စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

မေတ္တာသည်သာ အေးချမ်းရာ


လွန်ခဲ့သော ၁၉၂၅ ခုနှစ် ခန့်မှန်းခြေ အားဖြင့် ဇူလှိုင်လလောက် တုန်းက နယူးယောက်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုကို ရေးသား လိုက်ပါတယ်။

တစ်နေ့ နယူးယောက်မှာ အကြီးတန်း အရာရှိတွေဟာ မြို့ကို ကားဖြင့် ပတ်ပါတယ်။ ထုံးစံအတိုင်း လမ်းကို ဥသြဆွဲပြီး လမ်းရှင်းပေး ရတာပေါ့။ ထိုအချိန်မှာပဲ အရာရှိတွေ၏ ကားများဟာ ရုတ်တရာက် ရပ်လို့သွားပါတယ်။


ဘာလို့ ကားတွေကို ရပ်လိုက်လဲ ဆိုတော့ ကားလမ်းမပေါ်မှာ ကြောင် မကြီးက သူ့သားလေးကို ကိုက်ချီ၍ လမ်းဖြတ်ကူးတာကို တွေ့လိုက်ရလို့ပါ။ ဒါကြောင့် အရာရှိတွေနှင့်တကွ နောက်လိုက်များဟာ ကြောင်သားအမိကို လမ်းဖြတ်ကူးခွင့်ကို ပေးလိုက်ပါတယ်။

ခေါင်းဆောင် အရာရှိက သူ၏ တပည့်တွေကို အခုလို ပြောပါတယ်။ " မည့်သည့် သတ္တဝါမဆို နာကျင်တတ်တဲ့ နှလုံးသားရှိတယ်၊ ကိုယ် ကယ်လိုက်တဲ့ အတွက် တစ်နေ့ ကိုယ့်ကိုယ် ပြန်ကယ်မယ့်သူ ပေါ် လာလမ့်မယ် " လို့ ပြောလိုက်ပါတယ်။

အချုပ်အားဖြင့် ဆိုသော် မည်သည့် သတ္တဝါ မဆို နာကျင်တတ်တဲ့ နှလုံးသားတွေ ရှိတယ်။ လူသားတွေဟာ သူတို့အပေါ်ကို ရက်စက်စွာ မလုပ်သင့်ဘူး။ မေတ္တာထား သင့်တယ်။ မေတ္တာသည်သာ လူတိုင်းအတွက် အေးချမ်းရာ နေရာတစ်ခု ဖြစ်ပါတယ်။

Ref - Do Something
ကျော်လင်းနိုင် (ရိုးရာလေး)

http://myawadynews.blogspot.com/2013/09/blog-post_3851.html

ရှာရှာဖွေဖွေကောင်းတာလေးတွေ(၁)

facebook ကကြိုက်တာတွေလေး ဒေါင်းလုပ်စွဲထားတာလေး ပြန်မျှဝေလိုက်ပါတယ်။ ကြိုက်တယ်ဆိုရင်နောက်လည်းအလျှင်းသင့်ရင်တင်ပေးပါဦးမယ်။
မိုး

အောင်မြင်သော စကားပြောကောင်းသူတစ်ဦးဖြစ်စေရန်။


လူရယ်လို့ ဖြစ်လာတာနဲ့အမျှ လူမှုဝန်းကျင်တွင် အများနှင့် ဆက်သွယ်ကျင်လည်ရမည်မှာ အမှန်ပင် ဖြစ်ပါတယ်။
လူအများနဲ့ စကားပြောဆိုရာတွင် လူအများ နှစ်သက်သည့် စကား၊ နားဝင်ချိုသော စကား အများလက်ခံနိုင်သော စကား
နှင့် လက်မခံနိုင်သော စကားများလည်း ရှိတတ်ကြပါတယ်။ ယခုတင်ပြချင် တာကတော့ လူမှုပရိသတ်အလယ်မှာ ရဲရဲဝံ့ဝံ့
နဲ့ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ မိမိပြောချင်သောစကားများကို လူများစိတ်ဝင်စားဖို့နဲ့ ဂရုတစိုက်နားထောင်စေရန်
အတွက် တွေ့ကြုံရသမျှ ပြောပြရခြင်းသာ ဖြစ်ပါတယ်။



ကျွန်မတို့အားလုံးသည် မွေးလာကတည်းက စကားပြောကောင်းသော သူများ မဟုတ်ကြပါဘူး။ ဒီလိုဖြစ်လာအောင်လေ့လာ လေ့ကျင့်ယူကြရမှာ ဖြစ်ပါတယ်။ ကျွန်မရဲ့ အတွေ့အကြုံလေးတွေ ပြောပြချင် ပါတယ်။ ကျွန်မအရင်တုန်းကလူအများအလယ်မှာ စကားပြောဖို့ နှုတ်ဆွံ့အပြီး မ၀ံ့မရဲဖြစ်တဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကွန်ပျူတာဘွဲ့လွန်
ဒီပလိုမာတက်ပြီးနောက် ပရောဂျက် နှစ်ခု လုပ်ဆောင်ရပါတယ်။ တစ်ခုက ICT Development ဖွံ့ဖြိုးတိုးတက်မှုနှင့်နောက်တစ်ခုက Software Project လုပ်ရပါတယ်။



ပရောဂျက်လုပ်ဆောင်ဖို့ကို အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းဖို့ ကျောင်းက သတ်မှတ်ချက်ချပေးပါတယ်။ ပရောဂျက် လုပ်ဆောင်တဲ့အခါမှာ အဖွဲ့အစည်းနဲ့နေဖို့ ကျင့်သားရလာသလို တစ်ဦးနှင့် တစ်ဦးစိတ်ဓာတ်အရကော နေထိုင်မှုပုံစံတွေပါ ညှိယူရ
တဲ့ အနေအထားတွေပါ ရှိလာခဲ့တယ်။ ဒီတော့ ကျွန်မ ပြောချင်တာက နောက်ဆုံး အဆင့်အနေနဲ့ Presentation လေးခါပြုလုပ်ခဲ့ရပါတယ်။ ပထမတစ်ခါက အစမ်းလေ့ကျင့်မှုနဲ့အတူ ဆရာတွေ အများကြီးအလယ်မှာ ကိုယ်ရေးသားထားတဲ့
Development Plan ကို ရှင်းလင်းပြောကြားရခြင်း ဖြစ်ပါတယ်။ ကျွန်မတို့တာဝန်ခွဲထားတဲ့အတိုင်း ကိုယ့်အပိုင်းနဲ့ ကိုယ်ပြောကြားပြီး အပြန်အလှန်မေးခွန်းတွေ ဖြေကြားရ ပါတယ်။ နောက်ကျောင်းသားကျောင်းသူအများနဲ့ ဆရာ၊ ဆရာမ
တွေအလယ်မှာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို ချပြရတဲ့အခါ စင်ပေါ်တက်လိုက်တဲ့အချိန်မှာ စင်အောက်မှာ
ရှိတဲ့ လူထုပရိသတ်ကို ကြည့်ပြီး ကျွန်မ နည်းနည်းတွန့်သွားမိပါတယ်။



ငါပြောတာ အမှားပါသွားရင် သူတို့တွေ ဘာပြောမလဲဆိုတဲ့ အတွေးဝင်သွားမိ ပါတယ်။ ဒါနဲ့ ကိုယ့်အလှည့်ရောက်ပြောရမယ့်အပိုင်းကို အသံတုန်တုန်နဲ့ စပြီး ရှင်းပြရင်း စာထဲ စိတ်ရောက်သွား တဲ့အခါ စင်အောက်မှာ ရှိနေတဲ့ လူထုကိုလည်း
မမြင်တော့ပဲ ရှင်းပြတာလည်း ဘယ်လိုပြီးလို့ ပြီးသွားမှန်းတောင် မသိလိုက်တော့ဘူး။ အဲဒီရဲ့ အတွေ့အကြုံတွေနဲ့Presentation လေးခါစလုံး အောင်မြင်ချောမွေ့စွာ ပြီးဆုံးခဲ့ပါတယ်။ ဒီတော့ အများရဲ့ အလယ်မှာ ရဲဝံ့စွာ ရပ်တည်ပြီး
အားလုံးရဲ့ ဂရုတစိုက် စိတ်ဝင်စားခြင်းကို ခံစားရရှိစေရန် Presentation တစ်ခုမှာ ဘာတွေလိုအပ်မလဲ၊ ဘာတွေပြင်ဆင်ရမလဲ ဆိုတာကို ဆက်လက်ပြောချင်ပါတယ်။

        

ကုမ္ပဏီတွေမှာ ကိုယ့်ရဲ့ ထုတ်ကုန်တွေ ပြုလုပ်ပြသတော့မယ်ဆိုရင် စကားပြောကောင်းစေရန်အတွက် Presentationတစ်ခုမှာ တင်ဆက်သူသည် အကြောင်းအရာကို စိတ်ပါဝင်စားမှု ပြင်းထန်ရပါမယ်။ နောက် ရိုးရှင်းလွယ်ကူတဲ့ အသုံးအနှုန်းတွေနဲ့ ပြတ်သားစွာ တင်ပြနိုင်ရပါမယ်။ သရုပ်ပြတွေနဲ့ တင်ဆက်ပြသနိုင်ရမယ်။



Key Components of a Presentation

-       သရုပ်ပြနိုင်ရမယ်။
-       အကျိုးအကြောင်း ခိုင်လုံစွာဖြင့် တင်ပြနိုင်ရမယ်။
-       အချိန်ကိုက် ရှင်းပြနိုင်ရမယ်။
-       သူတစ်ပါး နားလည်အောင် ရှင်းလင်းစွာ ပြောဆိုနိုင်ရမယ်။
-       ပရိသတ်နှင့် ပြောမယ့်အကြောင်းအရာကို နားလည်ပြီး ဖြစ်ရမယ်။
-       စ၊ လယ်၊ ဆုံး ညီညွတ်စွာဖြင့် ရှင်းရှင်းလင်းလင်း တင်ပြနိုင်ရမယ်။


အရင်ဆုံး ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ထားရမယ်။ အချက်အလက်တွေ ကြိုတင်စုဆောင်းထားပြီး ပြောမယ့်
အကြောင်းအရာကိုလည်း ကြိုတင်စဉ်းစားထားရပါမယ်။ ကြိုတင်ပြင်ဆင်ရာမှာ အရေးကြီးတဲ့ အချက်တွေက ပြောချင်
တဲ့ရည်ရွယ်ချက်၊ ပရိသတ်၊ တည်နေရာစတဲ့နေရာကိုလည်း ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ပြောချင်သောရည်ရွယ်
ချက်ဆိုတာက ကိုယ်ကဘာကိုပြောချင်တာလဲ၊ သတင်းပေးခြင်း၊ အကြောင်းကြားခြင်း၊ ဆွဲဆောင်ခြင်း၊ ရှင်းလင်းပြသ
ခြင်းနှင့် ဖျော်ဖြေခြင်းလားဆိုတာကို အရင်ဆုံးခွဲခြားထားဖို့ လိုပါတယ်။ နောက်ပရိသတ်ကိုလည်း စဉ်းစားကြည့်ရအောင်
ဘယ်လိုလူမျိုးလဲ၊ ဘာကြောင့် လာနားထောင် ရသလဲ၊ လူဦးရေ၊ ပညာအရည်အချင်း၊ အသက်အရွယ်၊ နောက်ခံအခြေ
အနေ၊ ဘယ်လောက်သိထားပြီးသားလဲ၊ ဘယ်လိုသဘောထားမျိုးရှိကြလဲဆိုတာကို ကြိုတင်စဉ်းစားထားသင့်တဲ့ အပိုင်း
တစ်ခုပါပဲ။ အရေးကြီးတဲ့ တည်နေရာကတော့ နေရာ၊ အကျယ်အ၀န်း၊ ပုံစံတွေအပြင် ထိုင်ခုံအခင်းအကျင်း နေရာ
ဘယ်လိုချထားမလဲ။ အခန်းရဲ့ အလင်းအမှောင်၊ သဘာဝ လျှပ်စစ်မီး လိုအပ်ချက်တွေလည်း ဖြည်းဆည်းထားဖို့
လိုအပ်ပါတယ်။



     အဓိကကတော့ လူများ စိတ်ဝင်စားတဲ့ ခေါင်းစဉ်ရွေးချယ်နည်းပဲ ဖြစ်ပါတယ်။


-       ဆွဲဆောင်မှုရှိအောင် ပြောရန်
-       စိတ်ဝင်စားဖွယ်ကောင်းသော ခေါင်းစဉ်ရွေးချယ်ရန်
-       ပရိသတ်ကို ရှင်းလင်းစွာ ပြောပြထားရန်
-       ချက်ချင်းသဘောပေါက်သွားအောင်၊ နားလည်သွားအောင် ပြောနိုင်ပါစေ
-       ခေါင်းစဉ်ကွဲများဖြင့် ရှင်းလင်းပါစေ
        စတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ ခေါင်းစဉ်ကောင်းများကို ရွေးချယ်တတ်ပါစေ။

        

ပြောမည့်အကြောင်းအရာတွေ အစီအစဉ်တစ်ကျရှိရန် အရေးကြီးလှပါတယ်။ အကျိုးအကြောင်း အကျိုးဆက် ခိုင်လုံစွာ
ဖြင့် တင်ပြပါ။ လိုအပ်ပါက စာလုံး၊ ဓာတ်ပုံ၊ သရုပ်ပြပုံများ ဝေေ၀ဆာဆာ သုံးသင့်ပါတယ်။ Bullet Points များတပ်ခြင်း၊
Diagrams ထည့်သွင်းခြင်း၊ Pictures များနှင့် Animations များကိုလည်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် သုံး
တတ်ဖို့ လိုပါတယ်။ စာသားများကိုလည်း ထင်သာမြင်သာရှိပါစေ။ ခေါင်းစဉ်အရွယ်အစားကိုလည်း 32 Points လောက်
ထားပြီး ဒုတိယခေါင်းစဉ်ကို 26 Points ထက် မသေးအောင်ပြုမူသင့်ပါတယ်။ ရှုပ်ထွေးသော စာလုံးများ မသုံးဘဲ ရိုးရှင်း
သော စာလုံးများသာ သုံးသင့်ပါတယ်။
        


