စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label မြန်မာ. Show all posts
Showing posts with label မြန်မာ. Show all posts

ကဖို့မလွယ်တဲ့ ထားဝယ်ရိုးရာရေအိုးရွက်အက



ထားဝယ် ရိုးရာရေအိုးရွက် အကကို ရုပ်သံများတွင် မကြာခဏ မြင်ဖူး
ကြမှာပါ။ ထားဝယ်သူ အချောအလှလေးများရဲ့ အကကို ကြည့်ရင်း
ဒီအကဟာ ပုံမှန်အက တစ်ခုလို့ပဲ မြင်မိကြမှာပါ။ တကယ်တော့ ထား
ဝယ် ရေအိုးရွက် အကဟာ လူတိုင်းကတတ်ရန် မလွယ်ပါချေ။

ရေအိုးရွက်အကကို ထားဝယ်ရိုးရာယဉ်ကျေးမှု တစ်ခုအဖြစ် သတ်မှတ်
ထားကြသော်လည်း သရက်ချောင်းမြို့နယ်တွင်သာ ဒေသရိုးရာ ယဉ်
ကျေးမှု တစ်ရပ်အဖြစ် တန်ဖိုးထားထိန်းသိမ်းထားတာ လို့ သိရပါတယ်။

ကိုယ်တိုင်ကပြနေသူများပြောကြားချက်အရ ဒီအကဟာ အမြင်လွယ်
သလောက် သင်ရခက်တယ်လို့ ဆိုပါတယ်။ ရေအပြည့်ထည့်ထားတဲ့
အိုးကို ခေါင်းပေါ်ရွက်ပြီး က ရ တာကြောင့် ဖြစ်ပါတယ်။ ရေအပြည့်
ရှိကြောင်းကို အများသူငှာသိစေဖို့ အိုးထဲကရေပေါ်တွင် ရေခွက်က
လေး တစ်ခွက် တင်ပေးထားရပါတယ်။ ပြီးတော့ ရွက်ထားတဲ့ ခေါင်း
နဲ့ အိုးကြားမှာ ဘာအခုခံမှမရှိတာကို သေခြာကြည့်ရင် တွေ့ရမှာပါ။
ကဖို့ မဆိုထားနဲ့ ပုံမှန်ရေတစ်အိုးကို အခုအခံမပါပဲ ရပ်ဖို့ဆိုရင်တောင်
အတော်ကြိုးစား ရမှာပါ။

ရွက်ထားတဲ့ အလေးချိန်ကလည်း ပေါ့ပေါ့လေး မဟုတ်။ ဒါကိုတောင်
တစ်အိုး နှစ်အိုး မက သုံးအိုး ရွက်က နိုင်သူများလည်း ရှိပါတယ်။
ရေအိုး တစ်အိုးရဲ့ အလေးချိန်ဟာ ၇ ပိဿာ ရှိပြီး နှစ်အိုးရွက် က တဲ့သူအတွက် ၉ ပိဿာ ၊ သုံးအိုးရွက် က တဲ့သူ အတွက် ၁၁ ပိဿာ
အသီးသီးအလေးချိန် ရှိပါတယ်။ (အောက်ဆုံး တစ်အိုးသာ အကြီးဖြစ်
ပြီး အပေါ်အိုးများမှာ သေးသွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ် )

၇ ပိဿာ အလေးချိန်ကို အခုအခံမပါပဲ ရွက်ရတာကြောင့် အချိန်အနည်းငယ်မျှနှင့်ပင် ခေါင်းကျိန်းနိုင်ပါတယ်။ ရေအိုးရဲ့ဖင်မှာလည်း ချိုင့်ခွက် မရှိ
သလို ၊ ကဖို့ အတွက် သီးသန့်ရေအိုး ဆိုတာကလည်း မရှိတာကြောင့်
ပုံမှန်ရေအိုးများနှင့်ပင် က ရတာကြောင့် ပြုတ်ကျဖို့ လွယ်ပါတယ်။ အရေး
အကြီးဆုံး အချက်မှာ ကမည့် အမျိုးသမီးဟာ အပျိုဖြစ်ရပါမည် ဆိုတာပါပဲ။
ခက်ခဲလှတာကြောင့် ဒီထားဝယ် ရိုးရာရေးအိုးရွက် အကကို ကျွမ်းကျင်စွာ
ကနိုင်သည့် လှပျိုဖြူ အနည်းငယ်သာ ရှိတယ် လို့ သိရပါတယ်။

ဒီအက ကိုစိတ်ဝင်စားလို့ ကြည့်ချင်ရင်ဖြင့် အောက်က လင့်က သွားရောက်ကြည့်ရှု့နိုင်ပါတယ်။
Video Link= https://www.youtube.com/watch?t=48&v=r-RAtWTUPOo
Ref:
လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ - မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

https://www.facebook.com/ayesaycommm/posts/456389031199874

နှစ်ပေါင်း ၁၀၀ ကျော်တိုင်အောင် မြန်မာတို့ရဲ့သတ္တိကိုပြသနေဆဲ နေရာ (သို့) မင်းလှခံတပ်


တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲဟု ဆိုလိုက်လျင် မင်းလှခံတပ်ကို
ပြေးမြင်မိကြမှာပါ။ ဒီနေရာမှာ အင်္ဂလိပ်-မြန်မာစစ်ပွဲများ တလျှောက်
အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

 ဧရာဝတီ မြစ်ကြောင်း အတိုင်းဆန်တက်လာမယ့် အင်္ဂလိပ်စစ်သင်္ဘောများကို အပေါ်စီးမှ ခုခံတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ မင်းလှ ခံတပ် နဲ့ ကွေ့ချောင်းခံတပ်တို့ကို တည်ဆောက်ခဲ့ ခြင်းဖြစ်ပါတယ်။
ဒီခံတပ်များကို မြန်မာသက္ကရာဇ် ၁၂၂၂-၂၃ ခုနှစ် မှာ ကနောင်မင်းသား
ကြီး ဦးဆောင်ကာ ပြင်သစ်နဲ့ အီတာလျံလူမျိုး အင်ဂျင်နီယာများနဲ့
နိုင်ငံခြားပညာတော်သင်ပြန် မြန်မာအင်ဂျင်နီယာလူငယ်များက ပူးပေါင်းတည်ဆောက်ခဲ့ပြီး ၁၂၂၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

 မင်းလှ ခံတပ်ဟာ မင်းလှမြို့ ဧရာဝတီမြစ်ကမ်းထိပ်မှာ တည်ရှိပြီး ပုံစံကတော့
လေးထောင့်စတုရန်းဆန်ဆန်ဖြစ်ပါတယ်။ မင်းလှခံတပ်ကိုမြေပေါ်တွင် တည်ဆောက်ထားပြီး တစ်ဖက်ကမ်းက ကွေ့ချောင်းခံတပ်ကိုတော့
မြေတွင်းမှာတည်ဆောက်ထားပါတယ်။ ခံတပ်များတည်ဆောက်ရာ
၌ ဖော်စပ်သောအင်္ဂတေတွင် ထုံး၊ သဲ၊ ရေ၊ ထန်းလျက်၊ အုံတုံ၊ ကျွဲကော်များ ရောစပ်၍ မောင်းစင်တွင် ထည့်ထောင်းရာစေးချွဲမှ ယူပြီး
လျှင် နံရံတွင် ပစ်ကြည့်ကြောင်း၊ ပစ်၍ကွာမကျပဲ ကပ်နေမှ အင်္ဂတေအ
ဖြစ် အသုံးပြုကြောင်း သိရပါတယ်။

အကျယ်အ၀န်းကတော့ ခံတပ်အပြင်အလျားမှာ ၁၇၃ ပေ ၇ လက်မ၊ အပြင်နံရံမှာ ၁၃၁ ပေ ၄ လက်မ ရှိပြီး အတွင်းအလျားမှာ ၁၀၈ ပေ ၈ လက်မ၊ အနံမှာ ၈၈ ပေ ၄ လက်မ ဖြစ်ပါတယ်။ မြောက်ဘက်တွင်
ထူးထူးခြားခြား ပထမနံရံအုတ်ရိုးကို အပြင်မှ အတန်ခွာ၍ အုတ်ရိုး တစ်ထပ်ထက်၍ ကာရံထားပါတယ်။ နံရံအထူမှာ ၁၇ ပေ ၃ လက်မရှိပြီး အုတ်ရိုး၏ အမြင့်မှာ အတွင်း ၂၃ ပေ ၅ လက်မ၊ အပြင် ၂၅ ပေ ၉ လက်မ ရှိပါတယ်။ ဒီခံတပ်မှာ တံခါးပေါက်ပေါင်း ၁၆ ပေါက် အပြင် လှေကားကြီး
၎ စင်းလည်း ပါရှိပါတယ်။ ခံတပ်အောက်ဘက်မှာတော့ စစ်သည်များ
နေထိုင်ရန် နှင့် ရိက္ခာ သိုလှောင်နိုင်ရန် အခန်းပေါင်း ၂၁ ခန်း ပါရှိပါ
တယ်။ ခံတပ် နှစ်ခုစလုံး တန်ဖိုးမှာ ဒေါင်းဒင်္ဂါး ကျပ်ပြားရေ ငွေတော် ၇ သိန်းကျော် ကုန်ကျခဲ့တယ် လို့ သိရပါတယ်။

၁၂၄၇ တန်ဆောင်မုန်းလဆန်း ၈ ရက်တွင် အင်္ဂလိပ်ဗိုလ်ချုပ် ပရင်ဒါဂတ်
(Prendergast) ဦးဆောင်တဲ့ အင်္ဂလိပ်စစ်တပ်များဟာ အင်္ဂလိပ်-မြန်မာ နယ်ခြားဖြစ်
သော ဒဂုံမော်ကျောက်တိုင်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာ့လွှတ်တော်၏ အင်္ဂလိပ်ကို ခုခံရင် သူပုန် ဟူသောအမိန့်တော်
ကြောင့် မည့်သည့်နေရာတွင်မှ အင်္ဂလိပ်တို့ဟုတ်တိပတ်တိ မခုခံခဲ့ပါ
ချေ။ သို့သော် မင်းလှခံတပ်က မင်းကြီးမဟာသမိန်ဘရမ်း (မင်းလက် ၀ါးကြီး)၊ လှေသင်းဗိုလ် မင်းလှရဲခေါင်တို့ကတော့ အမိန့်တော်ကိုမနာ
ခံပဲ အင်္ဂလိပ်တို့ကိုနောက်ဆုံးအချိန်ထိ အလျော့မပေးပဲ အသေခံကာ တိုက်ခိုက်ကြဖို့ မြန်မာတပ်များကို အမိန့်ပေးခဲ့ပါတယ်။ မင်းလှခံတပ် တိုက်ပွဲတွင် မြန်မာဘက်မှ မင်းထင်မင်းလှရဲခေါင်သူရိန်နှင့် တပ်သား ၅၀၀ ကျော်တို့က အမြောက်ကြီး ၃၅ လက်၊ ဓား၊ သေနတ်၊ မီးပေါက်တို
့ဖြင့် ခုခံတိုက်ခိုက်ခဲ့သည်ဟု မင်းလှခံတပ်မှတ်တမ်း ကျောက်စာတိုင်တွင်
ဖော်ပြထားပါတယ်။

သို့သော် မည်မျှပင်ရဲဝံ့စေကာမူ လူအင်အား၊ လက်နက်အင်အား၊ နည်းပ
ရိ ယာယ် ကွာခြားမှုများကြောင့် နောက်ဆုံးမှာတော့ မင်းလှခံတပ်ကျ သွားခဲ့ပါတယ်။တိုက်ပွဲအပြီးမှာ မြန်မာဘက်မှ ၁၇၀ ကျဆုံးပြီး ၂၇၆
ယောက်အဖမ်းခံခဲ့ရပြီး အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ်တစ်ယောက် အပါအပါအ၀င် ၈ ယောက် ကျဆုံးပြီး ၂၃ ယောက် ဒါဏ်ရာ ရခဲ့ပါတယ်။ ကျဆုံးစစ်ဗိုလ်ဂျူရီရဲ့ ဂူမှာ ယခုတိုင် မင်းလှမြို့ မှာရှိပါသေးတယ်။ မင်းလှခံတပ်ကို အင်္ဂလိပ်တို့က ၁၉၀၄ ခုနှစ်တွင် ဈေးအဖြစ် အသုံးပြုခဲ့ ပါတယ်။ ယခုအခါတွင်တော့ သမိုင်းဝင်မင်းလှခံတပ်ဟာ နှစ်ကာလ
ကြာမြင့်ခြင်း၊ မြစ်ရေတိုက်စားခြင်း၊ ထိန်းသိမ်းမှုအားနည်းခြင်းတို့
ကြောင့် အတော်အတန်ပျက်စီးနေပြီ ဖြစ်ပါတယ်။
နောက်ဆုံးအချိန်ထိ ဒူးမထောက်လက်မမြှောက်တိုက်ပွဲဝင်ခဲ့တဲ့ မြန် မာတို့ရဲ့စိတ်ဓာတ်ကို နှစ်ပေါင်း ၁၀၀ ကျော်တိုင်အောင် ပြသနေတဲ့ မင်းလှခံတပ်အကြောင်းကို ဗဟုသုတအဖြစ်ရှာဖွေတင်ပြလိုက်ပါ
တယ်။

Ref:
တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ နှင့် မင်းလှခံတပ် - သမိုင်းသုတေသီများ
မြန်မာ့ စွယ်စုံကျမ်း အတွဲ ၉
မင်းတပ်ခံတပ်ကြီး၏ သမိုင်းပုံရိပ် - မကွေးလှမြင့်

 https://www.facebook.com/ayesaycommm/posts/454511341387643
 

 https://www.facebook.com/ayesaycommm/posts/454511341387643

ဦးပိန်တံတားဟာ ကမ္ဘာ့အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ် တံတား

 

ဦးပိန်တံတားဟာ ကမ္ဘာ့အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ်
တံတားဖြစ်ပါတယ်

ကမ္ဘာလှည့် ခရီးသည်တွေ အလွန် ကြိုက်နှစ်သက်တဲ့ မြန်မာပြည်မှ အထင်ကရ နေရာတွေထဲကမှ ဦးပိန် တံတားဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဦးပိန် တံတားဟာ မန္တလေးမှာ တည်ရှိပြီး ကမ္ဘာ့အထင်ကရ သစ်သား တံတားတွေထဲမှာလည်း ပါဝင်ပါတယ်။ အဓိက တည်ဆောက်တဲ့သူ ဦးပိန်ကို အဆွဲပြုပြီးတော့ ဦးပိန်တံတားလို့ ခေါ်ဆိုကြောင်း သိရပါတယ်။

တစ်ချို့ကလည်း ဦးပိန်တံတားလို့ မခေါ်ဘဲ တောင်သမန်အင်းပေါ်မှာ တည်ရှိလို့ တောင်သမန် တံတားလို့ ခေါ်ဝေါ်ကြောင်း သိရပါတယ်။ တံတားဟာ ၃၉၆၇ ပေ ရှည်ပြီးတော့ ကမ္ဘာ့ အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ် တံတား တစ်စင်း အဖြစ် အသိအမှတ် ပြုထားတာကိုလည်း တွေ့ရပါတယ်။

သူ့ထက်ရှည်တဲ့ တံတားတွေ ကမ္ဘာပေါ်မှာ ရှိပေမယ့် ကျွန်းသစ် မဟုတ်ပါဘူး။ ဦးပိန် တံတားကတော့ ကျွန်းသစ်နဲ့ ပြုလုပ် တည်ဆောက် ထားတဲ့ တံတားတွေထဲမှာ အရှည်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ၁၈၅၀ ခုနှစ်လောက်မှာ စတင် တည်ဆောက် ခဲ့တာ ဖြစ်လို့ ယခုဆိုရင် များစွာကြာမြင့် နေခဲ့ပါပြီ။ နှစ်တွေ ကြာတာနဲ့ အမျှ တစ်ချို့ နေရာလေးတွေကတော့ အနည်းငယ် ယို့ယွင်း ပျက်စီးမူတွေ ရှိလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာပြည် ကိုယ်စားပြုတဲ့ အထင်ကရ နေရာများထဲမှ တစ်ခုဖြစ်တဲ့ ဦးပိန် တံတားဟာ တန်ဖိုးဖြတ်လို့ မရတဲ့ အမွေအနှစ် တစ်ခု ဖြစ်ပါတယ်။ နိုင်ငံ့ ဂုဏ်ဆောင် ကမ္ဘာ့ အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ်သား တံတား တစ်ခုလည်း ဖြစ်လို့ ရေးသားလိုက် ရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

