စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

ပွဲဦးထွက်ရာသီမှာ မြင့်မြင့်ပျံနေတဲ့ ပရီးမီးယားလိဂ် လူသစ်ကစားသမားများ

အင်္ဂလန်ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးပြိုင်ပွဲဟုတ်၊ မဟုတ်ဆိုတာကို သဘောထားကွဲလွဲမှုတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး၊ အခက်ခဲဆုံးပြိုင်ပွဲတစ်ရပ်ဆိုတာကိုတော့ဘယ်သူမှ ငြင်းဆန်မှာ မဟုတ်ပါဘူး။ ခေတ်ရဲ့ တောင်းဆိုမှုအရ နည်းပညာ၊ နည်းစနစ်ပိုင်းမှာ အဆင့်မြင့်လာပြီ ဖြစ်ပေမယ့် ကာယကြံ့ခိုင်မှုအားပြုချဉ်းကပ်တဲ့ အင်္ဂလိပ်မူပိုင်ဟန်ကို ဆက်လက်ထိန်းသိမ်းထားခြင်းကြောင့် ပရီးမီးယားလိဂ်မှာ တော်ရုံဒေါင်ဒေါင်မြည်အဆင့်မျိုးနဲ့ မဟုတ်ရင် ဝင်ကစားဖို့မဖြစ်နိုင်တာ အမှန်ပါပဲ။
ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ ကမ္ဘာကျော်ဘောလုံးသမား တော်တော်များများဟာ ဒီဒဏ်ကို မခံနိုင်ဘဲ ခြေစွမ်းပျောက်သွားကြတယ်။ တချို့ကျတော့လည်း လပေါင်းအတန်ကြာ၊ ဒါမှမဟုတ် နှစ်နဲ့ချီ အချိန်ယူပြီးမှ ပရီးမီးယားလိဂ်မှာ ဝင်ဆံ့လာကြပါတယ်။ ခြွင်းချက်အနေနဲ့ ရာသီတိုင်းမှာ ပထမဆုံးပရီးမီးယားလိဂ်အတွေ့အကြုံကို ဖြတ်သန်းရပေမယ့် ခြေစွမ်းပြနိုင်တဲ့ ကစားသမားတချို့လည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီရာသီမှာလည်း ပွဲစဉ် (၆) အထိ ပြီးဆုံးချိန်မှာ ပရီးမီးယားလိဂ်ကို ပထမဆုံးခြေချခွင့်ရလာပြီး အံ့ဩစရာကောင်းလောက်အောင် ပြောင်ပြောင်မြောက်မြောက် ကစားပြနိုင်သူ တချို့ကို တွေ့ရပါလိမ့်မယ်။ အဲဒီထဲကမှ အပေါ်လွင်ဆုံး၊ အကောင်းဆုံး ၁၀ ယောက်ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

၁။ ဒီမီထရီပေယက် (ဝက်စ်ဟမ်းယူနိုက်တက်)
ဒီရာသီဝက်စ်ဟမ်းအသင်းရဲ့ စွမ်းဆောင်မှုတွေကတော့ ချီးကျူးစရာပါပဲ။ ခြောက်ပွဲကစားပြီးချိန်မှာ နာမည်ကြီး သုံးသင်းဖြစ်တဲ့ မန်ချက်စတာစီးတီး၊လီဗာပူးနဲ့ အာဆင်နယ်တို့ကို အဝေးကွင်းတွေမှာ အနိုင်ယူပြီး တစ်ဂိုးပဲ ခွင့်ပြုခဲ့ရတာက အံ့ဩစရာပါ။ အဲဒီပွဲစဉ်တွေမှာ အပေါ်လွင်ဆုံးကစားသမားတစ်ယောက်ကတော့ နွေရာသီကမှ အိုလံပစ်မာဆေးလ်ကနေ ပြောင်းရွှေ့လာတဲ့ ပြင်သစ် ကွင်းလယ်ဖန်တီးရှင်ပေယက်ပါပဲ။ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးဝမ်းရဲ့ အခွင့်အလမ်းဖန်တီးနိုင်စွမ်း အမြင့်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရတဲ့ ပေယက်ဟာ ပရီးမီးယားလိဂ်မှာလည်း သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းတွေကို ဆက်ပြီး ထိန်းထားနိုင်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ခြောက်ပွဲစလုံးမှာ ပွဲချိန်ပြည့်နီးပါးကစားခဲ့ပြီး ကိုယ်တိုင် သုံးဂိုးသွင်းခဲ့သလို အသင်းဖော်တွေ ဂိုးရအောင် နှစ်ကြိမ်ဖန်တီးပေးခဲ့ပြီး ဖြစ်ပါတယ်။

 
၂။ အန်ဒရီအေယူး (ဆွမ်ဆီးစီးတီး)
အိုလံပစ်မာဆေးလ်ကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာပြီး တောက်တောက်ပပ ခြေစွမ်းပြနေတာ ပေယက်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဆွမ်ဆီးဟာလည်း အေယူးကို ခေါ်ယူခဲ့ခြင်းအတွက် ကောင်းကျိုးတွေ ခံစားနေရပါတယ်။ ညာတောင်ပံကနေ မြန်နှုန်းနဲ့ ကျွမ်းကျင်မှုကို ထိထိရောက်ရောက်ရောယှက်ပြီး ထိုးဖောက်ပြခဲ့တဲ့ ဂါနာလက်ရွေးစင်ဟာအခုအချိန်မှာတော့လေဘာတီပရိသတ်ရဲ့အချစ်တော် ဘဝကို မြန်မြန်ဆန်ဆန် ပိုင်ဆိုင်လာပါပြီ။ သူဟာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရတဲ့ပွဲက ဂိုးအပါအဝင် အသင်းအတွက် သုံးဂိုးသွင်းယူပြီး အသင်းဖော်တွေ ဂိုးရရှိဖို့ တစ်ကြိမ် ဖန်တီးပေးထားပါတယ်။

၃။ အန်ထော်နီမာရှယ် (မန်ချက်စတာယူနိုက်တက်)
ပြင်သစ်ကနေ အင်္ဂလန်ကို ပြောင်းလာတဲ့ကစားသမားတွေ အဆင်ပြေကောင်းစားနေတာ ပေယက်၊ အေယူးတို့တင်မကပါဘူး။ မန်ချက်စတာယူနိုက်တက်ဟာ ဈေးကွက်ပိတ်ရက်မှာ အသက်(၁၉)နှစ်အရွယ် ချာတိတ်လေးတစ်ယောက်ကို စတာလင်ပေါင်၃၉ သန်းနဲ့ ခေါ်ယူလိုက်တော့ သွေးရူးသွေးတန်း လူဝယ်မှုအဖြစ် ရယ်သွမ်းသွေးခံရပါတယ်။ ဒါပေမဲ့ အဲဒီလှောင်ပြောင် ရယ်မောသံတွေဟာ လီဗာပူးနဲ့ပွဲမှာ အရန်ခုံကထလာတဲ့ မာရှယ်က ပရီးမီးယားလိဂ်ဝါရင့်ခံစစ်မှူးတွေဖြစ်တဲ့ မာတင်စကာတယ်လ်၊ နသန်နီရယ်လ်ကလင်းတို့ကို လှလှပပ တစ်ကိုယ်တော်ကျော်ဖြတ်ပြီး ဂိုးသွင်းလိုက်ချိန်မှာ တိတ်ဆိတ်သွားပါတယ်။ စိန့်မေရီမှာ ဆောက်သမ်တန်ကို ယူနိုက်တက်က အနိုင်ရပြန်တော့ မာရှယ်က နှစ်ဂိုးထပ်သွင်းပြလိုက်တဲ့အခါ ပေးရတဲ့ဈေးက နည်းတောင် နည်းနေသေးတယ်ဆိုတဲ့ လေသံတွေ ပြောင်းလဲသွားပါပြီ။ မာရှယ်သာအင်္ဂလိပ်စကားသေချာပြောတတ်လာရင် အသင်းဖော်တွေနဲ့ အချိတ်အဆက်ပိုမိပြီး ခြေစွမ်းလည်းပိုပြလာနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ဘာပဲဖြစ်ဖြစ် (၁၉)နှစ်သားလေး တစ်ယောက်အတွက် ပရီးမီးယားလိဂ်လို ခက်ခဲတဲ့ ပြိုင်ပွဲမှာ နှစ်ပွဲ ကစားပြီး သုံးဂိုး ရထားတယ်ဆိုတာ အထင်ကြီးစရာပါပဲ။

၎။ ကာလမ်ဝီလ်ဆင် (ဘုန်းမောက်)
ဘုန်းမောက်အသင်း ပရီးမီးယားလိဂ်ကို တန်းတက်မလာခင်က ဝီလ်ဆင်ဟာ အင်္ဂလန်ရဲ့ အဆင့်နိမ့်ပြိုင်ပွဲတွေမှာပဲ ကျင်လည်နေခဲ့ရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို တန်းတက်ရေးအတွက် ဘုန်းမောက်ရဲ့ အားထုတ်မှုမှာ ဝီလ်ဆင်က အရေးပါသူ ဖြစ်ခဲ့ပြီး ပထမတန်းမှာ သွင်းဂိုး ၂၀ ထိရယူပြီး အသင်းကို ကူညီပေးခဲ့တယ်။ ဒီရာသီမှာတော့ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်အတွေ့အကြုံတွေကို ပိုင်ဆိုင်ဖြတ်သန်းနေပြီး ဂိုးသွင်းစွမ်းရည်ကိုလည်း ဆက်ထိန်းသိမ်းထားပါတယ်။ အသက်(၂၃)နှစ်အရွယ် ကစားသမားဟာ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်အပါအဝင် စုစုပေါင်း ပရီးမီးယားလိဂ်ခြောက်ပွဲကစားပြီး ငါးဂိုးထိရရှိထားပါတယ်။

၅။ မက်တီယိုဒါမီယန် (မန်ချက်စတာယူနိုက်တက်)
ပြီးခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်ရင် အီတလီကစားသမား အများစုဟာ ပရီးမီးယားလိဂ်မှာ အံဝင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာကို တွေ့နိုင်ပါတယ်။ ဒီတော့ ဒါမီယန်ကို ယူနိုက်တက်က ခေါ်ယူလိုက်ချိန်မှာ သူ့အပေါ်သံသယတွေနဲ့ စောင့်ကြည့်နေကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ဒီအီတလီလက်ရွေးစင် ညာနောက်ခံလူဟာ မန်နေဂျာ လူးဝစ်ဗန်ဂါးလ် စိတ်ကြိုက်အတွေ့ဆုံးဖြစ်တဲ့ အန်တိုနီယို ဗလန်စီယာကို အရန်ခုံပို့လိုက်နိုင်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တယ်။ အခုဆိုရင် သူဟာယူနိုက်တက်ရဲ့ ဦးစားပေး ညာခြမ်းခံစစ်သမားအဖြစ် ဂဏန်းငြိမ်နေပါပြီ။ ဒါမီယန်ဟာ လိုအပ်ရင် ဗဟိုနေရာရော၊  ဘယ်ခြမ်းမှာပါ ကစားနိုင်သူလည်းဖြစ်ပါတယ်။ ရာသီအဖွင့်မှာ ယူနိုက်တက်ရဲ့ ခံစစ်က စွမ်းဆောင်ရည်တည်တည်ငြိမ်ငြိမ်နဲ့ Clean Sheet သုံးပွဲရခဲ့ရာမှာ ဒါမီယန်က အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။

၆။ ပက်ထရိုရိုဒရီဂွတ်ဇ်(ချယ်လ်ဆီး)
ချယ်လ်ဆီးကို ပက်ထရို ရောက်လာပုံက သူက တစ်ချိန်လုံးလိုလို မန်ချက်စတာယူနိုက်တက်နဲ့ နာမည်ထွက်နေရာက ရုတ်တရက် ချယ်လ်ဆီးက စာချုပ်လိုက်တာကြောင့်ပါပဲ။ ဘာစီလိုနာ၊ စပိန်လက်ရွေးစင်အသင်းတွေနဲ့အတူ အောင်မြင်မှုမှန်သမျှ ရထားဖူးတဲ့ စပိန်သားဟာ သူ့ရဲ့ ချယ်လ်ဆီး ကစားသမားဘဝ အဖွင့်ရာသီမှာလည်း ထည်ထည်ဝါဝါ ဆက်ပြီး ရပ်တည်နေပါတယ်။ မြန်နှုန်းနဲ့ ဘောလုံးကျွမ်းကျင်မှု ကောင်းမွန်ပေမယ့် လူကောင်သေးတာကြောင့်  အင်္ဂလန်မှာ အဆင်ပြေပါ့မလားဆိုတဲ့ သံသယတွေကို ပက်ထရိုက သာသာယာယာပဲ ချေဖျက်ပြနိုင်ခဲ့ပါတယ်။ ဒီရာသီ ချယ်လ်ဆီးရဲ့ စွမ်းဆောင်ရည်မကောင်းလှသေးပေမယ့် ပက်ထရိုကတော့ အပေါ်လွင်ဆုံး ကစားသမားတစ်ယောက်ဖြစ်နေသလို အရင်က အားနည်းခဲ့တဲ့ ညာခြမ်းတိုက်စစ်ကိုလည်း အသက်ဝင်လာစေပါတယ်။ ပက်ထရိုဟာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် လေးပွဲကစားထားရာမှာ တစ်ဂိုးသွင်းပြီး အသင်းဖော်တွေ ဂိုးရအောင် နှစ်ကြိမ် ပံ့ပိုးထားနိုင်ခဲ့ပါတယ်။
၇။ ဘာကရီဆာကို(ခရစ္စတယ်ပဲလေ့စ်)
ဆာကိုဟာ ချန်ပီယံရှစ်ကလပ်  ဝုလ်ဖ်ဗာဟမ်တန်နဲ့အတူ အင်္ဂလန်ဘောလုံးလောက အတွေ့အကြုံတချို့တော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပဲလေ့စ်ကို ပြောင်းရွှေ့လာပြီးမှသာ မာလီလက်ရွေးစင်ဟာ ပရီးမီးယားလိဂ်ကို နဖူးတွေ့ဒူးတွေ့ ကြုံဖူးတာ ဖြစ်ပါတယ်။ ရာသီအစ  နှစ်ပွဲဆက်တိုက်  ပဲလေ့စ်မှာ ကစားခွင့်မရပေမယ့် ပထမဆုံးပွဲထွက်ခွင့်ရတဲ့ အက်စ်တွန်ဗီလာနဲ့ ပွဲမှာ  ဆာကိုက ဂိုးသွင်းပြလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်။ ကွင်းလယ်တိုက်စစ်မှာ အကောင်းဆုံးကစားနိုင်ပြီး လိုအပ်ရင်လည်း ဆာကိုက တောင်ပံတွေကို ရွေ့လျားနေရာယူနိုင်သူ ဖြစ်ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးကို အနိုင်ရတဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တာက သူ့အတွက် အမှတ်တရပါပဲ။ ဆာကိုဟာ ပရီးမီးယားလိဂ်လေး ပွဲမှာ နှစ်ဂိုးသွင်းပြီး အသင်းဖော်တွေ ဂိုးရအောင် ဖန်တီးမှု တစ် ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။
၈။ ဆွန်ဟောင်မင် (တော့တင်ဟမ်ဟော့စပါး)
စပါးမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုဟာ တိုက်စစ်အတွက် ဝက်စ်ဘရွန်းက ဆိုင်ဒိုဘီရာဟီနိုကို ဦးစားပေးချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင်တဲ့နောက် တောင်ကိုရီးယားလက်ရွေးစင်ဆွန်ကို စတာလင်ပေါင် ၂၂ သန်းနဲ့ ဂျာမန်ကလပ် ဘေယာလေဗာကူဆင်ကနေ ခေါ်ယူလိုက်ပါတယ်။ ဆွန်ဟာ အစောပိုင်းမှာ စပါးရဲ့ လူစားဝင် တိုက်စစ်မှူးအဖြစ်သာရှိခဲ့ပေမယ့် ကွာရာဘက်ကို အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ နှစ်ဂိုးသွင်းပြလိုက်တော့ မန်နေဂျာရဲ့ ယုံကြည်မှုကို ရလာခဲ့တယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာတော့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဆွန်က သွင်းယူပြီး သူ့ရဲ့ ကစားသမားဘဝ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ တိုက်စစ်မှာ နေရာစုံ ပြောင်းရွှေ့ကစားနိုင်တယ်ဆိုပေမယ့် ဆွန်ဟာ တိုက်စစ်မှူးစစ်စစ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟယ်ရီကိန်း ဂိုးပေါက်ပျောက်နေချိန်မှာ သူဟာ စပါးရဲ့ အားအထားရဆုံး ဂိုးသွင်းစက် ဖြစ်လာမယ်လို့ ပရိသတ်တွေက မျှော်လင့်ယုံကြည်နေပြီ ဖြစ်ပါတယ်။
၉။ အိုဒီယွန်အစ်ဂ်ဟာလို (ဝက်ဖို့ဒ်စီးတီး)
ပြင်သစ်၊ အီတလီနဲ့ စပိန်ကလပ် တချို့မှာ ကျင်လည်ခဲ့ဖူးပြီးတဲ့နောက် အစ်ဂ်ဟာလိုဟာ ဒီရာသီမှာတော့ တန်းတက်ဝက်ဖို့ဒ်နဲ့အတူ ပထမဆုံး ပရီးမီးယားလိဂ်အရသာကို မြည်းစမ်းကြည့်ခွင့်ရလာပါပြီ။ အရပ်  ခြောက်ပေ နှစ်လက်မ မြင့်တဲ့ နိုက်ဂျီးရီးယားတိုက်စစ်မှူးဟာ လူကောင်ထွားထွားကြီးနဲ့ မလိုက်ဖက်အောင် မြန်ဆန်လွန်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရပါတယ်။ ရာသီအဖွင့်အဖြစ် အဲဗာတန်ကို ၂ ဂိုးစီ သရေကျရာမှာ သူက ၁၇ မိနစ်ပဲ ကစားရပေမယ့်တစ်ဂိုးသွင်းပြီး အသင်းကို အမှတ်ရအောင် ကူညီပေးခဲ့တယ်။ နောက်ပိုင်းမှာတော့ ဝက်ဖို့ဒ်ရဲ့ ပွဲထွက် တိုက်စစ်မှူးဖြစ်လာပြီး ပရီးမီးယားလိဂ် ၆ ပွဲကစားပြီးရာမှာ ၄ ဂိုးထိ သွင်းယူထားပါတယ်။