ပြောချင်သော အကြောင်းအရာများကို အချက်နည်းနည်းနှင့် ရှင်းရှင်းလင်းလင်း သုံးသင့်ပါတယ်။ ၀ါကျတွေကိုလည်း
အပြည့်အစုံရေးဖို့ မလိုအပ်ပါဘူး။ ပထမဆုံး အရေးကြီးတာကတော့ First impression ပါပဲ။ ကြောက်ရွံ့မှုကို လျှော့ချ
ထားရပါမယ်။ စတင်မပြောခင်မှာ မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ထားရမယ်။ အသက်ကို ပုံမှန်ရှူပါ။ စိတ်လည်း
ငြိမ်သက်မှုရှိပါစေ။ ကိုယ်ပြောချင်သော အကြောင်းအရာများ မပြောခင် ပရိသတ်အလယ်ရောက်ပြီဆိုတာနဲ့ မျက်နှာ
အမူအယာကို ပြုံးရွှင်စွာထားထားပါ။ ပရိသတ်အားလုံးကို စင်ပေါ် ရောက်တာနဲ့ ဝေ့ပြီး မျက်လုံးချင်းဆက်သွယ်မှုယူပြီး
လိုအပ်ပါက ကိုယ်ဟန်အမူအယာနဲ့ပါ လုပ်ဆောင်ရပါမယ်။ အသံဖြင့်လည်း လူထုပရိသတ်ကို ဆွဲဆောင်မှုရှိရပါမယ်။



လူတိုင်းကို မျက်လုံးချင်းဆုံပြီး ကြည့်ရန် ကြိုးစားပါ။ တစ်ခါတလေ သင်လည်း မြင်ဖူးချင် မြင်ဖူးကောင်း မြင်ဖူးမှာပါ။
စကားသံသာ ကြားပြီး ဟောပြောသည့်လူကို ပရိသတ်က သဲသဲကွဲကွဲ မမြင်ရတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သတိ
ပေးချင်တာက ခုံနောက်မှာပဲ ပုန်းကွယ်မနေပါနှင့်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ရဲရဲဝံ့ဝံ့ ပြောဆိုဆွေးနေါးနိုင်
သူဖြစ်ပါစေ။ ပရိသတ်ရှေ့ရောက်ပြီဆိုတာနဲ့ ကြောင်အစွာ ရပ်မနေပဲ ပြောရမည့်အကြောင်းအရာများကို အလွတ်မှတ်မိ
ပါစေ။ ပြောချင်သည့်အကြောင်းအရာများကိုလည်း ရိုးရိုးရှင်းရှင်း၊ လွယ်လွယ်ကူကူပဲ ပြောပါ။ တစ်ဆက်တည်း ကျေးဇူး
တင်စကားပြောပါ။ ပရိသတ်ကို နှုတ်ဆက်စကား ပြောပါ။ ပြောမည့် ခေါင်းစဉ်ကိုလည်း ပြောပြပါ။ ကြာချိန်ကို ကြိုတင်
ပြောထားပါ။ လက်ကမ်းစာစောင်များ ဝေပေးပါ။ နားထောင်ခြင်းဖြင့် ဘာရမည်ဆိုသည် ကိုလည်း ကြိုတင်ပြောကြားပါ။
        


ဟောပြောပွဲစတင်သည်နှင့် ခေါင်းစဉ်၊ ရည်ရွယ်ချက်၊ ဟာသ၊ မေးခွန်းစသည်ဖြင့် စတင်ပြောကြားပြီး စီစဉ်တကျ စနစ်
တကျ တင်ပြရန် လိုအပ်ပါတယ်။ နောက် ပြောချင်သော အဓိကအချက်များကို သေချာပြန်လည်ရှင်းပြရန် လိုအပ်ပါ
တယ်။ အာရုံစိုက်စေချင်သော အကြောင်းအရာတွေကိုလည်း ထပ်ကာ ထပ်ကာ ပြန်ပြောပါ။ နိဂုံးချုပ်ရင်လည်း အချက်
အလက်ခိုင်ခိုင်လုံလုံဖြင့် ဒါမှမဟုတ် အဆို အမိန့်များဖြင့်လည်း အဆုံးသတ်နိုင်ပါတယ်။ ဒီလိုပြီးတာနဲ့ တစ်ဆက်တည်း
မေးခွန်းများ မေးနိုင်အောင် ပရိသတ်ကို သေချာကြည့်၍ အမေးအဖြေကိုစတင်ပါ။ မေးသောသူများရဲ့ မေးခွန်းကို သေ
ချာနားထောင်ပါ။ ဖြေကြားတဲ့အခါမှာလည်း မျက်လုံးကို ကြည့်၍ သေချာဖြေဆိုပါ။ မေးခွန်းများကို နားလည်ကြောင်း
အမူအယာဖြင့်လည်း ပြသနိုင်ပါတယ်။
        


ပရိသတ်ရဲ့ မေးခွန်းများကို ဖြေဆိုတဲ့အခါ ယုံကြည်မှု အပြည့်ရှိပါ။ စိတ်ရှည်သည်းခံပါ။ အားလုံးကို ကောင်းကောင်းဆက်
ဆံပါ။ မဖြေနိုင်လည်း ရိုးသားစွာ မသိရင် မသိကြောင်း ၀န်ခံပြီး ဖြေဆိုရန် ငြင်းဆိုနိုင်ပါတယ်။ ကိုယ်ပြောမည့် အကြောင်း
အရာများကို စ လယ် ဆုံး အစစအရာရာ ပြင်ဆင်ထားမည် ဆိုပါက သင်သည် လူအများရဲ့အလယ်မှာ အောင်မြင်သော
စကားပြောကောင်းသူတစ်ဦး ဖြစ်လာမည်မှာ မုချဧကန်ပင် ဖြစ်ပါတော့တယ်။






မနောဖြူလေး ကလောင်အမည်ဖြင့်
မြန်မာအိုင်စီတီဂျာနယ်တွင် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။

အကြီးစားအိပ်မက် မက်ကြပါ


ကျွန်တော်က အရမ်းစာဖတ်ဝါသနာပါတယ်။ စာအုပ်မျိုးစုံအောင် ဖတ်တယ်။ ကိုယ်မမွေးခင်က ထွက်တဲ့စာအုပ်တွေလည်း ရှာဖွေဖတ်ရှုတယ်။ အခုနောက်ဆုံးထွက်တဲ့ စာအုပ်ဆိုလည်း ကိုယ်ကြိုက်ရင် ၀ယ်ဖတ်တယ်။ ရန်ကုန်ရောက်တဲ့အခါ ပန်းဆိုးတန်းမှာရှိတဲ့ စာအုပ် အဟောင်းဆိုင်တွေက စာအုပ်ပေါင်းများစွာ ၀ယ်ဖြစ်တယ်။ မန္တလေးညဈေးက စာအုပ်ဆိုင်တွေကို လည်း မကြာခဏရောက်တယ်။ ကျွန်တော်ရတဲ့ ၀င်ငွေထဲက ရာခိုင်နှုန်းတော်တော်များများက စာအုပ်ဖိုးနဲ့ကုန်နေတယ်။ အိမ်မှာ စာကြည့်တိုက် အလတ်စားလောက်ရှိတဲ့ စာအုပ်တွေ စုဆောင်းမိ တယ်။
ပြောရရင်တော့ ကျွန်တော်ဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရခဲ့ပါတယ်။ ဒါက ဘာကြောင့် လဲ့လို့ အကြိမ်ကြိမ်စဉ်းစားတွေးတော မိပါတယ်။ ကျွန်တော့် ဘ၀အခြေအနေ တိုးတက်လာတာဟာ စာဖတ်တဲ့ အကျိုးကျေးဇူးလို့ ယုံကြည်မိပါတယ်။ စာဖတ်ရုံသက်သက်တော့ မဟုတ်ပါဘူး။ စာဖတ်ပြီး လိုက်နာ ကျင့်သုံးခဲ့တဲ့အတွက်ဖြစ်ပါတယ်။
ကျွန်တော် စာအုပ်တွေ ဖတ်စတော့ ၀တ္ထုတွေပါ။ ပထမဆုံး စဖတ်ဖြစ်တဲ့ စာအုပ်ကတော့ သူငယ်ချင်း အိမ်ကို အလည်သွားရင်း တွေ့ရတဲ့ တက္ကသိုလ်ဟန်ဝင်းအောင်ရေးတဲ့ ဖွတ်ကြားဖူးစာ ဆိုတဲ့ ဟာသ လုံးချင်းစာအုပ်ပါ။ စာအုပ်က တော်တော်လေးကို ဟောင်းနွမ်းနေပါပြီ။ စာဖတ်တဲ့ အလေ့အကျင့် စွဲသွားစေတဲ့ စာအုပ်ပေါ့။ အခုအချိန်မှာ ဇာတ်လမ်း၊ ဇာတ်ကွက်တွေ မမှတ်မိတော့ပါဘူး။ စာရေးသူနဲ့ စာအုပ်အမည်ကတော့ အခုအထိ သတိရနေဆဲပါ။
ဒီလိုနဲ့ စာအုပ်တွေ အဖတ်များလာတယ်။ ၀တ္ထုစာအုပ်တွေပါ။ နောက် မဂ္ဂဇင်း၊ ဂျာနယ်တွေ ဖတ်ဖြစ်တယ်။ ကိစ္စတစ်ခုနဲ့ နောင်ချိုမြို့နယ်က ရတနာသိင်္ဂီသတ္တုတွင်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းဆီကို ရောက်သွားတော့ ဆရာကြီးရွှေဥဒေါင်း ရဲ့ အကြံဥာဏ်ဖြင့် ကြီးပွားရေးစာအုပ်ကို သွားတွေ့တယ်။ စာအုပ်ကို ကိုင်မိပြီး တစ်ခန်းချင်း ဖတ်သွားတယ်။ ကိုယ်ပိုင်စာအုပ်မဟုတ်တော့ စာအုပ်ထဲမှာ ဘာအမှတ်အသားမှ မလုပ်ရဲဘူး။ စာအုပ်တစ်အုပ်လုံးကို တစ်ခေါက်ဖတ်ပြီးတော့ နောက်တစ်ခေါက် အစအဆုံးပြန်ဖတ်တယ်။ ဒီလို တက်ကျမ်းလို့ခေါ်တဲ့စာအုပ်ကို ပထမဦးဆုံးအကြိမ် ဖတ်ဖြစ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ဘူးတာတွေကို စိတ်ကူးယဉ်ပစ်လိုက်တယ်။ ဗလာစာအုပ် ၃ အုပ် ၀ယ်လိုက်တယ်။ အဲဒီစာအုပ်ထဲက ကြိုက်နှစ်သက်တာတွေကို လိုက်ကူးတယ်။ ဗလာစာအုပ် ၃ အုပ်နဲ့ အပြည့်ပဲ။ အခုအထိ အဲဒီဗလာစာအုပ်ကို သိမ်းဆည်းထားပါတယ်။ သူငယ်ချင်းဆီက ပြန်လာတော့ ကျွန်တော် ရတနာမြေပုံကို ရခဲ့တဲ့အတိုင်း အလွန်ပျော်ရွှင်ခဲ့တယ်။
ပြောရဦးမယ်။ အဲဒီ ဆရာကြီးရွှေဥဒေါင်းရဲ့ စာအုပ်ကို ဖတ်နေတဲ့အချိန်မှာ ကျွန်တော် တက္ကသိုလ် ၀င်တန်းကို ဖြေထားတဲ့အချိန်ပါ။ အောင်စာရင်းထွက်တော့ ကျွန်တော့် နံမည်မပါဘူး။ ကျွန်တော် စိတ်ဓာတ်မကျဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာကြီးရွှေဥဒေါင်းရေးထားတဲ့ စာအုပ်ထဲက စာတွေဟာ ကျွန်တော့်ဘ၀အတွက် ခွန်အားတွေဖြစ်နေတာကိုး။ စာအုပ်ထဲမှာပါတဲ့အတိုင်း ကျွန်တော် လက်တွေ့ လိုက်နာ ကျင့်သုံးမယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်။ တကယ်လည်း လက်တွေ့လိုက်နာခဲ့တယ်။
ဆရာကြီးရေးတဲ့ စာအုပ်ထဲက တစ်ချို့စာတွေကို အလွတ်ကျက်တယ်။ ယနေ့တိုင် မှတ်မိတယ်။ ဘယ်အချိန်ချရေးရေး ရေးနိုင်တယ်။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့တယ်။ မန္တလေးမြို့ကို တစ်ကိုယ်တော် ပြောင်းရွှေ့လာတယ်။ ကျွန်တော့်မှာ ဘာမှ တန်ဖိုးရှိတာပါမလာဘူး။ စက်ဘီးစုတ် တစ်စီး၊ ထင်းရှူးသေတ္တာတစ်လုံး၊ ဒန်အိုးတစ်လုံး၊ ပန်းကန်တစ်ချပ်၊ ဇွန်းတစ်ချောင်း၊ အိပ်ယာလိပ်နဲ့ အ၀တ်အစား သုံးစုံ ပဲ ပါလာတယ်။ တန်ဖိုးအရှိဆုံးကတော့ ဆရာကြီးရွှေဥဒေါင်းစာအုပ်ထဲက အကြောင်းအရာတွေကို ကူးထားတဲ့ ဗလာစာအုပ် ၃ အုပ်ပေါ့။ အခုတော့ အဲဒီစာအုပ် ၃ အုပ်ကို တွဲပြီး ပေါင်းချုပ်ထားတယ်။ ဘ၀မှတ်စုဆိုပြီး အမည်ပေးထားတယ်။
မန္တလေးရောက်တော့ စာအုပ်ဆိုင်တွေ သွားဖြစ်တယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ အကြံဥာဏ်ဖြင့် ကြီးပွားရေးစာအုပ်ကို တွေ့တော့ အပိုင်ဝယ်လိုက်တယ်။ အခုဆိုရင် အဲဒီစာအုပ်ကို ဖတ်တာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ကိုယ်ပိုင် ၀ယ်ထားတော့ အဲဒီစာအုပ်မှာ လိုင်းသားတာတွေ၊ အရောင်ခြယ်တာတွေ စုံနေတာပဲ။ ကျွန်တော့်ဘ၀တိုးတက်မှုကို လေ့လာလိုက်တဲ့အခါ ဟုန်းကနဲ ထတောက်တဲ့ ကောက်ရိုးမီးလို မဟုတ်ဘူး။ ရှားမီးလို တဖြည်းဖြည်းချင်း ရဲလာတာ။
ကျွန်တော် အခုလိုရေးပြနေတဲ့ အကြောင်းရင်းကတော့ Social Network မှာ တွေ့ဆုံရတဲ့ သူငယ်ချင်းတွေကို တိုးတက်စေချင်တဲ့ဆန္ဒပါ။ ဆရာကြီးလုပ်လိုတဲ့ ဆန္ဒ လုံးဝမပါပါဘူး။ တက်ကျမ်း တွေအများကြီးရှိပါတယ်။ တစ်အုပ်လောက်ဖြစ်ဖြစ် ရှာပြီးဖတ်ကြည့်စေချင်ပါတယ်။ လက်တွေ့ ကျင့်ကြံလိုက်နာကျင့်သုံးကြည့်ပါ။ မအောင်မြင်ခင်မှာ ဇွဲကောင်းပါ။ သည်းခံပါ။ စိတ်ရှည်ပါ။ အောင်မြင်သူတွေကို လေ့လာပါ။
အရေးအကြီးဆုံးက ဆရာကြီးရွှေဥဒေါင်းရဲ့စာအုပ်ထဲမှာ “သင့်အကြံအစည်ကို တစ်လောကလုံးအား ထုတ်ဖော်၍ မပြောခင် ရှေးဦးစွာလုပ်ပြလော့”ဆိုတဲ့ အတိုင်း ကိုယ့်အကြံအစည်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ ကျွန်တော်က အဲဒီအတိုင်း လိုက်နာကျင့်သုံးတယ်။ ဖြစ်ချင်တာတွေကို စာအုပ်ထဲမှာ အမှတ်စဉ်တပ်ရေးထားတယ်။ မကြာခဏ ဖတ်တယ်။ ဘယ်ဟာက ဖြစ်ချိန်တန်ပြီ။ ဘယ်ဟာက အချိန်ယူဖို့လိုတယ်။ ဘယ်ဟာက ခေတ်ကာလအခြေအနေနဲ့ မကိုက်ညီလို့ ပယ်ဖျက်သင့်တယ်။ ဘယ်အချက်ကို ထပ်မံဖြည့်စွက်သင့်တယ်ဆိုပြီး သေသေချာချာ မှတ်တမ်းတင်ထားတယ်။
ကျွန်တော်က အဲဒီလိုရေးသားထားတာတွေကို ပြန်ပြီး သုံးသပ်တယ်။ ပြောရရင်တော့ ကျွန်တော့်ရဲ့ အကြီးစားအိပ်မက်တွေပေါ့။ အဲဒါတွေကို အခု ပြန်ပြီး ကောက်ချက်ချလိုက်တော့ အကြီးစားအိပ်မက် ၂၀ မှာ ၁၅ ခု အောင်မြင်ခဲ့တယ်။ လက်ဆုပ်လက်ကိုင် ပြနိုင်အောင်ကို ကျွန်တော် ကြိုးစား အားထုတ်ခဲ့ပါတယ်။
ဒါ့ကြောင့်-
“အကြီးစား အိပ်မက်တွေ မက်ပါ။ လူတို့၏ ၀ိညာဉ်ကို အကြီးစားအိပ်မက်များကသာ ရွေ့လျားနိုင်စွမ်း ရှိသည်”ဆိုတဲ့ မားကပ်အော်ရီလီရပ်စ် ရဲ့ စကားအတိုင်း သင့်အကြီးစားအိပ်မက်တွေက သင့်ဘ၀ကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။
၁။ ဖြစ်ချင်တဲ့ အကြီးစားအိပ်မက်တွေကို စာအုပ်တစ်အုပ်ထဲမှာ ချရေးထားပါ။
၂။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကို မွေးပါ။
၃။ အချိန်မဆွဲဘဲ လုပ်စရာရှိတာကို ချက်ချင်းလုပ်ပါ။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၁-၆-၂၀၁၂)