Photo by - Ye Lwin Oo

https://www.facebook.com/YoYarLay/photos/a.247917771918149.56547.1716477662

အဘိဓမ္မာ ကိုပထမဆုံး အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးသူ


                                    
ဦးရွှေဇံအောင်ကို ၁၂၃၂ ခုနှစ်၊ ပြာသိုလကွယ်နေ့ (၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့) တွင် စစ်တွေမြို့၌ ဖွားမြင်သည်။ ခရိုင် ရာဇဝတ် ဦးရွှေသားနှင့် ဒေါ်အဖြူဇံတို့၏ သားသမီး ၄ ယောက် အနက် သားအကြီးဆုံး ဖြစ်သည်။
၁၉၁၄ ခုတွင် မြေဘက်ဌာန၌ ထူးချွန်စွာ ဆောင်ရွက်မှု အတွက် ဗြိတိသျှအစိုးရက ဦးရွှေဇံအောင်ကို အေ-တီ-အမ် (အမှုထမ်းကောင်း တံဆိပ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့်သည်။
ဦးရွှေဇံအောင်သည် အလုပ်တာဝန် ထမ်းဆောင်ရင်း စာပေ ကျမ်းဂန်များကို လေ့လာ ဆည်းပူးသည်။ ၁၈၉၅ ခုနှစ်မှ စ၍ ဆရာတော် ဦးဂန္ဓမာ ထံ၌ အဘိဓမ္မာ တရားတော်ကို လေ့လာ သင်ယူသည်။ လယ်တီ ဆရာတော် ထံတွင်လည်း မပြတ် ဆည်းကပ်ကာ ဆည်းပူးသည်။ မြန်မာ၊ ပါဠိ၊ အင်္ဂလိပ်၊ လက်တင်၊ စာပေ ကျမ်းဂန်များကို လေ့လာ တတ်ကျွမ်းသည်။

၁၉ဝဝ ပြည့်နှစ်ခန့်က ဗုဒ္ဓသာသနာတော် ထွန်းကားရေး အတွက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော "ဗုဒ္ဓဝါဒ" မဂ္ဂဇင်းတွင် အဘိဓမ္မာ တရားတော် အကြောင်း ပါဝင် ရေးသားခဲ့သည်။ ထိုမဂ္ဂဇင်းကို ကြီးမှူး ထုတ်ဝေသော ရှင်အာနန္ဒာ မေတ္တေယျကို အကြောင်းပြု၍ လန်ဒန် ပါဠိ အသင်းကြီး ဥက္ကဋ္ဌ မစ္စစ်ရစ်ဒေးဗစ်နှင့် ရင်းနှီးသွားပြီး ညှိနှိုင်း တိုင်ပင်ကာ 'အဘိဓမ္မတ္ထသင်္ဂဟ (သဂြိုဟ်ကျမ်း)' ကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်။ မစ္စစ် ရစ်ဒေးဗစ်နှင့် လယ်တီ ဆရာတော်တို့၏ ဗုဒ္ဓ အဘိဓမ္မာနှင့် စပ်လျဉ်းသော အမေး၊ အဖြေများကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးသည်။

ဦးရွှေဇံအောင်သည် ပါမောက္ခ ဂျီဗန်း၏ လောဂျစ်ကျမ်းကို မှီငြမ်းပြု၍ 'တက္ကိယ နယဒီပနီ' အမည်ရှိ ယုတ္တိဗေဒ ကျမ်းကို ရေးသား ပြုစုသည်။ ဂျီဗန်း၏ ကျမ်းကို သဘောနှင့် အစီအစဉ် လောက်သာ မှီး၍ ဝေါဟာရ သုံးနှုန်းပုံ၊ ဥဒါဟရုဏ် ဆောင်ပုံတို့မှာမူ မြန်မာဆန်သည်။ ထို့ပြင် အထက်တန်းကျသော ဆေးပညာ အတွေးအခေါ်များ ပါဝင်သော ဇရာလက္ခဏာဒိ ဒီပနီကျမ်း၊ 'ဂန်းနော့' ၏ ရူပဗေဒကျမ်းကို မြန်မာပြန်သော ရူပဒီပနီကျမ်း၊ သိုးဆောင်း ဘာသာ 'အနတ္တမီ' ကျမ်း၊ 'ဖီဇီ အော်လိုဂျီ’' ကျမ်းများကို မဟာ သတိပဋ္ဌာနသုတ် ပါဠိတော် အဋ္ဌကထာတို့မှ ဒွတ္တိ သကာယ အကြောင်းများနှင့် ညှိနှိုင်း ရေးသားသော 'ကာယင်္ဂကိစ္စ သင်္ဂဟဒီပနီကျမ်း'၊ အနောက်တိုင်း မှော်ပညာ ကျမ်းတကျမ်းကို မြန်မာပြန်သော 'ဝိဇ္ဇာမယိဒ္ဓိ ဒီပနီကျမ်း' တို့ကို ပြုစုခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း 'ယမက ခေါ် ယမိုက်ကျမ်း'၊ 'ကထာဝတ္ထု ကျမ်း'၊ 'အဘိဓမ္မတ္ထ သင်္ဂဟကျမ်း (သဂြိုဟ်)' တို့ကို ရေးသားခဲ့သည်။ 'လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေ ရတု' ကိုလည်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။ မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင်လည်း ဆောင်းပါးများစွာ ရေးသားခဲ့သည်။ နောက်ဆုံး ပြုစုသော 'လူမျိုး တစ်ရာ့တစ်ပါး' ကျမ်းမှာ ပြီးမြောက်သော်လည်း ပုံနှိပ် ထုတ်ဝေခြင်း မပြုဖြစ်ကြောင်း သိရသည်။

ထိုမျှမက မြန်မာအဆွေ ကုမ္ပဏီက ရိုက်ကူးသော မြတဘက် ဇာတ်ကားကိုလည်း ဦးရွှေဇံအောင်က ဇာတ်ညွှန်း ရေးသားခဲ့ကြောင်း သိရသည်။

မြန်မာ - အင်္ဂလိပ် နှစ်ဘာသာစလုံးတွင် ကျွမ်းကျင် နှံ့စပ်သော ပညာရှင် ဖြစ်သည့် အလျောက် ဆရာကြီး ဦးရွှေဇံအောင်ကို ၁၉၃၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်က ဒီလစ် (စာပေ ပါရဂူ) ဘွဲ့ ချီးမြှင့်သည်။ သို့သော် ဘွဲ့နှင်းသဘင် ကျင်းပရန် ၁ဝ ရက်ခန့် အလို ၁၂၉၄ ခု၊ ကဆုန်လဆန်း ၇ ရက် (၁၉၃၂ ခု၊ မေလ ၁၁ ရက်) တွင် ဆရာကြီး ဦးရွှေဇံအောင် ကွယ်လွန် အနိစ္စရောက်သည်။

မြန်မာဘာသာကိုသာမက အင်္ဂလိပ်ဘာသာကိုပါ အထူးကျွမ်းကျင်သော ဆရာကြီးကို ကမ္ဘာကပါ သိလာကြပြီး ၁၉၃၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က D.Litt ဘွဲ့ကို အပ်နှင်းခ၏။ သို့ရာတွင် ဘွဲ့နှင်းသဘင်ကျင်းပရန် ၁၀-ရက်ခန့်အလိုတွင် ဦးရွှေဇံအောင် ကွယ်လွန်ခ၏။ နိဂုံးချုပ်အနီဖြင့် ၁၉၂၄-ခုနှစ်တွင် မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းကြီးအတွက် သင်ခန်းစာများ ရွီးချယ်သတ်မှတ်ရေး ကော်မတီတွင် ဆရာကြီး ပြောကြားခသော မှတ်ချက်ကို ဖော်ပြလိုပါသည်။

“ကျွန်တော့်အနီနန့် အရှိတိုင်း အနောက်တိုင်း စာအုပ်တိကို အတော်များများ ဖတ်ပြီးပါဗျာယ်။ ကျွန်တော်ရို့ မြန်မာနိုင်ငံ၏ လောကနီတိလောက် ကောင်းရေကျမ်း မတွိ့ဖူးသိမ့်ပါ၊ မြန်မာစာပီကို အထင်မသေးဖို့ လိုပါရေ။”

Unicode Version

https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.3

ငှက်ကြီးတောင်ဓား



မြန်မာဘုရင် မင်းအဆက်ဆက် စစ်သူကြီးအဆက်ဆက် သုံးခဲ့သည့် မြန်မာ့သမိုင်းအမွေအနှစ်တစ်ခုမှာ ငှက်ကြီးတောင်ဓားပင်ဖြစ်သည်။ ယိမ်းနွဲ့ပါး ဓားသည် လည်း သမိုင်းအစဉ်အဆက် ကျော်ကြားခဲ့သည်ပင်။
ဓါး ပုံစံမှာ အရင်း တွင် လက် နှစ်သစ် သာ ရှိ၍ အဖျား တွင် လက်သုံး သစ်မှ လက်လေးသစ် ခန့် ရှိသည်။ ငှက် အတောင် ကဲ့သို့ အရင်း မှ အဖျားဘက် သို့ ကော့ပြီး တက် သွားသော ကြောင့် ငှက်ကြီးတောင် ဟု ခေါ်ဆိုခြင်းဖြစ်သည်။


ခုတ်ဓါး လိုလည်း သုံးနိုင်သည်၊ ထိုးဓါး လိုလည်း သုံးနိုင်သည်။ ပိုင်းဓါး လိုလည်း သုံးနိုင် သည်။ ပေါက်ဓါး လို လည်း သုံးနိုင် သည်။
 

ဓါး အရှည်
ဓါး အရှည် မှာ အသွား တတောင့်၊ တထွာ၊ တစ်မိုက် (၃၃ လက်မ ခန့်)၊ အရိုး တထွာ (၁၀ လက်မခန့်) ရှိ သည်။
 

ဓါးရိုး(ဓါးနှောင့်)
ဓါး တလက် ၏ အသက်မှာ ဓါးရိုးဖြစ်သည်။ ဓါးသွားကောင်းပြီး ဓါးရိုး မကောင်း ပါက ဓါးကျွတ် ထွက် သွား မည် ဖြစ်သည်။ ဓါးရိုး ကို ကြေး၊ ငွေ၊ ရွှေ မိမိ တို့ကြိုက်နှစ်သက် သလို ပြုလုပ်ကြသည်။
လက်ကိုင် မကျွတ် ထွက် စေရန် ဓါးရိုး သံကို ဓါးနှောင့်နှင့်မြဲအောင် တခါထဲ သတ်ရိုက် ထားသည်။
 

ဓါး လက်ကိုင်
(ဓါးရိုး) ၏ အဆုံး တွင် ရွှေ၊ ငွေ၊ မိုးကြို သွား တို့ဖြင့်ပြုလုပ် ထားသော ငယ် ဟုခေါ်သည့် ဘုချွန်လေး ရှိသည်။ ဓါးပြီး၊ တုတ်ပြီးသောသူ များ အား ထို ငယ်ဖြင့် ထုရိုက် ပါက သေလေ သည်။
 

ဓါးကောင်း သတ်မှတ်ပုံ
ဓါး ၏ အလေးချိန် မှာ အတိအကျ မရှိသော်လည်း ဓါး အလယ် မှ ကိုင်ကာ လက်ဖ၀ါးပေါ် တင်ပါ က ငြိမ်နေရ မည်။ အရှေ့ ဘက် ကို ညွတ်ကျ ပါက ဦးလေးသော ဓါးဖြစ်ပြီး၊ အနောက်ဘက် ကို ညွတ် ပါက ဓါးနှောင့်လေးသော ဓါးဖြစ် သည်။
 

ထိုသို့သော ဓါးမျိုး များသည် ဓါးကောင်း စာရင်း မ၀င်ပါ။ အရှေ့ အနောက် မညွတ် ဘဲ ငြိမ်နေသည့် ဓါးမျိုး မှ ဓါးကောင်း စာရင်းဝင်သည်။ မြန်မာ သမိုင်းကြောင်း တလျှောက် ငှက်ကြီးတောင် ဓါး ရဲ့  အစွမ်းကို ရန်သူတိုင်း က လေးစား ခဲ့ရသည်။
 

ငှက်ကြီးတောင် ဓါးဖြင့် ကစား ရသော ဓါးသိုင်း ပညာရပ် များ တွင် ဓားကြီး (၄) ပါး နှင့် ဓားစုံ (၁၀) ချင်း သည် ၃၇ ချင်း ၏ အခြေခံ ဓားကွက် များဖြစ်ကြသည်။

၃၇-ချင်း ဟုသာ ဆိုသော် လည်း ဓားရေး တစ်ချင်း လျှင် အပိုဒ် ခွဲပေါင်း များစွာ ပါဝင်နေပါသည်။ ၃၇-ချင်း ဓား တွင် ဓားကွက် များမှာ မျက်နှာ အနီး၊လည်ပင်း အနီး စသည်ဖြင့် ပွတ်ကာ သီကာ ကစား ရသောအကွက်များ ၊ ဘယ်နှင့် ညာ တပြိုင်နက် တည်း မှာပင် မတူညီသော ဓားကွက်များ ပါဝင်သည်။
မြန်မာ မင်းများ လက်ထက် တွင် ဓါးရေး ၃၇ ချင်း တတ် မှသာ တပ်မှူး အဖြစ် လည်းကောင်း၊ တပ်ဗိုလ် အဖြစ် လည်ကောင်း ခန့်အပ် သည်။ ယနေ့ တိုးတက် လာတဲ့ခေတ်ဖြစ် သဖြင့် ဓါး များ ကို အသုံးပြုခြင်း နည်း လာသော် လည်း ငှက်ကြီးတောင် ဓါး ၏ ဂုဏ်မှာ ညှိုးနွမ်း သွားမည် မဟုတ်ပေ။


https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.382

ဒေါ်ဦးဇွန်း (မြန်မာသက္ကရာဇ် ၁၂၃ဝ-၁၃ဝ၆)

                    



ဒေါ်ဦးဇွန်းသည် ယနေ့ မြန်မာနိုင်ငံ၌ ထမြောက်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဘိုးဘွားများ (ဝါ) လူအိုများ စောင့်ရှောက်ရေး လူမှုဝန်ထမ်းလုပ်ငန်းကို မြန်မာလူမျိုးများထံမှ ပထမဦးစွာ မျိုးစေ့ချခဲ့သူ ဖြစ်ပေသည်။ ဒေါ်ဦးဇွန်းသည် တိုင်းကျိုးပြည်ကျိုးဆောင် တီပီအက်စ်ဘွဲ့ရ မြန်မာနိုင်ငံရှိ ဘိုးဘွားရိပ်သာများကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ပရဟိတလုပ်ငန်းတစ်ခုကို `ဗွေဆော်ဦး´ လုပ်ဆောင်ခဲ့သူတစ်ယောက်လည်းဖြစ်သည်။ ဒေါ်ဦးဇွန်းတည်ထောင်ခဲ့သော ဘိုးဘွားရိပ်သာများမှာ -

