စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)

                               



(၂) ဝေလမင်းသား

၁၉၁၁ခုနှစ် နွေဦးရာသီမှာ ဘုရင်Georve က Edwardကို သူ့ရဲ့အိပ်ခန်းထဲခေါ်ပြီး “နောက်လမှာ မင်းကို ဝေလမင်းသားအဖြစ်ခန့်အပ်မယ်။ ဒါက အဲဒီအခမ်းအနားမှာ မင်းဝတ်ရမယ့်ဝတ်စုံပဲ”။

ဘုရင်က ဘီရိုသေးတစ်လုံးကိုဖွင့်လိုက်တယ်။ Edward ထငိုပါတော့တယ်။

“ဒါပေမယ့် ဖခမည်းတော်.. ကျွန်တော်မျိုး အသက်၁၆နှစ်ရှိပါပြီ။ ဖိနပ်ပျော့နဲ့စကပ်ကို ကျွန်တော်မျိုးမဝတ်နိုင်ဘူး။ ကြည့်ရတာ မိန်းကလေးတစ်ယောက်နဲ့တူလို့ပါ။ တခြားလူတွေလို ဘာကြောင့် ကျွန်တော်မျိုးဝတ်လို့မရတာလဲ” လို့ Edward ကပြောတယ်။

“မင်းက သူတို့နဲ့မတူဘူး… မင်းက ထူးခြားတယ်” သူ့ခမည်းတော်က ပြန်ဖြေတယ်။ “တစ်နေ့နေ့မှာ မင်းဟာ ရှင်ဘုရင်ဖြစ်လာမှာ”။

အဲဒီနောက် နှစ်ရက်ဆက်တိုက် Edward ငိုခဲ့တယ်။ ဒါပေမယ့် သူဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

အဲဒီလိုနဲ့ ၁၉၁၁ခုနှစ် ဇွန်လ ၁ဝရက်နေ့မှာ တော်ဝင်မိသားစုတို့ဟာ North Wales က Caernarvon ရဲတိုက်ဆီ ကားစီးပြီးရောက်လာခဲ့ကြတယ်။ အဲဒီမှာ အခမ်းအနားစတင်ခဲ့တယ်။

ဘုရင်က ရွှေသရဖူလေးတစ်ခုကိုEdwardရဲ့ဦးခေါင်းထက်မှာ ဆောင်းပေးလိုက်တယ်။ အခမ်းအနားမှာ ဂီတနဲ့ အကပါတယ်။ လူစုလူဝေးက ညာသံပေးအော်ဟစ်ခဲ့ကြတယ်။ အသစ်ခန့်အပ်ခံရတဲ့ ဝေလမင်းသားကတော့ မျက်စိကိုမှိတ်ထားပါတယ်။

“နေရထိုင်ရ ကျဉ်းကျပ်လိုက်တာလို့ ကျွန်တော်ခံစားရတယ်”လို့ သူပြောတယ်။ “အခု ကျွန်တော်တို့ အိမ်ပြန်လို့ရပြီလား”။

“မရသေးဘူး” ရှင်ဘုရင်က ပြန်ဖြေတယ်။ “လူတွေက မင်းကိုမြင်ချင်နေကြတယ်”။
Edwardက ရဲတိုက်ရှေ့ဘက်ဆီလျှောက်သွားလိုက်ပြီး လူအုပ်ဆီငုံ့ကြည့်လိုက်တယ်။ သူတုန်လှုပ်သွားတယ်၊ သူ့မျက်နှာ နီရဲလာခဲ့တယ်။

“ပြုံးလိုက်စမ်း Edward.. မင်း ပျော်ရွှင်နေရမှာ”လို့ ဘုရင်က ပြောတယ်။
နာရီအနည်းငယ်အကြာမှာ မိသားစုတစ်စုလုံး ဝင်ဆာရဲတိုက်ဆီ ကားစီးပြန်ခဲ့ကြတယ်။

“ဘယ်လောက်ပျော်စရာကောင်းလိုက်တဲ့ နေ့တစ်နေ့လဲနော်” မိဖုရား Mary က ပြောတယ်။

Edward က ဖိနပ်ကိုချွတ်ချပြီး ပြတင်းပေါက်အပြင်ဖက်ဆီ ကြည့်လိုက်တယ်။
“ငါ ဒီလိုအဖြစ်မခံတော့ဘူး” သူ တွေးလိုက်တယ်။ “ဘယ်တော့မှ အဖြစ်မခံတော့ဘူး”။

(၃) တော်ဝင်မင်းသား

အော့စဖို့ဒ်တက္ကသိုလ်မှာ တစ်နှစ်ကြာ ပညာသင်ကြားပြီးတဲ့နောက် Edwardဟာ ပထမကမ္ဘာစစ်ထဲ ပါဝင်ခဲ့တယ်။ သူ ဒီလိုရေးသားခဲ့ပါတယ်။

“ကျွန်တော်နဲ့ အခြားစစ်သား ၂၅ဦးတို့ဟာ အိမ်တစ်အိမ်မှာ အတူနေခဲ့ကြတယ်။ ညအချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်ဘဝအကြောင်းနဲ့မိသားစုအကြောင်း
ပြောဆိုခဲ့ကြတယ်။ အရမ်းစိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။
ကျွန်တော်ဟာ ဌေးတဲ့လူနဲ့ပဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့လူနဲ့ပဲဖြစ်ဖြစ်၊ လူကြီး လူငယ် လူတန်းစားမရွေး လူတကာနဲ့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခဲ့ပါတယ်။ အဲဒီအပြင် စစ်ပွဲရဲ့ သွေးသံရဲရဲနဲ့ ဗွက်လောရိုက်သံတွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။

၁၉၁၆ခုနှစ်က နေ့တစ်နေ့မှာ ကျွန်တော့်ယာဉ်မောင်းသူက ကျွန်တော့်ကို ဘယ်ဂျီယံက Loosမြို့ဆီ မောင်းပို့ခဲ့ပါတယ်။ ကားပေါ်ကနေ ကျွန်တော်ဆင်းပြီး တောင်ထိပ်ဆီ လမ်းလျှောက်တက်သွားခဲ့ပါတယ်။ တောင်အောက်မှာ ပြင်းထန်တဲ့တိုက်ပွဲဖြစ်နေပါတယ်။ ကျွန်တော် ကြေကြေကွဲကွဲ ခံစားခဲ့ရပါတယ်။