မိမိပစ္စည်း..မိမိတာဝန်....

“သိပ်စွဲဆောင်မှုရှိတာပဲ ”
“အရသာက စိမ့်စိမ့်လေး”
“နွားနို့ရပြီး ”
“ခေတ်မှီ ဆေးကုခန်း”
“ရွှေမြင့်မိုရ် စားသောက်ဆိုင်”
. . .
ခေတ်တွေပြောင်းတာ မြန်လိုက်တာလို့ မကြာမကြာတွေးမိပါတယ်။ တိုးတက်လာကြတာတွေ မြင်ရ
တော့ ၀မ်းသာရသလို၊ ဆုတ်ယုတ်သွားတာတွေ မြင်ရပြန်တော့လည်း ရင်ထဲမှာဝမ်းနည်းလာတာ
ကြောင့် ဒီ ဆောင်းပါး ကို ရေးဖြစ်တာပါ။ မကျေနပ်လို့ ပေါက်ကွဲတယ်ထင်လည်း ထင်နိုင်ပါကြောင်းတော့
ပြောထားပါရစေ ။
စာရေးသူတို့ခေတ်က လေးငါးတန်းဆိုရင် ကဗျာလေးတွေမတောက်တခေါက်တော့ ရေးစပြုနေကြ ပါပြီ။ လေးတန်းကျောင်းသားဘ၀က စာရေးသူရေးခဲ့တဲ့ ကဗျာလေးပါ ...
ငယ်ငယ်ကတော့၊ ခပ်ပျော့ပျော့
ယခုမူကား၊ စိတ်မထွေပြား
ဘ၀ကပေးလာ၊ အသည်းမာကြောင့်
သတ်ရဲသေရဲ၊ နေရဲပြီ ...
မဆိုးပါဘူးနော်။ နှပ်တွဲလောင်းဘ၀က ကဗျာလေး။ အခုတော့လည်း ခေတ်တွေပြောင်းခဲ့ပြီ ထင်ပါရဲ့။ နောက်ပေါက်ကျောင်းသားလေးတွေဟာ သင်ရိုးထဲက ကဗျာကိုတောင် အမြီးအမောက်တည့်
အောင် တော်တော်ကြိုးစားပြီး ဖတ်နေကြရရှာပါတယ်။ ကိုယ်တိုင်ရေးဖို့များတော့ အိပ်မက်တောင်မမက် ရဲ ရှာကြပါ။ မက်ရဲရင်တောင် မက်မယ့်ပုံမပေါ်တော့ပါ။ ရသခံစားမှုစွမ်းရည်လည်း အားနည်းနေပါပြီ။
ဒီဘက်ခေတ်ကျောင်းသားလေးတွေရဲ့ မြန်မာစာအရည်အသွေးတွေ ကြည့်ရတာလည်း စာရေးသူတို့
အတော်ကြီးကို ရင်လေးပါတယ်။
စာရေးသူတို့ခေတ်က အပန်းဖြေစရာဆိုလို့ စာဖတ်တဲ့ အလုပ်ပဲရှိတာပါ။ ရုပ်မြင်သံကြား ဆိုတာကလည်း ပေါ်ဦးပေါ်ဖျားဆိုတော့ သိပ်ခေတ်မစားပါ။ ကက်ဆက်ဆိုတာကလည်း သူဌေးသုံး ပစ္စည်း။ ဒီတော့ ပျင်းပျင်းရှိရင် စာကြည့်တိုက်သွားပြီး စာဖတ်ပေါ့လေ။ ဒီတော့ကလေးဘ၀ကတည်းက
စာပေနဲ့ ရင်းနှီးကြပါတယ်။ ဒီဘက်ခေတ်ကလေးများကြတော့ ကံကကောင်းလွန်းနေပါရော။ တိုးတက်တဲ့ နည်းပညာနဲ့အတူ အပန်းဖြေစရာတွေကလည်း ဖောခြင်းသောခြင်း။ တီဗွီဂိမ်းရုံသွားမလား၊ အိမ်မှာပဲ ရုပ်ရှင်ကြည့်ကြမလား၊ အင်တာနက်ပဲ သုံးကြမလား၊ အချိန်ဖြုန်းစရာတွေ အလွန်များတဲ့ခေတ် ပါ။ ဒီတော့လည်း ကလေးတွေဟာ စာပေနဲ့ သိသိသာသာကြီးကို ဝေးလာကြပြီပေါ့။
ကလေးပဲ စာပေနဲ့ဝေးတော့ ဘာအရေးကြီးလို့လဲလို့ မေးချင်တဲ့လူတွေလည်း ရှိမှာပါ။ ဒါဆိုရင်တော့ ဆရာတော်ဦးဉာဏိဿရ ပြောဖူးတဲ့ သြ၀ါဒတစ်ခွန်းနဲ့ပဲ ချေပရပါလိမ့်မယ်။ “ကလေးကလေး အထင်မသေးနဲ့၊ ကလေးကလူကြီးဖြစ်တာ”တဲ့။ ဟုတ်ပါတယ်။တိုင်းပြည်ရဲ့ အနာဂတ်ဟာ သူတို့လေးတွေပါ။ စာပေမြတ်နိုးတဲ့ ကလေးတွေကနေကြီးပြင်းလာမှ စာပေမြန်နိုးတဲ့ လူကြီးတွေ ဖြစ်လာမှာပေါ့။ နွားသေးလေးတွေကနေ ဆင်ကြီးတွေဖြစ်မလာပါ။ နွားကြီးတွေဖြစ်လာကြမှာတော့ သေချာပါတယ်။ ပြီးတော့ ချင်းလူမျိုးတွေရဲ့စကားပုံကိုလည်းမမေ့သင့်ပါ။ နွားနောက်ကျားက နွားကျား ပဲမွေးပါသတဲ့။ ဒါဆိုရင် ကလေးတွေစာပေနဲ့ဝေးကြတာ စာရေးသူတို့ လူကြီးတွေရဲ့တာဝန်လဲ သိပ်တော့ကင်းမယ်မထင်ပါ။
စာရေးသူတို့ပတ်ဝန်းကျင်ကိုရော သတိထားကြည့်ပါဦး။ စာလုံးပေါင်းသတ်ပုံတွေ ဘယ်လောက်တောင်ဖောင်းပွနေကြပြီလဲ၊ တစ်ချို့သတ်ပုံမှားတွေဆိုရင် မှားပါများနေလို့ အမှန်တောင် ထင်နေကြပါပြီ။ ကြည့်ပါ ....
“သိပ်စွဲဆောင်မှုရှိတာပဲ ”
“အရသာက စိမ့်စိမ့်လေး”
“နွားနို့ရပြီး ”
“ခေတ်မှီ ဆေးကုခန်း”
“ရွှေမြင့်မိုရ် စားသောက်ဆိုင်”
ရေးပြရရင် ကုန်နိုင်ဖွယ်မရှိပါ။ ပိုပြီးစိုးရိမ်ဖို့ကောင်းနေတာက ဒီစာတွေ၊ ဆိုင်းဘုတ်တွေက လူကြီးတွေ ရေးထားကြတာတွေချည်းပါ။ ဆေးခန်းနံမည်တောင် ပါနေပါသေးတယ်။ ဘယ်လိုဆရာဝန် တွေလည်းလို့မေးရင် ကိုယ့်ရှူးကိုယ့်ပတ်မှာစိုးလို့ မမေးရဲကြောင်းပါ။
ကမ္ဘာပေါ်မှာ မြန်မာဆိုတာ တစ်နိုင်ငံတည်းရှိပါတယ်။ မြန်မာစကားပြောတဲ့ မြန်မာလူမျိုးဆိုတာ လည်း တစ်မျိုးသာရှိပါတယ်။ စာရေးသူတို့ အမေရိကန်မှာ နေပေမယ့် အမေရိကန်လူမျိုးမဖြစ်ပါ။ အမေရိကန်နိုင်ငံသားပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်မှာနေနေမြန်မာလူမျိုးပဲ ဖြစ်နေမှာပါ။ မပြောင်းလဲတော့
တဲ့ ထာဝရသစ္စာပါပဲ။ ဘိုလိုဘယ်လောက်ပဲ တတ်နေပါစေ၊ မြန်မာလျှာဟာ မြန်မာစကားပြောရတာကိုပဲ ပိုပြီးအာတွေ့ပါတယ်။
ဒါကြောင့် ကိုယ့်စာပေကိုထိန်းသိမ်းရမှာ စာရေးသူတို့ တာဝန်ပါ။ ဘယ်သူကမှလာပြီး ထိန်းမပေးပါ။ စာပေပျက်စီးသွားရင်လည်း စာရေးသူတို့လူမျိုးကလွဲပြီး ဘယ်သူကမှလာပြီးဝမ်းမနည်းပါ။ ကိုယ့်ပစ္စည်းလေးတွေကိုတော့ ကိုယ်တိုင်ထိန်းသိမ်းရပါလိမ့်မယ်။ အရင်က လိုင်းကားတွေမှာ ရေး
ခဲ့ကြတဲ့ စာတမ်းလိုပေါ့။ “မိမိပစ္စည်း၊ မိမိတာဝန်” ပါတဲ့။
ပညာရေးလိုက်စားကြတဲ့ လူငယ်တိုင်း သတိထားမိကောင်းသတိထားမိပါလိမ့်မယ်။ အင်္ဂလိပ်စာကို လေ့လာမယ်ဆိုရင် Grammar စာအုပ်တွေပေါလိုက်တာမှ ဖောချင်းသောချင်းပါပဲ။ မြန်မာစာလေ့လာမယ်ဆိုပြီး မြန်မာသဒ္ဒါစာအုပ်လေးများရှာကြည့်ပါ။ ဘုန်းကြီးတွေသင်ရတဲ့ ပါဠိသဒ္ဒါပါ ထည့်ပေါင်းရင်တောင် စာအုပ်ပေါင်းကလက်ဆယ်ချောင်းပြည့်အောင် မရှိချင်ပါ။ အဆိုတော်ချစ်ကောင်း စကားးကို ငှားပြောရရင်တော့ “အဲဒီမှာ စတွေ့တာပါပဲ”၊
စာရေးသူတို့လူကြီးတွေ ကိုယ်တိုင်ကရော လူငယ်တွေအတွက် မြန်မာစာအထူးပြုသင်တဲ့ သင်တန်းတွေများ ဖွင့်ပေးကြဖူးပါသလား။ ကြားတောင်မကြားဖူးပါ။ အင်္ဂလိပ်စကားပြောသင်တန်းများ မှိုလိုပေါက်နေသလောက် မြန်မာစာစာစီစာကုံးရေးနည်းသင်တန်းလေးများ ဖွင့်ပေးကြရင် မကောင်း ပေဘူးလား။
တကယ်တော့ စာရေးသူတို့ မြန်မာတွေကိုယ်တိုင်လည်း မြန်မာစကားမပြောတတ်ကြသေးတာ များပါတယ်။ ဝေါဟာရ ခေါင်းပါးလာကြတာတွေ့ရပါတယ်။ လှတာရယ်၊ ယဉ်တာရယ်၊ ချောတာရယ် သုံးမျိုးကိုတောင် မခွဲနိုင်ကြတော့ပါ။ ဒါကြောင့်လဲ မဲမဲမြင်ရာကို “ မိုက်တယ်ကွာ”နဲ့ပြီးနေကြရ ရှာပါ တယ်။ ကိုယ်တိုင် စဉ်းစားကြည့်ကြပါစို့။ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ ခံစားချက်မျိုး နားထောင်တဲ့သူပါ ခံစားလာရအောင် ပြောနိုင်ပြီလားဆိုတာပါ။ ကိုယ်ကရင်ထဲမှာ နင့်နေအောင်ခံစားရလို့ ပြန်ပြောပြ နေတာကို နားထောင်နေတဲ့သူငယ်ချင်းမျက်နှာမှာ အနည်းဆုံးတော့ အဆွေးရိပ်လေးတော့ ပေါ်လာ အောင်ပြောကြည့်ပါဦး။ တစ်ခါတစ်ခါ ကိုယ်ရှင်းပြမှပဲ တစ်ဘက်သားနားလည်မှု ပိုလွဲသွားတာမျိုးတွေ ရော မရှိခဲ့ကြဘူးလားဆိုတာပါ။
ဒါဆိုရင်တော့ စာရေးသူတို့အနေနဲ့ ပေါ့ပေါ့ဆဆမနေသင့်တော့တဲ့ အနေအထားဆိုတာ သိသင့် ပါပြီ။ သူများကိုပြုပြင်ဖို့ဆိုတာ တကယ်တော့ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ “ ကိုယ့် ထမင်းကိုယ်စားပြီး ဘကြီးနွားသွားကျောင်းချင်တဲ့ကောင်” လို့များဝိုင်းပြီး သမုတ်ကြရင် အတော်
ခံရခက်မယ်ထင်ပါရဲ့။ “မင်းကဆရာကြီးလား” ဆိုရင် ပိုပြီးကျွဲမြီးတိုစရာကောင်းမယ် ထင်ပါတယ်။ အကောင်းဆုံးကတော့ မိမိကိုယ်ကိုပြုပြင်ခြင်းပါပဲ။ တဖြည်းဖြည်းနဲ့ တစ်ယောက်ကစ တစ်ရာဖြစ်လာမှာ မလွဲပါဘူး။
ဒါကြောင့် အကြံပေးချင်တာက English dictionary တစ်အုပ်ဝယ်ရင် “မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း” တစ်အုပ်ပါ ၀ယ်ဖြစ်အောင်ဝယ်ပါ။ ရုပ်သံကလာတဲ့ မြန်မာစာမြန်မာစကားအစီအစဉ်ကို တစ်ခါလောက်တော့ စိတ်လိုလက်ရလေးကြည့်ပေးပါလို့...။
စာရေးသူကတော့ လူကြီးပီပီ အမုန်းခံပြီး ဆရာလုပ်လိုက်ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ Post ကို ဖတ်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပါ။ စာရေးသူ လူမိုက်ကြီးကတော့ သူများရည်းစားစာထဲမှာ စာလုံးပေါင်းသတ်ပုံမှားတာတွေ့ရင်တောင် မင်နီထုတ်ပြီးဝိုင်းလိုက်ရမှ ကျေနပ်တဲ့ရောဂါရှိသူပါ။ ဒါကြောင့် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာလို့ယူဆပြီး ထင်ချင်သလိုထင်ခွင့်ပေးပါတယ်။
ထပ်ပြောပါရစေဦး...
“ မိမိပစ္စည်း၊ မိမိတာဝန် ”ပါ........

