စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

အမေစုရဲ့ Diary လေးပါခံစားပေးပါဦး

အမေစုရဲ့ Diary လေးပါခံစားပေးပါဦး.....................
( ဒီပို့စ်လေးကို ကျော်မသွားပါနဲ့)
သူမကို နားလည်မပေးနိုင်တောင် သူမအကြောင်းကိုတော့ ဖတ်ကြည့်လိုက်ပါ..

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
ေေ
ဩော်…ဒီနေ့ ငါ့မွေးနေ့ပဲလေ…
ငါဘာလုပ်ရင်ကောင်းမလဲ..ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း
၁၉ နှစ်တောင် ရှိရော့ပေါ့ .ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး.. ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း
ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး...ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ
                   
ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ. အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…
တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.
အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ
                             
အို….
ငါသိပ်လွမ်းတယ်သိလား…
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…
ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ. ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်. အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့..

အို…
ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး
ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား
ငါဘာမှနားမလည်ခဲ့ဘူး အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး မျှော်လိုက်ရတာ ဖေဖေရယ်..
နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်. အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ် ..ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
ဖေဖေရယ်.. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
လွှမ်းမိုးနေခဲ့တယ် ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…

၁၉၆၀ ခုနှစ်
မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.
အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့ မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်.ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့
မေမေတို့ပြောင်းရတော့မယ် သမီးလေး..
ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်

နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
လိုက်ခဲ့ရမှာလေ. သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
ဟင်းဟင်းဟင်း…
ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
သွားပြောပေးရမှာလေ.
ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
ဝယ်ထားပေးမယ်.
ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
ပြေးဝင်ခဲ့တယ်. မေမေက သိပ်တော်တာပဲနော်. ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ် မေမေ့ကို ခုချိန်ထိသမီးသတိရနေတုန်းပါပဲ မေမေရယ်…
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
စံနမူနာထားလို့သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…
၁၉၆၄ ခုနှစ်
ငါပျော်လိုက်တာ…
အောက်စဖို့ တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
I'm proud of you, honey! လို ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ ကြတယ်. အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…
အောက်စဖို့တက္ကသိုလ်ကို တက်ဖို့ ငါထွက်ခဲ့ရပြီ
လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
စကားတစ်ခွန်းပြောတယ်. I believe in you! တဲ့. ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
မေမေ၀မ်းနည်းနေတာ ငါသိတယ်. ဒါပေမယ့် မေမေမငိုခဲ့ဘူး .လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး ..ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်
ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်
ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့
ငါ့ဘ၀ရဲ့ အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက်
ငါဂုဏ်ယူနေလို့ပါ
ငါပျော်နေလို့ပါ
ငါပီတိဖြစ်နေလို့ပါ
တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်
ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.
သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်
သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီးရင်းနှီးခဲ့ရတယ်.သူကတိဗက်လူမျိုးတွေအကြောင်းလေ့လာနေတဲ့
ကျောင်းသားတစ်ယောက်ပဲလေ.တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…
၁၉၆၉ ခုနှစ်
နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်. ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်. သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာမသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်
ငါအလုပ်ရခဲ့တယ်.Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.ညနေရုံးဆင်းချိန်တွေနဲ့
စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်
ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့
ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီလူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.
ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.
နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..
၁၉၇၂ ခုနှစ်
မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်. သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်.
အဲဒီ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…
မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.
ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..
သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.
ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ
ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
မေမေကတော့ ထုံးစံအတိုင်းပဲပေါ့ I trust you… တဲ့
တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့
သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…
၁၉၇၃ ခုနှစ်
အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
အဲလက်စ်ကို ငါမွေးခဲ့တယ်.
ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..အဲဒီနေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.
မေမေရယ်လေ.ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး
မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…
၁၉၇၄ ခုနှစ်
မိုက်ကယ်အလုပ်ရတယ်.
အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့
၁၉၇၇ ခုနှစ်
ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့
ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ
ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး
ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်
ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့
မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.
၁၉၈၅ ခုနှစ်
ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ
လုပ်ဆောင်ချက်တွေကို စာတမ်းပြုစုခဲ့တယ်. ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.
၁၉၈၆ ခုနှစ်
ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်. အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့
ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်
ကြည်နူးလိုက်တာ.ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.
မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..
၁၉၈၇ ခုနှစ်
ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်. အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.
စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
ငါ့ရဲ့ Advanced Degree အတွက် London School of Oriental and African Studies
မှာစာရင်းပေးခဲ့တယ်
၁၉၈၈ ခုနှစ် မတ် ၃၁
တယ်လီဖုန်းသံမြည်လာခဲ့တယ်. ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်
ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး
မေမေလေဖြတ်သွားတယ်တဲ့ နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်
ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.
မေမေရယ်…မှတ်တောင် မမှတ်မိတော့ဘူး
မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ
တော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်…
ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်
၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.
သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်
ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…
စက်တင်ဘာ ၁၈ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့ ..ငါဘာလုပ်ရမလဲ
ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.
ဒါပေမယ့် သေချာတယ် ငါလိပ်ပြာမလုံဘူး..
ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်. သူတို့ကို ငါရှက်တယ်. ငါမပြန်ဘူး
ငါဒီမှာနေမယ် ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်. ဟုတ်တယ် ..ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး ..ငါဒီမှာနေမယ်..ငါမပြန်တော့ဘူး
ငါချစ်တဲ့ ငါ့ ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့
ငါ့ဖေဖေအတွက်...ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.
လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်
ဟုတ်တယ်..ဒါငါပဲ.
NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်
ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ
ဒါကို ငါအသုံးချခဲ့တယ် ..စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက်
အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်. ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့တဲ့. .သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်
င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ. သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို
လူထုကြီးက "ဟေးးးးးးးးးးးးးးးးးးးးးးး" ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ
ငါ့မှာ ကြက်သီးတွေတောင်ထလို့…
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်
မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..
ကောင်းရာသုဂတိလားပါစေ မေမေရယ်..
မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.
၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက် မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.မေမေ့ကို မြင်စေ့ချင်လိုက်တာ...မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး
ဆောင်ရွက်ခဲ့ကြတယ်.ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
သမီးသေသည်ထိပေါ့…
ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်..အရှက်မရှိလိုက်ကြတာလေ.
ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ် ..ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်
အဲဒီကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်.. ငါ့အပေါ်ရက်စက်လိုက်ကြတာ..ကိုယ်ချင်းမစာလိုက်ကြတာ
ပြောရက်လိုက်ကြတာ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့
ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ် ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..
ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့

အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပြီလေ။


ဆလုံလူမျိုးများ အများစုနေထိုင်တဲ့ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်က ရေပတ်လည်ဝိုင်းနေသော လငန်းကျွန်းကလေး။

           ရေငုပ်အလွန်ကျွမ်းကျင်တဲ့ အဲဒီဆလုံလူမျိုးတွေဟာ အရင်က နတ်ကိုးကွယ်ပါတယ်။ မြိတ်မြို့၊ ရတနာဗောဓိဆရာရဲ့ဆက်သွယ်ပေးမှုနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးနန္ဒ၀ံသ
(ထားဝယ်) ရောက်ရှိပြီးနောက်ပိုင်း တကျွန်းလုံးက ဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ်ခဲ့ပါတယ်။ အခုဆိုရင် ထေရ၀ါဒကျောင်းလေးတည်တည်တံ့တံ့ဖြစ်ပေါ်နေပါပြီ။
(အရင်က အ၀တ်မ၀တ်တဲ့ ဆလုံလူမျိုးတွေလဲ အ၀တ်အစားလေးနဲ့ သပ်သပ်ရပ်ရပ် ဖြစ်နေပါပြီ။)
ကျွန်းကလေးမှာ စာသင်ကျောင်းဖြစ်ပေါ်လာဖို့ အထက်ကို စာတင်လို့ အခုဆိုရင် မူလတန်းကျောင်းလေးလဲ ရှိနေပါပြီ။ ကျန်းမာရေးမှူးလဲ ရှိနေပါပြီ။ မြန်မာတွေလဲ အရောက်အပေါက်ရှိလာတော့ မြန်မာများနဲ့ အိမ်ထောင်ကျတဲ့ ဆလုံမလေးများလဲ မြိတ်မြို့ကို ပြောင်းသူပြောင်းနဲ့ အတော်ကို စည်ပင်နေပါပြီ။ မြန်မာရေတပ်ကနေ ဦးစီးပြီး ကထိန်သင်္ကန်းကပ်ပွဲများကိုလဲ နှစ်စဉ်ပြုလုပ်ကျင်းပလျှက် ရှိပါတယ်။

