စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရာသီအပြောင်းအလဲတွင် အအေးမိသူများကို ကုသရန်နည်းလမ်းများ

                
ရာသီအပြောင်းအလဲကာလများတွင် အအေးမိခြင်းနှင့် ချောင်းဆိုး  ခြင်းကို လူအများကြုံတွေ့ရသဖြင့် ယင်းအခြေအနေများအတွက် မိမိနေအိမ်၌ပင် ကုသပျောက်ကင်းနိုင်မည့် နည်းလမ်းအနည်းငယ်ကို ကျန်းမာရေးပညာရှင်များက ဖော်ပြထားသည်။

ရာသီဥတု ပူလိုက်အေးလိုက်ဖြစ်တတ်သည့် ရာသီအပြောင်း အလဲကာလများတွင် ချောင်းဆိုးခြင်း၊ အအေးမိခြင်းတို့ကဲ့သို့ ကျန်း မာရေးပြဿနာများ အမြဲကြုံတွေ့ရတတ်သည်။ ထို့အပြင် ယင်းအခြေအနေများကြုံတိုင်း ဆေးဝါးများအပေါ်ချည်းသာ အားမကိုးဘဲယင်းဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကို လျစ်လျူမရှုသင့်ပေ။ ယင်းဆေးဝါးများအစား ဘေးထွက်ဆိုးကျိုးများမရှိသည့် ကောင်းမွန်မြန်ဆန်စွာ ရောဂါကုသနည်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။
ရေနွေးတစ်ခွက်ထဲ ဆားအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေး ခြင်းဖြင့် လည်ချောင်းနာကျင်မှုကို ကုသရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။

ကော်ဖီနှင့် လက်ဖက်ရည်(သို့မဟုတ်)ရေနွေးရိုးရိုးကို မကြာ မကြာသောက်သုံးပေးခြင်းဖြင့်လည်း ရောဂါသက်သာစေနိုင်သည်။
ရေနွေးထဲတွင် နနွင်းမှုန့်၊ ချင်းမှုန့်နှင့် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သောက်ပေးခြင်းဖြင့် ချောင်းဆိုးခြင်းကိုသာ သက် သာစေသည်မဟုတ်ဘဲ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ အအေးမိခြင်းနှင့်ခေါင်းကိုက်ခြင်းတို့ကိုလည်း သက်သာစေနိုင်သည်။

အအေးမိခြင်းအတွက် ရေနွေးငွေ့ရှူပေးခြင်းမှာ အကောင်းဆုံး မိမိဘာသာကုသနည်းတစ်ခုဖြစ်သည်။ ယူကလစ်အဆီကို ရေနွေး ထဲထည့်၍ ရှူပေးပါက မကြာမီရောဂါသက်သာနိုင်သည်။
လက်ဖက်ရည်ဖျော်ရာတွင် ငရုတ်ကောင်းအနက်နှင့်ချင်းစိမ်း ကို ထုချေ၍ ထည့်သောက်ပါက ချောင်းဆိုးခြင်းနှင့်အအေးမိခြင်းအ တွက် များစွာ သက်သာစေမည်ဖြစ်သည်။

အအေးမိချောင်းဆိုးခြင်းအတွက် ဆီးဖြူသီးလည်း စားသုံးပေးရမည်ဖြစ်ပြီး ဆီးဖြူသီးက ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင် သည်။ လည်ချောင်းနာခြင်းအတွက် ထောပတ်ဆီအနည်းငယ်နှင့် ဆားအနည်းငယ်ကို ရေနွေးထဲ ထည့်သောက်ခြင်းဖြင့်လည်း သက် သာပျောက်ကင်းနိုင်သည်။
နွေးသောချိုးရေထဲတွင် ယူကလစ်အဆီ တစ်စက်၊ နှစ်စက် ထည့်၍ ချိုးပေးခြင်းဖြင့်လည်း ရောဂါသက်သာရန် အထောက်အကူ ဖြစ်စေနိုင်သည်။
—Ref: TOI
http://www.7daydaily.com/story/59712

