စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label အလှူ. Show all posts
Showing posts with label အလှူ. Show all posts

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှင် ၁၀၀ ကျော် အလှူပွဲ မြန်မာပြည်လို စည်စည်ကားကား ကျင်းပ


ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ဟာ တချိန်က ရှမ်းတိုင်းရင်းသားတွေ စုဝေး နေထိုင်ခဲ့ကြတဲ့ ဇင်းမယ်မြို့ လို့လည်း ခေါ်ကြပါတယ်။ ဒါကြောင့်ဘဲ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသား အများဆုံး စုဝေး တဲ့ နေရာလို့ ပြောရမလားပါဘဲ။ 
ရှင် ၁၀၀ ကျော် ရှမ်းရိုးရာ ရှင်ပြု အလှူပွဲ၊ ဓာတ်ပုံ- အိမ့်သံစဉ် ( ဧရာဝတီ) ~

ရှမ်းတိုင်းရင်းသားတွေရဲ့ အဆိုတွေအမျိုးမျိုး ရှိကြတဲ့အထဲက တခုဖြစ်တာကတော့ သံစဉ်လေးနဲ့မို့ အမှတ်ရနေကြမယ် ထင်ပါတယ်။ 

"တမူးရလို့ တပဲလှူ တို့ ရှမ်းတောင်သူ လှူနိုင်ရိုးလား" ဆိုတဲ့ စကားအတိုင်း ရှမ်းတိုင်းရင်းသားတွေရဲ့ အလှူပွဲဆိုတာ တကယ်ပဲ အံ့သြဖွယ်ပါ။ 

မတ်လ ၂၈၊ ၂၉၊ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်တ၀ိုက် မြန်မာနိုင်ငံက ရောက်ရှိလာကြတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ ရှင် ၁၀၀ ကျော် ရှင်သာမဏေ ပြု အလှူပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပနေကြပါ တယ်။ 

မကြာခင် ရှင်သာမဏေ ဖြစ်တော့မယ့် မောင်ရှင်လောင်း လေးတွေကို ရှမ်းအမျိုးသားတွေက ပုခုံးပေါ် ထမ်းပြီး အလှူလှည့်ကြပါတယ်။ ရှမ်းအိုးစည်၊ မောင်သံတွေနဲ့  ရှမ်းရနံ့တို့ သင်းပျံ့နေတဲ့ အချိန်ကာလ ပါဘဲ။  
 ဒီလို က ခုန် ပျော်မြူးရင်း ရှင်လောင်းလှည့်ကြတယ်
ပုခုံးပေါ်က မောင်ရှင်လောင်း
အထမ်းနဲ့ ပင့်လာရတဲ့ မောင်ရှင်လောင်း
 နေကာမျက်မှန်နဲ့ မောင်ရှင်လောင်း
အိုးစည်နဲ့ မောင်သံတွေကြားမှာ စည်းချက်ညီ သိုင်းကွက်နင်းနေကြစဉ်
 ဒီလို ပြင်ဆင်ထားတဲ့ အထမ်းနဲ့ မောင်ရှင်လောင်းလည်းပါတယ်
 ပူလွန်းအိုက်လွန်းလို့ ရှင်လောင်းလည်း ယပ်တောင်ခပ်နေရတယ်
 မင်းတရားကြီးအလား မောင်ရှင်လောင်း ၀၀ ဖိုင့်ဖိုင်က လည်း အထမ်းနဲ့
 တပတ်ပြီး တပတ် ရှင်လောင်းလှည့်ရင်း မောပန်းလာတော့ ဒီရှင်လောင်းကတော့ ဘယ်လိုမှ မနိုင်တော့လို့ အိပ်ပျော်သွားတယ်။
 ကိုယ့် မောင်ရှင်လောင်းတွေအတွက် သူ့ မဏ္ဍပ်နဲ့သူ၊ ဧည့်သည်ကိုလည်း မဏ္ဍပ်တွေက ဧည့်ခံသေးတယ်။ မနက်ထမင်း၊ ဟင်း၊ ည ထမင်း၊ ဟင်း ကျွေးတယ်
  မြိုင်မြိုင်ဆိုင်ဆိုင် ရှမ်းအိုစည်သံတွေနဲ့ ရှမ်းတို့ ရိုးရာ ရှင်လောင်လှည့်ပွဲ 
 ရှင်လောင်းလှည့်အပြီး မောပန်းလို့၊  ရေချိုးပြီး အပြန်
 မောင်ရှင်လောင်းအား အဆင့်ဆင့် ပြင်ဆင် ၀တ်စားဆင်ယင်ပေးနေပုံ
ရှမ်း တို့ ရိုးရာ ရှမ်း ရှင်ပြုပွဲ ရုပ်သံကိုလည်း ဧရာဝတီက တင်ဆက်ထားပါတယ်။ 
 