ပြည်တွင်းဖြစ်ပညာရှင်တွေ မနည်းပါဘူး...

လူအမျိုးမျိုးနဲ့တွေ့ဆုံပြီး စရိုက်အထွေထွေကို လေ့လာခွင့်ရတဲ့ သူတွေအဖို့
စာရေးတဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

စိတ်တိုတတ်ရင် ၀တ္ထုဖတ်.
လူ့သဘာဝကိုသဘောပေါက်တော့ စာရေးတဲ့အခါမှာ ယထာ ဘူတကျအောင် ဆင်ခြင်သုံးသပ်မှု သာမန်ထက်ပိုပြီး
လုပ်နိုင်တယ်။  လူ့စရိုက်သဘာဝကို သဘောပေါက်နားလည်နိုင်တဲ့အတွက် သည်းခံစိတ်ပိုရှိလာပြီး အလွယ်တကူ
နဲ့  ခွင့်လွှတ်လာနိုင်တယ်။  အဲဒါကြောင့် စိတ်တိုလွယ်တဲ့သူတွေ အထိမခံ ကြွေပန်းကန်စိတ်ရှိသူတွေနဲ့ အခဲမကြေ
တတ်သူတွေ ၀တ္ထုတွေ များများဖတ်ဖို့ တိုက်တွန်းလိုက်ချင်တယ်။

မုန်းတီးတာထက် သနားတာပို.
ပုထုဇဉ် မှန်သမျှ စိတ်တိုတတ်၊ ဒေါသထွက်တတ်ပါတယ်။ ဒါပေမယ့် စာဖတ်များတဲ့အတွက် လူ့စရိုက်သဘာဝတွေ
ကို သဘောပေါက်သူကဒေါသဖြစ်ရင်လည်း ခဏနဲ့ပြေပျောက်သွားတယ်။  မုန်းတီး စက်ဆုပ်စရာလူမျိုးကိုတွေ့ရင်
လည်း အဲဒီလူမျိုးကို မုန်းတီးတာထက် သနားစရာ၊အသိဥာဏ်နုံနဲ့သူအဖြစ် အလွယ်တကူ ခွင့်လွှတ်လိုက်နိုင်တယ်။
ကျောင်းသားတပည့်တွေထဲမှာလူတိုင်းဝေးဝေးကရှောင်တဲ့သူတစ်ယောက် ရှိဖူးတယ်။ သူက စိတ်ရင်းသဘောထား
ကောင်းပေမယ့် အငြင်းသန်ပြီး စကားကြီးစကားကျယ်တွေပြောလွန်းတဲ့အတွက် သူ့ကိုမြင်တာနဲ့ လူတိုင်း ဝေးဝေး
က ရှောင်ကွင်းသွားတတ်ကြတယ်။

ဟိုစပ်စပ် ဒီစပ်စပ်.
သူက ဟိုစပ်စပ် ဒီစပ်စပ်နဲ့ စာတွေတော့ဖတ်တယ်။ ပီတာဒရပ်ကားတို့၊ ဖူကူးယားမားတို့၊ ဒီဘိုးနိုးတို့၊ စတစ်ဂလစ်
တို့၊ ဖရိုက်မင်းတို့ စာအုပ်မျိုးတွေဖတ်လေ့ရှိတယ်။  ၀တ္ထုတွေ ဘာတွေတော့ မဖတ်ဘူး။  ဖတ်ပြီးရင် သူ့အကျင့်က
ဖတ်ခဲ့သမျှကို လူတကာ လိုက်ပြောတယ်။   တစ်ဖက်သား  စိတ်ဝင်စားမှု ရှိတာ / မရှိတာ  အလေး မထားဘူး ။
သူပြောချင်တာ မပြီးမချင်း ဆက်ပြောတာပဲ။ ကြာတော့ ဘယ်သူမှ သည်းမခံနိုင်တော့ဘဲ သူ့မြင်တာနဲ့ ဝေးဝေးက
ရှောင်ကြတော့တယ်။ သူက ဒါတွေ မသိဘူး။ သူ့အချိုး မပြင်ဘူး ။ နောက်ရောက်လာတဲ့ ကျောင်းသူ/ကျောင်းသား
အသစ်တွေဝိုင်းမှာ ထိုင်ပြီး သူ့လက်ချာတွေ ပေးမြဲပေးနေလေ့ရှိတယ်။

စပါးပင်မြင်ဖူးရဲ့လား.
တစ်ခါတော့ သူ ကောင်းကောင်းခံလိုက်ရတယ်။ နယ်က ကျောင်းသူတစ်ယောက်က သူ့ကို ပညာပေးလိုက်တာ။
စကားဝိုင်းမှာ သူက ထုံးစံအတိုင်း  ဖရိုက်မင်းတွေ၊  စတစ်ဂလစ်တွေပြောပြီး  ဒီလို ပညာရှင်တွေ ရေးတဲ့စာတွေ
ဖတ်ရကောင်းမှန်းမသိကြလို့  တိုင်းပြည်ကြီး  မတိုးတက်တာ။  ဒီလို ပညာရှင်ကြီးတွေရဲ့ အကြံဥာဏ်ကို ရယူပြီး
စီမံကိန်းတွေ ရေးဆွဲသင့်တယ်၊ ဘာညာနဲ့  ကောက်ချက်ချလိုက်တယ်။  အဲဒီကျောင်းသူက ...
" ရှင့် ပညာရှင်ကြီးတွေ စပါးပင်ကို မြင်ဖူးရဲ့လား၊ ဂျုံပင်ကြားကနေပြီး ဂျုံစားတဲ့လူတွေက စပါးစိုက်တဲ့နိုင်ငံက
လူတွေကို ဘာအကြံကောင်း ပေးနိုင်မှာလဲ " လို့ ပြန်မေးလိုက်တယ်။
သူပါးစပ် အဟောင်းသားဖြစ်သွားတယ်။

လက်တွေ့လုပ်ငန်းထဲက သူ..
အဲဒီကျောင်းသူက စိုက်ပျိုးရေးတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တယ်။
စိုက်ပျိုးရေးဘွဲ့အပြင် MBA ဘွဲ့လည်း  ရထားသေးတယ်။  တစ်ချိန်လုံး  အဲဒီ ဆရာမက သူ့ကို လက်ချာပေးနေတာ
သူငြိမ်ပြီးနားထောင်နေရတယ်။  ဘာမှ ပြန်မပြောနိုင်ဘူး။ ဘယ်ပြောနိုင်မှာလဲ။ သူက စာအုပ်တွေထဲကဟာလောက်
ပြန်ပြောတတ်တာ။  ဟိုက  လက်တွေ့လုပ်ငန်းခွင်ထဲက  စိုက်ပျိုးရေး ဆရာမ ဖြစ်ရုံမက MBA လို ဘွဲ့မျိုးရထားတာ
ဆိုတော့ စိုက်ပျိုးရေးတို့  စီးပွားရေးတို့အကြောင်း ကောင်းကောင်းကြီး ပြောနိုင်သူဖြစ်တယ်။
နောက်ရက်တွေမှာတော့ အတန်းထဲမှာ အဲဒီကျောင်းသူရှိနေရင် ..
သူ သိပ်ပြီးလေလုံးမထွားရဲတော့ဘဲ ငြိမ်နေတော့တယ်။

မြေကြီးရှိတိုင်း စိုက်လို့ရတာ မဟုတ်..
စာအုပ်ကြီးသမားနဲ့ လက်တွေ့သမား ဘယတူနိုင်မှာလဲ။  လက်တွေ့လုပ်နေသူကသာ အခြေအနေမှန်ကို အသိနိုင်
ဆုံးပေါ့။ စာအုပ်ကြီးတွေက ဘယ်လိုရေးပြီး ဘယ်လိုသင်ထားထား  ကိုယ့်နိုင်ငံလက်တွေ့အခြေအနေနဲ့ ကိုက်ညီမှ
အသုံးဝင်မှာဖြစ်တယ်။ သူတို့က သူတို့နိုင်ငံရဲ့ အခြေအနေနဲ့ သူတို့ရဲ့ သဘာဝတွေအပေါ် အခြေခံပြီး ရေးသားပြုစု
ထားကြာတွေဖြစ်တော့ သူတို့နိုင်ငံအတွက်တော့ ရာနှုန်းပြည့် အသုံးဝင်နိုင်ပါတယ်။  မြန်မာပြည်လို  နိုင်ငံအတွက်
တော့ သူတို့ရေးသားချက်တွေဟာ 25%တောင် အသုံးဝင်ချင်မှ ၀င်နိုင်ပါလိမ့်မယ်။ 
မြန်မာပြည်မှာတောင်  မြစ်ဝကျွန်းပေါ်ဒေသအတွက် သင့်တော်တဲ့ နည်းစနစ်က အထက်အညာက မိုးခေါင်ရေရှား
ဒေသအတွက် အသုံးတည့်ချင်မှ တည့်မှာပေါ့ ။ မြေကြီးတိုင်း စိုက်ချင်ရာစိုက်လို့ ရနိုင်တာမျိုးမှ မဟုတ်တာ။

