ် ဟဲဟဲ ဒါပေမယ့် ကိုရွှေလျှပ်စစ်က တာ့တာလုပ်လိုက်လို့ တစ်ဝက်တပြက်နဲ့ လှည့်ပြန်ခဲ့ရပါရောလားဗျာ ...။ အခုလည်းပဲ ရင်တစ်ထိတ်ထိတ်နဲ့ တင်နေရတာ ............... ဗျို့ .....ဒီတစ်ခေါက် Video Edit လုပ်နည်းလေးအကြောင်း ပြောပြပါမယ်။ ကျနော်ကတော့ Video Edit လုပ်တဲ့အခါ Ulead videostudio 11 ကိုသုံးပါတယ်။

ကဲ စပြီး လုပ်ကြည့်ရအောင် … ။ ပထမဆုံး Desktop ပေါ်က Icon လေးကို ဖွင့်လိုက်တယ်ဆိုရင် အောက်ဖော်ပြပါ ပုံလေးတွေ့ရပါလိမ့်မယ်။
(၁)

ဒီဘောက်စ်ထဲက Videostudio Editor ကို ထပ်မံကလစ်ရပါမယ်။ ဒါဆို အောက်ပုံလေးကို ထပ်တွေ့ရပါမယ်။
(၂)

နားမလည်သေးဘူးဆိုရင် ဒီပုံစံအတိုင်း Edit ပြုလုပ်ဖို့ မလွယ်ကူတဲ့အတွက် ကျနော်ဝိုင်းပြထားတဲ့ နေရာလေးကို ထပ်မံကလစ်လိုက်ပါ။
ပုံပါအတိုင်း Video , Image , Video 1 , Title , Voice , Music ဆိုတဲ့ ဘားတွေတွေ့ရပါမယ်။ အဲဒီပေါ်မှာ Right Click နှိပ်ပြီး ရုပ်ပုံ ဗွီဒီယို သီချင်းတွေ ထည့်သွင်းလို့ရပါပြီ။
(၃)

(၄)

(၄-က)

ပထမလိုင်းဟာ ဗွီဒီယိုနဲ့ ရုပ်ပုံတွေ ထည့်သွင်းလို့ရပြီး နေရာချဲခြင်း ၊ အထက်အောက် ဘေးဝဲယာ ချုံ့ ချဲ့ခြင်း ပြုလုပ်လို့ မရပါဘူး။ ဒုတိယလိုင်း Video 1 ( Overlay ) မှာတော့ ကြိုက်နှစ်သက်သလို ပြုလုပ်လို့ရပါတယ်။ အနက်ရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကို ကလစ်ရင်တော့ နောက်ထပ် Overlay ၆ခုထိ ထားနိုင်တာကို တွေ့ရပါလိမ့်မယ်။ Overlay များများထားခြင်းအားဖြင့် ရုပ်ပုံနဲ့ ဗွီဒီယိုတွေ တစ်ခုနဲ့တစ်ခု ရောမွှေခြင်း ထပ်ခြင်း ပြုလုပ်နိုင်တဲ့ သဘောပါပဲ။
(၅)

(၆)

(၆-က)

ပြီးတော့ Attribute က Direction / Style နေရာမှာ ရုပ်ပုံ ဗွီဒီယိုတွေကို အရှင်ထားပြီး အဝင် အထွက်တွေ သတ်မှတ်ကာ ကြိုက်သလို ကစားလို့ ရပါတယ်။ ပြီးတော့ Edit >> Apply Pan & Zoom မှာ ရုပ်ပုံတွေ လှုပ်ရှားအောင်လည်း ပြုလုပ်လို့ရပါသေးတယ်။
(၇)

(၈)

ပုံတစ်ခုနဲ့တစ်ခု ဒါမှမဟုတ် ဗွီဒီယို တစ်ခုနဲ့တစ်ခု အချိတ်အဆက်တွေမှာ Effect တွေ အမျိုးမျိုးထည့်ပြီး ချိတ်ဆက်နိုင်ပါသေးတယ်။ လိုအပ်တဲ့နေရာကို Drag ဆွဲထည့်ရုံပါပဲ။
(၉)

(၁၀)

နောက်ထပ် စာတန်း ထိုးတာလေး ထပ်ပြောပါမယ်။ ခေါင်းစည်းစာတန်းဖြစ်ဖြစ် ကာရာအိုကေ စာတန်းဖြစ်ဖြစ် လွယ်လင့်တကူထိုးနိုင်ပါတယ်။ Title က ကိုယ်လိုချင်တဲ့ စာတန်းစတိုင်လ်ကို T နေရာအထိ Drag ဆွဲချယူပါ။
(၁၁)