မင်းကွန်း ဘိုးဘွားရိပ်သာ၊ စစ်ကိုင်းမြို့ - တည်ထောင်သောခုနှစ်(၁၉၁၅-ခုနှစ်) ဖုန်းနံပါတ် ( ၀၂-၆၀၅၆၄)
သုဝဏ္ဏဘူမိ ဘိုးဘွားရိပ်သာ၊ သထုံမြို့ - တည်ထောင်သောခုနှစ်(၁၉၂၃-ခုနှစ်) ဖုန်းနံပါတ် ( ၀၅၇-၄၀၁၅၃)
ပေါင်းတည် ဘိုးဘွားရိပ်သာ၊ ပေါင်းတည်မြို့ - တည်ထောင်သောခုနှစ်(၁၉၂၉-ခုနှစ်) ဖုန်းနံပါတ် ( ၀၅၃-၃၈၁၅၆)
နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့ - တည်ထောင်သောခုနှစ်(၁၉၃၃-ခုနှစ်) ဖုန်းနံပါတ် ( ၀၁-၅၄၁၇၉၆၊ ၅၄၁၇၉၇)
ပခုက္ကူ ဘိုးဘွားရိပ်သာ၊ ပခုက္ကူမြို့ - တည်ထောင်သောခုနှစ်(၁၉၃၇-ခုနှစ်) ဖုန်းနံပါတ် ( ၀၆၂-၂၁၀၂၄) တို့ဖြစ်သည်။
မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ လူအိုရုံများ (မြန်မာ့ပထမဦးဆုံး ဘိုးဘွားရိပ်သာကို စစ်ကြိုခေတ်က သက်ကြီးရွယ်အိုများ စုဝေးနေထိုင်ရာဌာနဖြစ်၍ လူအိုရုံဟု ခေါ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှ လူအိုရုံအစား ဘိုးဘွားရိပ်သာဟု ခေါ်ကြသည်။[၁]) ကို စတင်တည်ထောင်ခဲ့သူ ဒေါ်ဦးဇွန်းသည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီးလက်ထက်တွင် ရတနာပုံနေပြည်တော် (မန္တလေးမြို့)၌ အဘ ပိုးကုန်သည်ကြီး ဦးအိနှင့် အမိဒေါ်မျှင်တို့မှ ၁၂၃ဝ ပြည့်နှစ် (၁၈၆၈ ခုနှစ်)[၁] ဝါခေါင်လဆန်း (၅) ရက်၊ သောကြာနေ့တွင် ဖွားမြင်သော တစ်ဦးတည်းသောသမီး ဖြစ်သည်။ ငယ်အမည်မှာ မဦးဇွန်းပင် ဖြစ်သည်။ လူထုဒေါ်အမာ၏ အစ်မကြီး နဂါးဒေါ်ဦးသည်လည်း ငယ်မည်မှာ မဦးဇွန်းပင်ဖြစ်သည်။ (ထိုခေတ်၌ မန္တလေးတွင် သမီးဦးမိန်းကလေး မွေးလျှင် မဦးဇွန်းဟု အမည်မှည့်လေ့ရှိကြောင်း၊ ထို့ပြင် သမီးလေးကို ဦးခေါင်းဆံပင်အား ဦးစွန်းဖုတ်ကလေးထားပေးပြီး ချစ်စနိုးဖြင့် မဦးစွန်းဟုလည်း မှည့်ခေါ်တတ်ကြောင်း စာရေးဆရာမကြီး လူထုဒေါ်အမာက ပြောဆိုဖူးကြောင်း သိရသည်။[၁]) ဦးအိသည် အမရပူရမြို့ ရက်ကန်းစင်များမှ ပိုးထည်၊ ချည်ထည်တို့ကို အရောင်းအဝယ်ပြုသော ပိုးကုန်သည်ကြီး ဖြစ်ရာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည်။ ရတနာပုံ နေပြည်တော်တွင် အိမ်ကြီးရခိုင်ဖြင့် နေထိုင်နိုင်သည်။ ရုပ်ရည်ရူပကာ လှပတင့်တယ်သည်နှင့်အမျှ စိတ်နေသဘောထားလည်း ထူးခြား မွန်မြတ်သူဖြစ်သည်။ ဒေါ်ဦးဇွန်း၏ အမူအကျင့်၊ စိတ်နေသဘောထားနှင့် ပတ်သက်၍ စာပေဗိမာန်ထုတ် ‘ဖွားဦးဇွန်း’ အတ္ထုပ္ပတ္တိ၌ ဤသို့ ဖော်ပြထားသည်ကို တွေ့ရသည်။ “သူမသည် ရုပ်ရည်လည်း လှပတင့်တယ်၏။ သို့သော် မာနထောင်လွှားခြင်းမရှိ၊ စိတ်နေသဘောထား အမူအကျင့် မွန်မြတ်လှသည်။”

မဦးဇွန်းကလေးသည် ငယ်စဉ်ကပင် သူတော်ကောင်းမိဘများ၏ သွန်သင်ချက်အရ ဘာသာရေးကို အထူးကိုင်းရှိုင်းသော အမျိုးကောင်းသမီးဖြစ်ခဲ့သည်။ ခုနစ်နှစ်အရွယ်ကပင် ပုပ္ဖာရုံကျောင်းအမဝိသာခါထုံး နှလုံးမူကာ နေ့စဉ် ငါးပါးသီလကိုစောင့်ထိန်း၍ ရှစ်ရက်သီတင်း လပြည့်လကွယ်တို့၌ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောသီလကို အမြဲမပြတ် ဆောက်တည်ခဲ့လေသည်။ မိဘများအားလည်း မပြတ်လုပ်ကျွေးပြုစုလေသည်။ အသက် ၁၆ နှစ်အရွယ်မှစ၍ ဒေါ်ဦးဇွန်းသည် မိဘလုပ်ငန်းဖြစ်သော ပိုးကုန်သည်အလုပ်ကို ဦးစီးလုပ်ကိုင်ခဲ့သည်။ ပိုးထည်အရောင်းအဝယ်နှင့် စပ်လျဉ်း၍ အမြို့မြို့သို့ ကူးသန်းသွားလာရသောကြောင့် အမြို့မြို့၌ မိတ်ဆွေများရှိသည်။ လူပေါင်းဆန့်သည်။ ဗဟုသုတကြွယ်ဝသည်။ မင်္ဂလာတရားတော်နှင့်အညီ မောက်ကြွားဝင့်ဝါခြင်းမရှိ ခြိုးခြံစွာကျင့်သုံးနေထိုင်၍ လှူသင့်လှူထိုက် ပေးသင့်ပေးထိုက်သူအားမူ ရက်ရောစွာပေးကမ်းတတ်သည်။ သို့ရာတွင် အိမ်ထောင်သားမွေးကား မပြုခဲ့။ အပျိုကြီးဘဝဖြင့် အရိုးထုတ်ခဲ့လေသည်။ မဦးဇွန်း ၁၇ နှစ်သမီးအရွယ်သို့ ရောက်သောအခါတွင်မှ သီပေါမင်း ပါတော်မူခဲ့လေသည်။
 

နတ်တို့ စံပျော်ရာ ပုပ္ပားတောင်ကလပ်



ပုပ္ပားတောင်သည် မီးတောင်ဟောင်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျောက်ပန်းတောင်မြို့နယ်တွင် တည်ရှိပါတယ်။ ပုပ္ပားဆိုသည်မှာ ပန်း ဟု အဓိပ္ပာယ် ရသည်။ ပုပ္ပား တောင်မကြီး (၄၉၈၁ ပေ) နှင့် ပုပ္ပား တောင်ကလပ် (၂၄၁၇ ပေ) ဟူ၍ နှစ်ခုရှိသည်။ ပုပ္ပား တောင်ကလပ်မှာ ပုပ္ပား တောင်မကြီး၏ အစိတ်အပိုင်း တောင်ကလပ်သာ ဖြစ်သည်။

 ချောက်၊ ရေနံချောင်းတို့နှင့် နယ်မြေ တဆက်တည်း ရှိပြီး ကျောက်ခေတ်ကတည်းက လူသားတို့ နေထိုင်ရာ အရပ် အဖြစ် ယုံကြည်ထားကြသည်။ ထို ယုံကြည်ချက် ခိုင်မာစေသည်မှာ ကျောက်ခေတ် လက်နက်များကို ပုပ္ပား နယ်နိမိတ် အနှံ့ တူးဖော် ရရှိထား၍ဖြစ်သည်။

 အမေရိကန်နိုင်ငံမှ ဘူမိဗေဒ ပညာရှင် မိုးဗီးယပ်စ် (Movius) ကလည်း ပုပ္ပားနယ်တွင် ကျောက်ခေတ်သစ် လူများ ရှိနေကြောင်း အခိုင်အမာ ဆိုထားသည်။
ခရစ် မပေါ်မီ ဘီစီ ၄၄၂ က ပုပ္ပားတောင် ပေါ်လာခြင်းဖြစ်သည်ဟု မြန်မာ ရာဇဝင်များက ဆိုထားသည်။ ဧရာဝတီ မြစ်ရိုး အလယ်ပိုင်းလောက်တွင် မြေငလျင် ကြီးစွာ လှုပ်ခတ်ရာမှ ပုပ္ပားတောင် ထွက်ပေါ်လာသည်ဟု ဆိုသည်။ ဘူမိဗေဒ ပညာရှင်များက ပုပ္ပားတောင်ဟာ လွန်ခဲ့သော နှစ် ၁၅ သန်း လောက်က ပေါ်ထွန်းခဲ့သည်ဟု ဆိုထားပြီး မြန်မာ ရာဇဝင် ကျမ်းများနှင့် ကွဲလွဲနေသည်။ ကျောက်ခေတ်ဦး (သို့) ကျောက်ခေတ် နှောင်းပိုင်းတွင် ယဉ်ကျေးမှု စတင် ထွန်းကားလာပြီး ထူးခြားသော ပုပ္ပားတောင်ကို အားကိုး အားထားရာ အဖြစ် ကိုးကွယ်သည်မှာ ထိုခေတ်ကာလအတွက်တော့ မဆန်းပေ။

အေဒီ ၉၀၄၊ သေဉ်လည်ကြောင် မင်းလက်ထက်တွင် ပန်းပဲ မောင်တင့်တယ် နတ်မောင်နှမ နေသည်ဟု ယူဆထားသည့် စကားပင်သည် တကောင်းမှ မျောလာသည်။ ဘုရင်မှ ထိုစကားပင်ကို နတ်ရုပ်များ ထုစေပြီး ပုပ္ပားတောင်တွင် တင်ထားပြီး ပြည်သူတို့အား ကိုးကွယ်စေသည်။ ထိုမှစပြီး ပြည်သူ တစ်ရပ်လုံးတွင် နတ်ကိုးကွယ်မှု အမြစ်တွယ်ခဲ့သည်။ ထို နတ်ရုပ်များအား မဟာဂီရိနတ် မောင်နှမဟု ခေါ်တွင်စေသည်။

 မဟာဂီရိ ဆိုသည်မှာ ကြီးမြတ်သောတောင် ဟု အဓိပ္ပာယ်ရသည်။ ပုပ္ပားတောင်ရှိ နတ်များတွင် ပုဂံခေတ်က ကွပ်မြစ်ခံရပြီး နတ်အဖြစ် သတ်မှတ်ခံရသော ဗျဝိ၊ ဗျတ္တ နှစ်ဦးတည်းသာ ဘာသာခြား၊ လူမျိုးခြား နတ်အနေဖြင့် ရှိသည်။

ယခင်က ပုပ္ပားတောင်တွင် နတ်များကို ပူဇော်ရန် အတွက် တိရိစ္ဆာန် အမြောက်အများကို တရားဝင် သတ်ဖြတ်ခဲ့ကြသည်။ အနော်ရထာမင်း လက်ထက်မှသာ ဗုဒ္ဓသာသနာ ထွန်းကားလာပြီး ယစ်ပူဇော်မှုများ လျော့နည်းသွားသည်။ ဂေါတမ မြတ်စွာဘုရားက လူသားတို့ ကျင့်ဝတ်ထဲတွင် သူ့ အသတ် သတ်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ဟောကြားထားသဖြင့် ယစ်ပူဇော်ခြင်း သဘောနှင့် မည်သို့မှ ဆက်စပ် မရဘဲရှိသည်။ မည်သို့ပင် ဆိုစေကာမူ ပုပ္ပားတွင် နတ်ကိုးကွယ်မှုမှာ ဆက်လက် အားကောင်းဆဲပင်ဖြစ်ပါသည်။
Stacy Chan (ရိုးရာလေး)
  https://www.facebook.com/yoyarlaydotcom/posts/932877026755550
 
ပုပ္ပါးတောင်ကလပ်

  

ပုပ္ပါးတောင်မကြီး
 
 https://www.facebook.com/yoyarlaydotcom/posts/932877026755550

ဓနုတို့မြေ ရွာငံမှသည် .. ရေပြာအိုင်ဆီသို့

သဘာဝအတိုင်းရှိနေသေးသည့် ရေပြာအိုင်ကို မှတ်တမ်းတင်နေသူတစ်ဦး (ဓာတ်ပုံ−ညီညီဇော်)

မိုးတွင်းကာလ ၀ါဆိုလဆန်းရက်၏ နံနက်ခင်းရာသီဥတုက အုံ့ပျပျဖြစ်နေသည်။ နံနက် ၆ နာရီခန့်ရှိပြီဖြစ်သော်လည်း အလင်းရောင် သဲကွဲစွာမရသေး။ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဖြတ်သွားဖြတ်လာယာဉ်တွေ နည်းပါးနေသေးသည်။ကျွန်တော် ဦးတည်နေသည့်နေရာသည် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ မြသပိတ်ရေပြာအိုင်ဆီသို့ဖြစ်သည်။ ကျွန်တော်နှင့်အတူ မန္တလေးမြို့မှ သတင်းစာဆရာတစ်ဦးလည်းပါသည်။

ဆိုင်ကယ်လေးတစ်စီးဖြင့် နှစ်ယောက်စီးကာ ထွက်လာကြခြင်းဖြစ်သည်။
ဟံမြင့်မိုရ်ကျေးရွာရောက်တော့ အရှေ့ဘက်တည့်တည့်ဆီ ထွက်လိုက်သည်နှင့် မြင့်မားမှိုင်းညို့နေသော တောင်တန်းကြီးတွေက ဆီးကြိုတော့သည်။ စိမ်းလဲ့လဲ့တောအုပ်နှင့် အေးဆေးတည်ငြိမ်စွာ စီးဆင်းနေသော ဇော်ဂျီမြစ်သည်လည်း ပနံရလှသည်။ လမ်း ဘေးဝဲယာတစ်လျှောက် သရက်ခြံ၊ ငှက်ပျောခြံတွေက အုံခဲနေသည်။ နေမင်း၏အလင်းရောင်က မိုးသားမည်းမည်းတွေကြား ကျိုးတိုးကျဲတဲ ထွက်ပေါ်နေပုံက ဆလိုက်မီးတွေ ပေးထားသည့်နှယ်။
မြို့ကြီးဆိုသည့် ကျေးရွာရောက်တော့ ကျောက်ဆည်မြို့နယ် ကုန်ဆုံးသွားပြီဖြစ်သည်။ မြို့ကြီးကျေးရွာသည် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရွာငံမြို့နယ်ထဲမှာရှိသည်။

မြို့ကြီးကျေးရွာမှစတင်ကာတောင်တက်လမ်းတွေ စတင်တော့သည်။ တောင်တက်လမ်းတွေက မတ်စောက်ကာ ကျဉ်းမြောင်းလွန်းလှသည်။ ကားတစ်စီးနှင့်တစ်စီးဆုံလျှင် တစ်စီးက လမ်းဘေးခေတ္တချရပ်ပေးသည်။ ကတ္တရာလမ်းက ကောင်း၍သာတော်သေးသည်။ သည်လမ်းက တောင်ကြီးသွားသည့် ကားသေးလေးတွေ အများဆုံး ဖြတ်ရာလမ်းဖြစ်သည်ဟု ကျွန်တော့်မိတ်ဆွေက ရှင်းပြသည်။ ကုန်တင်ကားသေးအချို့လည်း ဖြတ်သန်းသွားတာတွေ့ရသည်။
တောင်တက်လမ်းတွေက ရှည်လျားလွန်းလှသည်။တစ်ကွေ့ တက်ပြီး နောက်တစ်ကွေ့ကထပ် ပေါ်လာသည်။ တောင်ကြီးတွေက အစိမ်းရောင်ကော်ဇောကြီးတွေ ချခင်းထားသလို ကြွရွတောက်ပ နေသည်။ မိုးတွင်းမို့ သစ်ပင်တွေ က စိမ်းစိုနေသည်။

 ရှုခင်းတွေငေး ရင်း တောင်တက်လမ်းတစ်နေရာ အရောက် ဆိုင်ကယ်က တုံ့ခနဲ့ ရပ်သွားသည်။ ဆင်းကြည့်တော့ ချိန်းကြိုးကျသွားတာဖြစ်သည်။ ချိန်းကြိုးက အတွင်းဘက်မှာကျ သွား၍ ဘယ်လိုမှတင်မရ။ တောင်တွေကြားထဲ နှစ်ယောက် သားဗျာများရတော့သည်။ ပြန် လှည့်ဖို့ဆိုတာလည်း မဖြစ်နိုင်။အ နီးဆုံးမြို့ကြီးကျေးရွာပင် ခပ်ဝေး ဝေးမှာကျန်ခဲ့ပြီ။ နောက်ထပ် ကျေးရွာတွေကလည်းအစအအန တောင်မမြင်ရသေး။ ထိုအချိန် တ ထိုင်းထိုင်းဖြင့် ထော်လာဂျီတစ်စီး တက်လာသံကြားရသည်။တောင် တွေနှင့်ကွယ်နေတော့ အသံသာ ကြားရသည်။ မမြင်ရသေး။ တ အောင့်လောက်နေတော့ နွားတွေ တင်လာသည့် ထော်လာဂျီတစ်စီး ကို တောင်ကြီးနံဘေးက ဘွားခနဲ ထွက်လာတာမြင်ရသည်။