လူချမ်းသာများ ဘယ်တော့မှ လုပ်လေ့လုပ်ထမရှိတဲ့ ငွေကြေးသုံးစွဲမှုအမှား ဆယ်ခု


ပိုက်ဆံဘယ်လိုသုံးရမလဲ ဆိုတဲ့ အကြံပေးမှုမျိုးတွေ ကျွန်ုပ်တို့ မကြခဏကြုံရတယ်ဆိုပေမယ့် အများစုကတော့ စုမိဆောင်းမိမရှိကြပါဘူး။ တခါတရံ ဂွကျကျအကြံမျိုး ဥပမာ၊ နေ့လည်စာကို မစားပါနဲ့၊ ဈေးပေါပေါကော်ဖီကိုသာသောက်ပါ၊ ဆံပင်ကို အကြာကြီးနေမှ တခါညှပ်ပါ စတဲ့ အကြံဥာဏ်တွေလည်း ရတတ်ပါသေးတယ်။ ဒါတွေက မှန်ကန်တဲ့ အကြံမျိုးတွေမဟုတ်ဘဲ ကိုယ့်ကို ပိုတောင် ဆင်းရဲသွားစေနိုင်ပါတယ်။

အဆိုပါ ငွေကြေးနဲ့ဆိုင်တဲ့ အကြံတွေကို လူတော်တော်များများ ပေးတတ်ကြပေမယ့် အများစုကတော့ ချောက်ထဲကျစေမယ့် အိုင်ဒီယာတွေပါပဲ။ ဒါပေမယ့် စာဖတ်သူတို့ အောက်မှာ ဆက်လက်ဖတ်ရှု့ရမယ့် အချက်အလက်တွေကတော့ ကိုယ်တိုင် မီလျံနာတစ်ဦးဖြစ်အောင် ကြိုးစားနိုင်ခဲ့တဲ့ သူတစ်ယောက်ရဲ့ လက်တွေ့အကြံဥာဏ်တွေပါပဲ။

သင့်မှာ ၀င်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းတစ်ခုရှိတယ်။ နေရာတော်တော်များများမှာလည်း အကောင်းဆုံး စီမံခန့်ခွဲနိုင်တယ်။ ဒါပေမယ့် “ငါဘာကြောင့် အခုထိ မကြွယ်ဝသေးတာလဲ” လို့ ကိုယ့်ကိုကိုယ် ပြန်တွေးမိလိမ့်မယ်။ ဒါရဲ့အဖြေက သင် ပိုက်ဆံအပေါ် ဘယ်လိုတွေးတော်၊ ခံစားပြီး သုံးစွဲလဲဆိုတာ အပေါ် မူတည်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ အချက် ၁၀ ချက်ကတော့ လူချမ်းသာတွေ ဘယ်တော့မှ လုပ်မယ့်အရာတွေ မဟုတ်ပါဘူး။

၁။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခြင်း။

အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မီလျံနာတစ်ဦးဖြစ်သူ ဘန်းဂျမန်း ဖရန့်ကလင်းက သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံခြင်းက အကောင်းဆုံးအတိုးကို ရပါလိမ့်မယ် လို့ ဆိုခဲ့ပါတယ်။ အများအားဖြင့် ၀န်ထမ်းများဟာ သူတို့ကုမ္ပဏီက သူတို့ကို စာအုပ်တွေဝယ်ပေးဖို့၊ ဆီမီနာတွေ လွှတ်ဖို့၊ သင်တန်းတက်စေဖို့ မျှော်လင့် မှီခိုတတ်ကြပါတယ်။ ဒါပေမယ့် သင့်သာ အမှန်တကယ်ကြွယ်ဝလိုပါက အသိပညာတွေကို တခြားသူပေးမှရမယ်ဆိုတဲ့ စိတ်မထားဘဲ ကိုယ်တိုင် လက်လှမ်းယူရပါလိမ့်မယ်။ ဒါကြောင့် သင့်ကိုယ်သင်ရင်းနှီးမြှုပ်နှံပါ။

၂။ အလွန်အကြူးအပျော်ရှာခြင်း။

မနေ့က Dave and Buster ကလပ်ကို အထူးဖွင့်ပွဲ အတွက် သွားရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ အသက် ၂၁ ကနေ ၃၅ အကြားလူငယ်အများအပြား သူတို့ရဲ့ အဖိုးတန်လှတဲ့ အချိန်နဲ့ ငွေတွေ သုံးဖြုန်းတာ မြင်ခဲ့ရပါတယ်။ လူအများစုဟာ ခဏတာသာယာဖို့အတွက် သူတို့ဝင်ငွေရဲ့ ၃၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ ဖျော်ဖြေရေးမှာ သုံးစွဲကြပါတယ်။ လူချမ်းသာတွေကတော့ သူတို့ရဲ့ အိပ်မက်တွေဖြစ်လာဖို့အတွက် အချိန်နဲ့ ငွေကြေးကို ရင်းနှီးကြပါတယ်။