Edit မှာ စာတန်းတွေကို လိုသလို ချုံ့ချဲ့ခြင်း Color Font Design တွေ ပြုပြင်နိုင်သလို Animation နေရာကနေလည်း စာလုံး စာတန်းတွေရဲ့ လှုပ်ရှားမှုတွေကို လိုအပ်သလို ပုံစံအမျိုးမျိုး သုံးနိုင်ပါတယ်။
(၁၂)

ကိုယ်လိုချင်တဲ့နေရာ (ကာရာအိုကေစာတမ်းဆိုလျှင်) သီချင်းစာသားဆုံးတဲ့နေရာအထိလည်း ဆွဲဆန့် /ချုံ့ နိုင်ပါတယ်။ ပုံတွေကိုလည်း အဲလို လုပ်နိုင်ပါတယ်။
(၁၃)

နောက်ထပ် စာတမ်း ထပ်ထည့်ချင်တယ်ဆိုရင်တော့ အောက်ကပုံထဲမှာ ပြထားသလို နှစ်ချက်ကလစ်ပြီး ထပ်ထည့်နိုင်ပါတယ်။
(၁၄)

အားလုံး ပြီးစီးလို့ စိတ်တိုင်းကျပြီဆိုရင် Share >> Create Video File >> နှစ်သက်ရာ ဗွီဒီယို အမျိုးအစားကို ရွေးချယ်ပြီး သိမ်းနိုင်ပါပြီ။ တကယ်လို့ မသေချာသေးဘူး ပြန်ပြင်ချင်သေးတယ်ဆိုရင် Ctr + S (Save As) နဲ့ သိမ်းထားနိုင်ပါတယ်။
(၁၅)

ဒီလောက်ဆို ကိုယ်တိုင် Video Edit လုပ်ကြည့်လို့ ရမယ် ထင်ပါတယ်။ (ဒီလိုပုံစံမျိုးလုပ်ပြီး မြန်မာ ထိုင်း စင်္ကာပူနဲ့ မလေးရှားမှာတော့ နိုင်ငံခြား ဇာတ်လမ်းတွဲတွေ အင်တာနက်ပေါ်က သီချင်းတွေ ဗွီစီဒီမထွက်သေးတဲ့ သီချင်းတွေကို MTV လုပ်ပြီး စီးပွားဖြစ် ရောင်းချနေတာ တွေ့ရပါတယ်။ သူငယ်ချင်းတို့လည်း စိတ်ဝင်စားရင် စီးပွားဖြစ်နိုင်တယ် နော .. ဟဲ ဟဲ … )
အောက်မှာ ကျနော် နမူနာ လုပ်ထားတဲ့ ဗွီဒီယိုလေးတစ်ခု တင်ပေးထားပါတယ်။
ဒီနေရာမှာ ဖွင့်ကြည့်လိုက်ပါ
ကြုံရင် ကျနော်ကိုယ်တိုင် ဖန်တီးထားတဲ့ ရွှေမြန်မာဥယျာဉ်က အက်ဒမင် David Phyo (ဖြိုးသက်ခိုင်) ရဲ့ “ပြန်ပါငှက်ကလေး” ဆိုတဲ့ သီချင်းလေးကိုလည်း နားဆင်ကြည့်ရှုနိုင်အောင် တင်ပေးပါမယ်။
ညီ ညီမလေးတို့ရေ .. နောက်တစ်ကြိမ်တော့ Photo Shop Too တွေနဲ့ လုပ်ဆောင်ချက်တွေ အကြောင်း ပြောပြပါဦးမယ်။ အဲဒီပို့စ် မတိုင်ခင် ရွှေအက်ဒမင် အားလုံးပါဝင်တဲ့ “မှတ်ကရော” ဆိုတာလေးက အရင်ပေါ့။
မကြာမီ လာမည် .. မျှော် …
နားပါဦးမည်။
ရွှေမိသားစုဝင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ …
ဥယျာဉ်မှူးလေး
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1049193&xgs=1&xg_source=msg_share_post
တစ်ခုလောက်မေးချင်လို့ပါ ညီမလဲ Ulead videostudio 11 ကိုပဲသုံးပါတယ်။ဒါပေမဲ့ စာတမ်းထိုးရင် မြန်မာလို မပေါ်ပဲ ??? တွေပဲ ပြနေလို့ ဘယ်လိုလုပ်ရမလဲ ကျေးဇူးပြုပြီး ညီမကို မေးပို့ပေးပါနော် eiswekhaine@gmail.comပါ မြန်မာလို စာတမ်းမထည့်တတ်လို့ ပြန်ဖြေပေးပါနော်
ReplyDelete