မှ
နွေည(ခေတ္တထိုင်း)
31/3/2013

နမ့်ခမ်းမြို့ သီတဂူ စက္ခုဒါန မျက်စိဆေးရုံသစ်ဖွင့်ပွဲ

လူတစ်ယောက်ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်   အရေးအကြီးဆုံး  အနူးညံ့ဆုံး
အစိတ်အပိုင်းတစ်ခုကိုပြောပါဆိုလျှင်
မျက်လုံးဟုသာ  ပြောကြမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည် ။
မျက်စိ အလင်းသည် လူသား တစ်ဦးအတွက် မရှိမဖြစ်သော အရာပင်ဖြစ်သည် ။
အမြင်ဖြင့်  အရာရာကို  စွမ်းဆောင်နိုင်သည် လုပ်ဆောင်နိုင်သည် ၊ မျက်စိ၏ အရေးပါပုံမှာ ပြောမကုန်နိုင်စရာပင်။
သို့သော် မျက်စိအလင်း  ၏ တန်ဖိုးအား မျက်လုံးအလင်းမရသူများကသာ ပိုသိနိုင်မည်ပင်။
မျက်စိအလင်းရရှိနေသူများကတော့  မိမိနှင့် အနီးကပ်  မျက်စိအလင်းအားနည်းသူ မရှိပါက
မျက်စိအလင်းတန်ဖိုးကို မေ့လျော့နေတတ်ပါသည်။
သို့သော် အဆိုပါ မျက်စိအလင်းတန်ဖိုးအား  မမေ့လျော့ပဲ  ထူးမြတ်သော ရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ
မှ မျက်စိအလင်း အတွက် သီတဂူစက္ခုဒါန မျက်စိဆေးရုံများကို မြန်မာပြည်တစ်ဝှမ်း
တည်ဆောက်ကာပံ့ပိုးပေးခဲ့သည်မှာ ဆေးရုံပေါင်း ၁၈ခု ရှိခဲ့ပြီဖြစ်ပါသည် ။