တစ်နာရီအကြာမှာ ကားဆီကျွန်တော်ပြန်ရောက်ခဲ့ပါတယ်။ ကျွန်တော်တွေ့မြင်ခဲ့ရတဲ့မြင်ကွင်းကို ကျွန်တော်တစ်သက်တာ မေ့ပျောက်လို့ မရနိုင်ခဲ့ပါဘူး။ ကျွန်တော့်ယာဉ်မောင်း သေဆုံးသွားခဲ့ပါတယ်။ ကားကနေ ကျွန်တော်ဆင်းသွားချိန် တစ်ယောက်ယောက်က သူ့လည်တိုင်ကိုပစ်ခဲ့ပါတယ်”။

၁၉၁၈ခုနှစ် စစ်ပြီးဆုံးသွားတဲ့နောက် Edward ဟာ Bucking နန်းတော်ဆီပြန်ခဲ့ပါတယ်။ တစ်ခုသောညမှာ သူဟာ ထမင်းစားခန်းမှာ သူ့ဖခင်နဲ့အတူ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

“နိုင်ငံအချင်းချင်း ဘာကြောင့်စစ်ဖြစ်ရတာလဲ ကျွန်တော်မျိုးနားမလည်ဘူး” မင်းသားEdward က ပြောပါတယ်။ “စစ်ကြီးပြီးဆုံးသွားလည်း အရာအားလုံးက အရင်အတိုင်းပဲ။ လူအများက ဆင်းရဲငတ်မွတ်နေကြတုန်းပဲ။ ဒါ မတရားဘူး။ တစ်ယောက်ယောက်က တစ်ခုခုလုပ်မှဖြစ်မယ်”။

“ကောင်းပြီ” ဘုရင်ကြီး George က ဖြေတယ်။
“မီးလင်းဖိုဘေးမှာ ထိုင်နေရုံနဲ့ လောကကြီးကို မင်းပြောင်းလဲလို့ရမှာ မဟုတ်ဘူး။ မင်း ခရီးထွက်ရမယ်။ လူတွေနဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုရမယ်။ သူတို့ ဘာပြောသလဲ နားထောင်ရမယ်။ ဒီလိုမှ မင်း ဘုရင်ဖြစ်တဲ့အခါ ဒီလောကကြီးကို ပိုလှပကောင်းမွန်အောင် လုပ်နိုင်မယ်”။

အဲဒီလိုနဲ့ ၁၉၂ဝခုနှစ်မှာ Edward ဟာ အင်္ဂလန်နိုင်ငံကနေ ထွက်ခွာသွားခဲ့ပြန်တယ်။ အဲဒီနောက် ၅နှစ်တာအချိန်ကာလအတွင်းမှာ သူသွားခဲ့တဲ့ ခရီးစဉ်အကွာအဝေး ၂သိန်း၎သောင်းကီလိုမီတာရှိခဲ့ပြီး နိုင်ငံပေါင်း ၄၅နိုင်ငံဆီ သွားရောက်လည်ပတ်မေးမြန်းခဲ့ပါတယ်။

သူဟာ အိန္ဒိယ၊ အာဂျင်တီးနား၊ နိုင်ဂျီးလီးယား၊ မက်ဆီကို၊ နယူးဇီလန်၊ ဂျာမဏီ၊ ပြင်သစ်နဲ့ ဂျပန်နိုင်ငံတွေ သွားရောက်ခဲ့ပါတယ်။ ကနေဒါနိုင်ငံ တိုရာတိုမြို့ကို သူရောက်ခဲ့စဉ်က လူပေါင်း ၅သိန်းက သူ့ကိုကြိုဆိုခဲ့ကြပါတယ်။ တစ်နေရာရောက်တိုင်း လူထောင်ပေါင်းများစွာရဲ့ စောင့်မျှော်ကြည့်ရှုတာကို သူခံခဲ့ရပါတယ်။ Cape မြို့မှာ လူပေါင်း ၁သိန်း၉သောင်း၊ ပဲရစ်မြို့မှာ လူပေါင်း ၃သိန်း၊ နယူးယောက်မှာ လူပေါင်း ၅သိန်း၊ Melbourne မှာ လူပေါင်း ၇သိန်း၅သောင်း ကြိုဆိုတာကို ခံခဲ့ရပါတယ်။

“Edward က ပထမဦးဆုံးသော တော်ဝင်မင်းသားတစ်ပါးပါ” လို့ သတင်းစာတစ်စောင်က အခုလိုရေးခဲ့တယ်။

“သူဟာ အခုလက်ရှိမှာ ကမ္ဘာ့နာမည်အကျော်ကြားဆုံးလူပါ။ အရင့် အိမ်ရှေ့မင်းသားတွေက ဖော်ရွေမှုကင်းတယ်၊ စိတ်ပျက်စိတ်ကုန်စရာ
ကောင်းတယ်။ ဒါပေမယ့် Edward က အဲဒီလိုမဟုတ်ဘူး။ ကားပေါ်ကနေ သူဆင်းပြီး လမ်းမပေါ်သူလမ်းလျှောက်တယ်။ နှစ်မိနစ် သုံးမိနစ်တစ်ခါ ရပ်ပြီး လမ်းသွားလမ်းလာတွေနဲ့ စကားပြောတယ်။ တစ်ခါခါ သူရယ်မောတယ်၊ တစ်ခါခါ သူပြုံးတယ်။ လူထောင်ပေါင်းများစွာနဲ့ သူလက်ဆွဲနှုတ်ဆက်တယ်။ သူကဖော်ရွေတယ်.. ရွှေရောင်အသည်းနှလုံးပိုင်ရှင်ဖြစ်တယ်”။

××××××

အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a (ဘာသာပြန်မှားယွင်းတာ၊ အသုံးအနှုန်းမှားယွင်းသုံးစွဲမိတာရှိခဲ့ရင် ကျေးဇူးပြုပြီးပြောပြပေးပါလို့.. ကျွန်မက ကျွန်မပိုကျွမ်းကျင်တဲ့ တရုတ်ဘာသာကနေ မြန်မာဘာသာအဖြစ် ဘာသာပြန်ဆိုပါတယ်)