၃။ အကြွေးဝယ်ကဒ်သုံးပြီး ၀ယ်ယူခြင်း။

လူများဟာ သူတို့ မနှစ်သက်တဲ့သူတွေ အားကျစေဖို့ သူတို့မှာ မရှိတဲ့ ပိုက်ဆံတွေနဲ့ အကြွေးဝယ်ကဒ်ကို သုံးပြီး သူတို့ မ၀ယ်နိုင်တဲ့ ပစ္စည်းတွေကို ၀ယ်ယူကြပါတယ်။ ဒီအဖြစ်ဟာ မြင့်မားလှတဲ့ အတိုးတွေနဲ့ လူအတော်တော်များများကို မျှော်လင့်ချက်မဲ့စွာ ကျဆုံးစေပါတယ်။ လူတစ်ယောက်ဟာ အမှန်တကယ် ချမ်းသာချင်ရင် သူတို့ရဲ့ အကြွေးဝယ်ကဒ်ကို လုပ်ငန်းတိုးတက်ဖို့ရာမှာသာ သုံးစွဲသင့်ပါတယ်။ ပုဂ္ဂလိက ကုန်ကျစာရိတ်တွေမှာ မသုံးသင့်ပါဘူး။

၎။ အိမ်ထောင်ဘက်မသိအောင် သိမ်းဆည်းထားခြင်း။

အိမ်ထောင်သည် အများစုဟာ ငွေရေးကြေးရေးအကြောင်း မပြောကြပါဘူး။ ဒါက သူတို့ကို အနေရခက်စေပြီး စကားအချေအတင်ဖြစ်စေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အိမ်ထောင်ဘက်ကို သင်ဘယ်လောက် ရတယ် မပြောသရွေးတော့ မချမ်းသာနိုင်ပါဘူး။ ငွေကြေးဆိုတာ ချစ်ခြင်းမေတ္တာပါဝင်မှ ပြီးတော့ နှစ်ယောက်စလုံးက အိမ်ရဲ့ ဘဏ္ဍာရေးအခြေအနေကို သေချာစွာ နားလည်ထားမှ တိုးပွားနိုင်မှာ ဖြစ်ပါတယ်။

၅။ အိမ်အပေါင်ထားခြင်း။

တချို့ တကယ်မချမ်းသာပေးမဲ့ ချမ်းသာချင်တဲ့ လူတွေက အိမ်ကို အပေါ်ထားတတ်ကြပါတယ်။ အိမ်အပေါင်ထားခြင်းဟာ ငွေပြန်ရဖို့ အဆုံးမရှိတဲ့တိုက်ပွဲတစ်ခုလို ဖြစ်စေပါတယ်။ အိမ်ကို အပေါင်ထားလိုက်တဲ့အခါမှာ ပုံမှန်ထက်ကို နှစ်ဆလောက် ပိုပြီး ပြန်ပေးရတတ်ပါတယ်။ ချမ်းသာတဲ့သူတွေကျတော့ အိမ်အပေါင်မထားပဲ နောက်တစ်လုံး ၀ယ်နိုင်တဲ့အထိ ငှားတတ်ကြပါတယ်။

၆။ ပုံမှန်အတိုင်း ပင်စင်စားခြင်း။

ပင်စင်လစာပေါ်ကိုပဲ မှီခိုမယ်၊ အသက်အာမခံလေးတစ်ခုရှိမယ်ဆိုတာနဲ့တင်ကျေနပ်နေရင် တိုက်တန်းနစ်သင်္ဘောစီးသွားတာကတောင် ပိုကောင်းပါဦးမယ်။ သင့်အသက် ခြောက်ဆယ်မှာ သုံးဖို့ ငွေကြေးအချို့ စုမိထားတယ်ဆိုဦးတော့ ဒါက လိင်အစွမ်းကို အသက်ကြီးမှသုံးမယ်ဆိုပြီးစုထားသလိုပဲ ဖြစ်နေမှာပါ။ ဒီလိုကျေနပ်မယ့်အစား ငယ်တုန်းမှာ ပိုင်ဆိုင်မှုတွေကို ရှာဖွေစုဆောင်းထားပါ။