          အဲဒီကျွန်းလေးကို မြိတ်မြို့ကနေ သွားမယ်ဆိုရင် လှေခရီး တနေ့နဲ့ တညအိပ်စီးရပါ့မယ်။ ကမ္ဘာ့ရေကြောင်းနဲ့အစပ်၊ မြန်မာရေပိုင်နက်အဆုံးနားမှာ ရှိပါတယ်။ တခါတရံ ကမ္ဘာ့ရေကြောင်းမှာ ဆိုက်ကပ်ထားတဲ့ ကမ္ဘာ့လှည့်အပျော်စီးသင်္ဘောကြီးတွေကနေပြီး ရွက်လှေလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားများ အလည်လာပြီး ကျွန်းသူ၊ကျွန်းသားများ အတွက် ကျန်းမာရေး ပညာရေးအတွက် အလှူငွေများ လှူဒါန်းသွားတတ်ပါတယ်။ အရင်က ပြည်မနဲ့ ဝေးခဲ့ကြတဲ့ ဆလုံလူမျိုးများမှာ အခုဆိုရင် ဘွဲ့ရသမီးပျိုတောင် ပိုင်ဆိုင်လို့ ကိုယ်နယ်မြေ ကိုယ့်ဒေသကို ပြန်လည်အကျိုးပြုနေသူများ ဖြစ်နေပါပြီ။

ဒီစာလေးရေးနေရင်း သူပြောခဲ့ဖူးတာလေး ပြန်သတိရလာတယ်။

'' တခါတလေဆိုကွာ ဗုဒ္ဓဘာသာရယ်လို့လဲ ဖြစ်ဖြစ်မြောက်မြောက်မရှိ၊ ပျင်းစရာလဲကောင်း၊ ကျွန်းပေါ်ကတောင် ခုန်ချချင်လာတယ်'' ဆိုပဲ့။ အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပါပကောလား။

အနေအစားချို့တဲ့စွာ လူသူမနီး ဝေးလံခေါင်ဖျားနယ်စပ်ကျွန်းကလေးမှာ သာသနာပြုနေရှာတဲ့သူငယ်ချင်းကို ဒီမစို့မပို့ စာတိုလေးနဲ့ ဂုဏ်ပြုရခြင်းရယ်ပါ။

Daweian Monk
Like This Page · 11 hours ago

ဆင်းရဲမွဲတေခြင်းသည် ရန်သူနံပါတ်တစ်ဖြစ်တယ်

ha-12-11-1

        မြန်မာအစိုးရနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပိုစိပ်လာချိန်မှာ မြန်မာ့ပုံရိပ်ဟာ ဒဏ်ရာအနာတရတွေ ပိုများလာတာ တွေ့နေရပါတယ်။ ၂၀၁၂ အောက်တိုဘာလ ၂၁ ရက်မှာ နိုင်ငံတော်သမ္မတကြီးက မီဒီယာတွေနဲ့ တွေ့ဆုံအောင်ပွဲခံပြီးချိန်မှာပဲ ရခိုင် ဘင်္ဂါလီ ပဋိပက္ခကြီးဟာ ထိန်းမနိုင်သိမ်းမရ မရှုမလှ ပေါက်ကွဲခဲ့ပါတယ်။ သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ် အပါအ၀င် နိုင်ငံတကာဆက်ဆံရေးဟာ အမှန်တကယ်ပဲ အောင်မြင်ခဲ့ ပါတယ်။ ဒါပေမဲ့ ပြည်တွင်းရေးကိစ္စ တွေမှာတော့ လုံးဝနီးပါး မအောင်မြင်သေးဘူးဆိုတာ ရခိုင်အရေး ကချင်အရေးနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး အပါအ၀င် အခြားများပြားလှစွာသော ပြဿနာ ပေါင်း သောင်းခြောက်ထောင်က သက်သေခံချက် ရှိပါတယ်။

             အထူးဖြင့် အစိုးရသစ်ပေါ်ပေါက်လာပြီး တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ပြည်သူလူထုရဲ့ စီးပွားရေးဘ၀ စားဝတ်နေရေး အခြေအနေဟာ ပိုပြီးတော့ နိမ့်ကျမွန်းကျပ်လာလျက်ရှိပါတယ်။ အောက်ခြေဆင်းရဲသား တွေကိုမဆိုထားနဲ့ လူလတ်တန်းစား ပညာတတ်များပင်လျှင် ဘာလုပ်ရမှန်းမသိအောင် လမ်းလျှောက်ရင်း လမ်းပျောက်နေကြပါတယ်။အသေးစားလုပ်ငန်းရှင် ဆိုသူများတောင် မျောက်သစ်ကိုင်းလွတ်ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီမှာ စီးပွားရေးအဆင်မပြေမှုတွေက ပြည်သူလူထုကြီးကို ရာဇ၀တ်မှု ထောင်ချောက်ကြီးထဲ တွန်းပို့လိုက်သလို ဖြစ်လာခဲ့ပါတယ်။ နှစ်လုံးထီ သုံးလုံးထီ လောင်းကစား၊ အလွဲသုံးစားလုပ်မှုတွေ တစ်ပူပေါ်နှစ်ပူဆင့်လာတာပဲ တွေ့နေရပါတယ်။
ပြည်တွင်းမှာ ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းရှိတယ်လို့ အစိုးရက၀န်ခံထားပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကိုလည်း မူဝါဒ ၈ ချက်နဲ့အညီ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဆင်းရဲခြင်းရဲ့ အကြောင်း ရင်းတရားခံအဖြစ် နှစ်လုံးထီ သုံးလုံးထီကို စီးပွားရေးပညာရှင်ကြီးများက လက်ညှိုးထိုးပြလိုက်တာနဲ့ ရဲစခန်းတွေကလည်း ထီထိုးထီရောင်းသူကို ဖမ်းပြရရှာတယ်၊ ဖမ်းမိတာတွေက ကျပ်သောင်းဂဏန်းဝန်းကျင် မျှသာ၊ သိန်းရာထောင်ချီနေတဲ့ လောင်းကစားနဲ့ အလျော်အစား အပေးအယူတွေ ဖမ်းမိတယ်လို့ တစ်ခါမှ မကြားမိပါဘူး။

       ချဲထီလောင်းကစားမှုကို အဖမ်းအဆီးပြတယ်ဆိုတာ သတင်းစာထဲ ပါကောင်းရုံမျ အစီရင်ခံစာထဲ ပါရုံမျှလောက်နဲ့တော့ ရပ်ထဲရွာထဲက အသေးစားလောင်းကစားမှုတွေဟာ ပပျောက်သွားမှာ မဟုတ်ပါဘူး။ နှစ်လုံးထီ သုံးလုံးထီဆိုတာ ပြည်သူတွေရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုတောင် ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ မယ်မယ်ရရ မရှိလို့ပါပဲ။ သရဲတစ်ကောင်သတ် နှစ်ကောင်ပွားဆိုသလို မဆိုစလောက် ပြောက်ကျား အရေးယူမှုတွေကြားမှာ ချဲထီလောင်းကစားခြင်းဟာ တောရောမြို့ပါ ကြီးထွားပြန့်ပွားနေဆဲ ရှိပါတယ်။ အဓိကလက်သည်တရားခံကတော့ ဆင်းရဲမွဲတေခြင်းပါပဲ။ ဆင်းရဲမွဲတေခြင်းဟာ ပြည်သူလူထုကြီးရဲ့ ရန်သူနံပါတ်တစ် ဖြစ်ပါတယ်။

အဏုမြူဗုံးနဲ့ဒုံးပျံပညာရှင် အိန္ဒိယသမ္မတကြီး အဗ္ဗဒူကလမ်ဟာ သူရဲ့များပြားလှတဲ့ အလုပ်တာဝန် တွေကြားထဲကပဲ ကျောင်းသားလူငယ်တွေနဲ့ အမြဲထိတွေ့နိုင်အောင် ကြိုးစားခဲ့ပါတယ်။ အိန္ဒိယရဲ့ အနာဂတ်ဟာ ကျောင်းသားလူငယ်တွေရဲ့ လက်ထဲမှာရှိနေတာမို့ လူငယ်တွေရဲ့ အသိအမြင်တွေ ဘယ်လောက်ထိ လေးနက်ကျယ်ဝန်းမှုရှိမရှိ သိရအောင် သမ္မတကြီးဟာ လူငယ်တွေဆီ အရောက်သွားပြီး စကားပြောကြားနာလေ့ ရှိပါတယ်။ မေးခွန်းတွေဖန်တီးပေးပြီး လူငယ်တွေရဲ့အသိပညာကို စုံစမ်းလေ့လာ မှတ်သားလေ့ ရှိပါတယ်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ လယ်သမားအရေး အလုပ်သမားအရေး အပေါ်မှာ အခြေခံရပါလိမ့်မယ်။ ပြည်သူလူထုကြီးရဲ့  ဆင်းရဲဒုက္ခတွေကို နိုင်ငံတော်အစိုးရက မျှယူကူထမ်းပေးရပါလိမ့်မယ်။ ပြည်သူ တွေရဲ့ဘ၀ဟာ နူရာဝဲစွဲ လဲရာသူခိုးထောင်းပမာ ဖြစ်နေတာမို့ ဒီဆင်းရဲမွဲတေမှုကို ရန်သူနံပါတ်တစ်အဖြစ် စစ်ကြေညာပြီး ချေမှုန်း တိုက်ထုတ်သင့်ပြီဖြစ် . . .