ကျွန်တော်တို့မတားရသေး ခင် ထော်လာဂျီပေါ်ပါလာသည့် သူတွေက တစ်ခုခုကူညီဖို့အဆင် သင့်ဖြစ်နေသည်ကိုတွေ့ရသည်။ ကျွန်တော်တို့ဆိုင်ကယ်ရှေ့အ ကျော်မှာထော်လာဂျီကိုရပ်သည်။ သူတို့၌ပါသည့် ဂွတွေ၊ ပလာယာ တွေထုထ်ပေးသည်။ ချိန်းကို ကူ တင်ပေးကြသည်။ နောက်ဆုံးချိန်း ပြန်တင်နိုင်ခဲ့သည်။ သည်လမ်း ကြောက ယာဉ်တစ်ခုခုပျက်ရင် မ လွယ်တာမို့ လာကူပေးကြသည်။ စကားပြောကြည့်တော့ ဓနုလူမျိုး တွေဖြစ်နေသည်။ စကားသံဝဲ၀ဲ  အပြုံးချိုချိုဖြင့် ကူညီပေးခဲ့ကြပါ သည်။

ချိန်းကပြန်တင်နိုင်ခဲ့ပေမယ့် အသားမကျသေး။ တဒုတ်ဒုတ် မြည်နေသည်။ စီးရတာဘယ်လိုမှ စိတ်မဖြောင့်။ ဆိုင်ကယ်ကိုမှေးစီး လာရင်း နံနက် ၉ နာရီလောက်မှာ ကျောက်ကူပြင်ဆိုသည့်ကျေးရွာ ကိုရောက်သည်။ ကျောက်ကူပြင် မှာ ဓာတ်ဆီဝင်ထည့်ရင်း ရွာလေး ကို စနည်းနာကြည့်သည်။ တောင် တန်းတွေကြားထဲထည်ထားသည့် ကျေးရွာလေးတစ်ရွာဖြစ်သည်။ခြံ တွေက အကျယ်ကြီးတွေ။ ရာသီ ဥတုကလည်း အေးစိမ့်နေသည်။ အနွေးထည်တွေကိုယ်စီဖြစ်သည်။ ဂေါ်ရခါး၊ လိမ္မော်၊ သံပရာ၊ ထော ပတ်၊ ကော်ဖီ၊ လက်ဖက်စသည် ဖြင့်အဓိကထား စိုက်ပျိုးကြသည် ဟု ဆိုသည်။

ကျောက်ကူပြင်ကနေ ခရီး ဆက်ထွက်လာခဲ့ကြသည်။ လမ်း တစ်လျှောက် ဒေသထွက်ပိန္နဲသီး တို့၊ ငှက်ပျောသီးတို့ သံပရာသီး တို့ကို တဲလေးတွေထိုးကာရောင်း နေကြတာတွေ့ရသည်။ တချို့ နေရာတွေမှာ ပိန်သွယ်သွယ် ယူ ကလစ်ပင်တွေ၊ နေပြောက်ပင် မ ထိုးနိုင်သော ညောင်ပင်အုံ့အုံ့ဆိုင်း ဆိုင်းကြီးတွေလည်း တွေ့ရသည်။ တောင်တန်းတွေကတော့ အရပ် ရှစ်မျက်နှာ ပတ်လည်ကာဆီးနေ လေသည်။

ရွာငံကိုရောက်တော့ နံနက် (၁၀) နာရီလောက်ပင်ရှိသေး သည်။ ချိန်းကြိုးပြင်ဖို့ ဆိုင်ကယ် ၀ပ်ရှော့ကိုအရင်သွားကြသည်။ ၀ပ်ရှော့ဆရာနှင့်သူ့တပည့်ကချိန်း ကြိုးကိုပြန်တင်းပေးသည်။ အမဲ ဆီထိုးပေးသည်။ ဘယ်လောက် ကျလဲမေးတော့ ၀ပ်ရှော့ဆရာက မပေးပါနဲ့ဟုဆိုသည်။ အားနာ၍ ဇွတ်ပေးသော်လည်း မရ။ ပြုံးရွှင် စွာဖြင့် ပေးဖို့မလိုဟုသာ တွင် တွင်ပြောသည်။ နောက်ဆုံး ကျွန် တော့်မိတ်ဆွေဝယ်လာသည့် ကွမ်းယာတစ်ယာကိုသာယူစား လေသည်။

ရွာငံကနေ ရေပြာအိုင်ဆီ ဆက်ထွက်လာကြသည်။ တချို့ နေရာလေးတွေမှာ တောင်တက် လမ်းအချို့ ပြန်တွေ့ရပြန်သည်။ ထိုစဉ်မိုးတွေ သဲကြီးမဲကြီးရွာချပါ လေတော့သည်။ နှစ်ယောက်သား မိုးကာအင်္ကျီမပါ၍ နောက်ပြန် လှည့်ကာ စားသောက်ဆိုင်တစ် ဆိုင်တွင် မိုးဝင်ခိုရတော့သည်။ ထိုဆိုင်သည်လည်း ဓနုဆိုင်လေး တစ်ဆိုင်ဖြစ်သည်။ လွယ်မယ် ထင်တာလေးတွေ မှာလိုက်ကြ သည်။ အဝေးပြေးလမ်းတွေမှာ တွေ့ရသည့်ဆိုင် အချို့လက်ရာ ကသာမန်၊ ဈေးက အဆမတန်ယူ တာမျိုးတွေကြုံဖူးသည်။ ဓနုဆိုင် လေးမှာကျ ဈေးကလည်းပုံမှန်၊ လက်ရာကလည်း မဆိုး၊ စားနေ သောက်နေတုန်း အဆင်ပြေ၊ မ ပြေ တတွတ်တွတ်လာမေးသည်။

ပိုက်ဆံရှင်းတော့လည်း သောက် ရေသန့်တစ်ဘူးလက် ဆောင်ပေး ပါသည်။ ရွာငံနှင့် မြသပိတ်ရေပြာ အိုင်က မိုင် (၂၀) လောက်တော့ ကွာဝေးမည်။ တစ်နာရီသာသာ လောက်တော့ မောင်းလိုက်ရ သည်။ တောကြယ်ရွာ မြသပိတ် ရေပြာအိုင်ကိုရောက်တော့ နေ့ ခင်း (၁၂) နာရီကျော်။

ရေပြာအိုင်ကိုရောက်တော့ လူကရှင်းနေသည်။ တောကြယ် ရွာက ကလေးတစ်ယောက်သာ တွေ့ရသည်။ မြသပိတ်ရေပြာ အိုင်က တရုတ်သိုင်းကားတွေထဲ က နတ်ရေကန်တွေလိုပြာလဲ့ကြည် လင်နေသည်။ ရေကကြည်လင် လွန်းသဖြင့် ကန်အတွင်းလဲကျနေ သည့် သစ်ပင်အကိုင်းအခက်တွေ ကို အထင်းသား မြင်နေရသည်။ နောက်ပြီး ငါးလေးတွေကူးခတ် နေတာကိုလည်း အတိုင်းသား တွေ့ရသည်။ သစ်ရွက်ခြောက် တွေ ကန်ထဲကျနေသည်ကလည်း တစ်မျိုးလှနေသည်။ ဆေးရောင်စုံ ပန်းချီကားချပ်ကြီးတစ်ခုအလား ဖြစ်သည်။ ကန်ထဲကိုလူတွေမ၀င် နိုင်အောင် သံဆူးကြိုးတွေ စည်း ရိုးကာထားတာတွေ့ရသည်။

တောကြယ်ရွာမှဆရာတော် ဦးပညာဘောဂထံဝင်ကာ မြသ ပိတ်ရေပြာအိုင်အကြောင်းမေး မြန်းလျှောက်ထားဖြစ်သည်။ ဆ ရာတော်က ဓနုသံခပ်ဝဲ၀ဲဖြင့်ရှင်းပြ သည်။ ဆရာတော်တို့မိဘဘိုးဘွား များလက်ထက်ကတည်းက သည် ရေပြာအိုင်ကြီးရှိခဲ့ကြောင်း၊ သည် ဒေသကလူတွေက ရေပြာအိုင်မှ ရေသည် ရောဂါတွေပျောက်ကင်း သည်ဟု ယုံကြည်ကြကြောင်းရှင်း ပြသည်။ သို့သော် ရေပြာအိုင်က ရေကိုတော့ ခပ်ယူအသုံးပြုလို့မ ရ။ အိုင်မှတစ်ဆင့်သွယ်တန်းကာ ကျလာသည့်ရေကိုမှ ခပ်ယူအသုံး ပြုခွင့်ရတာဖြစ်သည်။ အိုင်ကရေ ကို သွားခပ်ယူခဲ့လျှင် ဘေးဒုက္ခ တွေရောက်လေ့ရှိသည်ဟု ဒေသ ခံတွေရဲ့ ယုံကြည်မှုတွေကို ပြော ပြသည်။ ဆရာတော်သည်လည်း ယခင်တွေ့ခဲ့သည့် ဓနုတွေလိုပင် မျက်နှာတော်ပြုံးချိုစွာ ရှင်းပြခဲ့ လေသည်။
ရေပြာအိုင်ကနေ ရွာငံဆီ ပြန်ကြသည်။ ရွာငံပြန်ရောက် တော့ နှစ်ယောက်သား  နဲ့ချည့်နေ ကြပြီ။ ရွာငံမြို့၏တစ်ခုတည်း သော ဟိုတယ်မှာတည်းရန် ဆုံး ဖြတ်လိုက်ကြသည်။ ဟိုတယ်က ထူးထူးဆန်းဆန်း သုံးယောက်ခန်း တွေချည်းရှိသည်။ သုံးယောက် ခန်းတစ်ခန်းကို ကျပ်သုံးသောင်း ယူသည်။ ဘန်ကလိုလေးတွေနဲ့ ဖြစ်သည်။ ဧည့်သည်ကတော့ မိုး ရာသီမို့ရှိပုံမရ။

နံနက်ခင်းရောက်တော့ ဟို တယ်ကစီစဉ်ပေးသည့် ပဲထမင်း ဆီဆမ်း၊ ပဲစာဥကြော်၊ ချဉ်ပေါင် ကြော်၊ ကြက်ဥကြော်တို့ စားရ သည်။ ဟိုတယ်ပိုင်ရှင်နဲ့တွေ့ တော့ သူတို့မြို့ကလေးရဲ့ တခြား သွားလည်ဖို့ကောင်းတာလေးတွေ ညွှန်းသည်။ဟိုတယ်တွေကCheck Out Time ကိုနေ့လယ် ၁၂ နာရီ ထားလေ့ရှိတော့သည် ဟိုတယ်ရဲ့ Check Out Time ကို မေး လိုက်သည့်အခါ ကြိုက်တဲ့အချိန် မှသာထွက်ပါဟု စိတ်လိုလက်ရ ပြောသည်။ ကျွန်တော်က ဓနုတွေ အရမ်းသဘောကောင်းတဲ့အ ကြောင်းပြောသည့်အခါ ‘‘ရိုးလွန်း တော့လည်း အသလိုလိုတောင် ဖြစ်လာတယ်ဗျာ’’ဟု ပြောရင်း ရယ်လေသည်။

မပြန်ခင်ရွာငံမြို့နယ် အ ထွေထွေအုပ်ချုပ်ရေးမှူးရုံးဆီဝင် လိုက်သည်။ မြို့နယ်အုပ်ချုပ်ရေး မှူးရော ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ရော ဒုဦးစီးမှူးတို့ကပါ မြို့နယ်နဲ့ ပတ်သက်တာတွေကို လိုလိုလား လားပြောပြကြသည်။ ရွာငံမြို့နယ် ထဲမှာရှိသည့် နောက်ထပ်လည် ပတ်လို့ကောင်းမည့် ရေတံခွန် တွေ၊ လိုဏ်ဂူတွေအကြောင်းပြော ပြသည်။

လည်ပတ်ရမည့်ခရီးစဉ်လမ်း ကြောင်းဆွဲထားတာတွေထုတ်ပြ သည်။ ဟိုတယ်တွေ၊ တည်းခိုခန်း တွေအပြင် ဘုန်းကြီးကျောင်းနဲ့ ဒေသခံအိမ်တွေမှာ တည်းလို့ရတဲ့ အကြောင်း၊ လမ်းပြလိုချင်လျှင် လည်း လုပ်ပေးကြောင်း၊ ရွာငံကို လာလျှင် ရုံးကိုအရင်ဝင်ကာ လည်ပတ်ရန် အကူအညီလာ ရောက်တောင်းခံလျှင်လည်း ကူ ညီမည့်အကြောင်းပြောပြကြ သည်။
ရွာငံမြို့ကလေးကို ဒုတိယ ပြင်ဦးလွင်မြို့ဟု တင်စားထား တာတွေလည်းတွေ့ရသည်။ ရွာငံ ၀န်းကျင်သည် သဘာဝတော တောင်ရှုခင်းတွေ အများကြီးရှိနေ သည်မို့ မကြာခင်အပန်းဖြေမြို့က လေးတစ်မြို့ဖြစ်လာမည်ဟုလည်း ထင်မြင်မိသည်။

မြို့ကလေးက လွန်စွာရိုးရှင်း လွန်းလှသည်။ မြို့ကလေးမှာနေ သူတွေအမြဲလိုလို အေးချမ်းပြုံး ရွှင်နေကြသည်။ ‘‘မှုခင်းဖြစ်ပွားမှု ဆို အရမ်းနည်းတယ်’’ဟု ရွာငံမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက် နိုင်မြင့်ကဆိုပါသည်။

ရွာငံကနေပြန်လာရတော့ ရွာငံ၏ အေးချမ်းသည့်ပုံရိပ်တစ်ခု က စိတ်နှလုံးသားထဲ ကပ်ငြိပါ လာခဲ့သည်။ ရွာငံရှိ ဓနုလူမျိုးတို့ ၏ ပြုံးရွှင်နေသည့်မျက်နှာလေး တွေ၊ အေးချမ်းသည့်စိတ်နေစိတ် ထားလေးတွေက ရင်သို့ကူးစက် လာခဲ့သည်။ တကယ်တော့ ဘ၀ ဆိုသည်မှာ ရိုးနိုင်သမျှ ရိုးရှင်းစွာ နေလေလေ ပိုပြီးစိတ်လက်ချမ်း သာစွာနေရလေလေဟု ဆိုမည် ဆိုလျှင် မှားမည်မထင်။
http://www.7daydaily.com/story/40943

အင်းလေးကန်ကို ယူနက်စကိုက ဇီဝ အသိုက်အ၀န်း သီးသန့် ဖြစ်တည်မှု နယ်မြေ အဖြစ် အသိအမှတ်ပြု



ယူနက်စကို၏ လူသားနှင့် ဇီဝ အသိုက်အ၀န်း ဆက်စပ်ဖြစ်တည်မှု စီမံကိန်းကို ဖော်ဆောင်လျက်ရှိသည့် နိုင်ငံတကာ ပူးပေါင်း လုပ်ဆောင်ရေး
ကောင်စီက ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် အတွင်းရှိ အင်းလေးကန်ကို ကမ္ဘာ့ ကွန်ယက်အတွင်းရှိ ဇီဝ အသိုက်အ၀န်း သီးသန့် ဖြစ်တည်မှု နယ်မြေအဖြစ် အသိအမှတ်ပြုခဲ့သည်။

ဇွန်လ ၈ရက်မှ ၁၂ရက်အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပနေသည့် ယူနက်စကို အစည်းအဝေးတွင် ဇီဝ အသိုက်အ၀န်း သီးသန့် ဖြစ်တည်မှု နယ်မြေသစ် ၂၀ကို အသိအမှတ်ပြု ထည့်သွင်းခဲ့ရာတွင် အင်းလေးကန် ပါဝင်လာခြင်းဖြစ်သည်။ ယူနက်စကိုသည် နိုင်ငံပေါင်း ၁၂၀မှ နေရာ ၆၅၁ ခုကို ဇီဝ အသိုက်အ၀န်း သီးသန့် ဖြစ်တည်မှု နယ်မြေအဖြစ် အသိအမှတ်ပြုထားပြီး အင်းလေးကန်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး ဇီဝ အသိုက်အ၀န်း သီးသန့်ဖြစ်တည်မှု နယ်မြေ အဖြစ် အသိအမှတ်ပြု ခံရခြင်းဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့အတွင်း တည်ရှိသည့် အင်းလေးကန်သည် နှစ်ပတ်လည် ရေမပြတ်သော စိမ့်စမ်းဒေသဖြစ်ပြီး ဇီဝဖြစ်တည်မှု စနစ် ကောင်းမွန်ခြင်းကြောင့် ငှက်မျိုးစိတ် ၂၆၇မျိုးနှင့် ရေချိုငါး မျိုးစိတ် ၄၃မျိုးတို့ ခိုနားရာ ဒေသ အဖြစ် တည်ရှိသည်။ ငှက်မျိုးစိတ် ၂၆၇မျိုးအနက် ၈၂မျိုးမှာ စိမ့်စမ်း ဒေသတွင် ကျင်လည် ကျက်စားသည့် ငှက်မျိုးစိတ်များဖြစ်ပြီး ရေချိုငါး မျိုးစိတ် ၄၃မျိုးအပြင် ဖျံနှင့် ပင်လယ်လိပ်များလည်း ရှိကြောင်း ယူနက်စကို၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထို့အပြင် အင်းလေးဒေသတွင် နေထိုင်သည့် အင်းသူ၊ အင်းသားများမှာလည်း သဘာဝ ပတ်ဝန်းကျင်ဖြစ်တည်မှုနှင့် လိုက်လျော ညီထွေသည့် ဘ၀ နေထိုင်မှု ပုံစံ ရှိကြပြီး မြေသား၊ ဒိုက်နှင့် မှော်တို့ ပေါင်းစပ်ထားသည့် “ကျွန်းမျော” (ယူနက်စကိုက ရေခြံဟု ဖော်ပြထား)များကို အသုံးပြုကာ ရေပေါ် စိုက်ပျိုးရေး လုပ်ကိုင်ကြသည်ဟု ယူနက်စကို၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အောက်ပါ လင့်ခ်တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။ ဓာတ်ပုံများကို seetheworldinmyeyes.com နှင့် awiu.org တို့မှ ကူးယူဖော်ပြပါသည်။
http://www.unesco.org/…/twenty_new_sites_added_to_unescos…/…
Nz (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/photos/pcb.907491952627391/9074919