၇။ အပေါစား အသုံးအဆောင်များကို ၀ယ်ယူခြင်း။

အဖိုးနည်းပစ္စည်းဝယ်သူတွေနဲ့ ကူပွန်သုံးသူတွေကတော့ ဒါကို မြင်ရင် ကြိုက်မှာမဟုတ်ပါဘူး။ တန်ဖိုးနည်း ပစ္စည်းကို ၀ယ်မယ်ဆိုရင် သူနဲ့ထိုက်တန်တဲ့ အရည်အသွေးပဲ ရပါလိမ့်မယ်။ တန်ဖိုးနည်းပစ္စည်းတွေ ၀ယ်မယ့်အစား ရနိုင်တဲ့ အကောင်းဆုံးပစ္စည်းတွေကိုသာ ရွေးဝယ်ပါ။ ချမ်းသာတဲ့သူတွေက ဒေါ်လာ ၄၀ တန်အင်္ကျီဟာ လေးနှစ်ခံနိုင်တဲ့အချိန်မှာ ဆယ်ဒေါ်လာတန်အင်္ကျီဟာ တစ်နှစ်ပဲခံပြီး နှစ်တိုင်းလဲနေရမှာ ဖြစ်ပါတယ်။

၈။ ပျော်ရွှင်မှုမရှိခြင်း။

လူတွေက ရက်သတ္တပါတ် ၅၀ လုံးလုံး အလုပ်လုပ်နေတဲ့အချိန်မှာ ခွင့်ကို မျှော်ကြပေမယ့် တကယ်အနားယူခွင့်ရတဲ့ နှစ်ပါတ်မှာကျတော့ အလုပ်ကိုပဲ သတိရနေကြပြန်ပါတယ်။ ချမ်းသာခြင်းရဲ့ တကယ့်အမှန်တရားအစစ်က ဆယ်ဒေါ်လာပဲဖြစ်ဖြစ် ဒေါ်လာတစ်ရာပဲဖြစ်ဖြစ် သင့်ရှာဖွေလို့ရထားတဲ့ငွေ အပေါ် ပျော်ရွှင်ကျေနပ်မှု ရှိနေခြင်းပါပဲ။ သင်သာ သင့်ငွေတွေကို တကယ် လေးစားမှုရှိတယ်၊ ကျေနပ်ဝမ်းသာမှု ရှိတယ်ဆိုရင် သင့်ရဲ့ ပိုက်ဆံတွေဟာ များပြားကြွယ်ဝလာမှာပါ။ သင် ကျေနပ်ဝမ်းသာစွာလိုချင်တဲ့အရာ ပြည့်ဝလာမယ်ဆိုတဲ့ သဘောပါပဲ။

၉။ ငွေကြေးမစုဆောင်းခြင်း။

လူအများစုဟာ သူတို့ရှာဖွေလို့ရလာတဲ့ ပိုက်ဆံတွေကို အထွေထွေပစ္စည်းတွေမှာ သုံးစွဲ ပစ်လိုက်ကြပါတယ်။ သူတို့ဟာ ဘဏ်အကောင့်ထဲမှာ ငွေရှိနေပြီဆိုရင် သူတို့ဘာလိုသလဲဆိုတာ ချက်ချင်းတွေးမိပြီးတော့ အလိုအလျောက် ၀ယ်လိုက်ကြပါတယ်။ ဒါပေမယ့် ဒီ စိတ်မထိန်းနိုင်တဲ့ အပြုအမူကို ဖယ်ရှားရပါလိမ့်မယ်။ လူချမ်းသာများဟာ သူတို့ရှာဖွေတာရဲ့ ၁၀ ရာခိုင်နှုန်းကို အနည်းဆုံး စုဆောင်းမိကြပါတယ်။ သူတို့ လိုအပ်တယ်ထင်ရင်တောင်မှ အဲဒီပမာဏထဲကနေ ယူသုံးတာ ရှားပါတယ်။

