စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

ကံကောင်းခြင်းလက်ဆောင်များဖြင့် မြန်မာ့ကမ်းလွန်

oilprice.com
၂၀၁၄ ခုနှစ်က ရေနံတစ်စည် ဒေါ်လာ ၁၀၀ ခန့်ရှိရာမှ ၂၀၁၆ နှစ်ဦးမှာ တစ်စည် ဒေါ်လာ ၃၀ ခန့်အထိ ကျဆင်းခဲ့သည်။ ကမ္ဘာ့ရေနံဈေးကွက်ပျက်တော့ ရေနံကုမ္ပဏီတွေမှာ ပျက်သူပျက်၊ လျော့သူလျော့။ ရေနံလုပ်ငန်းနဲ့ ဆက်စပ်သည့် လုပ်ငန်းလုပ်ကိုင် သူတွေမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ လျော့နည်းခဲ့တာကြောင့် ကမ္ဘာမှာဘယ်နေရာ လုပ်ငန်းရှိနေသလဲ ခြေရာခံခဲ့ကြရတော့သည်။ မြန်မာပြည် ရေနံလုပ်ငန်းဈေးကွက်ကတော့ အရှိန်မပျက် ဆောင်ရွက်နေဆဲ။

၂၀၁၃ မှာ ကုန်းတွင်းကမ်းလွန်လုပ်ကွက်များကို နိုင်ငံတကာ တင်ဒါခေါ်ခဲ့သည်။ ယခင်ကာလများက နီးစပ်ရာအဆင်ပြေသလို လုပ်ကွက်တွေချပေးခဲ့တာကြောင့် တကယ်လုပ်သူတွေရှိသလို အမြတ်ရရင် ပြန်ရောင်းစားချင်တဲ့ ပွဲစားသာသာ ရေနံကုမ္ပဏီပေါက် စတွေကလည်း ပိုင်ရာဆိုင်ရာနှင့်ဝင်ပြီး နေရာယူခဲ့ကြသည်။ တကယ်တူးခိုင်းတော့ ငွေမတတ်နိုင်လို့ ဟိုရှောင်ဒီရှောင် အချိန်ဆွဲရင်း စာချုပ်ပြည့်တော့ ရပ်ခဲ့ကြသည်။

၂၀၁၃ နိုင်ငံတကာ တင်ဒါအောင်ခဲ့သည့် ရေနံကုမ္ပဏီတွေကတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ကြရတာကြောင့် ရလာသည့် အခွင့်အရေးကို မဆုံးစေရန် ProductionSharing Contract တွေကို ၂၀၁၄၊၂၀၁၅ နှစ်များ အတွင်း စာချုပ် ချုပ်ခဲ့ကြသည်။ ကုန်းပိုင်း ၁၆ ကွက်၊ ကမ်းလွန် ၂၀ ကွက် စာချုပ်နိုင်ခဲ့သဖြင့် မြန်မာ့ရေနံသမိုင်းအတွက် ထူးခြားသော မှတ်တမ်းတစ်ခု ဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်လည်း စွမ်းအင်ကဏ္ဍမှာ မှတ်ကျောက်တစ်ခုဖြစ်ခဲ့သည်။

ရေနံကုမ္ပဏီများကလည်း စာချုပ်ပါအတိုင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှု ဆန်းစစ်ခြင်း (EIA/SIA) လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရသည်။ ကမ်းလွန်ပိုင်းတွင် အခက်အခဲမရှိလှသော်လည်း ကုန်းတွင်းပိုင်းတွင် အခက်အခဲတွေ့ကြရသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနအနေဖြင့်လည်း ဌာနသစ်ဖွဲ့စည်းခါစ အထိုင်မကျသေးပေမယ့် ဌာနပေါင်းစုံက တင်ပြလာသော အလုပ်တွေက များလွန်းလှသည်။ သက်ဆိုင်ရာကုမ္ပဏီတွေကလည်း အချိန်ကန့်သတ်ချက်ရှိသဖြင့် အလုပ်တွေစနိုင်အောင် တွန်းအားပေးကြသည်။ အချို့ရေနံကုမ္ပဏီတွေကတော့ EIA/SIA ခွင့်ပြုချက်မရသေးတာ အကြောင်းပြပြီး လုပ်ပိုင်ခွင့်အတွင်းက ရေနံဈေးတက်လိုတက်ငြား အချိန်စောင့်ကြသည်။
မည်သို့ပင်ဆိုစေ ကမ်းလွန်ရေနံရှာဖွေရေး ကုမ္ပဏီကြီးများအနေဖြင့် ရေနံဈေးကျဆင်းမှုကြောင့် တိုင်းတာရေး၊ တူးဖော်ရေးလုပ်ငန်းများ အလုပ်ပါးနေခြင်းကို အခွင့်ကောင်းယူကာ ဈေးသက်သက်သာသာဖြင့် လုပ်ငန်းတွေ အမြန်စကြသည်။

 ၂၀၁၅ နှစ်ဦးပိုင်းတွင် Ophir ရေနံကုမ္ပဏီက လုပ်ကွက် AD-3 တွင် သုံးဘက်မြင် ဆိုက်စမစ်တိုင်းတာရေး အမြန်ဆုံးဆောင်ရွက်ခဲ့ကာ ၂၀၁၆ နှစ်ကုန်တွင် ရှာဖွေရေးတွင်းတူးနိုင်ရန် စီစဉ်လျက်ရှိသည်။ BG, Shell, Woodside, UNOCAL Chevron တို့က ၂၀၁၅ နှစ်ကုန်တွင် သက်ဆိုင်ရာ လုပ်ကွက်များအတွင်း တိုင်းတာရေးလုပ်ငန်းတွေ အရှိန်မပျက် ဆောင်ရွက်ခဲ့ကြ သည်။ ကျန်ကုမ္ပဏီများကလည်း ၂၀၁၆ အတွင်း ဆိုက်စမစ် တိုင်းတာရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ကြမည်။ လက်ရှိ ထုတ်လုပ်နေသည့် စီမံကိန်းများက ဖွံ့ဖြိုးရေးတွင်းများ တူးဖော်ခြင်း နှင့် ရှာဖွေရေးအတွက် တိုင်းတာခြင်းလုပ်ငန်းများကို လုပ်ငန်းအစီအစဉ်အတိုင်း ဆောင်ရွက်နေကြသည်မို့ ၂၀၁၆၊ ၂၀၁၇ နှစ်များက မြန်မာ့ရေနံလုပ်ငန်းအတွက် အလုပ်အများဆုံး ကာလများဖြစ်လာပေလိမ့်မည်။

လာခြင်းကောင်းသော Woodside
၂၀၁၆ ခုနှစ်ကား မြန်မာ့ကမ်းလွန်အတွက် ထူးခြားသော ကံကောင်းခြင်း လက်ဆောင်များ ဆောင်ကြဉ်းလာသည့်နှစ်ဟု ဆိုရပေလိမ့်မည်။ လုပ်ကွက် A-6 ဆိုသည်မှာ ယခင်က မည်သူမျှ စိတ်မဝင်စားသဖြင့် မယူခဲ့သည့် ရေနံလုပ်ကွက်။ MPRL က စွန့်စားကာ A-6 လုပ်ကွက်ကို ယူခဲ့ပြီး ရှာဖွေရေးတွင်း ပြည်သာ-၁ နှင့် ဘေးထွက်တွင်း ပြည်သာ-၁ (က) ကို ရေတိမ်ပိုင်းမှာ တူးဖော်ခဲ့ရာ ပြည်သာ-၁ (က) တွင် သဘာဝဓာတ်ငွေ့ တည်ရှိမှုကို တိုင်းတာတွေ့ရှိခဲ့သည်။

 ကြီးကြီးမားမား မဟုတ်သော်လည်း အလားအလာ ကောင်းဖြစ်သဖြင့် နောက်ထပ်လေ့လာမှုများအတွက် အချိန်၊ ငွေလိုအပ်သည်မို့ ဝန်ကြီးဌာနက စာချုပ်နှင့်အညီ အချိန်တိုးပေးခဲ့သည်။
နည်းပညာနှင့်ငွေအတွက် စိတ်ဝင်စားသည့် အတွေ့အကြုံရှိ လုပ်ဖော်ကိုင်ဖက်ကို ရှာဖွေခဲ့သည်။ Woodside နှင့် Total ရေနံ ကုမ္ပဏီကြီးများက MPRL နှင့်ပူးပေါင်းခဲ့ကြသည်။

၂၀၁၅ နိုဝင်ဘာတွင် ရေအနက်မီတာ ၂,၀၀၀ ခန့်၌ ရွှေရည်ထွန်း-၁ တူးဖော်ခဲ့ရာ ၂၀၁၆ နှစ်ဦးတွင် သတ်မှတ် အနက်မီတာ ၅,၀၀၀ ကျော်အထိ အောင်မြင်စွာ တူးဖော်နိုင်ခဲ့သည်။ မီတာ ၄,၃၀၀ ခန့်တွင် အလားအလာကောင်းသော သဘာဝဓာတ်ငွေ့သိုက်တစ်ခုကို ဖော်ထုတ်ခဲ့သည်။ MPRL,Woodside နှင့် Total ရေနံကုမ္ပဏီကြီးများက A-6 ၏ အတိတ်က ရေနံနှင့် သဘာဝဓာတ်ငွေ့မရှိနိုင်ဟု ယူဆခဲ့သည့် ရာဇဝင်ကို အပြီးမြှုပ်နှံကာ သမိုင်းသစ်ရေးထိုးပေးခဲ့လေသည်။

 သြစတြေးလျအခြေစိုက် Woodside ရေနံကုမ္ပဏီသည် ၂၀၁၃ ခုနှစ် အစိုးရသစ်လက်ထက်တွင် မြန်မာ့ကမ်းလွန် ရေနံလုပ်ငန်းများဆီသို့ စတင်ဝင်ရောက်ခဲ့သည်။ ရေနံလုပ်ငန်း အတွေ့အကြုံရင့် ကုမ္ပဏီကြီးတစ်ခု ကိုယ့်တိုင်းပြည်ထဲသို့ ယုံကြည်စွာ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအတွက် ကြိုဆိုရပေလိမ့်မည်။ ၂၀၁၃ တွင် Woodside ရေနံကုမ္ပဏီသည် ဦးစွာဒေဝူးရေနံကုမ္ပဏီမှ ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်နေသည့် မြန်မာ့ကမ်းလွန်လုပ်ကွက် AD-7 တွင် အစုဝင်အဖြစ် စတင်ပါဝင်ဆောင်ရွက်ခဲ့သည်။

http://www.7daydaily.com/story/59838

တော်လှန်ရေးလှိုင်းနှင့်အတူ မတ်လသမိုင်း

ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးသမိုင်းတွင် မတ်လသည်ထူးခြားသော လ တစ်လပင်ဖြစ်သည်။  ရာစု နှစ်ဝက်ကျော်ကာလတွင် လူထု ဆန္ဒနှင့်အညီ ရွေးကောက်တင် မြှောက်ခဲ့သည့် လွှတ်တော်များက သမ္မတကို  ပထမဆုံးရွေးချယ်တင်  မြှောက်မည့် နိုင်ငံရေးအရ စိတ် လှုပ်ရှားဖွယ်ရာ ကာလသည်လည်း မတ်လ၏နေ့ရက်များပင် ဖြစ်သည်။ လက်ရှိဒီမိုကရေစီအ ပြောင်းအလဲများ၏  ကနဦးအစ သည် မတ်လနေ့ရက်များ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် မြန်မာ့အပြောင်းအလဲသည် ဗလောင်းဗလဲသက် သက်သာ ဖြစ်နေဆဲဟု မှတ်ကျောက် တင်ခဲ့သည်မှာလည်း မတ်လနေ့ရက်များပင် ဖြစ်သည်။ မတ်လ သမိုင်းသစ်သည်ကား တော်လှန်ရေးလှိုင်း၊ တော်လှန် ရေး ၀ိညာဉ်တို့ ပူးကပ်နေဦးမည် မှာ ဧကန်မုချဖြစ်သည်။

၂၀၁၆ မတ်လ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မ တများ ရွေးချယ်တင်မြှောက်နိုင် ရန်အတွက် သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်များ အစုအ ဖွဲ့အလိုက် အစည်းအဝေးများကို  ကျင်းပမည်ဖြစ်သဖြင့် သမ္မတနှင့် ဒုတိယသမ္မတများအမည်စာရင်း ထွက်ပေါ်လာမည်ဖြစ်သည်။ လူ ထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်၏ ယုံကြည်မှုကိုအြ ပည့် အ၀ရရှိသည့် နိုင်ငံတော်သမ္မတ သစ်ကို မြန်မာပြည်သူလူထုတစ် ရပ်လုံးသာမက ကမ္ဘာကပါ စိတ် ၀င်တစားစောင့်ကြည့်နေမည် ဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၆ မတ်လ ၁၀ ရက်တွင် မြန်မာပြည်သူလူထု တစ်ရပ်လုံးသာမက  ကမ္ဘာကပါ ဒုတိယသမ္မတအမည်များကို နားစွင့်နေမည် ဖြစ်သည်။

လာမည့် ငါးနှစ်တာကာလ တိုင်းပြည်နှင့် ပြည်သူလူထု အ ကျိုး စွမ်းစွမ်းတမံသယ်ပိုးမည့် သမ္မတသစ်နှင့် အစိုးရသစ်ကို  ပုံ ဖော်မည့် ကနဦးခြေလှမ်းအစဖြစ် သည့် အားလျော်စွာ နိုင်ငံသစ်အ တွက် မင်္ဂလာရှိသော ခြေလှမ်း ပင် ဖြစ်သည်။ အရှေ့တောင်အာရှ ဒေသတွင် အဆင်းရဲ အမွဲတေဆုံး၊ အာရှတိုက်တွင် ဒုတိယမြောက် အဆင်းရဲ အမွဲတေဆုံးနိုင်ငံကို ဘက်စုံ ထောင်စုံမှ ပြန် အဖတ်ဆယ်နိုင်ရေး ရှေ့ပြေးခြေလှမ်းများက ဟန်ချက်ညီရမည် ဖြစ်သည်။ ပြည်ထောင်စု အစိုးရသစ်အပေါ် တိုင်းရင်းသားပြည်သူလူထု သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်ထောက်ခံမှုကို ထိန်းညှိထားနိုင်ရေးသည် သော့ချက်ကျမည် ဖြစ်သည်။

အစိုးရသစ်သည် စိန်ခေါ်မှု များ၊ အကျပ်အတည်းများကို အုံ နှင့်ကျင်းနှင့် ကြုံတွေ့လာရနိုင် ဖွယ်ရှိသည်။ နှစ်ပေါင်းငါးဆယ် ကျော် အဆိုးသံသရာထဲတွင် တ၀ဲလည်လည်ဖြစ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံအဖို့ ပြုပြင် ပြောင်းလဲဖွယ်ရာ
များက ဒုနှင့်ဒေးပင် ဖြစ်သည်။  ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး၊ အခက်ခဲဆုံး အပြောင်းအလဲကာလကို ဦးဆောင်မောင်းနှင်ရတော့ မည် ဖြစ်သည်။ အရှုပ်တကာ့ အရှုပ်ဆုံး အပိုင်းအစများကို မည် သို့ကိုင်တွယ်ရမည်မသိ။

ချီတုံ ချတုံဖြစ်နေမည်ဆိုလျှင် ဒီမိုကရေစီ လမ်းစပေါ်ခြေချနိုင်ရန်နှင့် ဆင်းရဲမွဲတေမှု ၀ဲဂယက်ထဲမှ ရုန်းထွက် နိုင်ရန် နှောင့်နှေးဦးမည်ဖြစ်သည်။ မည်မျှခက်ခဲ ကျပ်တည်း  ကျဉ်းမြောင်း ရှုပ်ထွေးစေကာမူ ပြည်သူလူထုကို မျက်နှာမူလျက် မဏ္ဍိုင်သုံးရပ်အကြား အကောင်းဆုံး ထိန်းကျောင်းမှုပြုကာ ဆင်းရဲမွဲတေမှု နွံထဲ၌  ကျွံနေဆဲ ဒီမိုကရေစီလှည်းဘီးကြီးကို ၀ိုင်းတွန်းကြရမည်ဖြစ်သည်။
မတ်လကို မြန်မာ့နိုင်ငံရေး သမိုင်းတွင် အလှည့်အပြောင်းများ ဖြစ်စေခဲ့သောလဟုလည်း ဆိုနိုင်သည်။

၁၉၄၅ မတ်လ ၂၇ ရက်နေ့ သည် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သည်။ ၁၉၆၂ မတ်လ ၂ ရက်တွင် တပ်မတော်သည်
နိုင်ငံတော် အာဏာသုံးရပ်ကို သိမ်းယူခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ကမကထပြုရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်မဲ့စေခဲ့ သည်။ ၁၉၈၈ မတ်လ ၁၃ ရက် တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား
ကိုဖုန်းမော်၊ ကိုစိုး နိုင်တို့ သေနတ်ဒဏ်ရာဖြင့် ကျ ဆုံးခဲ့ပြီးနောက် ရှစ်လေးလုံး ဒီမို ကရေစီအရေးတော်ပုံကြီးဆီ ဦး တည်သည့် မတ်လမော်ကွန်းသစ် ကို ရေးထိုးခဲ့သည်။ အကယ်စင် စစ် မတ်လသည် တော်လှန်ရေး ပင်ဖြစ်သည်။ ဖက်ဆစ်တော်လှန် ရေးလဖြစ်သကဲ့သို့ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီး၏ နိဒါန်း အစတော်လှန်ရေးလလည်း ဖြစ် သည်။

၂၀၁၅ မတ်လ ၁၀ရက်တွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့၌ ကျောင်းသားများနှင့် ၀န်းရံ ပြည်သူများကို အကြမ်းဖက်နှိမ် နင်းခဲ့သည်။ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန့်ကျင်ဆန္ဒ ပြ လျက် ခရီးရှည်ချီတက်ခဲ့သော ဒီမိုကရေစီ ပညာရေးသပိတ်စစ် ကြောင်းကို လက်ပံတန်းမြို့တွင် ပိတ်ဆို့ အကြမ်းဖက် လူစုခွဲ ဖမ်းဆီးခဲ့သည်။ ဒီမိုကရေစီအခွင့်အ ရေးများ၊ လူ့အခွင့်အရေးများကို လူသိရှင်ကြားမျက်ကွယ်ပြုလျက် အရက်စက်ဆုံးဖြိုခွဲခဲ့သည့် မတ် လ ၁၀ ရက် အကြမ်းဖက်မှုကို မြန်မာပြည်သူလူထုတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော ကျောင်းသားများနှင့် ၀န်းရံပြည်သူများကိုအပြင်းထန်ဆုံး လူစုခွဲ နှိမ်နင်း အကြမ်းဖက်ခဲ့မှုနှင့် စပ်လျဉ်း၍ လွတ်လပ်သော၊ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများက ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒဟု ကြွေးကြော်ခဲ့သည့် လွှတ် တော်အစည်းအဝေးများ ကျင်းပ  နေစဉ် လက်ပံတန်းမြို့တွင် အ ကြမ်းဖက်နှိမ်နင်းခဲ့သည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် လွှတ် တော်ကိုယ်စားလှယ်များ လွှတ် တော်ထဲရှိနေချိန်တွင် လက်ပံတန်းမြို့၌ အပြင်းထန်ဆုံး အကြမ်းဖက် ခဲ့သည်။ ၁၉၈၈ မတ်လတွင် အာ ဏာရှင်စနစ်ဆန့်ကျင်ရေးနှင့်အ တူ မတ်လသမိုင်းပြောင်မြောက် ခဲ့သည့်နည်းတူ ၂၀၁၅ မတ်လ တွင်လည်း အာဏာရှင်လက်သစ် စနစ်ကို ဆန့်ကျင်သည့် ဒီမိုကရေ စီပညာရေးသပိတ်တိုက်ပွဲနှင့်အ တူ မတ်လသမိုင်းသည် တော်လှန် ရေးမီးရှူးတန်ဆောင် ဖြစ်ခဲ့သည်။

