စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"သောတာပန်၏ ထူးခြားချက်(၇)ရပ်"

                      

ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။

★သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။
ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။
လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။
စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ "၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ"ပဲ။

ဉာဏ်နဲ့ကြည့်လိုက်တော့ဝိပရိဏာမလက္ခဏာတွေချည်းပဲ၊
ဖောက်ပြန်တာချည်းပဲ။အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင်
ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။

★ ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခန္ဓာကြီးတော့သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရင် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ ၀ိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။★

★အ၀ိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ်ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာ ရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။

★၀ိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော့ ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလို့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။

ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့ သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့ ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေ အကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ ဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊ မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခုတည်းပဲ မြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲ တက်လိုက်ပါ။

★အကျဉ်းအားဖြင့်
သစ္စာသိရင် သစ္စဉာဏ်၊
ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊ 
ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။★

★ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။
သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။★

★★သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊
ဒေါသလဲ ဖြစ်သေးတယ်၊
မောဟလဲ ဖြစ်သေးတယ်။
ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။
ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။
ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။
ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊ သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က
ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။★★

★ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ
ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့
နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။★

★ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။★

☑လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။

☑နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ်ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။

☑(၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။

☑(၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။ အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ်တယ်။ လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ၀န်ချတောင်းပန်ပြီး ပြေလည်အောင်လုပ်လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။

☑နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ သူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင် ငွေပေးမယ်၊ ဘာပေးမယ်ပြောလဲ သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။

☑နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရားတရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။

☑နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲ မပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။

★★★အကျဉ်းပြန်ချုပ်လိုက်ရင်-★★★

၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။

၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။

၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယုံကြည်မှုဟာလဲ သောတာပန်ရဲ့ သဒ္ဓါ။

၎။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။

၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။

၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။

၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။

ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီးဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။ ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ သမာဓိ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အ၀င်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။)

[ဒေါက်တာ အရှင်ပါရမီ]

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_
Honey Lay
 

သစ်ရွက်လိပ်ပြာ၊ ဓားခုတ်ကောင်



လိပ်ပြာ ရယ်လို့မ ဟုတ်ပဲ ဓားခုတ်ကောင်လို့ မြန်မာခေါ်ခေါ်တဲ့ အင်းဆက်မျိုး ဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Phyllidae လို့ခေါ်ပါတယ်။

တောင်အာရှ၊ အရှေ့ တောင်အာရှ နဲ့ သြစတေးလျတို့ထိ တွေ့မြင်နိုင်တဲ့ အင်းဆက် သတ္တဝါ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာလည်း ရှိနေတတ် ပါတယ်။ တကယ့် သစ်ရွက်များနဲ့ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားပါတယ်။ အတောင်တွေက အစ တကယ့် သစ်ရွက်ပါပဲ။

walking leaves လို့လည်းခေါ်ပါတယ်။ တစ်ကောင်နဲ့တစ်ကောင် ပုံစံချင်းလည်း မတူပါဘူး။ အကောင်လို့တောင် ထင်ချင်စရာ မရှိပဲ အရွက်များနဲ့ စုဖွဲ့ထားတဲ့ Phyllidae ကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref:wiki
အောင်ခမ်း (ရိုးရာလေး) 


https://www.facebook.com/photo.php?fbid=718318748211380&set=a.247917771918149

ရောင်းပေးသူ မရှိ၊ စားပွဲထိုး မရှိတဲ့ ကိုယ်တိုင်ဖျော် ကော်ဖီဆိုင်



အမေရိကန်နိုင်ငံ၊ North Dakota ပြည်နယ်က Valley City မှာ The Vault လို့ အမည်ရတဲ့ ကော်ဖီဆိုင်လေး တစ်ခု ရှိပါတယ်။ သူ့ရဲ့ ထူးခြားချက် ကတော့ ရောင်းပေးသူ မရှိ၊ စားပွဲထိုး လည်း မရှိခြင်း ဖြစ်ပါတယ်။

ဒီတော့ ကော်ဖီ သောက်ချင်သူများက ကိုယ်တိုင် ဖျော်ရပြီး ငွေကိုလည်း ကိုယ်တိုင် ရှင်းရ ပါတယ်။ ဒီအတွက် အကြွေငွေ ရှင်းမယ့် သူတွေ အတွက် ငွေထည့်ပုံး၊ ခရက်ဒစ် ကဒ်နှင့် ရှင်းမည့် သူများအတွက် စက် တစ်လုံး ထားရှိ ပေးထား ပါတယ်။ ကော်ဖီကိုလည်း စက်နဲ့ ကိုယ်တိုင် ဖျော်ပြီး ထည့်ရ ပါမယ်။ ကော်ဖီ အပြင် အခြားသော မုန့် အချို့လည်း ရပါသေးတယ်။ မြို့ခံ လင်မယား နှစ်ဦးမှ ဖွင့်ထားတဲ့ ဆိုင်ပါ။ လကုန်တဲ့ အချိန် ငွေစာရင်း ချုပ်လိုက်တဲ့ အခါမှာလည်း သာမှန် ကော်ဖီ ဆိုင်လေး တစ်ခုလို အမြတ်ပုံမှန် ရှိနေတာကိုလည်း တွေ့ရ ပါတယ်။

ယင်းဟာ Valley ဒေသခံ ပြည်သူ များရဲ့ ရိုးသာမှုကို ဖော်ပြပြီး အခြားသော လာရောက် လည်ပတ် သူများတောင်မှ ကော်ဖီ ဆိုင်ကို လာထိုင်နေကြပြီ ဖြစ်ပါတယ်။ ကော်ဖီဆိုင်ထဲမှာ စန္ဒယား၊ နဲ့ အခြား တေးဂီတ တူရိယာ ၂ ခုလောက်ကိုလည်း တီးခတ်လိုသူ များအတွက် ထားရှိ ပေးထား ပါတယ်။ ပြီးတော့ စာအုပ်စင် နဲ့ ဗီရိုများလည်း ထားရှိပေးထားပြီး လူတိုင်း ဖတ်ရှု နိုင်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့ လမ်းထောင့် တစ်နေရာမှာ ရှိပြီး လူအများ ဝင်ရောက်လို့ ကော်ဖီသောက် အပန်းဖြေ ကြ ကြောင်း သိရ ပါတယ်။
.
Ref; Metro

အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/photo.php?fbid=719224494787472&set=a.2479177719181

ဘရာဇီးအသင်း ပင်နယ်တီ အဆုံးအဖြတ် ခံယူသည်ကို စောင့်ကြည့်ရင်း ပရိသတ်တစ်ဦး နှလုံးထိခိုက်သေဆုံး


 
ချီလီနှင့်ပွဲစဉ်တွင် ဘရာဇီးကစားသမား နေမာမှ ပင်နယ်တီဂိုး သွင်းယူနေစဉ်
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် လက်ရွေးစင်အသင်း၏ ပင်နယ်တီ အဆုံးအဖြတ် ခံယူမှုကို စောင့်ကြည့်ရင်း ဘရာဇီး ပရိသတ်တစ်ဦး နှလုံးဖောက်ပြန် သေဆုံးသွားကြောင်း သိရှိရသည်။
ဇွန်လ(၂၈)ရက်နေ့ ညပိုင်းက ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီး အသင်းသည် ချီလီနှင့် (၁၆)သင်း ရှုံးထွက်အဆင့် ယှဉ်ပြိုင်ကစားရာ အချိန်ပို ပြီးဆုံးသည်အထိ တစ်ဂိုးစီ သရေသာ ဖြစ်နေခဲ့သည်။ ထို့ကြောင့်လည်း တောင်အမေရိက နှစ်သင်းအနေဖြင့် နောက်တစ်ဆင့် တက်ရေးအတွက် ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူခဲ့ရသည်။

ဘီလိုဟိုရီဇွန်တေးရှိ ပရိသတ် (၆၂၀၀၀) ဝင်ဆံ့သော မီနိုင်ရာအို ကွင်းကြီးမှ ဘားခန်းတစ်ခုတွင် အဆိုပါပွဲကို TVမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနေသည့် အသက်(၆၉)နှစ်အရွယ် ပရိသတ်မှာ စိတ်လှုပ်ရှားမှု လွန်ကဲလာပြီး နှလုံးထိခိုက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း မကြာမီတွင်ပင် အသက်ဆုံးရှုံးသွားခဲ့သည်။

Estado de Minas သတင်းစာက ချီလီနှင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူနေချိန်တွင် စိတ်လှုပ်ရှားလွန်းသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရသူ ဘရာဇီးပရိသတ် (၉၈)ဦးထိ ရှိခဲ့ပြီး ယခုပုဂ္ဂိုလ်ကမူ ကံဆိုးစွာဖြင့် အသက်ပါ ဆုံးပါးခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

ဘရာဇီး အသင်းသည် အဆိုပါ ပင်နယ်တီ အဆုံးအဖြတ်တွင် ချီလီကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ကာ နောက်ထပ် တောင်အမေရိက ပြိုင်ဘက်တစ်သင်းဖြစ်သည့် ကိုလံဘီယာနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

_Ref: Dailymail

 http://www.7daydaily.com/story/14550#.U7GPxLHzuSo

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အိမ်မွေးခွေးလေးများ



လူသားများ၏ အကောင်းဆုံးသော မိတ်ဆွေများအဖြစ် ခွေးများကို သတ်မှတ် ညွှန်းဆိုလေ့ ရှိကြသည်။ ခွေးများ၏ ပင်ကိုသဘာဝ၊ သစ္စာစောင့်သိမှု၊ ရိုးသားမှုနှင့် လိမ္မာတတ်သိမှုများကြောင့် သမိုင်းတစ်လျှောက် လူသားများအတွက် ခင်မင်စရာ အကောင်းဆုံး အဖော်များအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

ကမ္ဘာပေါ်တွင် နိုင်ငံအလိုက်၊ ဒေသအလိုက် ပေါက်ဖွားမှု ကွဲပြားသည့် ခွေးမျိုးစိတ် အမျိုးမျိုး ရှိနေသလို ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် မျိုးရိုးတို့ကိုလိုက်ပြီး တန်ဖိုးသတ်မှတ်ချက်များလည်း ကွာဟလေ့ရှိသည်။
အိမ်မွေးခွေးမျိုးနွယ် အများအပြားအနက် ကမ္ဘာပေါ်တွင် ဈေးနှုန်းအမြင့်ဆုံး၊ တန်ဖိုးအရှိဆုံးအဖြစ် ရပ်တည်နေသည့် (၁၀)မျိုးကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။

၁၀။ Chow Chow

အမွေးပွပွနှင့် ခွေးကြီးများသည် တရုတ်နိုင်ငံ ဇာတိဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာကတည်းက အဆင့်ဆင့် ပေါက်ဖွားဆင်းသက်လာသည့် မျိုးနွယ်များ ဖြစ်ကြသည်။
ကြီးမားသော ဦးခေါင်းနှင့် အမွေးစုတ်ဖွား အမြီးများ ရှိတတ်သည်။ ၎င်းတို့သည် လူကို သေသည်အထိ ကိုက်နိုင်သည့်အတွက် အန္တရာယ်ရှိသော ခွေးမျိုးစိတ် တစ်ခုအဖြစ်လည်း သတ်မှတ်ခံရသည်။ အိမ်စောင့်ခွေးများအဖြစ် အသုံးပြုရန်မူ အထူးသင့်လျော်သည်။
Chow Chowတို့သည် လူစိမ်းများကို ရန်လိုလေ့ရှိသော်လည်း သခင်ဖြစ်သူ အပေါ်တွင်မူ အလွန်ရင်းနှီး ကျွမ်းဝင်ပြီး သစ္စာစောင့်သိလေ့ ရှိသည်။ ယင်းတို့၏ တန်ဖိုးသည် တစ်ကောင်လျှင် ပျမ်းမျှ ဒေါ်လာ(၃၀၀၀)မျှဖြစ်သည်။
၉။ Pharaoh Hound

ရှေးဟောင်းအီဂျစ် လူ့အဖွဲ့အစည်းများ ကတည်းက အိမ်မွေးခွေး ဖြစ်ခဲ့သည့် မျိုးစိတ်အဖြစ် လူအများက ယူဆထားကြသည်။ အီဂျစ်ဖာရိုး ဘုရင်များ၏ သင်္ချိုင်းဂူများတွင် နံရံ၌ Pharaoh Hound ခွေးများ၏ ပုံကို ရေးဆွဲထားလေ့ရှိသောကြောင့် ဖြစ်သည်။
သို့သော်လည်း Pharaoh Houndတို့၏ မူရင်းဇာတိမြေမှာ မော်လ်တာဘက်မှဖြစ်ပြီး ယုန်လိုက်သည့် ခွေးများအဖြစ် မုဆိုးများက လေ့ကျင့် အသုံးချလေ့ရှိသည်။
Pharaoh Hound ခွေးများအကြောင်း ပြောဆိုသည့်အခါ ယင်းတို့၏ ခွန်အားကောင်းမွန်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ သစ္စာရှိမှု၊ ဇွဲကြီးမှုတို့က အဓိက ဝိသေသများ အနေဖြင့် ပါဝင်မည် ဖြစ်သည်။
သို့သော်လည်း လွတ်လွတ်လပ်လပ် နေတတ်ပြီး ခြေဦးတည့်ရာ သွားလာချင်သည့် ဉာဉ်မျိုးကြောင့် အတူတကွ လမ်းလျှောက်ထွက်သည့်အခါ ယင်းတို့ကို မဖြစ်မနေ သိုင်းကြိုးချည်ထားရန် လိုအပ်မည် ဖြစ်သည်။ Pharaoh Hound ခွေးတစ်ကောင်၏ ပျမ်းမျှတန်ဖိုးသည် ဒေါ်လာ (၃၀၀၀)ကျော်မျှ ကျသင့်သည်။
၈။ Akita