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကုတင် (၁၀၀) ဆန့် ဆေးရုံကြီးတွင် လွပ်လပ်ရေးမရမီက  အမေရိကန်နိုင်ငံသား  ဒေါက်တာဆီးဂရေဖ့်
မှ ဒေသခံ တိုင်းရင်းသားများအား ရောဂါများ ကုသပေးခြင်း ၊ခွဲစိတ်ကုသပေးခြင်း ၊ ဆေးရုံဆောက်လုပ်ကာ
သူနပြုသင်တန်းများပေးခြင်း ၊ ဒေသခံ လူထု၏ ကျန်းမာရေးအတွက် အဖက်ဖက်မှ စိတ်ရင်းစေတနာဖြင့်
လုပ်ဆောင်ပေးခဲ့မှုကို  သီတဂူဆရာတော်ကြီးမှ သိရှိခဲ့ပြီးနောက်တွင်
မိမိ တို့မှာလည်း ကိုယ့်လူမျိုး ဘာသာ အတွက် အဘယ်ကြောင့် မလုပ်နိုင်ရမှာလည်း ဟူသော 
စိတ်ရင်းစေတနာမှ အစပြုရာမှ ယခု အချိန်တွင် နမ့်ခမ်းမြို့လေးတွင် သီတဂူ စက္ခုဒါန မျက်စိဆေးရုံကြီး
ခန့်ညားထည်ဝါစွာ ပေါ်ထွက်လာခဲ့ပြီုဖစ်ပါသည်။
 ပရဟိတ လုပ်ငန်းများစွာအား စွမ်းစွမ်းတမံဆောင်ရွက်နေသူ   သီတဂူဆရာတော် အရှင်ဥာဏိဿရနှင့် နောင်မ
ဆရာတော်ဟု အများကခေါ်တွင်ကြသော ၊  ဇေယျသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်း
တည်ထောင်ကာ ဒေသတွင်း တိုင်းရင်းသားကလေးငယ်ပေါင်း ၉၀၀ ကျော်အား ပညာဒါနပေးနေသူ ဆရာတော် 
ဝိနယာစာရ  တို့်  ပရဟိတ  စိတ်ထား  တူညီသူတို့နှစ်ဦးတွေ့ဆုံပြီးနောက်ပိုင်းတွင်  နမ့်ခမ်းမြို့လေးတွင်
မမျှော်လင့်ခဲ့ဖူးသော ၊ စိတ်ကူးပင်မယဉ်ဖူးသော
စက္ခူဒါန မျက်စိဆေးရုံကြီး ပေါ်ထွက်လာခဲ့ပြီဖြစ်ပါသည်။
တောင်ပေါ်ဒေသဖြစ်သည့်အားလျှော်စွာ မျက်စိဝေဒနာခံစားရသူများမှာ လားရှိုး  ၊ မန္တလေး ၊ရန်ကုန်  အစရှိသော
မြို့များသို့သွားရောက်ကုသရန်မှာ ငွေကြေးအင်အား ၊ လူအင်အား အချိန် အစရှိသည်တို့  လိုအပ်သဖြင့်
လူတန်းစားမရွေး ကုသခွင့်မရကြရှာပေ။
မျက်လုံးအမြင် မကောင်းသူ မျက်စိအလင်းမရသူ မျက်စိဝေဒနာရှင်
အတော်များများတို့မှာ ဝေဒနာကို ထွေးပိုက်ခံစားကာ
ဖြစ်သလိုပင် နေထိုင်လာခဲ့သည်မှာ အချို့မှာ
အသက်အရွယ်များပင်ကြီးလာသောလည်း ဆေးကုသခွင့်မရကြရှာသေးပါ။
ယခုတော့ မြို့နယ် အနီးတစ်ဝိုက်ရှိ မျက်စိဝေဒနာရှင်များ မျက်စိအလင်း ချို့တဲ့သူများ
မှ မျှော်လင့်ချက်ရောင်ခြည်များမှသည် မျက်စိအလင်းများ  ပင်  ရရှိခဲ့ပြီဖြစ်ပါသည်။
ဆေးရုံကြီးအား  စေတနာ အလှူရှင်များ ၏ မတည်ငွေများ ၊ မြို့ခံ စေတနာရှင်များ ၊ ဒေသအသီးသီးမှ
အလှုရှင်များ၏ အလှူငွေများဖြင့်
နောင်မဆရာတော်မှကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ၍  ကြီးမှူးကာ နမ့်ခမ်းမြို့ မြို့မိမြို့ဖများ
ဦးဆောင်၍  ဆောက်လုပ်ခဲ့ရာ  နမ့်ခမ်းမြို့ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း လှပ ခန့်ညားသော 
သီတဂူစက္ခုဒါန ဆေးရုံကြီး မှာ ၂၁၀၂ ခုနှစ် အောက်တိုဘာလတွင် ဆောက်လုပ်ပြီးစီးကာ  မြန်မာသက္ကရာဇ်
၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း(၁)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ( ၁၄) ရက်နေ့တွင် 
သီတဂူဆရာတော်ကြီးကိုယ်တိုင် လာရောက်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါသည်။
ရှမ်း ၊ ကချင် ၊ ပလောင် ၊ လီရှော ၊ဗမာ ၊ ဗုဒ္ဓ၊ခရစ်ယာန် အစ္စလာမ် ၊ ဟိန္ဒူ အစရှိသော လူမျိုးပေါင်းစုံ
ဘာသာပေါင်းစုံတို့ဖြင့် လူမျိုးဘာသားစုံေ နထိုင်ကြသော နမ့်ခမ်း မူဆယ် ဒေသအတွက် ဖွင့်ပွဲ တွင်
ဆရာတော် ဟောကြားသြ၀ါဒ ပေးခဲ့သည်က ´´ မေခ၊မလိခ ဟူသော မြစ်နှစ်သွယ် ပေါင်းစုံ၍ မြန်မာနိုင်ငံ၏
အသက်သွေးကြော ဧရာဝတီမြစ်ကြီး ဖြစ်ပေါ်လာခဲ့သည် ၊ မေခနှင့်မလိခတို့မှ အမည်အခေါ်ဝေါ်မတူဟူ၍
မပေါင်းစည်းခဲ့ပါက ဧရာဝတီဟူ၍ ဖြစ်မလာနိုင် ၊ အမည်နာမ များ မည်သို့ပင်
မတူညီစေ ရေချင်းတူလျှင် ပေါင်းစည်းနိုင်သည် ´´ ဟူ၍  ဟောကြားဆုံးမခဲ့ပါသည်။
ဖွင့်ပွဲရက်မတိုင်မီ (၁၀-၁၂-၂၀၁၂)ရက်နေ့ကတည်းက မျက်စိဆရာဝန် ၊ ဆရာမများရောက်ရှိလာပြီး 
စတင်ကြည့်ရှု ကုသခဲ့ရာ ဖွင့်ပွဲရက်မတိုင်မီ (၁၃- ၁၂-၂၀၁၂)ရက်နေ့အထိ  မျက်စိဝေဒနာရှင် (၆၈၈) ဦးအား
ကြည့်ရှုကုသပေးခဲ့ပြီး (၆၈)ဦးအား ခွဲစိတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
(၁၈-၁၂-၂၀၁၂)ရက်နေ့အထိ ဆက်လက် ကြည့်ရှုကုသပေးဦးမည်ဖြစ်ပါသည်။