ကိုဖိုးသိတွေ..
မြို့ပေါ်က ပညာတတ်တွေ အများစုဟာ စာအုပ်တွေဖတ်ပြီး သိပ်ဟုတ်လှပြီလို့ ထင်တတ်ကြတယ်။
ဘာမဆို သူတို့ မှ ကိုဖိုးသိ (Mr.Know All) ဆိုတဲ့အထင်ရောက်ပြီး တခြားလူတွေ ...
အထူးသဖြင့် တောကလူတွေကို ငုံ့ကြည့်လေ့ရှိတယ်။

ကိုယ်တိုင်ရေးနိုင်ဖို့လို ..
နိုင်ငံခြားသား ပညာရှင်တွေရဲ့ စာအုပ်ကြီးတွေဟာ သူတို့နိုင်ငံ၊ သူတို့လူမျိုးတွေအတွက်တော့ အကျိုးရှိမှာပါ ။
သူတို့ နဲ့  ပထ၀ီ အနေအထား၊  ရာသီဥတု၊  ဓလေ့ထုံးစံ ယဉ်ကျေးမှု၊ စီးပွားရေးဖြစ်ထွန်းတိုးတက်မှု အခြေအနေ
စတဲ့ နေရာတွေမှာ ၀င်ရိုးစွန်းနှစ်ဖက်လောက် ကွာဟချက်ကြီးမားတဲ့နိုင်ငံတွေမှာတော့ သိပ်ပြီး အသုံးဝင်လိမ့်မယ်
မထင်ပါဘူး။  သူတို့  စာအုပ်ကြီးတွေကို  နမူနာအဖြစ် ထားပြီး  ကိုယ့်နိုင်ငံရဲ့  ရာသီဥတု၊  ရေမြေ အနေအထား၊
စီးပွားရေး အခြေအနေတို့နဲ့ ကိုက်ညီအောင် မြန်မာလူမျိုး ပညာရှင်တွေကိုယ်တိုင် စာအုပ်စာတမ်းတွေ ရေးသား
ပြုစုကြရပါလိမ့်မယ်။   စက်မှုတက္ကသိုလ်ဆင်းတွေ၊ စိုက်ပျိုးရေးတက္ကသိုလ်ဆင်းတွေ၊ စီးပွားရေးတက္ကသိုလ်ဆင်း
တွေ ကျွန်တော့်ဆီမှာ မနည်းပါဘူး။ ဒီကျောင်းဆင်းတွေကိုယ်တိုင် လေ့လာသုတေသနပြုပြီး စာအုပ်တွေရေးနိုင်
အောင် ၀ိုင်းဝန်းဖန်တီးပေးသင့်ကြပါတယ်။   အခုလို  နိုင်ငံခြားသားတွေရေးတဲ့   စာအုပ်တွေ အားကိုး အားထား
ပြုနေရုံနဲ့တော့ ဘာမှ  ဖြစ်မလာနိုင်ဘူးဆိုတာ  သေချာတယ်။   ပြည်တွင်းဖြစ်  ပညာရှင်တွေ   ကိုယ်တိုင်ရေးတဲ့
စာအုပ်တွေ ပေါပေါ  များများကြီး  ထွက်လာမှ တိုင်းပြည်အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမှာပါ။
ပြည်တွင်းဖြစ် ပညာရှင်တွေ ကျွန်တော်တို့ဆီမှာ မနည်းပါဘူး။
                                                                                        လူထု စိန်ဝင်း
                                                                                         Favourite News ...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ

*ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။*

*ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။*

*တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။
ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။*

*ကျွန်မ ကိုယ် ကျွန်မ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။*

*အကယ်၍ ကျွန်မ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျွန်မ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။*

*ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျွန်မ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျွန်မ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျွန်မ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။*

*မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။*

*ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။*

*နောင်လာနောက်သားများအတွက်
ကျွန်မ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျွန်မ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျွန်မ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။*

*ကျွန်မ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျွန်မ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။*

ကျွန်မ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။*

*အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။*

*ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။*

*အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျွန်မအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။*

*ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။*

*ပြည်တွင်းပြည်ပ..
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျွန်မပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။*

*ကျွန်မ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျွန်မ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။*

*အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျွန်မ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျွန်မရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျွန်မ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။*

*ဖေဖေ့မျက်နှာနဲ့ 
ကျွန်မအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။*

*ကျွန်မ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျွန်မ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။*

*ကျွန်မ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျွန်မ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျွန်မ လက်ထက်မှာ မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။*
*မသဒ္ဓါ ( ၈။ ၂၆။ ၂၀၀၉)*
http://myanmarhumour.grou.ps/wiki/429103
အမေ့ကိုချစ်တဲ့ 

ပန်းသီးပင်

  

တစ်ခါတုန်းက ဥယျာဉ်ထဲမှာ ပန်းသီးပင်ကြီးတစ်ပင်ရှိခဲ့ဖူးတယ် ။ ကောင်လေးတစ်ယောက်ဟာလည်း အဲဒီဥယျာဉ်ထဲက
ပန်းသီးပင်ကြီးနားမှာ လာရောက်ဆော့ကစားလေ့ရှိတယ် ။

    နေ့တိုင်းဆိုသလို .. အချိုဆုံးအရင့်မှည့်ဆုံးပန်းသီးတွေကိုခူးဆွတ်ပြီး ၊
အပင်ရိပ်အောက်မှာ အေးအေးဆေးဆေးထိုင်စားရတာကို ကောင်လေးက အရမ်းနှစ်သက်ခဲ့တယ် ။

    ပန်းသီးပင်ကြီးကို ကောင်လေးချစ်ခင်မြတ်နိုးသလိုပဲ ...
ပန်းသီးပင်ကြီးကလည်း ကောင်လေးကို ချစ်ခင်မြတ်နိုးခဲ့တယ် ။


ဒီလိုနဲ့ .... အချိန်တွေခပ်မြန်မြန်ကုန်သွားတယ် ။

    ကောင်လေးအရွယ်ရောက်လာခဲ့ပြီ ။
အရင်လို ... ပန်းသီးပင်ကြီးဆီကို နေ့တိုင်းမလာဖြစ်နိုင်တော့ဘူး ။



တစ်နေ့မှာတော့... ...ပန်းသီးပင်အရိပ်အောက်ကို ကောင်လေးရောက်လာပြီး ကြေကွဲတဲ့မျက်ဝန်းတွေနဲ့
အဝေးကို ငေးမျှော်နေတယ် ။

“ ငါနဲ့ကစားကြမယ်လေ .... ” ပန်းသီးပင်ကြီးက ကောင်လေးကိုဖိတ်ခေါ်တယ် ။
“ ကစားချင်စိတ်လည်း မရှိပါဘူးဗျာ။ အပင်တွေနဲ့ကစားရအောင် ကျနော်က ကလေးမှမဟုတ်တော့တာ ။   ”

“ ကျနော် အရုပ်တွေနဲ့ပဲဆော့ချင်တာ ..... ။ ဒါပေမဲ့ အရုပ်ဝယ်ဖို့က .. ပိုက်ဆံလိုတယ်လေ ။”


“ စိတ်မကောင်းပါဘူးကွယ် ။ ငါ့မှာ ပိုက်ဆံတော့မရှိဘူး ။
ဒါပေမဲ့ ငါ့ဆီကအသီးတွေခူးပြီး ဈေးထဲမှာသွားရောင်းရင် မင်းပိုက်ဆံရမှာပေါ့ ။ "


ကောင်လေးအရမ်းစိတ်လှုပ်ရှားသွားတယ် ။ သိပ်စဉ်းစားမနေတော့ပါဘူး ။အပင်ပေါ် လျင်လျင်မြန်မြန်တက်ပြီး
ရှိသမျှအသီးတွေခူးဆွတ်လို့....ခပ်မြန်မြန်ပဲ ပျော်ရွှင်စွာထွက်ခွာသွားတယ် ။


အသီးတွေကုန်စင်အောင် ခူးပြီးကတည်းက ကောင်လေးလည်း ကာလအတန်ကြာပျောက်ကွယ်သွားခဲ့တယ် ။


ပန်းသီးပင်ကြီးလည်း အဖော်မဲ့နေ့ရက်တွေကို ခါးခါးသီးသီးဖြတ်သန်းရတယ် ။

တစ်နေ့ ... ဟိုးအဝေးဆီက တရွေ့ရွေ့နဲ့လာနေတဲ့ကောင်လေးကို တွေ့လိုက်ရတော့
ပန်းသီးပင်ကြီး အရမ်းပျော်ရွှင်သွားတယ် ။


“ ငါနဲ့ကစားမလို့လား ? ” ခပ်တိုးတိုမေးတယ် ။

ကောင်လေးက ပြန်ဖြေတယ် ။
“ ကစားဖို့ အချိန်မရှိပါဘူးဗျာ .. ။ အခုဆို ကျနော့်ကိုယ်ပိုင်မိသားစုအတွက် အလုပ်လုပ်နေရပြီ ။
ဒီနှစ်မိုးရာသီမှာ ကျနော့်ဇနီးနဲ့သားသမီးတွေနေဖို့အတွက် အိမ်တစ်လုံးလိုတယ်လေ ။
ခင်ဗျားကျနော့်ကို ကူညီနိုင်ဦးမလားဗျာ ”


“ စိတ်မကောင်းပါဘူး ကလေးရယ် ၊ ငါ့မှာအိမ်မှမရှိတာ ... ။
ဒါပေမဲ့ မင်းအတွက်တကယ်လိုအပ်ရင်တော့ .. ငါ့အကိုင်းအခက်အလက်တွေကိုခုတ်သွားလေ ။
မင်းတို့တစ်မိသားစု နေစရာအိမ်လောက်တော့ ဆောက်လို့ရမှာပေါ့ ။ ”


ထုံးစံအတိုင်းပဲပေါ့ ...... ။
ကောင်လေးက သစ်ပင်မှာရှိသမျှ အကိုင်းအခက်တွေအားလုံးခုတ်ယူပြီး ပျော်ရွှင်စွာထွက်ခွာသွားပြန်တယ် ။
ကောင်လေးပျော်တာကို မြင်ရတော့ သစ်ပင်ကြီးလည်း စိတ်ချမ်းသာမိတယ် ။
ဒါပေမဲ့ .... အဲဒီအချိန်ကစလို့..ကာလအတန်ကြာအောင် ကောင်လေး ထပ်မံပျောက်ကွယ်သွားပြန်တော့တယ် ။


တစ်ခါတစ်ခါ လေတွေတိုက်တယ် ။ တစ်ခါတစ်ခါ မိုးက သည်းသည်းမည်းမည်းရွာတယ် ။
ရာသီဥတုဒဏ်တွေကြားမှာ သစ်ပင်ကြီးကတော့ အထီးကျန်စွာပဲ နေ့ရက်တွေကိုဆက်လက်ဖြတ်သန်းတယ် ။
နွေရာသီတစ်ရက် အိပ်ရာအနိုးမှာ ... သူ့ပင်စည်အောက် ကောင်လေးပြန်ရောက်နေတာမြင်ရတော့
သစ်ပင်ကြီး အရမ်းဝမ်းသာသွားတယ် ။


“ ငါနဲ့ကစားမယ်လေ ”
“ ကစားချင်စိတ်မရှိပါဘူးဗျာ ။
ကျနော်အခုဆို လောကဓံရဲ့အရိုက်အပုတ်တွေ ၊ ထိုးနှက်ချက်တွေကြောင့် အရမ်းပင်ပန်းနေပြီ ။
စိတ်ရောကိုယ်ပါ အပန်းပြေနိုင်ဖို့အတွက် ပင်လယ်ထဲကို ရွက်လွှင့်ပြီးလျှောက်သွားချင်တယ် ။
ခင်ဗျား ကျနော့်ကို လှေတစ်စင်းလောက်ပေးနိုင်ဦးမလားဗျာ ။ ”


“ ငါ့ရဲ့ပင်စည်ကိုခုတ်ပြီး လှေတစ်စင်းလုပ်လိုက်လေ ။
ဒါဆို ဟိုးအဝေးကြီးအထိ ပျော်ရွှင်စွာ ခရီးထွက်နိုင်မယ်လို့ မျှော်လင့်ပါတယ် ။ ”


ဒီလိုနဲ့ပဲ .. ကောင်လေးဟာ သစ်ပင်ကြီးကို စတင်ခုတ်လှဲပြီး လှေတစ်စင်းဖြစ်အောင်တည်ဆောက်ခဲ့တယ် ။
နောက်တော့ အဲဒီလှေနဲ့ပဲ ပင်လယ်ပြင်ထဲကိုရွက်လွှင့်ထွက်ခွာသွားတော့တယ် ။


နှစ်တွေအများကြီး...အများကြီး ကြာပြီးတဲ့အခါမှာတော့.....
သစ်ပင်ကြီးဆီကို ကောင်လေး တစ်ခေါက်ရောက်လာပြန်တယ် ။


“ ၀မ်းနည်းပါတယ် လူကလေးရယ် .... ၊ ငါ့မှာ မင်းကိုပေးစရာ ဘာဆိုဘာတစ်ခုမှမကျန်တော့ဘူးကွဲ့ ။
ငယ်ငယ်က မင်းသိပ်ကြိုက်တတ်တဲ့ပန်းသီးလေးတစ်လုံးတောင် မင်းကိုမပေးနိုင်တော့တဲ့ဘ၀ပါကွယ် ”


“ ကျနော့်မှာလည်း ပန်းသီးတွေကို အားရပါးရကိုက်စားနိုင်ဖို့ သွားတွေမရှိတော့ပါဘူးဗျာ”
ကောင်လေးကလည်း ၀မ်းနည်းစွာပြန်ပြောတယ် ။


“ ငယ်ငယ်ကလို ငါ့ပေါ်ကိုဖက်တွယ်တက်နိုင်ဖို့အတွက် ပင်စည်ကြီးလည်းမရှိတော့ဘူးနော် ”
“ အပင်တက်ဖို့အတွက်လည်း ကျနော်က သိပ်ကိုအိုမင်းနေခဲ့ပါပြီဗျာ ” ကောင်လေးက ၀မ်းနည်းစွာပြန်ပြောတယ် ။