၁၀။ ဂျိုးဂိုမက်ဇ် (လီဗာပူး)
နွေရာသီဈေးကွက်ကာလမှာ လီဗာပူးဟာ ငွေသုံးခပ်ကြမ်းကြမ်းနဲ့ ကစားသမားသစ်တွေ ခေါ်ယူပြီး အသင်းကို ပုံစံပြောင်း အထိုင်ချတည်ဆောက်ခဲ့ပါတယ်။ အဲဒီမှာ ပထမတန်းကလပ် ဖူလ်ဟမ်ကနေ ဝယ်ယူခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ချာတိတ်လေး ဂိုမက်ဇ်ကိုတော့ အသင်းပရိသတ်ကတောင် မှတ်မှတ်ထင်ထင်မဖြစ်ခဲ့ဘူး။ အနာဂတ်အတွက် ရည်ရွယ်ပြီး စတာလင်ပေါင် ၃ သန်းလောက် မြှုပ်နှံခဲ့တာဖြစ်မယ်လို့ ခပ်ပေါ့ပေါ့ပဲ တွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် မန်နေဂျာ ဘရန်ဒန်ရော်ဂျာက ဂိုမက်ဇ်ကို ပထမအသင်းမှာ နေရာပေးပွဲထုတ်ခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက ဂိုမက်ဇ်ဟာ သူအားအသန်ဆုံးဖြစ်တဲ့ ဗဟိုခံစစ်နဲ့ ဒုတိယဦးစားပေးဖြစ်တဲ့ ညာခြမ်းခံစစ်တို့မှာ မကစားရဘဲ ဘယ်နောက်ခံလူအနေနဲ့ ခြေစွမ်းပြနေတာပါပဲ။ လီဗာပူးအသင်း ပရီးမီးယားလိဂ်ရာသီအစ သုံးပွဲဆက် Clean Sheet ရခဲ့ချိန်မှာ ဂိုမက်ဇ်ဟာ အရွယ်နဲ့ မလိုက်အောင် တည်တည်ငြိမ်ငြိမ်ကစားပြခဲ့တယ်။ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ရာမှာ သူ့အနေနဲ့ အမှားလေးတချို့ရှိခဲ့တယ် ဆိုပေမယ့် ဂိုမက်ဇ်ရဲ့ အသက်က(၁၈)နှစ်ပဲရှိသေးတာကို မေ့မထားသင့်ပါဘူး။ ဒီချာတိတ်ဟာ လီဗာပူးမှာ ဒီထက်ပိုပြီး တောက်ပလာဖို့ အများကြီးမျှော်လင့်နိုင်ပါသေးတယ်။

http://www.7daydaily.com/story/47229

ဘဝကို အရှုံးမပေးသူ



လူတိုင်းအတွက် ဘဝဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ တချို့က ဘဝမှာ ပင်ပန်းတဲ့ အကြောင်းပဲ ညည်းတွားလေ့ရှိနေချိန်မှာ ခက်ခဲ တဲ့ ဘဝကို နည်းလမ်းပေါင်းစုံနဲ့ ကျော်ဖြတ်နေကြသူတွေလဲရှိပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်က လေးနှစ်အရွယ် မိန်းကလေး Qian Hongyan ဟာ ၂၀၀၀ ခုနှစ်မှာ ကားမတော်တဆမှု တစ်ခုကြောင့် မသန်စွမ်း ဘဝကို ရောက်သွားခဲ့ရပါတယ်။

 ခြေနှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်ရပြီး သူမအတွက် ပညာရေးဟာ အလှမ်းဝေးခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ အနာဂတ်ကို သူမကိုယ်တိုင် ဖန်တီးခဲ့ပါတယ်။ အဖိုးဖြစ်သူက ဘတ်စ်ကတ်ဘောလုံးကို အသုံးပြုပြီး လမ်းလျှောက်လေ့ကျင့်စေ ခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ ထုတ်ဝေတဲ့ တရုတ်နိုင်ငံ ရဲ့ သတင်းစာ ခေါင်းစီးတွေမှာ သူမရဲ့ ဘတ်စ်ကတ်ဘော ကိုအသုံးပြုပြီး လမ်းလျှောက် လေ့ကျင့်နေတဲ့ ပုံတွေပါလာခဲ့ ပါတယ်။ ဆက်ပြီး ၂၀၀၇ ခုနှစ်မှာတော့ သူမဟာ ရေကူးဖို့ ကြိုးစားပြန်ပါတယ်။

 ၁၆ နှစ်အရွယ်မှာတော့ မတူညီတဲ့ ရေကူးနည်းပေါင်းစုံ နဲ့ ရေကူးတတ်အောင်လေ့ ကျင့်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တော့ သူမဟာ တရုတ်နိုင်ငံ မသန်စွမ်း ရေကူးပြိုင်ပွဲရဲ့ ချန်ပီယံ တစ်ဦးဖြစ်လာခဲ့ပါပြီ။ မကြာသေးခင်က ကျင်းပတဲ့ မီတာ ၁၀၀ ရေကူးပြိုင်ပွဲတစ်ခု မှာလည်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခုအချိန်မှာ သူမရဲ့ အကြောင်းကတော့ မသန်စွမ်းသူတွေ အတွက် အားတက်စရာ တစ်ခု ဖြစ်နေပါပြီ။

 https://www.facebook.com/ayesaycommm/posts/454957228009721


 
 https://www.facebook.com/ayesaycommm/posts/454957228009721

ပီယဲကူဗာတင် သို. အိုလံပစ်ပြိုင်ပွဲအတွက် ဦးဆောင်ခဲ့သူ


                                       

ပြင်သစ်နိုင်ငံက သမိုင်းပညာရှင် `ပီရာရီကော်ဘာတင်´၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို ၁၈၉၄ တွင် ဖွဲ့စည်းပြီး အိုလံပစ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ပြင်ဆင်ခဲ့ကြပါသည်။ သို့ဖြင့် ၁၈၉၆ တွင်နိုင်ငံပေါင်း ၁၄ နိုင်ငံက ကစားသမားပေါင်း ၂၀ဝ ကျော် ပါဝင်ယှဉ်ပြိုင်သော ပထမဆုံး ခေတ်သစ်အိုလံပစ်ပြိုင်ပွဲကြီးကို အိုလံပစ်ပြိုင်ပွဲများ၏ သန္ဓေတည်ရာ မူလအစဖြစ်သည့် အေသင်မြို့တွင် ကျင်းပနိုင်ခဲ့ပါသည်။
 
 ပါဝင်သောအားကစား အမျိုးအစားမှာ ၉ မျိုးသာရှိခဲ့ပါသည်။ ထိုမှအစပြုကာ အိုလံပစ်ပြိုင်ပွဲများကို တစ်စတစ်စ တိုးချဲ့ကျင်းပလာရာ ယခုဆိုလျှင် အားကစားနည်းပေါင်း ၂၈ မျိုး၊ အားကစားအမျိုးအစားပေါင်း ၃၀၂ ခု တိတိ ရှိသည်အထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်ပါသည်။ 
 
ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီး အာဏာရှင်ဟစ်တလာ၏ နာဇီအလံအောက်တွင် ကျင်းပခဲ့ရသော မြူးနစ်အိုလံပစ်၊ နောက် ၁၉၇၂ မြူးနစ်အိုလံပစ်တွင် ဖြစ်ပွားခဲ့သော ပါလက်စတိုင်း အကြမ်းဖက်သမားများက အစ္စရေး ကစားသမား ၁၁ ယောက်အား သတ်ဖြတ်ခဲ့သည့်အဖြစ်၊ ၁၉၇၀ နောက်ပိုင်းကာလများတွင် နိုင်ငံအချို့က ဆန့်ကျင်ခဲ့သည့် အဖြစ်မျိုးများ အပါအဝင် ဖြေရှင်းမပြီးနိုင် ဖြစ်နေရသော တားမြစ်ဆေး ပြဿနာများမှလွဲလျှင် အောင်မြင်သည့် အတိုင်းအတာမှာ ရှိနေမြဲပင်။ နောက် အိုလံပစ်ပြိုင်ပွဲများကို နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဟူ၍နှစ်မျိုးခွဲ ကျင်းပကြပါသည်။ ပို၍အဓိကကျသည့် ပြိုင်ပွဲကတော့ အားလုံးသိကြသော နွေရာသီ အိုလံပစ်ပြိုင်ပွဲ ဖြစ်ပါသည်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင်မူ အားကစားနည်း ၇ မျိုးသာ ပါဝင်ပါသည်။
 

ကရင် တိုင်းရင်းသား ကလာဟယ်ကို ရှက်ဖီး ယူနိုက်တက် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်လိုက်ပြီ

 

ကရင် တိုင်းရင်းသား ကလာဟယ်ကို ရှက်ဖီး ယူနိုက်တက် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်လိုက်ပြီ
ကရင် တိုင်းရင်းသား ကလာဟယ်ကို ရှက်ဖီး ယူနိုက်တက်က ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုလိုက်ပြီလို့ ဂါးဒီးယန်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တတိယ အကြိမ်မြောက် စမ်းသပ် လေ့ကျင့်မှု အစီအစဉ်မှာ ရှက်ဖီး အသင်း နည်းပြတွေက ကလာဟယ်ရဲ့ ခြေစွမ်းကို သဘောကျတဲ့အတွက် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့တာပါ။

ကလာဟယ်ကို ထိုင်းနိုင်ငံ နယ်စပ်က Umpiem Mai ရွှေ့ပြောင်း လုပ်သားစခန်းမှာ မွေးဖွားခဲ့ပြီး သူတို့ မိသားစုဟာ သြစတြေးလျကို သွားရောက်ချင်ပေမယ့် နိုင်ငံကူး လက်မှတ် မရှိတဲ့အတွက် အခက်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာတော့ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနဲ့ ဗြိတိန် အစိုးရတို့ ပူးပေါင်း ဆောင်ရွက်တဲ့ ရွှေ့ပြောင်းလုပ်သားများ ဗြိတိန်တွင် ခိုလှုံ အခြေချ နေထိုင်ရေး အစီအစဉ် gateway protection programme ကြောင့် ကလာဟယ်တို့ မိသားစု ရှက်ဖီးမှာ နေထိုင်ခွင့် ရခဲ့တယ်လို့ ဂါးဒီးယန်းက ဖော်ပြထားပါတယ်။

ကလာဟယ်ဟာ ဘာသာ စကား အခက်အခဲကို ဘောလုံး အားကစားနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျောင်းအသင်းနဲ့ တနင်္ဂနွေလိဂ် ပြိုင်ပွဲတွေမှာ ဘောလုံးကန်ကောင်းတဲ့ ကလယ်ဟယ်ကို သူငယ်ချင်းတွေက Football Unites Racism Divides group မှာ ခြေစွမ်း စမ်းသပ်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Football Unites Racism Divides group ဆိုတာ လူသားခြင်း ခွဲခြား ဆက်ဆံမှုတွေကို ဘောလုံး အားကစားနဲ့ တိုက်ဖျက်ပြီး လူငယ်တွေ အခွင့်အရေး ပိုရလာစေဖို့ ရည်ရွယ်တဲ့ စီမံကိန်း တစ်ရပ်ဖြစ်ပြီး ရှက်ဖီး ပရိသတ်တွေ အစပျိုးခဲ့တဲ့ အစီအစဉ်ပါ။ အင်္ဂလန် လက်ရွေးစင် ကစားသမား ကယ်လီဝေါ်လ်ကာဟာလည်း ဒီအစီအစဉ်ကနေ ထွန်းပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ကလာဟယ်ဟာ ခြေစွမ်းစမ်းသပ်မှု နှစ်ကြိမ် မအောင်မြင်ခဲ့ပေမယ့် တတိယ အကြိမ်မှာတော့ နည်းပြတွေက ကလယ်ဟယ်ကို ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရှက်ဖီးနဲ့ အတူ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ ကလာဟယ်က ပရီးမီးယားလိဂ်မှာ ကစားခွင့်ရရေး မျော်မှန်းထားပြီး တနေ့နေ့ကျရင် မြန်မာ(သို့မဟုတ်) ထိုင်း လက်ရွေးစင် အသင်းမှာ အသင်းခေါင်းဆောင် တာဝန် ထမ်းဆောင်ခွင့်ရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