        ၂၀၀၂ ခုနှစ် ဧပြီလမှာ သမ္မတကြီးဟာ ဂူဂျာရပ် (Gujarat) နယ် အနန်း (Anand) သို့ ရောက်လာပြီး ကျောင်းသားတစ်စုနဲ့ စကားပြောပါတယ်။
အလွန်ထက်သော ကောင်လေးတစ်ယောက်က မြင့်သောမေးခွန်းတစ်ခု မေးလာသည်။
ကျွန်တော်တို့ ရန်သူဘယ်သူလဲတဲ့။ ဤမေးခွန်းကို ကျွန်တော်ကြိုက်သည်။ ကျောင်းသားများကို မင်းတို့လည်း စဉ်းစားဖြေကြစမ်းပါဆိုပြီး ဤမေးခွန်းပင် ပြန်မေးလိုက်ပါ၏။ အဖြေပေါ်လာပါသည်။
''ဆင်းရဲမွဲတေမှုပါပဲ'' တဲ့။

ကောင်းလိုက်သည့် အဖြေ၊ ပညာကြီးပါပေ့။ ဤအဖြေပေးသောကလေးမငယ်ကို ဤစာအုပ်ဖြင့် ဂုဏ်ပြုသည့် စာအုပ်အစတွင် ဖော်ပြထားသော ရည်စူးချက် (dedication) ကို ပြန်လည် ဖော်ပြပါရစေ။
ဤစာအုပ်ကို ၁၂ နှစ်အရွယ် ကလေးများ၏ စာသင်ခန်းမှ ကလေးမအတွက် ရည်စူးပါ၏။ သူ့အမည် ''သဏီဟာသက္ကား'' ဖြစ်၏။ ၂၀၀၂ ဧပြီ ၁၁ ရက် ညနေပိုင်းတွင် ကျွန်တော်ကားဖြင့် အနန်းသို့ ဆိုက်ရောက်စဉ်က လူထုရုန်းရင်းဆန်ခတ်ဖြစ်၍ ညမထွက်ရအမိန့် ရှိနေ၏။ နောက်နေ့တွင် ကျွန်တော်အနန္ဒလယ အလယ်တန်းကျောင်း၌ ကျောင်းသားများကို စကားပြောစဉ် ဤမေးခွန်းပေါ်လာသည်။
''ကျွန်တော်တို့ရန်သူ မည်သူနည်း''
အဖြေတွေ မျိုးစုံပေးကြသည်။ အားလုံး သဘောတူလက်ခံသော အဖြေကို သဏီဟာသက္ကားက ဖြေ၏။
''ကျွန်မတို့ရန်သူက မွဲတေခြင်းပါ''
ကျွန်တော်တို့ ရှိသမျပြဿနာအားလုံး၏ အရင်းအမြစ်ဖြစ်သော ဤရန်သူကို တိုက်ခိုက်ရန် ဖြစ်၏။ အချင်းချင်း တိုက်ခိုက်နေရန် မဟုတ်ပါချေ။

၂၀၀၄ ခုနှစ် နိုဝင်ဘာလထုတ် ဆရာဘိုးလှိုင်မြန်မာပြန် ''ဦးနှောက်များကို မီးညှိခြင်း'' စာ-၃၂
ဆင်းရဲမွဲတေခြင်းဟာ ပြည်သူလူထုကြီးကို အစဉ်အမြဲ ခြိမ်းခြောက်နေတဲ့ ရန်သူဆိုတာ ထင်ရှားပေါ်လွင် နေခဲ့ပါပြီ။ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင်ကလည်း ဆင်းရဲခြင်းဟာ ရှိရှိသမျ အနာရောဂါတွေထဲမှာ အ ကြီးမား အနက်ရှိုင်းဆုံး အနာရောဂါအဖြစ် ဧကနိပါတ် ဇာတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်ရဲ့ တတိယမြောက် သာဝကကြီး ပထမသင်္ဂါယနာတင် ဓုတင်ဧတဒဂ်ရ အရှင်မဟာကဿပ ရဟန္တာအရှင် မြတ်ကြီးဟာ ဆင်းရဲသားတွေရဲ့ရောဂါကို ကုစားသောအားဖြင့် ဆင်းရဲတဲ့အိမ်တွေမှာချည်း ဆွမ်းခံကြွ ချီးမြှောက်တော် မူခဲ့ပါတယ်။ ဘုရင် မှူးမတ် သူဌေးသူကြွယ်တွေက ဆွမ်းခံကြွဖို့ ဖိတ်မန်သော်လည်း ဥပေက္ခာ ပြုကာ ဆင်းရဲသားတွေဆီသာ ကြွသွားတော်မူပြီး ချီးမြှောက်တော်မူလေ့ ရှိခဲ့ပါတယ်။

ကျွန်တော့်တင်ပြချက် လွန်အံ့မထင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ ၃၀ ရာခိုင်နှုန်းသော လူဦးရေဟာ ကျေးလက်နေတောင်သူ လယ်သမားတွေဖြစ်နေလေရာ ဒီနေ့ လယ်သမားတွေရဲ့ ဖွတ်ကျောပြာစု ခရုဆံကျွတ် ဘ၀အခြေအနေတွေက ဆင်းရဲခြင်းကို ဖုံးဖိလိမ်ညာလို့ မရအောင် ဖော်ပြနေလို့ပါပဲ။ ''ငါ မွဲသွားပြီ'' ဆိုတဲ့ ကျက်သရေမရှိတဲ့စကားကို ဘယ်သူ ပြောချင်ပါ့မလဲ။ လယ်သမားတွေမှာ မွဲရုံမျမက ပြာကျတဲ့အဆင့်ကို ထိုးစိုက် ဆင်းသွားခဲ့ပါပြီ။ လယ်ယာမြေတွေ အဓမ္မသိမ်းယူခံရခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊  ကူရာကယ်ရာမဲ့ခြင်း စတဲ့အကြောင်းရင်းတွေဟာ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးကြီးထဲ တွန်းချသလို ဖြစ်ခဲ့ပါတယ်။
လယ်ယာမြေအပေါ်မှာ ဘာမှမျှော်လင့်ချက် မရှိတော့တဲ့အဆုံး လယ်သမားလူငယ်တွေဟာ တိုင်းတစ်ပါးထွက်ခွာပြီး အလုပ်ကြမ်းတွေ လုပ်ကြရတော့တယ်။ ရွာတွေမှာ သန်မာအားကောင်းသူ လူငယ်တွေ မရှိတော့သလောက် ရွာလုံးကျွတ်နီးပါး အမိမြေကိုစွန့်ခွာ ပြည်ပမှာရရာကြုံရာ အလုပ်ကြမ်းတွေနဲ့ နပန်းလုံးနေရပါတယ်။ သြော်. . . သခင်မျိုးဟေ့ ဒို့ဗမာတွေ ကမ္ဘာပတ်ပြီး ကျွန်ခံနေရလေပြီ။

နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က . . .''သူများတိုင်းပြည်တွေမှာ သွားပြီးအလုပ်လုပ်နေရတဲ့ ရွှေ့ ပြောင်းအလုပ်သမား သုံးသန်းကျော်လောက်ရှိပါတယ်'' လို့ ၁၇ ဇန်န၀ါ ရီ ၂၀၁၂ က ၀ါရှင်တန်ပို့စ် သတင်း စာကြီးနဲ့ တွေ့ဆုံစဉ်က ကမ္ဘာသိအောင် ၀န်ခံ ပြောကြားခဲ့ရပါတယ်။ (နောင်အခါမှာလည်း အကြိမ်ကြိမ် ထုတ်ဖော်ဝန်ခံ နေရရှာပါတယ်။)
ဒါ့ကြောင့် ထိတွေ့ဆက်ဆံနေရသမျ နိုင်ငံကြီးတွေကို ''ရင်းနှီး မြှုပ်နှံကြပါ။ စက်ရုံအလုပ်ရုံတွေ လာဆောက်ပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးကြပါ'' လို့ မေတ္တာရပ်ခံ တင်ပြနေရပါတယ်။ယခု နိုဝင်ဘာလဆန်းထဲ မြန်မာပြည်ရောက်လာကြတဲ့ ဆွစ်ဇာလန်၊ ဖင်လန်၊ နော်ဝေ စတဲ့နိုင်ငံကြီးတွေက တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေကို ဒီအတိုင်းပဲ ပြောခဲ့ရပါတယ်။
လောလောဆယ်အားဖြင့် နိုင်ငံတော် သမ္မတကြီးဟာ နိုဝင်ဘာလ ၆ ရက်နေ့က လာအိုမှာ ကျင်းပတဲ့ (၉) ကြိမ်မြောက် အာရှဥရောပ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးကြီးမှာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးတို့ နှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။
မြန်မာပြည်ရဲ့အခြေအနေကို သမ္မတကြီးက ခုလိုတင်ပြခဲ့ပါတယ်။

 'နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတို့အပေါ်မှာ မှီခိုလုပ်ကိုင် နေကြသူများပဲ ဖြစ်ပါတယ်။
'မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဈေးကွက်စီးပွားရေးစနစ် စတင်အကောင် အထည်ဖော်ဆောင်ရွက်စဉ်ကတည်းက လယ်ယာကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အပါအ၀င် ပုဂ္ဂလိကမှ ပါဝင်ဆောင်ရွက်နိုင်ဖို့ မူဝါဒများချမှတ် ဆောင်ရွက်ခဲ့သော်လည်း သိသာတဲ့တိုးတက်မှုများ မရှိသေးကြောင်း၊ ပြည်တွင်းနဲ့ နိုင်ငံတကာပညာရှင်များက ထောက်ပြပြောဆိုနေကြပါတယ်။
'ယခုမြန်မာနိုင်ငံမှာ ကျွန်တော်တို့အစိုးရအဖွဲ့သစ် စတင်တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍပေါင်းစုံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေရာ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်နေပြည်သူများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျော့ချ ရေးကို နိုင်ငံတော်ရဲ့ အဓိကဦးစားပေး အစီအစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါ တယ်'။

'ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက် ၈ ချက်ချမှတ်ထားတဲ့အနက်က  ပထမဆုံး ရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုလျော့ချရေးအရ လာမယ့် ၂၀၁၅ ခုနှစ်မှာ မူလအခြေအနေမှ ထက်ဝက်သို့ လျော့ ချရန် ဖြစ်ပါတယ်'။  (နိုဝင်ဘာ ၇/၂၀၁၂ ထုတ် ကြေးမုံသတင်းစာမှ)
လယ်သမားအရေးဆိုရင် လယ်ယာမြေပြဿနာတွေ အလိုလိုပါဝင်သွားပြီ ထင်ပါတယ်။ လယ်ယာ မြေစုံစမ်းရေးကော်မတီရဲ့ လေ့လာတွေ့ရှိချက်အရ လယ်ယာမြေတွေ အဓမ္မသိမ်းယူခံရခြင်းမှာ ကုမ္ပဏီကြီး တွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒီနေ့ လွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်တဲ့ လယ်ယာမြေဥပဒေဟာ လယ်သမားတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ မပေးနိုင်ကြောင်း လယ်သမားတွေကိုယ်တိုင် ရင်ဖွင့်ပြောဆိုနေကြပါတယ်။

ဒီနေ့အထိ ရန်ကုန်မြို့လယ်ကောင် လသာမြို့နယ် ၀ါဝါ၀င်းကုမ္ပဏီရှေ့မှာ လယ်သမားတွေနစ်နာခဲ့သမျ ဆန္ဒပြတောင်းဆိုနေတာ တစ်ပတ်ခန့် ရှိခဲ့ပါပြီ။ သက်ဆိုင်ရာမှ ဘယ်သူ တစ်ဦးတစ်ယောက်မှ လယ်သမားတွေ ဘက်က အကူအညီပေးတာ ကာကွယ်စောင့်ရှောက်ပေးတာ မတွေ့ရပါဘူး။ တရားဥပဒေအရ ရင်ဆိုင်ရာမှာလည်း လယ်သမားတွေဘက်ကသာ ဆုံးရှုံးနစ်နာနေလျက် ရှိပါတယ်။ ထုထည် ပမာဏ အကြီးမားဆုံးကတော့ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆုံးရှုံးနစ်နာနေခြင်း များပဲ ဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်ဆိုရင် လယ်သမားဘ၀ တိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်မယ်ဆိုရင် လယ်သ မားတွေဘက်က ရပ်တည်ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။ လယ်သမားတွေဟာ ကုမ္ပဏီကြီးများ အာဏာပိုင်များနဲ့ ဒီနေ့အထိ ထိပ်တိုက်ရင်ဆိုင်နေရလျက် ရှိပါတယ်။ ၆-၁၁-၂၀၁၂ ညကလည်း RFA ရေဒီယိုထုတ်လွှင့်ချက်မှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အ၀ ရွာ ၅ ရွာက လယ်ယာမြေတွေအတွက် စစ်တပ်က သီးစားခ လာတောင်းကြောင်း ကြားသိလိုက်ရပါတယ်။ ဒီလောက် ပြဿနာတွေကြီးထွားပြီး အရူးမီးဝိုင်း ဖြစ်နေချိန်မှာ စစ်တပ်က သီးစားခ လာတောင်းတယ်ဆိုတဲ့ သတင်းဟာ အလွန်အံ့သြစရာ ကောင်းလှပါတယ်။ ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲက သတင်းတစ်ပုဒ်ကို ကောက်နှုတ်ဖော်ပြပါဦးမယ်။

ဂွမြို့ နိုဝင်ဘာ ၃ ။ ။ အရပ်သားအစိုးရသစ် တက်လာပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း မှုစုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ရာ ဂွမြို့နယ်အတွင်းရှိ လူဦးရေ ၂၆၈ ဦး ပိုင်ဆိုင်သော မြေဧက ၇၄၇ဒသမ ၄၅ကို ၂၀၀၁ခုနှစ်က ခလရ-၅၅ မှ သိမ်းယူထားမှုကို သိမ်းဆည်းခံပြည်သူများက ပြန်လည်ရရှိရန် မျှော်လင့် နေကြသည်။ (၈ နိုဝင်ဘာ၂၀၁၂ ထုတ် မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်၊ စာ-၂၃)
သတင်းနိဒါန်းမျသာ ဖြစ်ပါတယ်။ အကျယ်ကိုမဖော်ပြလိုတော့ပါ။ တစ်တိုင်းပြည်လုံးမှာ ဒီလိုပြဿ နာတွေ မှိုလိုပေါက်နေပါတယ်။ ဒီလို ပြဿနာတွေကြောင့် သမ္မတကြီးရဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး စီမံကိန်းကြီးဟာ မုချ နှောင့်နှေးစရာ ဖြစ်နေပါတယ်။ ခေတ်မီ စက်မှုအတတ်ပညာ စိုက်ပျိုးရေး နည်းပညာတွေနဲ့ လယ် သမားဘ၀ကို အထက်သို့ဆွဲတင်ဖို့ ခဏထားလိုက်ပါဦး၊ အောက်ခြေမှာ  ဒုက္ခနွံထဲရုန်းမထွက်နိုင်အောင် နစ်နေ ရှာတဲ့ လယ်သမားတွေရဲ့ဘ၀ကို ဘယ်သူက ဆွဲထုတ်ကူညီ ကာကွယ်ပေးမှာလဲလို့ မေးစရာဖြစ်လာပါတယ်။

နိုင်ငံတော် သမ္မတကြီးက တိုင်းပြည်ရဲ့စီးပွားရေးကို အဟုန်မြင့် တိုးတက်စေချင်နေတာ သိသာထင်ရှားပါတယ်။  နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို တစာစာ တောင်းခံနေပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးပါလို့  ပြောနေပါတယ်။ ရှိပြီးသား အလုပ်သမား လူတန်းစားတွေရဲ့ ဘ၀တိုးတက်ရေး၊ အလုပ်သမား အခွင့်အရေး ဖော်ဆောင်ရေးများပင် နိုင်ငံတော်က လုံးဝအကူအညီ အကာအကွယ် မပေးနိုင်ဘဲ မျက်နှာလွှဲနေတဲ့ သဘောမျိုးကို တွေ့နေရပါတယ်။