၁၀။ ငွေရှာဖို့အတွက်သာ အလုပ်လုပ်ခြင်း။

ဒီကမ္ဘာမှာရှိတဲ့ လူတော်တော်များများက ငွေရဖို့အတွက်ပဲ အလုပ်လုပ်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် လူချမ်းသာတွေကတော့ ငွေကို ခိုင်းကြပါတယ်။ ငွေဆိုတာ သူတို့ရဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်ထဲတင်လိုက်တဲ့ အခါ ထွက်လာတဲ့ ဘေးထွက်ပစ္စည်းလိုသာ သတ်မှတ်ကြပါတယ်။ ဒါ့အပြင် သူတို့ ကြွယ်ဝမှုဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကြောင့်မို့ လူအများ အကျိုးခံစားမှုတွေနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘယ်တော့မှ ငွေအတွက် အလုပ်မလုပ်ကြပါဘူး။
ဒီအပြောင်းအလဲကို လုပ်မယ်ဆိုရင် သင့်ဘ၀ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ အထက်ပါအကျင့်တွေကို ရှောင်ကျဉ်မယ်ဆိုရင် ချမ်းသားဖို့ ခရီးလမ်းမျာ လမ်းကြောင်းပေါ်ရောက်နေပါပြီ။

(ဘာသာပြန်စာပေ)
Daniel Ally, Contributor, Self-made millionaire and Business Expert


https://www.facebook.com/myanmaentrepreneurs/photos/a.1427500567529655.107374182

ပူပင်တာတွေ ရပ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ခရီးဆက်နိုင်ဖို့ဆိုရင်

 

ပူပင်ခြင်းက ဖြစ်လာမယ့် ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ဒီနေ့ပျော်ရွှင်မှုကိုပဲ ဖျက်ဆီးနိုင်တာပါ။
၁။ ပူပင်နေရုံနဲ့ ဘာမှ ဖြစ်မြောက်မသွားဘူးဆိုတာ သတိရပါ။
ပြီးသွားခဲ့ပြီးသား ကိစ္စတစ်ခုအတွက် စိတ်ညစ်ခံပြီး အချိန်တွေနဲ့ စွမ်းအင်တွေ အဆုံးရှုံးမခံပါနဲ့။
ဖြစ်မလာသေးတဲ့အတွက်လည်း ဖြစ်လာနိုင်ခြေတွေကို တွေးပြီး ပူပင်မနေပါနဲ့။
 

၂။ သင့်ရဲ့ စွမ်းအင်တွေကို ပြဿနာဖြေရှင်းရာမှာ အသုံးချပါ
လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုကို စဉ်းစားဆုံးဖြတ်ပါ။
စိတ်ပူပင်မှုတွေ မရှိအောင် ဖြစ်လာနိုင်မယ့် ပြဿနာအတွက် ကြိုတင်ရင်ဆိုင်ဖြေရှင်းပါ။ (ဥပမာ - ရုံးနောက်ကျလို့ အပြောခံရမှာ စိုးရိမ်မနေဘဲ ကိုယ့်ရဲ့ အခက်အခဲကို ရှင်းပြတာမျိုး)
 

၃။ ဘယ်လိုမှ ကိုယ်ဖြေရှင်းလို့မရတဲ့ အခြေအနေမျိုးဖြစ်လာတဲ့အခါ ဖြစ်သမျှကို လက်ခံလိုက်ပါ
ဒီဖြစ်ရပ်ကြောင့် စိတ်ညစ်မယ့်အစား အဲဒီကနေ သင်ခန်းစာယူပါ။
ဝမ်းနည်းကြေကွဲရတဲ့ ဒီအခိုက်အတန့်ဟာ ခဏတာပဲ၊ အမြဲတမ်း နာကျင်နေမှာမဟုတ်ဘူးဆိုတာကို လက်ခံပြီး ဘဝကို အကောင်းဘက်က ရှုပါ။ အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ ယုံကြည်မှုတွေကို ရှာဖွေတည်ဆောက်ပါ။
Source & Photos : Healthdigests

http://www.duwun.com.mm/lifestyle/-id4782047.html?utm_source=facebook&utm_medium=social&utm_campaign=art-HappyLifeTips-2016-3-10 
Related Posts Plugin for WordPress, Blogger...