Akita ခွေးများကို မြစ်ဖျားခံရာ ဇာတိဒေသ နှစ်ခုတွင် ကွဲပြားတွေ့မြင်နိုင်သည်။ တစ်နေရာမှာ အမေရိကန်ဖြစ်ပြီး တစ်နေရာကမူ အာရှတိုက်မှ ဂျပန်နိုင်ငံ ဖြစ်သည်။
အနီ၊ အဖြူ၊ အညို အစရှိသဖြင့် အရောင်အမျိုးမျိုး ကွဲပြားလေ့ရှိပြီး တုတ်ခိုင်သန်စွမ်းသော ခန္ဓာကိုယ်မျိုး ရှိသည်။ လူစိမ်းများနှင့် အခြားသော ခွေးများကို ရန်လိုတိုက်ခိုက်လေ့ ရှိသဖြင့် ကိုယ်ပိုင်ဝင်းခြံနှင့် သီးခြားမထားရှိနိုင်ပါက မမွေးသင့်သော ခွေးမျိုးဖြစ်သည်။
Akita ခွေးများကို ငယ်စဉ်ကတည်းက အခြားသော သတ္တဝါများနှင့် လိုက်ဖက်ညီစွာ နေထိုင်တတ်အောင် သင်ကြားပေးထားပါက ပတ်ဝန်းကျင်နှင့် သဟဇာတ ပိုဖြစ်နိုင်သည့် အခြေအနေရှိသည်။
သစ္စာရှိမှု၊ သခင်အပေါ် တွယ်တာရင်းနှီးမှုများကြောင့် နာမည်ကောင်းရသည့် ခွေးမျိုးစိတ်သည် တစ်ကောင်လျှင် ဒေါ်လာ (၃၅၀၀)ဝန်းကျင်မျှ တန်ဖိုးရှိတတ်သည်။
၇။ Chinese Crested Hairless

Hairlessဟူသော အမည်သတ်မှတ်ချက်နှင့် ကိုက်ညီအောင် ခန္ဓာကိုယ်ပေါ်တွင် အမွေးအမှင် မရှိသော ခွေးကလေးများ ဖြစ်ကြသည်။ သို့သော်လည်း တစ်ကိုယ်လုံး အမွေးကင်းမဲ့နေခြင်း မဟုတ်ဘဲ ဦးခေါင်း၊ အမြီးနှင့် ခြေလက်အောက်ပိုင်းတို့တွင် အမွေးများ ထူထူထပ်ထပ် ရှိနေတတ်သည်။
ယင်းတို့နှင့် ဆက်နွှယ်သည့် Powderpuff မျိုးနွယ်များမှာမူ ခန္ဓာကိုယ် တစ်ခုလုံး အမွေးများ ဖုံးအုပ်နေလေ့ ရှိသည်။ အမွေးကင်းမဲ့သော ခွေးလေးများသည် နေလောင်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ အသားအရေ ခန်းခြောက်ခြင်း အစရှိသည့် အရေပြား ပြဿနာများကို ကြုံရလေ့ရှိသည်။ ယင်းတို့၏ တန်ဖိုးသည် ဒေါ်လာ(၅၀၀၀)ဝန်းကျင် ဖြစ်သည်။
၆။ Tibetan Mastiff

အာရှအလယ်ပိုင်းမှ အစပြု ပေါက်ဖွားလာသည့် ခွေးကြီးများသည် ခွန်အားသန်မာပြီး ဉာဏ်ရည် မြင့်မားသည်။ တိဗက်တွင် ယင်းတို့ကို လမ်းပြခွေး အဖြစ်လည်းကောင်း၊ ကျွဲနွားများကို စောင့်ရှောက်ထိန်းကျောင်းပေးသည့် အစောင့်အရှောက်ခွေး အဖြစ်လည်းကောင်း အသုံးပြုလေ့ရှိသည်။
ဦးခေါင်းက အရွယ်အစား ကြီးမားပြီး လည်ဆံမွေးများ ထူပြောစွာ ရှိနေရာ ယင်းတို့၏ အသွင်အပြင်သည် ခြင်္သေ့ကြီးများသဖွယ် ဖြစ်နေတတ်သည်။
သဘာဝအားဖြင့် သူစိမ်းများကို ရန်လိုတတ်သော်လည်း လူအများနှင့် ရင်းနှီးကျွမ်းဝင်အောင် သင်ပြပေးသည့်အခါ အဆင်ပြေသည့် ဉာဏ်ရည်ထက်မြက်သော ခွေးများဖြစ်သည်။ ဒေါ်လာ(၅၀၀၀)ကျော်တန် ခွေးကြီးများသည် နေ့ဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်ပြီး ညပိုင်းတွင် နိုးနိုးကြားကြား ကင်းလှည့်နေတတ်သည့် အစောင့်ခွေးများ အနေဖြင့်လည်း လူသိများသည်။
၅။ Canadian Eskimo Dog

မြောက်အမေရိကတွင် မျိုးရိုးအခြေပြု ဆင်းသက်လာသည့် ခွေးကြီးများသည် ယနေ့တိုင် မျိုးနွယ်ရောစပ်ခြင်း မရှိသည့် အရှားပါးဆုံး မျိုးစိတ်တစ်ခုလည်း ဖြစ်သည်။
ဖြူလွသော အရောင်အဆင်းရှိပြီး အမေရိကန် နှင်းဝံပုလွေများသဖွယ် ခံ့ညားလှပပြီး သန်မာအားကောင်းသည့် ခန္ဓာကိုယ် တည်ဆောက်မှုကိုလည်း ပိုင်ဆိုင်ထားသည်။
ဉာဏ်ရည်ထက်မြက်ခြင်း၊ သစ္စာရှိခြင်း၊ သတ္တိကောင်းခြင်း၊ နိုးကြားခြင်းနှင့် သခင်အပေါ် တွယ်တာခြင်းတို့သည် ဒေါ်လာ (၆၀၀၀)ကျော်တန် ခွေးကြီးများ၏ ထူးခြားသော အရည်အသွေးများ ဖြစ်ကြသည်။
၎။ German Shepherd

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး စာရင်းဝင် ခွေးမျိုးစိတ်တစ်ခု ဖြစ်သည့်အပြင် ယင်း၏ ထူးခြားသော အရည်အသွေးကောင်းများကြောင့် ဂျာမန်သိုးထိန်းခွေးများကို ခွေးချစ်သူများက အလွန်လိုလား နှစ်သက်လေ့ရှိသည်။
ဂျာမနီမှ စတင်ပေါက်ဖွားလာသော ခွေးများသည် အစောင့်ခွေးအဖြစ်လည်းကောင်း၊ သိုးအုပ်များကို ဝံပုလွေရန်မှ ကာကွယ်စောင့်ရှောက် ပေးရာတွင်လည်းကောင်း လူအများကို ကူညီပေးလေ့ရှိသည်။
သတ္တိရှိခြင်း၊ နိုးကြားခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း၊ သခင့်အလိုကို နားလည်ခြင်း၊ ခွန်အားကြီးခြင်းနှင့် ခိုင်းစေမှုကို အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်း အစရှိသည့် ဝိသေသကောင်းများကို အခြားသော ခွေးမျိုးစိတ်များထက် ပီပြင်ထင်ရှားစွာ ပိုင်ဆိုင်ထားတတ်ကြသည်။
သခင်၏ အမိန့်ကို တစ်သဝေမတိမ်း နာခံတတ်ပြီး လူစိမ်းများကို ယဉ်ပါးမှုမရှိဘဲ သံသယကြီးလွန်းခြင်းက အစောင့်ခွေး ကောင်းကောင်း ပိုင်ဆိုင်လိုသူများအတွက် အကြိုက်တွေ့စေမည့် အရည်အသွေးများ ဖြစ်သည်။
ဂျာမန်သိုးထိန်းခွေးများကို ရဲတပ်ဖွဲ့နှင့် စစ်တပ်များတွင်လည်း အသုံးပြုလေ့ရှိပြီး စစ်ရေးနှင့် မှုခင်းရေးရာ အထောက်အကူပြု ခွေးများအဖြစ် လေ့ကျင့်ပေးနိုင်သည်။ အဆိုပါခွေး တစ်ကောင်၏ ပျမ်းမျှတန်ဖိုးမှာ ဒေါ်လာ(၆၅၀၀)မျှရှိသည်။
၃။ Samoyed

အမွေးနုနုများနှင့် ချစ်စရာ ခွေးကြီးများသည် ဆိုက်ဘေးရီးယား ဒေသမှ စတင်ပျံ့နှံ့ပေါက်ဖွားလာခြင်း ဖြစ်သည်။ ယင်းတို့ကို Bjelkierဟူသော အမည်ဖြင့်လည်း ခေါ်ဝေါ်လေ့ရှိသည်။
ဆိုက်ဘေးရီးယားတွင် စွပ်ဖားဆွဲသော ခွေးများဖြစ်ပြီး အုပ်စုဖွဲ့ နေထိုင်လေ့ ရှိကြသည်။ ပျော်ပျော်နေတတ်ပြီး အဆော့သန်သည့် ခွေးများဖြစ်ရာ ကလေးငယ်များနှင့်ပင် စိတ်ချလက်ချ လွှတ်ထားနိုင်မည် ဖြစ်သည်။
အခြားသော လူနှင့် တိရစ္ဆာန်များကို ရန်လိုလေ့ မရှိသောကြောင့် အစောင့်ခွေး အနေဖြင့်မူ Samoyedများက အသုံးဝင်မည် မဟုတ်ချေ။ ဒေါ်လာ (၆၅၀၀)ကျော်တန် ခွေးကြီးများသည် နေအိမ်သို့ ဧည့်သည်လာပါက ဝမ်းပန်းတသာ ကြိုဆိုတတ်သည့် ဧည့်ကြိုခွေးများဖြစ်သည်။
၂။ Rottweiler

ကမ္ဘာအနှံ့အပြားတွင် ပေါက်ဖွားရှင်သန်နိုင်သည့် ခွေးများဖြစ်ကြသည်။ ယခင်က ကျွဲနွားအုပ်များကို စောင့်ရှောက် ထိန်းကျောင်းရန်အတွက် Rottweilerများကို လူအများက အသုံးပြုခဲ့ကြသည်။
ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်မျိုး ရှိနေပြီး အလွန်ခွန်အားသန်မာကြသည်။ ဒေါ်လာ(၇၀၀၀)တန် ခွေးကြီးများသည် လူစိမ်းသူစိမ်းများကို ရန်လိုတိုက်ခိုက်တတ်သည့် အစောင့်ခွေး အမျိုးအစားကောင်းများ ဖြစ်ကြသည်။
ယင်းတို့ကို သင်တန်းပေး လေ့ကျင့်စေပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့တွင် အထောက်အကူပြု ခွေးများအဖြစ်လည်း အသုံးပြုလေ့ရှိသည်။
၁။ Lowchen


ကမ္ဘာပေါ်တွင် အရှားပါးဆုံး စာရင်းဝင် ခွေးမျိုးစိတ် တစ်ခုဖြစ်ပြီး တန်ဖိုးလည်း အမြင့်ဆုံးဖြစ်သည်။ Lowchenတို့ကို Little Lion Dogဟုလည်း ခေါ်ဝေါ်လေ့ရှိသည်။
ဥရောပ ဒေသမှ စတင်ဆင်းသက် ပေါက်ဖွားလာသည့် ခွေးလေးများသည် ခြင်္သေ့များနှင့် သဏ္ဌာန်တူပြီး ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် စပိန်တို့တွင် အိမ်မွေးတိရစ္ဆာန်လေးများအဖြစ် စတင်ရေပန်းစား လူကြိုက်များလာခဲ့သည်။

Lowchenတို့တွင် ကျယ်ပြန့်သော ဦးခွံဖွဲ့စည်းမှု ရှိနေပြီး ခန္ဓာကိုယ်ပေါ်တွင် အမွေးများ ထူထူထပ်ထပ် ဖုံးအုပ်ထားသည်။ ဉာဏ်ရည်ထက်မြက်ပြီး အဆော့သန်ကာ လူအများကို ခင်မင်ရင်းနှီးစွာ နေထိုင်တတ်သည်။

ထို့အပြင် သစ္စာရှိခြင်း၊ နိုးကြားတက်ကြွခြင်း၊ အမိန့်နာခံလွယ်ခြင်း၊ ကလေးများနှင့် အကျွမ်းတဝင် နေထိုင်တတ်ခြင်းတို့ကြောင့် မိသားစု မွေးမြူသင့်သည့် ခွေးလေးများအဖြစ် လူသိများသည်။ ယင်းတို့၏ ဈေးနှုန်းသည် ဒေါ်လာ(၇၀၀၀)ကျော်မျှ ရှိသည်။
_Top Teny


http://www.7daydaily.com/story/14556#.U7GPSrHzuSp

ဒါလား ဟဲ့ ခေတ်စတိုင်လ်

အနောက်နိုင်ငံတွေနဲ့ နိုင်ငံတော်တော်များများမှာ အခု ခေတ်စားနေတဲ့ စတိုင်လ်တမျိုးက ကိုယ့်အသား အနာခံ လုပ်ကြတာမျိုးပါ။ တချို့က စတိုင်လ်ရှိမှ စတားဖြစ်တယ်လို့ ဆိုကြလေတော့ အခု ဓာတ်ပုံတွေထဲ မှာ တွေ့ရတာတွေ ကြည့်ပြီး ဒါလားဟဲ့ ခေတ်စတိုင်လ်ဆိုပြီး အထူးသဖြင့် လူလတ်ပိုင်းတွေနဲ့ လူကြီးပိုင်းတွေ ပြောမှာ သေချာပါတယ်။
ဓာတ်ပုံ- The Mirror
 
လူငယ်တွေဟာ ခေတ်ကို ဆန်းသစ်တတ်ကြတာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် တချို့ ဆန်းသစ်တဲ့ စတိုင်လ်တွေကို ခေတ် က လက်ခံပါ့မလားဆိုတာတော့ တွေးစရာ ရှိတာပေါ့။ 

အခု ဓာတ်ပုံထဲက မော်ဒယ် လူငယ်လေးဟာ ဆယ်ကျော်သက် ဘဝမှာကတည်းက ခေတ်ဆန်အောင် တီထွင်တဲ့နေရာမှာ ကိုယ့်အသားကို ဖောက်၊ ကွင်းတွေ၊ နားသန်သီးတွေ၊ ချိတ်ဆွဲ၊ ဆေးမင်ကြောင်တွေ ထိုး၊ စတဲ့ ခန္ဓာကိုယ်အသားအရေးကို ပျက်ဆီးစေတဲ့ နည်းလမ်းတွေ နဲ့ လုပ်ဆောင်ထားတာပါ။ 

မြန်မာနိုင်ငံမှာလည်း တချို့ လူငယ် အမျိုးသား၊ အမျိုးသမီးတချို့တောင် ချက်၊ လျှာ၊ နား၊ နှာခေါင်း စတာတွေမှာ ဖောက်ပြီး ချိတ်ဆွဲထားတတ်တဲ့ စတိုင်လ်တွေ လုပ်လာနေကြတာ တဖြည်းဖြည်း များ လာနေပြီလို့ ပြောနေကြပါတယ်။ 

စတိုင်လ် ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီ စတိုင်လ် ကြောင့် ကိုယ့် ကျန်းမာရေး၊ ကိုယ်ခန္ဓာပျက်ဆီး သွား မယ့် ကိစ္စမျိုးကိုတော့ ရှောင်ရှားသင့်ကြပါတယ်။ လူငယ်တွေ အတုခိုးမမှားစေဖို့ သတိနဲ့ ဗဟုသုတ ရှိသင့်ကြပါတယ်။ 







