စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တရေးအိပ်ခြင်းနှင့် ကော်ဖီ ဘယ်ဟာပိုကောင်းသလဲ



ခေါင်းကိုက်လျှင် – ကော်ဖီသောက်ပါ

ကော်ဖီတွင်ပါသည့် ကဖင်းဓါတ်သည် အကိုက်အခဲပျောက်ဆေးများကို စုပ်ယူမှုအားကောင်းစေသည်။ ပါရာစီတမောနှင့် ကော်ဖီတစ်ခွက် သောက်ခြင်းသည် အကိုက်အခဲ ပျောက်ဆေး အပြင်းစားမလိုဘဲလျှင် မြန်ထိရောက်စွာ သက်သာစေသည်။

မြန်မြန်ပြေးလိုလျှင် -ကော်ဖီသောက်ပါ

ကဖင်းဓါတ်သည် ခံနိုင်ရည်နှင့် လျှင်မြန်မှုကို အားကောင်းစေသည်။ ၇၇ ကီလိုဂရမ်ကိုယ်အလေးချိန်ရှိ သည့် အပြေးသမားတစ်ဦးသည် ကော်ဖီတစ်ခွက်နှင့် တစ်ဝက်ကို အပြေးပွဲမစမီ တစ်နာရီခန့်အလိုတွင် သောက်ထားသင့်သည်။

စာမေးပွဲမဖြေခင် – တရေးအိပ်ပါ

စာမေးပွဲမဖြေခင် တစ်နာရီခန့် တရေးအိပ်ခြင်းသည် ကော်ဖီသောက် ခြင်းထက် ပိုမိုလန်းဆန်းစေသည်။

အိပ်ရေးပျက်ခြင်းကြောင့် စိတ်တိုစိတ်ဆတ်နေလျှင် – ကော်ဖီသောက်ပြီး တရေးအိပ်ပါ။ကော်ဖီသောက်ခြင်းနှင့် တရေး အိပ်ခြင်းသည် စိတ်ခံစား
မှုကိုမြှင့် တင်ပေးနိုင်သည်။ ကော်ဖီသောက်ပြီး နာရီဝက်ခန့် တရေးအိပ်
ပါက ပြန် နိုးလာလျှင် လန်းဆန်းနေစေသည်။

စိတ်ကူးကောင်းများရရှိလိုလျှင် -တရေး အိပ်ပါ။
အချို့စိတ်ကူးကောင်းများသည် အိပ်မက်ထဲမှရသည်။ အချို့က တရေး နိုး
ချိန်တွင် အကြံပေါ်တတ် သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့် REM အဆင့်သည် စိတ်ကူးကောင်းများ ရရှိစေသည်။

သီဟ
Source:RD
Health Updates Journal


https://www.facebook.com/photo.php?fbid=638973656143276&set=a.572785052762137

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...