နိုင်းနိုင်းစနေ (Sept. 13. 2014)

http://www.searchmyanmar.com/link/comment/cid/41577

သူ့ကို အားကိုးလွန်နေသလား




ရည်စားတွေဖြစ်လာကြရင် မိန်းကလေးအနေနဲ့ ကိုယ့်ရည်းစားကို အားကိုးတာက ဓမ္မတာပါ။

ဒါပင်မဲ့လည်း အားကိုးလွန်အားကြီးသွားရင်တော့ ဘာတွေဖြစ်လာနိုင်သလဲ။ ကိုယ့်ရဲ့အခြေအနေလေးကို သုံးသပ်ကြည့်လိုက်ပါလား။

အောက်မှာ ရေးသားထားတဲ့အချက်လေးတွေထဲမှာ ဘယ်နှစ်ချက် မှန်သလဲဆိုတာကို မှတ်ထားလိုက်နော်။

၀၁. ဖြစ်လာသမျှ ပြသာနာတွေကို အမြဲတမ်း မကောင်းဘက်မှ တွေးနေတတ်တယ်။

၀၂. ကိုယ့်ရဲ့မိသားစုဝင်တွေကို ချွဲနိုင်တာကြောင့် နည်းနည်း ရိုင်းရိုင်း ဆက်ဆံတတ်တယ်။

၀၃. ကိုယ့်မှာ ဝါသနာ၊ စိတ်ပါဝင်စားတဲ့ကိစ္စဆိုတာ ဘာမှကို မရှိပါ။

၀၄. ပစ္စည်းတွေကို မစွန့်ပစ်နိုင်ပဲ သိမ်းထားလေ့ရှိတယ်။

၀၅. အလုပ်လဲမလုပ်၊ ကိုယ်ခြေထောက်ပေါ်လည်း မရပ်တည်နိုင်ပါ။

၀၆. အရမ်းစိတ်ဆိုး၊ စိတ်ကောက်ပြီး ရည်စားဖြစ်သူကို အမြဲကလိနေချင်တယ်။

၀၇. အကယ်၍ ယောင်္ကျားလေး သူငယ်ချင်းပဲဖြစ်ပါစေ၊ ပိတ်ရက်တွေမှာ ကိုယ့်ကို မခေါ်ပဲ ယောင်္ကျားလေးတွေချည်းပဲ သွားလာနေတာကိုလည်း မကြိုက်ပါ။

၀၈. ဘာအလုပ်ကို မဆိုလက်ကြောတင်းအောင် မလုပ်ချင်ပါ။

၀၉. သူ့ကိုပို့လိုက်တဲ့ Msg တွေကို သူက ဖတ်ပြီးပင်မယ့်လည်း သူ့ဆီက Msg တွေပြန်မလာရင် အရမ်းစိတ်ဆိုးတယ်။

၁၀. နေ့စဉ်နေထိုင်စားသောက်တာက စည်းကမ်းတကျမဟုတ်ပဲ ဖြစ်သလို နေတတ်တယ်။

★★ ဘယ်လိုအဖြေထွက်မှာလဲ။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၁ချက်မှ မမှန်ပါ။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၃ ချက် မှန်သည့်အတွက် သာမန်သာ ရည်းစားကို အားကိုးသည်။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၅ ချက် မှန်သည့်အတွက် တော်တော် ရည်းစားကို အားကိုးသည်။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၈ ချက် မှန်သည့်အတွက် အလွန်ကို ရည်းစားကို အားကိုးသည်။

★ အပေါ်တွင်ရေးသားထားသောအချက် ၁၀ချက်တွင် ၁၀ ချက် မှန်သည့်အတွက် အမြဲတည်း ရည်းစားက အနားမှာမရှိလျှင် မနေတတ်တော့ပါ။
ChelmoTeam
http://www.searchmyanmar.com/link/comment/cid/54331

သင့်ရဲ့ ဖုန်းကြောင့် ချစ်သူတွေ ကွဲသွားစေနိုင်တဲ့ အရာများ



လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Credit : Trend Myanmar
http://www.searchmyanmar.com/link/comment/cid/54245

လက်ထပ်ခြင်း




လက်ထပ်တယ်ဆိုတဲ့အရာဟာ ကိုယ့်အတွက်မဟုတ်ဘူးလို့ ကျွန်တော် လက်ခံယုံကြည်တယ်… ဒါနဲ့ပတ်သက်ပြီး ခင်ဗျားစိတ်ထဲ ဘာမှလိုက်မတွေးခင်မှာ စာကို ဆက်ဖတ်လိုက်ပါဦး…

ကျွန်တော့်ဇနီးနဲ့ ကျွန်တော်စတွေ့တုန်းက ကျွန်တော်တို့ ၁၅ နှစ်အရွယ် ကျောင်းသားကျောင်းသူလေးတွေ အဖြစ်ပဲရှိသေးတယ်…. အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့သူငယ်ချင်းဖြစ်လာတာ ဆယ်နှစ်တိုင်ခဲ့တာပေါ့ဗျာ… အဲ့ဒီနောက်တော့ သူငယ်ချင်းဘဝနဲ့ ဆက်မနေတော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်…. အချစ်ဆုံးသူငယ်ချင်းတွေကနေ ချစ်သူတွေဖြစ်သွားကြတဲ့အခါမှာ တကယ့်ပျော်ရွှင်မှုနဲ့ နားလည်မှုတွေရလာမယ်ဆိုတာကို ကျွန်တော်ရဲရဲကြီးအာမခံပါတယ်….

ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ချစ်သူဖြစ်ရတယ်ဆိုတဲ့အချက်ဟာ လက်ထပ်ဖို့အတွက် ကြောက်ရွံ့မှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မဖြစ်ပေါ်အောင်တော့ မကာကွယ်ပေးနိုင်ခဲ့ပါဘူး… သူနဲ့ကျွန်တော် လက်ထပ်ဖို့အချိန်နီးကပ်လာလေလေ ကြောက်ရွံ့တွေဝေမှုတွေ ပိုဖြစ်လာလေလေပါပဲ…

လက်ထပ်ဖို့အတွက် ကျွန်တော်အသင့်ကောဖြစ်ပြီလား… ကျွန်တော့်ရွေးချယ်မှုက မှန်ကောမှန်ပါ့မလား… သူမဟာ ကျွန်တော့်အတွက် ဇနီးကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလား… သူမက ကျွန်တော့်ကို ပျော်အောင်ထားနိုင်ပါ့မလား….. စတာတွေကို တွေးနေမိပါတယ်….

ဒီလိုနဲ့ တစ်ညမှာတော့ ကျွန်တော့်ရဲ့အတွေးတွေနဲ့ ကြောင့်ကြမှုကို ကျွန်တော့်အဖေဆီ ရင်ဖွင့်ဖြစ်ပါတယ်…. ကျွန်တော့်အတွေးတွေနဲ့ပတ်သက်ပြီး အဖေပြန်ပြောတဲ့ တစ်ခဏဟာ ကျွန်တော့်ဘဝအတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ အချိန်လေးတွေဖြစ်ခဲ့ပါတယ်…

အဖေက နားလည်တဲ့အပြုံးမျိုးပြုံးရင်းပြောတယ်…
“သား… တကယ်တော့ မင်းက တစ်ကိုယ်ကောင်းဆန်ဆန်တွေးနေတာပဲ… သားကိုအဖေ ရိုးရိုးရှင်းရှင်းလေးပြောပြမယ်… လက်ထပ်တယ်ဆိုတာ မင်းအတွက်မဟုတ်ဘူးကွ…. မင်းပျော်ရွှင်နိုင်ဖို့အတွက် လက်ထပ်ရတာမဟုတ်ဘူး… တခြားသူတွေပျော်ဖို့အတွက် လက်ထပ်ရတာ… ထပ်ပြောရမယ်ဆိုရင် လက်ထပ်တယ်ဆိုတာ မင်းတစ်ယောက်ထဲအတွက်မဟုတ်ဘူး… မိသားစုတစ်ခုအတွက်ပဲ သား…. နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ တခြားဘာအကြောင်းအရာတွေအတွက်မှလည်း မဟုတ်ဘူး… အနာဂတ်မှာရလာမယ့် မင်းတို့ရဲ့ ရင်သွေးလေးတွေအတွက်ပဲ… သူတို့ဘဝတိုးတက်မြင့်မားဖို့အတွက် မင်းဘယ်လိုအကူအညီမျိုးလိုချင်သလဲ… သူတို့အပေါ်ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမျိုး ရှိစေချင်သလဲ… လက်ထပ်တယ်ဆိုတာ မင်းအတွက်မဟုတ်ဘူး… မင်းလက်ထပ်လိုက်တဲ့သူနဲ့ပဲ အဓိကသက်ဆိုင်တဲ့အရာပဲ….. ”

အဲ့ဒီအချိန်မှာပဲ သူမဟာ ကျွန်တော်လက်ထပ်ဖို့ အသင့်တော်ဆုံးသူဖြစ်တယ်ဆိုတာ ကျွန်တော်သိလိုက်တယ်… ကျွန်တော့်အနေနဲ့ သူမကိုပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်ဆိုတာလည်း ကျွန်တော်ကောင်းကောင်းသိတယ်…. သူမရဲ့အပြုံးကို နေ့တိုင်းမြင်ချင်တယ်… သူမကို နေ့တိုင်းပျော်ရွှင်ရယ်မောနေစေချင်တယ်… သူမရဲ့မိသားစုမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်ပါဝင်ပတ်သက်ချင်တယ်… ကျွန်တော့်မိသားစုကလည်း သူမကို မိသားစုဝင်အဖြစ် လိုလားကြတယ်… ကျွန်တော့်ရဲ့တူမလေးတွေနဲ့ သူမ ဆော့ကစားနေတာကို တွေ့မြင်မိတိုင်း ကျွန်တော့်ကိုယ်ပိုင်မိသားစုလေးကို သူမနဲ့အတူ တည်ဆောက်ချင်နေမိတယ်ဆိုတာကို ကျွန်တော်သိပါတယ်…

ကျွန်တော့်အဖေရဲ့ အကြံပြုစကားဟာ တကယ့်ကို ထိရောက်မှန်ကန်လွန်းပါတယ်… သူ့စကားတွေဟာ တစ်စုံတစ်ယောက်က သင့်ကိုပျော်ရွှင်အောင်မလုပ်ပေးနိုင်ခဲ့ရင် နောက်တစ်ယောက်ကိုပြောင်းလိုက်တာလိုမျိုး အပေးအယူ/အရောင်းအဝယ်ဆန်တဲ့ ဒီကနေ့ခေတ်ရဲ့ အတွေးအခေါ်အယူအဆတွေနဲ့တော့ ဆန့်ကျင်နေပါတယ်…

တကယ့် အိမ်ထောင်တစ်ခု… အချစ်စစ်တစ်ခုဟာ ဘယ်တော့မှ သင့်အတွက်မဟုတ်ပါဘူး… သင်ချစ်ရတဲ့သူ အတွက်သာဖြစ်ပါတယ်… သူတို့ရဲ့ လိုအပ်ချက်တွေ… သူတို့ရဲ့ လိုအင်ဆန္ဒတွေ… သူတို့ရဲ့ မျှော်လင့်ချက်တွေ… သူတို့ရဲ့ အိပ်မက်တွေနဲ့ သက်ဆိုင်နေပါတယ်… တစ်ကိုယ်ကောင်းသမားက “င့ါအတွက်ဘာရနိုင်မလဲ…” လို့ တောင်းဆိုနေချိန်မှာ… ချစ်ခြင်းမေတ္တာသမားကတော့ “ငါဘာပေးနိုင်မလဲ…” လို့ မေးမြန်းနေပါလိမ့်မယ်…