အိမ့်သံစဉ် ~ 

http://blog.irrawaddy.org/2014/06/blog-post_8785.html 


သောက ဖြေ ဆေး



 

ပုထုစဉ် လူသားတို့ သည် အဆိုးလောကဓံ လေးပါးနှင့် သော်လည်းကောင်း၊ဆွေမျိုးတို့ ၏ ပျက်စီးခြင်း၊
အနာရောဂါ နှိပ်စက်ခြင်း၊စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊စသည့်  တရားဆိုးတို့ နှင့် သော်လည်းကောင်း ကြုံ
တွေ့ လာသောအခါ စိတ်ဓါတ်တည်ငြိမ်မူကင်းလာ၏။လောကဓံ မုန်တိုင်းကြောင့် ဘဝ ပင်္လယ် ပြင် တွင် 

သောက လှိုင်းဘောင် ဘင် ခတ်ခဲ့ ရ၏။
 

ယောနိသော မနသိကာရ ခေါ်သည့် အသင့် အတင့်  နှလုံးသွင်း ဆင် ခြင် နိုင် ခြင်း ဖြေ ဆေး မရှိလျှင်

မျှော်လင့် ခြင်း အ ဆောက်အအုံများ ပြိုလဲသည် အထိ သောက လှိုင်းရိုက်ခတ်ခြင်းခံရတတ်၏။
ထို ကြောင့်  မိမိ စိတ်ဓါတ် ကြံ့ ခိုင် နိုင် ရန် ဖြေ ဆေးလိုအပ်လာလေသည်။ ထို ဖြေ ဆေးတို့ ကား ဘု
ရားရှင် ကိုယ်တော်တိုင် ပေးခဲ့ ၏။ အဖိုးထိုက်သော ဆေးများပင် တည်း။
 

လောကဓံ တရားကို လောက သားအားလုံး ခံကြရမည်သာ ဖြစ်၏၊လောက ထဲတွင် နေထိုင် သူဖြစ်ပါ
လျှင် မည်သူမျှ မလွတ်နိုင် ကြ ၊သာမည လူသား ကို မဆိုထားဘိ၊ဘုရား ရှင် ပင် လျှင် ထို လောကဓံ
တို့ မှ လွတ်တော် မမူခဲ့ ။ နီတိ ပညာ ရှင် တို့ က အဆိုးအ ကောင်း လောကဓံ တရားတို့ သည်၊လှည်းဘီး
ကဲ့ သို့ ပင် အထက်တစ်လှည့်  အောက်တစ်လှည့် ရောက်ကြရ၏ဟု ဥပမာပေးခဲ့ သည်။

ဘုရားရှင် သည် တစ်ခါတစ် ရံ မကုန် မခန်းနိုင် သော လာဘ်လာဘ တို့ ကို ရရှိတော်မူ၏။တခါ တရံ မူ
ရှားရှားပါးပါး ကြူံတွေ့ ခဲ့ ရဖူး၏ ၊သာဓက တင် ရလျှင် ဝေရဉ္ဇာပြည်၌ ဝါကပ်တော်မူစဉ် ၊မုယောဆွမ်း
ကြမ်း(မြင်းစားဆန်) များကိုပင် ဘုည်းပေးခဲ့ ရဖူး၏။ ဇကနာဠ ပုဏ္ဏားရွာ၌ ဆွမ်းခံစဉ် လူများအား မာရ်
နတ်လှည့် စားမူကြောင့်  ဆွမ်းလောင်းရန် အမှတ်မရမိကြ၊ဆေးမြဲတိုင်းသော သပိတ်ဖြင့် သာ ပြန်ကြွ

တော်မူ ခဲ့ ရသည် ။ လူ နတ်ဗြဟ္မာ တို့ ၏ ချီးမွမ်းခြင်း ခံရ သော်လည်း စိဉ္စမာဏ၏ စွပ်စွဲခြင်း ၊မာဂဏ္ဍီ
၏ ဆဲရေးခြင်း စသည်တို့ ကို ခံတော်မူ ရ သေး၏။
အတုလ ဥပသကါ သည် ဘုရား ရှင် အားကျောင်းသို့  တရားနာ လာပါကြောင်း လျှောက်၏။
ဘုရား ရှင် က .''တရား နာပြီးပြီလား ''ဟု မေးရာ -

''မြတ်စွာဘုရား -တပည့် တော် အရှင် ရေဝတ ထံသွားရာ အရှင် ရေဝတ က စကားမ ပြော ၊အရှင် သာ
ရိပုတ္တရာ ကအဘိဓမ္မာ တရားတွေ များစွာ ဟောသည်။အရှင် အာနန္ဒာ ရောက်လျှင် နည်းနည်းပဲ ဟော
ပါသည်။ ထို့ ကြောင့်  စိတ်ဆိုး၍ ဘုရားရှင် ထံ ရောက် ခဲ့ ပါသည် ''ဟု လျှောက်၏။

ထိုအခါ ဘုရားရှင် က ''အတုလ ' လောက ၌ ဘုရင် ကို လည်း အချို့ ကဲ့ ရဲ့ ကြ အချို့ ချီးမွမ်းကြ၏။
 
နေ-လ-မြေ တို့ ကို လည်း အချို့ ကဲ့ ရဲ့ ကြ၊ချီးမွမ်းသူက ချီးမွမ်းကြ၏။ ငါ ဘုရား ကို ပင် ကဲ့ ရဲ့ သူက
ကဲ့ ရဲ့ ကြ၊ချီးမွမ်းသူက ချီးမွမ်းကြ၏။ လူ မိုက် တို့ ကဲ့ ရဲ့ သည်မှာ လိုရင်းမဟုတ် ၊ပညာ ရှိများ မကဲ့ ရဲ့  
 
အောင် ဂရုစိုက် နေရမည်။ ကဲ့ ရဲ့ ခြင်း မှာ ခေတ်ပေါ်သ ဘော တရား မဟုတ် ၊ရှေးခေတ်ဟောင်း သ
ဘောတရားဖြစ်၏၊ ဆိတ်ဆိတ် နေသူ ကိုလည်း ကဲ့ ရဲ့ ၏၊စကားများသူကိုလည်း ကဲ့ ရဲ့ ကြ၏။နှိုင်းချိန်

ပြောတတ်သူကိုလည်း ကဲ့ ရဲ့ ကြ၏။ လောက၌ အကဲ့ ရဲ့  လွတ်သူမရှိ ၊ရှေးကလည်း မရှိဘူး၊နောင် လည်း
ရှိမည် မဟုတ် ၊ယခုလည်း မရှိ ''ဟု ဟောတော်မူခဲ့ ၏။

ရှေ့ က ရဟန်းတစ်ပါး အိမ်တစ်အိမ် ၌ ဆွမ်းခံရင်း ထိုအိမ်နှင့်  အကျွမ်းတဝင် ဖြစ်နေ၏။
 

နောင် အခါ အားထုတ်၍ ရဟန်းသာ ဖြစ်သည်၊ထို အိမ်၌ အကျွမ်းတဝင် ရှိသည်ကို နတ် တစ်ဦးက ထို
ရဟန်းပျက်ဆီးမည် ကို မလိုလား၊အကျိုးကို လိုလားသည် ဖြစ်၍ ထိုအိမ်မှ အိမ် ရှင် မ အ ယောင်ဆောင်
ကာ''အရှင် ဘုရား-မြစ်ဆိပ် မြို့ ဝ လမ်းမ သဘင် နေရာ တိုင်းတွင် အရှင် ဘုရားနှင့် တပည့် တော် မ အ

ကြောင်း မ ကောင်းပြောနေကုကြပြီ''ဟုလျှောက်၏။

ရဟန်းက ...ဆန့် ကျင် ဘက် ပဲ့ တင် ခတ်လာသော အသံတို့ ကား များလှစွာ၏၊ ရဟန်း ဆိုသည်မှာ
ထိုအသံများကို ခံနိုင် ရည် ရှိရမည်။ ထို အသံကြောင့် ညစ်နွမ်းခြင်း မဖြစ်နိုင် ၊လေတိုက် တိုင်းလန့် 

သော သမင် ပမာ အသံ ကို လန့် နေ သော ရဟန်းကို စိတ်ပေါ့ သူဟု ဆိုကြကုန်၏။
ထိုရဟန်းမျိုးကာ အကျင့် နှင့်  မပြည့် စုံ နိုင် '''ဟု မိန့် တော် မူသည်။
ရဟန်း၏စကားကို ကောက်ချက်ချလျှင် ကဲ့ ရဲ့ သည် ကို လန့် နေ လျှင် အလုပ်ပျက် ရုံသာ ရှိသည် ဟု
သ ဘောထားရမည် ကို ဆိုလိုသည် ။

လောကဓံ တရားကို ခံနိုင် စွမ်းရည် ရှိသည့်  မိန်းမသား တစ်ဦး ကို တင် ပြ ပါဦးမည်၊သူမ ကာ ဗန္ဓုလ
စစ်သူကြီးက တော် မလ္လိကာပင် တည်း။ တစ်နေ့ ၌ မလ္လိကာသည် ရဟန်းတော် များအား ဆွမ်းကပ်နေ
၏ ။သူ'' ချီမ လာသော ထောပတ်အိုး သည် အခန့် မသင့် ကျကွဲသွားလေသည် ၊အရှင် သာရိပုတ္တရာ
မထေရ်မြတ် က ''ကွဲတတ်သော အရာ မှာ ကွဲမည်သာ ဖြစ်သည်။ စိတ်ပူ မ နေနှင့်  မလ္လိကာ''ဟု မိန့် 

တော်မူ၏။ ထိုအခါ မလ္လိကာ က မိမိ ခါးပိုက်အတွင်းမှ စာကို ထုတ်ပြပြီး ''အရှင် ဘုရား -တပည့် တော်
မ ရဲ့ ခင် ပွန်းနှင့် တကွ သား သုံးကျိပ် သုံးယောက်လုံးအသတ်ခံ ရ ကြောင်း စာရပါသည်။
ဒါကိုပင် မပူပန် ပဲ ထောပတ် အိုးလေး ကွဲရုံမျှဖြင့် ဘယ်မှာ စိုးရိမ်ပါ့ မလဲ။ ''ဟု လျှောက်၏။မလ္လိကာ ၏


ေ လာကဓံ ခံနိုင် စွမ်းရည် ကား ချီးမွမ်းထိုက် လှ ပေသည်။

ဇာတ်တော်လာ သာဓက တစ်ခုလည်း ရှိသေး၏ ရှေ့ က ပုဏ္ဏားတစ်ဦးတွင် သား သေဆုံး၍မီးသဂြိုဟ်

နေကြ၏၊ထိုစဉ် သိကြားမင်းသည် ခရီးသွားယောက်ျား အသွင် ဆောင် ကာ အဘယ်ကြောင့်  မငို ကြွေး
ကြပါသလဲ -ဟု မေး၏။ ဖခင် ပုဏ္ဏားကြီးက မြွေ သည် အ ရေ ဟောင်းကို စွန့် သကဲ့ သို့ သူလည်း ကိုယ်
အ ဟောင်းကို စွန့် ၍ သွားခြင်းဖြစ်သည်။ သေ ၍ အသုံးမဝင် တော့ သော ဤ ကိုယ်ကြီးကို မီးရှို့ သည်
ကိုလည်း သူမသိတော့ ၊ဆွေမျိုး များ ငို ကျွေးနေကြသည် ကို လဲ သူ မသိ ၊သူ သွားရမည့်  လမ်း သွား
သည် ဖြစ်၍ မငို ကြွေးပါဟု ''ဆို၏။

မိခင် ကို မေးပြန် ရာ ပုဏ္ဏားမ က သူ့ ကို ငါ တို့ မ ခေါ်ပဲ ရောက်လာတယ်၊ ယခု ငါတို့ မနှင် ပဲ သူထွက်
သွားပြီ သူ သ ဘောအတိုင်းလာ၍ သူ့ သ ဘော အတိုင်းသွားခြင်း ဖြစ်၍ ငိုခြင်းဖြင့်  အကျိုးမရှိနိုင် ၊ဟု ပြောခဲ့ သည်။ 
နှမ ဖြစ်သူကလည်း ကျွန်မ ငို နေလျှင် ကိုယ်ပိန်ချူံးရုံပဲ ရှိမှာပေါ့ ၊ဘာမှ အကျိုးထူးလာမှာလဲ မဟုတ်ဘူး
ချစ်ခင် ကျွမ်းဝင် သူ သာ စိတ်မချမ်းသာ ဖြစ်ကြမယ် ဟု ဖြေသည်။
 

သေသူ ၏ မယား ကို မေးရာ '''က လေးသည် ကောင်းကင် တွင် သွားလာသည့်  လမင်းကို ရလိုရေး
အတွက် ငို ကြွေးသကဲ့ သို့ သေသူကို တ ပြီးငို ကြွေးခြင်းဖြင့်  အစားပြန်မရနိုင် ၊ငို နေလျှင် ထို က လေး
မိုက် ကဲ့ သို့ ပင် ဖြစ်မည် ဟု'' ဖြေခဲ့ သည်။

အ စေခံ ကျွန် ကို မေးပြန် ရာ '''ကွဲပြီးသော အိုးကို ပြန်ဆက်ဖို့  မဖြစ်နိုင် သလို သေသူကို တပြီး ငိုဆွေး

နေခြင်းမှာ အိုးကို ပြန်ဆက် ရန် ကြိုးစားသူပမာ အကျိုးကို မမြင် နိုင် ပါ''ဖြေခဲ့ သည်။
မြတ်ဗုဒ္ဓ ၏ သောက ဖြေ ဆေး များကို သောက်၍ ဆင်းရဲ ဖျောက်နိုင် ကြပါစေဟုသာ
စာရေးသူ ဆန္ဒ ပြုလိုက်ပါသည်။

12.6.2014. 


https://www.facebook.com/photo.php?fbid=454760131328253&set=a.153070

ကမ္ဘာ့အချမ်းသာဆုံး လူငယ်လူရွယ်များ



အနုပညာ နယ်ပယ်တွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများတွင်ဖြစ်စေ အောင်မြင်မှုများ ရရှိပြီးနောက် ကြွယ်ဝချမ်းသာလာသည့် လူငယ်လူရွယ်များစွာ ရှိသည်။
အချို့သော လူငယ်များသည် အောင်မြင်မှုအပြင် ကံကြမ္မာ ထောက်ပံ့မှုများကြောင့်ပါ ဆယ်ကျော်သက် အရွယ်ကတည်းက သန်းကြွယ်သူဌေးလေးများ ဖြစ်လာကြသည်များလည်း ရှိသည်။
အမျိုးမျိုး အဖုံဖုံသော အကြောင်းများကြောင့် အသက်ငယ်ငယ်နှင့် သန်းကြွယ်သူဌေးလေးများ ဖြစ်လာခဲ့သည့် လူငယ်များ အနက်မှ အကြွယ်ဝဆုံး ၁၀ ဦးကို ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