မရမ်းကုန်းမြို့နယ် ပြည်လမ်းမကြီးပေါ်က တိုင်းအလုပ်သမား ညွှန်ကြားရေးရုံးရှေ့မှာ ရွှေပြည်သာ ၀ါးတစ်ရာရွာ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၁၅၀ ကျော် ရောက်ရှိ ဆန္ဒပြနေပါပြီ။ ဆန္ဒပြနေတာ ၇-၁၁-၂၀၁၂ ထိဆိုရင် နှစ်ပတ်ရှိသွားပါပြီ။ ဘာတုံ့ပြန်မှုမှမရလို့ အစာငတ်ခံ ဆန္ဒပြတဲ့အဆင့်ထိ တိုးမြှင့်လိုက်ပါပြီ။ မူးမိုက်လဲကျ သေလုမြောပါးဖြစ်နေချိန်မှာ စည်ပင်ကလာပြီး နှင်ထုတ်သတဲ့။ RFA က အလုပ်သမားရုံးကို ဖုန်းဆက်မေးတော့ ဘာဖြေသံမှ မကြားရ။ သမ္မတကြီးက မီဒီယာတွေက မေးရင်ဖြေပါလို့ ၂၁-၁၀-၂၀၁၂ ရက်က ဌာနဆိုင်ရာတွေကို အသိပေးထားပြီးသား။ အလုပ်ရှင်နဲ့ အလုပ်သမားကြား အလုပ်သမားရုံး က ဘယ်လိုစေ့စပ်ညှိနှိုင်း ဖြေရှင်းပေးနေတယ်ဆိုတာ ၁၅ ရက်ကြာတဲ့အထိ မထူးခြား၊ ၇-၁၁-၂၀၁၂ မှာ RFA ကမေးတာလည်း ဖြေသံမကြားရ။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ လယ်သမားအရေး အလုပ်သမားအရေးအပေါ်မှာ အခြေခံရပါလိမ့်မယ်။ ပြည်သူလူထုကြီးရဲ့ ဆင်းရဲဒုက္ခတွေကို နိုင်ငံတော်အစိုးရက မျှယူကူထမ်းပေးရပါလိမ့်မယ်။ပြည်သူတွေရဲ့ ဘ၀ဟာ နူရာဝဲစွဲ လဲရာသူခိုး ထောင်းပမာဖြစ်နေတာမို့ ဒီဆင်းရဲမွဲတေမှုကို ရန်သူနံပါတ်တစ်အဖြစ် စစ်ကြေညာပြီး ချေမှုန်းတိုက်ထုတ်သင့်ပြီ ဖြစ်ပါကြောင်း။
မောင်သွေးချွန်  
http://news-eleven.com/index.php?option=com_content&view=articl...

ရန်ကုန်တက္ကသိုလ် တွင် ပြောကြားမည့် သမ္မတ အိုဘားမား မိန့်ခွန်း ကောက်နုတ်ချက်များ

ရန်ကုန်တက္ကသိုလ် တွင် ပြောကြားမည့် သမ္မတ အိုဘားမား မိန့်ခွန်း ကောက်နုတ်ချက်များ

အမေရိကန်သမ္မတ အိုဘားမား
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် မိန့်ခွန်းပြောနေစဉ်။
၁၉ နိုဝင်ဘာ ၂၀၁၂ တနင်္လာနေ့ ရန်ကုန် တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတ အိုဘားမား မိန့်ခွန်း အကြို ကောက်နုတ် ချက်များ (အိမ်ဖြူတော် သတင်းဌာနမှ ထုတ်ပြန်သည်)။

အမေရိကန် ပြည်ထောင်စု အနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့ အတွက် ကျနော် ဒီကိုလာခဲ့တာ လို့ပဲပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။

တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ၀တ်စုံဖြူတွေ၊ ၀တ်ပြီးသွားတွေ့အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့တွေ့ခဲ့ရပါတယ်။  ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ အကြောင်း၊ ကျောင်းသားတွေရဲ့ အသံ၊ လွတ်လပ်ခြင်းသီချင်းတွေကို သီကျူးနေတဲ့ ဟစ်ပ်ဟော့ပ် ဂီတသမားတွေရဲ့ အသံ၊ အားလုံးကိုလည်း ကျနော်တို့ကြားခဲ့ရပါတယ်။ ပြည်ပမှာရောက်ရှိနေပြီး အမိမြေနဲ့ မိသားစုထံ အမြဲ တမ်းတ ဆက်သွယ်ချင်နေတဲ့ ဒုက္ခသည်တွေ၊ ပြည်ပရောက် အင်အားစုတွေ အကြောင်းလည်း ကျနော်တို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ရဲ့အံ့မခန်း ဂုဏ်သိက္ခာကြီးမားမှုကိုလည်း ကျနော်တို့ လေးစား အားကျခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက်နှလုံးသားခိုင်မြဲသူတွေကို ဘယ်လိုမှ အကျဉ်းချထားလို့မရနိုင်ဘူးဆိုတာ သက်သေပြခဲ့တာပါ။

သမ္မတရာထူးလက်ခံခဲ့တဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာရှိနေတဲ့ ခြိမ်းခြောက်အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ကျနော်သ၀ဏ်လွှာစကား ပါးခဲ့ဖူးပါတယ်။ အဲဒါကတော့ - “တင်းကြပ်တဲ့လက်သီးတွေကို ဖြေလိုက်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လက်ကမ်းပါမယ်” ဆိုတဲ့ စကားပါပဲ။ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်းမှာပဲ၊ အပြောင်းအလဲတွေဟာ အရှိန်အဟုန်နဲ့ပေါ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ၅ ခုကြာ၊ အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့သူတွေဟာ သူတို့ရဲ့ချုပ်ကိုင်မှုတွေကို ဖြေလျော့လာခဲ့ပါပြီ။

သမ္မတဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြောင်းလဲမှုလိုလားတဲ့ဆန္ဒတွေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တခု ဆုံဆည်းပေါ်ထွက်လာခဲ့ပါပြီ။ အခုဆိုရင်၊ အရပ်သားအစိုးရတခုနဲ့ အတူ၊ ပြည်သူ့လွှတ်တော် ဟာလည်း အင်အားယူပေါ်ထွက်လာနေပါပြီ။ တချိန်က တရားမ၀င်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုလျှင်လည်း၊ ရွေးကောက်ပွဲ ၀င်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။

နိုင်ငံရေးအကျဉ်းသားတွေလည်း ရာနဲ့ချီပြီ လွတ်မြောက်လာခဲ့သလို၊ အဓမ္မလုပ်အားစေခိုင်းမှုတွေကို တားဆီးမှုတွေရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေးတွေလုပ်နိုင်ခဲ့သလို၊ ပိုပြီးပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေအသစ်တွေ လည်း ပေါ်လာနေပါပြီ။ ဒါ့ကြောင့် ဒီနေ့မှာ ကျနော်အနေနဲ့ ပေးခဲ့တဲ့ကတိအတိုင်း၊ မိတ်ဆွေအဖြစ် လက်ကမ်းဖို့ ရောက်လာခဲ့တာပါ။ အခုဆိုရင်၊ ရန်ကုန်မြို့မှာ အမေရိကန်သံအမတ်ကြီးလည်း ရှိနေပါပြီ။

ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း လျှော့ချထားပြီးပါပြီ။ မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည် နာလန်ထူနိုင်ပြီး၊ ပြည်သူတွေအတွက် အခွင့်အလမ်းတွေပေါ်လာအောင် ကျနော်တို့ ကူညီပါ့မယ်။ ဒါဟာ တကမ္ဘာလုံးဖွံ့ဖြိုးဖို့အတွက် အင်အားတရပ်လည်းဖြစ်စေရပါမယ်။ ဒါပေမဲ့လည်း ဒီခရီးဟာ အခုမှ အစပဲရှိသေးပြီး၊ ရှေ့ဆက်အများကြီးသွားရအုံးမှာပါ။ လူမှုအသိုင်းအ၀ိုင်းရဲ့ ထိပ်ပိုင်းကနေ၊ ဆင်းသက်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အခြေခံမှာရှိနေတဲ့ ပြည်သူတွေရဲ့ မျှော်မှန်းမှုတွေနဲ့ တထပ်တည်းရှိဖို့လိုပါတယ်။ ကျနော်တို့ အခုမြင်နေရတဲ့ တိုးတက်မှု ရောင်ခြည်မီးပွားလေးတွေ၊ ငြိမ်းမသွားစေရေးနဲ့ ဒီမီးပွားလေးတွေဟာ မြန်မာပြည်သူတရပ်လုံးအတွက်၊ ရှေ့ဆောင်လမ်းပြ ဓူဝံကြယ်ကြီးလိုဖြစ်သွားစေဖို့ လိုပါတယ်။

