စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်စိ ကျန်းမာရေး ။ How Dry Eyes Can be Treated




How Dry Eyes Can be Treated


မျက်ရည် အထွက်နည်းလို့ မျက်စိ အစိုဓာတ် နည်းတဲ့၊ ခြောက်သွေ့သော မျက်လုံး Dry Eyes တွေဟာ မျက်စိ ကျန်းမာ ရေးနဲ့ ကြည်လင်တဲ့ အမြင်ပေး စွမ်းနိုင်စွမ်းမှာ ညံ့လာ ပါတယ်။

လူတိုင်းရဲ့ မျက်ဝန်း တွေဟာ မလှပ ပါဘူး။ မျက်ဝန်း လှတာ၊ မလှတာဟာ လူတစ်ယောက်ရဲ့ မျက်နှာ အလှကို အဓိက ဆုံးဖြတ်ပေး တဲ့အရာ ဖြစ်ပါတယ်။ မျက်ဝန်း အလှက အကျဉ်း အကျယ်နဲ့ နည်းနည်းတော့ ဆိုင်ပေမယ့် အဓိက ကျတာ ကတော့ မျက်စိ အစိုဓာတ် အနည်းအများ ပါပဲ။

မျက်စိ အစိုဓာတ် ဖြစ်စေဖို့ အဓိက ကျတဲ့အရာ ကတော့ မျက်ရည် ပါပဲ။ မျက်ရည် အထွက်နည်းလို့ မျက်စိ အစိုဓာတ် နည်းတဲ့၊ ခြောက်သွေ့ သော မျက်လုံး တွေဟာ မျက်စိ ကျန်းမာရေးနဲ့ ကြည်လင်တဲ့ အမြင်ပေး စွမ်းနိုင်စွမ်းမှာ ညံ့လာ ပါတယ်။ မျက်လုံး အစိုဓာတ် ခြောက်သွေ့ တာဟာ များသော အားဖြင် အသက် ၅၀နဲ့ အထက် လူများမှာ အဖြစ်များ ပါတယ်။ အမျိုးသမီး များမှာ ကျတော့ မျက်ရည် ခမ်းတာဟာ သွေးဆုံးပြီး နောက်ပိုင်းမှာ အဖြစ်များ ပါတယ်တဲ့။ ခြောက်သွေ့သော မျက်လုံး အတွက် အခြေ အနေပေါ် မူတည်ပြီး ကုသမှုတွေ ရှိပါတယ်။ 
 
တိမ်မြုပ် နေတဲ့ ရောဂါကြောင့် ဖြစ်တာ ဆိုရင် ရောဂါကို ရှာကုရမှာ ဖြစ်ပြီး မိမိ သောက်သုံး နေတဲ့ ဆေးဝါး တစ်ခုခုကြောင့် ဖြစ်တယ် ဆိုရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံပြီး အန္တရာယ် မရှိတဲ့ တခြား ဆေးကို ပြောင်းလဲ သုံးစွဲရမှာ ဖြစ်ပါတယ်။ မျက်ကပ်မှန် တွေဟာ လည်း မျက်စိကို ခြောက်သွေ့အောင် လုပ်နိုင် ပါတယ်။ အဲဒီလို ကိစ္စမျိုးနဲ့ ကြုံတွေ့ လာတယ် ဆိုရင်တော့ မျက်စိစမ်း တဲ့သူနဲ့ တွေ့ဆုံပြီး တခြားသော မျက်ကပ် မှန် ပုံစံကို ရွေးချယ် ရမှာ ဖြစ်သလို ကိုယ့်ရဲ့ မျက်ကပ် မှန်ကို အချိန်လျှော့ တပ်ခြင်း ကိုလည်း တခြားနည်း အနေနဲ့ အသုံးပြု နိုင်ပါတယ်။

တချို့တွေ ကတော့ ခွဲစိတ်မှုတွေ ပြုလုပ် ကြပါတယ်။ မျက်တောင်ရဲ့ အတွင်းဆုံး နေရာမှာ မျက်စိကနေ နှာခေါင်း တွင်းထဲ မျက်ရည် ကျတဲ့ အပေါက်တွေ ရှိပါတယ်။ အဲဒီ အပေါက် တွေကို Punctal Cautery လို့ခေါ်တဲ့ ခွဲစိတ်မှုကို အသုံးချပြီး Lacrimal Plugs ခေါ် Punctal Plugs တွေနဲ့ ယာယီ ဒါမှမဟုတ် အသေပိတ် လိုက်တာပါ။ တချို့ ကတော မျက်စိ ဆရာဝန်တွေ ညွှန်းတဲ့ Cyclosporine လို့ခေါ်တဲ့ မျက်ရည် အထွက်များ စေတဲ့ဆေးကို အသုံးပြု ကြပါတယ်။ မျက်စဉ်း ခပ်တဲ့ ဆေးရည် ကိုတော့ အသုံးပြု ကြပေမယ့် ရေရှည် အတွက်တော့ မကောင်း ပါဘူး။ တခြား နည်းလမ်း တွေ အရတော့ ဂျယ်လ်တွေ၊ ဆေးရည်တွေ အသုံးပြု ကြပါတယ်။ 
 
လူတွေရဲ့ ကိုယ်ထဲမှာ ရှိတဲ့တချို့ အရာတွေဟာ မျက်စိ ခြောက်သွေ့ခြင်း လက္ခဏာ တွေကို ကူညီ ဖယ်ရှားပေး ပါတယ်။ အစားအစာ တွေမှာပါတဲ့ Omega fatty acids ဟာမျက်စိ ခြောက်သွေ့ ခြင်းကြောင့် ဖြစ်လာ တဲ့ ပြဿနာ တွေကို ဖြေရှင်းပေး ပါတယ်တဲ့။ Journal Corneashowed မှာပါတဲ့ လေ့လာ တွေ့ရှိချက် အရဆိုရင် Omega fatty acids ပါတဲ့ သဘာဝ အားဖြည့် အာဟာရ တစ်ခုဟာ မျက်စိ ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ အဲဒီ တွေ့ရှိချက်ကို ရအောင် Baylor College of Medicine က Dr. Stephen Pflugfelder က ၃၈ယောက် သော မျက်ရည် ထွက်တာမှာ ပြဿနာ ရှိတဲ့ သွေးဆုံး ပြီးသား အသက် ကြီးကြီး အမျိုးသမီး တွေကို အဆိုပါ အာဟာရနဲ့ စစ်ဆေး ခဲ့ပါတယ်။

ဘာပဲပြောပြော မျက်စိ နှစ်လုံးဟာ ကျွန်တော်တို့ လူသား တွေရဲ့ အရေး အကြီးဆုံး အမြင် အာရုံကို ပေးစွမ်းနိုင်တဲ့ တစ်ခု တည်းသော အင်္ဂါ ဖြစ်ပါ တယ်။ ဒါကြောင့် မျက်စိ ကျန်းမာရေးကို ဂရုစိုက် သောအားဖြင့် မျက်စိတွေကို ခြောက် နေအောင် မထားကြ ပါနဲ့လို့ တိုက်တွန်း လိုက်ပါ ရစေ။

Myanmar Youth Media Club

http://myawadynews.blogspot.com/2013/09/how-dry-eyes-can-be-treated.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...