“ တကယ့်ကို ဘာတစ်ခုမှမပေးနိုင်တော့တဲ့ဘ၀ပါလားကွယ် ။
င့ါမှာအခုကျန်တာဆိုလို့ ... သေနေတဲ့အမြစ်ခြောက်တွေပဲရှိတော့တယ်လေ ။
စိတ်မကောင်းပါဘူး လူကလေးရယ် ... ” ... ပန်းသီးပင်ကြီးက မျက်ရည်တွေနဲ့ပြောတယ် ။


“ ကျနော်အခု အများကြီးမလိုတော့ပါဘူးဗျာ ။ အခုကျနော်တကယ်လိုအပ်တာက ....
 အေးအေးဆေးဆေးအနားယူလို့ရနိုင်မယ့်နေရာလေးတစ်ခုပါ ။
ဒီနှစ်တွေအတွင်းမှာ ... လုံးဝကို ပင်ပန်းဆင်းရဲစွာနဲ့ ဖြတ်သန်းခဲ့ရတယ်လေ ။ ”


“ ကောင်းပါပြီလူကလေးရယ် .... ဒါဆို ငါ့ရဲ့အမြစ်တွေအပေါ်မှာ မင်းသက်သောင့်သက်သာအနားယူလေ ။
သစ်ပင်တစ်ပင်ရဲ့ သေနေတဲ့အမြစ်အိုတွေဟာ .... ပင်ပန်းလာတဲ့သူတွေအတွက် အကောင်းဆုံးနေရာလို့ငါထင်တယ်
လာ .... လာ ..... ငါ့အမြစ်ခြောက်တွေအပေါ်မှာ လဲလျောင်းအနားယူလိုက်ပါဦးကွယ် ။ ”


ကောင်လေးက .... စိတ်အာရုံတွေအားလုံးဖြေလျှော့ပြီး ထိုင်ချလိုက်တယ် ။
အရိပ်အာဝါသမရှိတော့ပေမယ့် ... ထူးဆန်းတဲ့အေးချမ်းမှုတစ်မျိုးက...သူ့ခန္ဓာကိုယ်တစ်ခုလုံးကို
လွှမ်းခြုံသွားတယ်လို့ ကောင်လေးခံစားမိလိုက်တယ် ။

ပျော်ရွှင်စွာပြုံးနေတဲ့ပန်းသီးပင်ကြီးရဲ့မျက်ဝန်းထဲမှာလည်း ..... မျက်ရည်စတွေ ခိုတွဲလို့ပေါ့ .... ။


    
ဒီပုံပြင်လေးဟာ ကျနော်တို့တွေအားလုံးကို ရည်ရွယ်ပါတယ် ။ ပန်းသီးပင်ဆိုတာကတော့ မိဘတွေပေါ့ ။
ငယ်ငယ်တုန်းကတော့ .... မေမေ ဖေဖေတို့နဲ့ကစားဖို့ ...ကျနော်တို့အရမ်းကိုပျော်ရွှင်ခဲ့ကြတယ် ။
ဒါပေမဲ့ အရွယ်လေးနည်းနည်းရောက်လာတာနဲ့ ပုံပြင်ထဲကကောင်လေးလို ... မိဘတွေကို ချန်ထားခဲ့ကြတာပဲလေ ။
တစ်ခါ တစ်ခါ ... အခက်အခဲကြုံတာပဲဖြစ်ဖြစ် ၊ လိုအပ်တာပဲဖြစ်ဖြစ်ရှိတော့မှသာ မိဘရဲ့ရင်ခွင်ကို သတိတရနဲ့
တမ်းတမိခဲ့ကြတယ်လေ ။ ဘာပဲဖြစ်ဖြစ်ပါ.... ။
ကျနော်တို့ပျော်ရွှင်ဖို့အတွက်ဆိုရင်တော့.... မိဘတွေဟာ ပုံပြင်ထဲကပန်းသီးပင်ကြီးလို...သူတို့ပိုင်ဆိုင်သမျှအရာ
အားလုံးကိုပေးဆပ်ဖို့ အမြဲအဆင်သင့်စောင့်မျှော်နေခဲ့ကြတယ် ။


ပုံပြင်ထဲကကောင်လေးက သစ်ပင်ကြီးအပေါ်အရမ်းရက်စက်တာပဲလို့ ထင်ချင်ထင်နေလိမ့်မယ် ။
ဒါပေမဲ့ .. တကယ်တော့ ... အဲဒီလိုရက်စက်မှုမျိုးဟာ မိဘတွေကို ကျနော်တို့ကျူးလွန်မိတဲ့အမှားမျိုးဆိုတာ ...
အားလုံး သတိရနားလည်နိုင်ကြပါစေ ... ။



မိဘတွေကို ချစ်ခင်မြတ်နိုးပါ ၊ တန်ဖိုးထားပါ ၊ ရိုသေလေးစား စောင့်ရှောက်ပါ ။
သူတို့ဘယ်နေရာမှာရှိနေပါစေ ...
ညအိပ်ရာဝင်တိုင်း တစ်ခါလောက်ဖြစ်ဖြစ်တော့ သတိတရနဲ့ ကန်တော့ဦးချပြီးမှ အိပ်ဖြစ်အောင် ကြိုးစားကြပါ လို့...


                                                                                 "My Bedtime stories"{D|O}

ပန်းသီး စားကြတဲ့ အခါ သတိထားပါ.........

ပန်းသီး စားကြတဲ့ အခါ သတိထားပါ ပန်းသီး စားကြတဲ့ အခါ အခွံ့ နွှာစားတဲ့  သူရှိသလို..ဆေးဖက်ဝင်လို့ ဆိုပြီး ပန်းသီး အခွံ့ ကိုပါ စားတတ်ကြပါတယ်။ များသောအားဖြင့် USကလာတဲ့ ပန်းသီးများအပါအဝင် နိုင်ငံရပ်ခြားမှ ဝင်လာတဲ့ပန်းသီးတွေဟာ နှစ်ပေါက်နေပေမယ့် လတ်ဆတ်တဲ့  ပုံစံအတိုင်း အနေအထားမပျက်တွေ့ရှိကြရပါတယ်။ဒါကတော့ပန်းသီးအခွံ့ ကို ဖယောင်းနဲ့ အုပ်ထားတဲ့အတွက် ပြင်ပမှ ဘက်တီးရီးယားပိုးတွေ အလွယ်တကူ မဝင်ရောက်နိုင်တဲ့ အပြင် အရည်ဓာတ်ခမ်းခြောက်ခြင်းလည်းမရှိပါ။ဖယောင်းနဲ့  ပြန်အုပ်ထားတာကို ပုံမှာ ပြထားတဲ့အတိုင်းစမ်းသပ်နိုင်ပါတယ်။ပန်းသီး ကြိုက်သူများ အခွံ့ ကိုပါ မနွှာတမ်း အလုံးလိုက် ကိုက်စားချင်သူများ… သတိထားရှောင်ရှားကြဖို့ ပါ…လမ်းကြုံရင် သူငယ်ချင်းတွေကိုပါ လက်ဆင့်ကမ်း သတိပေးလိုက်ကြပါဦး။

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း



မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇ၀င် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူတစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသားထားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှု ဓါတ်ပုံများဖြင့် တွဲဘက်ကာ ဖေါ်ပြအပ်ပါသည်။

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း။

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊
ဩော် .... ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ၇က်) ....

ငါ ဘာလုပ်ရင် ကောင်းမလဲ၊
ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) နှစ်တောင် ရှိရော့ပေါ့။
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး၊
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး၊
ငါ့မွေးနေ့မှာ ငါ့ရဲ့  အရင်းနှီးဆုံး သွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ။

ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ၊
ငါ့စိတ်ဓာတ်ကို မာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ၊
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်၊ ဘယ်တော့များမှ အခွင့်သာမှာလည်းဟင် ...

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ၊
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထား အမှတ်ရနေပြီး အထူးတလည် ကျင်းပတတ်ကြတာပဲ၊
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့။

အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့ အတူတူ၊ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ၊
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအေးတို့နဲ့ အတူတူ၊
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ၊
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ။

အို ...
ငါသိပ်လွမ်းတယ် သိလား ...
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ ...
ငါ့ရဲ့ ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ၊
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့၊ မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့၊ မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့၊ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့။

အို … ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး၊ ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့ရဲ့  အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေ ၀ဲနေလို့ပါလား။

ငါဘာမှနားမလည်ခဲ့ဘူး၊ အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်၊
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး၊ မျှော်ခဲ့လိုက်ရတာ ဖေဖေရယ် ..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်၊
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်၊
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်၊
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်၊
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး။ ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်။

ဖေဖေရယ် .. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင် ..
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ၊
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင် ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့  ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို လွှမ်းမိုးနေခဲ့တယ်။ ဖေဖေ တကယ် ပြန်မလာခဲ့တော့ဘူးနော် ..
၁၉၆၀ ခုနှစ်။

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်၊
အိမ်ကလူတွေကို ပစ္စည်းတွေ လိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်၊
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့၊
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်၊
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့၊
မေမေတို့ပြောင်းရတော့မယ် သမီးလေး ..

ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့ ၊
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော် … မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်၊ မေမေအဲဒီ့မှာ သွားနေရမှာ၊ သမီးတို့လည်း
လိုက်ခဲ့ရမှာလေ။
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ၊
သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့ … ခုဆို မေမေက အဲဒီ့နိုင်ငံကြီးနဲ့ ခု သမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ သွားပြောပေးရမှာလေ။
ဘာစကားတွေ ပြောရမှာလဲဟင် မေမေ၊
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်၊ ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်လိုက်ဦးနော်၊ မနက်ဖြန်ညကျရင် မေမေ့ သားသမီးလေးတွေနဲ့ သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်၊ သမီးလေးကြိုက်တဲ့ မုန့်တွေ ၀ယ်ထားပေးမယ်။

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို ပြေးဝင်ခဲ့တယ်။
မေမေက သိပ်တော်တာပဲနော်၊ ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်၊ မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်။
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို စံနမူနာထားလို့ သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ။

၁၉၆၄ ခုနှစ်။

ငါ ပျော်လိုက်တာ၊ အောက်စဖို့ဒ်တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်၊ ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်။ မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်။ I’m proud of you, honey! လို့ ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့ မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ။

မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး။ ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်။

အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်လို့ သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ။
အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ။ လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်။ Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး စကားတစ်ခွန်းပြောတယ်။ I believe in you! တဲ့။ ငါကြက်သီးတွေတောင်ထသွားခဲ့တယ်။ မေမေ၀မ်းနည်းနေတာ ငါသိတယ်။ ဒါပေမယ့် မေမေ မငိုခဲ့ဘူး။

လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်။ ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး။ ငါ့ကို ယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်၊ ၀င်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်၊ ဖတဆိုး သမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့ ငါ့ဘ၀ရဲ့  အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက် ငါ ဂုဏ်ယူနေလို့ပါ၊ ငါ ပျော်နေလို့ပါ၊ ငါ ပီတိဖြစ်နေလို့ပါ။
တက္ကသိုလ်မှာ ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ ငါ့ရဲ့  Host Parents awGu Lord Gore-Booth တို့မိသားစုပဲ။ သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်။ သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ်အဲရစ်စ်ကို စတွေ့ပြီး ရင်းနှီးခဲ့ရတယ်။ သူက တိဗက်လူမျိုးတွေအကြောင်း လေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ။ တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါပဲ။

၁၉၆၉ ခုနှစ်။

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်။ ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့။ မသန်းအေးတို့အိမ်မှာ ငါနေခဲ့တယ်။ သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ။ အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်။ ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ။
မသန်းအေးက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်။ ငါအလုပ်ရခဲ့တယ်။
Administrative and Budgetary Questions rSm Assistant Secretary အဖြစ်နဲ့ပေါ့။
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်။ မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ။ ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်။ ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့။ ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင် အချိန်ပေးခဲ့တယ်။ ငါ့ရဲ့ တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်။ နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က (၂) နှစ်ထဲရယ်ပါ။ ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်။

၁၉၇၂ ခုနှစ်။

မိုက်ကယ်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူတူ ဘူတန်ကို ထွက်ခွာခဲ့တယ်။ မိုက်ကယ်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ် ၀င်လုပ်ခဲ့တယ်။
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲဒီ့ အချိန်တွေကို ငါ အမြဲတမ်း သတိရနေမှာပါ။

မိုက်ကယ်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreemrnt တစ်ခုတောင်းခဲ့တယ်။ ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့။ သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ။ ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား။ မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါတယ်။ မေမေကတော့ ထုံးစံအတိုင်းပဲပေါ့။ I trust you … တဲ့။ တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်တာဟာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ။ ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး။

၁၉၇၃ ခုနှစ်။

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်။ ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ် သိလား။ သားကြီး အဲလက်စ်ကို မွေးခဲ့တယ်။ ငါမိခင်တစ်ယောက် ဖြစ်ခဲ့ပြီပဲ။ အဲဒီ့နေ့က မေမေနဲ့ ငါ စကားအကြာကြီး ပြောဖြစ်တယ်။ မေမေရယ်လေ … ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး။ မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်။ ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်။ မိုက်ကယ်လည်း ငါ့ဘေးနားမှာ ရှိနေခဲ့တယ်။

၁၉၇၄ ခုနှစ်။

မိုက်ကယ်အလုပ်ရတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့  တိဗက်ဘာသာစကားဌာနမှာပေါ့။

၁၉၇၇ ခုနှစ်။

သားငယ် ကင်မ်ကို မွေးတယ်။ ငါ့ရဲ့ ဒုတိယသားလေးပေါ့။ ခုဆို ငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ။ ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး။ ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါ စာတွေရေးဖြစ်ခဲ့တယ်။ ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့။ မိုက်ကယ်ကိုလည်း သူလေ့လာနေတဲ့ JY Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်။

၁၉၈၅ ခုနှစ်။

ကျိုတိုတက္ကသိုလ်မှာ Visitng Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ လုပ်ဆောင်ချက်တွေကို
စာတမ်းပြုစုခဲ့တယ်။ ငါ ကျေနပ်အားရ ဂုဏ်ယူမိပါတယ်။ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ။