ဒီစာကို ဖတ်နေတဲ့သူတွေအနေနဲ့ အိမ်ထောင်သည်တွေဖြစ်ဖြစ်… လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူတွေဖြစ်ဖြစ်… လူပျိုအပျိုတွေပဲဖြစ်ဖြစ်… ယုတ်စွအဆုံး တစ်သက်လုံးလူပျိုကြီး အပျိုကြီးလုပ်တော့မယ့်သူတွေပဲဖြစ်ဖြစ်… လက်ထပ်ခြင်းဆိုတာ ခင်ဗျားတို့အတွက်မဟုတ်ဘူးဆိုတဲ့အချက်ကို သိထားစေချင်ပါတယ်… စစ်မှန်တဲ့ ဘယ်ချစ်ခြင်းမေတ္တာကမှ သင့်အတွက်ရယ်လို့ မရှိနိုင်ပါဘူး… အချစ်ဆိုတာ သင်ချစ်ရတဲ့သူအတွက်သာဖြစ်ပါတယ်…

နောက်တစ်ချက်က ဝိရောဓိသဘောတရားအရ လူတစ်ယောက်ကို ခင်ဗျားပိုချစ်မိလေလေ… ချစ်ခြင်းမေတ္တာကို ခင်ဗျားပိုပြီး ရရှိခံစားနိုင်လေလေဖြစ်ပါတယ်… ဒီချစ်ခြင်းမေတ္တာဟာ ခင်ဗျားချစ်ရတဲ့သူတွေဆီကတင် မကပါဘူး…. သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ… သူတို့ရဲ့ မိသားစုဝင်တွေ… ပြီးတော့ သင်တစ်ခါမှမဆုံတွေ့ဖူးသေးတဲ့ တခြားလူထောင်ပေါင်းများစွာဆီကပါ သင့်ကိုဗဟိုပြုခြံရံပြီး ချစ်ခြင်းမေတ္တာတွေ သင့်ထံစီးဆင်းလာပါလိမ့်မယ်…

ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ခြင်းဆိုတာတွေဟာ တကယ်ပဲ သင့်အတွက်မဟုတ်ပါဘူး… တခြားသူတွေအတွက်သာဖြစ်ပါတယ်….

‪‎နှိုင်းရင့်နွေ‬
http://www.searchmyanmar.com/link/comment/cid/54261

သင့်အချစ်ရေးကို ပျက်ပြားစေမယ့် အယူအဆမှား (၅) မျိုး


 
လူတိုင်းဟာ အချစ်နဲ့တွေ့တဲ့အခါ အရင်တုန်းက အမှန်လို့ ယူဆထားတာတွေကို အမှားလို့ မြင်လာကြသလို အရင်တုန်းက ဒါ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူးလို့ သေချာနေပြီးသား အရာတွေကိုတောင် ဒါအမှန်၊ ဖြစ်ကိုဖြစ်နိုင်တယ်လို့ မြင်လာ ကြပါပြီ။ ဒီအချက်မှာ ပညာလေးနဲ့ယှဉ်၊ ဦးနှောက်လေးနဲ့ယှဉ်ပြီးတော့သာ နှလုံးသားအလိုကို လိုက်ရမှာပါ။ မျက်လုံစုံးကန်းနေသလို ချစ်ခြင်းမျိုးဆိုရင်တော့ သင့်အတွက် တစ်ချိန်မှာ နာကျင်စရာတွေနဲ့ ကြုံလာနိုင်ပါတယ်။ ဒီတော့ ကိုယ်တွဲမယ့်သူဟာ ဘယ်လိုအခြေအနေလေးလဲဆိုတာ သုံးသပ်ခန့်မှန်းရင် ဒီအယူအဆတွေကို လုံးဝစွန့်လွှတ်ကြဖို့ တိုက်တွန်းပါရစေ။ 
 
၁။ကိုယ့်ချစ်သူက ဘာမှသက်သေမပြနိုင်ရင်တောင် ကိုယ့်ကို ချစ်တယ်တဖွဖွပြောနေရင် ကျေနပ်နေတာမျိုး
မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူက အပြောလေးကောင်းပြီး ကိုယ့်ကို ပါးစပ်လေးနဲ့ ချစ်ပြရင် ကျေနပ်နေတတ်ကြပါတယ်။ သစ္စာရှိရှိသာနေ တစ်ခြားဘာမှမလုပ်ရင်တောင် ရှာကျွေးထားချင်တတ်ကြတဲ့အထိကို ချစ်တာပါ။ ဒါပေမယ့် ဒီအရာတွေက တကယ်တော့ မိုက်ရူးရဲဆန်လွန်းတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ အထူးသဖြင့် သင့်ကို ဘာလုပ်ပြမယ်၊ ဘယ်အချိန်မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိတယ် စသဖြင့် ကတိတွေပေးပြီး တစ်ခါမက၊ နှစ်ခါမက ဘာမှဖြစ်မလာဘူးဆိုရင် ဒီလို ချစ်သူမျိုး ရေရှည်အတွက် လက်မတွဲသင့်ပါဘူး။ သူက ကိုယ့်ကို နောက်ပိုင်းလည်း အပြောချိုချိုလေးနဲ့ပဲ နှပ်ချနေဦးမှာပါပဲ။

၂။အချစ်ဆိုတာ ပေးဆပ်ဖို့ သပ်သပ်လို့ ယူဆထားတာမျိုး
ဘယ်အရာမဆို အပေး၊ အယူ ဆိုတာရှိကြပါတယ်။ အပေးအယူမျှမှလည်း ရေရှည်မှာ အဆင်ပြေနိုင်မှာပါ။ အချစ်ရေးမှာလည်း ဒီလိုပါပဲ။ တစ်ဖက်တည်းကချည်း စွန့်လွှတ်အနစ်နာခံနေဖို့ မလိုပါဘူး။ အလှည့်ဆိုတာရှိမှ ကြာရှည် လက်တွဲသွားနိုင်မှာပါ။

၃။ကြိုတင်တွက်လို့ရနေတဲ့ အချစ်ရေးဟာ ပျင်းဖို့ကောင်းတယ်ဆိုတာမျိုး
ကိုယ်သဘောကျနေတဲ့ ကောင်လေးက ရိုးသားတဲ့ပုံလေးမို့ သူနဲ့တွဲရမှာ ပျင်းစရာကောင်းတယ်လို့ ထင်ချင်ထင်နေမှာပါ။ ဒီတော့ Player လို့ လူသိများတဲ့ ခပ်မိုက်မိုက်နဲ့ ကောင်မလေးတွေ အသည်းကို ခွဲဖူးခဲ့တဲ့ ကောင်လေးကို ရွေးကြိုက်မယ်ဆိုရင် အဆုံးသတ်ဟာ သင်ထင်သလို လှချင်မှ လှပါလိမ့်မယ်။ အန္တရာယ်ကို ဘယ်တော့မှ လက်ယက်မခေါ်မိပါစေနဲ့။