 တစ်နှစ်တင်းတင်း ပြည့် မြောက်သည့် ၂၀၁၆ မတ်လ ၁၀ရက်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်သော၊ အကြမ်းဖက်ခံခဲ့ရ သော ကျောင်းသားများနှင့် ၀န်းရံပြည်သူများသည်
အကျဉ်းထောင်သံတိုင်များ နောက်ထိန်းသိမ်းခံနေ ရဆဲ  ဖြစ်သည်။ အရှည်ကြာဆုံး နှင့် ၀န်ထုပ်ဝန်ပိုး အပိဆုံးတရား ရုံး နေ့ရက်များကို ကျော်ဖြတ်နေရဆဲ ဖြစ်သည်။ အကြမ်းဖက်ခံခဲ့ ရသော ကျောင်းသားနှင့်  ၀န်းရံပြည်သူများသည်အမှုရင်ဆိုင်နေရချိန်တွင် မတ်လ ၁၀ ရက် အကြမ်းဖက်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူများနှင့် အမိန့်ပေးစေခိုင်းသူများက လွတ်မြောက်နေ ဆဲ ဖြစ်သည်။ အကယ်စင်စစ် မတ်လ ၁၀ ရက် အကြမ်းဖက်မှု နှင့်ပတ်သက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုက ယနေ့တိုင် ပျောက်ဆုံးနေဆဲ ဖြစ်သည်။
၂၀၁၅ မတ်လ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ အမျိုးသားပညာရေးဥပဒေ ကို ဆန့်ကျင်ကန့်ကွက်လျက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော ဒီမိုကရေစီပညာရေးစစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခဲ့မှုနှင့်

စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရသစ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်ထောင်စု အစိုးရသစ်နှင့် ပြည်ထောင်စု လွှတ်တော်တို့ အ နေဖြင့် လွတ်လပ်၍ တရားမျှတ သော၊ ပွင့်လင်းမြင်သာသော စုံ စမ်းစစ်ဆေးမှုကို အမြန်ဆုံးဖော် ဆောင်နိုင်ရေး ၀ါယမစိုက်ထုတ် နိုင်မည်ဆိုလျှင်၊  ရှုထောင့်ပေါင်းစုံ မှ ချဉ်းကပ်ကောက်ချက်ပြုသည့် အစီရင်ခံစာတစ်စောင်ကို လူသိ ရှင်ကြားထုတ်ြ ပန်နိုင်မည်ဆိုလျှင် လျော်ကန်သင့်မြတ်မည် ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူ များသည် ပြည်သူလူထု၏ သား သမီးများဖြစ်သည့် အားလျော်စွာ အစိုးရသစ်များ၊ လွှတ်တော်များ အနေဖြင့် ပြည်သူကိုမျက်နှာမူ လျက် ပြည်သူကို အမိ၊ အဖသ ဖွယ် အပြောသက်သက်မဟုတ် အလေးထားမည်ဆိုလျှင် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ အကြမ်းဖက်ဖြိုခွဲခံရမှုကို တရား နည်းလမ်းကျကျ ချဉ်းကပ်ဆန်း စစ် သုံးသပ်နိုင်ရမည် ဖြစ်သည်။ သို့မှသာ နောင်လာမည့်အနာဂတ် တွင် အလားတူ အကြမ်းဖက်ဖြို ခွဲမှုများ ထပ်မံမဖြစ်ပေါ်နိုင်ရေးကို  အထောက်အပံ့ပြုနိုင်မည် ဖြစ် သည်။

သာယာဝတီအကျဉ်းထောင် ၌ ဖမ်းဆီးထိန်းသိမ်း အမှုရင် ဆိုင်နေရဆဲ ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊  ပုဒ်မ ၁၈ အ ပါအ၀င် နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူများ အပါအ ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန် ဆုံြး ပန်လွှတ်ပေးရန် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့အား တိုက်တွန်းတောင်းဆို ကြောင်း အရေးကြီးအဆိုအဖြစ်  ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် အမျိုးသားဒီ မိုကရေစီအဖွဲ့ချု ပ် လွှတ်တော် ကိုယ်စားလှယ်များက ဦးဆောင် တင်သွင်း အတည်ပြုနိုင်ရေးကို အစိုးရသစ်များ ဖွဲ့စည်းပြီးလျှင် ပြီးချင်း မဖြစ်မနေ ဖော်ဆောင် လာနိုင်ပြီး နိုင်ငံရေးအကျဉ်းသား များ၊ အမှုရင်ဆိုင်နေရသူများ အားလုံးကို ခြွင်းချက်မရှိ အမြန် ဆုံးပြန်လွှတ်ပေးလာနိုင်မည်ဆို လျှင် အစိုးရသစ်၏ သမိုင်းနိဒါန်း  အစသည် ခမ်းနားထည်ဝါမည် သာ ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် တော်လှန်းရေးလှိုင်းနှင့်အတူ မတ်လသမိုင်းသည် ကြီးကျယ်မြင့် မြတ်ခမ်းနားနေဦးမည်မှာ ဧကန် မုချ ဖြစ်သည်။ ကိုဖုန်းမော်၊ ကိုစိုး နိုင် အပါအ၀င် အသက်ပေးခဲ့ရ သော ဒီမိုကရေစီသူရဲကောင်းပေါင်း
မြောက်မြားစွာ တို့ကို မတ် လသမိုင်းနှင့်အတူ ဦးညွှတ်အ လေးပြုရမည် ဖြစ်သည်။ အမှုရင် ဆိုင်နေရဆဲ ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အပါအ၀င် နိုင်ငံတစ်ဝန်းအကျဉ်းကျခံ
  နေရသည့် နိုင်ငံရေးအကျဉ်းသား အပေါင်းတို့ကို ဦးညွှတ်အလေးပြု ရမည် ဖြစ်သည်။ မတ်လသမိုင်း သည် မရိုင်းပါ။ ရှစ်လေးလုံးဒီမို ကရေစီသမိုင်းသည် မရိုင်းပါ။ အမျိုးသားပညာရေးသပိတ် သမိုင်းသည် မရိုင်းပါ။ ဖက်ဆစ် တော်လှန်ရေးသမိုင်းသည် မရိုင်း  ပါ။ မတ်လတော်လှန်ရေးလှိုင်း သည် ခမ်းနားထည်ဝါသော သမိုင်းနှင့်အတူ ပြည်သူလူထုကို မျက်နှာမူလျက် အားကောင်း မောင်းသန်နေဦးမည်မှာ မြေကြီး လက်ခတ်မလွဲပင်
  ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပါသည်။  ။

http://www.7daydaily.com/story/59874

"ကကြီး ခခွေး အရေးတော်ပုံ"

ဗျို့ အယ်ဒီတာ . . .
ဒီရက်ထဲ လွှတ်တော်သတင်းတွေက စိတ်ဝင်စားစရာ ကောင်းလှတယ်။ လူစိတ်ဝင်စားမယ် မှတ်တာ။ ဘယ်ဟုတ်မှာလဲဗျာ။ မြန်မာဗျည်း၊ သရအက္ခရာ ၃၃ လုံးထဲက ရှစ်လုံးကို ဖြုတ်ပယ်မယ်ဆိုတဲ့ သတင်းက ပိုလို့တောင်မှ
လူပြော သူပြောများနေသေး။ များနေတယ်ဆိုတာကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ အနှီကိစ္စပြောကြဆိုကြ ဆွေးနွေးငြင်းခုံနေကြတာကို ကြည့်ပြီး ပြောရတာပါ။ ဖေ့စ်ဘွတ်ခ်ရပ်ကွက်မှတော့  အုတ်အော်သောင်းတင်းဖြစ်တယ်ဆိုရ မှာပေါ့။ နို့ပေတဲ့ အနှီမြန်မာဗျည်း၊ သရအက္ခရာစာလုံးတချို့ကို ဖြုတ်မယ်ဆိုတဲ့အပေါ် ဆွေးနွေးငြင်းခုံကြတာတွေကဖြင့် စိတ်ဝင်စားစရာအကောင်းသား။

အယ်ဒီတာမင်းများလည်း သိတဲ့အတိုင်းပဲ။ လာမယ့် စာသင်နှစ်မှာ အခြေခံပညာအဆင့်မူလ တန်းသင်ရိုးတွေ ပြောင်းမယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်လာတယ်။ အထူးသဖြင့် သူငယ်တန်းသင်ရိုးကို ပြင်မယ် ဆိုလားပဲ။ သဟာနဲ့ ပတ်သက်ပြီး  ဆိုင်ရာများဘက်က တိကျတဲ့ သတင်းထုတ်ပြန်ချက်တွေ မကြားရသေးတာမို့ ဘစီတို့လည်း ဘာ တွေ ဘယ်လိုတိတိကျကျ မသိရသေးဘူး။ နို့ပေတဲ့ ဒီရက်ပိုင်းမှာ တော့ သတင်းဌာနတချို့ဆီက ထွက်လာတဲ့ သတင်းတွေအရ ကြားရသိရတာတွေအထဲမယ် ခုနက မြန်မာသင်ပုန်းကြီး ဖတ်စာအုပ်ထဲက ကကြီး၊ ခခွေ . . .  အစချီဗျည်းသရ ၃၃ လုံးရှိရာမှာ ရှစ်လုံးကို ဖြုတ်မယ်ဆိုသဗျာ။ အဲဒါနဲ့ပဲ ခုနင်က အထက်မှာပြောခဲ့ သလို ပွက်လောရိုက်ကုန်ကြတာပဲဗျို့။ ဖြုတ်သင့်တယ်၊ မဖြုတ်သင့်ဘူးအစရှိသဖြင့်ပေါ့ဗျာ။

သတင်းတွေအရ ဖြုတ်မယ်ဆိုတဲ့ ဗျည်း၊ သရအက္ခရာတွေကတော့ ‘ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဓ၊ ဏ၊ ဠ’ဆိုတဲ့ စာလုံးရှစ်လုံးပေါ့ဗျာ။ ဆိုင်ရာတွေဘက်က ကြားရတာ သူငယ်တန်းအဆင့်မှာပဲ အနှီဗျည်း၊ သရအက္ခရာစာလုံးတချို့ကို ဖြုတ်မှာဖြစ်ပါတယ်တဲ့။ ကျန်တဲ့အတန်းတွေမှာတော့ အားလုံးကို ပြန်သင်ပေးမှာလို့ ဆိုသဗျ။ ဒါကလည်း သူငယ်တန်းအရွယ် ကလေးတွေအနေနဲ့ အထက်ပါစာလုံးတွေကို မှတ်ရအသံထွက်ရတာ ခက်ခဲလို့ပါပဲ။ နို့ပေတဲ့ ကျန်တဲ့အတန်းတွေမှာ ပုံမှန်ဗျည်း၊ သရ ၃၃ လုံးကို အကုန်အစင် သင်ပေးသွားမှာလို ဆိုသဗျ။

ရွှေပြည်ကြီးမှာလည်း ဒီမိုကရေစီရှိနေပြီဆိုတော့ အနှီကိစ္စအပေါ်မှာ ဝေဖန်ကြ၊ ဆွေးနွေးကြ တာတွေအများကြီး ထွက်လာ တော့တာပါပဲ။ ဖြစ်သင့်တယ်လို့ မြင်သူတွေရော၊ မဖြစ်သင့်ဘူးလို့ သဘောထားသူတွေဆီကပါ သိရ တဲ့ ထွေထွေရာရာအမြင်တွေ အားလုံးဟာ သူ့ဆင်ခြေနဲ့ သူကတော့ ဟုတ်နေတာပါခင်ဗျ။ ထောက်ခံတဲ့ သူတွေဆီက ကြားသိရတဲ့ အမြင်တွေမှာဆိုရင်လည်း သူငယ်တန်းကလေးအရွယ်မှာ အခုလိုအမှတ်ခက်တဲ့ အက္ခရာတချို့ ကို ဖြုတ်လိုက်တာ ကောင်းတယ်ပေါ့။ ၃၃ လုံးမှာ ရှစ်လုံးကို ဖြုတ်ပြီး ကျန်တဲ့အက္ခရာ ၂၅ လုံးကို ကလေးတွေကို မိတ်ဆက်သဘောစပြီး သင်မယ်။ ပြီးမှ နောက်အတန်းတွေမှာ ၃၃ လုံးကို နဂိုအတိုင်း ပြန်သင်သွားမယ့် အစီအစဉ်ဟာ ဖြစ်သင့်တယ်ပေါ့လေ။

ဘာလို့ဆို ခေတ္တခဏဖြုတ်ပစ်မယ့် အက္ခရာရှစ်လုံးဟာ ကလေးတွေမပြောနဲ့ လူကြီးတွေတောင်မှ မှတ်လို့လွယ်တာ မဟုတ်ဘူးတဲ့။ နှုတ်ကသာ အကျင့်ပါနေလို့ ဆိုလို့ရရင်ရမယ်။ ဘယ်ဟာက ဋသန်လျင်း ချိတ်၊ ဘယ်ဟာက ဍရင်ကောက်ဖြစ်တယ်ဆိုတာ ရေးပါဆိုရင် ရုတ်တရက် ရေးမတတ်တော့ဘူးပေါ့။ ဒါဟာလည်း နေ့စဉ်သုံးမှာ အနှီစကားလုံးတွေဟာ အသုံးနည်းလို့ ဖြစ်တယ်ပေါ့ဗျာ။ လူကြီးတွေတောင်မှ သူငယ်တန်းက စသင်လာတာ မမှတ်တတ်မှတော့ အခုခေတ်ကလေးတွေကိုလည်း သူငယ်တန်းကစပြီး အဲဒီစကားလုံးကြီးတွေနဲ့ မနှိပ်စက်သင့်ဘူးပေါ့ ဗျာ။

ဗျည်း၊သရ အက္ခရာတချို့ကို ဖြုတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးသကာလ သိပ်ပြီးဘ၀င်မကျတဲ့သူများရဲ့ အမြင်ကလေးကတော့ ဒီလိုခင်ဗျ။ ကလေးတွေအနေနဲ့ကတော့ အက္ခရာ ၃၃ လုံးစလုံးပဲ သင်သင်၊ ရှစ်လုံးကို ဖြုတ်ပြီး အ လွယ်ဆုံးအသုံးများတဲ့ ၂၅ လုံးကိုပဲ သင်သင့်ပေါ့လေ။ ကနဦးစသင်တဲ့ ကလေးတွေအတွက်တော့ ဘယ်အက္ခရာစာလုံးပဲဖြစ်ဖြစ် အမှတ်ရခက်တာချည်းပါပဲတဲ့။ ခက်တာချင်း အတူတူအစကတည်းက ပေါင်းပြီးသင်လိုက်ရင် မကောင်းဘူးလား။

ကလေးအရွယ်မှတ်ဉာဏ်ထက်သန်တဲ့အချိန်မှာ သင်တာပို့လိုတောင်မှ ကောင်းပါသေးသတဲ့။
တကယ်လို့ သူငယ်တန်းမှာ ကလေးတွေက အက္ခရာ ၂၅ လုံး ကို မှတ်လာတယ်။ နောက်အတန်းသစ်တက်ရတဲ့ခါ အက္ခရာ ၃၃ လုံးကို ပြန်တွေ့တော့ တစ်ခါမှတ်ရနဲ့ အဲဒီကျမှ မခက်ကုန်ဘူးလားတဲ့ဗျာ။ အခုခဏဖြုတ်ထားမယ်ဆိုတဲ့ အက္ခရာ ရှစ်လုံးဟာ အမှတ်ရခက်တာ၊ အသုံးနည်းတာတော့ မှန်တယ်။ ကလေးတွေ စာမေးပွဲစစ်တဲ့အခါ အဲဒီစာလုံးကို မရေးတတ်ကြလို့ အမှတ်မရဘူးဆိုရင်လည်း နောင်အခါ အဲဒီစာလုံးတွေကို စာမေးပွဲမှာ ထည့်မမေးနဲ့။ ရှိတယ်သိရအောင်သာ စာစသင်ကတည်းက သင်ပေးပါလို့ ပြောကြသဗျာ။

အဲသလိုကွဲပြားခြားနားတဲ့ အမြင်များကို ကြားရတာဟာ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကြိုက်သူရော၊ မကြိုက် သူဘက်မှာပါ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေကြတာကိုးခင်ဗျ။ ဘယ်သူပြောတာမှ မှားတယ်လို့ မရှိပါဘူး။ ဖြုတ်ထားမှာကို လိုလားနှစ်သက်တဲ့ သူတွေကတော့ မပူပါနဲ့။ သူငယ်တန်းဟာ အက္ခရာမိတ်ဆက်ပဲ။ အ လွယ်မှတ်မိအောင်ပဲ။ နောင်မှ တဖြည်းဖြည်းသင်ယူ၊ မှတ်ယူ။ သူ့ဟာနဲ့ သူတော့ ဖြစ်သွားမှာတဲ့။ ဖြုတ်မနေနဲ့၊ အရင်တိုင်း သူငယ်တန်းက စသာသင်။ မမှတ်မိလည်း ဘာဖြစ်မလဲ။ သိပ်ပြီး အရေးစိုက်မနေနဲ့။ ကြာတော့လည်း သိသွားမှာဆိုပဲ။

အယ်ဒီတာရေ။ အဲသလိုတွေပေါ့လေ။ ဘစီတို့လည်း ဘာမှန်းညာမှန်းတော့ သိပ်သိလှတာ မဟုတ်ပါဘူး။ သိတာတစ်ခုကတော့ ဟိုရှေးအင်္ဂလိပ်ကိုလိုနီ အစိုးရအုပ်ချုပ်စဉ်အခါတုန်းက မြန်မာသင်ရိုးမှာ ‘ဋ၊ ဌ၊ ဍ၊ ဓ၊ ဏ’  စာလုံးငါးလုံးဟာ သိပ်ပြီးအသုံးနည်းတယ်။ သင်လည်း အလကားပဲဆိုပြီး ဖြုတ်ပစ်မယ် လုပ်ဖူးကြောင်းတော့ စာထဲမှာ ဖတ်ရလို့ မှတ်ထားခဲ့ရဖူးသတဲ့။ ဒါပေတဲ့ မြန်မာပညာရှင်တချို့က ကန့်ကွက်လို့မို့ သူ့နဂို ၃၃ လုံးအတိုင်း အဖြုတ်အပယ်မရှိ ထားခဲ့ရဖူးသတဲ့။ ဘစီတို့ ထင်ပါတယ်။ အဲဒီတုန်းကတော့ အထက်ပါစာလုံး ငါးလုံးကို သင်ရိုးညွှန်းတမ်းထဲက အပြီးဖြုတ်ပစ်ဖို့နဲ့ တူတယ်။
အခုကတော့ သူငယ်တန်းသင်ရိုးမှာတင် ခဏဖြုတ်မှာ။ အပြီးဖြုတ်မှာ မဟုတ်ဘူး။ နောက်အတန်းတွေမှာ ပြန်သင်သွားမှာလို့ သိရသဗျ။

 လာမယ့်နှစ် သူငယ်တန်းသင်ရိုးမှာ ဖြုတ်ထားမယ့် စာလုံးတွေက အသုံးနည်းတာ မှန်တယ်။ အမှတ်ရခက်တာလည်း ဟုတ်တယ်။ ဒါပေတဲ့ မသင်ဘဲတော့ ထားလို့မရဘူးဗျ။ အဲဒီစာ လုံးတွေဟာ ပါဠိသက်ဝေါဟာရတွေဆိုပေတဲ့ မြန်မာစာပေဟာလည်း ပါဠိနဲ့ မကင်းနိုင်တော့ သိထားမှကိုဖြစ်မှာပဲ။ ဋသန်လျင် ချိတ်ကို မသိရင် ‘မဇ္ဈိမပဋိပဒါ’ကို စာလုံးပေါင်းဖို့၊ အသံထွက်ဖို့ ခက်မှာပေါ့။ ဈမျဉ်းဆွဲကို မသိရင် ‘ဈေး’ဆိုတာ ခက်မှာပါပဲ။ ဃကြီး နဲ့ မရင်းနှီးရင် ‘သံဃာ’ကျအထူး အဆန်းဖြစ်မှာပဲလေ။ ပြောချင် တာက အနှီဗျည်း၊ သရ ၃၃ လုံးဟာ သူ့နေရာနဲ့သူအခြေခံကျကျလို အပ်နေတယ်ဆိုတာပါပဲခင်ဗျာ။
ဒါပေမဲ့ အခုဟာက သူငယ်တန်းအတွက်သာဆိုတော့ မတူတဲ့ အမြင်တွေရှိပေတဲ့ မြန်မာစာ အနာဂတ်တစ်ခုလုံးအတွက်တော့ သိပ်ပြီးစိုးရိမ်စရာမရှိဘူးလို့ မှတ်တာပါပဲ။ အရေးကြီးတာက သူငယ်တန်းမှာ ချန်ထားရစ်ခဲ့တဲ့ ခုနင်က အက္ခရာရှစ်လုံးကို နောင်အတန်းကြီးလာတဲ့အခါ သူ့နေရာနဲ့သူ နေရာကျအောင် ချိတ်ဆက်သင်သွားနိုင်ဖို့ပဲ။ ကလေးအရွယ်က ဗျည်း၊ သရ ၂၅ လုံးကို အလွယ်သင်ခဲ့ပေတဲ့ မြန်မာဗျည်းသရအခြေခံစာလုံးဟာ ၃၃ လုံးပါ ဆိုတာ ကလေးတွေ စွဲမြဲမှတ်သားလာနိုင်အောင်တော့ ဆင့်ကာဆက်ကာ သင်ကြားသွားရမှာပေါ့ဗျာ။