"လက်ရှိ ရည်မှန်းချက်ကတော့ ယူ ၂၁ အသင်းနည်းပြ ခရစ္စ မော်ဂန်နဲ့ အသင်းကြီး နည်းပြ နီဂယ် အက်ဒ်ကင်တို့ သဘောကျဖို့ပါ။ ရှက်ဖီး အသင်းက ကျွန်တော့်အပေါ် ယုံကြည်ပေးခဲ့တဲ့အတွက် ပြန်ပေးဆပ်ချင်တယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ကစားခွင့်ရချင်တယ်။ ကျွန်တော့် ကစားသမားဘ၀ အတွက် ရည်မှန်းချက် ကြီးကြီးထားပါတယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေလို အဆင့်အတန်း အမြင့်ဆုံး ပြိုင်ပွဲတွေမှာ ကစားပြီး တစ်နေ့နေ့ကျရင် မြန်မာ သို့မဟုတ် ထိုင်း လက်ရွေးစင် အသင်းကြီးရဲ့ အသင်းခေါင်းဆောင် အဖြစ် ကစားခွင့်ရချင်ပါတယ်" လို့ ကလာဟယ်က ရိုက်တာ သတင်း ဌာနကို ပြောပါတယ်။
Ref : Guardian
Nz (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/posts/927458800630706
 
 https://www.facebook.com/yoyarlaydotcom/posts/927458800630706

မြန်မာ့မြေတွင် ဘဝသစ်ရှာတွေ့သွားသော ပရီးမီးယားလိဂ် ကစားသမားဟောင်း

အိုင်ယာလန်လက်ရွေးစင်ဟောင်းဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်များ ဖြစ်သော ဝီဂန်၊ ဟူးလ်စီးတီးတို့၌ ကစားခဲ့သော ကာလက်ဖိုလန်/Dailymail
ကာလက်ဖိုလန်အနေနဲ့ အင်္ဂလန်ဘောလုံးလောကမှာ ကြုံတွေ့ခဲ့တဲ့ စိတ်ပျက်စရာတွေကို မေ့ပျောက်ဖို့ ကစားသမားဘဝရဲ့ အလှည့်အပြောင်းသစ် တစ်ခုကို ရှာဖွေဖို့ လိုအပ်လာတဲ့အခါ ဘယ်နေရာကို အာရုံစိုက်ကြည့်သင့်သလဲဆိုတာကို ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။
‘‘အဲဒါ ဘားမား (မြန်မာ)ပဲ။ ပြီးတော့ ခင်ဗျား ကြုံဖူးသမျှ နယ်ပယ်ဒေသတိုင်းနဲ့လည်း တော်တော်လေး မတူညီဘဲ ဖြစ်နေလိမ့်မယ်’’လို့ ၁၉ ရာစုရဲ့ ဗြိတိသျှ စာရေးဆရာ ရုဒ့်ကစ်ပလင်က ရေးခဲ့ဖူးတယ်။ ဒါဟာ ဖိုလန်အတွက် အဖြေလည်း ဖြစ်ပါလိမ့်မယ်။

အာရှတိုက်ရဲ့ ဆင်းရဲနွမ်းပါးဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့သလို စစ်အာဏာရှင်တွေရဲ့ ရာစုနှစ်ဝက်လောက် အုပ်စိုးမှုအောက်မှာ အနောက်ကမ္ဘာနဲ့ ၂၀၁၁ ခုနှစ်ထိ တသီးတခြား ရပ်တည်နေခဲ့တယ်။ ဒါပေမဲ့ ဘာကလေ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေနဲ့ ပတ်သက်ရင်တော့ ဒီနိုင်ငံက အံ့ဩစရာကောင်းလောက်အောင် နှံ့စပ်ထိတွေ့နေတာ ဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်ပြီး အင်္ဂလန်က ကလပ်အသင်း ရှစ်ခုအပြင် အမေရိကန်နဲ့ မလေးရှားတို့မှာ ကစားဖူးတဲ့ ဘောလုံးခရီးသည် ဖိုလန်တစ်ယောက် နောက်ဆုံးမှာတော့ မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး ချက်ချင်းလိုလိုပဲ သူ့အတွက် သက်သောင့်သက်သာ နေသားတကျ ဖြစ်လာပါတယ်။

‘‘တိမ်မြုပ်နေတဲ့ ကျောက်မျက်ရတနာ တစ်မျိုးလိုပဲ။ အများကြီး ဖြစ်ပျက်ပြောင်းလဲနေပြီး နက်နဲအသိခက်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီး ကြွယ်ဝပေမယ့် တခြားအာရှနိုင်ငံအများစုနဲ့ ယှဉ်ရင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ တော်တော်လေး ကင်းကွာနေတာတွေ ရှိသေးတယ်’’လို့ ဖိုလန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပါတယ်။

‘‘မလေးရှားမှာတုန်းက ကျွန်တော့်အသင်း (T-Team FC) နဲ့အတူ ရာသီကြို လေ့ကျင့်ရေးခရီးစဉ်အဖြစ် ဒီကို ရောက်ခဲ့ဖူးတယ်။ အဲဒီကတည်းက ဒီနိုင်ငံကို သဘောကျခဲ့တာပါ။ ဒီမှာ လာကစားဖို့ အဆက်အသွယ်ရလာတော့ မှန်ကန်သင့်လျော်တဲ့ အခွင့်အရေး တစ်ရပ်လို့ ရှုမြင်မိခဲ့တယ်။

ကျွန်တော် နောက်ဆုံးအကြိမ် ဒီကိုရောက်ခဲ့ဖူးတုန်းကနဲ့ ယှဉ်ကြည့် ရင် နှစ်အနည်းငယ်အတွင်း အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ပွင့်လင်းမှု တွေ အစပြုလာပြီ ဆိုပေမယ့် အစဉ်အလာ အစွဲအလမ်းတွေတော့ အများကြီး ရှိနေသေးတယ်။ လမ်းဘေးဝဲယာကို ကြည့်မယ်ဆိုရင် ဘုန်းတော်ကြီးတွေ ဖိနပ်မပါဘဲ လမ်းလျှောက် (ကြွ)နေတာကို မြင်ရပါလိမ့်မယ်။ ကျွန်တော် စက်ဘီးတစ်စီး ဝယ်ထားပြီး ဟိုဟိုဒီဒီ လျှောက်စီးကြည့်တယ်။ မြို့တော်ဟောင်း ရန်ကုန်နဲ့ပတ်သက်လို့ တော်တော်များများတော့ ကျွန်တော် လျှောက်ကြည့်ပြီးပါပြီ။ ကျွန်တော်က လမ်းလျှောက်ရင်း စူးစမ်းရတာကို ကြိုက်တယ်လေလို့’’ ဖိုလန်က ဆိုပါတယ်။

‘‘တစ်ခါတလေ တချို့နေရာတွေမှာ ကျွန်တော် ကြုံရတဲ့ တုံ့ ပြန်မှုတွေက ရယ်စရာဖြစ်နေတယ်။ လူတွေက သူတို့ အလုပ်လုပ်နေတာကို ရပ်ထားပြီး ကျွန်တော့်ကို စူးစမ်းပြီး လှမ်းကြည့် တတ်တယ်။ အဲဒီအခါ ကျွန်တော်က ပြုံးပြပြီး ဒေသသုံး (မြန်မာ)စကား တစ်လုံးနှစ်လုံးလောက် ပြောတယ်။ သူတို့တွေက ခင်မင်တတ်တဲ့ သူတွေပါ။ ဒီနေရာမှာ ရှိနေတဲ့အခါ အရမ်းကို ရင်းနှီးဖော်ရွေတဲ့ စွမ်းအင်တစ်ခု လွှမ်းမိုးနေသလို ခံစားရတယ်’’ လို့လည်း ဖိုလန်က သူ့အမြင်ကိုပြောပါတယ်။


ရွှေတိဂုံစေတီတော်တွင် အမှတ်တရဓာတ်ပုံရိုက်နေသော ကာလက်ဖိုလန်/Dailymail

 မြန်မာနေရှင်နယ်လိဂ် (MNL) ဘောလုံးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှာ စတင်ထူထောင်ပြီး အသင်း ၁၂ သင်း ပါဝင်ပါတယ်။ ပွဲစဉ်အများစုကတော့  ၂၀၀၆ ခုနှစ်အထိ နိုင်ငံရဲ့ မြို့တော်အဖြစ် တည်ရှိခဲ့ပြီး လက်ရှိ အကြီးဆုံးမြို့လည်းဖြစ်တဲ့ ရန်ကုန်မှာပဲ ကစား ကြပါတယ်။ ဖိုလန်က တောင်ကြီးမြို့ရဲ့ ကမ္ဘောဇအသင်းမှာ ကစားတာပါ။ တောင်ကြီးက ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိပြီး ရန်ကုန်နဲ့ ယှဉ်ရင်တော့ ပိုသေးငယ်တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

‘‘နိုင်ငံခြားသား ကစားသမား တော်တော်များများကတော့ ရန်ကုန်က ဟိုတယ်တွေမှာပဲ နေကြပါတယ်။ ဒါပေမဲ့ အချိန်တိုင်းလိုလို သွားလာနေရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကွင်းပွဲစဉ်တွေ ကစားဖို့ ခရီးသွားရတယ်လေ။ တောင်ကြီးမှာဆိုရင် ကျွန်တော်တို့ အရာအားလုံးနဲ့ မိုင်တွေဝေးသွားသလိုပဲ။ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင် တကယ့်ကို လိုအပ်ချက်တွေ ရှိနေတယ်လေ။ အဲဒီမှာ အင်တာနက်ရတာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ တောင်ကြီးမြို့နားမှာ နာမည်ကြီး ရေကန်တစ်ကန် ရှိတယ်။

အင်းလေးကန်လို့ ခေါ်ကြတယ်။ အဲဒီမှာနေတဲ့ လူတွေက ဝါးအိမ်လေးတွေနဲ့ ရေပေါ်မြို့လေး ဆောက်ထားတာ။ ပြီးတော့ ရေထဲမှာတင် သူတို့ရဲ့ ကိုယ်ပိုင်လမ်းပန်းဆက်သွယ်ရေး ကွန်ရက်ရှိတယ်ဗျ’’ လို့ ဖိုလန်က သူ့အမြင်အတိုင်း ပြောပါတယ်။
ဒီစကားတွေ ကြားရတာတော့ ကစားသမားဘဝကို တစ်ကျော့ပြန် အစပြုဖို့ အားထုတ်ခဲ့သူ တစ်ယောက်အနေနဲ့ တော်တော်လေး ပျော်ရွှင်ချမ်းမြေ့နေတယ်လို့ ယူဆရမယ် ထင်ပါတယ်။
ကြုံတောင့်ကြုံခဲ အာရုံကြော ဒဏ်ရာတစ်ခုကြောင့် ဖိုလန်ဟာ ညာဘက်ခြေထောက် တစ်ဖက်လုံးရဲ့ ထိတွေ့ခံစားမှုတွေ ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ဖူးသလို ၂၀၁၂ ခုနှစ်မှာ ဘာမင်ဂမ်စီးတီးအတွက် တစ်နှစ်လုံး တစ်ပွဲပဲ ကစားပေးနိုင်တဲ့အထိ အခြေအနေဆိုးခဲ့တာပါ။

‘‘အဲဒီတုန်းက ကျွန်တော့် ခြေထောက်က ခြောက်လ၊ ခုနစ်လလောက်ထိ လှုပ်လို့ မရတော့ဘူး။ ကျွန်တော့်ဒူး အနောက်ဘက်မှာ ရေခဲအုံပြီး ကုသဆောင်ထဲ ရောက်လာကတည်းက အဲဒီလို စဖြစ်တာ။ ကျွန်တော့် ခြေထောက်မှာ ရေခဲကပ်ထားတာ ဘယ်လောက် ကြာသွားသလဲ သေချာမသိဘူး။ အဲဒီမှာ တော်တော်ကြာအောင်တော့ နေရတယ်။ မိနစ် ၃၀ လောက်ထင်တယ်။ ပြီးတော့ အာရုံကြောထိခိုက်တာ သိလာတယ်။ ခြေထောက်က ထုံသွားတယ်။ သိပ်မကြာခင် ထုံတာပျောက်သွားမှာပဲလို့ ကျွန်တော် ထင်ခဲ့ပေမယ့် နှစ်နာရီကြာတဲ့အထိ ထုံနေပြီး ဘာမှ မခံစားရဘူး။ နောက်တစ်နေ့ လည်း ထုံနေတုန်းပဲ။ အဲဒီအခြေအနေက ရက်ပိုင်းကနေ သီတင်းပတ်တွေထိ ကြာလာတယ်လေ။ တကယ်တော့ ကျွန်တော့် ပင်မကျောရိုးကနေ ခြေထောက်ကို ယှက်နွယ်နေတဲ့ အာရုံကြောကြီးတစ်ခု ထိခိုက်မိသွားတာပါ။ ဒီအကြောင်းကို သိလာတော့ အမြဲတမ်း ဒါမျိုးဖြစ်နေတော့မယ်လို့ ကျွန်တော် တွေးကြောက်သွားမိတယ်’’ လို့ ဖိုလန်က ဖွင့်ဟခဲ့ပါတယ်။
‘‘အဲဒီကစပြီး ကျွန်တော့်အတွက် ခက်ခဲတဲ့ ကာလတွေ ကြုံလာတော့တာပဲ။

ကျွန်တော်ကတော့ ပြန်ကောင်းအောင် လုပ်နိုင်မယ် ဆိုတာမျိုး အမြဲတမ်း တွေးနေမိခဲ့တယ်။ အချိန်တော်တော်ကြာတဲ့အထိ ကျွန်တော် ဘာမှမလုပ်နိုင် ခဲ့ဘူး။ စိတ်ဓာတ်ရေးရာ လေ့ကျင့်ခန်းတွေက လွဲလို့ပေါ့။ ဘောလုံးသမားတစ်ယောက်အနေနဲ့တော့ ကျွန်တော် မလေ့ကျင့်နိုင်ဘူး။ အခြေအနေ ပြန်ကောင်းလာတော့ ကျွန်တော် ဘဝကို အသစ်စနိုင်ဦးမယ်လို့ ခံစားမိလာတယ်။ နောက်တော့ မလေးရှားမှာ သွားကစားဖို့ အခွင့်အရေးရလာတယ်။

မလေးရှားမှာ ခြောက်လကြာခဲ့ပြီး ကျွန်တော့်နာလန်ထ အစီအစဉ်တွေ အရှိန်ရလာဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဘလက်ပူးလ်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားမှု တော်တော်လေး ပြသလာတဲ့နောက် ကျွန်တော် အင်္ဂလန်ကို ပြန်သွားချိန်မှာ သူတို့နဲ့ အတူ ရာသီကြိုကာလတစ်ခုလုံး အတူရှိခဲ့တယ်။ အဲဒီတုန်းက ဘလက်ပူးလ်မှာ မန်နေဂျာမရှိဘူး။ နောက်တော့ ပေါလ်အင့်စ် ရောက်လာတယ်။ အဲဒီမှာ ဘောလုံးကစားဖို့ ကျွန်တော်တို့ တော်တော်လေး ဆွေးနွေးစကားပြောခဲ့ပေမယ့် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ အပြီးမှာတော့ သူတို့က ကျွန်တော့်ကို တစ်လချင်းစီ သက်တမ်းတိုးသွားမယ့် စာချုပ်မျိုးပဲ ကမ်းလှမ်းလာတယ်လေ’’ လို့ ဖိုလန်က ဆိုပါတယ်။

