စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး




နေပြည်တော်-ဒီဇင်ဘာ(၂၂)

ယနေ့သည် မြန်မာနိုင်ငံက (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးကို အိမ်ရှင် နိုင်ငံအဖြစ် ဒီဇင်ဘာ(၁၁)ရက်မှ (၂၂)ရက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေ့တစ်နေ့ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံ့ဂုဏ်ဆောင်ဆုများ ရယူနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဖွယ် ကောင်းသည့် နေ့တစ်နေ့လည်းဖြစ်သည်။
ယခုဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း(၃၃)နည်းထည့်သွင်းကျင်းပခဲ့ပြီး ထိုင်းနိုင်ငံက ရွှေတံဆိပ်(၁၀၇)ခု၊ ငွေတံဆိပ်(၉၄)ခုနှင့်ကြေးတံဆိပ်(၈၁)ခုရရှိကာ ပထမရရှိခဲ့သည်။

အလားတူ မြန်မာနိုင်ငံက ရွှေတံဆိပ်(၈၆)ခု၊ ငွေတံဆိပ်(၆၂)ခုနှင့် ကြေးတံဆိပ်(၈၅)ခုရရှိကာ ဒုတိယရရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ်(၇၃)ခု၊ ငွေတံဆိပ်(၈၆)ခုနှင့် ကြေးတံဆိပ်(၈၆)ခုရရှိကာ တတိယရရှိခဲ့သည်။
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း၌ ယနေ့ည နေပိုင်းက အစီအစဉ်(၁၉)ခုဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ပိတ်ပွဲမကျင်းပမီ တေးသံရှင်များက ဖျော်ဖြေတင်ဆက်ကြရာ တေးသံရှင် ထူးအယ်လင်းနှင့် ဆုန်သင်းပါရ်တို့က “ရောင်စုံဥယျာဉ်”၊ တေးသံရှင် ယုဇနက “ရင်းနှီးချစ်ကြည်နှုတ်ဆက်သည်”၊ တေးသံရှင် မေသက်ထားဆွေနှင့်အဖွဲ့က “အာရှမြန်မာ”၊ တေးသံရှင်ဟဲလေး၊ ဒီယံနှင့်ဝေလျံတို့က “ဒါတို့ရဲ့ဆီးဂိမ်း”၊ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုးနှင့်သီရိဆွေတို့က ]]We can do it }} ၊ တေးသံရှင် မေဆွိနှင့်မေခလာတို့က “သွေးက ပြောသောသစ္စာ” နှင့်ထင်ပေါ်ကျော်ကြား တေးသံရှင်များက “ငြိမ်းချမ်းပါစေ” တေးသီချင်းများကို သီဆိုဖျော်ဖြေကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဒေါ်ခင်အေးမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်ဇနီး၊ ဘရူနိုင်းနိုင်ငံ အိမ်ရှေ့မင်းသား၊ စင်ကာပူနိုင်ငံ အားကစားဝန်ကြီးနှင့် မလေးရှား နိုင်ငံ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော် အရာရှိကြီး များနှင့် မိသားစုဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြိုင်ပွဲဝင်နိုင်ငံအသီးသီးမှ အမျိုးသား အိုလံပစ် ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဧည့်ပရိသတ်များ၊ အားကစားသမားများ တက်ရောက်ကြ သည်။
ရှေးဦးစွာ အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသော ကျောင်းသား(၁၅၀၀)တို့က ဓာတ်မီးများအသုံးပြု၍ ကွင်း အတွင်း We Can Do စာတန်းနှင့် 27TH SEA GAMES စာလုံးဖော်ပြသကာ ပိတ်ပွဲအခမ်းအနားကို စတင်သည်။
ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်များဖြင့်တင်ဆက်ရာ အားမာန်ဝင့်ချီ ရှေ့သို့ဆီ၊ တို့မြန်မာ့ခြင်းလုံး၊ ဆင် ရတနာအက၊ ရောင်စုံပန်းများ၏ မြစ်ကြေးမုံနှင့်ထာဝရမြန်မာအစီအစဉ်များကို တင်ဆက်ကြသည်။

