စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label သဘာဝ. Show all posts
Showing posts with label သဘာဝ. Show all posts

ကမ္ဘာ့အလှဆုံး ထဲမှာ ပါဝင်တဲ့ တောင်အမေရိကက Roraima တောင်



Mount Roraima လို့ အမည်ရတဲ့ တောင်ဟာ တောင်အမေရိကတိုက် မှာ တည်ရှိပြီး ကမ္ဘာ့ အလှဆုံး တောင်စာရင်းထဲမှာလည်း ပါဝင် ပါတယ်။ ဂိုင်ယာနာ နိုင်ငံ၊ ဘရာဇီး နိုင်ငံ၊ ဗင်နီဇွဲလား နိုင်ငံ ယင်း သုံးနိုင်ငံရဲ့ နယ်နိမိတ် ထိစပ် ရာမှာ တည်ရှိ နေတဲ့ တောင် ဖြစ်ပါတယ်။ ဂိုင်ယာနာ နိုင်ငံ ပိုင်နက် Pacaraima တောင်တန်း ဒေသ ရဲ့ အစွန်းထွက် နေရာ ဖြစ်ပြီး အမြင့်ဆုံး တောင်လည်း ဖြစ်ပါတယ်။

ပင်လယ်ရေ မျက်နှာပြင် အထက် ၉၂၁၉ ပေ ရှိပြီး ထူးခြားချက် အနေနဲ့ အပေါ်မှာ မြေပြန့် လွင်ပြင် ပမာ ဖွဲ့စည်း တည်ဆောက် နေခြင်း ဖြစ် ပါတယ်။ ရေတံခွန်လည်း ရှိ ပါတယ်။ ၁၅၉၆ ကျော် ခုနှစ် များက အင်္ဂလိပ်လူမျိုး Sir Walter Raleigh စတင် တွေ့ရှိခဲ့ပြီး နေပူစာခံ Summit ဧရိယာက ၃၁ စတုရန်း ကီလို မီတာ ရှိပါတယ်။ သူ့မှာ ထူးခြားချက် များစွာ ရှိပြီး ကမ္ဘာ့မှာ မြင်တွေ့ ရခဲတဲ့ သဘာဝ အပင် ပန်း များ၊ ပိုးမွား နှင့် ငှက်မျိုး များလည်း ရှင်သန် နေထိုင် ပါတယ်။ တောင်ပေါ်ထိ တက်ရောက် လေ့လာ သူများ ရှိပြီး အောက်ကို ပြန်ကြည့်ရင် မြေပြင် မမြင်ရ ပါဘူး။ အကြောင်း ကတော့ တောင်ရဲ့ ခါး ပတ်လည်မှာ တိမ်တိုက် များနဲ့ ဖုံးလွမ်း နေလို့ ဖြစ် ပါတယ်။

ဒါကြောင့်မို့ သူ့ကို ကမ္ဘာမြေပေါ်မှာ နိဗ္ဗာန်ဘုံ လို့တောင် လည်ပတ်သူ အချို့က တင်စား ထား ပါတယ်။ ယနေ့ အချိန် အထိလည်း တောင်တက် သူများ ရဲ့ စိတ်ဝင် စားဖွယ် ခရီး တစ်ခု အဖြစ် တည်ရှိ နေပါ သေးတယ်။
.
Ref: wiki

အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/international-news/usa/41313-mount-roraima.html

ပင်လယ်သမုဒ္ဒရာထဲတွင်ကျွန်ကျွန်အိပ်ကို မြိုချထားတဲ့ ဝေလငါး

ကျနော်တို့ တစ်တွေရဲ့ ကုန်စုံဆိုင် စတိုးဆိုင် တွေမှာသုံးနေကြတဲ့ ပလပ်စတစ်အိတ် ကျွတ်ကျွတ်အိတ် တွေကို ဘယ်လိုအဆုံးသတ်နိုင်မလဲ..။ ကျွတ်ကျွတ်အိတ်တွေကို ကျနော်တို့ အသုံးပြုပြီး စွန့်ပစ်လိုက်ကြပေမဲ့ သူတို့ဟာ အဝေးကိုရောက်မသွားပဲ ကျနော်တို့တွေရဲ့ အနီးဆုံးမှာပဲ အန္တရာယ်ပေးဖို့ ရှိနေတယ်ဆိုတာ ကျနော်တို့တွေ သတိထားမိကြဖို့လိုပါတယ်..။ နှစ်စဉ် ကျွတ်ကျွတ်အိတ် one trillion လောက်ထုတ်လုပ်နေတဲ့ ကျနော်တို့ကမ္ဘာကြီးမှာ 1%ေ
လာက်ကသာ recycled အိတ်တွေကိုအသုံးပြုနေကြတာပါ..။ ဒီပလပ်စတစ်အိတ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးတွေအများဆုံးပေးတဲ့ အန္တရာယ်ဖြစ်လာနေပါပြီ..။