၁၉၈၆ ခုနှစ်။

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်။ အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့။ ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်။ ကြည်နူးလိုက်တာ။ ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်။ မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်။ ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ။

၁၉၈၇ ခုနှစ်။

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်။ မိုက်ကယ်က စာတမ်းတွေ ပြုစုနေခဲ့တယ်။ အင်္ဂလန်ကိုလည်း ငါ ခဏပြန်ခဲ့သေးတယ်။ မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့။ စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်။

ငါ့ရဲ့ Advanced Degree အတွက် Lodon School of Oriental and African studies မှာ စာရင်းပေးခဲ့တယ်။

၁၉၈၈ ခုနှစ်၊ မတ် (၃၁) ရက်နေ့ ။

တယ်လီဖုန်းသံမြည်လာခဲ့တယ်။ ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်။ ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး၊ မေမေလေဖြတ်သွားတယ်တဲ့။

နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်။ ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်။ မေမေရယ် … မှတ်တောင် မမှတ်မိတော့ဘူး။ မေမေ ခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ၊ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ၊ တော်တော့ကို ပြောင်းလဲသွားခဲ့တာပဲနော်။
ရန်ကုန်မြို့ကြီးမှာလည်း နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်။ အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်။ (၈) ရက်၊ (၈) လ၊ (၁၉၈၈) ခုနှစ်မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်။

စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်။ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့။ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ် …

စက်တင်ဘာ (၁၈) ရက် - စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့။ ငါ ဘာလုပ်ရမလဲ။ ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား၊ ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်။ ဒါပေမယ့် သေချာတယ်၊ ငါ လိပ်ပြာမလုံဘူး။ ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်။ သူတို့ကို ငါရှက်တယ်၊ ငါ မပြန်ဘူး။ ငါ ဒီမှာနေမယ်။ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ။

သူတို့ ငါ့ကို လိုအပ်နေပြီလို့ ငါ ခံစားရတယ်။ ဟုတ်တယ်၊ ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါ မျက်ကွယ်မပြုနိုင်ဘူး။ ငါဒီမှာနေမယ်၊ ငါ မပြန်တော့ဘူး။ ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ငါ မြန်မာပြည်မှာနေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်။ လူတိုင်း ကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာ ဖန်တီးယူနိုင်အောင် ငါ ကြိုးစားမယ်။ ဟုတ်တယ်။

NLD ကို စက်တင်ဘာ (၂၄) ရက်နေ့မှာ စတည်ထောင်တယ်။ အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါ ပါဝင်လှုပ်ရှားတယ်။ ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ။ ဒါကို ငါအသုံးချခဲ့တယ်။ စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်။

ငါ့ကို အသေတောင် ပစ်သတ်တော့မလို့တဲ့။ သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ။ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီး လှမ်းလျှောက်သွားခဲ့တယ်။ င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ။

သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို လူထုကြီးက ဟေး …. ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ၊ ငါ့မှာ ကြက်သီးတွေတောင် ထလို့။
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်။

မေမေ ဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ။ ကောင်းရာသုဂတိလားပါစေ မေမေရယ်။ မေမေ့အသက် (၇၆) နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက် ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက်။

မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်။ မေမေ့ကို မြင်စေချင်လိုက်တာ။ မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီး တိုင်တည်သစ္စာပြုခဲ့တယ်။ ဖေဖေနဲ့ မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်ခဲ့ကြတယ်။ ဒီတာဝန်ကို ကျေပြွန်အောင် သမီး ဆက်လက်ထမ်းဆောင်ပါ့မယ်။ သမီးသေသည်ထိပေါ့။

ငါ့ကို လိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်။ အရှက်မရှိလိုက်ကြတာလေ။ ငါတို့ လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်။ ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်။ ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်။

အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ် ပြန်ချလိုက်နဲ့။ နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်။ ငါ့အပေါ် ရက်စက်လိုက်ကြတာ။ ကိုယ်ချင်းမစာလိုက်ကြတာ။ ပြောရက်လိုက်ကြတာ။ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ။ နိုင်ငံအပေါ် သစ္စာဖောက်သူတဲ့၊ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့။ ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး။ ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်။ ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ။

ငါ့ကို နိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့ ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်။ ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ။ မေမေဂုဏ်ယူပါတယ် သားကြီးရယ်။ မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ ခုချိန်ထိပဲလေ။

မေမေက ကိုယ်ကျိုးရှာသူ ဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ။ သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာ မဟုတ်ပါဘူး။ သားတို့ကို သိပ်ချစ်တာပေါ့။ သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့။ ဒါပေမယ့်သားတို့ရယ်၊ သားတို့ကို ချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို မေမေ ပိုချစ်မိတယ်။ ဒါကို သားတို့ ခွင့်လွှတ်နားလည်ပေးကြပါနော်။ သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်။

၂၀၀၃ ခုနှစ် မေလ (၃၀) ရက်။

ရက်စက်လိုက်ကြတာကွယ်။ ရက်စက်လိုက်ကြတာ၊ မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး။ သတ်ဟေ့သတ်ဟ ချဟေ့ချဟ ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ။ အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေ လွှမ်းနေခဲ့တယ်။

ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်။ သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ။ ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ မေမေစု ဆုတောင်းပေးပါတယ်ကွယ်။ ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့။

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ။
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာ စွန့်လွှတ်ခဲ့ရရှာပြီ။ ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း နွမ်းလျလှပါပြီ။ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ။

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ။ ငါ့ ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ။ ငါ့အသက်လည်း ၆၄ နှစ်ထဲ ရောက်ခဲ့ပြီ။ ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ။

ငါ့မှာတော့ ... ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့ .... ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့ …. သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ။

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်။ အပြင်မှာ နေခြည်တွေ ဖြာနေပြီနော်။
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ... တဲ့။

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး အခန်းပြတင်းကိုဖွင့်လိုက်တယ်။ ငါ့ကို စောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်။ မကြောက်ပါနဲ့ သားရယ်။ ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့ ငါ့ကို ဦးညွှတ်တယ်။ သား စာဆက်ကျက်ပါကွယ် .. စိတ်ကိုအေးအေးသာထားပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစား မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက် အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ။

ဒီသစ္စာစကားမှန်ရင် ငါချစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား။ ငါရှင်သန်နေဦးမှာပါ။ မသေမချင်းပေါ့။

နေရောင်ခြည်ရဲ့ နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်။ အရှင်ဘုရားရဲ့  မေတ္တာကရုဏာတော်အောက်မှာ ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား၊ မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား၊ ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား၊ မတရားမှုများ ဖယ်ခွာနိုင်ပါစေသား။
ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည် … ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ ... အမျှ အမျှ အမျှ … သာဓု ... သာဓု ... သာဓု။


(ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ ကိုယ်ရေးရာဇ၀င် http://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html အား အခြေခံ၍ မြန်မာဘာသာဖြင့် ပြန်လည် ခံစားဖေါ်ကျူးရေးသားခဲ့သော မူလစာရေးသားသူအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်)။


Aung San Suu Kyi - Biography
nobelprize.org
Nobelprize.org, The Official Web Site of the Nobel Prize

ချစ်ခင်လေးစားသော
ပြည်သူပြည်သား...အာလုံးဧ။်ကိုယ်စား




by Shwe Aeim Si on Tuesday, December 20, 2011 at 5:22am
 http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A4734242&xgs=1&xg_source=msg_share_post

ဂရင်းနစ်စံချိန်တင်ခဲ့တဲ့ အမေရိကန်က အရုပ်ထိုးထားသော အမျိုးသမီး


ဂျပန် ယာဂူဆာ တွေလောက်တော့ ပြင်းတာပေါ့
နာမည်ကတော့ Julia Gnuse လို့ခေါ်ပြီး nicknamed ကတော့ illustrated lady လိုခေါ်ကြပါတယ်။
သူမခန္ဓာကိုယ်ရဲ့ ၉၅ ရာခိုင်နှုန်းကတော့ ဆေးမှင်ကြောင် အရုပ်တွေနဲ့
ပြည့်နေတာဖြစ်ပါတယ်။ ပထမဆုံး အရုပ်ကိုတော့ ခြေထောက်မှာထိုးခဲ့တာဖြစ်ပါတယ်။
အကြောင်းအရင်းကတော့ porphyria လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုး ကြောင့်
ဒီလိုမျိုးအရုပ်တွေကို သူထိုးခဲ့တာဖြစ်ပါတယ်။ ထိုရောဂါကတော့ အရေပြားကို
နေရောင်နဲ့ထိရင် မီးလောင်ဖုလိုပုံစံမျိုး ရေကြည်ဖုတွေ ထွက်လာတာဖြစ်ပါတယ်။
သို့သော်လည်း ထိုခဲ့သို့ တစ်ကိုယ်လုံး အရုပ်တွေကို ရေးထိုးခဲ့ပေမဲ့လဲ
သူမရဲ့ရောဂါကတော့ ပျောက်မသွားပါဘူး။ သူမရဲ့အကြောင်းပြချက်ကတော့
သူမရဲ့အရေပြား မှာဖြစ်ပေါ်လာတဲ့ အရည်ကြည်ဖုတွေကို မသိသာအောင် ထိုကဲ့သို့
အရုပ်ထိုးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
သူမရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်သူ အရေပြားပလပ်စတစ် ခွဲစိတ်ဆရာဝန်ကတော့ ထိုအဖုတွေနဲ့အရောင်တူ အရုပ်ထိုးဖို့
အကြပြုခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ နောက်ပိုင်းတော့ ထိုနည်းက
သိပ်အလုပ်မဖြစ်တာနဲ့ ရောင်စုံ ဆေးမှင်ကြောင်တွေကိုပါ ရေးထိုးခဲ့ပါတယ်။
သူမခန္ဓာကိုမှာရှိတဲ့ အရုပ်တွေကတော့ စာအုပ်ထဲကနေကြည့်ပြီး
ပုံတူထိုးထားတာတွေမဟုတ်ဘဲ သူမရဲ့ ကိုယ်ပိုင် ဒီဇိုင်းပုံတွေ ဘဲဖြစ်ပါတယ်။


ကလေးသုံးယောက်မွေးဖွားပြီးခဲ့သော ကမ္ဘာပထမဆုံးသော ယောက်ျား

ကလေးသုံးယောက်အထိ မွေးခဲ့သော ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင် အမျိုးသား၏ နောက်ဆုံး ကလေးမွေးဖွား အပြီး တစ်နှစ်အကြာ ဓာတ်ပုံ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

အရီဇိုးနား ပြည်နယ်တွင် ဇနီးဖြစ်သူ နန်စီနှင့်အတူ နေထိုင်လျက် ရှိသော သောမတ်စ်ဘီတီ၏ ရင်သွေးယူသည့် သတင်းသည် ကမ္ဘာတစ်ဝန်း အထူး ထင်ရှားခဲ့သည်။

အသက် ၃၇ နှစ် ရှိပြီဖြစ်သော ဘီတီသည် ကလေးမွေးပြီးနောက် တက်စ်တိုရုန်းဆေးများ ပြန်လည် သုံးစွဲခြင်းဖြင့် ယောက်ျားဆန်သော အသွင်အပြင် အပြည့် ပြန်ဖြစ်လာသည်ကို ပုံတွင်တွေ့ရသည်။

ဘီတီသည် ဟာဝိုင်ယီကျွန်းတွင် မွေးဖွားစဉ်က မိန်းကလေး တစ်ယောက် အနေဖြင့် မွေးလာခဲ့ခြင်း ဖြစ်သော်လည်း ယောက်ျားလေး ဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။ အသက် ၂၀ ၀န်းကျင်မှစပြီး တက်စတိုရုန်းဆေးများ ထိုးခြင်းဖြင့် မျက်နှာတွင် အမွေးအမှင်များ ပေါက်လာခဲ့ကာ အသံ ပြောင်းလာခဲ့ပြီး လိင်အင်္ဂါ ပြောင်းလဲမှုကိုလည်း လုပ်ဆောင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ရင်သား ဖယ်ရှားခဲ့ပြီးနောက် အမျိုးသားတစ်ယောက် အဖြစ် တရားဝင် အသိအမှတ်ပြု ခံခဲ့ရသည်။ သို့ရာတွင် မိန်းမအင်္ဂါ၊ သားအိမ်နှင့် အခြား မျိုးပွားအင်္ဂါများကို ဖယ်ရှားမပစ်ဘဲ ထားရှိခဲ့သည်ဟု ဆိုသည်။ ဇနီးဖြစ်သူ နန်စီမှာ သားအိမ်ထုတ်ထားရသူ ဖြစ်သည်။

ကိုယ်ဝန်ဆောင်ရန် ဆန္ဒရှိလာသော အခါ တက်စတိုရုန်း သုံးစွဲမှုကို ရပ်တန့်ထားခဲ့ရသည်ဟု ဆိုသည်။ အလှူရှင်တစ်ဦးထံမှ သုက်ပိုးကိုယူကာ မျိုးအောင်စေရန် ကြိုးပမ်းခဲ့သော်လည်း သားအိမ်ပြင်ပတွင် သန္ဓေတည်ခဲ့ခြင်းကြောင့် အရေးပေါ် ခွဲစိတ်ကုသခဲ့ရသေးသည်။ ၂၀၀၇ ခုနှစ် နှောင်းပိုင်းတွင်မှ ပထမဆုံး ရင်သွေးကို သန္ဓေ အောင်မြင်စွာ ဆောင်နိုင်ခဲ့သည်။ နောက် ကလေးနှစ်ဦးကိုလည်း ဆက်တိုက်မွေးခဲ့သည်။


 http://www.edinooyin.com/profiles/blogs/4347155:BlogPost:4664541

ဝက်ခြံမဟုတ်တဲ့ ၀က်ခြံလိုအဖုလေးတွေ

Keratosis Pilaris

              
                 ရင်နှင်းကို မေးကြတဲ့အထဲမှာ ၀က်ခြံမဟုတ်တဲ့ ၀က်ခြံလိုအဖုလေးတွေအကြောင်းကိုလည်း မေးကြတာများတယ်နော်။ ဒီတော့ ဘာတွေက အဲလိုဖြစ်နိုင်လဲဆိုတာ ပြောပြမယ်နော်။