၎ကိုယ်ဘာလိုအပ်နေတယ်ဆိုတာ ကိုယ်မပြောပဲ သူသိသင့်တယ်ဆိုတာမျိုး
တစ်ခါတစ်လေ အမျိုးသမီးတော်တော်များများဟာ သူတို့အလိုရှိတာ၊ စိတ်ဆန္ဓရှိတဲ့အရာတွေကို ချစ်သူက အလိုက်သိ ဖြည့်ဆည်းနိုင်ရမယ်ဆိုတဲ့ အတွေးတွေ ရှိနေတတ်ကြပါတယ်။ သူတို့လိုချင်တာကတော့ ကိုယ်က ဘာမှမဖွင့်ဟပဲနဲ့ တောင် အလိုက်သိလွန်းတဲ့ ချစ်သူမျိုးပေါ့လေ။။ ဒါမျိုးက အချိန်တိုင်းဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ မဖြစ်နိုင်တာလည်း များပါတယ်။ ဒါကို စိတ်ထဲစွဲပြီး သင့်ချစ်သူကို သွားဆက်ဆံလို့မရပါဘူး။ ကိုယ်ဖြစ်ချင်တာ၊ မေးချင်တာ၊ သိချင်တာကို ဖွင့်ဟဖို့ ကြိုးစားတာက ပိုမြန်ပါတယ်။

၅။ကိုယ်လုပ်ချင်တာတွေကို လျစ်လျူရှုပြီး သူလုပ်ချင်တာတွေကိုသာ ဖြည့်ဆည်းပေးချင်တာမျိုး
သိပ်ချစ်တတ်တဲ့သူမို့ ကိုယ်လုပ်ချင်တာထက် ကိုယ့်ချစ်သူ ဖြစ်ချင်တာကိုသာ ဦးစားပေးတာမျိုးက ဘယ်လောက်ထိ လုပ်နိုင်မှာပါလဲ။ ဥပမာ ကိုယ်ဝါသနာပါတဲ့ အရာတွေ စွန့်လွှတ်ပြီး တစ်ဖက်လူအတွက် သူ့စိတ်ကြိုက်နေထိုင်ပြုမူနေရာတမျိုးကလည်း တစ်သက်လုံး ဖြစ်နိုင်ပါ့မလား။ ဒီအရာဟာ ကြာရင် ပြသနာအကြီးအကျယ် တက်နိုင်တဲ့ ကိစ္စရပ်ပါ။

TrendMyanmar
http://www.searchmyanmar.com/link/frame/cid/53957

အသည်းကွဲနေတယ် ဆိုရင်

ရည်းစားမရှိပဲ တစ်ယောက်တည်းဖြစ်နေပေမယ့် သင့်ကိုပျော်ရွှင်မှုရစေမယ့် အရာများ

ခင်ပွန်းရဲ့ မေတ္တာကို ထာဝရ ရရှိပိုင်ဆိုင်စေဖို့ နည်းလမ်း (၇) သွယ်

ရေမြင့်မှ ကြာတင့်

                           

လောကမှာ ရေမြင့်မှ ကြာတင့်သလိုဘဲ အိမ်ထောင်ဖက်ကောင်းမှ မိန်းမသားဘဝလှပတာ ဘယ်သူမှမငြင်းနိုင်တဲ့အချက်ဘဲ ဖြစ်တယ်…. အိမ်ထောင်တစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင် လုံလောက်တဲ့ ငွေကြေးအပြင် ဘဝအတွက် ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ချို့လိုအပ်တယ် ….

မိန်းမတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်အပြင် ယုံကြည်အားကိုးမှုတွေအပြည့်ပါ ပါတယ်…. ကိုယ့်ဘ၀တစ်ခုလုံး ပုံအပ်ပြီး လက်တွဲလျှောက်လှမ်းရမယ့် အိမ်ထောင်ဦးစီဖြစ်လာမယ့်သူကို ယုံကြည်မှု လေးစား အားကိုးမှု မရှိပဲနဲ့ဘယ်မိန်းခလေးမှ လက်တွဲဖို့ကို ခေါင်းငြိမ့်မှာ မဟုတ်ဘူး…..

မိန်းမ တစ်ယောက်ဟာ ကိုယ့်လင်သားအပေါ် ချစ်တယ်ဆိုတာထက် အားကိုးယုံကြည်လို့ လက်ထပ်တာဆိုရင် ပိုသဘာဝကျတယ်…. ကိုယ့်ကို သူတစ်ကယ်ချစ်တယ်လို့ ယုံကြည်လို့ … ကိုယ့်ကို စိတ်ချမ်းသာ ပျော်ရွှင်အောင် ထားမယ်လို့ ယုံကြည်လို့  … ကိုယ့်ကို ဘယ်တော့မှ ပစ်မသွားပဲ ရိုးမြေကျသစ္စာရှိရှိပေါင်းသင်းမယ့်သူလို့ယုံကြည်လို့ ….လက်ထပ်ကြတာဘဲ ဖြစ်တယ်… ကျွန်မဖတ်ဖူးတယ်…”မိန်းခလေးတွေရဲ့ စိတ်ကူးထဲက အလိုချင်ဆုံး အိမ်ထောင်ဖက်က အရည်အချင်းရှိပြီး ကိုယ့်ကို ကြင်နာ ဂရုစိုက် အလိုလိုက်ပြီး ချစ်တဲ့ယောကျာ်းမျိုးပါဘဲ့တဲ့…”

ဒါဘယ်လောက်ဂုဏ်ယူစရာကောင်းလဲနော်… မိန်းမတယောက်ရဲ့ယုံကြည်မှူကို သင်အိမ်ထောင်ဦးစီးဖြစ်လာတဲ့အခါ ဘယ်သောအခါမှ မဖျက်စီးပါနဲ့…. ယောကျာင်္းကောင်းတို့မည်သည် မိန်းမ၏ယုံကြည်မှူကို ဘယ်တော့မှ မချိုးဖောက်တတ်ကြလို့ ပါဘဲ….