အဖိနှိပ်ခံရမှုတွေအစား အားလုံးစုံရုံးပိုင်ခွင့်ကို အပြည့်အ၀လေးစားလိုက်နာရပါမယ်။ ချုပ်ချယ်ကန့်သတ်မှုတွေအစား သတင်းဆင်ဆာဖြတ်တောက်မှုတွေကို ဆက်ပြီးဖယ်ရှားသွားရပါလိမ့်မယ်။ ဒီလမ်းစဉ်အတိုင်း ဆက်လျှောက်သွားရင်၊ တိုးတက်မှုတွေ တွေ့လာမှာပါ။ မြစ်ဆုံရေကာတာစီမံကိန်းမှာဆိုရင်၊ ကန့်ကွက်ကြတဲ့ ပြည်သူတွေရဲ့ အသံကို လစ်လျူမရှု့ဘဲ၊ လေးစားလိုက်နာခဲ့တာကို တွေ့ခဲ့ရပါပြီ။

မတရားအသင်းလို့ ကြေငြာမှုတွေမရှိတော့ဘဲ နိုင်ငံရေးပါတီတွေကိုလည်း  လှုပ်ရှားလုပ်ဆောင်ခွင့်တွေ ပေးလာနေပါပြီ။ လွှတ်တော်ရွေးကောက်ပွဲတွေတုန်းကဆိုရင်၊ မဲဆန္ဒရှင်တဦးက - ကျနော့်အဖိုးအဖွားတွေ၊ တချိန်လုံးစောင့်ဆိုင်းခဲ့ပြီး၊ မတွေ့သွားတဲ့ ဒီအခွင့်အရေးပါပဲလို့ ပြောခဲ့တာ ကြားရပါတယ်။

ဒီလိုမဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် အာဏာရှိသူတွေအနေနဲ့ သဘောထားကြီး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ ပုံစံပါပဲ။ အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။ ကျနော်ကိုယ်တိုင် သမ္မတ  နိုင်ငံတော်စစ်သေနာပတိချုပ် ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက် လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်းလို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ကလေးငယ်လေးကနေ၊ သမ္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီတညာတည်းဖြစ်နေလို့ပါပဲ။
ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ်ရောက်ချင်တဲ့အနာဂတ်ကို ရောက်အောင်သွားနိုင်မှာပါ။ အဲဒီအနာဂတ်မှာဆိုရင်၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရှိနေတယ်ဆိုရင်တောင်  များလွန်းလှပြီလို့ ဆိုကြပါလိမ့်မယ်။ ဥပဒေဟာလည်း ခေါင်းဆောင်တွေရဲ့ အထက်မှာရှိနေပြီး၊ ဘယ်ကလေးသူငယ်ကိုမှလည်း စစ်သားအဖြစ်ခိုင်းစားတာမျိုးမရှိသလို၊ ဘယ်အမျိုးသမီးကိုမှလည်း မတရားခေါင်းပုံဖြတ်တာ မရှိတော့ပါဘူး။

နိုင်ငံတော်ရဲ့ လုံခြုံရေးကို အရပ်သားထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်တပ်က ကာကွယ်ပေးထားပြီး၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ သူတွေ အုပ်ချုပ်ခွင့်ရှိစေမယ့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်လည်း ရှိနေမယ့်အနာဂတ်ဖြစ်ပါတယ်။ ဒီခရီးလမ်းကို ရောက်အောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက အဆင့်တိုင်းမှာ ကူညီသွားပါမယ်။ လူထုလူတန်းစားအဖွဲ့အစည်းတွေ အားကောင်းလာစေဖို့ အကူအညီတွေ၊ ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးလေးစားတဲ့ စစ်တပ်တရပ်ဖြစ်လာစေဖို့ ၊ ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့ အတူ၊ ဒီမိုကရေစီလမ်းစဉ်ဆီကို ရှေ့တိုးလုပ်ဆောင်လာနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ ကူညီသွားမှာပါ။

နိုင်ငံသားဆိုတာကို  အဓိပ္ပါယ်ဖွင့်ဆိုဖို့  ဘယ်နိုင်ငံမဆို  အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။  အမေရိကန်နိုင်ငံမှာလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး  အကြီးအကျယ် ဆွေးနွေးငြင်းခုံခဲ့ရတာပါ။ အခုထိလည်း ဆက်ပြီး ငြင်းခုံရဆဲပါ။  ဒါပေမယ့် အဓိကအခြေခံအချက်တွေကတော့ တကမ္ဘာလုံးအတွက် အတူတူပါပဲ။  ဘယ်သူဖြစ်ဖြစ်  အခြိမ်းခြောက်မခံရပဲ နေထိုင်နိုင်ခွင့် ရှိဖို့ လိုပါတယ်။  မိသားစုတွေ ဘေးရန်ကင်းကင်း နေနိုင်ဖို့ လိုပါတယ်။  သူတို့ ဘယ်သူဘယ်ဝါဖြစ်နေလို့  ဒါမှမဟုတ် သူတို့ ဘယ်နေရာကနေ ရောက်လာလို့ ဆိုပြီး  သူတို့အိမ်တွေ မီးရှို့ခံရတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင်  ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်ရဲ့ နိုင်ငံညီညွတ်မှုကို လုပ်နိုင်တာပါ။  မြန်မာနိုင်ငံသားတွေဟာ မတူကွဲပြားမှုဆိုတာကို အားနည်းချက်တရပ်အနေနဲ့ မဟုတ်ဘဲ၊ အင်အားအဖြစ် အသုံးချနိုင်လိမ့်မယ်လို့ ကျနော်အခိုင်အမာ ယုံကြည်ပါတယ်။

ကျနော့် နိုင်ငံ၊ ကျနော် လျှောက်လှမ်းခဲတဲ့ ဘ၀အတွေ့အကြုံတွေကို ကျနော် ပြောပြနေတာပါ။ အမေရိကန် ပြည်ထောင်စုဟာ ခရစ်ယာန်တွေနဲ့ ဂျူးတွေ၊  မူစလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူနဲ့ ဘာသာ အယူဝါဒမရှိသူတွေ အတူနေကြတဲ့ နိုင်ငံပါ။  ကျနော်တို့ နိုင်ငံဟာ ဘာသာစကားမျိုးစုံနဲ့  ယဉ်ကျေးမှု မျိုးစုံ ထွန်းကားတဲ့ နိုင်ငံပါ။ ကျနော်တို့မှာ ပြည်တွင်းစစ်ရဲ့ ခါးသီးမှုတွေ ရှိခဲ့ပေမယ့်  လူသားတွေဟာ အမုန်းတရားတွေကို အသဲနှလုံးထဲကနေ ဖယ်ရှားနိုင်စွမ်း ရှိတယ်၊  ဘာသာ နဲ့ လူမျိုးဆိုတဲ့  ကဏ္ဍခြားထားတဲ့ လိုင်းတွေကလည်း မှေးမှိန်သွားနိုင်ပါတယ်  ဆိုတာကို  သမိုင်းကပြနေပါတယ်။  တကယ်တမ်း  ဘာကျန်နေသလဲဆိုတော့ ရိုးသားတဲ့ အမှန်တရား ပါပဲ။ အမေရိကန်နိုင်ငံမှာ ကွဲပြားမှုတွေ အများကြီး ရှိပေမယ့် ကျနော်တို့ဟာ တစိတ်ထဲ တ၀မ်းထဲ လူမျိုး တမျိုးထဲပါ။  ကာလကြာလာတာနဲ့ အမျှ  ဒီအမှန်တရား ကနေ ကျနော်တို့ နိုင်ငံကို အင်အားဖြစ်စေခဲ့ပါတယ်။

ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့  ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။  ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့  ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ  ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။  ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။   ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ  ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။  ဒါ့ကြောင့်  ဒီနိုင်ငံမှာလည်း  မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်။

 ဦးသန်းလွင်ထွန်း (ဗွီအိုအေ မြန်မာဌာန)
?