ဘစီတို့ရဲ့ တစ်မိုက်တစ်ထွာ အမြင်အရဆိုရင် သူငယ်တန်းမှာ အနှီဗျည်း၊ သရတွေကိုတောင်မှ ကျက်ခိုင်း၊ မှတ်ခိုင်း၊ ရေးခိုင်းတာမျိုးတောင်မှ မလိုလားဘူး။ တော်ပါပြီ ၀လုံးလောက်ဆို။ ဟိုတုန်းကလည်း သူငယ်တန်းဆိုသဟာကို ‘၀လုံး’တန်းလို့သာ ခေါ်ခဲ့ကြတာမဟုတ်လား။ ၀လုံးဟာ မြန်မာစာလုံးတွေအတွက် အခြေခံပဲ။ ၀လုံးလေးတွေချည်း သူငယ်တန်း တစ်နှစ်လုံးမှာပျော်ပျော်ပါးပါးသင်ဗျာ။ တခြားလူမှုကျင့်ဝတ်လေးတွေနဲ့ တွဲပြီးတော့ပေါ့လေ။ ဥပမာအိမ်သာတက်ပြီး လက်ဆေးတာမျိုး။ အမှိုက်ကို စည်းကမ်းတကျပစ်တာမျိုး။ သစ်ပင်နဲ့ သဘာဝပတ်ဝန်းကျင်ကို မိတ်ဆက်ပေးတာမျိုး။ အချိုရည်နဲ့ အစာပြေတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးလေးတွေဟာမျိုးကို မိတ်ဆက်သဘောနဲ့ ပြောပြသွားပြီး ပထမတန်းလောက်ရောက်မှ ကကြီး၊ ခခွေးကို ဗျည်းအက္ခရာ ၃၃လုံးကို မိတ်ဆက်သင်၊ တစ်တန်းပြီး တစ်တန်းမြှင့်သွား။ မကောင်းဘူးလား။
အခုတော့ သူငယ်တန်းမှာ ဗျည်းသရတချို့ ဖြုတ်ထားမယ့် ကိစ္စ ငြင်းကြခုံကြနဲ့။ အမှန်ကတော့ ဒါမျိုးဆိုတာ သင်ရိုးမဆွဲခင်ကတည်းက ပြည်သူတွေကိုချပြပြီး ကျောင်းသားမိဘတွေ၊ ကျောင်းဆရာတွေ ပညာရေးစိတ် ၀င်စားသူတွေနဲ့ အမြင်တွေကို အရင်နားထောင်သင့်တာ။ နှစ်ပေါင်းများစွာ ကလေးတွေကို စာသင်လာသူတွေရဲ့ အသံကို နားထောင်ရမှာ။ ရုပ်မြင်သံကြားလို နေရာမျိုးကတစ်ဆင့် ဘာသာစကားပညာရှင်တွေရဲ့ ထင်မြင် ချက်၊ ငြင်းခုံချက်တွေကို လွှင့်ထုတ်ပြီး အဲဒီအပေါ်မှာ ထပ်ဆင့် တွေးတောလာကြတဲ့ ပြည်သူပြည်သားတွေရဲ့ ထင်မြင်ချက်ကို နားထောင်ပြီးသာ အခုသူငယ်တန်းသင်ရိုးမှာ ဗျည်းသရအက္ခရာ တချို့ ဖြုတ်သင့်၊ မဖြုတ် သင့်ကို ဆုံးဖြတ်စီစဉ်ကြမယ်ဆိုရင် ပိုလို့ကောင်းမှာပဲ၊ မြိုင်ဆိုင်မှာပဲ၊  စိတ်ဝင်စားစရာလည်း ဖြစ်မှာပဲ။ အခုတော့ ပြင်ပြီးမှ အသံထွက်လာတဲ့အခါ မိဘပြည်သူတွေခမျာ ဆရာဗန်းမော်တင်အောင်စကားခဏငှားပြောရရင် ‘‘ကျွန်တော်ကကော ဘာများတတ်နိုင်ဦးမည် နည်း’’တွေဖြစ်ကုန်တာပေါ့လေ။

ဘစီတို့ ပြောချင်တာကတော့ ပညာရှင်များ ကောင်းမယ်ထင်လို့ လုပ်တာ လုပ်ကြပါ။ တစ်ခုတော့ ရှိသပေါ့ဗျာ။ ဟောဒီရွှေ ပြည်ကြီးမှာ သင်ရိုးညွှန်းတမ်းတွေ ပြောင်းကြတာလည်း အခါခါပါ။ အင်္ဂလိပ်စာကို သူငယ်တန်းက သင်လိုက်။ တစ်ခါငါးတန်းက စသင်လိုက်၊ နောက်ကျတော့ သူငယ်တန်းကစပြီး ပြန်သင်။ ၀ိဇ္ဇာ နဲ့ သိပ္ပံကိုလည်း ခွဲလိုက်ပေါင်းလိုက်။ ပြီးတော့ ပြန်ခွဲလိုက်၊ ပြန်ပေါင်းလိုက်။ မြန်မာစာကလွဲလို့  တခြားဘာသာရပ်တွေကို အင်္ဂ လိပ်လိုသင်ရမယ် လုပ်လိုက်။ မြန်မာလိုသာ သင်ရမယ်လုပ်လိုက်နဲ့ စိတ်ထင်သလို လုပ်ခဲ့တာ များပြီကော။ သဟာကြောင့် ဒီတစ်ခါသင်ရိုးအပြောင်းဟာ ဘစီတို့ ကလေးတွေ နောင်အရှည် ကောင်းဖို့သာ ရည်ရွယ်တာဖြစ် ပါစေလို့ မျှော်လင့်နေမိတာပဲဗျို့။ တော်သေးပြီ။
(ဖော်ပြပါသရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

http://www.7daydaily.com/story/56894

ငွေတစ်ခုတည်းနဲ့ မိသားစုကို ပျော်ရွှင်အောင်တည်ဆောက်လို့ မရဘူး



မိသားစု တစ်စုဟာ ငွေရှိရုံနဲ့ အရာရာ ပြီးပြည့်စုံခြင်း မရှိပါဘူး။ ငွေဆိုတာ မိသားစု တစ်ခုအတွက် တစ်ပိုင်းတစ်စသာ ဖြစ်ပါတယ်။ လောကမှာ ငွေနဲ့
ဝယ်လို့ မရတဲ့ အရာတွေ များစွာ ရှိနေလို့ပါ။

ငွေနဲ့ ချမ်းသာတဲ့ အိမ်ကြီးကို ဆောက်လို့ ရပေမယ့် ငွေနဲ့ မိသားစုတွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးအောင်တော့ လုပ်လို့ မရပါ။ ပျော်ရွှင်တဲ့ မိသားစု ဆိုတာ ထမင်းဝိုင်း တစ်ခုလိုပါပဲ။ ထမင်းချည်းပဲ စားလို့ မရသလို ဟင်းချည်းပဲ စားရင်လည်း မကောင်းပါဘူး။ ထမင်းရော ဟင်းရော မြိုင်ဆိုင်
စွာစားမှသာ အလွန်ချိုမြိန်တဲ့ ထမင်းဝိုင်းလေး တစ်ခုဖြစ်မှာပါ။

တစ်ခါတစ်ရံမှာ အကိုကြီးတွေက အနစ်နာ ခံမယ်၊ တစ်ခါတစ်ရံမှာ ညီမ
ငယ်လေး အဆုံးအရှုံးခံရမယ်။ တစ်ခါတစ်လေ ကြပြန်တော့လည်း အဖေနဲ့ အမေနဲ့ အနစ်နာ ခံရမှာပေါ့။ ဒီလိုမျိုးပဲ မိသားစု တစ်စုဆိုတာ ဘဝမှာ အခင်
တွယ်ရဆုံး သူတွေပါ။ သူသာတယ် ငါနာတယ်ဆိုတာ မရှိ။ ဝမ်းနည်းလည်း အတူတူပဲ။ ပျော်ရွှင်လည်း အတူတူပေါ့။ လောကမှာ ရှိတဲ့ မိသားစုတွေ
အားလုံး ပျော်ပါစေ။

ကျော်လင်းနိုင် (ရိုးရာလေး)

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/1006959526013966/?type=3

၂၀၁၆ အယ်လ်နီညိုနှစ်ရဲ့ ရာသီဥတုအလားအလာ


သမိုင်းတစ်လျှောက် အင်အားအကောင်းဆုံး အယ်လ်နီညိုရာသီဥတုကြုံတွေ့မည့်နှစ်ဖြစ်သောကြောင့် ရေရရှိရေး၊ စိုက်ပျိုးရေး၊ကျန်းမာရေး စသောကဏ္ဍများအတွက် ပြင်ဆင်ထားရန်လိုပါသည်။ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
၂၀၁၆ ခုနှစ်ရဲ့ ပထမနှစ်ဝက်ဟာ အယ်လ်နီညိုရာသီဥတုရဲ့ ထိခိုက်မှုခံရဦးမယ့် ကာလဖြစ်ပါ တယ်။ ဒီပထမနှစ်တစ်ဝက် ကာလထဲမှာ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလဟာ ဆောင်းရာသီ ကာလဖြစ်ပါတယ်။ မတ်လနဲ့ဧပြီ ကတော့
နွေရာသီကာလ ဖြစ်ပါတယ်။ မေလက တော့ မိုးကြိုရာသီကာလနဲ့ အနောက်တောင် မုတ်သုံရာသီလေ ၀င်ရောက်မယ့် ကာလဖြစ်ပါတယ်။ ဇွန်လကတော့ မိုးဦးရာသီ ကာလဖြစ်ပါတယ်။

အဲဒီတော့ အယ်လ်နီညို ကြောင့် ၂၀၁၆ ခုနှစ်ရဲ့ ဆောင်းရာ သီ၊ နွေရာသီ၊ မိုးကြိုရာသီ၊ မိုးဦး ရာသီတို့အပြင် မုတ်သုံလေ၀င် ရောက်မှု၊ မုတ်သုံလေအင်အား၊ မုတ်သုံမုန်တိုင်း စတာတွေ အားလုံးအပေါ်မှာ အကျိုးသက်ရောက် မှုတွေရှိလာနိုင်ပါတယ်။
အားကောင်းတဲ့ အယ်လ်နီညို နှစ်တွေမှာ မြန်မာမှာ တွေ့ရတတ်လေ့ရှိတဲ့ ရာသီဥတုအမျိုးအစား ကတော့ ပူနွေးပြီးခြောက်သွေ့တဲ့ ရာသီဥတုအမျိုးအစား ဖြစ်ပါတယ်။ အဲဒါကြောင့် အခြေခံအနေ နဲ့ ၂၀၁၆ ခုနှစ်မှာ အပူချိန်တွေဟာ
ဖြစ်မြဲထက် ပိုမယ်။ မိုးကတော့ ရွာသွန်းမြဲအောက် လျော့မယ်လို့ ဆိုနိုင်ပါတယ်။

သောက်သုံးရေအခက်အခဲကြုံတွေ့နေရသော အညာဒေသတွင် ရေရှာဖွေနေသော ဒေသခံများ။
ဓာတ်ပုံ-ညီညီဇော်
၂၀၁၆ ခုနှစ် လက်ကျန်ဆောင်းရာသီ
၂၀၁၆ ခုနှစ်ရဲ့ ပထမနှစ်လ ဖြစ်တဲ့ ဇန်န၀ါရီနဲ့ဖေဖော်ဝါရီတွေ ဟာ ဆောင်းရာသီကာလတွေဖြစ် တယ်။ဒီနှစ်ဆောင်းရဲ့ အပူချိန် တွေဟာ ဖြစ်မြဲရဲ့အထက် ကျော် လွန်မှာဖြစ်တာကြောင့် အအေး ပေါ့တဲ့ အယ်လ်နီညိုဆောင်းဖြစ် လာပါ့မယ်။ အထူးသဖြင့် မြစ်ဝ ကျွန်းပေါ်ဒေသများ ဖြစ်ကြတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်းတို့အပြင် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသ တွေမှာ ညအပူချိန်တွေဟာ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၄ ဒီဂရီစင်တီ ဂရိတ်ခန့်ရှိနိုင် ပါတယ်။ ရန်ကုန်တိုင်းတောင်ပိုင်းနဲ့ မွန်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ တစ်ခါ တစ်ရံ ၂၄ ဒီဂရီစင်တီဂရိတ်မှ ၂၈ ဒီဂရီ စင်တီဂရိတ်အထိ ညအပူ ချိန်တွေ မြင့်တက်နေနိုင်ပါတယ်။ မနက်ပိုင်း အချိန်အခါတွေမှာ မြူ ကျတာ ပုံမှန်အောက် လျော့နည်း နိုင်ပါတယ်။ ဒါပေမဲ့ မတ်လထဲ ရောက်တဲ့အထိ မနက်ပိုင်းအချိန် အခါတွေမှာ မြူများ ဆိုင်းနိုင်ပါတယ်။ ဆောင်းကုန်တာ စောနိုင်တယ်။  မြန်မာနိုင်ငံမြောက်ပိုင်းစွန်း
တွေကတော့ အအေးဓာတ် ရှိနိုင်ပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ညအပူချိန်တွေဟာ ၄ ဒီဂရီ စင်တီ ဂရိတ်မှ ၁၂ ဒီဂရီစင်တီဂရိတ်ခန့် အတွင်းရှိနိုင်ပါတယ်။ ကျန်ဒေသ တွေကတော့ ညအပူချိန်တွေဟာ ၁၄ ဒီဂရီစင်တီဂရိတ်မှ ၁၈ ဒီဂရီ စင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ မိုး ရွာသွန်းမှု လျော့နည်းမှုကြောင့် ရာသီဥတုက ဒီနှစ်ပိုပြီး ခြောက်သွေ့မယ်။ ဒီကာလရဲ့ အထူးသတိထားရမယ့် တစ်ခုတည်းသော သဘာဝဘေးကတော့ ရေရှားပါး မှုကြုံတွေ့ရခြင်းပဲဖြစ်ပါတယ်။ ရေရရှိမှု အခက်အခဲများ ရှိလာနိုင်ပါတယ်။ ဆောင်းသီးနှံအတွက် နှင်းအကျနည်းမှုကြောင့် မြေအစို ဓာတ်လျော့နည်းကာ ထိခိုက်မှုများ ရှိလာနိုင်ပါတယ်။
၂၀၁၆ ခုနှစ် နွေရာသီ
၂၀၁၆ ခုနှစ် မတ်လ ၁ ရက် မှ ဧပြီ ၁၅ ရက်အထိကာလဟာ နွေရာသီကာလပါ။ ၁၉၈၀ ပြည့် နှစ်များကစတင်ပြီး ကမ္ဘာကြီး ပူ နွေးလာမှုကြောင့် ကမ္ဘာ့အ ပူချိန် တွေဟာ နှစ်စဉ်တိုးနေတဲ့အထဲမှာ မြန်မာနိုင်ငံလည်း အပါအ၀င်
ဖြစ်နေပါတယ်။ ကမ္ဘာကြီးဟာ ပြီးခဲ့ တဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်း ကမ္ဘာ့သမိုင်းမှာ  အပူဆုံးဖြစ်ခဲ့ တယ်။ အဲဒီစံချိန်ကို ၂၀၁၅ က ချိုး လိုက်ပြန်တယ်။ ဒီလိုဆို ၂၀၁၆ ကကောလို့ မေးစရာဖြစ်လာပါ တယ်။ Climate Scenario များအရ သက္ကရာဇ် ၂၁၀၀ မှာ မြန်မာနိုင်ငံ ရဲ့ အပူချိန်ဟာလက်ရှိအပူချိန်တွေ ရဲ့အထက် ၅ ဒီဂရီ စင်တီဂရိတ် တိုးလာမယ်လို့ ဗြိတိန်နိုင်ငံ Hadley Centre က ခန့်မှန်းထား တာကို IPCC က ထုတ်ပြန်ထားပါတယ်။ အဲဒီလို အခြေခံအားဖြင့်ကို အပူချိန်တွေ တိုးနေတဲ့ အထဲမှာ ၂၀၁၆ ခုနှစ်နွေဟာ အယ်လ်နီညို  ဖြစ်နေပြန်ပါတယ်။ တစ်ခါ အယ်လ်နီညို ကလည်း သမိုင်းမှာ အားအကောင်းဆုံး အယ်လ်နီညို ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်နွေဟာ အပူရှိန်ပြင်း ထန်နိုင်တဲ့ နွေဖြစ်လာနိုင်ပါတယ်။ အပူရှိန်ပြင်းထန်တဲ့ နွေတွေဟာ ဘယ်လိုထိခိုက်မှုတွေ ဖန်တီးနိုင် ကြတယ်ဆိုတာ မကြာသေးမီ ပြီး ခဲ့တဲ့ ၂၀၁၁ ခုနှစ်က နွေကိုသတိရ နိုင်ကြပါတယ်။ အဲဒီတုန်းက အပူရှိန် ပြင်းထန်လွန်းမှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ လူအသေအပျောက်တွေ များခဲ့ကြတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီကာလမှာ ရေရှားပါးမှုပြဿနာကလည်း အမြင့်ဆုံးကို ရောက်လာနိုင်ပါတယ်။
ရေရှားပါးမှုကြောင့် စိုက်ပျိုးရေသာမက သောက်သုံးရေတွေပါ တချို့ဒေသတွေမှာ အခက်အခဲ  တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။
၂၀၁၆ ခုနှစ် မိုးကြိုကာလရဲ့မုတ်သုံအ၀င်ကာလ
၂၀၁၆ ခုနှစ် ဧပြီ ၁၅ ရက်မှ မေလ၁၅ ရက်အထိကာလဟာ မိုးကြိုကာလ ဖြစ်ပါတယ်။ ဒီကာလ ရဲ့ ထူးခြားမှုကတော့ လေထုမငြိမ်မသက်မှုတွေဟာ မွန်းလွဲညနေ ပိုင်းတွေမှာ နေ့စဉ်လိုလို ဖြစ်တတ်ခြင်းနဲ့ မုတ်သုံလေ
မြန်မာနိုင်ငံ အရပ်ရပ်ကို စတင်ဝင်ရောက်တဲ့ ကာလလည်းဖြစ်တယ်။ အဲဒါအ ပြင် ဒီကာလဟာ မြန်မာနိုင်ငံကို မုန်တိုင်းအများဆုံး ၀င်ရောက်လေ့ရှိတဲ့ ကာလလည်း ဖြစ်တယ်။ အယ်လ်နီညိုရဲ့ အကျိုးဆက်ကတော့ မုတ်သုံလေကို အားလျော့စေပြီး မုတ်သုံဝင်ရောက်မှုကို နောက်ကျစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိုးကြိုကာလဟာ ပိုရှည်လျားလာနိုင်ပြီး မေလကုန်အထိ ကြာသွားနိုင်တယ်။ ဒါကြောင့် မိုးတိမ်တောင်တွေ ဖြစ်ဖို့နဲ့ မုန်တိုင်းဝင်ဖို့ ကာလတွေ ပိုရှည်သွားနိုင်တဲ့အတွက် မိုးတိမ်တွေ ပိုအဖြစ်များ လာနိုင်ပေမယ့် မုန်တိုင်းဝင်ဖို့ အခွင့်အရေးအနေနဲ့ကတော့ အယ်လ်နီညိုနှစ်တွေမှာ မုန်တိုင်း ၀င်ဖို့ အလားအလာ နည်းတတ်တာကြောင့်မုန်တိုင်းအန္တရာယ် မကြီးမားနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ မုတ်သုံအ၀င် ကတော့ သိသာပါလိမ့်မယ်။ မြန်မာနိုင်ငံတောင်ပိုင်းကို ၁၅ ရက်လောက် နောက်ကျပြီး မေလ ၂၀ ရက်လောက်မှ မုတ်သုံဝင်ပါလိမ့်မယ်။ မြစ်ဝကျွန်းပေါ် ဒေသကိုတော့ ၁၀ ရက်လောက်
နောက်ကျပြီး မေလ ၂၅ ရက် လောက် မုတ်သုံဝင် ပါလိမ့်မယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းကိုတော့ မုတ်သုံလေအ၀င် ရက်ပြောင်းလဲတာ အသိသာဆုံး ဖြစ်လာနိုင်ပါ တယ်။ မုတ်သုံလေ ၀င်ရောက်မှုကို ပီပီပြင်ပြင်မတွေ့နိုင်ဘဲ
မြောက်ပိုင်းဒေသနဲ့တွဲပြီး ဇွန်လ ၁ ရက်နေ့ မှ မုတ်သုံလေ၀င်နိုင်ပါလိမ့်မယ်။ ဒါဆိုရင် အလယ်ပိုင်းဒေသအဖို့ မုတ်သုံ ၀င်ရောက်မှု ခုနစ်ရက်ခန့် နောက်ကျတယ်လို့ဆိုနိုင်ပါတယ်။ ဆိုးတာက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဟာ မုတ်သုံအ၀င်မှာ မိုးကောင်းကောင်း ရလေ့ ရှိတာမို့ ဒီနှစ်အဖို့ မုတ်သုံလေဟာ မြန်မာ နိုင်ငံအလယ်ပိုင်းကို ခုန်ကျော်သွားမယ့် သဘောရှိနေတာကြောင့် မိုးကြိုမိုးရရှိမှု အလွန်နည်းနိုင်ပါ တယ်။ ဒါပေမဲ့ မိုးကြိုကာလမှာ မုတ်သုံ အ၀င်နောက်ကျနိုင်ပေမယ့် အနောက်လေစီးကြောင်းများ၊ ထိုင်းပင်လယ်ကွေ့အတွင်းနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှ ရေငွေ့ပါတဲ့လေများတိုးဝင်မှု ကြောင့် လေထုမငြိမ်မသက်ဖြစ်မှု တွေနဲ့အတူ မိုးတိမ်တောင်များ
ဖြစ်ပေါ်နေနိုင်တယ်။ မုန်တိုင်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပေမယ့် အယ်လ်နီညိုနှစ် ဖြစ်တာကြောင့် မြန်မာနိုင်ငံဘက်ကိုဝင်ဖို့ မသေချာသေးပါဘူး။
၂၀၁၆ ခုနှစ်ရဲ့မိုးဦးကာလ
၂၀၁၆ ခုနှစ်ရဲ့ ဇွန်လဟာ မိုးဦးကာလ ဖြစ်ပါတယ်။ ဒီကာလအတွင်း မုတ်သုံလေဟာအများအား ဖြင့် အားအသင့်အတင့် ရှိနိုင်ပါ တယ်။ အစဉ်အလာအားဖြင့် တစ်လလုံး မိုးရွာလေ့ရှိပေမယ့် ဒီနှစ် မှာတော့ ဇွန်လအတွင်း မိုးလျော့ နည်းတဲ့ကာလတွေ ရှိနိုင်ပါတယ်။ ဇွန်လဟာ မြန်မာနိုင်ငံရဲ့ ပထမ ရေကြီးကာလ ဖြစ်ပေမယ့် ထူးထူးခြားခြား ရေကြီးဖို့တော့မရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ မုန်တိုင်းဖြစ် ဖို့အလားအလာ၊ အရှေ့ဘက်က လေပွေလှိုင်းနဲ့ တိုင်ဖွန်း မုန်တိုင်း အကြွင်းအကျန်တွေလာဖို့ အ လားအလာအလွန်နည်းပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအတွက် မိုး ရဖို့ အခွင့်အရေးတွေကို လျော့ နည်းကျသွားစေမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းကို အများဆုံး ထိခိုက်နိုင်ပါတယ်။
လက်ကျန်ကာလများအတွက် ယေဘုယျခန့်မှန်းချက်
မိုးလယ်ကာလနဲ့ မိုးနှောင်းကာလတွေမှာ မုတ်သုံလေဟာ အတက်အကျတွေ၊ အပြောင်းအလဲတွေ များနိုင်ပါတယ်။ နေရာ အားဖြင့်၊ အချိန်အားဖြင့် စုစည်း အားကောင်းမှုတွေ ရှိနိုင်ပါတယ်။ မုတ်သုံ မိုးရွာသွန်းမှု လျော့နည်း နိုင်ပြီး အပူချိန်ပိုနိုင်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းဖြစ်တာ လျော့နည်းနိုင်ပြီး ဖြစ်လာရင်တော့ အားကောင်း တတ်ပါတယ်။ မိုးတွင်းကာလ မုန်တိုင်းဖြစ်တာ လျော့နည်းနိုင်ပြီး မိုးလွန်ကာလများ အဖြစ်များနိုင်ပါတယ်။ စက်တင်ဘာနဲ့   အောက်တိုဘာ တတိယ ရေကြီးကာလဟာ ပိုပြီးသတိထားဖို့လိုပါတယ်။ အခါလွန်မိုး အန္တရာယ်ရှိနိုင်ပါတယ်။
၂၀၁၆ ခုနှစ်ဟာ ရာသီဥတု မျှတတဲ့နှစ်ဖြစ်ဖို့ အလားအလာ အလွန်နည်းပါတယ်။ အပူရှိန် ပြင်းထန်ခြင်း၊ မိုးနည်းခြင်း၊ မုတ်သုံ အင်အားမမှန်ခြင်း၊ မုတ်သုံအ၀င်နောက်ကျကာ အထွက်စောခြင်း၊  မုတ်သုံမိုးလေ လျော့နည်းခြင်း၊ လျှပ်တစ်ပြက် ရေကြီးမှုအန္တရာယ် ရှိခြင်း၊ မိုးလွန်ကာလတွင် မုန် တိုင်းနဲ့အတူ အခါလွန်မိုး ရွာနိုင်ခြင်း၊ တတိယ ရေကြီးကာလဖြစ်သော စက်တင်ဘာလနဲ့ အောက် တိုဘာတို့တွင် စိုးရိမ်ရေမှတ်များကို ကျော်လွန်နိုင်ခြင်း စသည့် ရာသီဥတု   ဖောက်ပြန်မှုများကြောင့် စိုက်ပျိုးရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်ဖို့ လိုသလို အပူရှိန်ပြင်းထန်ခြင်း၊  ရေရှားပါးခြင်း စသည့် သဘာဝဘေးများကြောင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ရေရရှိ ရေး စသည့် ကဏ္ဍများ အတွက်လည်း ကြိုတင် ဆောင်ရွက်မှုများနဲ့ အကြံပြုချက်များကို သက်ဆိုင်ရာ ဌာနပေါင်းစုံက လုပ်ငန်းစီမံချက်များ ပြုလုပ်ထားကြရန် လိုအပ်နေပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
http://www.7daydaily.com/story/54940