❤️သူများတကာမယုံကြည်ရင်နေပါ….မိမိအိမ်သူမယား မယုံကြည်ရတဲ့သူ ဘယ်တော့မှ အဖြစ်မခံပါနဲ့… ယောင်္ကျားကောင်းတို့ မည်သည် ကိုယ်ကျင့် သိက္ခာကို မိမိရဲ့ အသက်လို တန်ဖိုးထားကြလို့ ပါဘဲ….

❤️သူများတကာ အထင်မကြီးရင်နေပါ…မိမိအိမ်သူမယားက အထင်သေးတဲ့သူ အဖြစ်မခံပါနဲ့…. ယောင်္ကျားကောင်းတို့မည်သည် မိမိရသမျှ သိသမျှကို မထိန်မချန် မကွယ်မဝှက်ဘဲ ပြောတတ်ကြလို့ပါဘဲ…

❤️သူများတကာ ဂရုမစိုက်ရင်နေပါ…မိမိအိမ်သူမယား ဂရုမစိုက်ဘဲ ပစ်ထားတဲ့သူ အဖြစ်မခံပါနဲ့ ….
ယောကျာင်္းကောင်းတို့မည်သည် မိမိ အိမ်ထောင်ဖက်မှတပါး တခြားသူနှင့် မဖောက်ပြန်မိဖို့ ရှောင်ကျဉ်ကြလို့ ပါဘဲ….. တကယ်တော့ အောင်မြင်တဲ့ အိမ်ထောင်တခုမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောကျာ်းဖြစ်သူ၏စိတ်ဓါတ်နဲ့ ခံယူချက်ဟာ တကယ်ကို အဓိကကျလို့ပါဘဲ…. အကြောင်းရှိလို့ အကျိုးဖြစ်ရတယ်ဆိုရင်တောင် အကြောင်းကောင်းဖို့အတွက် မိမိရဲ့ သီလကို မပျက်စေဖို့ ကြိုးစားပါ… အကြောင်းကောင်းမှ အကျိုးပေးကောင်းပြီး ကံကောင်းသူတယောက်ဖြစ်မှာပါ…

လူသားတိုင်း သာယာတဲ့ အိမ်ထောင်တခုကို အောင်မြင်စွာ ထူထောင်နိုင်ကြပါစေ….��

❤️ Nannan Oo Nannan Oo
http://www.searchmyanmar.com/link/comment/cid/44419

အမျိုးသမီးတိုင်း မုန်းတတ်တဲ့ ယောင်္ကျား အမျိုးအစားများ

သူ ကိုယ့်စကား နားဝင်ဖို့အတွက် ဆိုရင်

အိမ်ထောင်မပြုခင် ကိုယ့်ချစ်သူနဲ့တစ်ဘ၀လုံး လက်တွဲဖို့ ဖြစ်နိုင် မဖြစ်နိုင်

တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ချစ်သူနှစ်ဦးကြား ယုံကြည်မှုလေးတွေ မဆုံးရှုံးရလေအောင်




တိုးတက်လာတဲ့ နည်းပညာတွေက ချစ်သူရည်းစားတွေအပေါ် သက်ရောက်မှုတွေ အများကြီး ဖြစ်ပေါ်စေပါတယ်။ သာယာနေတဲ့ အချစ်ရေးဟာ နည်းပညာကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကင်းမဲ့သွားစေနိုင်သလို အစတုန်းက အဆင်မပြေတဲ့ အတွဲ၊ တစ်ဦးနဲ့တစ်ဦး မယုံကြည်တဲ့ အတွဲတွေအတွက်လည်း သူက အဆင်ပြေအောင် ဖန်တီးပေးနိုင်ပါတယ်။ အဲ့ဒီအရာတွေက ဘာတွေများဖြစ်လိမ့်မလဲ။

၁။နည်းပညာကြောင့် ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အကြောင်းအရာတွေကို ခေါင်းထဲမှာ မှတ်ထားလေ့မရှိတော့ပါဘူး။

ဖုန်းထဲမှာ၊ ကွန်ပျူတာထဲမှာ နှစ်ဦးသား အမှတ်တရနေ့တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်စတာတွေကို မှတ်သားလာတတ်ကြတာကြောင့် ဒါဟာ အလေးထားမှုအပိုင်းကို အားနည်းလာစေပါတယ်။ အစစအရာရာ ငါတို့မလုပ်လဲ ဖြစ်တာပဲဆိုတာချည်း အတွေးဝင်သွားတဲ့အခါ နှစ်ဦးသားရဲ့ဆက်ဆံရေးဟာ ချို့ယွင်းချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

၂။ကိုယ့်ချစ်သူကောင်မလေးကို ဘယ်သူက follow လာလုပ်သလဲဆိုတာ ဖုန်းယူပြီး စစ်ဆေးတာတွေ လုပ်လာတတ်ပါတယ်။

တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ် ၊ ကိုယ့်ချစ်သူကို ဘယ်သူတွေ instagramမှာ လာ follow လုပ်သလဲ။ facebook မှာ friend request ပို့ထားသလဲ စသဖြင့် သူ့ဖုန်းယူပြီး စစ်တာဆေးတာတွေ လုပ်လာပြီဆိုရင်တော့ ကြာရင် သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်လာနိုင်သလို သူ့အပေါ်ယုံကြည်မှုမရှိဘူးဆိုတာလည်း ဖော်ပြလိုက်ရာ ရောက်ပါတယ်။

၃။သူဘယ်မှာရှိနေသလဲဆိုတာ တောက်လျှာက်ခြေရာခံတာတွေ လုပ်တတ်ပါတယ်။

ကိုယ့်ချစ်သူ ခုဘယ်မှာရှိနေသလဲဆိုတာကို နောက်ကခြေရာခံ လိုက်ကြည့်တာ၊ သူ့ကို ရောက်တဲ့နေရာ check in လုပ်ခိုင်းတာမျိုးကလည်း နင့်ကိုငါမယုံလို့ဟေး ဆိုပြီး ပြောနေသလိုပါပဲ။