 
၁၀။ ဂျပ်စတင်ဘီဘာ


ဘီဘာသည် YouTube မှတစ်ဆင့် စတင်လူသိများလာပြီး အသက်(၁၈)နှစ်အရွယ်တွင် ကမ္ဘာသိ အဆိုတော်လေးတစ်ဦး ဖြစ်လာခဲ့သည်။ ကနေဒါ ပေါ့ပ်ဂီတ ကြယ်ပွင့်သည် ယခုအခါ အသက်(၂၀)သာ ရှိသေးသော်လည်း ဒေါ်လာ ၅၃ သန်းမျှ ကြွယ်ဝနေပြီ ဖြစ်သည်။ ၎င်း၏ Baby သီချင်းသည် ဘီဘာကို ကမ္ဘာ့နာမည်အကြီးဆုံး အဆိုတော်တစ်ဦး ဖြစ်လာအောင် တွန်းတင်ပေးခဲ့သည်။

၉။ အင်ဒီရာရို့စ်ဂျိမ်းစ်


ဂျိမ်းစ်၏ ချမ်းသာကြွယ်ဝလာပုံကမူ အတန်ငယ် ထူးခြားသည်။ သူမသည် ကာလသားကြိုက် မဂ္ဂဇင်းကြီး Soho ကို ဖြန့်ဝေပေးသည့် သူဌေးကြီး ပေါလ်ရေမွန်၏ မြေးမလေး ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ရေမွန်သေဆုံးသွားပြီးနောက် ၎င်း၏အမွေကို လေးနှစ်ကြာ အမွေဆက်ခံနိုင်သည့် အရွယ်တွင် ဂျိမ်းစ်က ခွဲဝေရရှိခဲ့သည်။ သူမသည် ဒေါ်လာသန်း ၆၀ မျှ ချမ်းသာကြွယ်ဝနေပြီ ဖြစ်သည်။

၈။ မိုင်လေဆိုင်းရပ်စ်


ဆယ်ကျော်သက်ဘဝတွင် စတင်အောင်မြင်ပြီး ကြွယ်ဝလာသည့် အနုပညာရှင် နောက်တစ်ဦးမှာ ဆိုင်းရပ်စ်ဖြစ်သည်။ Disney ၏ အစီအစဉ်များတွင် ပါဝင်ရင်း နာမည်ကျော်လာသည့် အဆိုတော်မင်းသမီးလေးသည် ယခုအခါ အသက်(၂၁)နှစ် ရှိနေပြီဖြစ်ပြီး ဒေါ်လာ သန်း ၁၀၀ မျှထိ ပိုင်ဆိုင်ထားသည်။

၇။ အမ်မာဝပ်ဆန်


Harry Potter ရုပ်ရှင်ဇာတ်လမ်းတွဲများသည် ကလေးများ၏ စိတ်နှလုံးကို သိမ်းကျုံးညှို့ယူခဲ့ဖူးသည်။ အဆိုပါ ဟောလိဝုဒ်ရုပ်ရှင်များတွင် အစဉ်တစိုက် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဗြိတိသျှ ရုပ်ရှင်မင်းသမီးလေးသည်လည်း ဇာတ်ကားများ၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဝင်ငွေကောင်းခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သူဌေး ဖြစ်လာခဲ့သည်။ အသက်(၂၄)နှစ်ရှိ အမ်မာသည် ဒေါ်လာသန်းပေါင်း ၁၂၀ ကျော် ကြွယ်ဝသူတစ်ဦးဖြစ်သည်။

၆။ ဒါကိုတာဖန်နင်း


ဖန်နင်းသည် ကလေးသရုပ်ဆောင် ဘဝကတည်းက ဟောလိဝုဒ်တွင် လူသိများခဲ့သူ ဖြစ်သည်။ ၎င်းအသက် (၁၀)နှစ်ခန့်က နာမည်ကျော်မင်းသား တွမ်ခရုစ်နှင့်အပြိုင် War of the Worlds ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့ဖူးသည်။ ဟောလိဝုဒ်၌ တက်လမ်းကောင်းမွန်သည့် မင်းသမီးငယ်တစ်ဦးအဖြစ် ရပ်တည်နေသည့် အသက်(၂၀)အရွယ် မိန်းကလေးသည် ယခုအခါ ဒေါ်လာသန်းပေါင်း ၁၃၀ မျှ ပိုင်ဆိုင်နေပြီဖြစ်သည်။

၅။ ဆယ်လီနာဂိုမက်ဇ်


ဂျပ်စတင်ဘီဘာက ဂိုမက်ဇ်သည် ၎င်းနှင့်တွဲနေ၍ နာမည်ပိုကြီးလာကြောင်း စွပ်စွဲခဲ့ဖူးသော်လည်း အမှန်တကယ်အားဖြင့် ဘီဘာ၏ ချစ်သူဟောင်းသည် ဘီဘာထက်ပင် ပိုမိုချမ်းသာကြွယ်ဝနေပြီ ဖြစ်သည်။ ဂိုမက်ဇ်သည် အသက်(၂၁)နှစ်သာ ရှိသေးသော်လည်း ဒေါ်လာ သန်း ၁၅၀ ကျော် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းသည် အဆိုတော်တစ်ဦးအနေဖြင့်ရော၊ ဟောလိဝုဒ်၏ တက်သစ်စ မင်းသမီးလေးတစ်ဦးအဖြစ်ပါ ပရိသတ် အခိုင်အမာ ရှိနေသည်။

၎။ အန်းဂက်စ်ဂျုံးစ်


ဂျုံးစ်သည် ဟောလိဝုဒ်တွင် ခေတ်တစ်ခုကို အစပြုမည့် မင်းသားငယ်တစ်လက်အဖြစ် သတ်မှတ်ညွှန်းဆို ခံထားရသည်။ ၎င်းသည် အသက်(၂၀)မျှသာ ရှိသေးသော်လည်း ကြွယ်ဝမှု အစုစုသည် ဒေါ်လာ သန်း ၁၆၀ မျှထိ ရှိနေပြီ ဖြစ်သည်။ Two and a Half Men ဇာတ်လမ်းတွဲများတွင် ချာလီရှင်းနှင့်အပြိုင် သရုပ်ဆောင်ရင်း ဂျုံးစ်၏ အောင်မြင်မှုက ပိုမိုကျယ်ပြန့်လာခဲ့သည်။

၃။ အီယန်သီဖူလာဂါ


ဖူလာဂါသည် ၎င်း၏ လှပမှုနှင့် ဖက်ရှင်အမြင် ပြည့်ဝမှုတို့ကြောင့် အထိုက်အလျောက် လူသိများသူ ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့အချမ်းသာဆုံး လူငယ်များစာရင်းတွင် တတိယချိတ်ရသည့် အဓိကအကြောင်းရင်းမှာ ကံကြမ္မာကြောင့် ဖြစ်သည်။ သူမအသက် (၁၈)နှစ်အရွယ် ၂၀၀၈ ခုနှစ်က EuroMillions ထီပေါက်ပြီး ဒေါ်လာ ၁၀ သန်းကျော် ရရှိခဲ့သည်။ ထိုငွေများကို စနစ်ကျကျ ရင်းနှီးမြှုပ်နှံရင်း တစ်စထက်တစ်စ တိုးပွားလာရာ ခြောက်နှစ်အကြာတွင် ဖူလာဂါ၏ ကြွယ်ဝမှု အစုစုသည် ဒေါ်လာသန်း ၁၉၀ ဖိုးမျှ ရှိနေပြီဖြစ်သည်။

၂။ နစ်ခ်ဂျိုနက်စ်


Jonas Brothers အမျိုးသား အဆိုတော် အဖွဲ့မှ နာမည်အကြီးဆုံး ဖြစ်ခဲ့သည့် နစ်ခ်သည် စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးအနေဖြင့်ပါ လူသိများသည်။ Jonas Brothers အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သော်လည်း ၎င်းအနေဖြင့် အနုပညာ နယ်ပယ်တွင် သီးခြားလှုပ်ရှားနေဆဲ ဖြစ်သည်။ အသက်(၂၁)နှစ်အရွယ်တွင် ၎င်း၏ ပိုင်ဆိုင်မှု တန်ဖိုးသည် ဒေါ်လာသန်း ၂၀၀ မျှထိ ရှိနေသည်။

၁။ ဂျေဒန်စမစ်သ်


နာမည်ကျော် ဟောလိဝုဒ်မင်းသား ဝီလ်စမစ်သ်၏ သားဖြစ်ပြီး အသက်(၁၅)နှစ်မျှသာ ရှိသေးချိန်၌ ဒေါ်လာ ၂၁၅ သန်းမျှထိ ချမ်းသာနေသူ ဖြစ်သည်။ ထို့ကြောင့်လည်း ယခုစာရင်းတွင် အသက်အငယ်ဆုံးနှင့် အချမ်းသာဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Karate Kid ဇာတ်ကားတွင် ဂျက်ကီချန်းနှင့်အပြိုင် သရုပ်ဆောင်ခဲ့သလို ဖခင်နှင့် တွဲဖက်ကာ After Earth ဇာတ်ကားတွင် ပါဝင်ခဲ့ခြင်းက ၎င်းအတွက် သရုပ်ဆောင်ကြေး အများအပြား ရရှိလာစေခဲ့သည်။ စမစ်သ်၏ အသက်မှာ ငယ်လွန်းသေးသော်လည်း အနုပညာပါရမီ ပြည့်ဝထက်သန်လွန်းသဖြင့် ဖခင်၏ခြေရာကိုနင်းကာ ဟောလိဝုဒ်၏ အထင်ကရ ကြယ်ပွင့်တစ်ဦး ဖြစ်လာမည်ဟုလည်း ခန့်မှန်းချီးကျူးခံထားရသည်။

_Top10 for Everything


http://www.7daydaily.com/story/14305#.U62AdLHzuSp

ဆင်းရဲစဉ်က စွန့်ခွာသွားသည့် ချစ်သူဟောင်းကို စိတ်ကူးဆန်းဆန်းဖြင့် တုံ့ပြန်ခဲ့သည့် တရုတ်အမျိုးသား


Transformers ရုပ်ရှင်ကားမှ ဇာတ်ဝင်ခန်းတစ်ခု
 
မိမိဆင်းရဲနွမ်းပါးစဉ်က စွန့်ပစ်သွားသည့် ချစ်သူကို ချမ်းသာကြွယ်ဝလာသည့် အချိန်တွင် တရုတ်အမျိုးသား တစ်ဦးက စိတ်ကူးဆန်းဆန်းဖြင့် တုံ့ပြန်သွားခဲ့သည်။
ဝမ်ဟုသာ အမည်ဖော်ပြထားသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် ဟောလီးဝုဒ် စိတ်ကူးယဉ် သိပ္ပံဇာတ်ကားအသစ် Transformers: Age of Extinctionအတွက် IMAX ရုပ်ရှင်ရုံ (၄)ခုစာ လက်မှတ်များကို သိမ်းကျုံးဝယ်ယူခဲ့သည်။

ယွမ်နှစ်သိန်းခွဲ (စတာလင်ပေါင် နှစ်သောင်းလေးထောင်ဖိုးမျှ) အကုန်အကျခံ ဝယ်ယူခဲ့သည့် ယင်းလက်မှတ်များကို ဝမ်က အင်တာနက်မှတစ်ဆင့် အခမဲ့ ဝေငှသွားမည်ဟု ကြေညာခဲ့သည်။ ၎င်း၏ ထူးထူးဆန်းဆန်း အပြုအမူသည် တရုတ်နိုင်ငံရှိ Social Mediaများကြားတွင် လူပြောများသည့် ကိစ္စတစ်ခု ဖြစ်လာကြောင်း South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

ထိုအမျိုးသား၏ မျိုးရိုးအမည်အတိုင်း ဝမ်ဟုသာ မှည့်ခေါ်ထားသည့် ဝက်ဘ်ဆိုက်က IMAX ရုပ်ရှင်ရုံ လက်မှတ်များ ဝေငှမည့် အကြောင်းကို အတည်ပြု ရေးသားထားပြီး မွေးရပ်ဇာတိ နန်ဂျင်းကိုရော၊ ဝမ့်ကိုပါ စွန့်ခွာကာ ဘေဂျင်းသို့ ကူးပြောင်းသွားသည့် ချစ်သူဟောင်းနှင့် ဇာတ်လမ်းကိုလည်း ဖော်ပြထားသည်။
ဝမ်သည် လွန်ခဲ့သော (၇)နှစ်က ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရရှာသူ ဖြစ်သည်။ ထိုစဉ်က ၎င်းသည် ဆင်းရဲလွန်းလှသဖြင့် ချစ်သူမိန်းကလေးကို ရုပ်ရှင်ပင် လိုက်မပြနိုင်ခဲ့ချေ။ အဆိုပါ ပြစ်ချက်ဖြင့်ပင် မိန်းကလေးက ဝမ့်ကို စိတ်ပျက် ကျောခိုင်းသွားခြင်း ဖြစ်သည်။ ဝမ်သည် (၇)နှစ်တာ အတောအတွင်း ရှန်ဟိုင်းတွင် ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာသည်အထိ ဘဝကို မြှင့်တင်ခဲ့ပြီး ယခုအခါ ရုပ်ရှင်လက်မှတ် မဝယ်နိုင်သဖြင့် စွန့်ခွာသွားသည့် ချစ်သူဟောင်းကို မိမိမည်မျှ ချမ်းသာကြောင်း ထူးခြားသည့် နည်းလမ်းဖြင့် ပြသလိုက်ခြင်း ဖြစ်သည်။

ဝမ်က ၎င်း၏ ချစ်သူဟောင်းကို ရည်စူးပြီး “တစ်ခုတည်း ငါမင်းကို ပြောချင်တာကတော့ အဲဒီတုန်းက မင်းရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မှားခဲ့တယ် ဆိုတာပဲ”ဟု Weibo ဝက်ဘ်ဆိုက်မှ ၎င်း၏ Accountတွင် ရေးသားထားခဲ့သည်။ ထို့နောက်တွင်မူ ဝမ်က လက်မှတ်များ အခမဲ့ ဝေငှမည့် အစီအစဉ်ကို ကြေညာခဲ့သလို ထိုလက်မှတ်အားလုံး ဝယ်ယူသည့်အတွက် ကုန်ကျသော ယွမ်ငွေနှစ်သိန်းခွဲသည် မိမိ၏ တစ်လဝင်ငွေ တစ်ဝက်ပင် မရှိကြောင်းလည်း ဆိုသည်။