သူက ‘‘ဒါက ထူးဆန်းသလို ဖြစ်နေတယ်။ ရာသီကြိုကာလတစ်ခုလုံး ကျွန်တော်က သူတို့နဲ့ အချိန်ကုန် ဖြတ်သန်းခဲ့တာပါ။ ဘရတ်ဖို့ဒ်က စတိဗ်ပါကင်က ကျွန်တော့်ကို ဖုန်းခေါ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ ရေတိုကစားနိုင်မယ်လို့ အကြံပေးတယ်။ ကျွန်တော်လည်း သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသည်းနှလုံးကတော့ အဲဒီအသင်းမှာ အပြည့်အဝ မြှုပ်နှံထားလို့ မရခဲ့ပါဘူး’’ လို့လည်း အနာတရ ကာလအလွန် ရှုပ်ထွေးတဲ့ ဖြတ်သန်းမှုကို ပြောပြခဲ့တယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာတော့ ဖိုလန်ဟာ ဘရတ်ဖို့ဒ်ကို ကျောခိုင်းခဲ့ပါတယ်။ အမေရိကန်ကို နောက်တစ်ကျော့ ပြန်သွားနိုင်မယ့် အခွင့်အရေးကိုလည်း သူက ငြင်းခဲ့တယ်။
‘‘ကျွန်တော့်အနေနဲ့ ဘောလုံး လောကမှာ အနိမ့်အမြင့်၊ အတက် အကျတွေ အများကြီး တွေ့ကြုံ ပြီးပြီလို့ ခံစားမိပါတယ်။ နည်းပြတွေနဲ့ နောက်ကွယ်က ကိစ္စတွေအပါအဝင် လူတွေ အလွယ်တကူ မမြင်နိုင်တဲ့ အခြေအနေတွေက အစပေါ့။ ဘောလုံးသမားဘဝမှာ ခက်ထန်မှုတွေ ရှိနိုင်တယ်။ ဒါဟာ အရင်ခံစားချက်ဟောင်းတွေနဲ့ တူညီပါတယ်။ တကယ့်အစစ်အမှန်လိုမျိုး မဟုတ်ဘူး။ ကျွန်တော့် အမြင်မှာ တစ်ခုခုက အမှားအယွင်း ဖြစ်နေသလိုပဲ။ အာရှတိုက်ကို နောက်တစ်ခေါက် ပြန်သွားဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို လိဒ်စ်ယူနိုက်တက်နဲ့ ချုပ်ဆိုခဲ့ပေမယ့် အဲဒီကတည်းက တရုတ်၊ ဒါမှမဟုတ် ဟောင်ကောင်မှာ တစ်နေ့နေ့သွားကစားချင်တယ်လို့ အတွေးဝင်ခဲ့တာ မှတ်မိပါသေးတယ်’’လို့လည်း ဖိုလန်က ဆိုပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ အိုင်ယာလန် တိုက်စစ်မှူးဟာ လိဒ်စ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အယ်လန်ရုဒ်ကို စွန့်ခွာပြီး ချက်စ်တာဖီးလ်ကို ကူးပြောင်းခဲ့တယ်။
ချက်စ်တာဖီးလ်ကနေတစ်ဆင့် စတာလင်ပေါင်ငါးသိန်းနဲ့ ဝီဂန်ကို ပြောင်းရွှေ့ပြီး အင်္ဂလန်ရဲ့ ထိပ်ဆုံးတန်း ပြိုင်ပွဲတွေမှာ ကစားခွင့် ရလာတယ်။ နောက်တော့ အဲဒီပြောင်း ရွှေ့ကြေးနှစ်ဆနဲ့ ဟူးလ်စီးတီးဆီ ရောက်သွားပြန်တယ်။ ဟူးလ်မှာတော့ အသင်းကို ပရီးမီးယားလိဂ် တန်းတက်ခွင့်ရအောင် ဖိုလန်က ကူညီပေးခဲ့သလို ပရီးမီးယားလိဂ် အဆင့်ရဲ့ ပထမဆုံးနိုင်ပွဲကို ရယူရာမှာ သူက အနိုင်ဂိုးသွင်းယူပေးခဲ့ တယ်။ နောက်တော့ အိုင်ယာလန် လက်ရွေးစင်အသင်းရဲ့ အသိအမှတ်ပြု ခေါ်ယူခြင်းကိုလည်း ခံခဲ့ရပြန်တယ်။

အဲဒီကာလတွေ အပြီးမှာ တော့ မစ်ဒယ်ဘရော့ကို အငှား သွားကစားရပြီး အမေရိကန်ကလပ် ကော်လိုရာဒိုရက်ပစ်ဒ်စ်ကို လည်း ရောက်သွားခဲ့တယ်။ ပြီးတော့ ဘာမင်ဂမ်ကို ပြောင်းရွှေ့ခဲ့ ပြီး သူ့ကစားသမား ဘဝရဲ့ စိတ်ပျက်စရာအကောင်းဆုံး ဒဏ်ရာအိပ်မက်ဆိုးတွေကို ဖြတ်သန်းခဲ့ရတာပါပဲ။

ဒါပေမဲ့ အသက် (၃၂)နှစ်အရွယ် ကစားသမားဟာ မြန်မာနိုင်ငံမှာတော့ စိတ်လက်ရွှင်ပျ ပျော်ရွှင်နေပါပြီ။ ဘောလုံးကစားရင်း သူဝါသနာပါတဲ့ အနုပညာနဲ့ ဓာတ်ပုံကဏ္ဍမှာလည်း အချိန်ပေးနေနိုင်ပြီလေ။

MNL ဘောလုံးရာသီဟာ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရာ ဧပြီလမှာ ရပ်နားထားလေ့ ရှိပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းတွေရဲ့ ပွဲစဉ်တွေ ရှိနေပြန်တော့ အဲဒီနားရက်ကာလက ပိုပြီး သက်တမ်းကြာသွားတယ်။ ဒါပေမဲ့ အခု တော့ MNL ပွဲစဉ်တွေ တစ်ကျော့ပြန်စတင်နေပါပြီ။

‘‘ဗြိတိန်က လူတွေဟာ နိုင်ငံရပ်ခြားမှာ ထွက်ခွာ အလုပ်လုပ်တာ ပိုများလာတယ်။ နေရပ်နိုင်ငံမှာ အခွင့်အရေး ကန့်သတ်ချက်က ပိုပြီး ကြီးလာတယ်လေ။ တခြားနိုင်ငံ တချို့မှာ ခင်ဗျား အနေနဲ့ ဘဝသစ် အစပြုနိုင်တယ်။ ဒါကို လက်တွေ့ကျကျ လိုက်လျော လက်ခံဖို့ လိုပါတယ်။ မဟုတ်ရင် အိမ်လွမ်းစိတ်က ကိုယ့်ကို တိုက်စားဝါးမျိုသွားလိမ့်မယ်။ ကျွန်တော်ကတော့ ကိုယ့်ဘောလုံးသမားဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း တခြားအရာတွေကို သင်ယူနေဆဲပါ။ တခြားသူတွေ ဘယ်လိုနေထိုင် ဖြတ်သန်းတယ်ဆိုတာကို မြင်အောင် ကြည့်တတ်ဖို့က ဘဝမှာ အရေးကြီးပါတယ်။ ဒီနိုင်ငံမှာ လူတွေက ရှင်သန်ရပ် တည်ဖို့အတွက် လိုအပ်ချက်အများကြီး တောင်းဆိုနေတာ မရှိဘူး။ သူတို့ ပိုင်ဆိုင်ထားတာကို သူတို့ဘာသာ ရောင့်ရဲနိုင်စွမ်း ရှိတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေဟာ သူတို့အတွက် သိပ်အရေးမပါဘူး။ ဒီကလူတွေက တဲလေးတွေနဲ့ နေတယ်၊ စက်ဘီးလေးစီးပြီး လိုရာသွားကြတယ်။ ဒီအခြေအနေတွေ က ခင်ဗျားရဲ့ အသိဉာဏ် မျက်စိကို ဖွင့်ပေးလိမ့်မယ်’’ လို့လည်း ဖိုလန်က ပြောပါတယ်။

အာရှကို တစ်ကျော့ပြန် ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဒလိုင်းလားမား ကိုယ်တော်ကြီးရဲ့ အဆုံးအမတစ်ခုကို ဖိုလန်က ကိုးကားပြပါတယ်။ အဲဒီ အဆုံးအမကတော့ ‘‘ဒါဟာ ငါ့ရဲ့ ရိုးရှင်းတဲ့ ကိုးကွယ်ယုံကြည်မှုပဲ။ ဘုရားကျောင်းတွေ မလိုဘူး။ ရှုပ်ထွေးတဲ့ ဝိဝါဒ ဒဿနတွေ မလိုဘူး။ ငါတို့ကိုယ်ပိုင် နှလုံးသား၊ ငါတို့ကိုယ်ပိုင် ဦးနှောက်ဟာ ငါတို့ရဲ့ ဘုရားကျောင်း ဖြစ်တယ်။ အတွေးအခေါ် ဒဿနကတော့ ကြင်နာခြင်းပါပဲ’’  ဆိုတာပါ။

ဒီအဆိုအမိန့်ကို လက်တန်းရွတ်ပြဖို့ ဖိုလန်အတွက် ဘာအခက်အခဲ အထစ်အငေါ့မှ မရှိပါဘူး။ ဒီအဆုံးအမက သူ့ရဲ့ စိတ်သဘောနဲ့ ခြွင်းချက်မရှိ ထပ်တူကျနေပုံရပါတယ်။
‘‘ကျွန်တော် ဒီနိုင်ငံကို သဘောကျတယ်ဗျ။ ဒီမှာက ကောင်းမွန်တဲ့ စွမ်းအင်တစ်ရပ် ဖြာထွက်နေသလိုပဲ။ ပြီးတော့ နေရောင်ခြည် ကျရောက်ပုံကိုက ခင်ဗျားရဲ့ခံစားပုံ နည်းလမ်းကို ပြောင်းလဲပစ်လိုက်သလိုပါပဲ’’ လို့ သူက ပြောပြပါတယ်။

(ဒေးလီးမေးလ်မှ Matt Barlow ၏ Caleb Folan: I'm embracing new life in Asia otherwise it will eat me up... journeyman striker has found happiness in Burma ဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်။)
http://7daydaily.com/story/41305

မက်ဆီရဲ့ ပါရမီဖြည့်ဖက် အန်တိုနယ်လာ


ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီ အောင်မြင်ရခြင်း နောက်ကွယ်မှာ အကြောင်းအရင်းတွေရှိနေ ပါတယ်။ မက်ဆီ ဟာ ပါရမီရှင် ကစားသမား ဆိုပေမယ့် အောင်မြင်မှုတွေ ရယူနိုင်အောင် စိတ်ဓာတ် ပိုင်းရေးရာက အစ အစစအရာရာ ဖြည့်ဆည်းပေးနေသူ တစ်ဦး ရှိပါတယ်။ သူကတော့ မက်ဆီရဲ့ဇနီးလောင်း အန်တိုနယ်လာ ဖြစ်ပါတယ်။

အန်တိုနယ်လာဟာ မက်ဆီရဲ့ ငယ်ချစ်ဦး တစ်ဦးလို့ ပြောရမှာ ဖြစ်ပါတယ်။ အန်တိုနယ်လာဟာ သူငယ်ချင်း ဖြစ်သူရဲ့ မိတ်ဆက်ပေးမှုကြောင့် မက်ဆီနဲ့ ရင်းနှီး မှုရခဲ့ တာပါ။ မက်ဆီကလည်း အန်တိုနယ်လာကို မြင်တွေ့ပြီးတဲ့နောက်မှာ ချစ်ခင်စွဲလမ်းသွားခဲ့ ပါတယ်။ ဒီနောက် သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်ခဲ့ကြပြီး အပန်းဖြေ ခရီးတွေ ထွက်ခဲ့ကြပါတယ်။ ၂၀၁၀ မှာ စေ့စပ်ခဲ့ပြီး သိပ်မကြာမီမှာ လက်ထပ် ထိမ်းမြားမှု ပြုလုပ်ခဲ့ ပါတယ်။ 


၂၀၁၂ နိုဝင်ဘာ (၂) ရက်နေ့မှာတော့ မက်ဆီဟာ အန်တိုနယ်လာနဲ့ ရရှိတဲ့ ပထမဆုံး ရင်သွေးငယ်ကို မွေးဖွားခဲ့ ပါတယ်။ ဒီကလေးရဲ့အမည်ကို သီယာဂိုလ်လို့ ပေးထားပါတယ်။ မက်ဆီဟာ သားငယ်လေး ရရှိပြီးတဲ့ နောက်မှာ အလွန်ပျော်ရွှင်ခဲ့ပြီး ဘုရားပေးတဲ့လက်ဆောင်အဖြစ် မှတ်ယူခဲ့ ပါတယ်။ လက်ရှိ အချိန်မှာ မက်ဆီရဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာဟာ ဒုတိယရင်သွေးလေး လွယ်ထားရပြီ ဖြစ်ပါတယ်။ မက်ဆီဟာ မိသားစု ဘ၀ကို မြတ်နိုးသူ စ်ဦး ဖြစ်ပါတယ်။ ဇနီးဖြစ်သူ အန်တိုနယ်လာ ကလည်း မက်ဆီကို အကောင်းဆုံး ဘောလုံးသမား တစ်ဦး ဖြစ်အောင် ပါရမီဖြည့်ဖက် အဖြစ် အကောင်းဆုံး ပြုစုစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေပါတယ်။

the messenger

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

လက်ဝှေ့ကျော်မန်နီပက်ကွီအိုရဲ့ဘ၀ လမ်းပေါ်မှာ စခဲ့ရတယ်


အမေရိကန်လတ်စ်ဗေးဂတ်မြို့မှာ ၂၁ ရာစု အကြီးကျယ်ဆုံး လက်ဝှေ့ပွဲကြီးမစမီအချိန်မှာ ဖလွိုက်မေ၀ယ်သာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဖီလစ်နိုင်ငံသား မန်နီပက်ကွီအိုရဲ့ ငယ်စဉ်ဘ၀ဇာတ်လမ်းတပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ပက်ကွီအိုဟာ ၁၂ နှစ်သားဘ၀က အိမ်ကထွက်ပြေးပြီး လမ်းပေါ်မှာတင် နေထိုင်ခဲ့တယ်လို့ ပက်ကွီအိုရဲ့ လေ့ကျင့်ရေးဆရာ ဖရက်ဒီရို့ခ်ျက ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဘာဖြစ်လို့ အိမ်ကထွက်ပြေးရသလဲဆိုတော့ သူ့ရဲ့ခွေးကလေးကို သူ့ရဲ့ဖခင်ဖြစ်သူက သတ်စားနေတာတွေ့ခဲ့ရလို့ဖြစ်ကြောင်း မစ္စတာရို့ခ်ျက ပြောခဲ့တယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ပက်ကွီရိုတို့မိသားစုဟာ ဆင်းရဲမွဲတေဒဏ်ကို အလူးအလဲခံခဲ့ရပြီး ခွေးကိုတောင် သတ်စားရတဲ့ဘ၀ ရောက်ခဲ့ပါတယ်လို့ ဖရက်ဒီရို့ခ်ျက ပြောပြတယ်။ `သူဟာ လမ်းပေါ်မှာ နေခဲ့ရတယ်။ ဒိုးနတ်ဆိုင်က ဒိုးနတ်တွေဝယ်ပြီး ရောင်းစားရင်းနဲ့ အသက်ဆက်ခဲ့တယ်။ အသက် ၁၄ နှစ်သားအရွယ်မှာ သူဟာ လက်ဝှေ့သမား ဖြစ်လာခဲ့တယ်လို့ မစ္စတာဖရက်ဒီ က ပြောတယ်။ ယခုအချိန်မှာတော့ သူဟာ ဒေါ်လာသန်းရာချီ ကြွယ်ဝသူဖြစ်နေပါပြီ။ မနက်ဖြန် မေ၀ယ်သာနဲ့ထိုးသတ်မယ့် ပွဲတပွဲတည်းအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် ထပ်မံရရှိဦးမှာ ဖြစ်တယ်။

`ဖိလစ်ပိုင်ဟာ ဆင်းရဲတဲ့နိုင်ငံပါ။ လူမှုဖူလုံရေးဆိုတာ မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ မရှိဘူး။ အလုပ် မရှိဘူး၊ ငွေ မရှိဘူးဆိုရင် အသက်ရှင်ဖို့ ဘာမဆိုလုပ်ရမှာပဲ`လို့လည်း ပြောပြခဲ့တယ်။ လမ်းပေါ်မှာနေရတုန်းက ပက်ကွီအိုဟာ စက္ကူကတ်ထူပုံးတွေနဲ့ အိပ်ခဲ့ရတယ်လို့ဆိုပါတယ်။

