စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ဆိုးသူ


                      
ဒေါသလွှမ်းမိုး စိတ်ဆိုးသူထံသို့ ရန်သူတွေလိုလားတောင့်တတဲ့ အပြစ်ခုနှစ်ပါးရောက်လာ နိုင်တယ်။
ဒေါသလွှမ်းမိုး စိတ်ဆိုးနေသူဟာ ဒေါသလွှမ်းမိုး စိတ်ဆိုးနေလို့

၁။ မည်မျှပင် ပြုပြင်ချယ်သ အလှဆင်ထားစေကာမူ
ရုပ်အဆင်းမလှဖြစ်ရ၏။

၂။ မည်မျှပင် အိစက်ညက်ညောသည့်အိပ်ရာမှာအိပ်စေကာမူ အိပ်မပျော်ဖြစ်တတ်သည်။

၃။ သင့်၊ မသင့်ကို မနှိုင်းချင့်ဘဲ မိမိထင်ရာကိုသာ
ပြုတတ်သောကြောင့် အကျိုးစီးပွား ပျက်တတ်သည်။

၎။ ဒေါသအလျောက် ရာဇ၀တ်မှုကျူးလွန်ပါက
စည်းစိမ်ဥစ္စာ ကုန်ခန်းတတ်သည်။

၅။ လူမုန်းများသဖြင့် ရရှိထားသော အခြံအရံ၊
အကျော်အစောမှ ဆုတ်ယုတ်တတ်၏။

၆။ မလုပ်သင့် မပြောသင့်သည်ကို ပြုလုပ်သဖြင့်
ဆွေမျိုးမိတ်ဆွေများ၏ ပစ်ပယ်ခြင်းကိုခံရတတ်၏။

၇။ ဒေါသအလျောက် ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်
မကောင်းမှုကိုပြုကျင့်ပါက သေသောအခါ အပါယ်သို့ ရာက်ရ၏။

- (ကောဓသုတ်၊ အဗျာကတ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တရနိကာယ)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.617313618278654.10

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...