မိခင်နဲ့တူသော ဇနီး



ကမ္ဘာပေါ်မှာ မိခင်ဆိုတာ တစ်ယောက်ပဲ ရှိပါတယ်။ သို့သော် မိခင်နဲ့ တူသော အမျိုးသမီးတစ်ယောက်ကို သင့်ရဲ့ ဇနီးအဖြစ်သော်လည်းကောင်း၊ ချစ်သူအဖြစ်သော်လည်းကောင်း ရရှိပိုင်ဆိုင်ထားတယ် ဆိုရင် အလွန်မှ ကံကောင်းပါပေတယ်။

၁) စိတ်ပူတတ်ခြင်း

တစ်စုံတစ်ခု ဆိုရင် မိခင်တစ်ယောက် စိတ်ပူပန်တတ်သလို အမျိုသမီးတွေဟာ စိတ်ပူပန်တတ်ကြပါတယ်။ သူတို့၏ အိမ်ထောင်ဘက်မှာ တစ်စုံတစ်ခု ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ဟာ မိခင်တစ်ယောက်နှင့် အလားသဏ္ဍန်တူပါပေတယ်။

၂) ကြင်နာ၊ ယုယ မြတ်နိုးခြင်း

တစ်ချို့သော အမျိုးသမီးတွေဟာ မိမိ၏ ခင်ပွန်းအပေါ် ကြင်နာ၊ ယုယ မြတ်နိုးတာဟာ တစ်ခါတစ်လေ အတိုင်းအထက်အလွန် ဖြစ်နေတတ်ပါတယ်။ ထိုသူတို့ဟာလည်း မိခင်တစ်ယောက် သားသမီးအပေါ် ကြင်နာ၊ ယုယ
မြတ်နိုးခြင်းတွေနဲ့ ဆင်တူပါပေတယ်။

၃) အခက်အခဲတွေကို ကူညီဖြေရှင်းပေးခြင်း

မိမိ၏ ခင်ပွန်းမှာ အခက်အခဲဖြစ်နေပြီဆိုရင် အားပေး နှစ်သိမ့်ကာ အခက်အခဲတွေကို ကူညီပြီး ဖြေရှင်းပေးတတ်ကြတဲ့ အမျိုးသမီးတွေလည်း များစွာရှိပါတယ်။

၎) ပေးဆပ်မှုနဲ့သာ ချစ်ခြင်း

မိခင်တွေဟာ သားသမီးတွေကို ချစ်တဲ့ အချစ်ဟာ ရယူလိုစိတ် လုံးဝ မပါပါဘူး။ ဒီလိုပဲ မိခင်နဲ့တူသော အမျိုးသမီးတွေဟာလည်း မိမိ၏ အိမ်ထောင်ဘက် အမျိုးသားအပေါ်မှာ ရယူလိုစိတ် မရှိဘဲ ပေးဆပ်မှုနဲ့ ချစ်ကြပါတယ်။

၅) စိတ်ညစ်မှုတွေကို ဖယ်ရှားပေးခြင်း

မိမိ၏ ခင်ပွန်းတစ်စုံတစ်ခုကြောင့် စိတ်ထိခိုက်နေမယ်ဆိုရင် အတတ်နိုင်ဆုံး စိတ်ညစ်မှုတွေကို ဖယ်ရှားပေးနိုင်အောင် ကြိုးစားကြတယ်။ မိခင်နဲ့တူသော မိန်းမတွေဟာ ခင်ပွန်းသည် စိတ်ညစ်နေရင် သူတို့လည်း မပျော်တတ်ကြပါဘူး။

ဓာတ်ပုံ - wikihow
ကျော်လင်းနိုင် (ရိုးရာလေး)

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/995830220460230/?type=3&theater 

လူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နေတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ လျှို့ဝှက်ချက်များ

ဒီကနေ့ခေတ်မှာ နည်းပညာထွန်းကားလာခြင်းနဲ့အတူ လူတိုင်းလိုလို အင်တာနက်နဲ့ အကျွမ်းတဝင်ရှိနေတဲ့ အခြေအနေမျိုး ဖြစ်လာပါပြီ။ အထူးသဖြင့် အလွယ်တကူ သယ်ယူသွားနိုင်တဲ့ စမတ်ဖုန်းလို ကိရိယာငယ်တွေနဲ့ အင်တာနက် ချိတ်ဆက်နိုင်ခြင်းဟာ နည်းပညာနယ်ပယ်မှာ သိသာတဲ့အချိုးအကွေ့တစ်ခု ဖြစ်လာပါတယ်။

အင်တာနက်သုံးစွဲမှု ကျယ်ပြန့်လာခြင်းနဲ့အတူ နိုင်ငံတကာမှာ လူမှုကွန်ရက်ဝန်ဆောင်မှု (Social Media) ဝက်ဘ်ဆိုက်တွေ အောင်ပွဲခံလာပါတယ်။ ဖေ့စ်ဘွတ်ခ်ကတော့ အအောင်မြင်ဆုံး လူမှုကွန်ရက်တစ်ခုပါပဲ။ ဖေ့စ်ဘွတ်ခ်ကို လွန်လွန်ကဲကဲ အသုံးပြုမှုဟာ နည်းပညာနယ်ပယ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို ဖြစ်လာတဲ့ထိ ဖေ့စ်ဘွတ်ခ်ရဲ့ သက်ရောက်မှုက ကျယ်ပြန့်ကြီးမားခဲ့ပါတယ်။ ဒီတော့ သုတေသနပညာရှင်တွေက အတုအယောင် လူမှုကွန်ရက်ဝန်ဆောင်မှု တစ်ခုအပေါ် လူတွေဘာကြောင့် လေးလေးနက်နက် တွယ်တာနေသလဲဆိုတာကို ဆန်းစစ်ခဲ့ကြပါတယ်။
ေ က်ာနဲလ်တက္ကသိုလ်က သုတေသီတွေကတော့ ဒီစမ်းသပ်မှုအတွက် စိတ်လိုလက်ရ ပူးပေါင်းပါဝင်မယ့်သူ ၅,၀၀၀ ကျော်ကို စုစည်းနိုင်ခဲ့ပါတယ်။ သုတေသီတွေက ဒီစမ်းသပ်ချက်မှာ ဖေ့စ်ဘွတ်ခ် ပုံမှန်သုံးစွဲသူတွေကို ဖေ့စ်ဘွတ်ခ်နဲ့ အဆက်ဖြတ်စေပြီး တုံ့ပြန်မှုတွေကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ကော်နဲလ်တက္ကသိုလ်ရဲ့ သုတေသနအစီအစဉ်မှာ ပါဝင်သူတွေဟာ ၉၉ ရက်တိုင်အောင် ဖေ့စ်ဘွတ်ခ်ကို Log In မဝင်ရဘူးလို့ ပိတ်ပင်တားမြစ်ခံရပါတယ်။ ဒီအတောအတွင်း ၃၃ ရက်ကြာတိုင်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုလိုစိတ်ကို ပညာရှင်တွေက စူးစမ်းမှတ်တမ်းတင်ခဲ့ကြပါတယ်။

‘‘လူမှုကွန်ရက်တွေ အသုံးပြုနေမှုကို ရပ်နားလိုက်ရာကနေ မနေနိုင်ဘဲ ပြန်သုံးဖြစ်သွားတာကို လူမှုကွန်ရက်အစွဲသံသရာလို့
ခေါ်ရလိမ့်မယ်’’ လို့ ဦးဆောင်သုတေသီ အဲရစ်ဘော်မာက ဆိုပါတယ်။ အချက်အလက် ကောက်ယူစုဆောင်းမှု ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ 99daysoffreedom.com ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ သုတေသီတွေက လူမှုကွန်ရက်တွေကို ထာဝရအဆက်အသွယ်ဖြတ်နိုင်ဖို့ လူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကို ဆန်းစစ်ခဲ့ပါတယ်။ အများစုကတော့ ဖေ့စ်ဘွတ်ခ်ကို ပြန်သုံးဖြစ်သွားကြတာပါပဲ။


ဘော်မာ ဦးဆောင်တဲ့ သုတေသီတွေက လူမှုကွန်ရက်တွေကနေ ရုန်းထွက်ဖို့ ခက်ခဲနေစေတဲ့ အဓိကအကြောင်းရင်း လေးခုကိုထုတ်နုတ် ဖော်ပြခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်အပါအဝင် Twitter၊ Instagram အစရှိတဲ့ လူမှုကွန်ရက် မီဒီယာကြီးတွေကလည်း ဒီအချက်တွေကိုအခြေခံပြီး အောင်မြင်တဲ့ မဟာဗျူဟာခြေလှမ်းတွေကို
ဖော်ဆောင်နေတာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
 
၁။ စွဲလမ်းခြင်း
အခြေခံအကျဆုံး အချက်ကတော့ လူမှုကွန်ရက်တွေ အသုံးပြုရခြင်းကို စိတ်စွဲနေတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
‘‘စမ်းသပ်ကာလ ၁၀ ရက်အတွင်းမှာ ပထမဆုံး ကျွန်တော်အင်တာနက် Browser ဖွင့်လိုက်တာနဲ့ လက်ချောင်းကအလိုလိုပဲ Keyboard ပေါ်က ‘F’ စာလုံးဆီ ရောက်သွားတယ်။ တကယ်တော့ အင်တာနက်သုံးပြီဆိုတာနဲ့ ဖေ့စ်ဘွတ်ခ်ကိုဖွင့်လိုက်
ရတာက အစွဲတစ်ခုလို ဖြစ်နေတယ်လေ’’ လို့ စစ်တမ်းမှာ ပါဝင်စမ်းသပ်ခံသူ တစ်ယောက်က ဝန်ခံပါတယ်။
တစ်နည်းအားဖြင့် အင်တာနက်သုံးစွဲမှု အတွေ့အကြုံမှာ လူမှုကွန်ရက်တွေဟာ အဓိက အကျဆုံး အစိတ်အပိုင်းတစ်ခုလို ဖြစ်နေသယောင် လူတွေစိတ်ထဲ စွဲသွားတဲ့ထိ လုပ်ဆောင်နိုင်ခဲ့တဲ့သဘောပါပဲ။
 
၂။ စူးစမ်းလိုစိတ်
သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကို သိချင်စိတ်ကလည်း ဖေ့စ်ဘွတ်ခ်ရဲ့ အောင်မြင်မှုအကြောင်း တရားတစ်ရပ်ပါ။
ဖေ့စ်ဘွတ်ခ်ကို ပုံမှန်အသုံးပြုသူတွေက တခြားသူတွေ ဘာတွေခံစားနေသလဲ၊ ဘာတွေလုပ်နေသလဲဆိုတာကို မသိစိတ်ကဖြစ်ဖြစ် စပ်စုနေမိတတ်တယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်ရဲ့ သဘောက ကိုယ့်ပုဂ္ဂိုလ်ရေး ဘဝအကြောင်း၊ သူတစ်ပါးနဲ့ ချိတ်ဆက်ရတဲ့အချက်ကို အခြေခံထားတာပါ။ နောက်ပြီး လူတွေကကိုယ့်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာကို သိချင်တဲ့ စိတ်မျိုးကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ တဝဲလည်လည် ဖြစ်နေစေတဲ့ အကြောင်းရင်းတစ်ခုပါ။
 
၃။ စိတ်အခြေအနေ အပြောင်းအလဲ
လူတစ်ယောက် ပျော်ရွှင်နေ၊ ဝမ်းနည်းနေ၊ စိတ်ညစ်နေ၊ ပျင်းရိနေတဲ့ စိတ်အခြေအနေ အမျိုးမျိုးကို မူတည်ပြီး
ဖေ့စ်ဘွတ်ခ်သုံးဖြစ်ခြင်းအပေါ် အပြောင်းအလဲတွေ သက်ရောက်စေတယ်လို့ ဆိုပါတယ်။ ကော်နဲလ်တက္ကသိုလ်ရဲ့
လေ့လာမှုစစ်တမ်းအရ ဖေ့စ်ဘွတ်ခ်ကို စိတ်ရောက်သွားစေတဲ့ လူတစ်ဦးချင်းစီရဲ့ စိတ်အခြေအနေ အကြောင်းတရား
ကတော့ ကွဲပြားတတ်တယ်လို့ တွေ့ရှိရပါတယ်။ တချို့က စိတ်ညစ်ရင် ဖေ့စ်ဘွတ်ခ်ပိုသုံးဖြစ်ပြီး တချို့ကတော့ ပျော်ရွှင်နေရင်၊ တချို့ကတော့ ပျင်းရိငြီးငွေ့နေရင် ဖေ့စ်ဘွတ်ခ်ဘက် ခြေဦးလှည့်သွားတယ်လို့ အမျိုးမျိုး ဖြေကြားခဲ့ကြပါတယ်။
 
၎။ အခြားလူမှုကွန်ရက်များ
နောက်ဆုံး တွေ့ရှိချက်ကတော့ ထူးဆန်းပါတယ်။ တခြားလူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေကို အစားထိုးအသုံးပြုမိပြီ ဆိုရင်တော့ ဖေ့စ်ဘွတ်ခ်ဆီ ပြန်လာဖြစ်တာ နည်းသွားတယ်ဆိုတာပါပဲ။ တစ်နည်းအားဖြင့် ဖေ့စ် ဘွတ်ခ်သုံးစွဲသူတွေဟာ တခြားလူမှုကွန်ရက်တွေရဲ့ သိမ်းသွင်းမှုကို ခံရနိုင်ခြေများပြားတယ်ဆိုတဲ့ သဘောပါ။ ဖေ့စ်ဘွတ်ခ်ကလည်း ဒီအချက်ကို ရိပ်မိပုံပါပဲ။ ဒါ ကြောင့် အချိန်တိုင်းလိုလို အပြောင်းအလဲ အသစ်အဆန်းမျိုးစုံ ဖြည့်ဆည်းပေးပြီး သူတို့ရဲ့ ပရိသတ်ကို အာရုံပြောင်းမသွားအောင် ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။