ဘာကြောင့် မြန်မာပြည်ကိုသွားလည်ဖို့ လိုအပ်သလဲ



ကမ္ဘာလှည့်ခရီးသွားများ အနေနဲ့ စစ်တပ်အုပ်ချုပ်မှုအောက် မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ မြန်မာပြည်ကို ဘာကြောင့် သွားရောက်လည်သင့်တယ်ဆိုတာ Bloomberg စီးပွားရေး သတင်းဌာနကြီးက အခုလို ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာပြည်ကို ကမ္ဘာလှည့်ခရီးသွား ၃သန်း လာရောက် ခဲ့ပြီး ဒီနှစ်မှာတော့ ၅သန်းအထိ လာရောက်မယ်လို့ မျှော်မှန်းထားတယ်လို့ ပါတယ်။ Bloomberg သတင်းဌာနက ဖော်ပြတဲ့ ဓာတ်ပုံတွေထဲမှာတော့ ရိုးရာသင်္ကြန်၊ မြိတ်ကျွန်းစု၊ ပြင်ဦးလွင်က ဈေး၊ အမရပူရက ငါးဖမ်းနေတဲ့ရေလုပ်သားများ၊ ၀င်းစိန်တောရက ကမ္ဘာအကြီးဆုံးလျောင်းတော်မူ မြတ်စွာဘုရား၊ ပုဂံ၊ အမရပူရ ဦးပိန်တံတား၊ ကျိုက်ထီးရိုးစေတီတို့ ပါဝင်ပါတယ်။
https://www.facebook.com/IrrawaddyBurmese/posts/978820428828776

ရောက်ဖူးသူတိုင်း ပျော်ကြတဲ့ အင်းလေးကန်



                    
 
                         
 
အင်းလေးကန်ကို ရောက်ဖူးပါသလား ?
မရောက်ဖူးသေးဘူး ဆိုရင်တော့ တစ်နေ့လောက် အလည်အပတ် သွားဖို့ တိုက်တွန်းပါတယ်။ အင်းလေကန် ဟာ မြန်မာနိုင်ငံ၏ အထင်ကရ
နေရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၂၉၀၀ တွင် တည်ရှိပြီး ၄၄.၉ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ရာသီဥတု အလိုက် ရေဟာ အတက် အကျ ရှိပါတယ်။

အင်းလေးကန်ဟာ ပျမ်းမျှ ရေအနက်မှာ နွေရာသီတွင် ၇ ပေခန့်ရှိပြီး အနက်ဆုံး နေရာတွင် ၁၂ ပေခန့် ရှိပါတယ်၊ မိုးရာသီမှာ ၅ ပေခန့် ပိုမြင့်တက်လာပါတယ်။

တောင်တွေ ဝိုင်းရံထားလို့ မြင်ရသူတိုင်း စိတ်ကို ကြည်နှုးစေပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့် ခရီးသည်တွေလည်း စွဲဆောင်စေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

အိမ်လေးတွေဟာ သစ်သား ဝါးတို့ဖြင့် ဆောက်လုပ်ထားပြီး လာလည်ကြတဲ့ ဧည့်သည်တွေကိုလည်း အပြုံးကိုယ်စီဖြင့် နုတ်ဆက်လေ့ ရှိတာဟာ အင်းသူ အင်းသားများ၏ ဓလေ့ တစ်ခုဖြစ်ပါတယ်။ သေးငယ်တဲ့ လှေလေးများနှင့် သွားလာခြင်းဟာ အခြားသူအဖို့ နှစ်သက်ဖွယ်ကောင်း လှပါတယ်။ ဒါကြောင့် အင်းလေးကန်ကို အလည်သွားဖို့ တိုက်တွန်ပါရစေ။

Ref - wiki , bordersofadventure
  ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/posts/841463082563612

သဘာဝအလှတို့နှင့်ပြည့်စုံနေပြီး ရေငှက်နှင့် ဆောင်းခိုငှက်တို့ပျော်မြူးရာ ပလိပ်ရေတိမ်အင်း


            
  မြန်မာနိုင်ငံသည် သဘာဝတောတောင်ရေမြေ ပင်လယ်သမုဒ္ဒရာများ စုံလင်သည့်အပြင် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း အဓိကမြစ်ကြီးများ နှင့် ယင်းတို့နှင့် ဆက်စပ်နေသော ရေတိမ်ဒေသအမျိုးမျိုးပေါများသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

တစ်နည်းအားဖြင့် ရေသယံဇာတ ပြေါ<ွကယ်ဝသည့် နိုင်ငံဖြစ်ပြီး နိုင်ငံ၏အဓိက စီးပွားရေးများဖြစ်သော စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်း အမျိုးမျိုးတို့ကို နိုင်ငံတွင်းရှိ ရေသယံ ဇာတအပေါ်မှီခိုကာ လုပ်ကိုင်လျက်ရှိ နေသည်။
ပေါများလှသည့် ရေသယံဇာတ များထဲတွင် ကုန်းတွင်းရေတိမ် ဒေသများလည်း ပါဝင်လျက်ရှိရာ ထိုရေတိမ်ဒေသများထဲတွင် သာယာ လှပပြီး ဆောင်းခိုငှက်များ ပျော်မြူး ကျက်စားရာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်အတွင်းရှိ ပလိပ် ရေတိမ်အင်းသည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။

ပလိပ်ရေတိမ်အင်းသည်မန္တလေး မြို့၏ အနောက်တောင်ဘက် ၉ မိုင် ၃ ဖာလုံအကွာ နာမည်ကျော် ပလိပ်ြေ>ွမဘုရားအနီး၌ တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၈၉ မီတာတွင်တည်ရှိ၍သဘာဝရေတိမ် အင်းတစ်ခုလည်းဖြစ်သည်။ ကန် အရှည် အလျား ၂ ဒသမ ၃ ကီလိုမီ တာ၊ အကျယ် ၂ ဒသမ ၁ ကီလိုမီတာ ရှိပြီး မိုးရာသီတွင် ကန်ရေပြင်သည် ၃၂၇ ဒသမ ၇၆ ဟက်တာကျယ်ဝန်း၍ နွေရာသီတွင် ၄ဝ ဒသမ ၄၇ ဟက်တာကျယ်သည်။

(တစ်ဟက်တာ ၁ဝဝ မီတာပတ်လည်) အင်းအတွင်း ရေဝင်ရေထွက်ကိုအနီး ရှိဒုဋ္ဌဝတီမြစ် ခေါ်မြစ်ငယ်မြစ်မှ ပြုလုပ်ပေးလျက် ရှိသည်။
မြန်မာနိုင်ငံ တွင် ကျော်ကြား ထင်ရှားပြီး ကြီးမားကျယ်ပြန့်သည့် အင်းတော်ကြီးအိုင်၊ အင်းလေးအိုင် များကဲ့သို့ပင် နှစ်စဉ်ဆောင်းခိုငှက်များ ဝင်ထွက်သွားလာခိုလှုံရာ နေရာဒေသ တစ်ခုအဖြစ် ပလိပ်ရေတိမ်အင်းသည် ယခုအခါ ကျော်ကြားလျက်ရှိနေ သည်။ ပလိပ်ရေတိမ်အင်းအတွင်း တွင် ကြာလင်ပန်း၊ ရေမှော်၊ ကန ဖော့၊ ဟင်းချန်၊ ရေကန်စွန်းစသည့် အပင်များ ပေါက်ရောက်လျက်ရှိပြီး ရေငှက် မျိုးစိတ် ၃၇ မျိုး၊ အခြားငှက် မျိုးစိတ်ခုနစ်မျိုး၊ ငါးမျိုးစိတ်ရှစ်မျိုး ကျက်စားလျက်ရှိသည့်အပြင် ကျော ရိုးမဲ့ သတ္တဝါများ၊ ရေမြွေ၊ ရေချို ကဏန်းနှင့်ခရုမျိုးစိတ်များရှိကြောင်း သိရသည်။

  ရေငှက် မျိုးစိတ်များထဲတွင် စစ္စလီ၊ မောက်တင်၊ တောငန်း၊ ဟင်္သာ၊ တောဝမ်းဘဲ၊ ဘဲရစ်၊ ဘဲအ၊ ဘဲခေါင်းစိမ်း၊ ရိုဗယ်လာဘဲ၊ တစီး မှုတ်၊ ခရုတုတ်၊ ခရုစုပ် ခေါင်း မည်း၊ ဥပန်း၊ တင်ကျီး၊ ငဟစ်မွဲ၊ အော်ယော၊ ငဟစ်နှင့်ဗျိုင်းတို့ပါဝင် သည်။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် လေ့လာချက်များအရ ရေငှက်မျိုး စိတ် ၃ဝ ၊ ဆောင်းခိုငှက် ၁၁ မျိုး နှင့် ဒေသရင်းငှက်မျိုးစိတ် ၁၉ မျိုး ရှိကြောင်း သိရသည်။ ငှက်မျိုးစိတ် များထဲတွင် ကမ္ဘာ့ရှားပါးစာရင်းဝင် ဥပန်းငှက်မျိုးနှင့်တင်ကျီး၊ တောငန်း၊ ဘဲရစ်၊ ဘဲမြီးသွယ်၊ ရေငှက်ကြီး၊ ခရုစုပ်၊ ခရုတုတ်၊ ငဟစ်မွဲ၊ ငဟစ် မျိုးစိတ်တို့သည် အကောင်ရေ များပြားစွာ ကျက်စားနေထိုင်ကြ ကြောင်း သိရသည်။ ထို့အပြင် အင်း အတွင်း အကောင်ရေနည်းပါးရှား လွန်းသည့် ဆောင်းခိုငှက်များ လည်း လာရောက်ကျက်စားကြပြီး ဒေသမျိုးရင်း ငှက် ၁၅ မျိုးခန့်သည် ပလိပ်အင်းအတွင်း တစ်နှစ်ပတ်လုံး နေထိုင်ကျက်စားလျက် ရှိနေသည်။

  မြန်မာနိုင်ငံသို့ ရာသီအလိုက်လာ ရောက်ကျက်စားကြသည့် ဆောင်း ခိုငှက် ၁၁ မျိုးသည် ကမ္ဘာမြောက် ဖျားပိုင်း ခရီးမိုင်ပေါင်း ၆ဝဝဝ ကျော် မှ လာရောက်ဆောင်းခိုကြပြီး ပလိပ် အင်းဒေသသို့နှစ်စဉ် နိုဝင်ဘာလ တွင်ရောက်ရှိကြ၍ မတ်လကုန်တွင် မူရင်းဒေသသို့ ပြန်လည်ထွက်ခွာ သွားကြသည်။ မြန်မာနိုင်ငံတွင် ငှက် များ၏ အရေးကြီးဒေသ (Important Bird Area) ၅၅ ခု ဖော်ထုတ်သတ် မှတ်ထားရာ ပလိပ်ရေတိမ်အင်း သည်လည်း တစ်ခုအပါအဝင်ဖြစ် သည်။

  ရေငှက်များသည်အများအားဖြင့် လူနှင့် ဝေးရာသဘာဝပတ်ဝန်းကျင် များတွင်သာ နေထိုင်ကျက်စား တတ်ကြသော်လည်း ပလိပ်အင်း ကဲ့သို့ ကားလမ်း၊ ရထားလမ်းနှင့် အင်းပတ်လည်တွင်ကျေးရွာများရှိနေပြီး အင်းစပ်တွင်လည်း လယ်ယာ လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင် သူများရှိနေသော နေရာဒေသတွင် မည်သူ့ကိုမျှ ဂရုမပြုဘဲ ရေငှက် အကောင်ရေမျိုးစုံများပြားစွာ ကျက် စားလျက်ရှိနေသည်မှာ ပလိပ်ရေ တိမ်အင်း၏ ထူးခြားချက်တစ်ခုဟု ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် ပလိပ်ရေတိမ်အင်း သည် သဘာဝအလှများနှင့်သာမက ထူးခြားဆန်းပြားပြီး ရေငှက်မျိုးစုံ နှင့်ဆောင်းခိုငှက်တို့ ပျော်မြူးရာ ဒေသတစ်ခုအဖြစ် တည်ရှိနေသည့် အပြင်''မြို့ပုဂံ၊ ရွာပလိပ်'' ဆိုသည့် အတိုင်း ဘုရားစေတီပုထိုးများ ပေါများလှ၍ လမ်းပန်းဆက်သွယ် ရေးမှာလည်း ကောင်းမွန်ချောမွေ့ သဖြင့် သွားရောက်လေ့လာ လည် ပတ်ရန်နေရာကောင်း တစ်ခုပင်ဖြစ် ပါကြောင်း ရေးသားဖော်ပြလိုက်ပါ သည်။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.

ကမ္ဘာတိုင်အောင် ကျော်ကြားလာသည့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါး





ပခုက္ကူ ဒေသသည် ယခင်က သွားလာမှု ခက်ခဲသည်။ မန္တလေး သွားလိုလျှင် မြင်းခြံသို့ မော်တော် တစ်တန် မြင်းလှည်း တစ်တန် သွားရသည်။ ရန်ကုန် သွားချင်လျှင် မော်တော် စီး၍ ညောင်ဦးမှ တစ်ဆင့် လိုရာ ခရီးကို သွားကြရသည်။ ဇက် နှင့် တစ်ဖုံ ၊ စက်လှေ နှင့် တစ်မျိုး သွားလာခဲ့ ရသည်။ အချို့က ပခုက္ကူမြို့ ကို " ဆူးကြားထဲက နှင်းဆီမြို့ " ဟု တင်စား ခေါ်ကြသည်။ ပခုက္ကူ ဒေသသည် နယ်ပယ် ကျယ်ဝန်းသည်။ သီးနှံ ၊ သယံဇာတ ပေါများသည်။ ဘာသာ သာသနာ ထွန်းကားသည်။ လူပုဂ္ဂိုလ် ၊ ရဟန်း ပုဂ္ဂိုလ် ၊ ပညာရှင်များ ပေါ်ပေါက်ရာ မှီတင်း နေထိုင်ရာ ဒေသလည်း ဖြစ်သည်။ ယနေ့ ခေတ်အခါတွင် ဆင်ဖြူရှင် - ဧရာဝတီ မြစ်ကူးတံတား ကြီးကြောင့် မြို့ပြ လူနေမှု အဆင့်အတန်း မြင့်လာသည်။ သွားလမ်း လာလမ်း လွယ်ကူလာသည်။

မကြာခင် ကောင်းကင်လမ်းပါ အဆင်ပြေလာမည် ဆိုလျှင် နှင်းဆီမြို့ သည် အတိုင်းထက် အလွန် ဖွံ့ဖြိုး လာမည်မှာ အမှန်ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်း အားကောင်း လာသောကြောင့် လည်းကောင်း၊ တန်ခိုးကြီး ဗုဒ္ဓ ရုပ်ပွားတော်များ ကိန်းဝပ်စံပျော်ရာ ဒေသလည်း ဖြစ်သောကြောင့် ပြည်တွင်း ဧည့်သည် ပြည်ပ ဧည့်သည် များပါ အဝင်အထွက် များလာသည်။ ပခုက္ကူ ဒေသ၏ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား လည်း ပြည်တွင်းမှ ဝယ်ယူ အားပေးမှု များလာသည်။
 
 ပခုက္ကူ ရောက်သူတိုင်း အိမ်ပြန် လက်ဆောင် ရှင်မတောင် သနပ်ခါး ကို တစ်ခုတ်တရ ၀ယ်ယူ ကြသည်။ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား ပြည်တွင်း ခရီးသည်များသာ ဝယ်ယူသည် မဟုတ်ပါ။ အင်္ဂလန်နိုင်ငံ ဘာမင်ဂန် မြို့သူလေး များကပါ စိတ်ဝင်တစား ဝယ်ယူ နေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင် မှတ်တမ်းတင် မိသည်။ ပခုက္ကူ ဒေသ ရှင်မတောင် သနပ်ခါးသည် မြန်မာကျော် သာမက ကမ္ဘာတိုင်အောင် ကျော်ကြား တော့မည်မို့ ဒေသခံ ပြည်သူ တစ်ဦးပီပီ ဒေသချစ်စိတ် မြန်မာပြည် ချစ်စိတ် နှင့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါးအား ဂုဏ်ယူရေးသား တင်ပြ လိုက်ရပါသည်။
 
နေဦးမောင် ( ပခုက္ကူ )
 

ကရင်ရိုးရာ ဝါခေါင်လက်ချည်ပွဲ

 

 

 

ဝါခေါင်လကို ကရင်လို လာခေါင်လို့ ခေါ်သတဲ့... ကရင်တို့အတွက် ဒီလရဲ့ပွဲတော်က ဝါခေါင်လက်ချည်ပွဲပါတဲ့... နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း ၁ ရက်နေ့ကစပြီး လပြည့်နေ့အထိ လက်ချည်ပွဲ လုပ်လေ့ရှိကြသတဲ့... ဒီလက်ချည်ပွဲကိုပဲ ခြည်ဖြူဖွဲ့မင်္ဂလာ... ဝါခေါင်ခြည်ဖြူပွဲ ဆိုပြီးတော့လဲ ခေါ်ကြသေးသတဲ့...