ကျွတ်ကျွတ်အိတ်တွေဟာ သမုဒ္ဒရာရေထဲမှာ နှစ်ပေါင်း 600 လောက်မပျက်ဆီးပဲ ရှိနေနိုင်ပါတယ်..။ ရေနေသတ္တ၀ါ မျိုးစိတ်အများစုဟာ သူတို့ရဲ့အစာအဖြစ် မှားပြီးမြင်နေတတ်ပါတယ်..။ အဲ့ဒီပင်လယ် သတ္တ၀ါတွေထဲက အနည်းဆုံး 260 မျိုးစိတ် ဟာ ပလပ်စတစ်ကို သူတို့ရဲ့စားစရာအဖြစ်သိမြင်နေတာပါ..။ သဘာဝအလျောက်သေဆုံးသွားတဲ့ လင်းပိုင်များ(dolphins) နဲ့ ဝေလငါးများ(whales) ထဲက အနည်းဆုံး 50% ရဲ့အစာအိမ်ထဲမှာ ကျွတ်ကျွတ်အိတ် အလုံး 100 လောက် မျိုချထားတာတွေကို သိပ္ဂံပညာရှင်တွေ က တွေ့ရှိခဲ့ပါတယ်..။ ကျနော်တို့ တစ်တွေဟာ ကျနော်တို့ရဲ့ သမုဒ္ဒရာ နဲ့ ရေနေ သတ္တ၀ါတွေအတွက် ကျနော်တို့ ဘာတွေများလုပ်ပေးရပါ့မလဲ...? ဒါအပြင် ကျနော်တို့ ဟာ ပလပ်စတစ်အိတ် တွေလျှော့ချဖို့ အသုံးမပြုဖို့ ပြောတာပြောနေကြပေမဲ့.. အဲ့ဒါရဲ့ ခြားနားတဲ့ တစ်ဖက်ကိုပဲ ကျနော်တို့တစ်တွေသွားနေကြတယ်ဆိုတာ ရော ကျနော်တို့ဝန်ခံကြပါရဲ့လား...? ကျနော်တို့ ရဲ့ပတ်ဝန်းကျင် နဲ့ ကျနော်တို့ရဲ့ ကမ္ဘာကြီးအတွက် ကျနော်တို့ တစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်လို့ မထင်မြင်ကြဘူးလား...? ဒီတော့ ဒီနေ့ကစပြီး ကျနော်တို့တစ်တွေဟာ B.Y.O.B. (Bringing Your Own Bag) ကျနော်တို့ရဲ့ ကိုယ်ပိုင်အိတ်.. ခြင်း.. စတာတွေကို အသုံးပြုကြပါစို့လား..။ ဒီနည်းနဲ့ ကျနော်တို့ချစ်တဲ့ ကျနော်တို့ရဲ့ ကမ္ဘာကြီးကို ကျနော်တို့ရဲ့ အိမ်..ရပ်ကွက်..မြို့..ပြည်နယ်..နိုင်ငံကနေစပြီး..အလှဆင်ကြရအောင်လား...။

မူရင်း post ပိုင်ရှင်ရဲ့အရေးအသားကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ..။ သူကတော့ ဒီလင့်ကို ref: ပေးထားပါတယ်..:> http://oceanwildthings.com/2012/06/sperm-whale-death-by-100-plastic-bags/

