စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လေဒီဂါဂါ နှင့် သူမ၏ ဆန်းဆန်းပြားပြား ဖက်ရှင်များ

ဖက်ရှင်ဒီဇိုင်း အဆန်းတကြယ်များ ဝတ်စားပြင်ဆင်ပြီး တင်ဆက်ပြသမှု ထူးထူးဆန်းဆန်းများ ပြုလုပ်လေ့ရှိသောကြောင့် ကျော်ကြားသော ဂီတစတား လေဒီဂါဂါသည် ကမ္ဘာပေါ်တွင် အဆန်းအထွင်ဆုံး အနုပညာသမားတစ်ဦးအဖြစ် သတ်မှတ်ရလောက်သူ ဖြစ်သည်။ ယခင်ကာလများက သူ့ခေတ်နှင့် သူ့အခါအလိုက် ဖက်ရှင်ဒီဇိုင်းများ အဆန်းထွင်လှပါသည်ဆိုသော အနုပညာလောကမှ စတားများပင် ယနေ့ခေတ်တွင် လေဒီဂါဂါအား လက်မြှောက် အရှုံးပေးကြရသည်။
လေဒီဂါဂါသည် ဖျော်ဖြေရေး စင်မြင့်ပေါ်တွင်သာမက သာမန်အချိန်များမှာပါ အပြင်အဆင် ဆန်းဆန်းများဖြင့် သွားလာတတ်သောကြောင့် သူမ၏ ပင်ကိုရုပ်သွင် မည်သို့မည်ပုံရှိသည်ကိုပင်  မြင်ရခဲလှသည်။ အကယ်၍ သူမသည် သာမန်ကဲ့သို့ ဝတ်စားဆင်ယင်ပြီး လမ်းပေါ်သို့ထွက်ပါက မည်သူမည်ဝါဟူ၍ပင် သတိထားမိမည့်သူ ရှိပါလေစဟုပင် ထင်ရလောက်သည်။ သူမ၏ ဖက်ရှင်ဒီဇိုင်း အဆန်းထွင်မှုကြောင့် သူမကို နှစ်သက် သဘောကျသူများ ရှိသကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခံရသည်များကိုလည်း ကြုံတွေရသည်။
မည်သို့ပင်ဖြစ်စေ သီချင်းဆိုသည့်အခါ အသံ၏ ပါဝါ အားကောင်းရုံသာမက ဆန်းဆန်းပြားပြား ဖက်ရှင်များကြောင့်ပါ ကျော်ကြားသော လေဒီဂါဂါသည် ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်များဖြစ်သည့် Facebook ၊ Twitter နှင့် ရုပ်သံမီဒီယာဆိုက် YouTube တို့တွင် ထောက်ခံအားပေးသူ ပရိသတ်အများဆုံး အဆိုတော်တစ်ဦး ဖြစ်သည့်အတွက် သူမ၏ ကျော်ကြားမှုကို အွန်လိုင်းလောကတွင် ကမ္ဘာတစ်လွား သက်ရှိထင်ရှား ပရိသတ်အများဆုံး လူသားအဖြစ် အသိအမှတ်ပြုကြရသည်။
lady gaga 01 jpglady gaga 03 jpg
lady gaga 04 jpg
lady gaga 06 jpg
lady gaga 07 jpg
lady gaga 08 jpg
lady gaga 09 jpg
lady gaga 10 jpg
lady gaga 11 jpg
lady gaga 12 jpg
lady gaga 13 jpg
lady gaga 14 jpg
lady gaga 15 jpg
lady gaga 16 jpg
lady gaga 17 jpg
lady gaga 18 jpg
lady gaga 19 jpg
lady gaga 20 jpg
lady gaga 21 jpg
lady gaga 22 jpg
lady gaga 23 jpg
lady gaga 24 jpg
lady gaga 25 jpg
lady gaga 26 jpg
lady gaga 27 jpg
lady gaga 28 jpg
lady gaga 29 jpg
lady gaga 30 jpg
lady gaga 31 jpg
lady gaga 32 jpg
lady gaga 33 jpg
lady gaga 34 jpg
lady gaga 36 jpg
lady gaga 38 jpg
lady gaga 39 jpg
lady gaga 40 jpg
lady gaga 41 jpg
lady gaga 42 jpg
lady gaga 43 jpg
lady gaga 44 jpg
lady gaga 45 jpg
lady gaga 47 jpg
lady gaga 48 jpg

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...