စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာပေါ်မှ အလျှို့ဝှက်ဆုံး နေရာများ


ခရီးသွားတာကို ဝါသနာပါသူတွေအတွက် ငွေရှိပေမဲ့ သွားလာလည်ပတ်လို့မရတဲ့ ကမ္ဘာပေါ်မှ အလျှို့ဝှက်ဆုံး နေရာများ ဖြစ်ပါတယ်။

Svalbard ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့သိုလှောင်ခန်း (နော်ဝေ)

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်ကြီးတွေ ကျရောက်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့လာရတဲ့အခါ အရေးပေါ် ကူညီနိုင်ရေး စိုက်ပျိုးရေး မျိုးစေ့များ သိုလှောင်ထားတဲ့ နေရာဖြစ်ပါတယ်။
play

မြောက်ဝင်ရိုးစွန်းမှ ကီလိုမီတာ ၁,၃၀၀ အကွာမှာ တည်ဆောက်ထားတဲ့ မျိုးစေ့သိုလှောင်ခန်းဟာ လုံခြုံရေးအမြင့်ဆုံး စောင့်ကြပ်ထားပြီး တာဝန်ရှိသူတွေမှအပ မည်သူမျှ သွားရောက်ခွင့် မရှိတဲ့ လျှို့ဝှက်ဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
play

၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့မျိုးစေ့သိုလှောင်ဘဏ်မှာ မျိုးစေ့ပေါင်း သန်း ၂၅၀ သိုလှောင်ထားရှိပါတယ်။

Ni’ihau (ဟာဝိုင်ယီ)

Ni’ihau ဟာ လူသူ အရောက်အပေါက်နည်းတဲ့ ဟာဝိုင်ယီကျွန်းစုမှ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ အဆိုပါ ကျွန်းကို ဟာဝိုင်ယီဘုရင် ကမ်မီဟမ်မီဟာက ၁၈၆၃ ခုနှစ်က ရောဘင်ဆင်မိသားစုကို ရောင်းချခဲ့ပါတယ်။
play

ကျွန်းပေါ်မှာ နေထိုင်သူ ၁၃၀ ဝန်းကျင်သာရှိပြီး ဒေသခံ ဟာဝိုင်ယီကျွန်းသားတွေ ဖြစ်ပါတယ်။ သူတို့က အိမ်ရာမဲ့နေထိုင်ကြပြီး လမ်းအသုံးပြုမှုလည်း မရှိသလို တယ်လီဖုန်းနဲ့ ရေပေးဝေမှု စနစ်လည်း မရှိပါဘူး။
play

မြင်းတွေနဲ့ စက်ဘီးတွေကို သွားလာရေးအတွက် သုံးကြကာ လျှပ်စစ်ဓာတ်အားအတွက် နေရောင်ခြည်စွမ်းအင်ကို သုံးပါတယ်။ Ni’ihau ကျွန်းကို ပြင်ပလူတွေ လာရောက်ခွင့် မပြုတဲ့ အလျှို့ဝှက်ဆုံး နေရာဖြစ်ပါတယ်။

Royal Air Force Menwith Hill (ဗြိတိန်)

ဗြိတိန်နိုင်ငံ မြောက်ပိုင်း ယော့ခ်ရှိုင်းယားမှာရှိတဲ့ တော်ဝင်လေတပ် အခြေစိုက်စခန်း ဖြစ်ပါတယ်။
play

အဆိုပါနေရာဟာ ကမ္ဘာပေါ်မှာ အီလက်ထရောနစ် စနစ်ဖြင့် စောင့်ကြည့်ရေး အကြီးမားဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
play

အမေရိကန်နဲ့ ဗြိတိန်အတွက် ထောက်လှမ်းရေး သတင်းအချက်အလက်တွေ စုဆောင်းရာ နေရာဖြစ်ပြီး လုံခြုံရေးနဲ့ လျှို့ဝှက်မှု အမြင့်ဆုံးဖြင့် တာဝန်ရှိသူများမှအပ သွားလာဝင်ရောက်ခွင့် လုံးဝ မရှိပါဘူး။

Vatican Secret Archives (ဗာတီကန်)

ဗာတီကန်မှာရှိတဲ့ လျှို့ဝှက်စာကြည့်တိုက် နေရာဖြစ်ပါတယ်။ အဆိုပါ နေရာမှာ ၈ ရာစုနှစ်ကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတာ ဖြစ်ပါတယ်။
play

စာရွက်စာတမ်းတွေ ထားရှိတဲ့ ဗာတီကန်လျှို့ဝှက် သိမ်ဆည်းခန်းနေရာကို ထိပ်တန်းအဆင့် လုံခြုံရေးသတ်မှတ်ထားပြီး လုံးဝ သော့ခတ်ထားတာ ဖြစ်ပါတယ်။

Area 51 (နီဗားဒါး)

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်ရှိ Area 51 လို့ခေါ်တဲ့ နေရာဟာ လုံခြုံရေးအဆင့်အမြင့်ဆုံးနဲ့ လျှို့ဝှက်ဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
play

Area 51 မှာ ဗီယက်နမ်စစ်ပွဲအလွန် CIA စာရွက်စာတမ်းတွေ သိမ်းဆည်းထားသလို စစ်အခြေစိုက်စခန်း တစ်ခုလည်း ဖြစ်ပါတယ်။

Source & Photo: BBC

http://www.duwun.com.mm/lifestyle/-id4773475.html 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...