ကော်နဲလ်တက္ကသိုလ်ရဲ့ သုတေသန အစီအစဉ်မှာ ၉၉ ရက်လောက် ဖေ့စ်ဘွတ်ခ်နဲ့ အဆက်ပြတ်သွားပေမယ့် အများစုကတော့ ဒီလူမှုကွန်ရက်ကို ပုံမှန်ပြန်အသုံးပြုဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သုံးစွဲပုံ နည်းလမ်းတွေ သိသိသာသာ ပြောင်းလဲသွားတာကိုတော့ မှတ်တမ်းတင်နိုင်ခဲ့တယ်။


ဥပမာအားဖြင့် ကိုယ်နဲ့လက်တွေ့လောကမှ အမှန်တကယ် မသိကျွမ်းသူတွေကို သူငယ်ချင်းအဖြစ် လက်မခံတော့တာတွေ၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရည်ရွယ်ချက်မရှိ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ကုန်ဆုံးနေတဲ့ အချိန်တွေကို လျှော့ချလိုက်နိုင်တာတွေပါ။ တစ်နည်းအားဖြင့် ဖေ့စ်ဘွတ်ခ်ကို အဆင်ခြင်မဲ့စွဲလမ်းပြီး အသုံးပြုတဲ့ ပုံစံကနေပိုပြီး လက်တွေ့ကျအသုံးဝင်တဲ့ ပုံစံမျိုးကို ကူးပြောင်းလာခြင်းလို့လည်း ဆိုနိုင်ပါတယ်။

‘‘ကျွန်တော်တို့ရဲ့ စမ်းသပ်ချက်က နေ့စဉ်လူနေမှုဘဝမှာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေ အသုံးပြုနေမှုအပေါ် စီမံကိုင်တွယ်ဖို့က ဘယ်လောက်တောင် ခက်ခဲတတ်တယ်ဆိုတာကို လက်တွေ့သိမြင်လာစေပါတယ်။ လူမှု ကွန်ရက်တွေကို စွဲလမ်းရာကနေ လက်တွေ့ဘဝလူမှုရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ပုံ အားနည်းတာတွေ၊ ကိုယ်ရေးအချက်အလက်
ပေါက်ကြားတာတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်မှာ အရေးပါတဲ့ လူမှုအထောက်အပံ့ ရွေးချယ်ခွင့်တွေလည်းတော်တော်များများ ရှိနေပါတယ်။ အရေးကြီးတာက လူတစ်ဦးချင်း ဖေ့စ်ဘွတ်ခ်သုံးစွဲမှုကို ပြန်လည်ဆန်းစစ်ဖို့ပါ။ ကိုယ်အမှန်တကယ် ထိတွေ့ဆက်ဆံမယ့် အစုအဖွဲ့တစ်ခုကို ရွေးချယ်သတ်မှတ်နိုင်ဖို့ လိုပါတယ်’’ လို့ ဘော်မာက ဆိုပါတယ်။

‘‘ကျွန်တော်တို့ရဲ့ လေ့လာမှုစစ်တမ်း အစီရင်ခံစာက လူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်ကို ဘယ်လိုပုံစံနဲ့ အသုံးပြုမလဲ၊ ဒါမှမဟုတ် အသုံးမပြုတော့ဘဲနေမလားဆိုတာတွေကို ဝေဖန်ပိုင်းခြားရာမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ အထောက်အပံ့ ဖြစ်စေမယ် ထင်ပါတယ်’’လို့လည်း ဘော်မာက ပြောကြားသွားပါတယ်။
Ref: Daily Mail
(ဇွဲရဲဝင့် ဘာသာပြန်သည်)
http://www.7daydaily.com/story/53444

အလုပ်မှာ လူငယ်တွေကို နေရာပေးပါ



လူငယ်တွေဟာ နောင်တစ်ချိန် လူကြီး ဖြစ်လာမှာ အသေအချာပါ။ လူငယ်တွေ အလုပ်ခွင်ထဲမှာ များများ ရှိနေပါစေ။ လူငယ်တွေ လမ်းမပေါ်မှာ လေလွှင့်နေတာ နည်းပါစေ။ ဒါကြောင့် မိမိဟာ လုပ်ငန်း ပိုင်ရှင် တစ်ယောက်ဆိုရင် မိမိ အတွက် သော်လည်းကောင်း နိုင်ငံ့ အတွက် သော်လည်းကောင်း ပတ်ဝန်းကျင် အတွက် သော်လည်းကောင်း လူငယ်တွေကို အလုပ်မှာ နေရာတွေ ပေးပေးပါ။

၁။ ရှေ့ကို မျှော်တွေးပါ
လူငယ်တွေကို မြေတောင်မြှေက်ပေးလိုက်လို့ မိမိ လုပ်ငန်းခွင်မှာ ထိခိုက် ဆုံးရူံးမူတွေ ရှိချင် ရှိနေလိမ့်မယ် သို့သော် နောင်တစ်ချိန် သူတို့တွေရဲ့ မိမိ လုပ်ငန်း အပါ် ဘယ်လောက် တိုးတက်အောင် လုပ်နိုင်သလဲ ဆိုတာကို မျှော်တွေးပါ။

၂။ အမှား လုပ်မိတိုင်း အမှန်ကို ပြောပြပါ
လူငယ်တွေဟာ လုပ်ငန်း အတွေ့အကြုံ နည်းလို့ အမှားတွေ ခဏခဏ လုပ်မိချင် လုပ်မိလိမ့်မယ်။ သို့သော် အလုပ်ထုတ်တာထက် အမှန်ကို ပြောပြပေးပြီး သူ့ကို ပြောင်းလဲပေးပါ။

၃။ လူငယ်တွေ စိတ်ကူးလေးတွေကို မေးပြီး အကောင်အထည် ဖော်ပေးပါ
မိမိ အလုပ်မှာ ရှိတဲ့ လူငယ်လေးတွေရဲ့ စိတ်ကူးတည်းမှာ လုပ်ချင်တဲ့ အလုပ်လေးတွေကို မေးပါ။ ထိုအလုပ်တွေဟာ ကောင်းမွန်တယ်ဆိုရင် အကောင်အထည် ဖော်ပေးပါ။

၎။ ဝန်ထမ်း စိတ်ဓာတ်ကနေ အလုပ်ရှင် စိတ်ဓာတ် မွေးဖို့ တိုက်တွန်းပါ
လူငယ်တွေ ဝန်ထမ်း အဖြစ် လုပ်နေတဲ့ အခါမှာ ဝန်ထမ်း စိတ်ဓာတ် မဟုတ်ဘဲ အလုပ်ရှင် စိတ်ဓာတ် မွေးအောင် တိုက်တွန်းလိုက်ပါ။ ခိုင်းမှ လုပ်တာတတ်မျိုး မဟုတ်ဘဲ မိမိ အလုပ်လို သဘောထား လာအောင် ရှင်းပြပါ။

Photo Ref : - i.dailymail
ကျော်လင်းနိုင် (ရိုးရာလေး)

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/977431075633478/?type=3&theater 

အဆွယ်ကောင်းလို့



တခါက တိုင်းပြည် တစ်ပြည်ရဲ့ ပြည်နယ် တစ်ခုမှာ အုပ်ချုပ်ရေးမှုး တစ်ဦးရှိတယ်။ သူဟာ အရွေးမခံရခင်က ပြည်နယ် သူ/သားတွေ အပေါ် ထားတဲ့ ကတိတွေကို အကောင်အထည် ဖေါ်ပေးခြင်း မရှိပါ။ တနေ့ တော့ သူဟာ သေဆုံးသွားခဲ့ပါတယ်။

သေပြီဆိုရင်ဘဲ သူ့ ကို ငရဲပြည် နဲ့  နတ်ပြည် ဘယ်ဟာကြိုက်လဲ ကြိုက်တဲ့ နေရာသွားလို့ ရတယ်ဆိုပါတယ်။ ဒါပေမယ့် မသွားခင် တနေရာမှာ တရက်စီ နေပြီး လေ့လာစေပါတယ်။ ပထမနေ့မှာတော့ ကမ္ဘာမြေကြီး အတွင်းထဲက ငရဲပြည်ကို ဓါတ်လှေကားနဲ့ ခေါ်သွားပါတယ်။ ဓါတ်လှေကားလည်း ဖွင့်လိုက်ရော စိမ်းလန်း လှပတဲ့ ဂေါက်ကွင်းရယ် ဂေါက်ရိုက်ပြီး စားရင်း သောက်ရင်း နားဘို့ စားသောက်ဆိုင်လို အဆောက်အဦး တစ်ခုရယ် တွေ့ ရတယ်။

ပိုလို့ ထူးခြားတာက အခြား ပြည်နယ်တွေက အုပ်ချုပ်ရေးမှုး အချို့ဟာ ရောက်နှင့်နေပြီးသူ့ ကို ဆီးကြို ကြတာပါဘဲ။ ဒါနဲ့ သူတို့ အားလုံးဟာ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောလိုက် ဂေါက်ရိုက်လိုက် စားလိုက် သောက်လိုက်နဲ့ ပျော်စရာပါဘဲ။ အချိန်ကျလာတော့ ပျော်တာတွေ ရပ်ပြီး ပြန်ဘို့ ဓါတ်လှေကားထဲ ပြန်ဝင်ရပါတယ်။ သူ့ မိတ်ဆွေတွေက နုတ်ဆက် ကြတယ်။ ဒါပေမဲ့ ခေါင်းတွေကတော့ တရမ်းရမ်း ဖြစ်နေတယ်။

အဲအစီအစဉ် အတိုင်း နောက်နေ့ မှာတော့ နတ်ပြည် လေ့လာရေး ခရီး စပါတယ်။ နတ်ပြည်ရောက်တော့ အသိအကျွမ်းလည်း မတွေ့ ရဘူး ဒါပေမယ့် လှပတဲ့ တိမ်ဆိုင် တိမ်တောင်တွေကြားမှာ အင်မတန် နူးညံ့ ကောင်းမွန်တဲ့ ဂီတသံ နားဆင်ရင်းနဲ့ ပြန်ရမယ့် အချိန် ရောက်လာပါတယ်။

ဒါနဲ့ ဘဲနတ်ပြည် နဲ့ ငရဲပြည်ရွေးဘို့ အချိန်ကျလာပါပြီ၊ နတ်ပြည်က သာယာ အေးဆေးတယ်။ ဒါပေမဲ့ ပျော်စရာ မကောင်းဘူး၊ အပေါင်းအသင်းတွေလည်း မရှိဘူး၊ ငရဲပြည်မှာက ပျော်စရာ ကောင်းတယ်။ ငရဲမင်းကလည်း ငရဲမင်းသာဆိုတယ် ဖော်ရွေ ခင်မင်စရာ ကောင်းတယ် ဒါကြောင့် ငရဲပြည်ကိုဘဲ သွားမယ် ပြောလိုက်ပါတယ်။ အဲဒါ နောက်နေ့ မှာ ငရဲပြည်ကို ပို့ လိုက်ပါရော။

ဓါတ်လှေကား တံခါး ဖွင့်လိုက်တာနဲ့သူ့အပေါင်းအသင်းတွေကို မယုံနိုင်စရာတွေ့လိုက်ရတယ်။
အဝတ်အစားတွေက စုတ်စုတ်ပြတ်ပြတ်တွေနဲ့တွေ့ကရာ ကောက်စားနေတဲ့သူတွေ အရိုက်အနှက် ခံနေရတဲ့သူတွေကို တွေ့လိုက်ရတယ်၊ ငရဲမင်းသားကလည်း သူ့ကို ဓါတ်လှေကားထဲက ကြမ်းကြမ်း လာဆွဲထုတ်တော့တာပါဘဲ။

"လုပ်ကြပါအုံး၊ ဘယ်လိုဖြစ်တာလဲ၊ ဟိုနေ့ကလိုလည်း မဟုတ်တော့ပါလား" လို့ သူက ပြာပြာသလဲ မေးလိုက်တယ်။

ငရဲမင်းသားက ဖြေလိုက်ပုံကတော့
"အဲဒီနေ့က မင်းကို ငရဲပြည် လာချင်အောင် ဆွယ်တာလေကွာ"

Photo Ref : allbusinessideas
လူပိန်း (ရိုးရာလေး)

https://www.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817

လုံခြုံရေး အာမခံချက်မဲ့နေသော နေ့စဉ်ဘ၀များ


'ဟေ့ကောင်၊မင်းခေါ်ပြီး ဈေးညှိနေတဲ့ ကောင်မလေးကငါ့မိန်းမကွ၊ကလေးမွေးထားတာရက်ပိုင်းပဲရှိသေးတာမင်းအဲဒီလိုခေါ်လို့အခုသူကြောက်လန့်နေတယ်''ဟု လူမိုက်ဆန်ဆန် လူနှစ်ဦးကအနားကပ်ခါ ခြိမ်းခြောက်ခြင်း ခံလိုက်ရချိန် လုံးဝတုန်လှုပ်သွားခဲ့သည်ဟုသတင်းမီဒီယာသမားတဦးကသူ၏ကိုယ်တွေ့
အဖြစ်အပျက်အား ပြောပြခဲ့သည်။

''ကျွန်တော်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ဗဟန်း-၃ လမ်းက ကန်တော်ကြီးထဲမှာရှိတဲ့ ရုပ်ရှင်တသက်တာ ထူးချွန်ဆုပေးပွဲကပြန်လာရင်း အဲဒီအဖြစ်အပျက်ကြုံလာတာဗျ''ဟု ထိတ်လန့်ဖွယ်အဖြစ်အပျက် မကြုံတွေ့မီက အကြောင်းအား ပြောပြခဲ့သည်။

၂၀၁၄ နှစ်ဆန်းပိုင်းတွင် ၎င်းသည်သက်ဆိုင်သည့် သတင်းဂျာနယ်တိုက်တခုမှ ဗဟန်း ၃ လမ်းအနီးရှိ ကန်တော် ကြီးအတွင်းမှ စားသောက်ဆိုင်တခုတွင် သက်ကြီးရုပ်ရှင်သမားများ၏ တသက်တာရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ သွားရောက်ဓာတ်ပုံရိုက်ရန် တာဝန်ကျခဲ့သည်ဟုဆို၏။ ပွဲကျင်းပချိန်က ညနေ ငါးနာရီခန့်မှစတင်၍ ရှစ်နာရီခန့် အထိကြာပြီး ၎င်းလည်း ဘီယာအနည်းငယ်သောက်သုံးခဲ့သည်ဟု ဖြစ်စဉ်အား ပြန်လည်စဉ်းစားရင်းပြောပြခဲ့ သည်။

ပွဲမှ မှတ်တမ်းဓာတ်ပုံများရိုက်ယူပြီး ဆူးလေနှင့်မလှမ်းမကမ်းရှိ ၎င်း၏သတင်းဂျာနယ်တိုက်သို့ပြန်ရန် ဗဟန်း ၃ လမ်းမှ ဆူးလေသို့ ဘီအမ်ကားစီးပြီး ပြန်လာခဲ့သည်ဟုဆိုသည်။ ''ကျွန်တော့်လက်ထဲမှာ အဲဒီတုန်းက ပိုက်ဆံ နှစ်ထောင်လောက်ပဲ ကျန်တော့တာဗျ။ ကင်မရာကို လည်ပင်းမှာလွယ်ပြီး ရီဝေေ၀နဲ့ ဘီအမ်ကားစီးပြီး ရုံးကို ပြန်လာခဲ့တာပေါ့ဗျာ''ဟု ပြောပြခဲ့သည်။

ယင်းကဲ့သို့ ပြန်လာခဲ့စဉ် ဆူးလေခုံးကျော်တံတားအနီး အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းထောင့် Media Corner နားအရောက်တွင် အသက် ၃၀ ၀န်းကျင် အမျိုးသားနှစ်ဦးက ၀ိုင်း၍ဆွဲကာ အထက်ပါ မမျှော်လင့်သည့် စကားအား ပြောခဲ့သည်ဟုဆိုသည်။ ''ကျွန်တော့်ကို ၀ိုင်းလိုက်တဲ့အချိန်မှာ လမ်းပေါ်မှာ လူသွားလူလာတွေ မပြတ်ဘူး။ သူတို့က တိုးတိုးလေးပြောတာဗျ။

မင်းဘယ်လိုလုပ်မလဲ၊အခုငါ့မိန်းမမင်းဈေးညှိလို့ သွေးတက်ပြီး ကြောက်နေပြီလို့ ပြောတာဗျ။ ကျွန်တော်ကလည်း ငြင်းတာပေါ့။ အစ်ကိုတို့ရာ ကျွန်တော့်မှာ ပိုက်ဆံလေး ၁၈၀၀ ပဲရှိတာ၊ ဘယ်ကောင်မလေးမှလဲ ဈေးမညှိပါဘူးဆိုတော့ မင်းအပိုတွေမပြောနဲ့တဲ့။ သူတို့နှစ်ယောက် အပြင် တခြားတယောက်ကို သူ့မိန်းမကိုသွားခေါ်ခိုင်းတယ်။ ကျွန်တော်လည်း လူမှားပြီးပြောတာဖြစ်မယ်ဆိုပြီး စိတ်ချလက်ချနေနေတာပေါ့။ ဒါပေမဲ့ဗျာ သူ့မိန်းမဆိုသူရောက်လာမှ ပိုဆိုးတာဗျ။ ကျွန်တော့်ကိုလက်ညှိုးထိုးပြီး ဟုတ်တယ်၊

သူပဲသူပဲဆိုပြီး ပြောပါလေ ရော''ဟု တွေ့ကြုံခဲ့ရပုံအား ပြောပြခဲ့သည်။
ထိုအချိန်၌ ဆူးလေဘုရား လမ်းမပေါ်တွင်လည်း ကားများ ဥဒဟိုဖြတ်သန်းနေကြပြီး လူသွားစင်္ကြံနှင့်ကားလမ်းမ ကြားတွင်လည်း ထုထည်ထူသည့် သံတန်းကလည်း နှစ်တောင်ခန့်ဖြင့် ကာရံထားသောကြောင့် ထွက်ပြေးရန် လည်း ခက်ခဲနေခဲ့သည်ဟုဆိုသည်။

''ကျွန်တော်က မီဒီယာကော်နာနဲ့မျက်နှာချင်းဆိုင်နောက်က သံတန်းကို မှီထားကာ သူတို့က ထိုးမယ်၊ ကြိတ်မယ်၊ ခြိမ်းခြောက်ပေမယ့် တကယ်တော့မထိုးသေးဘူး။ ကျွန်တော်က တော့ အကြံမျိုးစုံထုတ်နေရင်းနဲ့ အစ်ကိုတို့ ဘာလိုချင်လို့လဲ၊ ကျွန်တော့်မှာ ပိုက်ဆံက ၁၈၀၀ လောက်နဲ့ ဒီကင်မရာပဲရှိတာလို့ပြောလည်း လက်မခံသေးဘူး။ မင်းဒီပြဿနာကို ရှင်းရမယ်လို့ပဲ ပြောတယ်''ဟု အကျပ် ဆိုက်နေပုံအား ပြောပြခဲ့သည်။

ယင်းကဲ့သို့ ကင်မရာနှင့်ပါသည့် ငွေကြေးအနည်းငယ်အားပေးသော်လည်း မယူဘဲ ငွေကြေးအများအပြားရှိနေ သေးသည်ဟုထင်နေကြောင်းပြောပြခဲ့သည်။ ထိုအချိန်တွင် ဆူးလေဘုရားလမ်း မီးပွိုင့်မှ မီးနီသွား၍ ကားများ ရပ်တန့်ထားစဉ် ၎င်းအနေနှင့်ကင်မရာအားဖြုတ်ပေးမည်ဟန်ပြင်ကာ သံတန်းတားထားသည့်အပေါ်လျင် မြန်စွာ လှဲချပြီး တရစပ်ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ ထွက်ပြေးအပြီး ကားလမ်းမအလယ်အရောက်တွင် ၎င်းအား ခြိမ်းခြောက်ခဲ့သည့်လူနှစ်ဦးအား အသံကုန်ဟစ်၍ သတ္တိရှိလျှင် လိုက်ခဲ့ဟုပြောသော်လည်း ထိုလူများက လိုက် မလာဘဲနေသည်ဟု ဆိုသည်။