South China Morning Post၏ ဖော်ပြချက်အရ ဇွန်လ (၂၆)ရက်နေ့ထိ ဝမ်၏ ကြေညာချက်ကို လူပေါင်း(၁၁၀၀၀၀)ကျော်က မျှဝေခဲ့ပြီး မှတ်ချက်ရေးသားသူပေါင်း (၃၅၀၀၀)မျှ ရှိလာကာ အခမဲ့လက်ဆောင် ရရှိကြောင်း အတည်ပြု Blogရေးသူ (၁၅၉၀)မျှ ရှိခဲ့ကြောင်း သိရှိရသည်။
_Ref: Dailymail

http://www.7daydaily.com/story/14303#.U61_N7HzuSp

တန် ရာ တန် ဖိုး ပေး ပါ


        
 
အခက်အခဲကြောင့် ၊စိတ်ဓာတ်မကျခြင်း၊ဇွဲဖြင့် ဆက်လက်လုပ်ကိုင် ခြင်းသည် အောင် မြင် ရေးအတွက်
အဓိက သော့ချက် ဖြစ်၏။

အလုပ် ရှာနေ သော လူငယ်တစ်ယောက်အား'ဘယ်နှယ်လဲ ၊အဆင် ပြေရဲ့ လား'ဟု မေးကြည့် ရာသူက
စိတ်ပျက်လက်ပျက် အမူအရာဖြင့် -မ ပြေပါဘူး၊အဲဒီအလုပ် လုပ်မယ်ဆိုရင် ကြိုတင် ပြင် ဆင် မူတွေအ
များကြီး လုပ် ရဦးမယ်။အဲဒီလို လုပ်ဖို့ ကျွန်တော့် မှာ အချိန် မရှိဘူး။ အချိန် မ ပေးနိုင် ဘူး ၊ကျွန်တော်က လွယ်လွယ်ကူကူနဲ့  အဆင် ပြေမယ့် အလုပ်ပဲလုပ်ချင် တာ ဟု ပြန်ပြောသည်။
 
ထိုပြင် တက္ကသိုလ်တွင် ဥပ ဒေသင် တန်းအတွက် အ ရွေးခံရ သော လူငယ်တစ်ယောက်ကလည်း -
ကျွန်တော် ဥပ ဒေ ပညာ မသင် ချင် တော့ ပါဘူး။ဘွဲ့ ရပြီးချက်ချင်း အလုပ် ရ မှာမှ မဟုတ်ဘဲ၊လေးငါး
နှစ်သင်ယူပြီးတော့ လည်း လက်တွေ့ ဆင်းရဦးမယ် အဲဒီနောက် တစ်ခါ မ သေချာတဲ့ အမှုသည်တွေကို
အချိန်ကုန်ခံပြီး ထိုင် စောင့် နေရအုံးမယ်'ဟု ပြောသည်။

ဤသည်မှာ ယ နေ့ လူငယ် အများစု ရင် ဆိုင် နေရ သော ပြဿနာ ကြီးပင် ဖြစ်သည်။
သူတို့ သည် တန်ဖိုးရှိသော အရာ တစ်ခု အတွက် တန် ရာ တန်ဖိုးကို မ ပေးလိုကြ။အနာဂတ် ကြီးပွားရေး
အတွက် ရင်းနှီးမြှုပ်နှံမူ မပြုလိုကြ။ သူတို့ က တန်ဖိုးရှိသော ပစ္စည်းကို တန်ဖိုးနည်းနည်းဖြင့် လွယ်လွယ်
ကူကူ ရလို ကြသည်။

မိမိ စိတ်ကို ပွင့် ပွင့် လင်းလင်းထားပြီး စဉ်းစားကြည့် ပါ မိတ်ဆွေ။

လူဘဝတွင် လူတစ်လုံး သူတစ်လုံး ဖြစ်နေသူတိုင်း ဘယ်အရာ ကိုမှ အလကား မရခဲ့ ကြ ပါ။တန် ရာ တန်
ဖိုးပေးခြင်းတည်းဟူသော ကြိုတင် ပြင် ဆင် မူ ၊ကြိုတင် ရင်းနှီးမြှုပ်နှံမူ ဖြင့် သာ ရယူခဲ့ ကြခြင်းဖြစ်သည်
လူအများစု ကြီးသည် ကြီးပွားချင် ကြ သော်လည်း ကြီးပွားနိုင် သည့်  အလုပ်ကို မလုပ်ဘဲ အရာ မ
ရောက်သည့်  အ သေးအဖွဲ့  လုပ်ငန်းများဖြင့်  မိမိ တို့ ၏ ကိုယ်စွမ်းကိုယ်စ ကို ဖြုန်းတီးပစ်နေကြသည်။
လောက တွင် ဘယ်အလုပ်ကိုပဲ လုပ်လုပ် ၊ကြိုတင် ပြင် ဆင် ပြီးမှ အ ခြေခံ အုတ်မြစ် ခိုင် ခိုင် ချပြီးမှ
လုပ် ရသည်။ သို့ မှသာ ထိုအလုပ်သည် ခိုင် မာမည် ၊တည်တံ့ မည်။

လုပ်ငန်းတစ် ရပ် အောင် မြင် ဖို့ အတွက် လူတိုင်းအဖို့ အဓိက လိုအပ် နေသည်မှာ ဇွဲ စိတ် ဖြစ်သည်။
ဘယ်အလုပ်မဆို သူ့ အတိုင်းတာနဲ့ သူ ခက်ခဲကြသည်ချည်းပင်။ သို့ သော်လည်း အခက်အခဲ ကြောင့် 
စိတ်ပျက်လက်လျှော့ ခြင်းမရှိဘဲ ဇွဲစိတ်ဖြင့်  ဆက်လက်လုပ်ကိုင် လျှင် မ အောင် မြင် သော လုပ်ငန်း
ဟူသည် မရှိနိုင်။ အ နှေးနှင့် အမြန် အောင် မြင် ရမည်သာ ဖြစ်သည်။ အလုပ်တစ်ခုကို လွယ်လွယ် နဲ့ 
လက်လျှော့ တတ်သူသည် ဘဝ တွင် ဘယ်တော့ မှ အောင် မြင် မူ မရနိုင် ပါ။ တနည်းနှင့်  မ အောင်
မြင် လျှင် နောက် တစ်နည်းနှင့် ထပ်ကြိုးစားပါ။

ဇွဲရှိခြင်း၊ ကြိုးစားခြင်းသည်တန်ဖိုးပေးခြင်းဖြစ်သည် ။တန် ရာ တန်ဖိုး ပေးသူသည် ထို တန်ဖိုး နှင့် ကိုက်
ညီသော ပစ္စည်းကို မလွဲမ သွေ ရလိမ့် မည်။ ပညာအ ခြေခံလည်းနည်းပြီး ပိုက်ဆံလည်းမရှိသော လူငယ်
တွေ ချမ်းသာသွားကြသည်ကို ကျွန်ပ်တို့ ပတ်ဝန်းကျင် တွင် မြင် နေကြရသည်။ သူတို့ ယင်းချမ်းသာလာ
ကြသည်မှာ''စိုင် ကော်လို့ ချူံပေါ်ရောက်လာ ''သောကြောင့် မဟုတ်။
သူတို့ လုပ်လို သော လုပ်ငန်းအတွက် လိုအပ်သော ကြိုတင် ပြင် ဆင် မူများပြုလုပ်ခဲ့ ကြသာကြောင့် 
သာ ဖြစ်သည်။
 
ရေကူးတတ်ချင် ရင် ရေနစ်ခံ၍ ရေကူးလေ့ ကျင့် ရမည် ။စာတတ်ချင် လျှင် အချိန်မှန် ကြိုးစား၍ စာ
ကျက် ရမည် ။စစ်ဗိုလ် ဖြစ်ချင် လျှင် ပင် ပန်းခံ၍ စစ်သင် တန်းတက် ရမည်။ ကြီးပွားလိုသူတွင် ရည်မှန်း
ချက် ပန်းတိုင် ရှိရမည်။ ပန်းတိုင် ကိုဘယ်တော့ မှ မျက်ခြည်မပြတ် ရ။ မိမိ ၏ နေ့ စဉ် တွေးကြံ ပြောဆို
လုပ်ကိုင် မူ မှန်သမျှသည် ပန်းတိုင် နှင့်  အမြဲတမ်းပတ်သက် နေရမည်။ တဒင်္ဂ ပျော်ရွှင် မူ ၊သာယာမူ ၊
ဖြားယောင်းမူများကြောင့်  ပန်းတိုင် ပျောက်မသွားစေရ။

''အောင် မြင် ကြီးပွားသူ ''ဆိုသည်မှာ သူများထက် ပို၍ ဇွဲရှိသူပင် ဖြစ်သည် ထိုကြောင့် မ အောင် မြင်
သး၍ စိတ်ဓာတ်မကျပါနှင့်  မ အောင် မြင် ခြင်းသည် ပင် လျှင် ''အောင် မြင် မူတံခါး''ကို ဖွင့် ပေး
သော နောက်ဆုံး ''သော့ ''ဖြစ်နိုင် ပေသည်။
 
လောက တွင် ကျွန်ုပ် တို့ မြတ်နိုးသော အရာ တိုင်းသည် သူ့ တန်ဖိုးနှင့် သူ ရှိကြသည်။ ထိုအရာ ကို
လိုချင် ၊ရချင် လျှင် တန် ဖိုး ကို ပေးရမည်။ တန်ဖိုး ဟူသည် လုပ်ဆောင် ချက် ဖြစ်သည် ၊တနည်းအား
ဖြင့် ကြိုးစားအားထုတ်မူ ဖြစ်သည်။

ကြိုးစားအားထုတ်မူ တွင် လည်း အာရုံ စိုက်မူ ရှိရမည်၊ဇွဲရှိရမည်၊စွန့် လွှတ် ရသည်၊အနစ်နာခံရသည်။
အလကား ရလိုသူသည် ''အလကား လူ '' ဖြစ်သည် ။အလကား လူ သည် လူ့ ဘဝတွင် နေ၍ သူ့ အ
တွက်လည်း အကျိုးမရှိ သူ တစ်ပါးအတွက်လည်း အကျိုးမရှိ။စင် စစ် ''လူ''သည် လူ့ လောက သို့ 
ရောက်လာသူမှာ မိမိ အတွက်နှင့်  သူတစ်ပါးအတွက် အကျိုးရှိသော အလုပ် တခုခု ကို လုပ်ကိုင် ရန်
  ရောက်လာခြင်းဖြစ်သည်။

ထိုကြောင့် ''လူ''သည် လူ့ ဂုဏ် သိက္ခာ ရှိရန်အတွက် သင့် လျှော်ရာ အလုပ်တခုခု ကို လုပ် ရမည်။
ယင်းအလုပ်အတွက် လိုအပ်သော ဗဟုသုတ ကို ဆည်းပူးရမည် ။အလုပ်တွင် ငယ်သည် ၊ကြီးသည်ဟူ
သော အချက်သည် အဓိက မဟုတ် ။ ငယ်သော အလုပ် ကို ကောင်းစွာ လုပ်ကိုင် လျှင် ကြီးသော အ
လုပ် ဖြစ်လာနိုင် သည်။

 
လောက တွင် မိတ်ဆွေ လို ချင်သော အရာ အတွက် တန်ဖိုး တစ်မျိုးတည်းသာရှိသည် ။ဘယ်သူ မှ
လျှော့ ဈေးဖြင့် မရနိုင် ဘုရင် လည်း ထို ဈေးကိုပင် ပေးရမည်၊သူတောင်းစား လည်း ထို ဈေးကိုပင်
ပေးရမည်။သဘာဝ အ ရောင်းသမားသည် ဘယ်သူ ကိုမှ လျှော့ ဈေးဖြင့် မ ရောင်း။
ထိုကြောင့်  လောက တွင် လူ တစ်လုံး သူတစ်လုံး ဖြစ်ချင် လျှင် လိုချင် သော အရာအတွက် ပထမ
ဦးစွာ တန် ရာ တန်ဖိုး ပေးပါ ။ထိုတန်ဖိုးကို မိတ်ဆွေကိုယ်စား ဘယ်သူ တစ်ဦးတစ်ယောက်ကမှ စိုက်
မ ပေးနိုင်၊ ကိုယ် တိုင် ပေးမှ ကိုယ် ရမည် ဖြစ်ပါသတည်း။
23/6/2014 .
 