လတ်စ်မေးဂတ်မြို့က MGM Grand မှာကျင်းပတဲ့ မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ရဲ့ လက်ဝှေ့စိန်ခေါ်ပွဲကြီးဟာ ပေါင်စတာလင် သန်း ၃၀၀ လောက်ရမယ်လို့ မျှော်လင့်ထားတယ်။ မေ၀ယ်သာက ၆၀ ရာခိုင်နှုန်းနဲ့ ပက်ကွီရိုက ၄၀ ရာခိုင်နှုန်းရမှာ ဖြစ်ပါတယ်။ မေ၀ယ်သာက အသက် ၃၈ နှစ်ရှိပြီး ကမ္ဘာ့ချန်ပီယံခါးပတ် ၁၁ ကြိမ်ရခဲ့တယ်။ ပက်ကွီရိုကတော့ ၃၆ နှစ်ရှိပြီး ၆၄ ပွဲထိုးခဲ့ရာမှာ ၄ ပွဲရှုံးနိမ့်ခဲ့တယ်။ ၂ ပွဲသရေကျခဲ့တယ်။


https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.3435519

Sheffield United မှ ကရင်တိုင်းရင်းသားလေး Kler Heh နှင့် တွေ့ ဆုံခြင်း

ကျနော်မြန်မာအတွက်ကစားချင်တယ် (သို့ ) Sheffield United မှ ကရင်တိုင်းရင်းသားလေး Kler Heh နှင့် တွေ့ ဆုံခြင်း

ကျနော်တို့ အဖွဲ့ အင်္ဂလန် ပထမတန်း အသင်း Sheffield United မှာ ကစားနေတဲ့ ကရင်တိုင်းရင်းသားလေး Kler Heh ကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးပါမယ်။ ဂျာနယ်များ၊ အင်တာနက် စာမျက်နှာများ ကူးယူလိုပါက ကူးယူနိုင်ပါသည်။ credit တော့ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
---
Q: ညီလေး နာမည်၊ အသက် နဲ့  မိဘအမည်လေး ပြောပြပါ။
A: ကျနော့် နာမည် က Kler Heh အဖေ က Kaw Moo Heh နဲ့  အမေ က Moe Heh ပါ။ ၁၉၉၆ အောက်တိုဘာ ၂၁ ရက် နေ့ မှာ မွေးပါတယ်။
----
Q: ဘယ် ဇာတိပါလဲ၊ ဘာ လူမျိုးပါလဲ။
A: ကျနော့် ကို ထိုင်း-မြန်မာ နယ်စပ်က Kwe Ko Lo ဒုက္ခသည် စခန်းမှာ မွေးပါတယ်။ ကရင် လူမျိုးပါ။
----
Q: မြန်မာ စကား၊ ထိုင်း စကား နဲ့  ကရင် စကား ဘယ်စကားပြောတတ်ပါလဲ။
A: ကျနော် ကရင် လို တတ်ပါတယ်။
----
Q: ကြီးပြင်းရာ ငယ်ဘ၀ နဲ့  အင်္ဂလန် ကို ပြောင်းရွှေ့ ဖြစ်ပုံလေး ပြောပြပါ။
A: ငယ်ငယ်တုံးက အခွင့်အလန်း သိပ်မရှိခဲ့ပါဘူး။ ကျနော် ၁၀ နှစ်သားမှာ အင်္ဂလန် ကို ပြောင်းလာပါတယ်။ ဘောလုံးကတော့ ငယ်ငယ်လေးကတည်းက ကစားပါတယ်။ ဒီရောက်တော့ ပိုပြီး ကောင်းကောင်း ကစားတတ်လာပါတယ်။
-----
Q: မြန်မာပြည်က မိဘ က ထိုင်းမှာ မွေးတယ်၊ နောက် အင်္ဂလန် ရောက်လာတယ် ဒီတော့ ညီလေးက ထိုင်း နဲ့  မြန်မာ ဘယ်နိုင်ငံနဲ့  ပိုမို ရင်းနီးမှု သက်ဆိုင်မှု ရှိတယ်လို့ ထင်ပါသလဲ။
A: နှစ် နိုင်ငံ စလုံး သက်ဆိုင်မှုရှိပါတယ်။ မြန်မာပြည် ကို တခါမှ မရောက်ဘူးပေမဲ့ မြန်မာပြည်မှာ ကျနော့ ဆွေမျိုးတွေ ရှိပါတယ်။ အဆိုတော် တင်ဇာမော် က ကျနော့် အဒေါ်တော်ပါတယ်။
-----
Q: မြန်မာပြည် နဲ့  ထိုင်း ၂ ခု ကြိုက်ရာ ရွေးချယ်လို့ ရနိုင်တာမှာ ဘယ်နိုင်ငံကို ရွေးမှာပါလဲ။
A: ကျနော် မြန်မာပြည် ကို ရွေးပါမယ်။ လက်ရှိတော့ အင်္ဂလန် ပါတ်စပို့ ကိုင်ထားပါတယ်
-----
Q: မြန်မာပြည်က အဖြစ်အပျက်တွေ ကို သိပါသလား၊ ကြည့်ဖြစ်ပါလား။
A: မြန်မာ ယူ၁၉ နဲ့  ထိုင်း ယူ၁၉ ပွဲ ကို ကြည့်ဖြစ်ပါတယ်။ သူတို့ နဲ့ ကစားချင်ပါတယ်။
------
Q: ယူ၂၀ ကမ္ဘာ့ ဖလားက အရမ်းနီးနေပြီ မှတ်ပုံတင်ဖို့ မမှီလောက်တော့ဘူး ထင်တယ်
A: ယူ၂၀ ကမ္ဘာ့ ဖလား မကစားရလဲ ဖြစ်ပါတယ်။ ကျနော် မြန်မာပြည် ကို ကိုယ်စားပြုပြီး ကစားချင်တာပဲ ရှိပါတယ်။
------
Q: အင်္ဂလန်မှာ ဒီအဆင့်ကို ရောက်ရှိလာပုံလေး ပြောပြပါလား
A: ကျနော် အင်္ဂလန် ကို မရောက်ခင် ဘ၀ က အရမ်းကြမ်းတမ်းခဲ့တယ်။ ဒီရောက်တော့ ကျနော် ကျောင်းအသင်းမှာ စ ကစားတယ် အတော်ကောင်းကောင်းလေး ကစားနိုင်တော့ Sunday league တခုကို သူငယ်ချင်းက ချိတ်ပေးတယ် ဒါပေမဲ့ အဲ့အသင်းမှာ ကျနော် ကစားခွင့်မရခဲ့ဘူး။
တစ်ရက် ကျနော် ပန်းခြံထဲမှာ ကစားနေတုံး သူငယ်ချင်းတစ်ယောက်က မြင်ပြီး အခြား Sunday league အသင်းတစ်ခုနဲ့  ချိတ်ပေးလို့ အဲ့ဒီ့မှာ ၂ နှစ်လောက် ကစားခဲ့ပါတယ်။
ဖိနပ်ဝယ်ပေးတာ စတဲ့ မိဘထောက်ပံ့မှု တွေ မပါရင် ကျနော် ဒီလို ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ ကို အရမ်းကျေးဇူးတင်မိပါတယ်။ ကျနော် ၁၄ နှစ်သားမှာ Sunday league အသင်းရော ကျောင်းအသင်းမှာပါ ကစားခဲ့ပါတယ်။
Sheffield United ရဲ့ လူရွေးစမ်းသပ်မှုတွေကို ၃ ကြိမ်ကြိုးစားခဲ့ပေမဲ့ အရွေးမခံခဲ့ရပါဘူး။ ၄ ကြိမ်မြောက်လောက်မှာမှ Sheffield United က ၂ နှစ်စာချုပ်နဲ့  ခေါ်ခဲ့ပါတယ်။ ဒီနှစ်က ကျနော် ၂ နှစ်ပြည့်တဲ့ နှစ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပါတ်လောက်က ကျနော့်ကို professional contract ၁ နှစ်ချုပ်ပါတယ်။
ယူ၂၁ အသင်းမှာ ဖြစ်ပါတယ်၊ အသင်းကြီးက ကစားသမားအချို့ နဲ့ လဲ လေ့ကျင့်ခန်း ဆင်းရပါတယ်
-------
Q: လစာ ဘယ်လောက်နဲ့  စာချုပ်ထားပါသလဲ
A: လောလောဆယ် ကျနော် ပြောမပြလိုသေးပါဘူး
--------
Q: အင်္ဂလန်ကို ပြောင်းလာပြီး နောက်ပိုင်း ကြုံရတဲ့ အခက်အခဲ တွေ နည်းနည်း ပြောပြပါလား
A: အလုပ်ကြိုးစား လုပ်ဖို့ ပါပဲ ကွင်းတွင်းရော၊ ကွင်းပြင်မှာပါပေါ့။ အခုဆို သူတို့  ယဉ်ကျေးမှုကို သိသွားသလို သူတို့ အစားအသောက်နဲ့ လဲ အလေ့အကျင့် ဖြစ်သွားပါပြီ။ သူတို့ ကစားတဲ့ ပုံကိုလဲ သိသွားတယ်။ ကစားဖော်ထဲမှာ နိုင်ငံအသီးသီးကို ကိုယ်စားပြုနေတဲ့ လက်ရွေးစင်တွေ ရှိတယ်။ တခါတလေ ကျနော် ကောင်းကောင်းမွန်မွန် မကစားနိုင်တာ ရှိရင် အကောင်းမြင်စိတ်ထားပြီး ဆက်တိုက် ကြိုးစားပါတယ်
--------
Q: ဘောလုံးကစားတဲ့နေရာမှာ ညီလေးရဲ့ အားသာချက် အားနည်းချက်က ဘာလဲ
A: တော်တော် ကောင်းကောင်းမွန်မွန် ကစားနိုင်ပါတယ်။ အဆုံးသတ်ပိုင်း ဒီ့ထက်ပိုကောင်းအောင် လုပ်ရပါအုံးမယ်
--------
Q: ဘယ်နေရာ ကစားပါလဲ၊ ဘယ်သန် လား ညာသန်လား
A: တောင်ပံ သို့ မဟုတ် နောက်ချန် တိုက်စစ်မှုးပါ။ တခါတရံ တိုက်စစ်မှုး အဖြစ်လည်း ကစားပါတယ်။ ညာသန်ပါ ဘယ်နဲ့ လဲ ကစားနိုင်ပါတယ်
-------
Q: အရပ် နဲ့  အလေးချိန်က
A: ၅ ပေ ၆ လက်မပါ။ ၆၅ ကီလိုပါ
--------
Q: ကိုယ်ခန္တာကြီးတဲ့ ကစားသမားတွေနဲ့ ကစားရင် ဘယ်လို ရင်ဆိုင်ကစားလဲ ပြောပြပေးပါ။
A: ကျနော်က အခုတော့ အကျင့်ပါနေပါပြီ။ သူတို့ အမြဲ အလုပ်ရှုပ်နေအောင် လှုပ်ရှားမှုတွေ မပြတ်လုပ်နေပေးဖို့ လိုပါတယ်။
--------
Q: မှတ်မှတ်ရရ ရှိနေခဲ့တဲ့ ပွဲတစ်ပွဲ ကဘယ်ပွဲဘာလဲ
A: လီဗာပူး ယူ၁၆ နဲ့  ကစားတုံးက ကျနော် တော်တော်ကောင်းကောင်းကစားနိုင်ခဲ့တယ် အဲ့ပွဲ ကိုတော့ မမေ့ဘူး
--------
Q: အနာဂါတ် ရည်မှန်းချက် ဘယ်လိုရှိပါလဲ အင်္ဂလန်က ကလပ် အသင်း မှာပဲ ဆက်ကစားမလား၊ မြန်မာ သို့ မဟုတ် အိမ်နီးချင်း ထိုင်း၊ မလေးရှားက ကလပ်တွေမှာ ရောကစားဖို့ စိတ်ကူးမရှိဘူးလား။
A: ကျနော် အင်္ဂလန် ကလပ်မှာပဲ ဆက်ကစားပြီး မြန်မာပြည် အတွက် ကစားချင်တာပါ။ လောလောဆယ် တခြားက ကလပ်အသင်းမှာ ကစားဖို့ မစဉ်းစားထားပါဘူး။
--------
Q: မြန်မာအသင်းအတွက် ကစားပေးမယ်ဆိုရင် အင်္ဂလန် ပါတ်စပို့ ကို စွန့် လွှတ်ရမယ် အင်္ဂလန်က ကလပ်မှာ ကစားဖို့  work permit လိုမယ်။ မြန်မာအတွက် ကစားဖို့ စိတ်ကူးသေးလား။
A: မြန်မာအသင်းက လက်ခံရင် ကျနော် မြန်မာအသင်းမှာ ကစားပါမယ်။
--------
Q: အာဆီယံ နဲ့  အာရှ က ဒေသတွင်း ပြိုင်ပွဲ (ဥပမာ ဆူဇူကီးကပ်၊ ဆီးဂိမ်း) တွေက FIFA calendar အတိုင်း မကစားပါဘူး။ တကယ်လို့  Sheffield United က ညီလေးကို နိုင်ငံအတွက် မလွှတ်ဘူးဆိုရင် ဘယ်လိုလုပ်မယ်စိတ်ကူးလဲ။
A: ကျနော် ကစားနိုင်မယ် လို့ ယုံပါတယ်။ ကလပ်အသင်းကလဲ နိုင်ငံအတွက်ဆို စေလွှတ်ပေးမှာပါ။
--------
Q: အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ကို ဆက်သွယ်အကြောင်းကြားပေးပါ့မယ်။ မြန်မာ အတွက် ကစားပေးဖြစ်သည် ဖြစ်စေ မကစားပေးဖြစ်သည် ဖြစ်စေ ညီလေး ကို မြန်မာပြည်က ဘောလုံး ပရိတ်သတ်ကြီးက အားပေးနေတယ်ဆိုတာ သိစေချင်ပါတယ်။ ဆက် ကြိုးစားပါ။
A: အခုလို ဆက်သွယ် မေးမြန်းပေးတာလဲ ကျေးဇူးတင်ပါတယ်။ ကျနော့ ပုံ နဲ့  ကစားပုံ ဗီဒီယို ပို့ ပေးလိုက်ပါမယ် ကျေးဇူးတင်ပါတယ်
မနက်ဖြန် ဗီဒီယိုဖိုင် တင်ပေးပါ့မယ်
------
မြန်မာဘောလုံးချစ်မြတ်နိုးသူများ

https://www.facebook.com/uza.zatila/posts/654428534662708 

အသက် ၉၅ နှစ်ပေမယ့် အပြေးသန်သေးသူ





ပုံမှာ မြင်တွေ့နေရတဲ့ အဘိုးအိုဟာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပြီး အသက် ၉၀ တန်းမှာ ကမ္ဘာ့အသက်အကြီးဆုံး အပြေး ချန်ပီယံအဖြစ် စံချိန်တင်ခဲ့ပါတယ်။ သူဟာ မီတာ ၂၀၀ ကို ၅၅.၄၈ စက္ကန့်နဲ့ စံချိန်ချိုးပြီး ယခင်က စံချိန်ချိုးဖူးသူထက် ထက် ၃ စက္ကန့်နီးပါး ပိုမြန်လို့ ဖြစ်ပါတယ်။

အသက်အားဖြင့်ကြီးရင်လည်း သူဟာ အကြီးဆုံးပါ။ အသက် ငယ်စဉ်တုန်းက သွား ဆေးကု ဆရာဝန် ဖြစ်ပြီး အသက်ကြီးလာမှ ကျန်းမာရေး ဆိုင်ရာ အားကစားများကို လိုက်စားခြင်း ဖြစ်ပါတယ်။ အသက် ၈၀ ပြည့်ခါနီးကနေ ကိုယ်ကာယံ ကြံ့ခိုင်ရေးအတွက် ကာယဗလ အားကစား ဆော့ပါတယ်။ အသက် ပြီးတော့ ပြေးခြင်းကိုပါ ကျင့်လာပြီး Indoor sprint လို့ခေါ်တဲ့ မိုးလုံ လေလုံကွင်းထဲမှာ ပြေးခြင်းကို သေချာ လေ့ကျင့်ယူခဲ့ပါတယ်။ အသက် ၉၅ နှစ် ရှိတဲ့ သာမန်လူတစ်ယောက်ဟာဆိုရင် အသက်ရှင်ရင်တောင်မှ လှုပ်ရှားမှု အင်မတန် နှေးကွေးတော့မယ့် အရွယ်တစ်ခု ဖြစ်ပါတယ်။ Charles Eugster လို့အမည်ရတဲ့ ယင်းအမျိုးသားဟာ ဆွစ်ဇာလန်နိုင်ငံသား တစ်ဦး ဖြစ်ပြီး ဗြိတိန်မှာ နေထိုင် လေ့ကျင့်နေခြင်း ဖြစ်ပါတယ်။