အားမာန်ဝင့်ချီ ရှေ့သို့ဆီအစီအစဉ်တွင် တင်ဆက်သူဦးရေ(၃၈၀)ပါဝင်ပြီး ပန်းပွားအကဖြင့် ဖျော်ဖြေကာ 28TH SEA GAMES စာလုံးဖော် ပြသကြသည်။
တို့မြန်မာ့ခြင်းလုံးအစီအစဉ်တွင် တင်ဆက်သူ(၂၂၂)ဦးတို့က အစွမ်းပြခတ်ကစားပြကြသည်။
ဆင်ရတနာအကအစီအစဉ်တွင် တင်ဆက်သူဦးရေ(၁၂၀)၊ ဆင်ဖြူတော်(၁၀)စီးနှင့် ဆင်မည်း(၃၀)ပါဝင်ပြီး စစ်ချီ ထွက်ပုံ၊ စီးချင်းထိုးပုံတို့ကို သရုပ်ဖော်ပြသကာ ဆင်များကလည်း ကပြဖျော်ဖြေကြသည်။

ရောင်စုံပန်းများ၏ မြစ်ကြေးမုံအစီအစဉ်တွင် တင်ဆက်သူ(၄၇၉)ဦးနှင့် ထာဝရမြန်မာအစီအစဉ်တွင် တင်ဆက်သူ (၁၅၄၂)ဦးတို့ပါဝင်ကြသည်။
ထို့နောက် နိုင်ငံတော်ဘင်ခရာတပ်ဖွဲ့နှင့်အလံကိုင်တပ်ဖွဲ့တို့ဦးဆောင်၍ အားကစားနည်းအင်္ဂလိပ် အက္ခရာ အစဉ်အတိုင်း အားကစားသမားများက ကွင်းအတွင်းသို့ ချီတက်နေရာယူကြသည်။

