စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တက္ကသိုလ်ဝင် စာမေးပွဲကို ၃၂ ကြိမ်အထိ မလျှော့သော ဇွဲလုံ့လဖြင့် ၀င်ရောက်ဖြေဆို


                                  
သာစည်မြို့ အမှတ်(၅) ရပ်ကွက် မြို့မဈေး တောင်ဘက်တွင် မိသားစု လက်ဖက်ရည်ဆိုင် ဖွင့်၍ ဝမ်းစာရှာဖွေ နေသူ ကိုအုန်းရွှေ (ပုံ) သည် တက္ကသိုလ် ဝင်တန်းကို နှစ်ပေါင်း များစွာ ဖြေဆိုခဲ့ သော်လည်း အောင်မြင်ခြင်း မရှိသေး သဖြင့် ယခုနှစ် အထိ ဇွဲမလျှော့ဘဲ ကြိုးစား ဝင်ရောက် ဖြေဆိုလျက် ရှိကြောင်း သိရသည်။
ကိုအုန်းရွှေ သည် အခြေခံပညာ အထက်တန်း အဆင့် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ၁၉၈၂ ခုနှစ်မှ စတင်၍ ဖြေဆိုလာ ခဲ့ရာ ယခု ၂ဝ၁၄ ခုနှစ်အထိ ဝင်ရောက် ဖြေဆိုဆဲ ဖြစ်သည်။

၎င်းဖြေဆိုသည့် နှစ်ပေါင်းကို ပြန်တွက် ကြည့်လျှင် (၃၂)နှစ် ပင်ရှိပြီ ဖြစ်သည်။ (၃၂)နှစ် အတွင်း ကိုအုန်းရွှေ က ပညာသင် ပေးခဲ့သည့် လူငယ်များမှာ ကျောင်းဆရာ၊ ဆရာဝန်၊ အရာရှိ များပင် ဖြစ်သွား ကြပြီဟုသိရသည်။
ယခုအခါ ကိုအုန်းရွှေ မှာ အသက် ၅ဝ နှစ် ထဲသို့ ဝင်ရောက် လာပြီ ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲကို မအောင်မချင်း မလျှော့သော ဇွဲဖြင့် ဖြေဆို သွားမည် ဖြစ်ကြောင်း သိရှိရသည်။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...