သဘာဝတရားက ပေးထားတဲ့ လက်ဆောင်များကို ချစ်မြတ်နိုးကြပါ



          ကျွန်ုပ် ဘယ်သူလဲဆိုတာ သင်တို့ သိကြပါရဲ့လား။ ကျွန်ုပ်ဟာ သင်တို့အတွက် အကောင်းဆုံး လက်ဆောင်ကိုပေးခဲ့ သူပါ။ သင်တို့ရဲ့ဘဝအတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်မရှိဘဲ သင်တို့ဘဝဟာ မရှင်သန်နိုင်ပါဘူး။ ကမ္ဘာလောကကြီးပေါ်က လူသားတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အတွက်  ကျွန်ုပ်က  ဘာတွေကို ပေးခဲ့တယ်ဆိုတာ သတိထားမိပါရဲ့လား။


Image Hosted by PicturePush - Photo Sharing

ကျွန်ုပ်ဟာ သင်တို့အတွက် သန့်စင်ကြည်လင်နေတဲ့ ရေချိုတွေ ပေးခဲ့တယ်။.


Image Hosted by PicturePush - Photo Sharing

ကြည်လင်ယာယာစွာ စီးဆင်းနေတဲ့ စမ်းချောင်းတွေ၊ မြစ်တွေကို ပေးခဲ့တယ်။  


Love The Mother Nature


သာယာလှပတဲ့ ရေတံခွန် စိမ့်စိမ်းတွေ ပေးခဲ့တယ်
Image Hosted by PicturePush - Photo Sharing

သစ်ပင်တွေ မျိုးစုံလှတဲ့ တောအုပ်တွေကို ပေးခဲ့တယ်.


Image Hosted by PicturePush - Photo Sharing





 အေးချမ်းသာယာလှတဲ့ ရေခဲတောင်တွေပေးခဲ့တယ်။.

ဖူးပွင့်ဝေဆာလှစွာ အရောင်အသွေးစုံပန်းကလေးတွေနဲ့ အလှပဆုံးရှုခင်းတွေ ပေးခဲ့တယ်။


Image Hosted by PicturePush - Photo Sharing

 မြေဆီမြေနှစ် ပြည့်ဝလှတဲ့ စိုက်ပျိုးမြေတွေ ပေးခဲ့တယ်။

ကျွန်ုပ် သင်တို့အတွက် အကောင်းဆုံး လက်ဆောင်တွေပေးခဲ့တယ်။ ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ် ပေးထားတဲ့ အရာတွေကို တန်ဖိုးမထားခဲ့ကြဘူး... တန်ဖိုးကို မသိမြင်နိုင်ခဲ့ဘူး။ ကျွန်ုပ် ပေးတဲ့ သဘာဝအလှအပတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ 


Love The Mother Nature

မြစ်ချောင်းရေကန်တွေကို ညစ်နွမ်းအောင်လုပ်တယ်

Love The Mother Nature

ပင်လယ်ကမ်းခြေကို ညစ်ပတ်စေခဲ့တယ်


Love The Mother Nature

အမှိုက်တွေကို စည်းကမ်းမရှိ ပစ်ထားကြတယ်


Image Hosted by PicturePush - Photo Sharing
လူတစ်ချို့ရဲ့ နမော်နမဲ့နိုင်မှုကြောင့်တောမီးတွေလောင်စေတယ်


Image Hosted by PicturePush - Photo Sharing

သစ်တောတွေ ပြုန်းတီးစေတယ်


Image Hosted by PicturePush - Photo Sharing

သစ်ပင်တွေ လောင်စာအဖြစ် အသုံးချလို့ တောတွေ ကုန်ပြီ။

Image Hosted by PicturePush - Photo Sharing 
တောတောင်တွေ ဖျက်ဆီးကြတယ်
သင်တို့လူသားတွေအတွက် ကျွန်ုပ်ပေးထားတဲ့ သဘာဝအလှအပ အရင်းအမြစ်တွေကို သင့်တို့ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြပြီ။ 


ဒါတင်မက ကျွန်ုပ်ဟာ သင်တို့အတွက် သဘာဝ တောတိရိစ္ဆာန်တွေကိုလည်း လက်ဆောင် အဖြစ် ပေးခဲ့သေးတယ်။