ထိုအချိန်တွင် အစီအစဉ်တင်ဆက်သူမောင်မယ်တို့က ပါဝင်ယှဉ်ပြိုင်သည့်အားကစားသမားအရေ အတွက်၊ ချီးမြှင့်သည့်ရွှေ၊ ငွေ၊ ကြေးတံဆိပ်အရေအတွက်များကို အားကစားနည်း(၃၃)မျိုးအတွက် ကြေညာ ပေးသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဝင် Mr. Ng Ser Miang က(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းထံ အောင်မြင်မှုအထိမ်းအမှတ်လက်ဆောင်ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပိတ်ပွဲ အခမ်းအနား ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အဖွဲ့ဝင် နိုင်ငံများသည် ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်စွာ ဆင်နွှဲခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် အာဆီယံ နိုင်ငံများအကြား တည်ရှိသည့် သွေးစည်းခိုင်မာမှုနှင့်ချစ်ခင်မှုစိတ်ဓာတ်ကို အထင်အရှား တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ အနာဂတ် တွင်လည်း အဖွဲ့ဝင်နိုင်ငံများအကြား အားကစားကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် ဒေသတွင်းအားကစားကဏ္ဍနှင့် အဆင့်အတန်းကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာစေပြီး ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကိုပါ ဖွံ့ဖြိုးတိုးတက်လာနိုင်စေလိမ့်မည်ဟု အခိုင်အမာယုံကြည် ပါကြောင်း။
အားကစားပြိုင်ပွဲများတွင် ပါဝင်ခဲ့ကြသော ဒိုင်များ၊ ဂျူရီများ၊ နည်းပြများ၊ အားကစားသမားများ၊ အဘက်ဘက်ကကူညီပေးခဲ့သော မိတ်ဆွေနိုင်ငံများ၊ ကဏ္ဍအသီးသီးတွင် ပါဝင်ကူညီခဲ့ကြသူများ၊ အထူးသဖြင့် လုပ်အားပေးလူငယ်မောင်မယ်များ၊ တစ်ခဲနက် အားပေးခဲ့ကြသည့် သန်း(၆၀)ကျော်သော အားကစား ဝါသနာရှင် မြန်မာပြည်သူ၊ ပြည်သားအားလုံးနှင့် အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့် ဖော်ပြပေးကြသည့် မီဒီယာများကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်းဖြင့် ထည့်သွင်း တင်ပြခဲ့သည်။
ယခုကဲ့သို့ ဆီးဂိမ်းပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာ့သမိုင်းတွင် မှတ်တိုင် တစ်ခုအဖြစ် ကျန်ရစ်ခဲ့မည်ဖြစ်ပြီး မြန်မာပြည်သူ၊ ပြည်သားအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက် ပီတိဖြစ် စေသည်။ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ကိုလည်း ဝမ်းမြောက်ဝမ်းသာစွာ ဂုဏ်ပြုထိုက်သည်။ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကမ္ဘာ့ အလယ်တွင် မြှင့်တင်ပေးရာရောက်သည့်အတွက်ဆုတံဆိပ်များ ဆွတ်ခူးခဲ့ကြသည့် အားကစားသမား မောင်မယ်များ၏ စွမ်းဆောင်ချက်များသည် မြန်မာ့အားကစားသမိုင်းတွင် ကမ္ပည်းတင်ကျန်ရစ်မည် သာဖြစ် သည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရင်း “ ကျင်းပလျက်ရှိတဲ့ (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို ယခုအချိန်မှစ၍ ပိတ်သိမ်းကြောင်း ကြေညာလိုက်သည်” ဟူ၍ ကြေညာပေးရာ မီးရှူးမီးပန်းများ ပစ်ဖောက် ဂုဏ်ပြုကာ တစ်ပြိုင်နက်တည်းတွင် ပင်မမီးရှူးတိုင်ရှိ မီးကို ဖြည်းညင်းစွာ မီးငြှိမ်း ဆောင်ရွက်သည်။
ဆီးဂိမ်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးပြီဖြစ်သည့်အတွက် ဆီးဂိမ်းဖက်ဒရေးရှင်းအလံနှင့် (၂၇)ကြိမ် မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာ့အလံတို့ကိုကို အလံတိုင်ထိပ်မှ ဦးစွာလျှောချပြီး ၂၀၁၅ခုနှစ် တွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူသမ္မတနိုင်ငံတော်အလံကို လွှင့်တင် ဆောင်ရွက် သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆီးဂိမ်းဖက်ဒရေးရှင်းအလံကို ၂၀၁၅ ခုနှစ်တွင် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူနိုင်ငံ ကိုယ်စားလှယ် စင်ကာပူသမ္မတနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး MR.Tညေ ဃ့ကညေ Jငည ထံ လွှဲပြောင်း ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ဘင်ခရာတပ်ဖွဲ့၊ အလံကိုင်တပ်ဖွဲ့နှင့် အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာကြပြီး ၂၀၁၅ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူနိုင်ငံက ဖျော်ဖြေရေး အစီ အစဉ်ဖြင့် တင်ဆက်သည်။
ယင်းနောက် ပြန်ဆုံမယ်အစီအစဉ်ကို တင်ဆက်သူဦးရေ(၉၀၀)ဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ တေးသံရှင် နီနီခင်ဇော်က ]] Win the Day }} ၊ တေးသံရှင် ခေမီကိုက “ခြိမ့်သဲနွှဲပျော် ဆီးဂိမ်း ပွဲတော်”၊ ထင်ပေါ်ကျော်ကြား တေးသံရှင်များက “မရိုးသောမြနန္ဒာ” တေးသီချင်းများကို တင်ဆက်ကြပြီး ပိတ်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးကြောင်းကြေညာကာ မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုခဲ့သည်။
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့် ယခုပိတ်ပွဲများက စိမ်းလန်းသန့်စင် ချစ်ကြည် ဟူသည့် ဆောင်ပုဒ်ကို သက်သေပြနိုင်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ပြသနိုင် ခဲ့သည်။

ထို့ပြင် ဤဆီးဂိမ်းပြိုင်ပွဲ ကျင်းပခြင်းအားဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် စည်းလုံးမှု စွမ်းအား များကို ဖော်ထုတ်ပြသနိုင်ခဲ့သည်။ ထိုနည်းတူ အာဆီယံနိုင်ငံများ၏ အမျိုးမျိုးသော ရိုးရာအကများ ကိုလည်း မြင်တွေ့ခွင့်ရရှိခဲ့သည်။ ထို့ကြောင့်လည်း နိုင်ငံများအကြား နီးကပ်စွာ ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု တို့ကို ရရှိခဲ့သည်။(သတင်းစဉ်)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...