စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတွေအပေါ် တိုင်းတာတဲ့ သင့်ရဲ့ပေတံ ရှည်ပါစေ



အွန်လိုင်းမီဒီယာ တစ်ခုက အိမ်ခြေယာခြေမဲ့ ဆင်းရဲသားတွေအကြောင်း ရိုက်ကူးဖို့ စီစဉ်ပြီး အဲဒီအစီအစဉ်ရိုက်ကူးမယ့် ဂျို့စ်ကို အမေရိကန်ဒေါ်လာ ၁၀၀ပေးခဲ့ပါတယ်။ ဂျို့စ်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် အမှတ် ၉၁ လမ်းမကြီးဘေးမှာ တောင်းရမ်းနေတဲ့ အိမ်ခြေယာခြေမဲ့ တစ်ယောက်ကို ဒေါ်လာ ၁၀၀ပေးပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကို စတင်ရိုက်ကူးခဲ့ပါတယ်။

ဒေါ်လာ ၁၀၀ ရပြီးတဲ့နောက် အဲဒီသူဟာ လမ်းတစ်ဖက်ခြမ်းက အဖျော်ယမကာနဲ့ အစားအသောက် ဆိုင်ထဲကို ၀င်သွားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျို့စ် ထင်ခဲ့တာက
ဒီလူ သောက်စားမူးယစ်နေလို့ တောင်းရမ်းနေရတာ ဖြစ်လိမ့်မယ် ဆိုတာပါပဲ။ ခဏကြာတော့ လက်ထဲမှာ အိတ်တစ်အိတ်ကိုင်ပြီး ဆိုင်ထဲကနေ အဲဒီသူ ပြန်ထွက်လာပါတယ်။ ဂျို့စ်လည်း မျက်ခြေပြတ်မခံဘဲ ဗီဒီယိုရိုက်ကူးမှုတွေ လုပ်ခဲ့ပါတယ်။

ဒီလူဟာ လမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ ပန်းခြံထဲက သူနဲ့ဘ၀တူ အိမ်ခြေယာခြေမဲ့ တွေဆီကို လျှောက်သွားပြီး သူ့အိတ်ထဲမှာပါတဲ့ စားစရာတွေ လိုက်လံဝေမျှပေးတာ တွေ့တဲ့အခါမှာတော့ သူ့ထင်မြင်ချက်တွေ မှားယွင်းခဲ့ပြီဆိုတာ ဂျို့စ် နားလည်သွားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျို့စ်က အဲဒီသူရဲ့ ဘ၀အကြောင်း မေးမြန်းခဲ့ပါတယ်။

အဲဒီဆင်းရဲသား နာမည်က သောမတ်စ်ပါ။ နာတာရှည် ရောဂါသည် မိခင်နဲ့ ကင်ဆာရောဂါသည် ပထွေးကို ပြုစုဖို့ အလုပ်ထွက်ခဲ့သူပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ၁၄ရက်ခြားပြီး ကွယ်လွန်ခဲ့ပါတယ်။ သူတို့ ကွယ်လွန်ခဲ့ပြီးနောက်မှ အိမ်ရောင်းထားတာ သိလိုက်ရလို့ သောမတ်စ်တစ်ယောက် ရုတ်တရက် အိမ်ခြေယာခြေမဲ့
ဖြစ်ခဲ့တာပါ။ လောကဓံရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် လမ်းဘေးရောက် သွားခဲ့ပေမယ့် သောမတ်စ်ရဲ့ စိတ်ကောင်းစေတနာကတော့ အရောင်ပြောင်း မသွားခဲ့ပါဘူး။

“အိမ်ခြေယာခြေ မဲ့ပေမယ့် စိတ်ကောင်းရှိတဲ့သူတွေ အများကြီးပါ”လို့ ဂျို့စ်ကို သောမတ်စ်က ပြောခဲ့ပါတယ်။ သောမတ်စ်အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံခဲ့ရာကတစ်ဆင့် သူ့ဘ၀ အသစ်တစ်ဖန် ပြန်စဖို့အတွက် ရန်ပုံငွေ ကောက်ခံခဲ့ကြပြီး ဒီဇင်ဘာ ၂၂ရက်က စတင်ကောက်ခံခဲ့တဲ့ ရန်ပုံငွေဟာ လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၅၂၁၂၉ ရရှိခဲ့ပြီလို့ သိရပါတယ်။ ဒီလင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.indiegogo.com/projects/help-thomas-to-get-a-fresh-start

Nz (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...