 

ကိုယ်ပိုင် စာ ကြည့် တိုက် ထားပါ



 
''ကိုယ်ပိုင် စာကြည့် တိုက် သည် လူတစ်ယောက်၏ ဘဝတွင် ဂုဏ်ယူစရာ ကိုယ်ပိုင် ပစ္စည်းဖြစ်၏။
လူ တစ်ယောက်ဟူ၍ဖြစ်လာလျှင် ကိုယ်ပိုင် စာအုပ်များ ရှိရမည်။စာကြည့် တိုက်သည် ဇိမ်ခံပစ္စည်း
မဟုတ်။ လူ ဘဝ အတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းသာ ဖြစ်၏။

ယခုခေတ်တွင် လူကုံထံ အိမ်အများစု၏ ဧည့် ခန်းဆောင် မှန်ဗီရိုများထဲ၌ စာအုပ်များကို မမြင် ရဘဲ
လက်ဖက် ရည် ပန်းကန်၊လက်ဖက် ရည် ကြွေကရား၊ကြွေ ပန်းကန်ပြားစသည့် မီးဖိုချောင် သုံးပစ္စည်း
များကိုသာ တွေ့ မြင် ရသည် မှာ ဝမ်းနည်းစရာ ကောင်းလှသည်။

''ပစ္စည်း မှန် နေရာ မှန်'' မရှိသည် သာမက ဂုဏ်မယူအပ်သောပစ္စည်းများကို အမြတ်တနိုး ဂုဏ်တင်
ဗန်းပြထားသောကြောင့် ''ဘုရား ကား အောက် ၊ မျောက် ကား အထက် ''သ ဘောမျိုးပင် ဖြစ်နေ၏။
ကျွန်ုပ်တို့ သည် တစ်လွဲ ဆံပင် ကောင်းနေကြသည်။ သို့ မဟုတ် အ တွေးချော် အမြင် မှားနေသည် ။
တကယ်တန်း ရေရှည် တန်ဖိုးကို တွက်ကြည့် လျှင် လူ့ ဘဝတွင် စာအုပ်ထက် ဘယ်ပစ္စည်းက သာ
နိုင် ပါမည်နည်း။

လူ မျိုးနွယ် အဆက်ဆက်၏ အသိပညာ၊အတတ်ပညာများကိန်းအောင်းရာ စာအုပ်များကြောင့် သာလျှင်
ကျွန်ုပ်တို့ ၏ လောကကြီး တစ်ခုလုံး အဆင့် ဆင့် တိုးတက်လာခဲ့ သည် မဟုတ်ပါလော။
သို့ ဖြစ်ပါလျက် မိမိ တို့ ၏အိမ်ဦးခန်းတွင် စာအုပ်များကို ''ဘုရား တစ်ဆူ ဂူတစ်လုံး''သဖွယ် တင့် တင့် 
တယ်တယ် ဂုဏ်ယူဗန်းပြထားရန် ဘာကြောင့် သတိမရကြပါသနည်း။

လိုရင်းကို ပြောရလျှင် စာဖတ်သူ မိတ်ဆွေ များ ကိုယ့် အားကိုယ်ကိုး တစ်ကယ်တမ်း ကြီးပွားလိုလျှင်
စာအုပ်တွေကို ချောင် ထိုးမထားပါနှင့် ။ဟိုပစ် ဒီလွှင့် မထားပါနှင်။ စာအုပ်၏ ဂုဏ် ရည်နှင့် သင့် လျော်
ဟပ်စပ်သော နေရာတွင် တရိုတ သေ မြတ်မြတ်နိုးနိုး ထားရှိပါ။ ယင်းသို့ ထားရှိခြင်းပင် လျှင် ကိုယ်ပိုင်
စာကြည့် တိုက် (ဝါ)အိမ်တွင်းစာကြည့် တိုက် က လေးတစ်ခု တည်ထောင် ခြင်းဖြစ်၏။ ကိုယ်ပိုင် စာ
ကြည့် တိုက် က လေး တစ်ခု ရှိလျှင် အိမ်၏ ကျက်သ ရေ ကိုလည်း ဆောင် သည်။ မိမိ နှင့် တကွ မိသား
စုတစ်ခုလုံး အတွက် ''ရာသက်ပန် အသိပညာ ဘဏ်တိုက် ''ဖွင့် လှစ်ထားရာလည်းရောက်သည်။
မိမိ အိမ်တွင် ကိုယ်ပိုင် စာကြည့် တိုက် မထားရှိသေးသူ သည် မိမိ၏ စိတ်ဓာတ် တိုးတက်ရေး၊အမှန်တ
ကယ် ငြိမ်းချမ်းသော အောင် မြင် ရေးကို လျစ်လျူရှုထားသူပင် ဖြစ်သည်။

လူ သည် မုန့် အားဖြင့် သာလျှင် အသက်ကို မွေးရမည် မဟုတ်'ဟူ၍ ခရစ်တော် က မိန့် ဆိုခဲ့ ၏။
အဓိပ္ပါယ် မှာ အသက် ရှင် ရေးအတွက် အစားအစာ တစ်ခုတည်းကိုသာ စားနေရသည် မဟုတ်၊စိတ်
ဓာတ်တိုးတက်ရေး အတွက် ဦးနှောက် ကိုလည်းအစာကျွေး ရဦးမည်ဟု ဆိုလိုခြင်းဖြစ်သည်။
စာအုပ်များသည် ဦးနှောက် အတွက် အစားအစာ များပင် ဖြစ်၏။ ထိုကြောင့်  အိမ်တိုင်းတွင် ကိုယ်ပိုင်
စာကြည့် တိုက် က လေးရှိရမည်။ သို့ သော် တစ်ပါးသူ ထံမှ ငှားရမ်းထားသော စာအုပ်ဖြင့်  ကိုယ်ပိုင်

စာကြည့် တိုက် ထူထောင်၍မဖြစ်။ ငှားရမ်းထားသော စာအုပ်များသည် မိမိအိမ်သို့ ခဏ လာလည်သော
မိတ်ဆွေများနှင့် တူသည်။ ကိုယ်ပိုင် စာအုပ် များမှာမူ မိမိ၏ အနီးကပ် မိတ်ဆွေလည်းဖြစ်သည်။
အ ကောင်းဆုံး အ ဖော် မွန်လည်း ဖြစ်သည် ။အချိန်မ ရွေး တိုင် ပင် ဆွေးနွေးနိုင် သော အကြံပေး
လမ်းညွန်ပုဂ္ဂိုလ် လည်းဖြစ်သည်။
လောကတွင် လူ သားတိုင်းအောင် မြင်ပြီး ကြီးပွားလိုကြသည်။စိတ်ချမ်းသာချင် ကြသည်။ စိတ် ချမ်းသာ
စွောအောင်မြင် ကြီးပွားခြင်းကို လူတိုင်းတောင့် တ ကြသည်။ ထာဝရ စိတ်ချမ်းသာစွာ အောင် မြင်ကြီးပွား
ခြင်းကို ရရှိရန် အ ကောင်းဆုံးနည်းလမ်းမှာ စာအုပ် စာပေ နှင့် မွေ့ လျော်ခြင်းပင် ဖြစ်၏။
 
ထိုကြောင့် မိမိ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုးတက်ရေး အတွက်သော်လည်းကောင်း ၊အ ထွေေ
ထွေ ဗဟုသုတ အတွက် သော်လည်းကောင်း စိတ်အပန်းဖြေ မူအတွက် သော်လည်းကောင်း အ ထောက်
အပံ့ ဖြစ်နိုင်သော သက်ဆိုင် ရာ ဘာသာရပ် မျိုးစုံ စာကောင်းပေမွန် များကို တဖြည်းဖြည်း ဝယ်ယူစု
ဆောင်းပြီး ကိုယ်ပိုင် စာကြည့် တိုက်တစ်ခု ထောင် ဖြစ်အောင် ထောင် ဖို့ အချိန် ဆွဲ မ နေပါနှင့် ။
ရှိသမျှ စာအုပ်နဲ့ သာ စတင် လိုက်ပါ။နောက်တော့ တဖြည်းဖြည်းနှင့်  အ ရေအတွက် များလာပါလိမ့်မည်
အခြား အိမ်သုံး ဇိမ်ခံပစ္စည်း တွေကို ပေါ်လာတိုင်း မ မေ့မ လျော့ ဝယ်ယူသလို ဝယ်သင့် သောစာအုပ်
ကိုလည်း ဝယ်ဖြစ်အောင် ဝယ်ထားလိုက်ဖို့ သာ အ ရေးကြီးသည်။

စာအုပ် ဝယ် ရာ တွင် အသစ် အ ဟောင်း ရွေးနေစရာ မလိုပါ ။မိမိ အတွက် အကျိုးရှိမည့်  စာအုပ် ဖြစ်
ဖို့ သာ လို၏။သို့ သော် လောကုတ္တရာ စာပေ နှင့်  လောကီ စာပေ နှစ်မျိုးစလုံး စုံလျှင်တော့ အ ကောင်းဆုံးပင် ။လောကုတ္တရာ စာပေ တွင် ဘာသာရေး စာအုပ်များ ပါဝင် ပြီး၊လောကီစာပေ တွင် မူ သိပ္ပံ ၊ဝိဇ္ဇာ စာအုပ်များပါဝင် သည်။

စာကြည့် တိုက် တစ်ခု စတင် ထူထောင် ခြင်းသည် ဘဏ်တိုက်တွင် ငွေ စုစာရင်းတခု ဖွင့် လှစ်ခြင်းနှင့် 
အလားတူသည်။ စတင် မိလျှင် ထပ်ဖြည့် ဖို့ ကိုပါ စိတ်စောနေတတ်သည် ။စာအုပ် ဝယ်၍ ကုန်သွား
သောငွေကြေးသည် အခြားပစ္စည်းများအတွက် ကုန်သွားသော ငွေ ကြေးထက် အကျိုးရှိနိုင် သည်။
စာကောင်း ပေမွန် များကို နည်းမှန် လမ်းမှန် ဖတ် ရှု အသုံးချခြင်းသည် မိမိ ဘဝ တိုးတက် ရေးအတွက်
အမှန်တကယ် ရင်းနှီးမြှုပ်နှံခြင်းလည်း ဖြစ်သည်။ ယင်း အရင်းအနှီး ၏ အကျိုးကျေးဇူး သို့ မဟုတ် တန်
ဖိုးကို ငွေ ကြေးဖြင့်  တိုင်းတာ၍ မရနိုင်။

စာကြည့် တိုက် ရှိ စာအုပ်များသည် လူ တစ်ယောက်အတွက် ရာသက်ပန် အရင်းအနှီး လည်း ဖြစ်သည်။
တနည်းဆိုသော် စာအုပ် ကောင်းတစ်အုပ်ကို ဖတ် ရခြင်းသည် မိတ်ကောင်း၊ဆွေကောင်း၊ ဆရာ
ကောင်း သမားကောင်း နှင့်  အမြဲတမ်း အဆက်သွယ် ရ နေခြင်းပင်ဖြစ်သည်။ သူ့ စာအုပ် မှ တဆင့် 
စာရေးဆရာ နှင့် တွေ့ ဆုံ နှီးနှောခွင့် ရသည်။ သူသည် စာဖတ် သူအား ပညာ လည်းပေးသည်။
စိတ်ဓာတ်မကျ စေရန် လည်းအားပေးသည်၊ စိတ်ချမ်းသာစရာ ၊ပျော်စရာ စကားကိုလည်း ပြောသည်။

ထိုကြောင့်  စာကောင်းပေမွန် တွေ နှင့် သာ အမြဲတမ်း ပေါင်းသင်းဆက်ဆံနေရလျှင် ကျွန်ုပ် တို့ သည်
ဘယ်တော့ မှလည်း စိတ်ဓာတ် မကျနိုင် ။အားမာန်တွေ အမြဲတမ်း ပြည့် နေလိမ့်မည် ။
လောက မှာအခြား ပစ္စည်းတွေ အားလုံး ဂုဏ် ရည် ကျဆင်းသွားနိုင် ပေမယ့်  စာအုပ် ဂုဏ် ရည် က  တော့ ထာဝရ တည် ရှိနေမှာပါ'ဟု အ မေရိကန် စာရေးဆရာကြီး ဝါရှင် တန် အာဗင် က ပြောခဲ့ ဖူး
သည်။ အင်္ဂလိပ် စာရေး ဆရာကြီး သောမတ်ကာလိုင်း ကလည်း ဒီခေတ် မှာ ''တကယ့် တက္ကသိုလ်''
ဆိုတာ စာကြည့် တိုက် ပါပဲ ဟု ပြောခဲ့ ၏။

ထိုကြောင့်  မိမိ ကိုယ်ကို ခေတ်မီသည် ၊ဂုဏ် ရှိသည် ၊ယည်ကျေးသည်၊အဆင့် အတန်းရှိသည် ဟု
ယူဆ သူတိုင်း ကိုယ်ပိုင် အိမ်တွင်း စာကြည့် တိုက် ထားရှိသင့် ပါသတည်း။

24/6/2014.
 

ဘာသာ တရား လိုအပ်ခြင်း.


                           The Need For a Religion.
                           ~~~~~~~~~~~~~~~
                           ဘာသာ တရား လိုအပ်ခြင်း.
                           ~~~~~~~~~~~~~~~

To understand the real purpose of life.it is advisable for a person to choose and follow

anethical-moral system that restrains a person from evil deeds. encourages him to do good

and enables him to purify his mind.for simplicity.we shall call this system'religion'

ဘဝ၏ ရည် ရွယ်ချက် အစစ် အမှန်ကို သိနားလည် ရေးအတွက် လူ တစ်ယောက်သည် ကိုယ်ကျင့် 
 
စာရိတ္တဆိုင် ရာ စနစ်တစ်ခုကို ရွေးချယ် ၍ လိုက်နာကျင့် သုံးသင့် သည် ။ထို ကိုယ်ကျင့် စာရိတ္တ စနစ်
 
သည် မ ကောင်းမူများကို ပြုလုပ်ခြင်းမှ ရှောင် ကြည် ရန် ချူပ်ထိန်းပေးရမည်။ ကောင်းမူများကို ပြုလုပ်
 
ရန် အားပေးရမည်။ သူ၏ စိတ်ကို ဖြူစင် အောင် ပြုလုပ် ရန် စွမ်းဆောင် ပေးနိုင် ရမည် ။လွယ်ကူ ရှင်း
 
လင်းစေရန်အတွက် ထိုစနစ် ကို ''ဘာသာ တရား''ဟု ကျွန်ုပ် တို့ ခေါ်ဆိုကြပါစို့ ။

'Religion is the expression of the striving man. it is his greatest power .

leading him onwards to selfrealisation.it has the power to transform one with negative

characteristics into someone with positive qualities .it turns the ignoble.noble. the

selfish. unselfish. the pround. humble: the haughty, forbearing: the greedy, benevolent:

the cruel, kind: the subjective, objective.

ဘာသာ တရားသည် အမှန်တရားအတွက် ကြိုးပမ်းအားထုတ်နေသူ တစ်ဦး၏ သ ဘောထား ဖော်ပြချက်

ဖြစ်သည်။ ၄င်းသည် သူ၏ အကြီးမားဆုံးသော စွမ်းရည် ဖြစ်၏။သူ့ ကိုယ်သူ မြင် သိလာရန် သူ့ အား ရှေ့ 

သို့  ပို့ ဆောင် ပေး၏။ အနုတ် လက္ခဏာ ဓ လေ့ စရိုက် ရှိသူ တစ်ဦးအား အ ပေါင်းလက္ခဏာအရည် အ

သွေးများ ရှိလာအောင် ပြောင်းလဲပေး၏။

ဘာသာ တရားသည် မ မြင့် မြတ်သူတို့ အား မြင့် မြတ်လာအောင် ၊ကိုယ်ကျိုးရှာသူ များအား ကိုယ်ကျိုး

စွန့် လာအောင် ၊ထောင် လွှားသူများအား မာန်စွယ် ကျိုးလာအောင် ၊မောက်မာ သူများအား သီးခံတတ်

လာအောင် ၊လောဘ ကြီးသူ များအား သ ဘောထား ကောင်းလာအောင် ၊ရက်စက်ကြမ်းကြုတ်သူများ

အား သနားကြင် နာတတ်လာအောင် ပုဂ္ဂလိက အမြင် ရှိသူ များအား ဓမ္မ ဓိဋ္ဌာန် အမြင် ရှိလာအောင်

ပြောင်းလဲပေးသည်။

Every religion represents, however imperfectly. a reaching up wards to a higher level of

being.From the earliest times. religion has been the source of man's artistic and cultural

inspiration. Although many forms of religion had come into being in the course of history.

only to pass away and to be forgotten.each one in its time had contributed something

towards the sum of human progress.