၎။သူရဲ့ passowrd နဲ့ ကိုယ့် password လဲသုံးဖို့ တောင်းဆိုခြင်းတွေ ရှိလာပါတယ်။

တစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာကို ၀င်ရောက်စွက်ဖက်နိုင်တယ်ဆိုပေမယ့် အတိုင်းအတာတွေ ရှိရပါလိမ့်မယ်။ ဖောက်ပြန်ချင်တဲ့သူက ဖောက်ပြန်မှာပါပဲ။ ဒီ paswword ပေးထားပြီး နောက် account အသစ်နဲ့ ရှုပ်လို့ရတာပဲလေ။ ခုလိုမျိုး password တောင်းကြည့်တာ၊ လဲသုံးမယ်ပြောတာကမှ ကိုယ့်ချစ်သူအပေါ် ကိုယ်ဘယ်လောက် မယုံကြည်သလဲဆိုတာ ပြသလိုက်တာမို့ ဒါဟာ သံယောဇဉ်ပိုခိုင်မာအောင် ကြိုးစားဖို့အတွက် နည်းမှန်တော့ မဟုတ်ပါဘူး။

၅။ဒေါသအလျောက် facebook ရဲ့ ကိုယ့်ချစ်သူရဲ့ wall မှာ ပို့စ်လုပ်ခြင်းတွေ ရှိလာပါတယ်။

စိတ်တို၊ ဒေါသထွက်တဲ့အခါ ကိုယ့်ချစ်သူ wall ကို သွားပြီး အပြစ်ပြော၊ အပြစ်တင်တဲ့ ပို့စ်မျိုးတွေ အဆိုးဆုံးက ဆဲဆိုတာမျိုးတွေ ပို့စ်လုပ်ခြင်းဟာ တော်တော်လေးကို ဆိုးရွားလွန်းတဲ့အပြုအမူတစ်ခုပါပဲ။

၆။အရင်တုန်းက ကိုယ့်ချစ်သူတွဲခဲ့တဲ့ ရည်းစားဟောင်းတွေရဲ့ wall ကို သွားကြည့်ပြီး အာရုံနောက်ရတတ်ပါတယ်။

ဘယ်သူမဆို ကိုယ့်ချစ်သူရဲ့ အရင်တုန်းက တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး သ၀န်တိုတာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီသ၀န်တိုတာမျိုးကို အရှည်ချဲ့ပြီး သူတို့ facebook wall ကို သွားကြည့်မိတယ်ဆိုပါစို့။ တစ်ခါတစ်လေ ကိုယ်နဲ့တိုက်ဆိုက်တဲ့ အကြောင်းအရာတစ်ခုကို စတေးတပ်စ်တင်ထားတာ တွေ့ပြီဆိုတာနဲ့ ဒေါသတွေထွက်ပြီး ကိုယ့်ချစ်သူနဲ့ နှစ်ဦးသားရန်ဖြစ်ရတာမျိုးဟာ မတန်ပါဘူး။

၇။သူ သုံးသွားတဲ့ browser history ကို လိုက်စစ်ဆေးခြင်းဟာလည်း နှစ်ဦးစလုံး မလုပ်သင့်ပါဘူး။

အင်တာနက်သုံးတဲ့အခါ ကိုယ့်ချစ်သူ ဘယ်စာမျက်နှာတွေ၊ ဘယ်ဆိုက်တွေ ကြည့်သွားသလဲဆိုတာ သိချင်တာကြောင့် history ကို လိုက်စစ်ဆေးခြင်းကလည်း တစ်ဦးကိုတစ်ဦး မယုံကြည်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Ref:womenshealthmag

ယောင်္ကျားကောင်းတွေက လုံးဝမလုပ်သော အချက်လေးတွေ

ဖူးစာရှင်ဆိုတာ ဘယ်လိုလူမျိုးလဲ

မှန်ကြောင်လေးနဲ့ ကြိုက်ရင် အားသာချက်က ဘာလဲ

သင့်ချစ်သူကို ဘယ်တော့မှ ထုတ်မပြောသင့်တဲ့ လျှို့ဝှက်ချက် (၇)ခု

အိမ်ထောင်ရေးဖောက်ပြန်ခြင်း

သူ - သင့်ကို တကယ်ချစ်/မချစ် ဘယ်လိုခွဲခြားသိနိုင်မလဲ

ချစ်သူကို ကဗျာဆန်ဆန် ချစ်ခွင့်ပန်တဲ့ သူများ



ရိုးရိုး ချစ်ခွင့်ပန်ရင် ချစ်သူက မကြိုက်မှာစိုးလို့ ကဗျာဆန်စွာ ချစ်ခွင့်ပန်ကြတဲ့ သူတွေလည်း ရှိပါတယ်။ တစ်ချို့က လှိုဏ်ဂူ အတွင်းထဲမှာ ချစ်ခွင့်ပန်ကြတယ်။ တစ်ချို့ကတော့ တောင်ထိပ် တောင်ဖျား ပေါ်တက်ပြီး ချစ်ခွင့်ပန်ကြပါတယ်။

ဒါတင်မသေးပါဘူး တစ်ချို့ကတော့ အရမ်းအေးတဲ့ နှင်းခဲတွေကြားထဲမှာ ချစ်ခွင့်ပန်တာလည်း ရှိပါတယ်။ ရေအောက်မှာ ငုတ်ပြီး ချစ်ခွင့်ပန်တာက တစ်မျိုးနှင့် အနုပညာဆန်စွာ ကမ်းခြေမှာ တယောတီးပြီး ချစ်ခွင့်ပန်တာက တစ်ဖုံ အမျိုးမျိုး ရှိကြပါတယ်။

ဒါကြောင့် မိတ်ဆွေကြရင်ရော ဘယ်လို ချစ်ခွင့်ပန်ပါမည်နည်း..။
Ref- 3dfirstaid
ကျော်လင်းနိုင် (ရိုးရာလေး)
 
 https://www.facebook.com/yoyarlaydotcom/posts/922020897841163
Related Posts Plugin for WordPress, Blogger...