စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"ချော့သိပ်ပေးမဲ့ ခေါင်းအုံးလေး"


ညဘက် တခါတလေ အိပ်မပျော်တော့..
နားကြပ်လေးနဲ့ သီချင်းလေး နားထောင်ပြီး အိပ်တက်ကြတယ် ။ ဒါမှမဟုတ်ရင်လည်း သီချင်းလေး နားထောင် မှ အိပ်ပျော်ကြတယ် ။

ဒီအကျင့်လေးက ဆိုးကျိုးမဟုတ်ပေမဲ့.. ကိုယ်အိပ်ပျော်သွားပြီး
မနက်ထတော့ ... နားကြပ်ကြိုးတွေက ရှုပ်ထွေးနေတက်တယ်..
ဒါမှ မဟုတ် ကိုယ်က အိပ်ရာမှာ လူးလိမ့်နေတော့.. နားကြပ်ကြိုးတွေ ပျက်စီးတာတွေ မမိတာတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်။

ဒီပြဿနာ ကို ဖြေရှင်ဖို့  ရည်ရွယ်ထားတဲ့ .. အရာလေးကတော့
ချော့သိပ်ပေးမဲ့ ခေါင်းအုံးလေးပါပဲ ။Sound Asleep Pillow လို့  အမည် ပေးထားတယ် ။ ဒီခေါင်းအုံးအတွင်းမှာ ဆောင်းဘောက် သေးသေးလေး ထည့်ထားပေးပါတယ် ။ ခေါင်းအုံး အစွန်းမှာ ကိုယ် သီချင်းနားထောင်တဲ့ မည်သည့် Music Player နဲ့  ဖြစ်ဖြစ် နားကြပ်ခေါင်းလေးမှာ တပ်လိုက်ရင် သာမန်ခေါင်းအုံးလို အိပ်စက်ပြီး နားထောင်ရင်း အိပ်ပျော်နိုင်မှာပါ။

အိပ်ပျော်သွားတဲ့ အချိန်မှာလည်း သူက နားကို ထိခိုက်မှု တွေ မရှိစေအောင် ဖန်တီးပေးထားပါတယ် ။ ညည အိပ်မရတဲ့ ရောဂါ ရှိသူမျိားလည်း
ဒီခေါင်းအုံးနဲ့ အိပ်ပျော်စေသော သီချင်း လေးများနားထောင်ရင်း ကောင်းမွန်စွာ အိပ်ပျော်နိုင်မှာဖြစ်ပါတယ် ။

တစ်ခု သတိပြုရမှာကတော့..ဒီခေါင်းလေးလေးဟာ အနည်းငယ် ထူပြီး
ပွ နေတဲ့အတွက် ခေါင်းအုံး အပါးကြိုက်သူများကတော့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

မိမိတစ်နေ့ တာ အလုပ်မှာ ပင်ပန်းခဲ့ သမျှ ပြေပျောက်စေဖို့ .. ဒီခေါင်းအုံးလေးနဲ့ အိပ်စက် အနားယူရင် စိတ်ချမ်းသာမှု ရရှိနိုင်မှာပါ ။ဒီခေါင်းအုံးလေး ကို ဒေါ်လာ $28 နဲ့ ဈေးကွက်မှာ ဖြန့် ချီထားပါတယ်။

-------
Ref;thegadgetflow

Freddy ( Stuff Myanmar)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...