မျက်စိဝေဒနာရှင်များအား ကုသရာတွင် အခက်အခဲမရှိစေရန် မြို့ခံ အရဟိတ အသင်းအဖွဲ့များမှ
လုပ်အားဒါနများဖြင့် မျက်စိဝေဒနာရှင်တိုင်း ပြသခွင့်ရရေး အတွက်လည်းကောင်း ၊စစ်ဆေးရာတွင်လည်းကောင်း
ခွဲစိတ်ပြီးလူနာများအား နေရာသို့ပို့ဆောင်ခြင်း  ပြုစုပေးခြင်းများ ၊ ကျွေးမွေးဧည့်ခံရေး လုပ်ငန်းများ
ကြိုဆိုရေးလုပ်ငနးများအား  နေ့မအား ညမနား ဖြင့်ပါဝင်ကုသိုလ် ယူခဲ့ကြပါသည်။
တစ်နိုင်ငံလုံးတွင် မျက်စိဆေးရုံပေါင်း (၁၈) ခု ရှိသောကြောင့် နမ့်ခမ်းသို့ ဆရာဝန်များ ထပ်မံလာရောက်ရန်မှာ (၃)လ ခန့်ကြာမြင့်ဦးမည်ဖြစ်သောကြောင်းသိရပါသည် ။
++++++++++++++++++++++++++++
ကျမချစ်သော ဒေသလေး အတွက် မျက်စိဝေဒနာရှင်များအာ  အခက်အခဲတစ်စုံတစ်ရာမရှိစေပဲ
အလွယ်တကူ ဆေးဝါးကုသခွဲစိတ်နိုင်ကာ မျက်စိအလင်းများ ရရှိတော့မည်ဖြစ်သည့်အတွက်
အတိုင်းမသိ ၀မ်းသာကြည်နူးကာ  ပီတိဖြစ်သည့်အတွက်  ဆောင်ပါးလေး ရေးတင်လိုက်ရခြင်းဖြစ်ပါသည်။