သူဟာ ယခုတော့ ကမ္ဘာ့စံချိန်ကို British Masters Athletics မှာ ပြသနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုလို အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဘာသာစကား သုံးဘာသာတတ်ပြီး ဆရာဝန်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ယခုတော့ အနားယူပြီးတော့ အားကစားကို လုပ်ခဲ့တာပါ။ အသက် ၆၅ နှစ်ပြည့်ရင် ဘဝဆိုတာ ဆုံးပြီးလို့ မိုင်းတိုက် ခံထားတဲ့ ပတ်ဝန်းကျင်မှာ သူဟာ ဘဝရဲ့ အောင်မြင်မှုအချိန်တစ်ခု ဖြစ်ကြောင်းကို ယခုလို သက်သေခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: telegraph
အောင်ခမ်း (ရိုးရာလေး)

ကင်ဆာနဲ့ သေရမယ့် ဘေးကနေ အသက်ရှည်တဲ့ ကာယာဗလမောင် ဖြစ်လာသူ



David Prescott လို့ အမည်ရတဲ့ ဗြိတိန်နိုင်ငံသား ဟာ ငယ်ရွယ်စဉ်တုန်းက ကိုယ်ကာယ ဗလ အားကစားကို လိုက်စားခဲ့သူ ဖြစ်ပါတယ်။ အသက်ကြီးလာတော့ မကစားတော့တာ အတော်လေး ကြာပါပြီ။ ၂၀၁၀ ခုနှစ် (အသက် ၄၇ နှစ်) အရွယ်မှာ အသည်းကင်ဆာရောဂါ စတင်ဖြစ်ပွား ပါတော့တယ်။

ယင်းရောဂါရဲ့ ရလဒ်ကတော့ သူဟာ အသက်ရှင်ရန် အလားအလာ နည်းပြီး နှစ်အနည်းငယ်သာ လူ့ဘဝမှာ နေထိုင်ရတော့မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို သိသိချင်း သူဟာ စိတ်ဓာတ်ကျဆင်းပြီး ဘဝမှာ မနေချင်တော့လောက်အောင် ဖြစ်ခဲ့ပါတယ်။ ကင်ဆာရောဂါ တိုက်စားထားတဲ့ အသဲရဲ့ အစိတ်အပိုင်း တစ်ဝက်နီးပါးကို ထုတ်ခဲ့ရပြီး အတွင်းမှာ စက်ပစ္စည်း အကူနဲ့ လည်ပတ်ခဲ့ရပါတယ်။ ဒီတော့ အသက်ရှင်ရန် အနည်းငယ်သာ ကျန်တော့ သူလို့ အားလုံးက လက်ခံထားပါတယ်။

ဒါနဲ့ သူဟာ ငယ်ငယ်တုန်းက ဆော့ခဲ့ဖူးတဲ့ ကာယဗလမောင် အားကစား ကို ပြန်လည် လေ့ကျင့်ကစားပါတယ်။ ပထမ လပိုင်းလောက် အားကစားမှု မှာ ဆရာဝန်က ဆက်မလုပ်တော့ပဲ တစ်သက်လုံး ဆေး သာ သောက်သွားဖို့ အကြံပေးပါတယ်။ ဒါပေမယ့် ကိုယ်ကာယ အားကစားက စိတ်ဓာတ် ကြံ့ခိုင်ရေး တက်ကြွရေးအတွက် အင်မတန် အထောက်အကူ ပြုတာ ကို သိတော့ မနားတမ်း ဆက်ကြိုးစားပါတယ်။ ဒီလိုနဲ့ ပထမ တစ်နှစ်၊ ၂ နှစ်၊ သုံးနှစ် ဖြတ်သန်းပြီး လေးနှစ်မြောက်မှာပဲ အသည်းကင်ဆာ ရောဂါ လုံးဝ ပျောက်ကင်းသွားတယ် ဆိုတဲ့ အဖြေတစ်ုကို ရခဲ့ပါတယ်။

သူ အားကစား လေ့လကျင့်ချိန် ကာလအတွင်းမှာလည်း တိုးတက်မှုပေါင်း များစွာ ကြုံတွေ့ခဲ့ရပြီး မနားတမ်း ကြိုးစားမှုကြောင့် ကင်ဆာရောဂါ ပျောက်ရုံတင် မက ကာယာဗလမောင် အားကစား ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အားကစားသမား တစ်ဦးပါ ဖြစ်လာပါသေးတယ်။

သူဟာ သူ့သားအတွက် အားကျ အတုယူစရာလည်း ဖြစ်လာပြီး သားဖြစ်သူ ကလည်း ကာယဗလမောင် ချန်ပီယံ တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

အမျိုးသားများတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ


အမျိုးသားတွေဟာ အမျိုးသမီး တွေထက် ပိုမိုပြီး သန်မာ သင့်ပါတယ်။ ဒါကြောင့်
လေ့ကျင့်ခန်းတွေ လုပ်ရင်လည်း ပိုမိုပြီး ပြင်းပြင်းထန်ထန် လုပ်ရပါတယ်။ အမျိုးသားတွေ အတွက် များစွာသော လေ့ကျင့်ခန်းတွေ ရှိသည့် အနက်မှ ထိရောက်ပြီး ခန္ဓာကိုယ် ကြွက်သားများကို သေသေသပ်သပ် ကြည့်ကောင်းစေမယ့် ကောင်းမွန်သော လေ့ကျင့်ခန်း
များကို တင်ပြလိုက် ပါရစေ။

ဒီလေ့ကျင့်ခန်း တွေဟာ နေ့စဉ်ပုံမှန် လုပ်ပေးခြင်း အားဖြင့် ခန္ဓာကိုယ် ကြွက်သား
များကို သိသာစွာ ဖွံဖြိုးလာမှာ ဖြစ်ပြီး စမတ်ကျပြီး ခန့်ညားတဲ့ အမျိုးသား တစ်ယောက်လည်း ဖြစ်လာပါလိမ့်မယ်။ ပုံတွေကို ကြည့်ပြီး လေ့လာ လိုက်ကြရအောင်။





Ref- mensfitness
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

ကိုယ်ခန္ဓာကို ပြုပြင်ပြောင်းလဲပေးနိုင်မည့် အားကစားများ



အထူးသဖြင့် အဝလွန်သူ၊ အဆီပို ရှိသူများ အနေနဲ့ လေ့ကျင့် သင့်တဲ့ အားကစားနည်း ၇ မျိုး ရှိပါတယ်။ ယင်း ၇ မျိုးဟာ အမျိုးသမီးကိုရော၊ အမျိုးသား ကိုရော ကိုယ်ခန္ဓာ အချိုးအစား ညီသွားအောင် ပြုပြင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဝလာချင်သူများ ကတော့ အစားအသောက်ပါ အာဟာရပြည့်ပြည့် စားသောက်ဖို့ လိုအပ် ပါတယ်။

၁) ကြိုးခုန်ခြင်း
၂) ထိုင်ထလုပ်ခြင်း
၃) ဒိုက်ထိုးခြင်း
၎) ခြေရှေ့ထိုး ထိုင်ထလုပ်ခြင်း (လက်တွင် အလေးတုံးကိုင်လျက်) (ပုံတွင်ပြသည့် အတိုင်း)
၅) ရေကူးခြင်း
၆) ပြေးခြင်း
၈) စက်ဘီးစီးခြင်း

အစရှိတဲ့ အားကစားနည်းများဟာ မိမိရဲ့ ကိုယ်ခန္ဓာကိုယ် အဆီများကို ဖယ်လို့ လှပ လာစေမှာ ဖြစ်ပါတယ်။
.

အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/11/blog-post_1.html

မြန်မာယူ-၁၉တိုက်စစ်မှူး အောင်သူနှင့်တွေ့ဆုံခြင်း



 

မြန်မာ ယူ-၁၉ တိုက်စစ်မှူးအောင်သူဟာ မန္တလေးဘောလုံးအကယ် ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ မြန်မာအသင်းအတွက်ဂိုးတွေ ပုံမှန်သွင်းယူခဲ့တဲ့တိုက်စစ် မှူးတစ်ဦးပါ။
လက်ရွေးစင် ယူ-၁၆ ကစားသမားအဖြစ်၂ဝ၁၁မှာ စတင်ရွေး ချယ်ခံခဲ့ရပြီးမြန်မာယူ-၁၉၊ ယူ-၂၂အသင်းတွေနဲ့အတူ နိုင်ငံတကာပြိုင် ပွဲ ၂၆ပွဲခန့်ကစားခဲ့ပြီး ၁၂ဂိုးသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ သူဟာကမ္ဘာ့ဖလားဝင်ခွင့်ရရှိစေခဲ့တဲ့အာရှယူ-၁၉ပြိုင်ပွဲမှာလည်းထိုင်း နဲ့ပွဲစဉ်မှာ တစ်ဂိုး၊ ကာတာနဲ့ပွဲစဉ်မှာတစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့် အောင်သူရဲ့ဘောလုံးသမားအစက နေယူ-၂ဝ ကမ္ဘာ့ဖလားအထိ သူ့ရဲ့အမြင်၊ မျှော်လင့်ချက်တွေကိုမေးမြန်းထားပါတယ်။
 

- ဘယ်အချိန်က ဘောလုံးကို စကစားခဲ့တာလဲ။
ကစားတာကတော့ ငယ်ငယ်ကတည်းကပါ။ တကယ်ကစားဖြစ် တာကတော့ ၂ဝဝ၉ခုနှစ် ကျွန်တော့်အသက် ၁၄နှစ်မှာ ဘောလုံးအဖွဲ့ချုပ် ကရွေးတဲ့လူရွေးပွဲကနေအရွေးခံရပြီး မန္တလေးဘောလုံးအကယ်ဒမီမှာ တက်ရောက်သင်ကြားခွင့်ရတယ်။ နှစ်နှစ်လောက်အကြာ ၂ဝ၁၁မှာ ၁၆ နှစ်လက်ရွေးစင်အသင်းမှာ အရွေးခံရတယ်။ လာအိုမှာကျင်းပတဲ့ ယူ-၁၆ ပြိုင်ပွဲကိုပထမဆုံးသွားပြိုင်တယ်။ အဲဒီကနေစပြီးယူ-၁၉အသင်းမှာစပါ တယ်။
 

- ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရတဲ့နေရာမှာ ဘယ်အချက်တွေက အဓိကကျလဲ။
ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာက မြန်မာ့သမိုင်းမှာ ဝင်ပြိုင်ခွင့်မရခဲ့ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကဝင်ပြိုင်ခွင့်ရတယ်ဆိုတော့ အများ ကြီးဂုဏ်ယူမိပါတယ်။ အဲဒီအတွက်လည်းရလဒ်ကောင်းတစ်ခုရအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အသင်းတစ်ခုတည်းနဲ့တော့ မဟုတ်ဘူး။ ပရိသတ်အား၊ စည်းကမ်းစိတ်ဓာတ်၊ စည်းလုံးမှုအားလုံးကောင်း လို့ဒီလိုအောင်မြင်မှုမျိုးရတာပါ။
 

- ဆီမီးဖိုင်နယ်ပွဲစဉ်တုန်းက ချေပဂိုးသွင်းတဲ့ပုံစံက ဘရူနိုင်းဘုရင့်ဖလား ဖိုင်နယ်မှာ ဗီယက်နမ်ဘက်ကိုလည်းသွင်းခဲ့တယ်ဆိုတော့ သေချာလေ့ ကျင့်ထားတာလား။
ဒီကစ်ချက်နဲ့ပတ်သက်လို့ပြောရရင် ကျွန်တော့်ရဲ့အကျင့်ပေါ့။ အကျင့်ဆိုတာက ထရိန်နင်ကွင်းမှာဆိုလည်း အဲဒီလိုပဲ ဘယ်တော့မှအား ထည့်ပြီးသိပ်မကန်ဘူး။ အဝေးတိုင်ကိုလှမ်းပွတ်တာ။ နည်းပြတွေကလည်း ဒါကိုသိတယ်။ ဘောလုံးကိုတစ်ချက်ထုတ်ပြီး အဝေးတိုင်ကိုပဲကန်ခိုင်းတာ။ အဲဒီပွဲမတိုင်ခင်ကလည်းအဲဒီလိုဘောလုံးကိုတစ်ချက်ထုတ်ကန်ဖို့ နည်းပြကြီး ကမှာခဲ့တယ်။
 

- ဒီလိုကစားသမားကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုအခက်အခဲမျိုး တွေကြုံရလဲ။
အခက်အခဲတွေကတော့အများကြီးပေါ့။ ၂ဝ၁၁ ယူ-၁၉စဖွဲ့ စည်းတဲ့ အချိန်မှာခက်ခဲမှုတွေအများကြီးရှိခဲ့တယ်။ အဲဒီတုန်းကတော့ ဘော လုံးကို ဝါသနာပါတာတစ်ခုတည်းနဲ့ပဲကြိတ်မှိတ်ပြီးနေခဲ့တယ်။ ပံ့ပိုးမှုတွေ ဘာတွေကိုတော့ သိပ်စိတ်ဝင်စားမနေတော့ဘူး။ ဘောလုံးကန်နေရရင်ပြီး ရောဆိုပြီးတော့ပဲနေခဲ့တယ်။ အိမ်ကလာခေါ်ရင်လည်း ဒီအတိုင်းပဲပေကပ် နေခဲ့တယ်။ အဓိကကတော့ ဘောလုံးကိုဝါသနာပါတာကြောင့်ပဲဒီလိုဖြစ် လာတာပါ။
 

လက်ရှိအသင်းမှာ ဘယ်လိုအားနည်းချက်အားသာချက်တွေရှိလဲ။
လက်ရှိအသင်းမှာ အားနည်းချက်ကတော့ ခွန်အားနဲ့ပတ်သက် ပြီး နိုင်ငံတကာနဲ့ ယှဉ်ရင်ဘယ်လိုမှမရဘူး။ တွန်းတွန်းတိုက်တိုက်ကစား နိုင်ဖို့လိုပါတယ်။ ဒီပြိုင်ပွဲမှာတောင် ကျွန်တော်တို့က ပရိသတ်အားနဲ့အတင်း လိုက်ကစားခဲ့လို့သာ အောင်မြင်မှုတွေရခဲ့တာ။ အားပိုင်းဆိုင်ရာမှာနည်း နည်းလိုသေးတယ်။ ကြံ့ခိုင်မှုအပါအဝင်အရပ်အမောင်းမှာလည်း ကွာခြား တယ်။
ဒီအားပိုင်းဆိုင်ရာကိုပဲကျွန်တော်တို့ သေသေချာချာလုပ်ရမယ်။
စိတ်ဓာတ်ပိုင်းကတော့ ကျွန်တော်တို့အသင်းကတစ်သင်းလုံးနီးပါးကောင်း တယ်။ ဘယ်ပွဲမဆို'ချ'မယ်ဆိုပြီးအတူတူစည်းစည်းလုံးလုံးနဲ့ကစားကြတယ်။ ကျွန်တော်ပြောခဲ့တဲ့ အားပိုင်းဆိုင်ရာကိုသာ ကောင်းကောင်းလုပ်နိုင်ရင် ရလဒ်တော့ဆိုးမှာမဟုတ်ဘူး။
 