တကယ်တော့ ကရင်ရိုးရာ လက်ချည်ပွဲဆိုတာက ဝါခေါင်လမှာ လုပ်တဲ့ပွဲတင် မကပါဘူး... ကာလဒေသကို လိုက်ပြီးတော့ အမျိုးအစား ၃ မျိုး ကွဲပါသတဲ့ဗျာ... ဒါတွေကတော့...
- လိပ်ပြာခေါ် ဆုတောင်လက်ချည်ပွဲ...
- ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲ... နဲ့
- ဝါခေါင်လက်ချည်ပွဲ... တွေပဲ ဖြစ်ကြပါတယ်...

ထိမ်းမြားမင်္ဂလာ လက်ချည်ပွဲဆိုတာက ဇနီးမောင်နှံနှစ်ယောက်ရဲ့ လိပ်ပြာတွေကို မခွဲအတူတူ တစ်သက်လုံး လက်တွဲသွားနိုင်အောင် ပြုလုပ်ကျင်းပတဲ့... ကရင်ရိုးရာ လက်ထပ်ထိမ်းမြားတဲ့ အခမ်းအနားတစ်ခုပဲ ဖြစ်ပါတယ်...

လိပ်ပြာခေါ် ဆုတောင်းလက်ချည်ပွဲ ကျပြန်တော့ နာမကျန်း ဖြစ်နေတဲ့ အိမ်သူအိမ်သားအတွက် သူ့ရဲ့လိပ်ပြာကိုခေါ်ပြီး လူနဲ့မြဲအောင် ကျန်းမာအောင် ဆုတောင်းပေးတဲ့ပွဲ ဖြစ်ပါတယ်...

ဝါခေါင်လ လက်ချည်ပွဲကျတော့... အဓိပ္ပါယ်တွေ အများကြီး ရှိနေပါသတဲ့... ပုံမှန်အားဖြင့် ဝါခေါင်လဟာ ကရင်လူမျိုးတို့အတွက် ဆန်စပါး ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီးစီးချိန်... အခါကာလအားဖြင့် အလုပ်နားချိန်ပါ...

ဒီလို အလုပ်နားချိန်မှာ တစ်နယ်တစ်ကျေး ရောက်ရှိနေကြတဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံစည်းပြီး မိဘဘိုးဘွားတို့က သားသမီး မြေးမြစ်တွေကို စုစည်းစေပြီး သြဝါဒပေး ဆိုဆုံးမကြသလို... စပါးဆန်ရေ တိုးပွာထွက်ရှိပြီး လုပ်ငန်းကိုင်ခန်း တိုးတက်စည်ပင်စေကြောင်း ဆုတောင်းပဏ္ဍာ ပြုပေးကြပါတယ်...

ဒီအချိန်ဟာ ကရင်လူမျိုးတွေအတွက် အလုပ်နားချိန်လဲဖြစ် မိုးသည်းထန်စွာ ရွာသွန်းချိန် ဖြစ်တာမို့ ကိုယ်လက်လှုပ်ရှားမှုလဲ နည်းပါးသလို... ပိုးမွှားအင်းဆက်တွေ ပေါက်ပွားထူပြောပြီး ရောဂါဘယ ထူပြောတဲ့ အချိန်လို့လဲ ဆိုနိုင်ပါတယ်... ဒါ့ကြောင့်မို့ ဘိုးဘွားမိဘ ဆရာသမားတွေရဲ့ ကျန်းမာစေကြောင်း မေတ္တာပို့ဆုတောင်းမှုကို ခံယူကြရတဲ့ ကာလလို့လဲ ဆိုကြပါတယ်...

ကရင်လူမျိုးတို့ ဟိုး... ရှေးနှစ်ပေါင်း ထောင်နဲ့ချီတဲ့ ကာလက ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ကြရင်း ရောက်လေရာ အရပ်ဒေသမှာ မိဘဆွေးမျိုးတွေ ပြန်လည်အမှတ်ရစေဖို့... ပြန်ဆုံစည်းကြစေဖို့ ကရင်လူမျိုး ခေါင်းဆောင် အကြီးအကဲတွေက ရည်ရွယ်ပြီး ပြုလုပ်ပေးခဲ့ကြတဲ့ ပွဲလို့လဲ ဆိုကြပါတယ်...

တကယ်တော့ ဝါခေါင်လ ချည်ဖြူပွဲဟာ ကရင်လူမျိုးတွေရဲ့ မိသားစု ဆွေမျိုးတွေ ဘယ်လိုပင် အကွဲကွဲ အပြားပြား ဖြစ်နေပါစေ.... ဘယ်နေရာကို ရောက်နေပါစေ... ပြန်လည်ဆုံးစည်းကြပြီး စည်းလုံးညီညွှတ်စွာနဲ့ ရိုးရာအမွေတွေကို လက်ဆင့်ကမ်းပေးရာ... ဘိုးဘွားမိဘတွေက သားသမီး မြေးမြစ်တွေကို ကျန်းမာစေကြောင်း လုပ်ငန်းကိုင်ခန်း အဆင်ပြေပါစေကြောင်း ဆုတောင်းပေးကြတဲ့ ပွဲဖြစ်ပါတယ်...

မင်္ဂလာယူကြတဲ့ ပွဲဖြစ်တာမို့ ရိုးရာဝတ်စုံ ကိုယ်စီဝတ်ထားကြတဲ့ မိသားစုထဲမှာ ဒီပွဲကို ဦးဆောင်တဲ့ သူတွေဟာ ပထမအိမ်ထောင် ကြင်ယာစုံ ဖြစ်ရပါတယ်တဲ့... ပွဲမစခင် တစ်ရက်အလိုမှာ ဒီဦးဆောင်တဲ့ အဘိုးအဘွား စုံတွဲဟာ အိမ်လှေကားမကြီးကို ယောက်မနဲ့ အသာအယာခေါက်ပြီး လိပ်ပြာခေါ်ရပါသတဲ့...

ပါဝင်ဆင်နွှဲသူ အကုန်လုံးဟာ ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ကြရပါတယ်... ပွဲမှာပါဝင်မယ့် အဓိက ဒေါင်းလန်းတွေကိုလဲ မိစုံဖစုံ သားသမီးတွေကပဲ ကိုင်မကြရပါတယ်... ဒီဒေါင်လန်းတွေ ထဲမှာပြင်ဆင် ထည့်သွင်းရတဲ့ ပစ္စည် ခုနှစ်မျိုးမှာလဲ သူ့အဓိပ္ပါယ် သူ့တန်ဖိုးတွေ ကိုယ်စီရှိပါရဲ့... ဒါတွေကတော့...

- မကောင်းဆိုးရွာနဲ့ မကောင်းတဲ့ ပယောဂကံတွေကို ကာကွယ်တားဆီးဖို့... ခြည်ဖြူပွဲရဲ့ အဓိကပစ္စည်းဖြစ်တဲ့ ခြည်ဖြူသုံးခင်စု ခုနှစ်ပိုင်း

- ကရင်လူမျိုးတွေရဲ့ အဓိက အစားအစာလဲဖြစ်... ကရင်လူမျိုးတွေကို စည်းလုံးစွာ နေထိုင်စေချင်တဲ့ ဆန္ဒဥပမာလဲ ဖြစ်စေမယ့် ကျစ်ကျစ်လစ်လစ် ဆုပ်ထားတဲ့ အလွယ်တကူ မပုပ်သိုးနိုင်တဲ့ ထမင်းဆုပ် ခုနှစ်ဆုပ်

- ကရင်တွေ ပြောင်းရွှေ့ခဲ့တဲ့ အချိန်တုန်းက လမ်းပြခဲ့တဲ့ မုဆိုးကြီး ဖူ့ထော်မဲက လမ်းမှာတွေ့ခဲ့တဲ့ ခရုဖင်ချွန်လေးတွေလို စုစည်းနေတဲ့အခါ အချွန်တွေက ဘေးဘက်ကို ကားနေတာမို့ စုစည်းစည်းလုံးရင် ရန်သူက အလွယ်တကူ ရန်သတ္တရု မပြုနိုင်တာကို အမှတ်ရစေဖို့ ကောက်ညှင်းဖင်ချွန် ခုနှစ်ထုပ်

- သီးပွင့်ကြတဲ့ ငှက်ပျောဖီး ငှက်ပျောခိုင်တွေလို... စည်းလုံးညီညွှတ်စေဖို့... ဘယ်လိုခုတ်ခုတ် ဘယ်လိုသတ်သတ် ပင်စည်ကနေပွားပြီး ပြန်ရှင်သန်နိုင်တဲ့ ငှက်ပျောပင်ရဲ့ အစွမ်းကို ဥပမာပြုပြီး သာကွီသားမိန့်ဆိုတဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ အဓိပ္ပါယ်ရှိတဲ့ ငှက်ပျောသီးမှည့် ခုနှစ်လုံး... အမှည့်အလွယ်တကူ မရရင်လဲ ပြုတ်ပြီးတော့ ထည့်ကြသတဲ့...

- ဖဝ့်ဝီလိခေါ်တဲ့ ပင်စည်ကျရာ အပင်ပေါက်ပြီး အုံလိုက်ကျင်းလိုက် ပွားများတတ်သလို ဆေးဖက်လဲဝင်တဲ့ ပန်းခုနှစ်ခက်...

- ဘယ်လိုခုတ်ခုတ် ပင်စည်ကရော အဆင်အပိုင်းကရော ပြန်ရှင်သန်နိုင်သလို ရောဂါဘယဒဏ် ခံနိုင်ပြီးတော့ သူ့ရဲ့ပင်ကိုယ် အစွမ်းဖြစ်တဲ့ အချိုဓါတ်ပေးစွမ်းနိုင်တဲ့ သဘောတရားကို အမှတ်ရနိုင်စေကြဖို့ ကြံဆစ်ပိုင်း ခုနှစ်ပိုင်း

- မေတ္တာရဲ့ အေချမ်းတဲ့ သဘောကိုဆောင်တဲ့... မကောင်းမှုနဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင် ပေးနိုင်တဲ့သဘော... မိဘဘိုးဘွားတွေရဲ့ စေတနာမေတ္တာကို ကိုယ်စားပြုနိုင်တဲ့... အေးမြကြည်လင်တဲ့ မေတ္တာရေစင်တစ်ခွက်

ဒါတွေကို ဒေါင်းလန်းထဲမယ် စုထည့်ပြီးတော့ ပြင်ဆင်ထား ကြရပါသတဲ့...

ဦးဆောင်တဲ့ အဘိုးအဘွား စုံတွဲက ဒေါင်းလန်းဘေးကို ယောက်မနဲ့ ခပ်သာသာရိုက်ပြီးတော့ ဝိဥာဉ်လိပ်ပြာတွေ အကုန်အစုံ ရောက်ကြပြီလားလို့ မေးတဲ့အခါ ဒေါင်းလန်းကိုယ်စီနဲ့ မင်္ဂလာမောင်မယ်တွေက ရောက်ကြပါပြီဆိုပြီး သုံးကြိမ်သုံးခါ အမေးအဖြေ လုပ်ပြီးတော့ ချည်ဖြူပွဲကို စကြပါသတဲ့...

ဘိုးဘွားစုံတွဲက ချည်ဖြူပတ်ပေးရင်း ပလူး ဆိုတဲ့စကားနဲ့ အစပြုတဲ့ ကျန်းမာချမ်းသာ ပါစေကြာင်း ဆုတောင်းစာတွေ ရွတ်ဖတ်ပေးကြပါတယ်... မေတ္တာစာ ဆုတောင်းစာမှာ... သားသမီး မြေးမြစ်တွေ ကျန်းမာစေဖို့... မိသားစုနဲ့ မခွဲမခွာပဲ နေကြဖို့... ကျောက်သံပတ္တမြား... လယ်ယာကျွဲနွား ဆန်းရေစပါး ပေါများစေဖို့... ကျန်းမာသန်းစွမ်းပြီး ရောဂါဘယ ကင်းစေဖို့ ဆုတောင်းပေးကြတာပါ...

မင်္ဂလာမောင်မယ်တွေ အကုန်လုံးကို ချည်ပတ်ပေးတာ ပြီးသွားရင်တော့... ဒေါင်းလန်းထဲက စားစရာတွေကိ အတူတူဝိုင်းဖွဲ့ စားသောက်ကြရင်းနဲ့ ချည်ဖြူဖွဲ့တဲ့ပွဲ ပြီးဆုံးပါသတဲ့... ရိုးရာယဉ်ကျေးမှု အတီးအမှုတ် အကအလှတွေလဲ ပါကြသပေါ့...

ကိုကား။ ။ ဟိုဖတ်ဒီဖတ်... ဟိုရှာဒီရှာ... ဟိုကူးဒီကူး...

အမှားအယွင်း ပါလို့ရှိရင် ပြင်ပေးသွားပါလို့...
-----------------------------------------------------------------------------------------

ဒီအချိန်ဟာ ကရင်တိုင်းရင်းသား တိုင်းရင်းသူတွေအတွက် ခြည်ဖွဲ့ပေးကြတဲ့ အခါကာလပေါ့... ဘယ်လိုပဲ ရှေးကရင်လူမျိုးတွေက ရိုးရာပွဲ မိသားစုတွေနဲ့ စုံစည်းတဲ့ပွဲတွေ ပြုလုပ်ကြဖို့ အလေ့ထားခဲ့ပေမယ့် ဒီပွဲကို မိစုံဖစုံနဲ့ ဆွေးမျိုးအသိုက်အဝန်း အစုံအလင်နဲ့ ဆက်လက်ပြီး ထိန်းနိုင်ကြပါဖို့ ဘယ်လောက်တောင် ခက်ခဲကြတော့မလဲ တွေးမိပါတယ်...

ရာစုနှစ်နဲ့ချီပြီးတော့ ပြည်ပကျူးကျော်မှုဒဏ်... ပြည်တွင်းစစ်ပွဲတွေနဲ့ စစ်တလင်းဖြစ်ခဲ့ရတဲ့ မြန်မာပြည်မယ် သေကွဲကွဲလို့ ပြန်မဆုံနိုင်ကြတဲ့ မိသားစုတွေ... ပြည်တွင်းစစ်ကြောင့် မိကွဲဖကွဲပြီး ဒုက္ခသည်စခန်း ရောက်လိုရောက်... တစ်ဖက်နိုင်ငံ ရောက်လိုရောက်... တခြားသော နိုင်ငံတွေရောက်လိုရောက် ဖြစ်သွားကြတဲ့ မိသားစုတွေ...

စီးပွားရေး အဆင်မပြေမှုတွေကြောင့်... တစ်နယ်တစ်ကျေး... တစ်ဖက်နိုင်ငံနဲ့ အိမ်နီးနားခြင်း နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင် အသက်မွေးတွေရတဲ့ မိသားစုတွေ... ဒီလိုမိသားစုတွေကနေ ပေါက်ပွားလာကြတဲ့ ကလေးသူငယ်တွေ... ဒီလိုရိုးရာပွဲတွေနဲ့ အထိအတွေ့မှ ရှိကြပါတော့မလား...