ပုံတွေ  ဒီလောက်ပဲ တင်လို့ရတော့လို့ နော်....။

ရွှေရတီ

ချစ်ခြင်းမေတ္တာအားဖြင့် သမိုင်းတစ်ခုစိုက်ထူနိုင်ခဲ့ပါပြီ

ကိုသန့်ဇင် ကားက အချိန်မှီရောက်ပါ့မလားဗျ
ဟေ ရောက်ပါတယ်ကွ မုတ်သုံရ ကားဆရာက ခု အလုံမှာ ဆီဖြည့််နေတယ်တဲ့ဖုန်းဆက်တယ်
အော်ဟုတ်ဗျ

ဟုတ်ကဲ့ ဒီနေ့ ည ချစ်ခြင်းမေတ္တာအဖွဲ့သားတွေ သွားရောက်ကြမယ့် အလှူခရီးအတွက် စိတ်ပူပီးမေးလိုက်မိတာပါ တကယ်တော့ ကျနော် တို့ သွားရောက်ရမယ့် ခရီးကလဲ  ဝေးတယ်မဟုတ်လား
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် ကိုသွားရောက်ရမှာဆိုတော့ လေ
အဲ့လိုနဲ့ ကိုသန့်ဇင် ကျနော် ရဲလွင်အောင် တို့ အလှူပစ္စည်းတွေကို ကိုဧက အိမ်ကနေ  စုရပ်ကို
ပစ္စည်းတွေ ၀ိုင်းပီ သယ်လိုက် တဖွဲဖွဲ ရောက်လာတဲ့ ချစ်ခြင်းမေတ္တာ အဖွဲ့သားတွေကို ကြိုဆိုလိုက်နဲ့
ချစ်ခြင်းမေတ္တာနဲ့ ပွင့်မယ့် အနာဂါတ်ပန်းလေးတွေအတွက် တက်ကြွနေကျတာပေါ့

အဲ့လိုနဲ့ စတင်ထွက်ခွာမယ့် အချိန် ၂း၀၀ ကို ရောက်ရှိခဲ့ ချိန်မှာတော့ ကျနော်တို့ ချစ်ခြင်းမေတ္တာအဖွဲ့သားတွေဟာ  ကွက်လပ်ဖြည့်ဖို့ အတွက် စတင်ထွက်ခွာလာခဲ့ပါတယ်
လမ်းခရီးမှာ မည်သည့်နေရာတွင်မှ မနားပဲ ကျနော်တို သွားရောက်  လှူဒါန်းမယ့်  မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်သိမ်ဇရပ် အောက်လူလေကျေးရွာအ၀င်မှာ ရှိတဲ့ လက်ဘက်ရည်ဆိုင်လေးရောက်မှပဲ ချစ်ခြင်းမေတ္တာအဖွဲ့သားတွေ ခရီးတစ်ယောက်နားဖြစ်ကြပါတယ်။