''ဘာသာ တရားတိုင်း ပင် လျှင် မည်သို့ ပင် မပြည့် စုံ စေကာမူ အဆင့် မြင့် သော လူ သားအဖြစ်သို့ 

ရောက်အောင် ဘဝ မြင့် တက်ရေး လမ်းစဉ်ကို ကိုယ်စားပြု၏။ အ စောဆုံး အချိန်မှ စ၍ ဘာသာ တရား

သည် လူ သားတို့ အား အနုပညာ နှင့် ယဉ်ကျေးမူဆိုင် ရာ စိတ်ဓာတ်များ ထက်သန်တက်ကြွလာစေ

သည့် အ ကြောင်းရင်း ဇာစ်မြစ်တစ်ခု ဖြစ်ပေ သည်။

သမိုင်းတစ်လျှောက်တွင် ဘာသာ တရား၏ အသွင် မျိုးမျိုး ပေါ်ပေါက်လာကြပြီးသော် မှေးမှိန်ကာ ကွယ်

ပျောက်သွားကြ၏။သို့ စေကာမူ ဘာသာ တရားတစ်ခုစီသည် ၄င်းပေါ်ပေါက်သည့်  အချိန်အခါ ၌ လူ

သားတို့ ၏ တိုးတက်မူ အ ပေါင်းအစု တွေ တစ်စုံ တစ်ခုသော အတိုင်းအတာဖြင့်  ထောက်ပံ့ ကူညီပေး

ခဲ့ သည်သာ ဖြစ်၏။

''Christianity helped to civilise the a West , and the weakening of its influence has marked

a downward trend of the Occidental spirit.

Buddhism , which civilised the greater part of the East long before . is still a vital force.

and in this age of scientific knowledge is Likely to extend and to strengthen its influence.

''it dose not, at any point. come into conflict with modern knowledge. but embraces and

transcends all of it in a way that no other sysetem of thought has ever done before or is

ever Likely to do,

''ခရစ်ယာန် ဘာသာ သည် ကမ္ဘာ့ အ နောက်ခြမ်းကို ယဉ်ကျေးအောင် ကူညီပေးခဲ့ ၏။

၎င်း၏ ဩဇာ အရှိန်အဝါ လျော့ ကျလာခြင်း သည် အ နောက်တိုင်း စိတ်ဓာတ် ရေစီးကြောင်း လျော

ဆင်းခြင်းနှင့် တိုက်ဆိုင် လျက် ရှိ၏။

ခရစ်ယာန် ဘာသာ ထက် များစွာပို၍စောကာ ကမ္ဘာ့ အ ရှေ့ ခြမ်း တိုင်းနိုင် ငံ အများစု ကို ယဉ်ကျေး

စေခဲ့ သော ဗုဒ္ဓဘာသာ သည် ယ နေ့ အလွန်အ ရေးပါသော ခွန်အား တစ် ရပ် ဖြစ်နေ ပေ သေး၏။

သိပ္ပံ အသိပညာ တိုးတက်နေ သော ယခုခေတ်၌ ၄င်း၏ ဩဇာ အရှိန်အဝါ ကို ပို၍ တိုးချဲ့ နိုင်၊ပို၍ကြံ့ 

ခိုင် စေနိုင် သော အလားအလာ ရှိ၏။

ဗုဒ္ဓ ဘာသာ သည် သိပ္ပံနည်းကျ ခေတ်သစ် အသိပညာနှင့်  မည်သည့် အချက်တွင် မှ ဆန့် ကျင် ဘက်

မဖြစ်ချေ။ ခေတ်သစ် အသိပညာ အားလုံးကို ဗုဒ္ဓ ဘာသာက ထွေးပိုက်၍ ကျော်လွန်သွားနိုင် ၏။

ဤသို့ စွမ်းဆောင် နိုင် မူကို အခြားမည်သည့်  အ တွေးအ ခေါ် စနစ်ကမှ မပြုလုပ် နိုင် ခဲ့ ပါ။

နောင် တွင် လည်း ပြုလုပ် နိုင် မည် မဟုတ်ပါ။

''Western man seeks to conquer the universe for material ends.

Buddhism and Eastern philosophy strive to attain harmony with nature and spiritual

satisfaction,

''အ နောက်တိုင်းသားတို့ သည် ရုပ် ဝတ္ထု တိုးတက် ရန် ရည်မှန်းချက် ဖြင့် စကြာဝဠာကို အောင် နိုင်

ရန် နည်းလမ်းရှာ ကြ၏။

ဗုဒ္ဓ ဘာသာ နှင့်  အ ရှေ့ တိုင်း ဒဿန ပညာသည် သဘာဝ နှင့်  သဟာဇာတ ဖြစ်ပြီး စိတ်ပိုင်း ဆိုင်

ရာ ကျေနပ်မူကို ရရှိရန် ကြိုးစားကြ၏။

''Religion teaches a person how to calm down the senses and make the heart and mind

peaceful.

The secret of calming down the senses is to eliminate desire which is the root of our

disturbances.

It is very important for us to have contentment.

''ဘာသာ တရားသည် အာရုံ နိုးကြွမူ များကို ငြိမ်ဝပ်စေပြီ နှလုံး နှင့် စိတ်ကို ငြိမ်းချမ်းစေနိုင် သည့် 

နည်းလမ်းများကို သင် ပြ ပေး၏။

အာရုံနိုးကြွ မူ များကို ငြိမ်ဝပ်စေနိုင် သော လျှို့ ဝှက် ချက် မှာ ဝင် ရောက် နှောက်ယှက် မှုများအားလုံး

၏ အရင်းအမြစ် ဖြစ်သည့်  လိုချင် တပ်မက်မူ ''တဏှာ''ကို ပယ်သတ် ရန် ဖြစ်၏။

ကျွန်ုပ် တို့ အဖို့  ရောင့် ရဲ တင်းတိမ် မူ ရှိခြင်းသည် အလွန် အ ရေးကြီး၏။

''The more people crave for their property . the more they have to suffer . property dose

not give happiness to man,

Most of the rich people in the world today are suffering from numerous physical and

mental problems.

With all the money they have. they cannot buy a solution to their problems.

''လူ တို့ သည် မိမိ တို့ ၏ ပစ္စည်း ဥစ္စာ ကို တပ်မက်တွယ်တာ လေ လေ ပို၍ ဆင်းရဲ လေ လေ ဖြစ်သည်

ပစ္စည်းဥစ္စာ သည် လူ တို့ အား ချမ်းသာ ပျော်ရွှင် မူ ကို မ ပေးဆောင် ပါ။

ယ နေ့ ကမ္ဘာ တွင် ချမ်းသာ ကြွယ်ဝ ကြ သော လူ အများစု သည် ရုပ်ပိုင်း ဆိုင် ရာ ၊စိတ်ပိုင်းဆိုင် ရာ

ပြဿနာ အမျိုးမျိုးကို တွေ့ ကြုံ ခံစားနေ ကြရသည်။

သူ တို့ ရရှိထားသော ငွေ အားလုံးနှင့်  သူ တို့ ၏ ပြဿနာ အားလုံး ဖြေ ရှင်းချက် ကို သူ တို့ မဝယ်

ယူ နိုင် ပါ။

Yet, the poorest men who have learnt to have contentment may enjoy their lives far

more than the richest people do.

As one rhyme goes:

''Some have too much and yet do crave.

''I have Little and seek no more:

''They are but poor though much more

they have and I am rich with Little store.

''They poor. I rich: they beg. I give:

They Lack . I have:

they pine: I Live ."

သို့ ပါ သော် လည်း ရောင်းရဲ တင်းတိမ် ရန် ဆည်းပူးလေ့ လာထား ပြီးကြ သော အဆင်းရဲဆုံး လူတို့ 

သည် သူတို့ ၏ ဘဝ များကို အချမ်းသာ ဆုံး လူများထက် ပို၍ ပျော်ရွှင် စွာ ခံစားနိုင် ကြလိမ့် မည်။

ကဗျာ တစ်ပုဒ်တွင် ဆိုထားသကဲ့ သို့  …

''အချို့  သူ တို့ သည် မြောက်များစွာ ပိုင် ဆိုင် ထားကြ သော် လည်း လိုချင် တောင့် တ နေကြ၏။

ကျွန်ုပ် တို့ ၌ အနည်းငယ်သာ ရှိပါသော်လည်း နောက်ထပ် ၍ မ ရှာတော့ ပါ ။

သူ တို့ သည် များစွာ ပို၍ ရရှိ ကြပါသော်လည်း ဆင်းရဲ နေ ကြ၏ ။

ကျွန်ုပ် ၌ အနည်းငယ် သာ စုဆောင်း ထားပါသော်လည်း ကျွန်ုပ် ချမ်းသာ ၏။

သူ တို့ ဆင်းရဲ ကြပြီ ကျွန်ုပ် ချမ်းသာ ၏ ။ သူ တို့ က တောင်းခံပြီး ကျွန်ုပ် က ပေးကမ်း၏။

သူ တို့  ၌ မရှိပါ ၊ကျွန်ုပ်၌ ရှိပါ၏။

သူ တို့ လုံးပါးပါး နေ ကြ၏။ ကျွန်ုပ် က နေထိုင် လျက် ရှိ၏။

24/6/2014.
Dr.k.Sri Dhammananda

ဒေါက်တာ မင်းတင် မွန် (ဘာသာ ပြန် )
 

ကိုယ်ပိုင်စီးပွား လုပ်ဖို့ ကြိုးစားခဲ့သူ တစ်ယောက် ဖြစ်ရပ်



ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ နယူးယောက် မြို့မှာ နေထိုင် ပါတယ်။ Humans of New York ရဲ့ အင်တာဗျူးမှာ သူမ ယခုလို ဖြေကြား ထား ပါတယ်။

'ကျမ အသက် ၁၆ နှစ်ကတည်းက ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ အတွက် အင်မတန် အားသန် သူပါ။ သို့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကမှ စတင် အကောင် အထည် ဖော်ဖြစ်တယ်။ စားဝတ်နေရေး အတွက် အလုပ်လုပ်နေရ တာ ကြောင့် လည်း ပါဝင်တာပေါ့။ တစ်ယောက်တည်း မဟုတ်ပါဘူး။ အခင်ဆုံး သူငယ်ချင်းနဲ့ အတူ တိုင်ပင် ဖြစ်တယ်။ သူနဲ့ ညနေ ရုံးဆင်းချိန်တိုင်းတွေ့ပြီး နေ့တိုင်း အိုင်ဒီယာတွေ မျှဝေတယ်။ Plan တွေဆွဲတယ်။ အတူတူ အိုင်ဒီယာ ထုတ်တယ်။ ခေါင်းစားတယ်။ စလုပ်လို့ရလောက်မယ့် အနေအထား ရောက်လု နီးနီး မှာပေါ့။ အလုပ် မအား နဲ့ အခြား အကြောင်း အမျိုးမျိုးကြောင့် တွေ့တဲ့ ရက်တွေ ကြဲလာတယ်။ ၂ ရက် တစ်ခါ ကနေ ၃ ရက် တစ်ခါ၊ ၃ ရက် တစ်ခါ ကနေ ၅ ရက် တစ်ခါ။ နောက်တော့ ၁၀ ရက် တစ်ခါ၊ တစ်လ တစ်ခါ ကနေ လုံးဝ မတွေ့ဖြစ် ကြတော့ဘူး။

တစ်နှစ်ကြာသွားတဲ့ အချိန် သတင်းစာ ထဲမှာ မထင်မှတ်ပဲ သူ့ကို တွေ့လိုက် တယ်။ ကျမနဲ့ တစ်ချိန်တုန်းက အတူတူ ဆွဲခဲ့တဲ့ စီမံကိန်းတွေကို အသုံးချပြီးတော့ သူမဟာ အောင်မြင်ကျော်ကြားသွားတာကို မြင်လိုက်ရတယ်။ ကျမလည်း ဘာမှ မပြောနိုင်တော့ ပါဘူး။'


အောင်ခမ်း (ရိုးရာလေး)

www.yoyarlay.com


https://www.facebook.com/photo.php?fbid=717242998318955&set=a.24791777191814

မျက်နှာကို သံပုရာသီးခြမ်းဖြင့် ပွတ်ပါ




မျက်နှာ အသားအရေဟာ နေလောင်ဓာတ်ကြောင့် ညစ်ညမ်းနေတာဖြစ်ဖြစ် အဆီပြန် ဝက်ခြံတွေ ထွက်နေပြီး အနာအဆာ တွေနဲ့ ဖြစ်နေသူများ အတွက် အကောင်း ဆုံးနဲ့ အဓိရောက်ဆုံး နည်းလေးပင် ဖြစ်ပါတယ်။

သုံပုရာသီး တစ်လုံးကို တစ်ခြမ်းခြမ်းပြီး မျက်နှာကို ပွတ်ပေးလိုက်ပါ။ ထို့နောက် အချိန်ခဏ အကြာမှာ ရေများခြင့် မျက်နှာကို ပြောင်စင်အောင် ဆေးကြောပေးပါ။ သံပုရာ သီးမှာ ပါတဲ့ အက်စစ် ဓာတ်ဟာ မျက်နှာပေါ်မှ မကောင်းတဲ့ အရာတွေကို ဖယ်ရှား ရှင်းလင်းပေးလို့ သိသိ သာသာ ဖြူဝင်သွားစေမှာပါ။

သံပုရာသီးဖြင့် ပွတ်ပြီးပါက အချိန်ကြာမြင့်စွာ မထားသင့်ပါဘူး။ သံပုရာသီးမှာ ပါဝင်တဲ့ အက်စစ် ဓာတ်ဟာ ပြင်းသဖြင့် မျက်နှာအသား အရေကို ထိခိုက်သွားမည့် အတွက်ကြောင့်ပင် ဖြစ်ပါတယ်။

ဒါကြောင့် မျက်နှာ အသားအရေ အတွက် အကောင်းဆုံးနဲ့ အဓိရောက် ဆုံးဖြစ်တဲ့ သုံပုရာသီး ကုထုံးကို မိတ်ဆက်ပေး လိုက်ရပါတယ်။

Ref-healthnews
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)
 

အဆိုတော် တစ်ဖြစ်လဲ ဂျက်ကီချန်း




The Myth ရုပ်ရှင်ထဲက Endless Love လို့ အမည်ရတဲ့ သီချင်းလေးကို မှတ်မိ ကြသေးရဲ့လား ရိုးရာလေး ချစ်သူတို့..။ ချစ်သူ နှစ်ဦးရဲ့ ခွဲမရတဲ့ အချစ် သံယောဇဉ် ကို တရုတ် (Mandarin) နဲ့ ကိုရီးယား ဘာသာ စကား နှစ်မျိုးနဲ့ သရုပ်ဖော် သီဆိုသွားကြတာ ရုပ်ရှင်ကို ပိုလို romantic ဆန်သွားစေခဲ့ ပါတယ်။