မိဘဘိုးဘွားတွေကကော ဒီယဉ်ကျေးမှု အမွေတွေကို လက်ဆင့်ကမ်းပေးဖို့ ဘယ်လောက်တောင် ခက်ခဲလာမလဲ... ဒီမျိုးဆက်တွေကကော ဒီတန်ဖိုးရှိတဲ့ ရိုးရာတွေကို ဆက်ထိမ်းသိမ်းနိုင်ကြဖို့ ဘယ်လောက်တောင် ခက်ခဲကြမလဲ... ဆိုတဲ့အတွေးများစွာနဲ့...



https://www.facebook.com/photo.php?fbid=10204421665843930&set=a.1307913340136.

အလှမျိုးစုံသည် ကယားပြည်

 
 တိတ်မွီတိုမျိုးနွယ်စုတို့ရဲ့ အထိန်းအမှတ်တိုင် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
 
 ကြေးခွေပတ် ကယန်း ပဒေါင်မိသားစု (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
 
 ခေါင်ရည်သောက်နေတဲ့ ကယန်း ကငန် မျိုးနွယ်စုဝင်တဦး (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
 
  လွိုင်ကော်မြို့ရဲ့ အထင်ကရ တောင်ကွဲစေတီ (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

လွိုင်ကော်မြို့ရဲ့ အထင်ကရ တောင်ကွဲစေတီ (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

လွိုင်ကော်မြို့ရဲ့ အထင်ကရ တောင်ကွဲစေတီ (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)



 စစ်အစိုးရ လက်ထက်မှာ နိုင်ငံခြားသားတွေအတွက် တားမြစ်နယ်မြေတခု ဖြစ်နေခဲ့တဲ့ ကယားပြည်နယ်ဟာ အရပ်သား အစိုးရ ပြောင်းလဲလာပြီး နောက်မှာတော့ သူတို့ဒေသရဲ့ ရိုးရှင်းလှပတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေနဲ့ ဒေသအလှအပတွေဟာ ကမ္ဘာလှည့် ခရီးသည်တွေရဲ့ အာရုံကို ဖမ်းစားနေတဲ့ စိတ်ဝင်စားစရာ နေရာတနေရာအဖြစ် ပိုမိုထင်ရှားလာနေပါပြီ။

ရိုးရာ ဓလေ့ အလှတရားတွေ ရှိနေတဲ့ ကယားပြည်နယ်ကို ရောက်ဖို့ ရန်ကုန်မြို့ကနေ ဘတ်စ်ကားစီးပြီး ခရီးနှင်ခဲ့ပါတယ်။ ဒီဇင်ဘာ လရဲ့ ဆောင်းနှင်းတွေကို ဖြိုခွင်းပြီး မောင်းနှင်နေတဲ့ ဘတ်စ်ကားကြီး ထဲမှာ စိုင်းထီးဆိုင်နဲ့ စိုင်းဆိုင်မော့ဝ် တို့ရဲ့ သီချင်း တွေပျံ့လွင့် နေတာဟာလည်း လွမ်းမောစရာတခု လိုပါပဲ။
မြေပြန့်လမ်း၊ တောင်ပတ်လမ်းတွေကို အဆင့်ဆင့် ကျော်ဖြတ်ပြီး ၁၅ နာရီလောက် အကြာမှာတော့ ကယား ပြည် နယ်ရဲ့ မြို့တော် လွိုင်ကော်ကို ခြေချနိုင်ခဲ့ပါတယ်။
အရိုးထိအောင် အေးစိမ့်နေတဲ့ အအေးဒဏ်ဟာ မြေပြန့်သား တ ယောက်အတွက်တော့ အနွေးထည် အပါအဝင် အင်္ကျီသုံးထပ်လောက် ဝတ်ထားတာတောင် ခိုက်ခိုက်တုန်နေပါတယ်။
လွိုင်ကော်မြို့ရဲ့ ဆောင်းရာသီကတော့ အာရုဏ်တက်ချိန်ကနေ နံနက် ၈ နာရီလောက်အထိ မြူနှင်းတွေကျနေ ပါ တယ်။ နောင် ယား ကန်ကြီး အပါအဝင် လွိုင်ကော် တမြို့လုံးကို မြူတွေနဲ့ ဖုံးလွှမ်းနေလို့ ဓာတ်တိုင် ၂ တိုင် အကွာ အဝေး ထက် ပိုပြီး သဲသဲ ကွဲကွဲ မမြင်ရပါဘူး။ ဒါကြောင့် နှင်းကွဲချိန် ရောက်အောင် နောင်ယားကန်ဘေးက အညာသား လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ကော်ဖီ၊ ရေနွေးကြမ်းနဲ့ ပဲပြုတ်ထမင်းစားပြီး အချိန်ဖြုန်း ခဲ့ရပါတယ်။

နေခြည်ဖြာအကျ မြူနှင်းတွေကွဲသွားတာနဲ့ မြို့ ပေါ်က အထင်ကရ တောင်ကွဲစေတီကို သွားရောက်ဖူးမြော် ဖြစ်ပါတယ်။ အဲဒီ တောင် ကွဲ စေတီပေါ်ကနေ ကြည့်လိုက်ရင် အထပ်မြင့် အဆောက်အအုံတွေ မရှိဘဲ သစ်ပင်တွေကြားမှာ သဘာဝ အတိုင်း လှပနေ တဲ့ လွိုင်ကော်မြို့တခုလုံးကို မြင်တွေ့ရသလို စပါးတွေ ရိတ်သိမ်းပြီး ဖြစ်တဲ့ မြို့ပြင်က လယ် ကွင်းပြင်တွေနဲ့ မှိုင်းပျပျ တောင်တန်း တွေကိုလည်း မြင်ရပါတယ်။

လွိုင်ကော်မြို့ထဲကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်း စီးဆင်းနေတဲ့ ဘီလူးချောင်းထဲက ရေတွေကိုလည်း တချို့က ချိုးရေ အဖြစ် အသုံးပြုနေရတာ တွေ့ရပါတယ်။
ဘီလူးချောင်း တဖက်မှာရှိတဲ့ သီရိမင်္ဂလာ ဈေးကြီးထဲမှာ ဆိုရင်လည်း ဒေသထွက်သီးနှံတွေဖြစ်တဲ့ အာလူး၊ ကြက်သွန်၊ နာနတ်၊ ဘူးသီး၊ ခရမ်းသီး၊ ခဝဲသီး စတဲ့ သီးနှံတွေအပါအဝင် လူသုံးကုန်နဲ့ စားသောက် ကုန်မျိုးစုံ ဝယ်ယူရောင်းချသူတွေနဲ့ စည်ကားလို့ပါ။ အဝတ်အထည်တွေကတော့ တရုတ် နိုင်ငံထုတ်တွေ များပါတယ်။

လွိုင်ကော်မြို့လယ် နာရီစင်နားမှာတော့ ၁၉၄၉ ခုနှစ် နိုဝင်ဘာကနေ ၁၉၅၀ ဩဂုတ်လအထိ ကယားပြည်နယ် လွိုင်ကော်၊ မော်ချီး၊ ရှားတော၊ ဒီမော့ဆို စတဲ့မြို့နယ်တွေကို ကျူးကျော် ဝင်ရောက်လာတဲ့ တရုတ်ဖြူ(ကူမင်တန်) တပ်ဖွဲ့တွေကို တွန်းလှန်တိုက်ခိုက် ရင်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်း စစ်သည်တွေကို ဂုဏ်ပြု ဆောက်လုပ်ထားတဲ့ “သူရဲကောင်း ဗိမာန်” ကြီးကို တွေ့ရပါတယ်။ ၁၀ ပေကျော်မြင့်တဲ့ အထိမ်းအမှတ် ကျောက်စာတိုင်နဲ့ ဝန်းကျင်မှာတော့ ရှင်းလင်းပေးထားတာ မရှိလို့ ကုက္ကိုရွက်ခြောက်တွေ ပြန့်ကျဲနေ ပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေ မျက်စိကျနေတဲ့ ကြေးပတ် ကယန်းရွာတွေကို ရောက်ဖို့တော့ လွိုင်ကော်ကနေ ဒီမော့ဆို မြို့နယ်ထဲ အထိ ဆိုင်ကယ်နဲ့ အချိန် ၂ နာရီကျော်ကြာ သွားရပါတယ်။
ဒီမော့ဆိုမြို့နယ်ထဲသွားတဲ့လမ်းဟာ ငွေတောင်ဆည် ပေါင်ပေါ်ကနေ တောက်လျှောက် ဖြတ်သွားရတာဖြစ်လို့  ငွေတောင်ဆည် ကို လည်း အထူးတလည် သွားစရာမလိုဘဲ ဆည်ကြီးရဲ့ အလှကို ကြည့်ရှုခွင့် ရခဲ့ပါတယ်။
ဒီမော့ဆိုမြို့ကနေ ကြေးပတ် ကယန်းရွာတွေကို သွားတဲ့လမ်းတွေဟာ တောင်ကုန်း၊ တောင်တန်းတွေကို ဖြတ်သွားရတာဖြစ်ပါတယ်။ မြူနှင်းတွေ မစဲသေးတဲ့ တောင်စွန်း၊ တောင်ထွတ်တွေကတော့ သက်ဝင် ပန်းချီကား တချပ်နဲ့တောင် တူနေပါသေးတယ်။

အဲဒီတောင်ပေါ် ကားလမ်းဘေး တနေရာမှာတော့ ကုန်စုံဆိုင်လေးတွေ ၅ ဆိုင်လောက် တွေ့ခဲ့ရပါတယ်။ အဲဒီ ဆိုင်လေးတွေမှာ စား သုံး ကုန်တွေအပြင် ကယန်းရိုးရာ ပဝါနဲ့ လွယ်အိတ်တွေကိုလည်း တင်ရောင်းထားတာ တွေ့မြင်ရပါတယ်။ အဲဒီ ဆိုင်လေးတွေထဲမှာ ပဲ ကယန်းရိုးရာ ပဝါတွေနဲ့ လွယ်အိတ်တွေကို ကြေးပတ် ကယန်း အမျိုးသမီးတွေက ရက်ကန်းနဲ့ ကိုယ်တိုင် ခတ်နေကြပါတယ်။

ရက်ကန်း ခတ်နေကြတဲ့ ကယန်းအမျိုးသမီးတွေ ဝတ်ဆင်ထားတဲ့ ရွှေရောင်အဆင်းရှိတဲ့ ကြေးကွင်းတွေဟာ မေးစေ့ကနေ ရင်ညွန့်အထိ လည်တိုင်တခုလုံး ကြေးခွေတွေ ပတ်ထားသလို ဒူးဆစ် အောက်ကနေ ခြေမျက်စိ အထိလည်း ကြေးခွေတွေ ပတ်ထားပါတယ်။ ဒါ့အပြင် လက်မှာလည်း ငွေရောင် ဘော်ကွင်း လက်ကောက်တွေကိုလည်း ဝတ်ဆင် ထားပါတယ်။ သူတို့ကို ကယန်းပဒေါင် လို့ ခေါ်ပါတယ်။
အဲဒီ ဆိုင်တန်းလေးတွေကနေ ဆယ့်ငါးမိနစ်လောက် ဆိုင်ကယ်နဲ့ ဆက်သွားလိုက်ရင် ကြေးကွင်းပတ် ကယန်းပဒေါင်တွေ နေထိုင် တဲ့ ပန်ပဲ့ကျေးရွာ အုပ်စုက ရွမ်းကူနဲ့ ဒေါကီး ကျေးရွာတွေ ရှိပါတယ်။ ရွမ်းကူနဲ့ ဒေါကီးရွာကို သွားတဲ့ မြေလမ်းလေးဟာ ကားနဲ့လည်း သွားလို့ရပါတယ်။

မြေပြန့် မတွေ့ရတဲ့ တောင်ဆင်း၊ တောင်တက် လမ်းတွေ ဘေးမှာ တွေ့ရတဲ့ ကယန်း တိုင်းရင်းသားတွေရဲ့ လှေကားထစ်ပုံ တောင် ယာ စပါးစိုက်ခင်း တွေဟာလည်း အလှတရားတခုကို ပေးနေသလိုပါ။ တောင်ကုန်းတွေ ပေါ်မှာတော့ ထင်းရှူးပင်တွေနဲ့ အခြား သဘာဝ ပေါက်ပင်တွေကို မြင်ရပါတယ်။

ရွမ်းကူနဲ့ ဒေါကီး ရွာတွေရဲ့ အဝင်ဝမှာတော့ သူတို့ကိုးကွယ်တဲ့ တံခွန်တိုင်ကြီးတွေ တွေ့ရပါတယ်။ ဆယ့်ငါးပေ လောက်ကနေ ပေ သုံးဆယ်လောက် အထိမြင့်တဲ့ ဒီတံခွန်တိုင်ကြီးတွေဆီကို တခြားအချိန်တွေမှာ ရွာသားတွေ သွားလာတာ နည်းပေမယ့် နှစ်စဉ် ဧပြီ လ မှာ ကျင်းပတဲ့ တံခွန်တိုင်ပွဲတော်မှာ ဆိုရင်တော့ ရပ်ဝေး၊ ရပ်နီးက ကယန်းတွေပါ ပြန်လာကြတဲ့အတွက် အစည်ကားဆုံး အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

ရွမ်းကူနဲ့ ဒေါကီးမှာတော့ ကြေးပတ် ကယန်း အမျိုးသမီးတွေနဲ့ သူတို့ရဲ့ ရိုးရာ ဓလေ့တွေကို လေ့လာနိုင်ပါတယ်။ ကြေးပတ် ကယန်း အမျိုးသမီးတွေ ကိုယ်တိုင် ရက်လုပ်ထားတဲ့ ချည်ထည် ပဝါတွေနဲ့ လွယ်အိတ်တွေ ရနိုင်ပါတယ်။

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကတော့ ကြေးကွင်းပတ် ကယန်းမယ်တွေနဲ့ ရိုးရာဓလေ့ တွေကို လေ့လာဖို့ ဒီရွာတွေအထိ တကူးတက သွားရောက် လည်ပတ်ကြပါတယ်။ ဒေသခံတွေကလည်း သူတို့ ရွာတွေကို နိုင်ငံခြားသားတွေ လာရောက် လည်ပတ် ရင် သူတို့ ရက်လုပ်ထားတဲ့ အထည်လေးတွေ ရောင်းရသလို ဓာတ်ပုံ အရိုက်ခံရင်လည်း စေတနာကြေးငွေ ရရှိတာမို့ သူတို့အတွက် ဧည့်သည် များများလာဖို့ မျှော်လင့်နေကြပါတယ်။

ကြေးပတ်ကယန်း တွေနေတဲ့ ဒီမော့ဆိုမြို့နယ်ထဲက ဒွေးမယ်နော် ကန်ခုနစ်ဆင့်ကိုတော့ ကမ္ဘာလှည့် ခရီးသည်တွေ သွားရောက် လည်ပတ်နိုင်အောင် ပြည်နယ်အစိုးရက လမ်းဖောက်နေတာ တွေ့ခဲ့ရပါတယ်။
ကန်ခုနစ်ဆင့်ဟာ တောင်ခြေတလျှောက်မှာ အဆင့်ဆင့်ရှိနေတဲ့ ရေကန်တွေဖြစ်ပြီး ဒွေးမယ်နော် ညီအစ်မ ခုနစ်ဖော်တို့ စံပျော်ရာ နေရာဆိုပြီး ဒဏ္ဍာရီ ရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ တောင်တန်းကြီးနဲ့ တွဲလျက်ရှိနေတဲ့ အဲဒီ ရေကန်တွေဟာ ကြည်စိမ်းနေပြီး ရေအောက်ကြမ်းပြင်မှာ ပေါက်နေတဲ့ သစ်ပင်လေးတွေကိုတောင် မြင်နေရပါတယ်။

ကန်ခုနစ်ဆင့်နဲ့ နှစ်မိုင်လောက် အကွာမှာရှိတဲ့ တနီးလာလဲလို့ ခေါ်တဲ့ ကယားရွာထဲက ကယား အမျိုးသမီးကြီးတွေရဲ့ ရိုးရာဝတ်စုံ တွေကလည်း နှစ်လိုဖွယ် ရှိသလို ထူးခြားလှပနေပါတယ်။ ကျနော်တို့ တွေ့ခဲ့တဲ့ ကယားအမျိုး သမီးကြီးတွေဆိုရင် ဦးခေါင်းက ဆံပင် တွေကို ခေါင်းပေါင်းစတွေနဲ့ ကျကျနန ပတ်ထားသလို နားမှာလည်း ငွေနားဋောင်း ကြီးတွေ တွဲနေအောင် ဆွဲထားကြပါတယ်။
ဒါ့အပြင် ငွေဒင်္ဂါးပြားတွေကိုလည်း လည်ပင်းကနေ ရင်ညွန့်အထိ အထပ်ထပ် ဆွဲပြီး ဆင်ရင်ထားသလို၊ ပခုံးတဖက် ကနေ စလွယ် သိုင်းပြီး ဒူးခေါင်းအထိရှည်တဲ့ ဖဲသားစ အင်္ကျီကို ခါးကနေ ချည်ပဝါဖြူ တထည်နဲ့ စည်းပြီး ပိုနေတဲ့ ပဝါဖြူစကို ရှေ့ကိုထုတ်ပြီး အမြိ တ် ချထားပါတယ်။