                 Keratosis  pilaris က ၀က်ခြံမဟုတ်တဲ့ ၀က်ခြံလိုအဖုလေးတွေ ဖြစ်လာနိုင်တဲ့.... ပြီးတော့...အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပဲနော်။ အရေပြားက Keratin လို့ခေါ်တဲ့ ပရိုတိန်းလေးတွေက မွေးညှင်းပေါက်လေးတွေထဲမှာ မာမာခဲခဲလေးဖြစ်နေပြီး အရေပြားမှာ ၀က်ခြံလိုအဖုလေးတွေ ဖြစ်လာတော့တာပဲ။ အန္တရာယ်လည်း မရှိဘူး။ သူ့အလိုလိုတောင် ပျောက်သွားတတ်သေးတယ်နော်။ ကူးလည်း မကူးနိုင်ပါဘူး။      
                 ဒီအဖုလေးတွေဟာ မွေးရာပါလည်း ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တတ်တာပေါ့။ ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ၊ နှင်းခူဖြစ်တတ်တဲ့သူတွေ Allergy ဖြစ်တတ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆောင်းရာသီမှာ ပိုဆိုးလာတတ်တယ်နော်။   
                အဖုလေးတွေဟာ လက်မောင်းနောက်ဘက်တွေမှာ အဖြစ်များတယ်။ ကြမ်းကြမ်းလေး ဖြစ်နေတတ်တယ်။ ပြီးတော့ တင်ပါးနဲ့ ပေါင်တွေမှာလည်း ဖြစ်တတ်သေးတယ်လေ။ မျက်နှာမှာ ဖြစ်ရင်တော့ ၀က်ခြံနဲ့ မှားတတ်တဲ့ အဖုလေးတွေပေါ့။ အဖုလေးတွေက သေးသေးလေးတွေ၊ အသားရောင်ပဲဖြစ်တာများတယ်။ ပန်းရောင်လေးတွေလည်း  ဖြစ်တတ်သေးတယ်နော်။
                ဒီအဖုလေးတွေ ပေါ်လာရင် မျက်နှာသစ်ဆေး၊ ကိုယ်တိုက်ဆပ်ပြာတွေကို အပျော့စားလေးတွေပဲ သုံးပါ။ အစိုဓာတ်ဖြည့်လိမ်းဆေး ( Moisturizing lotion) တွေလည်း တနေ့ကို ၂ ကြိမ် မှန်မှန်လိမ်းပေးရပါမယ်။ Salicylic acid, Lactic acid ပါတဲ့ ခရမ်တွေ လိုးရှင်းတွေက ပိုထိရောက်ပါတယ်။ AHA, Retin A, Steroid လိမ်းဆေးတွေလိမ်းရင်လည်း သက်သာပါတယ်။ ဒါပေမယ့် လိမ်းရမယ့် ပမာဏ၊ မလိမ်းသင့်တဲ့ အခြေအနေတွေလည်း ရှိတာမို့ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။ Microdermabrasion, Chemical peels, Laser နည်းတွေနဲ့လည်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဘာမှမလုပ်ချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ အသက်ကြီးလာတာနဲ့ တဖြည်းဖြည်းပျောက်သွားနိုင်တယ်လေ။ ရင်နှင်းသူငယ်ချင်းလေးတွေ အမြဲကျန်းမာလှပနေပါစေရှင်။
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com    မှ ကူးယူဖော်ပြပါသည်

မကွေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပြမြေပုံများ

မကွေးမြို့နယ်မြေပုံ
မကွေးခရိုင်မြေပုံhttp://www.edinooyin.com/profiles/blogs/4347155:BlogPost:4681285

ငါတို့နိုင်ငံက လူငယ်လေးတွေ ဖတ်မိကြပါစေ.

b32_13
  ဂီတကို ကမ္ဘာပေါ်ရှိလူသားတိုင်း ခံစားမှုတစ်ခုကြောင့်ဖြစ်စေ၊ စိတ်လက်အပန်းဖြေလိုခြင်းဖြင့်ဖြစ်စေ ၎င်းတို့၏ နေ့စဉ်ဘ၀များတွင် အချိန်ယူနားထောင်လေ့ ရှိတတ်ကြသည်။ ယင်းတို့ထဲမှ အသက်အရွယ်၊၀ါသနာနှင့် ခံစားမှု ကိုလိုက်ကာ ဂီတမျိုးစုံကို ရွေးချယ်နားဆင်တတ်ကြသည့် လူမျိုးစုံလည်း နိုင်ငံစုံတွင် ရှိကြပေလိမ့်မည်။ ထိုထဲတွင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ မဟာဂီတကို နှစ်ခြိုက်လွန်း၍ သင်ယူလျက်ရှိနေသည်ဟု ဆို သော အမေရိကန်နိုင်ငံသား Mr.Joshua Mitchell (မြန်မာအမည်-ကိုကြယ်စင်ထူး) က မြန်မာတို့၏ မဟာဂီတနှင့် ၎င်းခံယူထားသည့် မြန်မာသီချင်းများအကြောင်းကို ယခုကဲ့သို့တွေ့ဆုံမေးမြန်းစဉ် ဖြေကြားခဲ့သည်။

မြန်မာလူငယ်တွေ မဟာဂီတကို အခုထက်ပို စိတ်ဝင်စားစေချင်တယ်
မေး ။ မြန်မာနိုင်ငံကို ဘယ်တုန်းကစရောက်ခဲ့ပြီး မြန်မာ့ဂီတနဲ့ ဘယ်အချိန်ကစပြီး ရင်းနှီးကျွမ်းဝင်ခဲ့ပါလဲ . . .
ဖြေ ။ မြန်မာနိုင်ငံကို ရောက်ခဲ့တာက ၂၀၀၉ ခုနှစ်လောက်ကပါ။ မြန်မာ့ဂီတနဲ့စပြီး ရင်းနှီးကျွမ်းဝင်ခဲ့တာကတော့ ကျွန်တော်အမေရိကန်မှာ နေထိုင်စဉ်ကတည်းကပါ။ မြန်မာ့ဂီတတွေထဲကမှ မဟာဂီတနဲ့ အတော်လေး ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ဒါနဲ့မြန်မာစကားကိုသင်တယ်။ နောက်မဟာဂီတကို ဆက်သင်ခဲ့တယ်။
မေး ။ မြန်မာနိုင်ငံမှာရှိတဲ့ ဂီတအမျိုးအစားတွေထဲက မဟာဂီတကို ဘယ်လိုကစပြီး သိရှိခဲ့တာလဲ . . .
ဖြေ ။ အလှူ၊ မင်္ဂလာဆောင်၊ ဘုရားပွဲတွေမှာ မဟာဂီတကို အများဆုံး ကြားခဲ့ရတယ်။ ဒီအသံကို ကြားကတည်းကစပြီး စိတ်ဝင်စားခဲ့တယ်လို့ ပြောလို့ရတယ်။ ဒီလိုနားထောင်နေရင်းနဲ့မှ မြန်မာတို့ရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ပေါင်းသင်းဆက်ဆံမှုတွေကို နှစ်ခြိုက်လာတယ်။
မေး ။ မဟာဂီတကို ဘာကြောင့်နှစ်ခြိုက်ရတာလဲ...
ဖြေ ။ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ဂီတအမျိုးအစား မျိုးစုံရှိကြမှာပါ။ မဟာဂီတကိုကြိုက်ရတာက သံစဉ်တွေက လတ်ဆတ်တယ်။ အစဉ်သဖြင့် လန်းဆန်းတယ်။ ဒါကြောင့် သံစဉ်တွေကို တဖြည်းဖြည်းကြိုက်လာတယ်။ နားထောင်တယ်။ တစ်ခါတစ်ရံမှာ မဟာဂီတရဲ့သံစဉ်တွေကို ကျွန်တော်နိုင်ငံက သီချင်းစာသားလေးတွေ အစားထိုးဆို ကြည့်ဖြစ်ခဲ့တယ်။
မေး ။ မဟာဂီတနဲ့ပတ်သက်လို့ရော  ဘယ်အပိုင်း တွေလေ့လာနေသေးလဲ . . .
ဖြေ ။ အခုကတော့ ဆရာမဒေါ်ခင်မင်နဲ့ မဟာဂီတကိုသင်တယ်။ ကိုယ်တိုင်သီဆိုနိုင်တာ အပုဒ်ပေါင်း ၂၀ ကျော်လောက်တော့ ရှိပါပြီ။ စောင်းတီးရင်း ဆိုကြည့်ဖြစ်တာပါ။
မေး ။ ဂီတအနုပညာဆိုတာကို ဘယ်လိုသုံးသပ်ချင်လဲ။ မြန်မာရဲ့ ဂီတအနုပညာပေါ်မှာရော ဘယ်လိုခံစားမိလဲ . . .
ဖြေ ။ အမေရိကန်နိုင်ငံမှာ သီချင်းအဆိုကျော်အဖွဲ့တွေကို သီဆိုအားပေးကြတဲ့ လူငယ်တွေရှိတယ်။ စတိတ်ရှိုး၊ လိုက်ဖ်ရှိုးစတာတွေ ဖျော်ဖြေတာမျိုးတွေ နေရာအနှံ့ရှိကြတယ်။ ဘား၊ ကလပ်တွေမှာ စသဖြင့်ပေါ့။ ဒီမှာကတော့ လမ်းဘေးလက်ဖက်ရည်ဆိုင်လိုနေရာမျိုးမှာ ကိုယ်တိုင်တူရိယာ တီးခတ်ဆိုတာမျိုးတော့ မမြင်မိဘူးပေါ့။ ဒါပေမယ့် အနုပညာနဲ့ပတ်သက်လို့ ကျွန်တော်ခံယူမိတာကတော့ ပန်းချီ ပဲဖြစ်ဖြစ်၊ ကဗျာပဲဖြစ်ဖြစ်၊ စာပေ၊ ဂီတပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့လူမှုဘ၀တွေကို ထင်ဟပ်ပြသစေနိုင်တာတွေပဲ လို့မြင်တယ်။ အချစ်သီချင်းတွေကိုတော့ ကျွန်တော်မကြိုက်ဘူး။ ဂီတ နဲ့ပတ်သက်လို့ အခုခေတ်မြန်မာလူငယ်တွေကိုကြည့်ရင် မဟာဂီတကိုနှစ်ခြိုက်မှု နည်းနေတယ်လို့မြင်တယ်။ ဂီတတွေကို ဖော်ကျူးတဲ့နေရာမှာလည်း လူမှုဘ၀တွေကို ထင်ဟပ်ပြသနိုင်တာ တွေ ရှိစေချင်တယ်။ တိုင်းရင်းသားလူမျိုးတွေဆိုရင်လည်း သူတို့ရိုးရာ ဓလေ့နဲ့ဘ၀တွေကို သီချင်းတွေနဲ့ ပုံဖော် သီဆိုနိုင်တာမျိုးပေါ့။
မေး ။ အနုပညာစစ်စစ်တွေအတွက် တန်ဖိုးအထားရဆုံး ကိုယ်ပိုင်ဖန်တီးနိုင်မှုတွေနဲ့ ပတ်သက်လို့ရော မြန်မာ့အနုပညာကို ဘယ်လိုထင်မြင်မိလဲ . . .
ဖြေ ။ မြန်မာ့အနုပညာမှာ သာမက ကမ္ဘာမှာရင်ဆိုင်နေရတာကတော့ ကော်ပီကိစ္စပေါ့။ ဒါပေမယ့် မြန်မာ့အနုပညာထဲမှာ မဟာဂီတရဲ့သံစဉ် စာသားတွေဟာ ကိုယ်ပိုင်ဖန်တီး တီထွင်မှုတွေနဲ့ ပြုလုပ်ထားတယ်။ ပြီးတော့ ဖန်တီးသူဟာ တီထွင်စိတ်ကူးနိုင်မှု ရင့်သန်သူတွေပဲလို့ မြင်မိတယ်။ တချို့ဂီတအမျိုးအစားတွေမှာ မြန်မာ့လူမှုဘ၀ကို ပျောက်ပျက်စေတာတွေ မြင်မိတယ်။ ပန်းချီကားတစ်ချပ်ကိုပဲ ဖြစ်ဖြစ်၊ သီချင်းတစ်ပုဒ်ကိုပဲ ဖြစ်ဖြစ်မြင်မိ၊ အသံကြားမိရုံမျှနဲ့ လူမှုဘ၀ကိုထင်ဟပ်စေတာ တကယ့်အနုပညာစစ်စစ်ပါပဲလို့ ပြောချင်ပါတယ်။

http://www.news-eleven.com/index.php?option=com_content&view=ar...မှ ကူးယူတင်ပြပေးခြင်းဖြစ်ပါသည်။

အသားနာတဲ့ ဖက်ရှင်

                       အသားမှာ အပေါက်တွေ ဖေါက်ပြီး ဖက်ရှင်တဲ့ဗျာ
                           ကြည့်လို့လှပေမဲ့ အသားနာတယ် တခုခုနဲ့ညှိရင် ဒုက္ခ
                                        သူငယ်ချင်းရော အားမကျဖူးလား
                                        သြ..လူတွေ  ရူးကုန်ကြပြီလားနော်
                               သူများထက်ထူးချင်တော့ အနာခံရတာပေါ့
                                အခွံကိုဆွဲထားတာ မမိုက်ဖူး   အရည်နဲ့ပါဆွဲရမှာနော်
                                   အဲလို  စတန့်ထွင်ပြီး  လူမမြင်တဲ့နေရာမှာ အနာခံပြီး တတ်လိုက်သေး
                          လျှာနှစ်ခွနဲ့လူလေ  တကယ်မှဟုတ်ရဲ့လားမသိပါဖူး နော်


                                      ယားရင် ကုတ်လို့ မရတော့ဖူ     
                                                       အားလုံးလေးစားလျှက် ရွှင်လန်းချမ်းမြေ့ကြပါစေ
 http://www.edinooyin.com/profiles/blogs/4347155:BlogPost:4647410
Related Posts Plugin for WordPress, Blogger...