''ကျွန်တော်အဲဒီလိုတုံ့ပြန်တာကိုသူတို့တွေလည်း ပြောင်းသွားတယ်ထင်တယ်။ လမ်းလယ်ကောင်ကနေ အော် ပြီးဆဲတာတောင် လိုက်မလာရဲဘူး။ ကျွန်တော်ကလည်း ပြောတယ်။ မင်းတို့ သတ္တိရှိရင် ဟိုမှာရဲစခန်းရှိတယ်။ မင်းတို့ပြောတာမှန်ရင်သွားရှင်းမယ်ဆိုတော့ဘာမှမပြောဘဲ ပြန်လှည့်သွားကြတယ်''ဟု ဆို၏။

ယင်းကဲ့သို့ အဖြစ်အပျက်အား ကျော်လွှားနိုင်ခဲ့သော်လည်း ၎င်းအနေနှင့် ကျေနပ်မှုမရှိ၍ လမ်းဖြတ်ကူးကာ ရဲစခန်းသို့သွား ၍ တိုင် တန်းခဲ့သည်ဟုဆိုသည်။

''ကျွန်တော်လည်း ကင်မရာလေးလွယ်ပြီးတော့ ရဲစခန်းထဲသွားတယ်။ စခန်းမှာ တာဝန်ကျနေတဲ့ ရဲတယောက် က အဖြစ်အပျက်ကိုမေးတော့ ကျွန်တော်ပွဲက ဓာတ်ပုံရိုက်လာတဲ့အကြောင်း၊ မယုံရင် ပုံတွေကြည့်လို့ရတယ် ဆိုတာတွေ၊ မြို့လယ်ကောင်ရဲစခန်းရှေ့မှာတောင် ဒီလိုဖြစ်နေတယ်ဆိုတာပြောတော့ ကျန်ရဲသားတယောက်ကို အဲဒီနေရာ သွားကြည့်ခိုင်းတယ်။ ကျွန်တော်က ဆက်ပြောတယ်။

အခု ကျွန်တော်လွတ်မြောက်လာပေမယ့် ကျန်တဲ့ သူတွေဘယ်လိုလုပ်မလဲ။ ဘယ်တုန်းကတည်းက လုပ်စားနေတာလဲ ဆိုပြီးမေးတာပေါ့။ အဲဒီတော့ နောက်မဖြစ်အောင် ဂရုစိုက်ပါမယ်။ ကတိပေးပြီး ဒီကိစ္စအတွက် ဘယ်လိုဆောင်ရွက်ချင်ပါသလဲ မေးတယ်။ မေးတော့ ကျွန်တော်ကတော့မတိုင်ချင်ဘူး။ သူတို့က လူအုပ်စုနဲ့ဆိုတော့ ကျွန်တော့်အသက်အန္တရာယ် ရန်ရှာ မှာ စိုးရတယ်။ အဲဒီတော့ ကျွန်တော့်ကို ဂျာနယ်တိုက်လိုက်ပို့ပါဆိုတော့ ရဲတယောက်ထည့်ပြီး ဂျာနယ်တိုက်ကို လိုက်ပို့ပါတယ်''ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ မြို့လယ်ကောင်ရဲစခန်းရှေ့ လူစည်ကားသည့် အချိန်တွင်ပင် ခြိမ်းခြောက် ငွေညှစ်အကြပ်ကိုင်မှုများ ရှိနေခဲ့ရာ လက်ရှိအချိန်တွင်တော့ ရန်ကုန်တွင်သာမက နေရာအနှံ့အပြားတွင် ဖုန်းလုသူများ၊ ဆွဲကြိုးဖြတ်သူ များ၊ ဓားထောက်၍ လက်ဝတ် လက်စားဖြုတ်ယူသူများ အများအပြားရှိနေခဲ့သည်။
ယင်းကဲ့သို့ပြုလုပ်လာသည့်အထဲမှာ လတ်တလော မုံရွာမြို့မှ မိတ်ဆွေတဦးက သူကြုံတွေ့ခဲ့ရပုံအား အောက်ပါ တိုင်း ပြောပြခဲ့သည်။ ''ကျွန်တော်တို့နေတဲ့ ရပ်ကွက်ထဲမှာ ဘူးစုတ်၊ ခွက်စုတ်ဝယ်တဲ့ ဆိုင်လေးရှိတယ်။

သူ့ဆိုင်ကိုဘူးစုပ်ခွက်စုပ်ကောက်တဲ့ကလေးတွေ နေ့စဉ်ညနေတိုင်းလာပြီး ရောင်းတယ်လို့ဆိုတယ်။ အဲဒီလို ရောင်းနေရင်း အခုတလော ကလေးတွေ လာမရောင်းတော့ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက မနက်အစောကြီး အမှိုက်ပုံလိုနေရာမျိုးမှာ ဘူးစုပ်ခွက်စုပ်ရှာနေတဲ့နေရာကို ဓားထောက်ပြီး လာလုလို့ ပိုက်ဆံ မပါတဲ့အတွက် နားကပ်လေးချွတ်ပေးလိုက်ရတာတဲ့။

အဲဒီအချိန်ကစပြီး သူတို့လည်းကြောက်ပြီး အဲဒီအလုပ် မလုပ်တော့ဘူးတဲ့''ဟု သူကြုံတွေ့ရပုံအား ပြောပြခဲ့သည်။

လွန်ခဲ့သည့်နှစ်ပတ်ကျော်ခန့်ကလည်း အင်းစိန်တွင်နေထိုင်သည့် သတင်းမီဒီယာသမားတဦး၏အိမ်ဖောက်ထွင်း ခံရပြီး ငွေကျပ်တသိန်းခွဲခန့်နှင့် လက်ကိုင်ဖုန်းနှစ်လုံး ခိုးယူခံရပြီး ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ဆိုသည်။ ၎င်းအဖောက်ထွင်းခံရပြီး တရက်အကြာ သတင်းမီဒီယာသမားတဦးလည်း လက်ကိုင်ဖုန်းအားလူလေးဦးမှဓားထောက်လုယက်ခံရမှု ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အများပြောနေသကဲ့သို့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်ဟု မပြောလိုတော့သော်လည်း ယင်းလွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် ဒုက္ခရောက်ခဲ့ရသူများ အများအပြားရှိနေခဲ့သည်ကတော့ ငြင်း၍မရသည်က အမှန်ပင်ဖြစ် သည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် တရားခံပြေးအား လိုက်လံဖမ်းသည့်ရဲနှစ် ယောက်၏အသက်ဆုံးရှုံးမှုကမျက်မြင်လက်တွေ့ဖြစ်နေခဲ့သည်။ လက်ရှိအာဏာပိုင်နှင့် အတိုက်အခံများက ရွေးကောက်ပွဲအား အာရုံစိုက်နေစဉ် တောကြောင်လက်ခမောင်းခတ်မှုများကြောင့် ပြည်သူများ၏ နေ့စဉ်ဘ၀ များမှာ လုံခြုံရေးအာမခံချက်များ မဲ့နေခဲ့ရသည်။

ကိုခက်
ဓါတ်ပုံ-မင်းသိုက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
http://www.searchmyanmar.com/link/comment/cid/54389

ပိုချမ်းသာလေ ဆွဲဆောင်မှုရှိသူကို ပိုမက်မောလေ


လူတစ်ဦး ပိုမိုချမ်းသာလေ ဆွဲဆောင်မှုရှိသော လက်တွဲဖော်ကို ရွေးချယ်နိုင်ခြေ ပိုများလေဖြစ်ကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

သိပ္ပံပညာရှင်များသည် ဗြိတိန်ရှိ လက်တွဲဖော် ရွေးချယ်မှုဆိုင်ရာ လေ့လာမှုကြီးနှစ်ခုကို အခြေခံပြီးအသက် (၁၈) နှစ်မှ (၇၅) နှစ်ကြား လူ (၂၈၀၀၀) နီးပါးတို့အား စိတ်ကူးထဲက အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး မေးမြန်းမှုများကို ပြုလုပ်ခဲ့သည်။

လူတိုင်းလိုလားသည့် အရည်အသွေးများ ရှိသူများသည် လက်တွဲဖော် ရွေးချယ်ရာတွင် ပိုမိုဇီဇာကြောင်လေ့ ရှိကြောင်း သုတေသနအရ သိရှိခဲ့ရသည်။ ဆွဲဆောင်မှုနှင့် အရင်းအမြစ်များသည် အမျိုးသားနှင့် အမျိုးသမီးများ လက်တွဲဖော် ရွေးချယ်ရာတွင် မည်မျှ အရေးပါသည်ကို လေ့လာခဲ့ခြင်း ဖြစ်ကြောင်း ချတ်မန်းတက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဒေါက်တာဒေးဗစ် ဖရက်ဒရစ်က ပြောဆိုခဲ့သည်။

အမျိုးသားများသည် အမျိုးသမီးနှင့် နှိုင်းယှဉ်လျှင် ရုပ်ရည်ချောမောပြီး ပိန်သွယ်သူကို လက်တွဲဖော် အဖြစ် ရွေးချယ်နိုင်ခြေ ပိုများသော်လည်း အမျိုးသားရော အမျိုးသမီးများပါ ဆွဲဆောင်မှုရှိသူကို ရွေးချယ်ချင်ကြကြောင်း တွေ့ရှိခဲ့သည်။ အမျိုးသား (၉၂) ရာခိုင်နှုန်းက လက်တွဲဖော်သည် လုံးဝကို ရုပ်ရည် ချောမောရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပြီး (၈၀) ရာခိုင်နှုန်းက ပိန်သွယ်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

အမျိုးသမီး (၈၄) ရာခိုင်နှုန်းက ရုပ်ရည်ချောမောမှု ရှိမရှိကို အဓိက ထားကြောင်း ပြောဆိုခဲ့ကာ (၅၈) ရာခိုင်နှုန်းက လက်တွဲဖော်သည် ပိန်သွယ်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အမျိုးသား (၇၄) ရာခိုင်နှုန်းက လက်တွဲဖော်သည် ၀င်ငွေပုံမှန် ရှိသည့်သူဖြစ်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကာ အမျိုးသမီး (၉၇) ရာခိုင်နှုန်းက အလားတူ ပြောဆိုခဲ့သည်။
essenger news journal
http://www.searchmyanmar.com/link/comment/cid/54340

အချိန် ညီမျှခြင်း ငွေ



အသက်ကြီးလာတဲ့ အခါ ငွေဆိုတာ တစ်ဖြည်းဖြည်း ပိုပြီး အရေးကြီးလာတယ်။ ကုန်သွားတဲ့ အချိန်နဲ့ ပြန်ညီမျှတဲ့ ငွေကို ရမယ့် အလုပ်တွေကိုပဲ ရွေးချယ်ပြီး လုပ်ဖြစ်လာလိမ့်မယ်။ ငယ်ရွယ်စဉ် တုန်းကတော့ အချိန်ကုန်သွားလို့ ငွေ ပြန်မရလည်း အကြောင်းမဟုတ်ဘူး။

မိသားစု ရှိတဲ့သူဆိုရင် ပိုတောင်မှ အရေးကြီးပါတယ်။ မိသားစု အတွက် အချိန်တိုင်း ငွေရဖို့ ကြံဆောင်နေရလိမ့်မယ်။ တစ်နေ့ ၂၄ နာရီမှာ ငယ်ရွယ်စဉ်ကလို အချိန်တွေ မများတော့ဘူး။ ပိုနေတဲ့ အချိန်ဆိုရင်လည်း မိသားစုနဲ့သာ ကုန်ဆုံးချင်ပါလိမ့်မယ်။ ငယ်ရွယ်စဉ် တုန်းကလို မသေချာ မရေရာတဲ့ အလုပ်တွေ လုပ်ဖို့ တစ်ဖြည်းဖြည်း အားနည်းလာပါလိမ့်မယ်။

ဒါပေမယ့်လည်း အချိန်နဲ့ ညီမျှတဲ့ ငွေတွေ မရတဲ့ ဘဝတွေ အများကြီးပါ။ အချိန်ရှိတိုင်း အလုပ်တွေ လုပ်နေကြရပေမယ့် အချိန်တွေ ကုန်သွားတယ် ငွေဆိုတာ ဘယ်ဆီနေမှန်း မသိတဲ့ ဘဝတွေလည်း အများကြီးပါ။ မိသားစု အရေး အိမ်ထောင်ရေး၊ လူမူရေး၊ စီးပွားရေးတွေနဲ့ ပြည့်နှက်နေတဲ့ လူသား အားလုံး အတွက် အချိန်နှင့် ညီမျှတဲ့ ငွေရနိုင်ပါစေ။

ကျော်လင်းနိုင် (ရိုးရာလေး)


https://www.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/962295840480335/?type=3&theater 

ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးပါ


အင်္ဂလန်ကိုအလည်သွားတော့ အမျိုးသားရဲ့မိတ်ဆွေတစ်ဦးအိမ်မှာ ကျွန်မတို့တည်းဖြစ်ခဲ့ကြတယ်။ အမျိုးသားရဲ့မိတ်ဆွေက ချာလီလို့ခေါ်ပါတယ်။ အရင်က တရုတ်ကုမ္ပဏီတစ်ခုမှာ အမျိုးသားနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ ချာလီရော သူ့အမျိုးသမီးကက်သရင်းပါ ကျွန်မတို့ကို ဖော်ဖော်ရွေရွေကြိုဆိုကြတယ်။ ချာလီတို့ဇနီးမောင်နှံမှာ အသက်(၇)နှစ်အရွယ် သားလေးတစ်ယောက်ရှိပါတယ်။ ကောင်လေးက တစ်ခေါင်းလုံးရွှေဝါရောင်ဆံနွှယ်ရှိပြီး သွက်လက်ချက်ချာပါတယ်။ တရုတ်စကားကို အနည်းအကျဉ်းတတ်ပါတယ်။ ချာလီတို့အိမ်မှာ ကျွန်မတို့တည်းခဲ့တဲ့ရက်အတောအတွင်း သူတို့ဇနီးမောင်နှံရဲ့ သားအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတစ်မျိုးက ကျွန်မတို့ကို နက်နဲတဲ့တွေးတောဆင်ခြင်မှုတွေပေးခဲ့ပါတယ်။

အင်္ဂလိပ်လူမျိုးတွေရဲ့ သားသမီးအပေါ်သွန်သင်ဆုံးမမှုတွေက ကျွန်မတို့နဲ့မတူကြောင်းကို ချာလီတို့အိမ်ရောက်သွားတဲ့ ပထမနေ့မှာပဲ ကျွန်မသတိထားခဲ့မိပါတယ်။ အဲဒီနေ့က ညစာစားပြီးချိန်မှာ ကက်သရင်းကို ကျွန်မအိမ်မှုကိစ္စကူလုပ်ပါတယ်။ ဒါကို ချာလီတို့က ဒီအလုပ်တွေ ကျွန်မလုပ်စရာမလိုဘူးလို့ တားပါတယ်။ ဒါဟာ အင်္ဂလိပ်လူမျိုးတွေက ကျွန်မတို့လိုပဲ အားနာတတ်လို့ဖြစ်မယ်လို့ ကျွန်မထင်မိပါတယ်။ ဒါပေမယ့် ကျွန်မအထင်ရော အမြင်ပါလွဲသွားခဲ့ပါတယ်။ ဒီအလုပ်က သူတို့ရဲ့သားလုပ်ရမယ့်အလုပ်ဆိုတာကို ကျွန်မတအံ့တသြသိလိုက်ရပါတယ်။

“သူ ဒီလောက်ငယ်တာ ဒီအလုပ်တွေ သူလုပ်နိုင်ပါ့မလား”လို့ ကျွန်မထူးဆန်းစွာမေးတော့ ကက်သရင်းကရယ်ပြီး “မအံ့သြပါနဲ့… သားလေး ၂နှစ်အရွယ်လောက်ကတည်းက ပန်းကန်ဆေးနေခဲ့ပါပြီ။ ဒီအလုပ်က သူ့အတွက် ဘာမှမဖြစ်စလောက်လေးပါ” လို့ဆိုတယ်။

“ဘုရားရေ… ၂နှစ်အရွယ်ကလေးက ဒါတွေကိုလုပ်နိုင်တယ်” လို့ ကျွန်မလွှတ်ခနဲပြောလိုက်မိပါတယ်။

“ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ” ကျွန်မတအံ့တသြဖြစ်နေတဲ့ပုံကို ကက်သရင်းက ထူးဆန်းသလိုပြန်ကြည့်ရင်း ပြောပါတယ်။

နံဘေးမှာရပ်နေတဲ့ချာလီက ကျွန်မကိုရှင်းပြပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ သား ပန်းကန်မဆေးနိုင်သေးတာကို သူသိပေမယ့် သားကို သူစမ်းသပ်ခွင့်ပေးလိုက်ပါတယ်။ အဲဒီတုန်းက သားဟာ ပန်းကန်ဆေးရင်း တစ်ကိုယ်လုံးရွဲရွဲစိုစေခဲ့တဲ့အပြင် ပန်းကန်တွေပါ လုပ်ခွဲခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ သားကငိုတော့ ချာလီက သားကို ကိုယ်တိုင်ရေချိုးပေးပြီး အဝတ်အစားတွေလဲပေးလိုက်တယ်။ ပြီးတော့ ပန်းကန်ကိုဘယ်လိုဆေးရမယ်၊ အဝတ်စနဲ့ ဘယ်လိုခြောက်အောင်သုတ်ရမယ်ဆိုတာကို ချာလီကိုယ်တိုင်လုပ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ သားပန်းကန်ဆေးတတ်သွားခဲ့ပါတယ်။ ချာလီရဲ့အတွေးက ရှင်းရှင်းလေးပါ။ ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးရမယ်၊ ကျရှုံးမှုနဲ့ရင်ဆိုင်ရချိန် အောင်မြင်မှုရရှိတဲ့အထိ အမှားတွေကိုအကြိမ်ကြိမ်ပြုပြင်ရမယ်၊ ဒါဟာ တတ်ကျွမ်းမှုကို ထိန်းချုပ်ဖမ်းဆုပ်တတ်ဖို့ ကလေးတွေကို သင်ပြပေးနေတာနဲ့တစ်ပြိုင်နက် လူ့ဘဝရဲ့စိတ်နေစိတ်ထားတစ်ခုကိုပါ သင်ပြပေးနေတာဖြစ်ပါတယ်။

“ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးပါ” ချာလီတို့ဇနီးမောင်နှံရဲ့ ကလေးအပေါ်သွန်သင်မှုက ကျွန်မကိုတုန်လှုပ်စေခဲ့ပါတယ်။ အချိန်တော်တော်များများက ကျွန်မတို့က စိတ်ရှည်သည်းခံလိုစိတ်နည်းခဲ့ကြတယ်။ ကလေးကိုပေးလုပ်မယ့်အစား ကိုယ်တိုင်ပဲထလုပ်မယ်လို့ပဲ တွေးကြတယ်။ သတ္တိရှိရှိ ကလေးကိုလက်လွတ်ပြီး စမ်းသပ်ခိုင်းရဲရမယ်၊ ဘေးအန္တရာယ်မဖြစ်အောင် ကလေးတွေငယ်စဉ်ကတည်းက သင်ယူရမယ်ဆိုတာကို မိဘတော်တော်များများလျစ်လျူရှုခဲ့မိကြပါတယ်။ ကလေးတွေက ကျွန်မတို့ရဲ့မျက်စိအောက်မှာ အမြဲရှိနေကြတာမဟုတ်ပါဘူး။ ရေနွေးပူလောင်တာ၊ ကတ်ကြေးနဲ့ညှပ်မိတာမျိုးက နေ့စဉ်လူနေမှုမှာ အမြဲကြုံတွေ့ရတဲ့ ဘေးအန္တရာယ်တွေဖြစ်ပါတယ်။

ချာလီတို့အိမ်မှာ ကျွန်မတို့နေလာခဲ့တဲ့ရက်အတောအတွင်း သူတို့ရဲ့သားလေးဟာ ဘာမဆိုကိုယ်တိုင်လုပ်၊ ကိုယ့်အားကိုယ်ကိုးတာကိုပဲ တွေ့ခဲ့ရပါတယ်။ နေ့တိုင်း သူကိုယ်တိုင်နိုးစက်လုပ်ပြီး အိပ်ရာထတယ်၊ သူကိုယ်တိုင် နွားနို့ထည့် ကြက်ဥကြော်တယ်၊ အားလုံးပြင်ဆင်ပြီးရင် သူကိုယ်တိုင် ကျောင်းကားမှတ်တိုင်မှာ ကျောင်းကားအလာကိုသွားစောင့်တယ်။ ဒါတင်မက အိမ်မှာ ရေပိုက်ပျက်တာ၊ မီးသီးကျွမ်းတာတွေကို သူကိုယ်တိုင်ပြင်နိုင်ခဲ့ပါတယ်။ ကားပြင်တာကိုတောင် သူအချက်အလက်ကျကျပြောနိုင်ခဲ့ပါတယ်။

ချာလီတို့ရဲ့သားနဲ့နှိုင်းယှဉ်ကြည့်ရင် ကျွန်မသားရဲ့ ဘဝနေထိုင်မှုစွမ်းရည်က အဖက်ဖက်မှာ အရမ်းကွဲပြားခြားနားတာကို တွေ့လိုက်မိတယ်။ ခါတိုင်းအချိန်တွေမှာ သားက စမ်းသပ်လုပ်ကြည့်ချင်တယ်ဆိုရင်တောင် တခြားမိဘအများတွေလိုပဲ ကျွန်မတို့က သူမလုပ်နိုင်မှာကို စိုးရိမ်မိတတ်ခဲ့ကြတယ်။

ကလေးကို ကျရှုံးတဲ့အခွင့်အရေးမပေးရင် ကြီးပြင်းဖို့ကို သူဘယ်လိုသင်ယူနိုင်မှာလဲ။

အင်္ဂလန်က မိတ်ဆွေမိသားစုဆီကနေ ကလေးသွန်သင်ဆုံးမနည်းကို ကျွန်မသင်ယူနိုင်ခဲ့ရုံမက အရင်တုန်းက သားကို ကျွန်မသွန်သင်ဆုံးမခဲ့တဲ့တာတွေကိုလည်း တွေးတောဆင်ခြင်စရာရခဲ့ပါတယ်။ ကျွန်မတို့က အိမ်မှုကိစ္စလုပ်ရတာ မောလိုက်တာလို့ အမြဲငြီးတွားခဲ့ကြပါတယ်။ ဒါဟာ ကလေးတွေစမ်းသပ်လုပ်ဆောင်ချင်တဲ့ အခွင့်အရေးတော်တော်များများကို ကျွန်မတို့ တားမြစ်ပိတ်ပင်ခဲ့ကြလို့ပဲလား….