ဆွေမင်း(ဓနု ဖြူ)၏ မြိုင်ရာဇာတွက်ပီ အပြင်လောကတွင်လဲ ကံမကောင်းသေး




    ကွယ်လွန်ရှာသည်မှာ (၇) နှစ်ရှိပြီဖြစ်သည့် ကာတွန်းပညာ ရှင် ဆွေမင်း(ဓနု ဖြူ)၏ နာမည် ကြီးကာတွန်း ဇာတ်ကောင်ဖြစ် သော မြိုင်ရာဇာတွက်ပီသည် အပြင်လောကတွင်  ယနေ့ထိ သက်ရှိထင်ရှားအရှင် လတ်လတ် ရှိနေသည်။ သို့သော် ကာတွန်း ထဲကအတိုင်း ယနေ့အထိ တွက်ပီ ကံမကောင်းသေးကြောင်း ၎င်း ကိုယ်တိုင်ဖွင့်ဟ ပြောကြားသည်။

   မြိုင်ရာဇာတွက်ပီသည်တိုင်း ပြည်အတွက် သက်စွန့်ဆံဖျား စစ်တိုက်ခဲ့သော စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ကာ တိုက်ပွဲတွင် ရရှိခဲ့ သော ဒဏ်ရာများကြောင့် စစ် တပ်မှ ထွက်ပြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ၌ နေထိုင်လျက် လယ်ယာလုပ်ကိုင် နေခဲ့ရာ ၎င်းယာမြေများအား သိမ်းဆည်းခံရသဖြင့် မင်္ဂလာဒုံ မြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အမှတ်(၃)လမ်းမကြီး ညောင်ပင် မှတ်တိုင် မိုင်တိုင်အမှတ် (၆/၇) အနီးတွင် မြိုင်ရာဇာ တွက်ပီ အမည်ဖြင့် လိုင်စင်ရ ထန်းရည် ဆိုင် ဖွင့်လှစ်ရောင်းချ အသက် မွေးလျက်ရှိသည်။ သူ၏ ဘ၀ အတွေ့အကြုံများကို အခြေခံ၍ ဆရာဆွေမင်း (ဓနုဖြူ)က မြိုင်ရာ ဇာတွက်ပီကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ မြိုင်ရာဇာတွက်ပီ၏ ထန်း ရည်ဆိုင်ဆိုသည့် ဆိုင်းဘုတ်မှာ လည်း ဆရာဆွေမင်း (ဓနုဖြူ) ကိုယ်တိုင်ရေးဆွဲပေးခဲ့သည့် မူလ လက်ရာဖြစ်ကြောင်း သိရှိရသည်။

     မြိုင်ရာဇာတွက်ပီက ပြော ကြားရာတွင် ““ကျွန်တော် ဒီနေ့ထိ ကံမကောင်းသေးဘူး၊ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ မသေမပျောက် စစ်တပ်က ထွက်လာပြီး လယ် လုပ်စားခဲ့ရတယ်။ ကိုယ်လုပ်နေ တဲ့ လယ်လေး အသိမ်းခံရတယ်။ ဘာမျှပြန်မရဘူး။ လက်နဲ့ဖ၀ါး ဖြစ်သွားလို့ ထန်းရည်ဆိုင်လေး ဖွင့်ပြီး  ထမင်းစားနေရတယ်။  အခု ကျွန်တော်အပါအ၀င် အိမ် ထောင်စု တော်တော်များများရဲ့  အိမ်တွေကို ပိုက်လိုင်းချဖို့ မလွတ် ဘူးဆိုပြီး စည်ပင်က အတင်း အ ကျပ်ဖျက်သိမ်းဖယ်ရှားခိုင်းနတယ်။ လွတ်အောင်လုပ်လို့လည်း ရပါ တယ်ဗျာ။ ကျွန်တော်တို့ ဒုက္ခ ရောက်ပါပြီ။ ဘ၀ပျက်ပါပြီ။ တွက်ပီဒီနေ့ထိ ကံမကောင်း သေးဘူး””ဟု ပြောသည်။

မြိုင်ရာဇာတွက်ပီနှင့်အတူ ဖယ်ရှားပေးရန် နို့တစ်အပေးခံရ သော အိမ်ခြေ(၄၀)ကျော်မှလည်း နိုင်ငံတော်သမ္မတကြီးထံ အသ နားခံစာတင်ထားကြောင်း သိရ သည်။

ကိုရွှေမိုးအေး
http://www.hotnewsweekly.com/archives/13599

နေပြည်တော်ရောက်အတွေ့အကြုံလေးတစ်ခု

       နေပြည်တော်ကို အလုပ်ကိစ္စတစ်ခုဖြင့် ကျွန်တော်ရောက်သွားပါတယ်။ တစ်ပတ်လောက်ကြာအောင် လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်ပါတယ်။ လုပ်ငန်းက မပြီးတော့ အားလပ်တဲ့ စနေနေ့မှာ မြို့မဈေးကို ဆံပင်ညှပ်ဖို့သွားခဲ့ပါတယ်။

      ဆံပင်ညှပ်ဆိုင်တွေက အတန်းလိုက်၊ တစ်နေရာတည်း တစ်စုတစ်ဝေးတည်းဖြစ်ပါတယ်။ ဆိုင်တွေကို ကြည့်လိုက်တော့ ပိတ်ရက်ဖြစ်တဲ့အတွက် ဆံပင်ညှပ်သူတွေနဲ့ပြည့်နေပါတယ်။ အပြင်က ထိုင်ခုံလေး တွေမှာလည်း ထိုင်စောင့်နေကြတဲ့သူတွေကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ လူပါးမယ်ထင်ရတဲ့ အမျိုးသား- အမျိုးသမီး ဆံပင်ညှပ်ဆိုင်လေးမှာ ထိုင်စောင့်နေပါတယ်။

         ကျွန်တော့်ရှေ့က လူဝင်သွားတယ်။ ခေါင်းလျှော်မယ်။ ညှပ်မယ်။ ဆေးဆိုးမယ် လို့ ပြောသံကြား လိုက်တယ်။ ဒါဆို တော်တော်ကြာအောင် စောင့်ရမှာပေါ့။ မတတ်နိုင်ဘူး။ တခြားဆိုင်တွေမှာလည်း လူတွေက တန်းစီနေတာ။ပါလာတဲ့ စာအုပ်ကို ဖွင့်ပြီး ဖတ်နေမိပါတယ်။ သိပ်မစောင့်လိုက်ရပါဘူး။ တစ်နေရာအားသွားတာနဲ့ ဆံပင်ညှပ်တဲ့ခုံမှာ ၀င်ထိုင်ပြီး ဆံပင်ညှပ်ခံလိုက်တယ်။

ကျွန်တော် ဆံပင်ညှပ်နေတဲ့အချိန်မှာ တောကလို့ ထင်ရတဲ့ မိသားစု ၃ ယောက် ဆံပင်ညှပ်ဖို့ရောက် လာတယ်။ အသက်(၉)နှစ်လောက်ရှိတဲ့ မိန်းကလေးကို ဆံပင်ညှပ်ချင်တဲ့အကြောင်းပြောတယ်။
“ကလေးမရေ…သမီးလေးကို ဆံပင်ညှပ်ချင်လို့”
“ဟုတ်ကဲ့ရှင်…”
“ရှည်လွန်းအားကြီးလို့ ကြည့်ကောင်းအောင် ညှပ်ပေးပါကွယ်”
“ဟုတ်ကဲ့ရပါတယ်ရှင်”
“ဘယ်လောက်ပေးရမလဲ ကလေးမ”
“၃၀၀ ပါရှင်”