ကျနော် တို့ အဖွဲ့ ရောက်ရှိသွားချိန်ကတော့ မနက် ၆း၀၀ ဖြစ်ပါတယ် ခေတ္တ နားနေတုန်းမှာပဲ ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ သံဃနာယကဖြစ်တဲ့ ဆိပ်ဖူးတောင်ဆရာတော်ဘုရားက ကြွရောက်လာခဲ့ပါတယ်အဲ့ချိန် ကျနော် တို့ ချစ်ခြင်းမေတ္တာ အဖွဲ့သားတွေက ရွာထိပ်မှာပဲ ရှိသေးတာပေါ့
အဲ့ဒါနဲ့ ဆရာတော်ဘုရားက နားလည်မှုရှိစွာနဲ့ ဘုန်းကြီးကြွနှင့်မယ် ဒကာတို့ နောက်  ကလိုက်ခဲ့လို့ မိန့်မှာပီး ဆက်လက်ကြွချီသွားပါတယ်။အဲ့ဒါနဲ့ ကျနော် တို့လဲ လက်စသပ်ပီး ကျနော်တို့ကို မျှော်လင့်နေမယ့်ဖြူစင်တဲ့မျက်ဝန်းပိုင်ရှင် ASDO ရဲ့ ညီညီမလေးတွေဆီကို လှမ်းခဲ့ပါတယ်

ကျောင်းကို ရောက်တာနဲ့  အလှူပစ္စည်းတွေကို တစ်ယောက် တစ်လှည့် ၀ိုင်းဝန်းချပီ တက်ညီလက်ညီနဲ့
ချစ်ခြင်းမေတ္တာအဖွဲ့သားတွေ စတင်အသက်ဝင်လာကြပီဖြစ်ပါတယ်။ပစ္စည်းတွေချပြီးတော့ ကျနော်လဲ
ဆိပ်ဖူးတောင် ဆရာတော် ဘုရားနဲ့ အောက်လူလေ ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းတိုက် ဆရာတော် သာသနရက္ခိတ ကို တက်ရောက် ၀တ်ပြုပါတယ်။ ဆိပ်ဖူးတောင်ဆရာတော်ဘုရား  ကချစ်ခြင်းမေတ္တာအဖွဲ့သားတွေ အတွက် သြ၀ါဒ ချွေရာမှာ “ပရဟိတဆိုတာ မြင့်မြတ်တဲ့ အလုပ်ဖြစ်တယ်

မြင့်မြတ်တဲ့ အလုပ်ကို မြင့်မြတ်တဲ့သူတွေမှပဲ လုပ်နိုင်မယ် ဒါကြောင့် မြင့်မြတ်တဲ့ ပရဟိတကို ညီညွတ်စွာ ပန်းတိုင်အထိ လုပ်ကိုင်ကြစေ” လို့ မြွက်ကြားခဲ့ပါတယ် ။

ဆရာတော် သြ၀ါဒကို နာခံအပြီးမှာတော့ ချစ်ခြင်းမေတ္တာ အလှူခရီးအစီအစဉ်အတိုင်းစီးမျောလိုက်ပါတယ်…


 ခရီးစတင်ထွက်ခွာလာစဉ်


ဆိပ်ဖူးတောင်ဆရာတော်ထံမှာသြ၀ါဒ ခံယူနေစဉ်


သားသားမီးမီးလေးတွေကို လက်သည်းညှပ်ပေးနေတဲ့ အဖွဲ့ပါ






လက်သည်းညှပ်ပီးတဲ့ ညီညီမလေးတွေကို လက်ဆေးပေးနေတဲ့ အဖွဲ့ပါ







သားသားမီးမီးလေးတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ပါ





အစီအစဉ်တစ်ခုနဲ့တစ်ခုကြားက asdo ရဲ့ ညီညီိမလေးများ




ပထမပိုင်းအစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ ကလေးများအတွက် စာရေးကိရိယာ ထောက်ပံ့ပေးနေတာပါ




ကလေးများကို ကျန်းမာရေးအသိပညာ ရပ်များဝေမျှပေးနေတဲ့ ဒေါက်တာ စိုင်းကျော်ကိုကို


ပြီးတော့ ဆိပ်ဖူးတောင် က ညီညီမလေးတို့ရဲ့ ကရင်ဒုံးယိမ်း အကအလှ



သားသားမီးမီး တို့ကို သီချင်းလေးတွေ ဆိုပြနေတာပါ
င်္ပြီးရင် နေ့လည်စား ကျွေးဖို့ ပြင်ဆင်ရပါတော့မယ်