- နည်းပြကြီးက ကစားသမားသစ်တွေထပ်စည်းမယ်လို့ ပြောတဲ့အပေါ်မှာ ရောဘယ်လိုမြင်လဲ။ ကစားသမားသစ်ထပ်ခေါ်သင့်မသင့်ပေါ့။
ဒါကတော့ နည်းပြကြီးရဲ့အတွေးပေါ့။ သူကဒီအသင်းကိုတာဝန် ယူထားတာဆိုတော့ သူမကြိုက်ဘူး၊ အသင်းလူစာရင်းကအားနည်းတယ် ဆိုရင်တော့ထပ်ဖြည့်ပေါ့။ ကျွန်တော်တို့ဘက်ကဝေဖန်လို့တော့ မရဘူး ပေါ့။ ဘယ်ကစားသမားကိုထပ်ဖြည့်ပါလို့လည်း ကျွန်တော်တို့ကသွားပြော လို့မရဘူးလေ။ သူတာဝန်ယူထားဆိုတော့ သူကြိုက်တဲ့သူထပ်ခေါ်ပါလိမ့် မယ်။ ကျွန်တော့်အနေနဲ့တော့ဘာမှပြောစရာမရှိပါဘူး။
 

- ကမ္ဘာ့ဖလားကျရင်ရော ဘယ်အဆင့်ထိရောက်မယ်လို့မျှော်လင့်ထားလဲ။
ကမ္ဘာ့ဖလားမှာရောက်နိုင်တဲ့အဆင့်အထိ ရောက်နိုင်ဖို့ကျွန် တော်တို့ကြိုးစားမယ်။ ဘယ်အဆင့်အထိရောက်ရမယ်လို့တော့တွေးမထားဘူး။ အတတ်နိုင်ဆုံးအမြင့်ဆုံးအထိ ရည်မှန်းပြီးတော့ကစားမှာပါ။
 

- လက်ရွေးစင်အသင်းကြီးက အောင်သူကိုခေါ်မယ်ဆိုရင်ရော။
ဘယ်အသင်းမှာပဲ ကစားရကစားရ အားလုံးက ကိုယ့်နိုင်ငံအ တွက်ပဲ ကစားရတာဆိုတော့ လက်ရွေးစင်အသင်းကြီးကခေါ်လည်းသွား ကစားရ မှာပေါ့။ ယူ-၁၉နဲ့ပဲတွဲဆိုလည်းတွဲရမှာပေါ့။ ဒါကတော့ နည်းပြ တွေလွှတ်တဲ့အတိုင်းသွားရမှာပါ။
 

- နည်းပြကြီးဂတ်ဖရိုင်းဒရစ်ကိုရောဘယ်လိုမြင်လဲ။
ဂျာမနီနည်းပြကြီးရဲ့နည်းစနစ်တွေက တကယ်ကောင်းပါတယ်။ သူ့ရဲ့နည်းစနစ်နဲ့လေ့ကျင့်မှုတွေကြောင့်ပဲ ကျွန်တော်တို့အသင်းကကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်လာတာပဲလေ။ အရမ်းကောင်းပါတယ်။
 

- အာရှပွဲမှာအောင်သူရဲ့ခြေစွမ်းကိုရော ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုရှိရဲ့လား။
ဒီပြိုင်ပွဲမှာကစားခဲ့တဲ့ ခြေစွမ်းကို သိပ်အားမရ ဘူး။ ဘရူနိုင်းဖလားကလောက် အားမရဘူး။ ကျွန်တော် လိုနေတာကလည်းခွန်အားပဲ။ ပွဲချိန်ပြည့်မပြေးနိုင်သေး ဘူးလို့ဆိုရမှာပေါ့။
 

- ကာတာနဲ့ပွဲတုန်းကပြီးခါနီးမှာ အောင်သူ့ကိုလူစားလဲတုန်းကကွင်းထဲက မထွက်ချင်သေးတဲ့ပုံစံက ဘာကြောင့်လဲ။

ကာတာနဲ့ပွဲတုန်းက ကျွန်တော်က ကစားချင်သေးတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပွဲကပြီးခါနီးနေပြီ။ ပြီးခါနီးအချိန်မှာထုတ်လိုက်တော့ အရှိန်ကကျသွားမယ်။ အချိန်လည်းကုန်သွားမယ်။ အဲဒီမှာ ဘယ်သူ့ကို စိတ်တိုလို့ တိုရမှန်းမသိဖြစ်သွားတယ် (ရယ်လျက်)။ နည်းပြကြီးကတော့ ဘာမှမပြောပါဘူး။ ကောင်းပါတယ်လို့ပဲ ကျွန်တော့်ကိုပြောတယ်။
 

- အောင်သူ့ကိုအားပေးနေတဲ့ပရိသတ်တွေကိုရော ဘာများပြောချင်လဲ။
သွားပြိုင်ရမယ့် နယူးဇီလန်အထိတော့ ပရိသတ်တွေမလိုက် နိုင်ဘူးပေါ့(ရယ်လျက်)။
ဒီတော့မြန်မာနိုင်ငံကနေပဲ အမြဲတမ်းအားပေး ပါဦးလို့ပြောချင်ပါတယ်။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793

တစ်ကြိမ်မှ ကိုယ်တွေ့မကြုံခဲ့ဖူးသော မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင်


                     

 ကာတာ ယူ၁၉ အသင်းတွင် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်း ရာအူးလ် ဂွန်ဇာလက်က နည်းပြအဖွဲ့တွင် အကြံပေးတစ်ဦးအဖြစ် လိုက်ပါလာခဲ့သည်။

ကာတာအသင်း မြန်မာ ကစားပုံကြောင့် ချောက်ခြားမှားယွင်းမှုများ ကြုံလာတိုင်း ရာအူးလ်မျက်နှာက မကြည်မသာ။

တစ်ကြိမ်မှ ကိုယ်တွေ့မကြုံခဲ့ဖူးသော မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင် ပွဲစဉ်က လှပလွန်းနေသည်။

ပရိသတ်အားပေးမှုကလည်း လှပလွန်းနေသည်။ ကွင်းထဲက မြန်မာတို့ ခြေစွမ်းသည်လည်း နောက်ဆုံးမိနစ်အထိ ပြိုင်ဘက်ကို ဒုက္ခပေးလွန်းလှသည်။ သေချာသည် ရာအူးလ်သည် သူမတွေ့မိ မခံစားမိသည့် စိတ်လှုပ်ရှားမှုများကို မနေ့က မြန်မာ ယူ၁၉ အသင်းပွဲစဉ်ကြည့်ရှုပြီးနောက် သူသိသွားခဲ့လေပြီ။

ပွဲအပြီးတွင် မြန်မာတိုက်စစ်မှူး သန်းပိုင်နှင့်အတူ ရာအူးလ်ကို အ၀တ်စားလဲခန်းထိပ်တွင် တွေ့မြင်ရသည့် ပုံရိပ်က မြန်မာကစားသမားတို့၏ အနာဂတ်ကို ကြိုမြင်နေရသလိုပင် ခံစားမိသည်။

" မြန်မာ အသင်း ကစားပုံက ထိပ်တန်း အဆင့်ပါ . ယခုပွဲဟာ တကယ့်ကို စိတ်လှုပ် ရှားစရာ ကောင်းတဲ့ ပွဲတပွဲပါ။ သူတို့ အသင်း တိုက်စစ် ကစားပုံတွေက နောက်ဆုံး မိနစ်ထိ စိတ်လှုပ် ရှားစရာ တွေပေးသွားခဲ့ပါတယ်။

ကျွန်တော် မေးချင် တာတခုက အခုလက် ရှိ မြန်မာ ကစားသမားတွေ ဘာကြောင့် ပရီးမီးယားလိဂ် ၊ လာဂီဂါ ၊ စီးရီးအေတို့လို နေရာတွေမှာ ဘာလို့ သွားမကစား ရတာလဲ ဆိုတာကိုပါ။ မြန်မာ ကစားသမား တချို့မှာ ထိပ်တန်း ခြေစွမ်းတွေ ရှိနေပါတယ် ။ " ဟု ရာအူးလ်က ပြောခဲ့သည် ကို ပြန်ကြားရသည်။

Credit : MFF, Photo - Herrera Shine Koko


https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.3

အိန္ဒိယဘောလုံးသမားတဦးရဲ့ ဂိုးသွင်းပြီး ၀မ်းနည်းဖွယ်ဖြစ်ရပ်

Tuesday, October 21, 2014
အိန္ဒိယ ဘောလုံးကစားသမားတဦးဟာ သူ့ကန်သွင်းလိုက်တဲ့ ဂိုးအတွက် အောင်ပွဲခံ ဂျွမ်းထိုး လိုက်စဉ် ဒဏ်ရာရ သွားပြီးနောက် နောက်ဆုံး အသက်ပါ ဆုံးပါးသွားခဲ့ရပါတယ်။ 




အသက် ၂၃ နှစ်အရွယ် အိန္ဒိယ ဘောလုံးသမား Peter Biaksangzuala ဟာ အောက်တိုဘာလ ၁၄ ရက်
နေ့က Bethlehem Vengthlang အသင်းနဲ့ Chanmari West အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ ကန်သွင်း လိုက်တဲ့ ဘောလုံးက ဂိုးရသွားတာကို ပျော်ရွှင်စွာနဲ့ ဂျွမ်းထိုးစဉ်မှာ ဇက်ကျိုးသွားခဲ့ပြီး ဒဏ်ရာ ပြင်း ထန်စွာ ရသွားခဲ့ပါတယ်။ 

ဒါကြောင့် သူ့ကို  ဆေးရုံ အရေးပေါ် ပို့ခဲ့ပေမယ့် ကံမကောင်းစွာပဲ အောက်တိုဘာလ ၁၉ ရက်နေ့ကတော့ အသက်ဆုံး ပါးသွားခဲ့ရပါတယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဘောလုံးအဖွဲ့ချုပ်လည်း အတော်ပဲ အလွန်တော်တဲ့ ဘောလုံးအားကစားသမားတယောက်ရဲ့ အခုလို အဖြစ်ဆိုး အတွက် စိတ်ကောင်းဖြစ်နေကြရတယ်လို့သိရပါတယ်။

ဘောလုံးသမား ပီတာရဲ့ ၀မ်းနည်းဖွယ်ဖြစ်ရပ်မြင်ကွင်းကိုလည်း ယူကျုမှာ လူကြည့်များပြီး ကြည့်သူတွေ လည်း ၀မ်းနည်းစကားဆိုနေကြပါတယ်။ ....

  
/////
အိမ့်သံစဉ် ~ 

မြန်မာဘောလုံး သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားအဆင့်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ခွင့်ရ


အာရှယူ-၁၉ ပြိုင်ပွဲ ကွာတားအဆင့်တွင် မြန်မာယူ-၁၉ အသင်းက ယူအေအီးအသင်းကို ၁−ဝ ဂိုးဖြင့်အနိုင်ရပြီးနောက်ကွင်းအတွင်းသို့ဝင်ရောက်ကာ အောင်ပွဲရကစားသမားများအား ပွေ့ဖက်ဂုဏ်ပြုနေသည့် မြန်မာဘောလုံးပရိသတ်များကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 
အာရှယူ-၁၉ ပြိုင်ပွဲကွာ တားအဆင့်တွင် မြန်မာယူ-၁၉ အသင်းသည် အာရှထိပ်သီးယူ အေအီးအသင်းကို  (၁-၀)ဂိုးဖြင့်အနိုင်ယူကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ၂၀၁၅ ကမ္ဘာ့ဖလားယူ-၂၀ ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိခဲ့သည်။

အောက်တိုဘာ ၁၇ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် ယင်းပွဲသို့ ပရိသတ်ကွင်းလုံးပြည့် (သုံး သောင်းဝန်းကျင်) လာရောက် အားပေးခဲ့ကြပြီး ဒုတိယပိုင်းတွင် တိုက်စစ်မှူးသန်းပိုင်၏ တစ်လုံး တည်းသော အနိုင်ဂိုးဖြင့် မြန်မာ အသင်း အနိုင်ရရှိခဲ့ခြင်း ဖြစ် သည်။

အရပ်အမောင်းနှင့် ကြံ့ခိုင်မှု ပိုကောင်းသည့် အာရှထိပ်သီး ယူအေအီးအသင်းသည် မြန်မာ အသင်းကို ပွဲချိန်အများစုတွင် ဖိအားပေးကစားနိုင်ခဲ့သော်လည်း မြန်မာအသင်းက အကောင်းဆုံးခံစစ်ဖြင့် တုံ့ပြန်ကစားနိုင်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် ယခုပွဲစဉ်တစ်လျှောက်အကောင်း ဆုံးအခွင့်အရေး တစ်ကြိမ်သာရရှိခဲ့ပြီး ယင်းအခွင့်အရေးအား အဖိုးတန်အနိုင်ဂိုးအဖြစ် ပြောင်း လဲနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၅၂ မိနစ်တွင် ဘယ်တောင်ပံမှ ငြိမ်း ချမ်းအောင်၏ အကောင်းဆုံးပေး ပို့မှုမှတစ်ဆင့် သန်းပိုင်က အ ကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယူအေအီး အသင်းသည် ပွဲပြီးခါနီးအထိ မြန်မာအသင်း အား ဖိအားပေးကစားနိုင်ခဲ့သော် လည်း ချေပဂိုးမရရှိခဲ့ဘဲ အိမ်ရှင် အသင်းကို အရှုံးပေးခဲ့ရသည်။
ပွဲပြီးခါနီးအချိန်တွင် ယူ အေအီးအသင်းက မြန်မာဂိုးဧရိ ယာထိပ်နားတွင် အလွတ်တည် ကန်ဘောရရှိခဲ့ပြီး ယင်းအခြေအနေတွင် စိတ်လှုပ်ရှားမှုအမြင့်ဆုံး အချိန်ဖြစ်ခဲ့ရကြောင်း၊ ယခုနိုင်ပွဲ အတွက် အားလုံးကို ကျေးဇူးတင် ကြောင်းနှင့် ကစားသမားများအားကမ္ဘာ့ဖလားအိပ်မက်နှင့် နိုင်ငံ ဂုဏ်သိက္ခာအတွက် အကောင်း ဆုံးစိတ်ဓာတ် မြှင့်တင်မှုပေးခဲ့ ကြောင်း မြန်မာယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

မြန်မာနှင့် ယူအေအီးပွဲအပြီးတွင် အိမ်ရှင်ပရိသတ်တစ် ထောင် ၀န်းကျင်သည် ကွင်း အတွင်းသို့ ၀င်ရောက်အောင်ပွဲခံ ခဲ့ကြသည်။ ယူအေအီးယူ-၁၉ အသင်းနည်းပြ Abdulla Ahmed Khalfan မှာ လုံခြုံရေးအကြောင်း ပြချက်ဖြင့် ပွဲအပြီးသတင်းစာရှင်း လင်းပွဲသို့ တက်ရောက်ခြင်း မရှိ ပေ။

သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ကွာတားအဆင့် ဒုတိယပွဲတွင် ဥဇဘက်ကစ္စတန်အသင်းက ထိုင်းအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ၀ဏ္ဏသိဒ္ဓိကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ကွာတားအဆင့်ပွဲစဉ်များတွင် မြောက်ကိုရီးယားအသင်းက ဂျပန်အသင်းကို ပင်နယ်တီအဆုံးအဖြတ် (၅-၄) ဂိုးဖြင့်လည်းကောင်း၊ ကာတာ အသင်းက တရုတ်အသင်းကို (၄-၂) ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။
၂၀၁၄ အာရှယူ-၁၄ ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဉ်များကို အောက်တိုဘာ ၂၀ ရက်တွင် သု ၀ဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဥဇဘက်ကစ္စတန်နှင့် မြောက်ကို ရီးယား၊ မြန်မာနှင့် ကာတာအ သင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

အာရှ ယူ-၁၉ ပြိုင်ပွဲမှ အကြိုဗိုလ်လုပွဲရောက်လေးသင်း ဖြစ်သည့် မြန်မာ၊ ဥဇဘက်ကစ္စ တန်၊ မြောက်ကိုရီးယားနှင့် ကာ တာ အသင်း လေးသင်းသည် နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ကမ္ဘာ့ဖလားယူ-၂၀ ပြိုင်ပွဲ သို့ အာရှတိုက်ကိုယ်စားပြုလေး သင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့သည်။
ထူးခြားချက် အနေဖြင့် အဆိုပါ လေးသင်းတွင် အာဆီယံဒေသမှ မြန်မာတစ်သင်းသာပါဝင်နေသည်။ မြန်မာအသင်း အနေဖြင့် မြန်မာ့ဘောလုံးသမိုင်း တစ်လျှောက် ကမ္ဘာ့ဖလား ယူ -၂၀ ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်း လည်းဖြစ်သည်။

