စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆံပင်ကျွတ်လို့ စိတ်ညစ်နေသူများအတွက်



ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားယားယံခြင်းနှင့် ဆံပင်မသန်ပဲ ရှုပ်ပွပြီး ခြောက်သွေ့နေသူများအတွက် သန်စွမ်းနက်မှောင်လာစေပြီး ဆံပင်ကျွတ်ခြင်းမှ ကင်းဝေးစေမည့် အိမ်တွင်းကုထုံး အလွယ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

(၁) ပျားရည်နှင့်ကြက်ဥအနှစ်ကို သမအောင်ဖျော်ပါ။ (ပုံထဲမှာ ပြထားတဲ့အတိုင်း)

(၂) ဆံသားများနှင့် ဦးရေပြားထိအောင် လိမ်းပေးပါ။

(၃) ဦးရေပြားနှင့်ဆံပင်များ နှံ့စပ်နေအောင် ၁၀ မိနစ်ခန့် ပွတ်သပ်နှိပ်နယ်ပေးပါ။

(၄) ၁ နာရီခန့် ထားပြီးလျှင် ခေါင်းလျှော်နိုင်ပါပြီ။

ကြက်ဥအနှစ်ကြောင့် အနည်းငယ် ညှီနံ့ရတာကို မကြိုက်လျှင် ရှောက်ရည်၊ သံပုရာရည် အနည်းငယ်ခန့်ကို ညှစ်ထည့်လိုက်လျှင် အနံ့ပျောက်ပါတယ်။

မိန်းကလေးရော ယောကျာ်းလေးပါ တစ်ပတ်တစ်ခါ ထိုသို့ လျှော်ပေးပါက ဆံပင်ကျွတ်ခြင်း ကင်းဝေးသွားပြီး ဦးရေယားယံခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆံပင်များကို သန်စွမ်းနက်မှောင်လာစေပါတယ်

  မြင်သူတကာငေးမောရတဲ့ ဆံကေသာအလှပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Natural Ways For Hairs Beauty 


https://www.facebook.com/231741783686751/photos/a.231751513685778.1073741828.2

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...