ဇာတ်လမ်းထဲက မင်းသား ဂျက်ကီချန်းနဲ့ ကိုရီးယား မင်းသမီး Kim Hee-sun တို့ နှစ်ဦး ကိုယ်တိုင် သီဆိုထားခြင်း ဖြစ်ပါတယ်။ ဂျက်ကီချန်းဟာ သရုပ်ဆောင် ပညာရပ်မှာတင် မက သီချင်းဆိုတဲ့ အနုပညာမှာပါ ထူးချွန်ကြောင်း သက်သေ ပြ သွားခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သရုပ်ဆောင်ဘက်ပိုင်းက ပိုအောင်မြင်နေ တာကြောင့် သူ သီချင်းဆိုတာကို အနောက်တိုင်းက လူသိ နည်းပါတယ်။ 
အင်္ဂလိပ်၊ Cantonese, Mandarin, ဂျပန် နဲ့ ထိုင်ဝမ် ဘာသာ စကား တို့နဲ့ သီဆိုပြီး သီချင်း အယ်လ်ဘမ်ပေါင်း ၂၀ ကျော် ထွက်ရှိပြီးသွား ဖြစ်ပြီ ဖြစ်ပါတယ်။ Ruch Hour နဲ့ Beauty and the Beast က Theme songs တွေကြောင့် လည်း လူသိများ ပါတယ်။ သူ့ရဲ့ အောင်မြင်တဲ့ သီချင်းထဲမှာ ‘I’ll Make a Man Out of You’ ဆိုတဲ့ သီချင်းလည်း ပါဝင် ပါတယ်။

The Myth ထဲက Endless love ကို http://youtu.be/wtN-U_9eSVs မှာ ဝင်ရောက် နားဆင် နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
//// 

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံမော်တော်ကားများ



ကမ္ဘာပေါ်တွင် အချမ်းသာ အကြွယ်ဝဆုံး ပုဂ္ဂိုလ်များအတွက် အနှစ်သက်ဆုံး အဆောင်အယောင်များတွင် ၎င်းတို့စီးနင်းသည့် ဇိမ်ခံကားများလည်း ပါဝင်သည်။

Lamborghini၊ Bugatti၊ Aston Martin အစရှိသည့် နာမည်ကျော် ကားကုမ္ပဏီကြီးများကလည်း ဈေးအကြီးဆုံး၊ တန်ဖိုးအမြင့်ဆုံး ဇိမ်ခံပြိုင်ကားများကို သီးခြားဖန်တီး ထုတ်လုပ်ကာ အကြွယ်ဝဆုံးသော ဖောက်သည်များကို ဆွဲဆောင်လေ့ ရှိကြသည်။

အမှတ်တံဆိပ် တန်ဖိုးအရဖြစ်စေ၊ ထုတ်လုပ်မှု အရေအတွက် ကန့်သတ်မှုကြောင့်ဖြစ်စေ အဆိုပါ ဇိမ်ခံကားများ၏ တန်ဖိုးသည် မြင့်သထက် မြင့်တက်သွားလေ့ရှိရာ ယင်းတို့အနက်မှ ထိပ်တန်းအဆင့်အဖြစ် ရွေးချယ်သတ်မှတ်ရမည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံမော်တော်ကား ၁၀ စီးကို ဖော်ပြလိုက်ရပါသည်။

၁၀။ Aston Martin One-77 (ဒေါ်လာ ၁ ဒသမ ၈ သန်း)


Aston Martinက ယခုကားမျိုး ၇၇ စီးသာ ကန့်သတ်ထုတ်လုပ်ပြီး ယင်းအနက်မှ တစ်စီးစီကို ကိုယ်စားပြုသည့် အနေဖြင့် One-77 ဟု မော်ဒယ်အမည် ပေးထားခြင်းဖြစ်သည်။

တစ်စီးလျှင် ဒေါ်လာ ၁ ဒသမ ၈ သန်းအထိ တန်ကြေးရှိခြင်းကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကားများ စာရင်းတွင် နံပါတ် ၁၀ နေရာမှ ပါဝင်လာသည့် One-77 သည် မြင်းကောင်ရေ ၇၅၀ အား အင်ဂျင်ကို တပ်ဆင်ထားသည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ နှုန်းအထိ အရှိန်မြှင့်တင်ရန် ၃ ဒသမ ၄ စက္ကန့်မျှသာ အချိန်ယူရမည်ဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်းအဖြစ် တစ်နာရီလျှင် မိုင် ၂၂၀ အထိ မောင်းနှင်နိုင်စွမ်း ရှိသည်။

၉။ Pagani Zonda Cinque Roadster (ဒေါ်လာ ၁ ဒသမ ၈၅ သန်း)


Pagani၏ ဂုဏ်အယူရဆုံး ဖန်တီးမှု လက်ရာတစ်ခု ဖြစ်ခဲ့သည့် ဇိမ်ခံပြိုင်ကားမှာ ထူးခြားသည့် ကိုယ်ထည် အချိုးအဆက် ပုံဖော်မှုကြောင့် အဓိက လူသိများသည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ မြန်နှုန်းအထိ အရှိန်မြှင့်ရန် ၃ ဒသမ ၄ စက္ကန့်အောက် အချိန်ပိုင်းမျှသာ လိုအပ်သည်။ ကား၏ အင်ဂျင်မှာ 7.3-liter V12 အမျိုးအစားဖြစ်သည်။

၈။ Bugatti Veyron 16.4 Grand Sport (ဒေါ်လာ ၂ သန်း)


8-liter အင်ဂျင်ကို တပ်ဆင်ထားသည့် တံခါးနှစ်ပေါက် ဇိမ်ခံကားလေး၏ တန်ဖိုးသည် Bugatti အမှတ်တံဆိပ် ပုံရိပ်ကြောင့် ဒေါ်လာ နှစ်သန်းအထိ တန်ဖိုးကျသင့်သည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ နှုန်းသို့ မြှင့်တင်ရန် ၂ ဒသမ ၄၆ စက္ကန့်သာ ကြာမြင့်ပြီး အမြင့်ဆုံး မြန်နှုန်းမှာ တစ်နာရီလျှင် ၂၅၃ ဒသမ ၈ မိုင်နှုန်းမျှ ဖြစ်သည်။

၇။ Lamborghini Sesto Elemento (ဒေါ်လာ ၂ ဒသမ ၂ သန်း)


အီတလီ အခြေစိုက် Lamborghiniသည် ဇိမ်ခံပြိုင်ကား ဝါသနာအိုးများ အမက်မောဆုံး အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး 5.2-liter V10 အင်ဂျင်ကို တပ်ဆင်ထားသည့် Sesto Elementoသည် ကုမ္ပဏီ၏ ဂုဏ်ယူရသည့် လက်ရာမွန်တစ်ခု ဖြစ်လာသည်။

တစ်နာရီ မိုင် ၆၀ နှုန်းအထိ ရုတ်တရက် အရှိန်မြှင့်တင်ရန် ၂ ဒသမ ၅ စက္ကန့်မျှသာ အချိန်လိုအပ်သည်။ Lamborghiniသည် Sesto Elemento ကို စုစုပေါင်း အစီး ၂၀ သာ ကန့်သတ်ထုတ်လုပ်ခဲ့သည်။

၆။ Bugatti Veyron Super Sport (ဒေါ်လာ ၂ ဒသမ ၅ သန်း)


8-liter အင်ဂျင်ကို တပ်ဆင်ထားပြီး အရှိန်မြှင့်တင်နိုင်စွမ်း အမြင့်ဆုံး ဇိမ်ခံပြိုင်ကား မော်ဒယ်တစ်ခုအဖြစ် နာမည်ကြီးသည်။

ပြင်သစ်ကုမ္ပဏီ Bugattiက ထုတ်လုပ်သည့် မော်တော်ကားသည် ရပ်နားထားရာမှ တစ်နာရီလျှင် မိုင် ၂၀၀ မြန်နှုန်းအထိ မောင်းနှင်ရန် ၁၃ ဒသမ ၇ စက္ကန့်သာ လိုအပ်သည်။

မြန်နှုန်းမှာလည်း အထင်ကြီးလောက်ဖွယ်ဖြစ်ပြီး တစ်နာရီလျှင် ၂၆၇ ဒသမ ၈၆ မိုင်အထိ ခရီးပေါက်အောင် မောင်းနှင်နိုင်သည်။

၅။ Lykan Hypersport (ဒေါ်လာ ၃ ဒသမ ၄ သန်း)


လှပကြော့ရှင်းသော ကိုယ်ထည်ကို မြင်းကောင်ရေ ၇၄၀ အား အင်ဂျင်နှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်ပေးထားသည့် မော်တော်ကားသည် ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ မြန်နှုန်းအထိ မြှင့်တင်ရန် အချိန် ၂ ဒသမ ၈ စက္ကန့်သာ လိုအပ်သည်။

အမြင့်ဆုံးနှုန်းအဖြစ် တစ်နာရီ ၂၆၇ မိုင်နှုန်း အရှိန်မြှင့် မောင်းနှင်နိုင်သော ဇိမ်ခံပြိုင်ကားကို လက်ဘနွန် မော်တော်ကား ကုမ္ပဏီ W Motors က စုစုပေါင်း ခုနစ်စီးသာ ကန့်သတ် ထုတ်လုပ်ထားခဲ့သည်။

၎။ Lamborghini Egoista (ဒေါ်လာ ၃ ဒသမ ၉ သန်း)


Lamborghiniက စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်များထဲမှ မော်တော်ကားများကဲ့သို့ ဒီဇိုင်းမျိုးဖြင့် Egoistaကို ဖန်တီးခဲ့သည်။ Gallardo မော်ဒယ်ကို အခြေခံ တည်ဆောက်ထားသည့် ဇိမ်ခံပြိုင်ကား၏ ယာဉ်မောင်းခန်းကို နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များ၏ လေယာဉ်မောင်းခန်းသဖွယ် ပုံသွင်းထားသည်။

ကား၏ ကိုယ်ထည်မှာ ကျဉ်းမြောင်းလွန်းပြီး မောင်းသူတစ်ဦးတည်းအတွက်သာ ဝင်ဆံ့မည်ဖြစ်သည်။ ယာဉ်မောင်းသူသည် အဝင်အထွက် ပြုလုပ်တိုင်း ကားစတီရာရင် လက်ကိုင်ကို ဖြုတ်ယူဖယ်ရှားရန် လိုအပ်သည်။

မြင်းကောင်ရေ ၆၀၀ အား အင်ဂျင်ကို တပ်ဆင်ထားသည့် မော်တော်ကား၏ ဈေးနှုန်းမှာ ဒေါ်လာ ၃ ဒသမ ၉ သန်းဖြစ်သည်။

၃။ Lamborghini Veneno (ဒေါ်လာ ၄ ဒသမ ၅ သန်း)


Lamborghini၏ တန်ဖိုးအမြင့်မားဆုံး မော်တော်ကားအဖြစ် Venenoကို ညွှန်းဆိုနိုင်ပြီး လှပသောဒီဇိုင်း၊ မြင်းကောင်ရေ ၇၅၀ အား 6.5-liter V12 အင်ဂျင်တို့ကြောင့် မော်တော်ကား ဝါသနာအိုးတိုင်း မက်မောသည့် ဖန်တီးမှုတစ်ခုအဖြစ် ယူဆနိုင်သည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ နှုန်းအထိ အရှိန်မြှင့်တင်ရန် ၂ ဒသမ ၉ စက္ကန့်သာ လိုအပ်ပြီး တစ်နာရီ ၂၂၁ မိုင်နှုန်းအထိ ရောက်ရှိအောင် မြန်နှုန်းမြင့်ဖြင့် မောင်းနှင်နိုင်စွမ်းရှိသည်။

၂။ Koenigsegg CCXR Trevita (ဒေါ်လာ ၄ ဒသမ ၈ သန်း)


ကန့်သတ်အမျိုးအစားအဖြစ် သုံးစီးသာ သီးသန့်ထုတ်လုပ်ထားသည့် မော်တော်ကားမှာ နှစ်ယောက်စီး အမျိုးအစားဖြစ်ပြီး 4.7-liter အင်ဂျင်ကို တပ်ဆင်ထားသည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ မြန်နှုန်းအထိ ရောက်ရှိအောင် ၃ ဒသမ ၁ စက္ကန့်သာ အချိန်ယူရမည် ဖြစ်သည်။ ကား၏ အမြင့်ဆုံး မြန်နှုန်းမှာ တစ်နာရီ ၂၄၉ မိုင်နှုန်းအထိ ရှိသည်။

၁။ Maybach Exelero (ဒေါ်လာ ၈ သန်း)


မော်တော်ကား၏ ပြင်ပကိုယ်ထည်ဒီဇိုင်းနှင့် အတွင်းပိုင်း အဆင်အပြင်ကို မြင်ရုံဖြင့် ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကား ဖြစ်ထိုက်ကြောင်း လက်ခံရမည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာပေါ်တွင် Maybach Exelero မော်တော်ကား အရေအတွက်မှာလည်း စုစုပေါင်းတစ်စီးတည်းသာ ရှိသည်။

Ferrari၊ Lamborghini၊ Ferrariတို့ထံမှ ဇိမ်ခံ စူပါပြိုင်ကားများကို တမြတ်တနိုး စုဆောင်းဝယ်ယူလေ့ရှိသည့် ပြင်သစ်နိုင်ငံသား စိန်ထည်လုပ်ငန်းပိုင်ရှင် သူဌေးကြီး ဒေါက်တာအန်ဒရီယာ ဂျက်ဆင်က Exeleroကို တည်ဆောက်ပေးရန် Maybach ထံ အထူးသီးသန့် မှာယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှစ်ယောက်စီး ဇိမ်ခံပြိုင်ကားလေးတွင် မြင်းကောင်ရေ ၇၀၀ အား အင်ဂျင်ကို တပ်ဆင်ထားပြီး ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ မြန်နှုန်းအထိ မြှင့်တင်ရန် အချိန် ၄ ဒသမ ၄ စက္ကန့်သာ လိုအပ်သည်။
တစ်နာရီ ၂၁၈ မိုင်အထိ အမြန်ဆုံးနှုန်းဖြင့် မောင်းနှင်နိုင်သော မော်တော်ကားကို အမေရိကန် ဟစ်ဟော့ပ်အဆိုတော် ဂျေးဇီက ၎င်း၏ သီချင်းဗီဒီယို Lost One တွင် ငှားရမ်းအသုံးပြုခဲ့ဖူးသည်။

_Top Teny

http://www.7daydaily.com/story/14202#.U6wddbHzuSp
Related Posts Plugin for WordPress, Blogger...