ဒါတင် မကသေးပါဘူး။ နောက်ကျောဘက် မှာလည်း ပခုံးနှစ်ဖက်ကနေ တံကောက်ကွေးအထိ ကျနေတဲ့ ကတ္တီပါစကို လွှမ်းခြုံထား သလို ဒူးဆစ် အထက်ကနေ ခြေသလုံးအထိ သစ်စေးနဲ့ သုတ်လိမ်းထားတဲ့ အနက်ရောင် ကြိုးခွေတွေကို အထပ်ထပ် ရစ်ပတ်ထား တဲ့ သူတို့ရိုးရာဓလေ့ ဝတ်စားဆင်ယင်မှုတွေဟာ မြင်ရသူတိုင်းအတွက် စိတ်ဝင်စားစရာပါ။

သူတို့နေတဲ့ ရွာကတော့ မြေပြန့်ပိုင်းမှာ ရှိပြီး ကားတွေ ဆိုင်ကယ်တွေနဲ့ အလွယ်တကူ သွားနိုင်ပါတယ်။ သူတို့တွေက စပါးစိုက်တဲ့ အလုပ်ကို အသက်မွေးဝမ်းကျောင်း အဖြစ် လုပ်ကိုင်ကြပြီး ကျနော်တို့ ရောက်သွားတဲ့နေက “စပါးကျီတက်ပွဲ” နဲ့ တိုက်ဆိုင်နေလို့ အထူးဧည့်သည်တွေတောင် ဖြစ်ခဲ့ရပါသေးတယ်။

သူတို့ရဲ့ ရိုးရာဓလေ့အရ စပါးကျီတက်ပွဲနေ့ မှာ မျက်နှာစိမ်း ဧည့်သည်တွေလာရင် နောင်နှစ်တွေမှာ စပါးတွေ အထွက်တိုးသလို၊ စီးပွားလာဘ်လာဘ တွေလည်း တိုးတက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဧည့်သည်တွေ ဖြစ်ခဲ့တဲ့ ကျနော်တို့ ကို ဆုံနဲ့ ထောင်းထား တဲ့ ကြက်သား ထမင်းထောင်း ရိုးရာဟင်းတွေ အပါအဝင် ကိုယ်တိုင်လုပ်ထားတဲ့ ရိုးရာ ခေါင်ရည်တွေနဲ့ ဧည့်ခံပါတယ်။

အပြန်လမ်းမှာတော့ ငွေတောင်ဆည်ကြီးရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ထီးပွင့်ကန်ကို ဝင်ဖြစ်ခဲ့ပါတယ်။ ဒေသခံတွေကတော့ အခါကြီးရက်ကြီးတွေ ရုံးပိတ်ရက်တွေမှာ လာလည်ကြတာ များပါတယ်။ အလျား ၂၂၇ ပေ၊ အနံ ၁၁၅ ပေ ရှိတဲ့ အဲဒီရေကန်ထဲမှာ နေပူ ရင် ရွှံ့ညွန်တွေက အထက်ကို ရေပန်းတွေလို ပွင့်တက်လာပါတယ်။ ကယားပြည်နယ် အစိုးရက အဲဒီနေရာကိုလည်း နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေ လည်ပတ် စရာ နေရာအဖြစ် သတ်မှတ်ထားပါတယ်။

ဒီမော့ဆို မြို့ကနေပြန်တော့ မြို့အထွက်နား လမ်းဘေးတနေရာမှာ အမျိုးသား ဆယ့်ငါးယောက်လောက် တုတ်၊ ဓား၊ လက်နက်မျိုးစုံနဲ့ စုဝေးနေကြတာ တွေ့လို့ စုံစမ်းကြည့်တော့ ဒါဟာ ကယားရိုးရာ နတ်ပူဇော်ပွဲ လုပ်ဖို့ ငှက်လိုက်ပွဲ ကျင်းပနေတာ လို့သိရပါတယ်။ ငှက်လိုက်မယ့် အမျိုးသားတွေ စုဝေးနေပြီး ဘယ်ဘက် အရပ်ကို လိုက်ရမလဲဆိုတာ အဖွဲ့အကြီးအကဲက ကြက်ရိုးထိုး ဗေဒင် တွက် ဆ ကြည့်တဲ့အပေါ် ဩဝါဒခံယူဖို့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

ဗေဒင်အရ ငှက်ရှိမယ့်အရပ်ကို အဖွဲ့အကြီးအကဲတွေရဲ့ ဩဝါဒ ခံယူပြီးရင်တော့ ခြေနှစ်ချောင်း သတ္တဝါတွေဖြစ်တဲ့ တောကြက်နဲ့ အခြားငှက်တွေကို လိုက်ကြတယ်လို့ ဆိုပါတယ်။ အဲဒါကို ငှက်လိုက်ပွဲလို့ခေါ်ဆိုပြီး ရလာတဲ့ ငှက်တွေကို အရင်ဆုံး နတ်ပူဇော်ပြီး ပိုတဲ့ ငှက်တွေကိုတော့ အညီအမျှ ခွဲဝေယူ ကြတာလို့ သိရပါတယ်။

ဒီမော့ဆိုက ပြန်လာအပြီး နောက်တနေ့မှာတော့ ကယားပြည်နယ် အစိုးရက ကန်ခုနစ်ဆင့်၊ ထီးပွင့်ကံ တို့လို ကမ္ဘာလှည့် ခရီးသည် တွေ လာရောက် လည်ပတ်နိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကျတ်ဂူကို သွားရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီ ကျတ်ဂူဟာ ဒေသခံတွေ အပါအဝင် ဂူလမ်းကြောင်း အဆုံးအထိ ရောက်ဖူးသူ မရှိသေးဘူးဆိုပြီး နာမည်ကြီးနေတဲ့ ဂူကြီးလည်း ဖြစ်ပါတယ်။

အဲဒီ လိုဏ်ဂူဟာ လွိုင်ကော်မြို့ရဲ့ အရှေ့ဘက် ၁၀ မိုင်ခန့် အကွာမှာရှိပြီး လွိုင်ကော် – ရှားတော ကားလမ်းမကြီး ပေါ်ကနေ နောက် ထပ် ၃ ဖာလုံလောက် ဆက်သွားရင်ရောက်နိုင်ပါတယ်။ တောင်ခြေ ရောက်ရင်တော့ ဂူပေါက်ဝကို ရောက်ဖို့ တောင်ပေါ်ကို ပေ တရာ ကျော်လောက် ထပ်တက်ရပါတယ်။ ကျတ်ဂူ အတက်နားမှာတော့ နားနေဆောင်နဲ့ ဂူ အတက် လှေကားတွေကို ပြုလုပ်နေကြ တာလည်း တွေ့ခဲ့ရပါတယ်။

ဂူကြီးရဲ့ အဝင်ဝဟာ အထက်အောက် ပေ ၂၀ ခန့်ကျယ်ဝန်းပြီး အဝင်ကနေ ပေ ၅၀ လောက် ကျော်ရင်တော့ ပိန်း ပိန်းမှောင်နေလို့ ကျောက်ဆွယ်၊ ကျောက်ခက်တွေနဲ့ မညီညာတဲ့ ဂူအတွင်း အဝင် လမ်းတွေကြောင့် မီးမရှိရင်တော့ ဘယ်လိုမှ ဝင်လို့ ထွက်လို့ မရ တဲ့ ဂူကြီးလည်း ဖြစ်ပါတယ်။ အထဲမှာ သဘာဝအတိုင်း ဖြစ်နေတဲ့ ငွေရောင် အဆင်းရှိတဲ့ ကျောက်ခက်ပန်းဆွဲတွေကလည်း အလွန် လှပါတယ်။

ဂူအတွင်း ကိုက်တရာလောက် အရောက်မှာတော့ ကျိုးပဲ့ပျက်စီးနေတဲ့ သစ်သား အပိုင်းအစတွေ စုပုံနေတာကို တွေ့ မြင်ရပါတယ်။ တချို့နေရာတွေမှာ စိမ့်ကျနေတာတွေ တွေ့ရပါတယ်။ အဲဒီနေရာမှာ အလျား ၁၅ ပေ အနံ ၂ ပေခွဲလောက်ရှိတဲ့ သစ်သား ခေါင်း တွေ ကို ၁၅ ခုလောက် တွေ့ရသလို အလျား ၈ ပေ၊ အနံ ၂ ပေ ခွဲလောက်ရှိတဲ့ သစ်သားခေါင်းကြီးတွေလည်း တွေ့ရပါတယ်။ အဲဒီ အခေါင်းတွေဟာ မြေပြင်ပေါ်မှာ တွေ့ရသလို ဂူကြီး ရဲ့ အတွင်းနံရံတွေ က ဂူပေါက်ငယ်တွေထဲမှာလည်း တွေ့ရပါတယ်။

ဒေသခံတွေကတော့ အရင်ခေတ်တွေက လူသေ ရုပ်အလောင်းတွေထည့်တဲ့ အခေါင်းတွေလို့ မှတ်ယူနေကြပြီး ဒီဂူမှာ ဝိညာဉ်တွေ ခိုအောင်းနေတယ်လို့ ယုံကြည်ကြကာ ကျတ်ဂူလို့ ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

ဒီကျတ်ဂူကြီးရဲ့ အဆုံးကို ဘယ်သူမှ ရောက်ဖူးသူ မရှိသေးတဲ့အတွက် ကျတ်ဂူရဲ့ အရှည်ဟာ ဘယ်လောက် ဖြစ်တယ် ဆိုတာ မသိကြသေးပါဘူး။ သက်ဆိုင်ရာ ပြည်နယ် အစိုးရကတော့ ဘူမိဗေဒ ပညာရှင်တွေကို လေ့လာဖို့ ဖိတ်ခေါ်ထားတာတွေ ရှိသလို ယဉ်ကျေးမှု ဝန်ကြီးဌာနကိုလည်း တင်ပြသွားမယ်လို့ ဆိုပါတယ်။

အရင် စစ်အစိုးရ လက်ထက်တုန်းကတော့ ကယားပြည်နယ်ကို နယ်မြေမတည်ငြိမ်မှု အကြောင်းပြပြီး နိုင်ငံခြားသားတွေ ဝင်ရောက် လေ့လာခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ၂၀ဝ၇ ခုနှစ်မှာတော့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထောက်ခံချက် ရရှိတဲ့ နိုင်ငံခြားသား တွေကို ဝင်ရောက်လည်ပတ်ခွင့်ပြုပေမယ့် ကန့်သတ်နယ်မြေတွေ များပြားတာကြောင့် ၂၀၁၁ ခုနှစ်အထိ တနှစ်ကို နိုင်ငံခြားသား တရာ ထက်ပိုပြီး မလာကြဘူးလို့ သိရပါတယ်။

အရပ်သား အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာတော့ ကယားပြည်နယ်ကို ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ထောက်ခံချက်မလိုဘဲ နိုင်ငံခြားသား ခရီးသည်တွေ လေ့လာခွင့်ရရှိခဲ့ကြပါတယ်။ အဲဒီနောက် ကမ္ဘာလှည့်ခရီးသည်တွေဟာ ၂၀၁၂ ခုနှစ် ကစပြီး ၂၀၁၃ ခုနှစ်အထိ ခရီးသွားရာသီတွေမှာ တနှစ်ကို နိုင်ငံခြားသားဦးရေ ထောင်နဲ့ချီပြီး လာရောက် လည်ပတ်လာကြတယ်လို့ ပြည်နယ် အစိုး ရ နဲ့ ဧည့်လမ်းညွှန်တွေက ပြောပြပါတယ်။

ကယားပြည်နယ်ကို ကမ္ဘာလှည့် ခရီးသည်တွေ ပိုပြီးများများလာရောက်လည်နိုင်ဖို့အတွက် ပုဂ္ဂလိက လေကြောင်းလိုင်းတွေ ပြေးဆွဲပေးဖို့ လိုအပ်နေပြီး လေ့လာစရာ စိတ်ဝင်စားဖွယ် နေရာတွေမှာ နိုင်ငံခြားသားတွေအတွက် အပန်းဖြေ နားနေ စရာတွေ၊ စက်ဘီးစီးနိုင်တဲ့ နေရာတွေ၊ ရိုးရာ အဝတ်အထည်နဲ့ အစားအစာရောင်းတဲ့ ဈေးဆိုင်ခန်းတွေ အပါအဝင် ရွေးချယ်စရာတွေ အများအပြား စီစဉ် ပေးထား နိုင်ရင် ဧည့်သည်တွေ ပိုများလာလိမ့်မယ်လို့ ဧည့်လမ်းညွှန်တွေကလည်း ထောက်ပြပါတယ်။

ဒါ့အပြင် အခုလက်ရှိအချိန်မှာလည်း နိုင်ငံခြားသားတွေကို ဝင်ခွင့်ပိတ်ပင်ထားဆဲဖြစ်တဲ့ ဖားဆောင်း မြို့နယ်၊ ဖရူဆို မြို့နယ်နဲ့ ဘော်လခဲ မြို့နယ်တွေကိုလည်း ဖွင့်ပေးရင် ဧည့်သည်တွေ သွားရောက်လည်ပတ်ကြလိမ့်မယ်လို့ ဆိုပါ တယ်။ ဒီနယ်မြေတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလည်း လှုပ်ရှားသွားလာနေတဲ့ နေရာတွေ ဖြစ်တဲ့အတွက် အစိုးရဘက်ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးပြီးရင်တော့ ဒီ နေရာတွေကို ဖွင့်ပေးလိမ့်မယ်လို့ ဧည့်လမ်းညွှန်တွေဘက် က ယူဆနေကြပါတယ်။

လွိုင်ကော်ကိုပြေးဆွဲနေတဲ့ အစိုးရလေကြောင်းလိုင်းကို နိုင်ငံခြားသား ခရီးသည်တွေက လုံခြုံရေး အတွက် အသုံးမပြုလိုကြဘဲ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး လမ်းကြောင်းအတိုင်း ကုန်းလမ်းခရီးက လာရောက်ကြသူတွေ များတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာတော့ အင်းလေးကန်ထဲက တဆင့် မိုးဗြဲဆည်ကြီးထဲကနေ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့ကို ရေလမ်းခရီး အတိုင်း စက်လှေတွေနဲ့ တက်လာကြတာ များတယ်လို့ သိရပါတယ်။

ညောင်ရွှေ အင်းလေးကနေ ဖယ်ခုံဆိပ်ကမ်း အထိ သီးသန့် စက်လှေတစီးကို ကျပ် ၁ သိန်း ၂ သောင်း ပေးရပြီး ညောင်ရွှေကနေ ဖယ်ခုံ အသွားအပြန် ပြေးဆွဲနေတဲ့ ခရီးသည် စက်လှေတွေကို စီးရင်တော့ တယောက်ကို ၃၀ဝ၀ ကျပ် ရှိပါတယ်။

ဖယ်ခုံ ကနေ ၂ နာရီလောက် ကားထပ်စီးရင်တော့ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ကို ရောက်ပါပြီ။ လွိုင်ကော်မြို့ပေါ်မှာတော့ ပြည်တွင်းပြည်ပ ခရီးသည်တွေ လာရောက် လည်ပတ် နိုင်ဖို့အတွက် ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန လိုင်စင်ရ တည်းခိုခန်း ၅ ခုလောက်ရှိပြီး ဒီနှစ်ကုန်ပိုင်း ဆိုရင်လည်း ဟိုတယ် ၃ လုံးလောက် တိုးလာမယ်လို့ သိရပါတယ်။

သဘာဝ အလှအပတွေ ပြည့်စုံသလို၊ တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ စရိုက်ကလည်း မကွယ်မပျောက် ရှိနေဆဲဖြစ်လို့ အလှမျိုးစုံတဲ့ ကယား ပြည်နယ်ဟာ နိုင်ငံခြားသားတွေ မဖြစ်မနေ လာရောက်လည်ပတ်မယ့် ဒေသတခု ဖြစ်လာမှာ သေချာပါတယ်။     ။
Related Posts Plugin for WordPress, Blogger...