နိုင်းနိုင်းစနေ (The Chic မဂ္ဂဇင်း စက်တင်ဘာ)
http://www.searchmyanmar.com/link/comment/cid/54313

သင့်ကလေး အနိုင်ကျင့်ခံနေရပြီဆိုတာ သိတာနဲ့ မိဘတွေအနေနဲ့ ချက်ချင်း လုပ်ဆောင်သင့်တဲ့ အချက် (၃)ချက်


ကလေးတိုင်း အနိုင်ကျင့်တာ ခံဖူးကြပါတယ်။ ကလေးတိုင်းက သူတို့ရဲ့ကြောက်စိတ်၊ အားငယ်စိတ်တွေကြောင့် အနိုင်ကျင့်ခံရတတ်ပါတယ်။ ဒါမှမဟုတ်ရင် သူတို့ ကိုယ်တိုင်က အနိုင်ကျင့်မခံရအောင် အနိုင်ကျင့်တတ်တဲ့ လူနဲ့ပေါင်းပြီး အပေါ်စီး အနိုင်ယူမယ်ဆိုတဲ့ ရပ်တည်ချက်တွေနဲ့ အခြားကလေးတွေကို အနိုင်ကျင့်တတ်ကြပါတယ်။

အနိုင်ကျင့်တယ်ဆိုတာကို ဘာကိုဆိုလိုတာလဲ။ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့လိုက်အနေနဲ့ အခြားတစ်ဦး တစ်ယောက်ကို ကိုယ်ထိလက်ရောက်နှောင့်ယှက်ခြင်း၊ စကားနဲ့နှောင့်ယှက်ခြင်း၊ စိတ်ဒဏ်ရာရအောင် စော်ကားနှောင့်ယှက်ခြင်း စတဲ့ လုပ်ရပ်အားလုံးကို ဆိုလိုတာပါ။ ကျားပေါက်စနှစ်ကောင် လုံးထွေးသတ်ပုတ်နေတဲ့ အမူအရာကို ချစ်စရာကောင်းတယ်လို့ ထင်ကြတယ်။ တကယ်တမ်းက အနိုင်ရဖို့အတွက် အခြားတစ်ယောက်ကို နာကျင်အောင်လုပ်ပြီး အနိုင်ကျင့်ခြင်းနဲ့ တူပါတယ်။ အနိုင်ယူတဲ့စိတ်က ဘ၀မှာပြဿနာမျိုးစုံနဲ့ အခြားလူတွေကို အနိုင်ကျင့်လာတတ်ကြပါတယ်။

စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းဟာ အုပ်စုထဲမှာဖြစ်စေ ကျောင်းမှာဖြစ်စေ အသင်းအဖွဲ့မှာဖြစ်စေ မိသားစုထဲမှာဖြစ်စေ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဥပမာပေးရမယ့်ဆိုရင်ဖြင့် ပညာရေး အသင်းအဖွဲ့များ၊ ကလပ်အဖွဲ့များနဲ့ အတတ်ပညာပိုင်းဆွေးနွေးကြတဲ့ အဖွဲ့တွေမှာ အဖြစ်များပါတယ်။ တစ်ဖွဲ့လုံးကနေပြီးတော့ စနောက်ပြီး စကားနိုင်လုယူဖို့အတွက် အပြည့်အ၀ထောက်ခံမယ် ဆိုရင်တော့ အဖွဲ့ထဲမှာ ရပ်တည်ဖို့ရန် လူတိုင်းအတွက် ပိုပြီးခက်ခဲပါတယ်။

ဒါကြောင့် ကျောင်းအတွင်း ကလေးတိုင်းကို ရမ်းကားစနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းကို တားဆီးဖို့နည်းလမ်းများကို သုတေသနပညာရှင်တွေနဲ့ စာရေးဆရာတွေက ထောက်ပြထားပါတယ်။ သူတို့ရဲ့ကြိုးစားမှုက အရာထင်ပေမယ့် တားဆီးဖို့ နည်းလမ်းတွေကိုတော့ သေသေချာချာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီတော့ မိဘများအနေနဲ့ကော ဘာတွေလုပ်နိုင်မလဲ။

မိဘတွေ ကလေးအနား ပတ်ဝန်းကျင်မှာ မရှိတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ကာကွယ်တတ်ဖို့အတွက် စိတ်ခံစားချက်များနဲ့ အနိုင်ကျင့်တဲ့ အပြုအမူတွေကို ကလေးငယ်များကို အိမ်မှာပြောပြထားသင့်ပါတယ်။ကိုယ့်ကလေး အနိုင်ကျင့် မခံရအောင် ဒီအချက် (၃)ချက်ကို မိဘများအနေနဲ့ သိထားသင့်ပါတယ်။

၁) မိသားစုထဲမှာလည်း အနိုင်ကျင့်တဲ့အပြုအမူတွေကိုမလုပ်ဖို့ ပိတ်ပင်ထားရမယ်၊ နားလည်ရမယ်၊ သိရမယ်။

စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းက ရလာနိုင်တဲ့ စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်များကိုလည်း နားလည်ရမယ်။ ကလေးတွေ စကားစပြောတတ်တဲ့အချိန်ကစပြီး စိတ်ခံစားချက်တွေကို သိမြင်နားလည်နိုင်တဲ့ အလေ့အကျင့်တွေကို လေ့ကျင့်ထားပေးဖို့က အရေးကြီးတဲ့ အချက်ဖြစ်ကြောင်းကို နားလည်ထားပါ။ ကလေးတွေက သူတို့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်တွေနဲ့ ပတ်သက်ပြီး စနောက်ခံရပြီးဆိုတာနဲ့ ဒါမှမဟုတ် နိုင်ထက်စီးနင်း ခံရပြီးဆိုတာနဲ့ မိဘတွေကို သူတို့ရဲ့စိတ်ခံစားချက်တွေ ပြောပြဖို့ လိုအပ်ကြောင်းကို နားလည်ထားပါစေ။

၂) စိတ်ဒဏ်ရာကို မြန်မြန်မေ့ပျောက်ဖို့အတွက် သင်ပေးထားပါ။

စိတ်ဒဏ်ရာတွေကို ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက် စိတ်ဓါတ်ဖွံ့ဖြိုးတဲ့ ခံစားချက်ရွေးချယ်ချက်များကို နားလည်ထားမယ်ဆိုလျှင် ပိုပြီး စိတ်သက်သာရာရစေပါတယ်။ တကယ်လို့အဲ့ဒီခံစားချက်တွေကို မရွေးချယ်ထားဘူးဆိုလျှင် စနောက်ခံရခြင်းနဲ့ နိုင်ထက်စီးနင်းခံရခြင်းကြောင့် ရထားတဲ့ စိတ်ဒဏ်ရာကို ပြန်လည်မှတ်မိလာပြီး ထိုခံစားချက်များက ငါတို့ကိုယ်တိုင်ရဲ့ ပြုမူဆက်ဆံပုံနဲ့ အတွင်းစိတ်ခံစားချက်အထိ လွမ်းမိုးခံနေရပါလိမ့်မယ်။ ဘ၀ရဲ့ဒုက္ခတွေကို ခါးစီး တုံပြန်နေချိန်မှာ အားပေးပြီး ထောက်ခံချက်များများပေးလေလေ ကလေးတွေက စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်တွေကို မြန်မြန်မေ့ပျောက်ထားနိုင်လေလေပါပဲ။

၃) ကလေးတွေ အနိုင်ကျင့်ခံရတဲ့အခါမှာ အနိုင်ကျင့်မခံဖို့အတွက် တိုက်တွန်းထားပါ။

အနိုင်ကျင့်မခံရဖို့အတွက်ဆိုရင် အနိုင်ကျင့်တဲ့လူကို လူစွမ်းကောင်းလုပ်ပြီး ပြန်တိုက်ခိုက်စရာမလိုပါဘူး။ အနိုင်ကျင့်တဲ့လူဘက်က ရပ်တည်နေမယ့်အစား အနိုင်ကျင့်ခံရတဲ့လူနဲ့ သူငယ်ချင်းအဖြစ်ရပ်တည်ပေးခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ တစ်ခြားနည်းလမ်းကတော့ အနိုင်ကျင့်နေပြီဆိုပါက ပြန်လည်တိုင်ကြားရပါမယ်။ ဒါမှ ကလေးငယ်တွေရဲ့ ကိုယ်ပိုင်ပုံရိပ်တွေမှာ ယုံကြည်ချက် သန်မာလာပြီး အားသာချက် အပြည့်ဖြင့်ကြင်နာတတ်တဲ့ ခံစားချက်များကို တည်ဆောက်လာနိုင်ဖို့အတွက် အနိုင်ကျင့်ခြင်းအပြုအမူတွေကို ပိတ်ပင်တားဆီးထားရပါမယ်။

ဘာလို့သူက ပစ်မှတ်ဖြစ်လာသလဲဆိုပြီတော့ ကလေးတွေကမေးပါလိမ့်မယ်။ အဓိကအချက်က ကြောက်ရွံ့တဲ့ အမူအရာက အနိုင်ကျင့်ခံရဖို့အတွက် ပစ်မှတ်ဖြစ်တာပါ။ အနိုင်ကျင့်ခံရတာကို ဖုံးကွယ်ထားပြီးနေမယ်ဆိုရင်လည်း ကိုယ့်ကိုကိုယ် အနိုင်ကျင့်မခံရအောင် မကာကွယ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ သားကောင်မဖြစ်အောင် ရှောင်ထားနိုင်ဖို့က အလုံခြုံဆုံးဖြစ်ပါတယ်။

trend myanmar
http://www.searchmyanmar.com/link/comment/cid/54326

ဥာဏ်ရည် ထက်မြက်သော ကလေးငယ် ဖြစ်စေရန် ပညာရှင် တို့၏ အကြံပြုချက်များ


- သင့်ကလေးအတွက် သင့် မျက်ဝန်းတွေ အမြဲကြယ် တာရာလို ကြည်လင်ဝင်း လက်နေဖို့ ထိန်းသိမ်းပါ။

- ကလေးငယ်တစ်ယောက် ဆီ မှာတောင့်ခံနိုင်မှု၊ ယုတ္တိကျ မှု၊ တစ်ကိုယ်ကောင်း စိတ် ကင်းမှုနှင့် တခြား ပဉ္စလက် ဆန်ဆန် ရှိနေဖို့ မမျှော်လင့် ပါနဲ့။

- သင့်ကလေးပြောတာကို အာ ရုံစိုက်နားထောင်ပေးပါ။ သူ ပြောသမျှ စကားလုံးတိုင်းကို အလေးနက် ထားပြီး စကား လုံးနောက်ကွယ်က သူ့ရဲ့ ခံ စားချက်ကိုလည်း တန်ဖိုး ထားဂရု စိုက်ပေးပါ။

- သင့်ကလေးငယ်နှင့် အတူ ပြင်ပ ထွက်လည်တာကို အချိန် များများပေးပါ ။လေကောင်း လေသန့် ရှူပေးခြင်းဖြင့် ကလေးငယ် ၏ ကိုယ်၊ စိတ်၊ ဦး နှောက် ကြီးထွားလန်း ဆန်းနေပါစေ။

- သူတို့အတွက် မေတ္တာဟာ အချိန်တိုင်းမှာအရေးတကြီး လိုအပ်နေတာပါ။

- လူမမည်ကလေးပေါက်စလေးများပင်လျှင် တစ်ခါ တစ်ရံအသည်းကွဲ မတတ်ခံ စားရနိုင်သည်ကို နားလည် စာနာပါ။

- သင့်ကလေးကို အမြဲဒုတိယ အကြိမ်ထပ်ကြိုးစား ခွင့်ပေး လိုက်ပါ။

- သင့်ကလေး ဆော့ကစားနေ ခိုက်စောင့်ကြည့်အကဲခတ် နားစွင့်လေ့လာပြီး သူ့ကိုယ် သူနဲ့ သင့်အပေါ် သူဘယ်လို ရှုမြင်သည်ကို သဲလွန်စရှာ ဖွေဖော်ထုတ်ကြည့်ပါ။

- မည်မျှ သေးငယ် ပါစေ၊ ကလေး၏ အောင်မြင်မှုများ ကို တခမ်းတနား အောင်ပွဲခံ ပေးပါ။

- သင့်ကလေး ပြောသမျှ ရယ် စရာစကားများ၊ နှစ်သက် ဖွယ် အသုံးအနှုန်းများကို ချ ရေးမှတ်ထားပါ။ ထိုစကား များဟာ နောင်နှစ်ပေါင်း များစွာ သင့်မိသားစု အတွက် ပီတိဖြစ်စရာ ဖျော်ဖြေပေး ပါလိမ့်မည်။

- သင့်ကလေးကို တခြား ကလေး နှင့် နှိုင်းယဉ်သော အလေ့ အထကို မမွေးပါနှင့်။

- လုပ်မလား၊ မလုပ်ဘူးလား” ဟူသော ခြိမ်းခြောက်မိတော့ မည့် အနေအထား မျိုးကို ဖြစ်နိုင်သမျှ ရှောင်ကြဉ်ပါ။

- သင့်ကလေးကို ထပ်ခါထပ် ခါဖတ်ပြဖို့ စိတ်ကြိုက်စာ အုပ်များရွေးချယ်သတ်မှတ် ထားပါ။

- သင့်ကလေးနဲ့အတူတူ ရယ် တဲ့အခါ လိုက်ရယ်၊ ငိုတဲ့ အခါ လိုက်ငိုပါ။

- သင့်ရော၊ သင့်ကလေးပါ နှစ် ယောက် စလုံးတက်လို့ ရနိုင် မည့် သစ်ပင် တစ်ပင်ရှာ ထားပါ။

- တစ်စုံတစ်ရာ(သို့)သစ်ပင် တစ်ပင်ကို ကြီးထွား လာအောင် ကလေးနှင့် အတူတူ ပြုစုပျိုး ထောင်ပါ။

- အောင်မြင်မှု အတွက် သာမက အားထုတ်မှု အတွက်ပါ ကလေးကို ချီးကျူးပါ။

- ကလေးရဲ့ စိတ်အနေမြင့်ရန် “မင်းတတ်နိုင်မှန်း အဖေ၊ အမေသိပါတယ်”ဟူသော အပြောမျိုးဖြင့် အားပေးပါ။

- သင့်ကလေး ပထမဆုံးကျောင်း စတက်သည့်နေ့ကို ဗီဒီယို (သို့) ဓာတ်ပုံ ရိုက်ကူးထား ပါ။ ဒါဟာ ဘဝရဲ့ အဓိ က ကျောက်စာ တိုင် တစ်တိုင် ဖြစ်ပါတယ်။

- ကလေးက သင့်ကို တစ်ခုခု ပြန်၍ သင်ကြား ပေးခြင်းခွင့် ပြုပါ။

- ကံဆိုးတဲ့နေ့ ကြုံတွေ့လျှင် လည်း အိုကေပဲလို့ ကလေး သိအောင် သူ့ရှေ့မှာ ဟန် မပျက်နေပြပါ။ သင့်ကလေး ကို ရိုးရာ ဒဏ္ဍာရီများ၊ ပုံပြင် များ၊ နတ်သမီး ပုံပြင် များ ပြောပြရင်း ချစ် ခင်ယုယမှု ပေးပါ။ ဤသည်က ကလေး ကို ယဉ်ကျေး သိမ်မွေ့စေပြီး စာတတ်ပေတတ် ဖြစ်လာစေ ပါလိမ့်မည်။

- အနာဂတ်အတွက် သင့်ရဲ့ ကိုယ်ပိုင်အိပ်မက်တွေနဲ့ မျှော် လင့်ချက်တွေ အကြောင်း ကလေးကို ပြောပြပါ။

- ဖြစ်နိုင်သမျှ အချိန်တိုင်းမှာ သင့်ကလေးကို ရွေးချယ်နိုင် ခွင့်များ ချပြထားပါ။

- စံချိန်စံညွှန်း(သို့) အခြား ဥာဏ် ရည်ဥာဏ်သွေးဆန်း စစ် ချက်ပေါ် အခြေခံထားပြီး သင့်ကလေး အဆင့်ကို မသတ်မှတ်ပါနှင့်။

- ကလေးကို သူပြုခဲ့သမျှထဲမှ ကောင်းသော လုပ်ရပ်များ ပြန်သတိ ရမိအောင် ကူညီ ဖော်ထုတ်ပေးပါ။ ဤသည် မှာ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှု တည်ဆောက်ခြင်း ၏ အခြေခံဖြစ်သည်။

- ရုပ်ရှင်ရုံများနှင့် ကစားကွင်း များသွားသည့် အခါတိုင်း ကလေးကို သူ့ရုံဝင်ခ လက် မှတ်သူ ကိုယ်တိုင်ဝယ်ပါစေ။

- ကလေးကမေးသော ဖြေရ ခက်သည့်မေးခွန်းကို ဥပေက္ခာ မပြုပါနှင့်ဖြေရမှာ ရှက်သလို ရွံ့သလိုလည်း မလုပ်ပါနှင့်။

- ပြည်တွင်းပြည်ပသတင်း များ ကို ကလေးနှင့်အတူ ကြည့် ရှုနားထောင်ပြီးကမ္ဘာမှာ ဘာ တွေဖြစ်နေသလဲ ရှင်းပြပါ။