သားသားမီးမီးလေးတွေကို ထမင်းကျွေးပီး ခနလေးနားပီး ဒုတိယပိုင်းအစီအစဉ်တွေစတင်ပါတော့မယ်




လှူဒါန်းမှု့ အစုစုအတွက် ရေစက်သွန်းချနေစဉ်



သိမ်ဇရပ်ကို လိုက်လာတဲ့ အချိန်မှာ ဖုန်းလိုင်းတွေ ပျက်ကုန်တဲ့ အတွက် အဆက်အသွယ်မရလို့ ခက်ခဲခဲ့ ပေးမဲ့ ကျောင်းကို မရောက်ရောက်အောင်ရှာပီး လိုက်လာတဲ့ ASDO ရဲ့ အကျိုးတော်ဆောင် မကြည်သာထူးရဲ့ စိတ်အားဖြည့်စကားများ ပြောပြတဲ့ အစီအစဉ်နဲ့ ဒုတိယပိုင်း ကို အသက်ဝင်ခဲ့ပါတယ်

ဆရာမ ၀လုံးနဲ့ game plan တာဝန်ယူထားတဲ့ ရဲလွင်အောင်တို့ရဲ့ ကစားနည်းလေးနဲ့ သားသားးမီးမီးလေးများ



ထိုင်ထ ကစားနည်းလေးးနဲ့ သားသားမီးမီိးများ



သားသားမီးမီးတို့ အတွက် မုန့်မုန့်လေးတွေ ဝေပေးနေစဉ်

2

ချစ်ခြင်းမေတ္တာ အဖွဲ့ရဲ့ ကိုယ်ပိုင်သီချင်းနဲ့ ကလေးတွေ နားထောင်ချင်တဲ့ သီချင်းလေးတွေ ဆိုပြခဲ့တယ်







သမိုင်းတစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ......။



ကြည်နူးမှုတွေနဲ့ အပြန်ခရီး

ကျနော် တို့ လာရောက်ရတာက ခရီးလမ်းလဲ ဝေးတဲ့ အပြင် အဖွဲ့ ထဲမှာလဲ သက်ကြီး ပိုင်းနဲ့ မိန်းကလေးတွေ အများစု ပါဝင်နေတာကြောင့် ညနေ ၃း၀၀ နာရီမှာ ရန်ကုန်သို့ အပြန်ခရီးကို စတင်ထွက်ခွာခဲ့ပါတော့တယ်။

ဒီပိုစ့်လေးနဲ့ ကျေးဇူးတင်မိသူများကတော့အဖွဲ့တည်ထောင်သူ ကိုဇေယျာမင်း
ဆိပ်ဖူးတောင်ဆရာတော် ဦးဇောတိကအလှူရှင်များလှူဒါန်းတဲ့ ရေစက် ကို ကျောင်းသို့စရောက်ထဲက ခက်ခက်ခဲခဲ တပ်ဆင်ပေးခဲ့ရတဲ့ကိုဧကနဲ့ ကိုထွန်းလင်း....အလှူလုပ်တဲ့ နေ့မှာ မိခင်တစ်ယောက် ခွဲစိတ်ခန်းဝင်ရပေမယ့် အဖွဲ့နဲ့ တူတုလိုက်ပါလာခဲ့တဲ့ ညီမလေး စနှိုးဝှိုက်
အဖွဲ့အတွက် အကောင်းဆုံးများ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ကိုသန့်ဇင် ကိုရဲလွင်အောင်
နောက် မကြည်သာထူး မိသားစုနောက် နိုင်ငံ အရပ်ရပ် က အလှူရှင်များကို ဒီပိုစ့်လေးးးနဲ့ ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်

