စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပူပင်တာတွေ ရပ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ခရီးဆက်နိုင်ဖို့ဆိုရင်

 

ပူပင်ခြင်းက ဖြစ်လာမယ့် ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ဒီနေ့ပျော်ရွှင်မှုကိုပဲ ဖျက်ဆီးနိုင်တာပါ။
၁။ ပူပင်နေရုံနဲ့ ဘာမှ ဖြစ်မြောက်မသွားဘူးဆိုတာ သတိရပါ။
ပြီးသွားခဲ့ပြီးသား ကိစ္စတစ်ခုအတွက် စိတ်ညစ်ခံပြီး အချိန်တွေနဲ့ စွမ်းအင်တွေ အဆုံးရှုံးမခံပါနဲ့။
ဖြစ်မလာသေးတဲ့အတွက်လည်း ဖြစ်လာနိုင်ခြေတွေကို တွေးပြီး ပူပင်မနေပါနဲ့။
 

၂။ သင့်ရဲ့ စွမ်းအင်တွေကို ပြဿနာဖြေရှင်းရာမှာ အသုံးချပါ
လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုကို စဉ်းစားဆုံးဖြတ်ပါ။
စိတ်ပူပင်မှုတွေ မရှိအောင် ဖြစ်လာနိုင်မယ့် ပြဿနာအတွက် ကြိုတင်ရင်ဆိုင်ဖြေရှင်းပါ။ (ဥပမာ - ရုံးနောက်ကျလို့ အပြောခံရမှာ စိုးရိမ်မနေဘဲ ကိုယ့်ရဲ့ အခက်အခဲကို ရှင်းပြတာမျိုး)
 

၃။ ဘယ်လိုမှ ကိုယ်ဖြေရှင်းလို့မရတဲ့ အခြေအနေမျိုးဖြစ်လာတဲ့အခါ ဖြစ်သမျှကို လက်ခံလိုက်ပါ
ဒီဖြစ်ရပ်ကြောင့် စိတ်ညစ်မယ့်အစား အဲဒီကနေ သင်ခန်းစာယူပါ။
ဝမ်းနည်းကြေကွဲရတဲ့ ဒီအခိုက်အတန့်ဟာ ခဏတာပဲ၊ အမြဲတမ်း နာကျင်နေမှာမဟုတ်ဘူးဆိုတာကို လက်ခံပြီး ဘဝကို အကောင်းဘက်က ရှုပါ။ အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ ယုံကြည်မှုတွေကို ရှာဖွေတည်ဆောက်ပါ။
Source & Photos : Healthdigests

http://www.duwun.com.mm/lifestyle/-id4782047.html?utm_source=facebook&utm_medium=social&utm_campaign=art-HappyLifeTips-2016-3-10 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...