- ပညာရေး၏ အရေးပါမှုကို ကလေးကိုသိနားလည် အောင် လုပ်ပါ။

- သင့်ကလေး၏ကိုယ်ရေး ကိုယ် တာမှန်သမျှကို လေးစားပါ။

- သင့်ကလေးမှတစ်ဆင့် သင့် ဘဝကိုပြန်ဖြတ်သန်း၊ ပြန်နေ ထိုင်ဖို့ မကြိုးစားပါနှင့်။

- ပန်းတိုင်ချမှတ်ခြင်းက ဘယ် လောက်တန်ဖိုးရှိကြောင်း ကလေးကို ပြသပါ။

“ဘဝမှာ ကျွန်တော့် သားကို အစကပြန်ပြီး ပြုစုပျိုးထောင် ခွင့်များရခဲ့မယ် ဆိုရင် ကိုယ် ကျင့်တရားနဲ့ သိက္ခာကို အရင် တည်ဆောက်မယ်။ နေဖို့ အိမ်ကို နောက် မှဆောက် မယ်။ လက်ချောင်းတွေနဲ့ ပန်းချီဆွဲတာ ပိုပြီးကျင့်မယ်။ လက်ညှိုး ထိုးပြီး အပြစ်တင် တာတွေ ကိုလျှော့မယ်။အပြင်း အထန် ဝေဖန်ဖို့ထက် ကျိုး ကြောင်း ဆက်စပ်ပြီး ကြည့် တတ်ဖို့ အားထုတ်မယ်။အလုပ် ချိန်နာရီကို ကြည့်မယ့် မျက်လုံးက သားကို ဂရုတစိုက် စောင့်ကြည့်ဖို့ သုံးလိုက်မယ်။ သားနဲ့ လမ်းများများ ပိုလျှောက် ပြီးစွန်တွေ အများကြီး လွှတ် မယ်။ အသည်း အသန် အလုပ် တွေကို ရပ်ပြီးသားနဲ့ပဲ အသည်းအသန် ကစားနေ မယ်။ ကွင်းပြင်တွေကို ဖြတ် ပြေးမယ်။ သား နဲ့အတူလေ။ ပြီးတော့ ကြယ်တွေ အများ ကြီးကို ငေးကြည့်မယ်။ စီးပွား ရေးအခွင့် အကောင်းတွေ အစားသားကိုပဲ ပိုပြီးတင်း တင်းကျပ်ကျပ် ပွေ့ဖက်တဲ့ အလေ့ကို လုပ်ဖြစ်အောင် လုပ်မယ်” လို့ ကမ္ဘာကျော် စာရေးဆရာ ဒိန်းလူမန်က သူ့ရဲ့If I had My Child to Raise Over Again စာ အုပ်ထဲမှာ ရေးခဲ့ပါတယ်။

(အလင်းဆက်(IR) – Popular Myanmar)
http://www.searchmyanmar.com/link/comment/cid/54254

သင့်ဘဝကို အနှောက်အယှက်ပေးမည့် လူ၃မျိုး

ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာစေဖို့

စိတ်ဓာတ်ကျ၊ ၀မ်းနည်းကြေကွဲနေသူတွေကို နှစ်သိမ့်ပြောဆိုရာမှာ မသုံးသင့်တဲ့ စကားများ

မှန်ထဲကိုပြန်ကြည့်ပါ။

ပျော်စရာ ခေါင်းခဲစရာ စမတ်ဖုန်းများ


ငါးနှစ်တာဆိုသည့် အချိန်တိုအတွင်း မြန်မာနိုင်ငံမှာလက်ကိုင် ဖုန်းသုံးစွဲသူပေါင်း ငါးသိန်းကနေ ၂၂ သန်းကျော်အထိ လျင်မြန်စွာ တိုးတက်လာသည်။ ထို့ကြောင့် မြန်မာလူမျိုးများသည် ချက်ချင်း လက်ငင်းကို အကျိုးကျေးဇူးများ သာမက နည်းပညာသစ်က ဆောင်ကြဉ်းပေးလာသော ပြဿ နာများနှင့်ပါ ရင်ဆိုင်တွေ့ကြုံလာရသည်။

မြန်မာနိုင်ငံ၏ နိမ့်ကျသော လျှင်စစ်စွမ်းအားနှုန်း၊ မီးခဏ ခဏပြတ်မှုနှင့် အင်တာနက်ဆက် သွယ်ရေး အားနည်းမှုတို့ကြောင့် ယခုကဲ့သို့ လက်ကိုင်ဖုန်းများ တိုး တက်သုံးစွဲလာမှုကနေ မြန်မာ ပြည်သူ ပြည်သားတွေအား အင် တာနက်စာမျက်နှာများကို ထိ တွေ့သုံးစွဲလာစေသည်။

‘‘ပြီးခဲ့တဲ့နှစ် ဒီအချိန်တုန်းက စမတ်ဖုန်းရှိတာက တကယ့်လူ နေမှုအဆင့်အတန်း တစ်ခုဖြစ်ခဲ့ တယ်။ စမတ်ဖုန်းကိုင်နိုင်တဲ့ သူက တစ်ချိန်လုံးကိုင်ထားပြီး သူ့ မှာ ဖုန်းရှိကြောင်း ပြခဲ့ကြတယ်။ အခုတော့ အိမ်တိုင်းမှာ အနည်း ဆုံး စမတ်ဖုန်းရှိသူ တစ်ယောက် ရှိတယ်။ တချို့မိသားစုတွေဆို ကတောင်မကဘူး’’ဟု ရန်ကုန် မြို့ရှိ Proximity Designs ကုမ္ပဏီမှ လူမှုရေးမန်နေဂျာ ဖြူ နှင်းငြိမ်းက ပြောသည်။

Proximity Designs ကုမ္ပဏီသည် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံနယ်ဒေသခံများအတွက် ထုတ်ကုန်များနှင့် ၀န်ဆောင်မှု များကို ဒီဇိုင်းဆွဲပေးနေသည်။

၂၀၀၉ က စစ်အစိုးရအုပ် ချုပ်ထိန်းချုပ်မှုအောက်တွင် မြန်မာနိုင်ငံ၌ တယ်လီဖုန်းဆင်းမ်ကတ် တစ်ခုကို ဒေါ်လာ ၂၀၀၀ ခန့်ပေး ကိုင်ခဲ့ရသည်။ ထိုအချိန်က မြန်မာ့လူဦးရေ၏ ၁ ရာခိုင်နှုန်းလောက် သာ လက်ကိုင်ဖုန်းကိုင်နိုင်ပါ သည်။ ကမ္ဘာ့ဘဏ်၏ စာရင်း ဇယားများအရ မြောက်ကိုရီး ယားပြီးလျှင် ကမ္ဘာမှာ လက်ကိုင် ဖုန်းကိုင်ဆောင်မှု အနိမ့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပါသည်။ ၂၀၁၃ မှာပင်လျှင် ဖုန်းဆင်းမ်ကတ်တစ်ခုကို မြန်မာ နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၂၅၀ ခန့် ပေးခဲ့ရပြီး လူတကာတတ် နိုင်သော ဈေးနှုန်းထက် ပိုများနေခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လူတစ်ဦး၏ ပျမ်းမျှလစာသည် တစ်လလျှင် ဒေါ်လာ ၂၀၀ ထက် လျော့နည်းပါသည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်က နိုင်ငံခြားကုမ္ပဏီနှစ်ခုက ဖုန်း ဆင်းမ်ကတ်များကို တစ်ဒေါ်လာ ခွဲလောက်နှင့်သာ ရောင်းချခဲ့ရာ ၀ယ်လိုအားအလွန်ကောင်းခဲ့ သည်။ ထိုအချိန်ကစပြီး အန်း ဒရွိုက်စနစ်ပါသော တရုတ်စမတ် ဖုန်းများကို တစ်ပြည်လုံးအနှံ့မှာ လူတိုင်းသုံးစွဲလာခဲ့သည်။ ဧရာ ၀တီမြစ်ဝကျွန်းပေါ်ဒေသကို ကား မောင်းသွားလျှင် စိမ်းစိုနေသော လယ်ကွင်းများအလယ်က ဖုန်း တိုင်များက သက်သေထူနေ သည်။ မတ်လ ၃၁ ရက်မှာ ကုန်ဆုံးသည့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံ့ လူဦးရေ ၈၀ ရာခိုင်နှုန်းမှာ လက်ကိုင်ဖုန်းများရှိလာမည်ဟု မြန်မာအစိုးရက ခန့်မှန်းထားသည်။

ယခုကဲ့သို့ ဖုန်းကွန်ရက်များ တိုးချဲ့လာခြင်းသည် လူတစ်ဦး ချင်း၏ ဘ၀ကိုသာ တိုးတက် ပြောင်းလဲရုံသာမကပါ။ စိုက်ပျိုး ရေး၊ ကျန်းမာရေးနှင့် သဘာဝ ဘေးဒဏ်များ ကာကွယ်ရေးတွေ မှာ အဖြစ်ဆိုးတွေကို သိရှိစေတာ ထက် ပိုပြီးထိရောက်တာသွားမှု ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လက မြန်မာမှာ ဆိုးရွားသော ရေကြီးမှု များကြောင့် လူတစ်ရာခန့် သေ ဆုံးပြီး လူ ၁ ဒသမ ၃ သန်းခန့် ရေဘေးသင့်ခဲ့ကြသည်။ သို့ရာ တွင် လက်ကိုင်ဖုန်းများကို တွင် တွင်ကျယ်ကျယ် သုံးစွဲနိုင်မှု ကြောင့် ယခင် ၂၀၀၈ က လူတစ် သိန်းသုံးသောင်း သေဆုံးခဲ့သော နာဂစ်မုန်တိုင်းတုန်းကထက် ကယ်ဆယ်ရေးလုပ်သားများက ရေဘေးဒုက္ခသည်တွေဆီသို့ အ လွယ်တကူ သွားရောက်နိုင်ခဲ့၏။
‘‘ကယ်ဆယ်ရေး အကူအညီ အတော်များများကို စမတ်ဖုန်း တွေနဲ့ ဆက်သွယ်ပြီး လုပ်ကြတာ ကျွန်မတွေ့ရတယ်’’ဟု မဖြူနှင်း အေးက ပြောသည်။

တစ်ချိန်တည်းမှာပင် လယ် သမားများမှာ စမတ်ဖုန်းများ သုံး လာနိုင်သည့်အတွက် လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို ရှေ့သို့ပို လှမ်းနိုင်အောင် ကူညီပေးနေ သည်။

Proximity Designs ကုမ္ပဏီကို တွဲဖက်တည်ထောင်သူ ဂျင်မ်တေလာက ၎င်းတို့အဖွဲ့သည် လယ်သမားများကို စိုက်ပျိုးရေး ကျွမ်းကျင်သူများထံနှင့် နည်း ပညာအကူအညီများကို ကူညီပေးနိုင်မည့် အစီအစဉ်တစ်ခုကို စမ်း သပ်နေသည်ဟု ဆိုသည်။ ထို့ ပြင် မြေယာ၏ အစိုဓာတ်ကို တိုင်း တာပြီး  အသေးစားလယ်သမား များလိုချင်သည့် ပုံသဏ္ဌာန်အတိ အကျကို ပြသမည့် တိုင်းတာရေး အစီအစဉ် လုပ်ဆောင်ချက်တစ်ခု ကိုလည်း စမ်းသပ်လုပ်ဆောင်နေ သည်ဟု ဆိုသည်။
‘‘နည်းပညာအတိအကျနဲ့ တိုင်းတာလုပ်ဆောင်တဲ့ စနစ်က အမေရိက၊ ဥရောပနဲ့ သြစတြေး လျက လယ်ယာတွေမှာ ဖော် ဆောင်လုပ်ကိုင်နေကြပါပြီ။ မြန်မာပြည်က အသေးစားလယ် ရှင်၊ လယ်သမားတွေမှာ ဒီလိုလုပ် ဆောင်တာမျိုး ကျွန်တော်တို့မြင် ချင်ပါတယ်’’

၂၀၀၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုမှာ နောက်ဆုံးရှိနေခဲ့သော် လည်း ဆက်သွယ်ရေးဖုန်းနည်း ပညာ အသစ်က အပြောင်းအလဲကို ဖြစ်စေသည်။ မေမေဟုခေါ် သည့် အောင်မြင်သည့် ကျန်းမာရေး ဆော့ဖ်ဝဲ အက်ပလီကေးရှင်း လုပ်ဆောင်ချက်အသစ်က လစဉ် ကိုယ်ဝန်ဆောင်များအတွက် အ ကြံဉာဏ်များနှင့် ဆရာဝန်များ ကို ညွှန်းပေးနေသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ လယ်သမားများသည် လယ်ယာ အကြံပေးဝန်ဆောင်မှု စမတ်ဖုန်း လုပ်ဆောင်ချက်မှ တစ်ဆင့် လယ်ယာစိုက်ပျိုးရေးကျွမ်းကျင် သူများနှင့် ဆက်သွယ်နိုင်ပြီး စိုက် ပျိုးရေးနည်းပညာသင်ခန်းစာများ ကို ရယူနိုင်ပါလိမ့်မည်။

သို့သော်လည်း စမတ်ဖုန်း များနှင့် ဆိုရှယ်မီဒီယာများကို အလျင်အမြန် အသုံးများလာမှု ကြောင့် ပြဿနာများကိုလည်း မြန်မာလူမျိုးများ ရင်ဆိုင်တွေ့ကြုံ နေရသည်။ မြန်မာနိုင်ငံမှာ အကျိုးအကြောင်းကို အသေအချာ နားမလည်ဘဲနှင့် အွန်လိုင်းပေါ် က အရာတွေကို လူတွေက ရှယ်ယာနေကြသည်ဟု အမေရိကန် -မြန်မာစာရေးဆရာဘလော့ဂါ ကဲနက်ဝမ်က ပြောသည်။
‘‘ဖိုတိုရှော့နဲ့ ပြင်ထားတဲ့ ပုံ တွေလို မဟုတ်ကဟုတ်က အ တော်များများကို ရှယ်နေကြတာ ကျွန်တော်တွေ့တယ်။ ခေတ်မီ တဲ့ အသုံးပြုသူ အင်တာနက်အ သုံးများသူလောက်ကပဲ ဒါတွေ က တကယ်မဟုတ်တဲ့ တရား မ၀င်လုပ်ထားတဲ့ ပုံတွေဆိုတာ သိနိုင်တယ်’’

သြဇာကြီးသူ ဘုန်းကြီးအ ရှင်ဝီရသူနှင့်ပတ်သက်၍ ဖေ့စ် ဘွတ်ခ်မှာ ပြန့်နေသည့် ကောလာ ဟလများကလည်း ပြီးခဲ့သည့်နှစ် က မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းကို ဖန်တီးစေသည် အကြောင်းရင်းဟု လူအတော် များများက ဝေဖန်ခဲ့ကြသည်။

‘‘ဗုဒ္ဓဘာသာ မိန်းကလေး တစ်ယောက်ကို မွတ်စလင်ညီ အစ်ကိုတွေဖြစ်တဲ့ လက်ဖက်ရည် ဆိုင်ပိုင်ရှင်တွေက မတရားကျင့် တယ်ဆိုပြီး အတည်မပြုနိုင်တဲ့ ကောလာဟလတွေ ဖြစ်ခဲ့တယ်။ သံသယဖြစ်စရာကောင်းတဲ့ သတင်းလင့်တွေက ဒါတွေကို ဖြန့်ဝေတယ်။ လူတွေက အွန်လိုင်း မှာစပြီး ရှယ်ယာကြတာပဲ’’ဟု ၀မ် က ပြန်ပြောင်းပြောသည်။

သည်အကြောင်းကို ဦးဝီရ သူက သူ၏အမြင်နှင့် ရှယ်လိုက် သောအခါ ‘‘အခြေအနေတွေက ပိုဆိုးသွားတယ်။ အဲဒီညမှာပဲ လူ အုပ်ကြီးက လက်ဖက်ရည်ဆိုင် ကို သွားတိုက်ခိုက်ကြတယ်’’ဟု ၀မ်ကဆိုသည်။

အဆိုပါ အုံကြွမှုကြောင့် မြန်မာအမျိုးသားတစ်ဦးနှင့် မွတ် စလင်အမျိုးသားတစ်ဦး သေဆုံး ခဲ့ရသည်။
‘‘ကျွန်တော်ရှက်မိတယ်။ ကျွန်တော်ဟာ လူတွေက ကြင် နာတတ်တယ်၊ သဘောကောင်း တယ်၊ သည်းခံတတ်တယ်လို့သာ ကျွန်တော်သိခဲ့ရတဲ့ မြန်မာပြည် မှာ ကြီးပြင်းလာခဲ့တာပါ။ ဒါ ကျွန်တော်မြင်ခဲ့ရတဲ့ အရင်ကနဲ့ မတူတဲ့ မြန်မာတွေပဲ’’

လူသိများ ထင်ရှားသော မြန်မာလူမျိုးများကမူ ဆိုရှယ်မီ ဒီယာ၏ စွမ်းပကားများနှင့်ပတ် သက်၍ လူတွေကို ပညာပေးဖို့ ကြိုးစားကြသည်။ ၂၀၁၄ တွင် မြန်မာဘလော့ဂါနှင့် နိုင်ငံရေးအ ကျဉ်းသားဟောင်း နေဘုန်းလတ် က အင်တာနက်သုံးစွဲသူများကို သူတို့အွန်လိုင်းပေါ်က ပြောစကားများနှင့်ပတ်သက်၍ ပန်းစကားဆိုသည့် ပညာပေးလှုပ်ရှားမှု တစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။အဆိုပါ လှုပ်ရှားမှုက လူ တွေကို ပါးစပ်မှာ ပန်းပွင့်လေးများပါသည့် ဖေ့စ်ဘွတ်စ်စတစ်ကာ လေးများကို ဖြန့်ချိခဲ့သည်။

 ဖေ့စ် ဘွတ်ခ်၏ စာရင်းဇယားများအရ ပန်းစကား စတစ်ကာများကို သန်းချီရှယ်ယာခဲ့ကြသည်ဟု သိ ရသည်။ စတစ်ကာများကနေ လူမှုရေးအမြင်များ ပြောင်းလဲလာ ဖို့ သူတို့၏ ပထမဆုံးကြိုးပမ်းမှု ဟု လုပ်ဆောင်သူများက ပြော သည်။ ထို့အပြင် ဖေ့စ်ဘွတ်ခ်က လည်း မြန်မာနှင့် ပတ်သက်၍ အွန်လိုင်းပေါ်မှာ အနှောင့်အ ယှက်ပေးသူများအတွက် သီးခြားလုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ သည်။
ပြီးခဲ့သည် ဧပြီလမှာတော့ ရိုဟင်ဂျာ မွတ်စလင်ရေးလှုပ်ရှား သူ မဝေေ၀နုက ဖေ့စ်ဘွတ်ခ်ပေါ် ၌ #MyFriend လှုပ်ရှားမှုဟုဆို ကာ ဘာသာလူမျိုးမတူသူ သူ ငယ်ချင်းများအတူတွဲ ဓာတ်ပုံရိုက် ခံသည့် လှုပ်ရှားမှုတစ်ခုကို ပြု လုပ်ခဲ့သည်။

ထိုကဲ့သို့ လှုပ်ရှားမှုများအ ပြင် ဒီမိုကရေစီခေတ်ဦးကာလမှာ အစိုးရ၏ ပွင့်လင်းမြင်သာမှုများ ကိုလည်း မြန်မာလူမျိုးများက ဆို ရှယ်မီဒီယာတွေဆီသို့ ယူလာခဲ့ သည်။ လူများက နိုင်ငံရေးနှင့် သူတို့ကြုံရသော မတရားမှုများ ကို ဆိုရှယ်မီဒီယာပေါ်မှာ မှတ် တမ်းတင် ဖော်ထုတ်ကြသည်။ စစ်အာဏာရှင်စနစ်မှာ အနှစ် ၅၀ ကျော်ကြာနေခဲ့ပြီးနောက် ၂၅ နှစ်အတွင်း ပထမဆုံး အထွေထွေ ရွေးကောက်ပွဲကို မြန်မာနိုင်ငံက လာမည့် နိုဝင်ဘာ ၈ ရက်၌ ကျင်းပရန် ရှိသည်။
‘‘အရင်တုန်းက မတွေးခဲ့ဖူး တဲ့ အရပ်သားတွေရဲ့ စာနယ်ဇင်း ပညာနဲ့ လုပ်ဆောင်ချဉ်းကပ်မှု မျိုးက အခုအချိန်မှာ ဖြစ်လာနိုင် ပါပြီ။ မြန်မာအာဏာပိုင်တွေရဲ့ အင်အားနဲ့ မတရားနှိပ်စက်တဲ့ သက်သေဗီဒီယိုတွေကို လူတွေ က တင်နေကြပြီ။ ကျွန်တော်ကြီး ပြင်းလာတဲ့ အချိန်တုန်းကတော့ လူတွေဟာ ဒါမျိုးတွေကို လုပ်ရဲ လိမ့်မယ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မတွေးထားခဲ့တဲ့ အရာတွေပေါ့’’ဟု ၀မ်က ပြောပြသည်။

(အမေရိကန်နိုင်ငံက လူ ကြိုက်အများဆုံး ရေဒီယိုတစ်ခု ဖြစ်သော NPR ရေဒီယို၏ ဆောင်းပါးဖြစ်သည့် Smartphones Bring Happiness And Head-aches To Myanmar ကို ထားထားမြင့်က ဘာသာပြန်ဆိုသည်။)
http://www.7daydaily.com/story/46484
Related Posts Plugin for WordPress, Blogger...