Image Hosted by PicturePush - Photo Sharing



Love The Mother Nature


Love The Mother Nature



lemurs


Love The Mother Nature


Image Hosted by PicturePush - Photo Sharing







ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ်ပေးတဲ့လက်ဆောင်တွေကို တန်ဖိုးမထားရက်စက် ကြမ်းတမ်းစွာ ဖျက်ဆီး ရက်ကြပါတယ်။


 seals 12 Killing Animals – Unethical and Immoral




Love The Mother Nature



 wolf 22 Killing Animals – Unethical and Immoral
ဂုဏ်သိက္ခာအတွက် သတ်ကြတယ်

wolves 12 Killing Animals – Unethical and Immoral
အမွှေးကိုလိုချင်လို့ သတ်တယ်

Whaling 32 Killing Animals – Unethical and Immoral



အဆီနဲ့အသားကိုလိုချင်လို့ သတ်တယ်

gorillas 23 Killing Animals – Unethical and Immoral
 ရှားပါးလို့ ဖမ်းဆီးကြပြန်တယ်



Image Hosted by PicturePush - Photo Sharing

 အလှထားဖို့ သတ်ကြတယ်


 အသုံးအဆောင်အတွက် သတ်ကြတယ် 

ကျွန်ုပေးတဲ့ လက်ဆောင်တွေအားလုံး သင်တို့လူသားတွေကိုယ်တိုင် လောဘစိတ်ကြောင့် ဖျက်ဆီးကုန်ကြပြီ။  ကျွန်ုပ်ဟာ သင်တို့ကို အသက်ရှိတဲ့အရာတွေကို ပေးထားခဲ့ပါလျှက်နဲ့ အသက်သေအောင် သင်တို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဂုဏ်သိက္ခာနဲ့ သတ္တဝါတွေရဲ့အသက် ဘယ်ဒင်းက ပိုအရေးကြီးသလဲဆိုတာ ခွဲခြား နားမလည်တဲ့အခါ ကမ္ဘာကြီးဟာ လွင်တီးခေါင်ခေါင်ဖြစ်လို့ တောင်တွေ ကတုံး ဖြစ်သွားလိမ့်မယ်။



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဒီလို အရိပ်မဲ့၊ အကာအကွယ်မဲ့၊ သားကောင်တိရိစ္ဆာန်တွေ ကင်းမဲ့နေတဲ့ကမ္ဘာမြေကြီးကို သင့် မိသားစု နောင်လာနောက်သားတွေ အတွက် ချန်ရစ်ခဲ့လိုပါသလား။ 

ကျွန်ုပ်အတွက်၊ ကမ္ဘာမြေကြီးအတွက်၊ နောင်လာနောက်သားတွေအတွက် တစ်ခုခုတော့ လုပ်ပေးခဲ့ပါ။ သင်မှမလုပ်ရင် ဘယ်သူတွေ လုပ်မလဲ။ အခု မလုပ်ရင်ရော ဘယ်ချိန်မှ လုပ်မှာလဲ..



Image Hosted by PicturePush - Photo Sharing

 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing







တိရိစ္ဆာန်တွေကို ကြင်နာပါ

Image Hosted by PicturePush - Photo Sharing
သင်ကိုယ်တိုင် သစ်ပင်စိုက်ပျိုးပါ။

Image Hosted by PicturePush - Photo Sharing
 ကလေးတွေကိုလည်း သစ်ပင်ကို ချစ်ခင်မြတ်နိုးတတ်အောင်၊ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးကို နားလည်အောင်


Image Hosted by PicturePush - Photo Sharing
သစ်ပင်စိုက်ပျိုးတတ်တဲ့ အကျင့်ကောင်းကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပါ။ 

 ဒါဆိုရင် ကျွန်ုပ်အတွက် သင့်အတွက်၊ နောင်လာနောက်သားတွေအတွက် စိမ်းစိုလှပ သာယာတဲ့ ကမ္ဘာမြေကြီးဟာ ဆက်လက် တည်ရှိနေမှာပါ။ ကျွန်ုပ်ဟာ သင်တို့ကမ္ဘာမြေကြီးအတွက် လက်ဆောင်များစွာ ပေးထားခဲ့တဲ့ သဘာဝတရား ဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
  



အင်တာနက်ပေါ်က Love The Mother Nature ကို ဘာသာပြန်ပါသည်။


သဘာဝတရားက ပေးထားတဲ့ လက်ဆောင်များကို လူတိုင်း ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ကြပါစေ...

 မူရင်း =လက်ဆောင်

                                                  လေးစားစွာဖြင့်    ....    မောင်မြင့်
Related Posts Plugin for WordPress, Blogger...