မြန်မာအသင်းသည် အာရှယူ−၁၉ ပြိုင်ပွဲသမိုင်းတစ်လျှောက်ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ခုနစ်ကြိမ်တိုင် ဗိုလ်စွဲခဲ့ဖူးသော်လည်း ၁၉၇၀ပြည့်နှစ်နှင့် အစောပိုင်းတွင်ဖြစ်ပြီး၊ ထိုစဉ်က ကမ္ဘာ့ယူ−၂၀ ပြိုင်ပွဲမရှိသေးပေ။ယူ−၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၁၉၇၇ ခုနှစ်မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။
မြန်မာယူ-၁၉ အသင်း ၂၀၁၅ ကမ္ဘာ့ဖလားယူ-၂၀ ပြိုင် ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ ခြင်းအတွက် ပွဲအပြီးနာရီပိုင်းတွင် ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထံသို့ ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ခဲ့ ကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/story/23076#.VEKWOGOM-Sp

အင်္ဂလန်က အသက်၆၉နှစ်အရွယ် အသန်မာဆုံး ဝိတ်မ ချန်ပီယံ အဖွား



ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ အသက် ၆၉ နှစ်ရှိပါပြီ။ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ မြေးနှစ်ဦး အဖွားဖြစ်တဲ့ Pat Reeves အမည်ရ အမျိုးသမီး ဖြစ်ပြီး ကမ္ဘာ့ အသက်အကြီးဆုံးထဲမှာ အသန်မာဆုံး အမျိုးသမီးအဖြစ် စံချိန်တင်ထား ပါတယ်။ သူမရဲ့ ဝိတ်မ နိုင်မှုဟာ သာမန် အမျိုးသား၊ အမျိုးသမီးများထက်တောင် ပိုပါသေး တယ်။ သာမန် လူမှုနေထိုင်ဘဝမှာ ရှင်သန် ဖြတ်သန်းခဲ့ပေမယ့် လွန်ခဲံတဲ့ ၂၇ နှစ်က အရိုးကင်ဆာ ရောဂါ ဝေဒနာ စခံစားရပါတယ်။ ဒါ့အပြင် နှလုံးရောဂါပါ ရှိပါတယ်။

ဒါကြောင့်မို့ သူမဟာ ရောဂါများ ပျောက်ကင်းစေရန် ရည်ရွယ်ချက်နဲ့ အားကစားများ ဆက်တိုက်လုပ်ပြီး ဝိတ်မခြင်း အားကစားဟာ သူမ အတွက် အကောင်းဆုံး အလေ့အထ တစ်ခု ဖြစ်လာပါတယ်။ ဘယ်လောက်တောင် ကြိုးစားသလဲဆို ပြိုင်ပွဲ ဝင်နိုင်တဲ့ အဆင့်အထိ ရောက်ခဲ့ပြီး ဆုတံဆိပ်များတောင် ရယူ နိုင်ခဲ့ ပါတယ်။ ယနေ့အထိလည်း လေ့ကျင့် ဆော့ကစားနေဆဲ ဖြစ်ပြီး သင်တန်း ဖွင့်လို့ ပြန်တောင်သင်ပေးနေပါသေးတယ်။ အသက် ၆၉ နှစ်အရွယ် ဆိုရင် အများအားဖြင့် လှုပ်ရှားသွားလာမှုနည်းပြီး အားအင် ကုန်ခမ်းတဲ့ အရွယ် ဖြစ်ပါတယ်။ Pat အမည်ရ အဖွားကတေ့ ဝိတ်တုံးများကို မပြီး ပြိုင်ပွဲတွေမှာ ဆုရနေဆဲ ဖြစ်ပါတ်။

သူမ အနေနဲ့ နောက်ထပ် ကမ္ဘာ့ စံချိန်များ တင်နိုင်ဖို့ ကြိုး ပမ်းလျက် ရှိဆဲ ဖြစ်ကြောင်း သိရ ပါတယ်။ အဖွား Pat ဝိတ်မ သရုပ်ပြတဲ့ ဗီဒီယိုကို http://youtu.be/Wbpn21YCMVk ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.

အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171

ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲ မြန်မာဗိုလ်စွဲ


လက်ရွေးစင်အဆင့်တွင် ရှစ်နှစ်အတွင်း ပထမဆုံးဆုဖလားပြန်လည်ရရှိခြင်းဖြစ်
မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားနှင့်အတူ မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)
 
ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလား (PFF Peace Cup 2014) ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းက အိမ်ရှင် ဖိလစ်ပိုင် လက်ရွေးစင်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၀၆ ခုနှစ်နောက်ပိုင်း လက်ရွေးစင် အဆင့်တွင် ပထမဆုံးဆုဖလား အဖြစ် ပြန်လည်ရယူနိုင်ခဲ့သည်။
စက်တင်ဘာ ၆ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် ဗိုလ်လုပွဲ၌ မြန်မာ အသင်းသည် အရပ်အမောင်းနှင့် ကြံ့ခိုင်မှု ပိုကောင်းသည့် ဖိလစ်ပိုင်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး အချိန်ပိုတွင် စိုးမင်းဦး၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။



မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)

မြန်မာအသင်းအတွက် ဦး ဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်တွင် ကျော်ကိုကိုက အဝေးမှ လှပစွာသွင်းယူ ပေးခဲ့ပြီး ပထမပိုင်းတွင် ဦး ဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်း တွင် ဖိလစ်ပိုင်အသင်းက ပြန် လည်ဖိအားပေးကာ ပွဲချိန် ၅၀ မိနစ်နှင့် ၆၉ မိနစ်(ပင်နယ်တီ)တို့တွင် ချေပဂိုးနှင့် ဦးဆောင်ဂိုးပြန်လည် ရယူခဲ့သည်။ မြန်မာအသင်းအတွက် အ ဖိုးတန်ချေပဂိုးကို ပွဲချိန် ၉၀ မိနစ် တွင် ကျော်ဇေယျာဝင်းအစား ၀င်လာသော မင်းမင်းသူက ခေါင်းတိုက် သွင်းယူကာ အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ အချိန်ပို ပထမပိုင်း ၁၀ မိနစ်တွင် မြန်မာအသင်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို လူစားဝင်ကစားသမား စိုးမင်းဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားပြိုင်ပွဲ ပြီးခဲ့ သည့် နှစ်ကြိမ် ဆက်တိုက်တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းက ဗိုလ် စွဲထားပြီး ယခုနှစ်ပြိုင်ပွဲ၌ မြန်မာ အသင်းအနေဖြင့် ပထမဆုံးအ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
 
မြန်မာ့လက်ရွေးစင်အသင်း သည် ဖိလစ်ပိုင်အသင်းကို ပြီးခဲ့ သည့် ၂၀၁၂ ဆူဇူကီးဖလားအုပ် စုအဆင့်တွင် တွေ့ဆုံစဉ်က (၀-၂) ဂိုး ၂၀၁၃ နှစ်ဆန်းပိုင်းက ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့ သည့် ခြေစမ်းပွဲစဉ်၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့ရာ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲတွင် ပြန်လည်အနိုင်ယူကာ ရှုံးကြွေးဆပ်နိုင်ခဲ့သည်။



မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)

မြန်မာ့လက်ရွေးစင် ဘော လုံးအသင်းအနေဖြင့် ၂၀၀၆ မာ ဒေးကားဖလား ပြိုင်ပွဲ၌ ဗိုလ်စွဲ ပြီးနောက် ရှစ်နှစ်အကြာ နိုင်ငံတကာပြိုင်ပွဲဆုဖလားတစ်ခုအား  ပြန်လည်ရယူနိုင်ခဲ့သည်။ ထို့အပြင် ယခုဆုဖလားသည် ၂၀၁၄နှစ်ဆန်းပိုင်းက မြန် မာအသင်းကို စတင်ကိုင်တွယ်ခဲ့သည့် နည်းပြချုပ် အေဗရာမိုဗစ်ရယူပေးသော ပထမဆုံး ဆုဖလားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဖိလစ်ပိုင်နည်းပြက ပွဲမတိုင်ခင် မြန်မာအသင်းနည်းပြ အေဗရာမိုဗစ်မှာ စင်ကာပူကိုင်တွယ်ခဲ့စဉ်က ၂၀၁၂ ဆူဇူကီးဖလားအကြိုဗိုလ်လုပွဲရှုံးကြွေးပြန်ဆပ်ရန် စိတ်ဓာတ်မြှင့်တင်မှုဖြစ်စေသည်ဟုဆိုခဲ့သည်။



မန်မာ−ဖိလစ်ပိုင် ဘောလုံးပွဲကို လက်ဖက်ရည်ဆိုင်တွင် ကြည့်ရှုနေသော ပရိသတ်များ (ဓာတ်ပုံ − နစ်ကီ)

သို့သော်ပွဲတွင် မြန်မာကစားသမားများက ခြေမသာသော်လည်း နိုင်လိုစိတ်ပိုပြင်းပြခဲ့သည်ကို တွေ့ရသည်။

 ဗိုလ်လုပွဲမတိုင်မီ ယှဉ်ပြိုင် ကစားခဲ့သည့် တတိယ နေရာလုပွဲတွင် ပါလက်စတိုင်းအသင်းက  တရုတ်(တိုင်ပေ) အသင်းကို(၇-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

http://www.7daydaily.com/story/20089#.VAxXOWOM-Sp

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ ဆိုးကျိုးတွေ ဖြစ်စေသော အကျင့်များ



ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခါနီး လုပ်လေ့ရှိတဲ့ တစ်ချို့အကျင့်တွေကြောင့် သင်ဟာ ထိရောက်တဲ့အကျိုးဆက်ကို ရနိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘယ်လိုအကျင့်တွေကို ပြင်ဆင်ပြီးမှ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။လေ့ကျင့်ခန်းမလုပ်ခင် ရေဆက်တိုက်သောက်ထားခြင်း
 

လေ့ကျင့်ခန်းလုပ်ခါနီးမှ ရေဗူးလိုက်သောက်ချပစ်လိုက်တာမျိုးဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်အင့်တာ၊ အစာအိမ်မှာ ရေတွေရှိသွားတာကြောင့် အထိုင်အထနဲ့ လှုပ်ရှားမှုတစ်ခုလုပ်လိုက်တိုင်း အင့်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ လေ့ကျင့်ခန်းကို သတ်မှတ်ထားတဲ့အချိန်ထိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ရေဗူးကို လေ့ကျင့်ခန်းလုပ်တဲ့နေရာ၊ GYM ကို ယူသွားပါ။ ဒါပေမယ့် နည်းနည်းချင်းစီ သောက်ပေးပါ။ လေ့ကျင့်ခန်းမလုပ် ခင် အားလုံးကုန်အောင် မသောက်ချလိုက်ပါနဲ့။

၂။ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
 

လေ့ကျင့်ခန်း လုပ်ခါနီးအချိန်ထိ ဗိုက်ထဲမှာ ဘာမှမရှိဘူးဆိုရင် သင့်ရဲ့အစာအိမ်ဟာ ကြာရှည်အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဆီမရှိတဲ့ကားဟာ ဘယ်မှသွားလို့မရသလိုမျိုး ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးကလည်း ဘာအကျိုးမှ မဖြစ်ထွန်းနိုင်ပါဘူး။ ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အစာပြေလေးတော့ စားထားဖို့လိုပါတယ်။

၃။အိပ်ရေးဝအောင် အိပ်မထားခြင်း

မနက်ပိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်ဆိုပါစို့၊ တစ်ညလုံး မအိပ်ရသေးဘူး။ ဒါမှမဟုတ် တစ်နာရီ၊ နှစ်နာရီလောက်သာ အိပ်ထားရသေးတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာ အရင်ထက်ပိုပင်ပန်းစွာ လှုပ်ရှားနေရပြီလို့သာ မှတ်ပါ။ အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်ဖို့ သူတို့တွေက ပင်ပန်းကြီးစွာ အလုပ်ပိုလုပ်ပေးနေရပါတယ်။ ဒါ့အပြင်နှလုံးနဲ့ တိုက်ရိုက်ပတ်သက်နေသေးတာမို့ လေ့ကျင့်ခန်းကို အာရုံစိုက်ပြီး ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

၎။ကော်ဖီအလွန်အကျွံသောက်ထားခြင်း
 

ကော်ဖီကို သောက်သင့်တဲ့ အခွက်ရေ၊ အနေအထားထက် ပိုသောက်ထားမယ်ဆိုရင် ဒါဟာလည်း လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ပေးတာပါပဲ။ ပိုဆိုးတာက သောက်နေကျမဟုတ်ပဲ ခုမှပိုသောက်လိုက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးရှောင်ရပါမယ်။

၅။ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအစာတွေကို စားထားခြင်း

လေ့ကျင့်ခန်းမလုပ်ခင် ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအသောက်တွေ စားထားမယ်ဆိုရင် ဒါဟာလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေတာပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို စားနိုင်ပေမယ့် မလုပ်ခင်ဆိုရင် နှစ်ဆယ်ဂရမ်ထက်ပို မစားသင့်ဘူးလို့ ဆိုထားပါတယ်။

၆။အကြောမလျှော့ပဲ လေ့ကျင့်ခန်းလုပ်ခြင်း

ဒါဟာ လုံးဝမဖြစ်သင့်တဲ့အရာပါ။ GYM ဆော့တော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် အကြောကတော့ အရင်ဆုံးလျှော့ရမှာပါပဲ။ အကြောလျှော့ခြင်းဟာ ကိုယ်လက်လှုပ်ရှားခြင်းကနေ ဖြစ်လာတဲ့ အသားတွေနာတာ၊ ဒူးနာတာစတာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုထိရောက်တာကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အနည်းဆုံး ၅မိနစ်လောက်တော့ အကြောလျှော့ဖို့ အချိန်ပေးသင့်ပါတယ်။
http://www.searchmyanmar.com/link/comment/cid/40882#content-40882



https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344

ပရိသတ်တစ်ဦး ပစ်ပေါက်ခဲ့တဲ့ အရာဝတ္တု ထိမှန်ပြီး ကင်မရွန်း ဘောလုံးသမားတစ်ဦး သေဆုံး

မျှော်လင့်ချက်၊ ရှုံးပွဲ၊ ဒေါသနှင့် အသက်တစ်ချောင်း

အယ်လ်ဂျီးရီးယားလိဂ် ပြိုင်ပွဲမှာ ပရိသတ်တစ်ဦး ပစ်ပေါက်ခဲ့တဲ့ အရာဝတ္တု ထိမှန်ပြီး ကင်မရွန်း ဘောလုံးသမားတစ်ဦး သေဆုံးသွားခဲ့ရပါတယ်။ ယူအက်စ်အမ်အယ်ဂျာကို ကာဘိုင်လီအသင်း (၂-၁)ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေက ကစားသမားတွေ အ၀တ်လဲခန်း သွားရာလမ်းတစ်လျှောက် အရာဝတ္တုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီလို ပစ်ပေါက်ကြရာမှာ အရာဝတ္တုတစ်ခုက ကာဘိုင်လီတိုက်စစ်မှူး အီဘော့ဆေးရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ပါတယ်။

ဦးခေါင်းဒဏ်ရာ ရရှိခဲ့တဲ့ အီဘိုဆေးကို ဆေးရုံတင်ပို့ခဲ့ပေမယ့် အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း တီဇီအိုဇူးမြို့က ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အီဘိုဆေး သေဆုံးရခြင်းအတွက် အရာဝတ္တုနဲ့ ပစ်ပေါက်သူကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

@z (ရိုးရာလေး)
Ref:bbc


 မူရင်း=https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171
Related Posts Plugin for WordPress, Blogger...