မုတ်သုံ

ASDO အဖွဲ့လေးကို ဆက်သွယ်လှူဒါန်းပါဝင်လိုတယ်ဆိုရင်ဖြင့်-
ဆရာတော်ဦးကေသရ(နာယကASDO)သုံးထပ်ကျောင်းဆောင်သစ်အလယ်ထပ်
ဘုရားဖြူကျောင်းတိုက်။ဗိုလ်တထောင်ဘုရားလမ်း၊ပုဇွန်တောင်။ဖုန်း-၂၉၁၈၀၇။

ကိုဇေယျာမင်း(ASDOတည်ထောင်သူ)၊ ဖုန်း + ၉၇၄ ၆၆၈၉၃၉၂၆
ကိုသွင်အောင်မိုး(ခ)မုတ်သုံ(ASDOတာဝန်ခံ)၊ ဖုန်း-၀၉၄၄၈၀၁၈၅၉၃(ရန်ကုန်)
ကိုသန့်ဇင်  (ASDOတာဝန်ခံ)      ဖုန်း- ၀၉၄၂၁၀၄၀၄၆၅

ကိုမိုးမြင့်ထွတ်ခေါင်(ASDOတာဝန်ခံစကာင်္ပူ)၊ ဖုန်း-၆၅၉၀၄၅၆၈၃၉
မခိုင်သီတာ(အဖွဲ့ငွေကြေးဆိုင်ရာစီမံမှု့တာဝန်ခံ)၊ ဖုန်း-၀၉၅၁၇၀၈၃၅
ရင့် ၊မအောင်ဝေထက်(အဖွဲ့စာရင်းကိုင်)၊ ဖုန်း-၀၉၇၃၀၇၃၂၂၁၊ ၀၉၄၂၅၀၁၆၉၀၀
အောင်ကျော်သက်(အဖွဲ့ကြိုဆိုရေး)၊ ဖုန်း-၀၉၇၃၁၉၆၇၉၉ (ရန်ကုန်)
မအိအိဖြိုး(အဖွဲ့အလှုစာရင်းပစ္စည်းထိန်းသိမ်းရေး)၊ ဖုန်း-၀၉၅၀၆၄၁၉၄(ရန်ကုန်)
အလင်းရောင်(အဖွဲ့ အက်ဒမင်)၊ ဖုန်း-၀၉၇၃၁၁၄၁၂၆
ဧက၊ပြည့်ဖြိုး(ဆာဗေးတာဝန်ခံများ) (ကိုဧက 09-49319051)

ချစ်ခြင်းမေတ္တာအကျိုးဆောင်များ

စင်္ကာပူမှအလှုရှင်များအတွက်-ကိုမိုးမြင့်ထွတ်ခေါင်(acc no:POSB Saving Account 248553839)
မလေးရှားမှအလှုရှင်များအတွက်- ဇွဲမာန်ကျော် -ဖုန်း ၀၀၆၀၁၇၈၈၄၆၄၅၀
မကာအိုမှအလှုရှင်များအတွက်- ကိုအောင်စိန်-(853-66173830)

ရန်ကုန်မြို့မှချစ်ခြင်းမေတ္တာအကျိုးဆောင်-
 ဦးသက်ဝင်းထွဋ်+ဒေါ်ကြည်သာထူးမိသားစု  -ဖုန်း 0973044323
USAမှအလှုရှင်များအတွက်- မမေ -(0012604401906)
ကာတာနိုင်ငံမှအလှုရင်များအတွက်- ဇေယျာမင်း +၉၇၄ ၆၆၈၉၃၉၂၆
ASDOအဖွဲ့ကိုနယ်မှငွေလွှဲလိုသူများအတွက်ဘဏ်အကောင့်မှာ

Saving Account No. 02 011 02 000003823(မြန်မာ့ရှေ့ဆောင်ဘဏ်၊ဘုရင်နောင်ဘဏ်ခွဲ)
မေးလ်-asdomyanmar1@gmail.com

https://www.facebook.com/groups/asdomyanmar/
သို့ဆက်သွယ်လှုဒါန်းနိုင်ပါသည
Related Posts Plugin for WordPress, Blogger...