ဆံပင်ညှပ်တဲ့ အမျိုးသမီးလေးက အားနေတဲ့ခုံတစ်ခုမှာ တောသူမလေးကို ဆံပင်ညှပ်ပေးတယ်။ အပူချောင်းလား၊ ဘာလားတော့မသိဘူး။ အဲဒါနဲ့ ဟိုဆွဲဒီဆွဲလုပ်တယ်။ ကျွန်တော်က ဆံပင်ညှပ်ခံရင်း မြင်နေရတယ်။ သိပ်မကြာပါဘူး။ သူ့ အရင်ဆံပင်ညှပ်လို့ပြီးသွားတယ်။
သူ့သမီးလေး ဆံပင်ညှပ်လို့ ပြီးသွားတော့ ကလေးမလေးအဖေက ပိုက်ဆံ ၃၀၀ ထုတ်ပေးတယ်။
“၃၀၀ မဟုတ်ဘူး။ တစ်ထောင်ကျတယ်ရှင့်”
“စောစောက ဘယ်လောက်လဲ မေးတုန်းက ၃၀၀ ဆို”
“ဆံပင်ညှပ်ရုံသက်သက်ဆို ၃၀၀ ပါရှင်၊ အခု ဆံပင်တွေကောက်နေလို့ ဖြောင့်ပေးတာပါ ယူလိုက်လို့ ၁၀၀၀ ကျပါတယ်ရှင်…”
“ဟာ…ဆံပင်ပဲညှပ်ခိုင်းတာ…ဆံပင်ဖြောင့်ပေးပါလို့ မပြောမိပါလား”
“ကြည့်လို့မှ မကောင်းတာ ဦးရယ်…ငွေ ၁၀၀၀ နဲ့ အရမ်းလှသွားတယ်လေ”
“စောစောကတည်းက ပွင့်ပွင့်လင်းလင်းပြောပါလား…နောက် နင်တို့ဆိုင်လာမညှပ်ဘူး”
ပြောပြောဆိုဆိုနဲ့ ငွေ တစ်ထောင်ထုတ်ပေးပြီး ထွက်သွားကြတယ်။ ကျွန်တော်ကို ဆံပင်ညှပ်ပေးတဲ့ ကောင်လေးက တော်တော်လေး စိတ်ရှည်ပါတယ်။ ဆံပင်ညှပ်ရင်း ဖုန်းဝင်လာလို့ ဖုန်းပြောရင်လည်း သည်းခံစောင့်ပေးတယ်။ ကျွန်တော်က အားနာလို့ ဖုန်းကို အကြာကြီးမပြောပါဘူး။ လိုရင်းပဲ ပြောတယ်။
“ဘာကွ…”
အသံကြားလို့ လှည့်ကြည့်မိတယ်။ စောစောက ဆံပင်ညှပ်၊ ဆေးဆိုးတဲ့သူပါလား။ ဘာများဖြစ်ပါလိမ့်။ မသိမသာ နားစွင့်လိုက်တယ်။
“ဦးလေးကို မျက်နှာသစ်ပေးတာ တစ်ထောင်လေ၊ ဒါကြောင့် ခေါင်းလျှော်တာ ၂ ခါရယ်၊ ညှပ်တာရယ်၊ ဆေးဆိုးတာရယ်က ၄၀၀၀ ၊ ပေါင်းလိုက်ရင် ၅၀၀၀လေ”
“ဟာကွာ…မင်းတို့ စောစောက ပြောတော့ ၃၀၀၀ ဆို”
“ဦးလေးကလည်း ဆေးဆိုးပြီး ခေါင်းထပ်လျှော်ပေးသေးတယ်လေ။ မျက်နှာလည်း သစ်ပေးသေးတယ်။ ဦးလေးက တစ်ခါတည်းခေါင်းလျှော်မယ်ပြောတော့ ပိုက်ဆံပိုယူတာပေါ့။”
“အေး…အဲဒါထားတော့….မျက်နှာသစ်တာ ဘာကြောင့်ယူတာလဲ”
“ဦးလေးရဲ့ မျက်နှာ မသစ်ခင် ကျွန်တော်မေးသေးတယ်လေ…ဦးလေးက သစ်ဆိုလို့ သေသေချာချာ သစ်ပေးလိုက်တာ”
“မင်းတို့ကွာ…ကိုယ့်ဆီလာပြီး အားပေးတဲ့သူတွေကို တန်ရာတန်ကြေးတောင်းရင် ပွင့်ပွင့်လင်းလင်း ပြောပေါ့ကွာ၊ စောစောကကလေးမလည်း ၃၀၀ ကနေ တစ်ထောင်တောင်းတာ ဘယ်ကောင်းပါ့မလဲ”
“ကျွန်တော်တို့က အလကားတောင်းတာမှ မဟုတ်တာ…အလုပ်လုပ်ပေးပြီးမှ တောင်းတာပဲ၊ မတရား မလုပ်ပါဘူး…ဦးလေး”
“အေး…ငါ စကားသိပ်မပြောချင်ဘူး၊ မင်းတို့…ဒီလိုလုပ်နေရင် မင်းတို့လုပ်ငန်းထိခိုက်မယ်၊ ရော့ မင်းတို့တောင်းတဲ့ ၅၀၀၀”
ထိုလူကြီးက အိပ်ထဲက ငွေ ၅၀၀၀ ကို ထုတ်ပေးပြီး ဒေါနဲ့မောနဲ့ထွက်သွားပါတယ်။ ကျွန်တော်ကတော့ အတွေးတစ်ခု ၀င်လာပြီး ဆံပင်ညှပ်ပေးတာကို ပြီးအောင် နေလိုက်ပါတယ်။ ဆံပင်ညှပ်လို့ပြီးတော့ အပေါ်ဝတ်ရုံကို ဖယ်ပေးတယ်။ ဆံပင်မွှေးတွေ ရှင်းပေးတယ်။
“အစ်ကို ဇက်ချိုးပေးရမလား”
“မချိုးနဲ့ညီလေး...ရတယ်...ရတယ်”
ဆံပင်ညှပ်တဲ့ကောင်လေးက မေးလာတော့ ကမန်းကတန်း ပြောလိုက်တယ်။ နံရံမှာ ရေးထားတဲ့ ဆံပင်ညှပ် ၇၀၀ ကျပ်ဆိုတာကို ဖတ်ပြီး ၅၀၀ ကျပ်တန်တစ်ရွက်နဲ့ ၂၀၀ ကျပ်တန်တစ်ရွက်ကို အမြန်ထုတ်ပေးပြီး ဆိုင်ထဲက သုတ်ခြေတင်ထွက်ခဲ့ပါတယ်။
မဟုတ်လို့ကတော့ ဇက်ချိုးခ ပိုက်ဆံ ထပ်ပေးနေရမလားမသိဘူး။

အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၇-၉-၂၀၁၂)

ဝေဟင်ထက်က ကရုဏာရှင် မြန်မာလေယာဉ်မှူး



လေယာဉ်မှူးကြီး ဦးသန်းထွေးကို နေအိမ်တွင်တွေ့ရစဉ်။
ဓာတ်ပုံ-သီဟတိုး

      ထားဝယ်မြို့တစ်မြို့လုံး အံ့ဩချီးမွမ်း မဆုံးဖြစ်ခဲ့ရတဲ့ အဖြစ် အပျက်လေးတစ်ခု ထားဝယ်လေဆိပ်မှာ ဇူလိုင်လ ၁၀ ရက် နေ့ ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ဖြစ်ပွား ခဲ့ပါတယ်။
လူသားအချင်းချင်း စာနာထောက် ထားတတ်တဲ့စိတ်ဓာတ်နဲ့ မြန်မာလူ မျိုး တွေရဲ့ တစ်ဦးကိုတစ်ဦး ကူညီဖေးမတတ်တဲ့ ကရုဏာစိတ်ထားတွေ ကို ထားဝယ် မြို့ခံတွေအားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အံ့ဩ ချီးမွမ်းမဆုံးဖြစ်ခဲ့ရ သူ ကရုဏာရှင် လေယာဉ်မှူးအဖြစ် ဂုဏ်ပြုခံရသူ ကတော့ မြန်မာ့လေကြောင်းက လေယာဉ်မှူးကြီး ဦးသန်းထွေးပဲ ဖြစ်ပါ တယ်။

           အဲဒီနေ့က ထားဝယ်လေဆိပ်မှာ မြန်မာ့လေကြောင်းပိုင် လေယာဉ် အမှတ် -XY-AGB, U.B S.P.L  လေယာဉ်ဟာ ထားဝယ်မြို့ကနေ ရန်ကုန် မြို့ကို ထွက်ခွာ အံ့ဆဲဆဲအချိန် ညနေ ၃ နာရီ ၄၅ မိနစ် လောက်မှာ လေယာဉ်ကွင်းထဲကို လူသုံးဦးနဲ့အတူ လူတစ်ယောက်က ပိုက်တန်း လန်းနဲ့ အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပိုက်ပြီး "ကျွန်တော့သားလေးရဲ့ အသက်ကို ကယ်ကြပါ"ဆိုပြီး သားသမီးဇော ကပ်နေတဲ့အသံနဲ့ ငိုယိုအော်ဟစ် အကူအညီ တောင်းပြီး အမောတကော နဲ့ ကမူးရှူးထိုး ပြေးလာတာကို ခေါင်းခန်းမှာ လေယာဉ် စထွက်ဖို့ အသင့် ဖြစ်နေတဲ့ လေယာဉ်မှူးကြီး ဦးသန်းထွေးက လေယာဉ်ဦးခေါင်းပိုင်း ပြ တင်းပေါက်ကနေတစ်ဆင့် မြင် လိုက်ရပါတယ်။

       ဒါနဲ့ လေယာဉ်မှူးကြီးက ဘာဖြစ်တာ ပါလဲဆိုပြီး စုံစမ်းမေးမြန်း လိုက်တဲ့အခါ ဆိုင်ကယ်အက်ဆီးဒင့် ဒဏ်ရာများကြောင့် သတိမေ့ မြောနေတဲ့ အရေးပေါ် လူနာတစ်ဦးဖြစ်ပြီး ထားဝယ်-ရန်ကုန် ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို လိုက်ချင်ပေမယ့် အရေးပေါ်ဖြစ်နေ တဲ့ အတွက် လက်မှတ်မ၀ယ်ရသေးလို့ အခက်အခဲဖြစ်နေတဲ့ လူနာရှင်မိသားစု လို့ သိလိုက်ရပါတယ်။

          ဂလူးကို့စ်ပိုက် တန်းလန်းသွယ်ထား တဲ့ မေ့မြောနေတဲ့သားငယ်ကို ပိုက်ထား တဲ့ အဖေဖြစ်သူက လေယာဉ်မှူးကြီးကို "ကပ္ပတိန်ကြီး လေယာဉ်နဲ့ လိုက်ချင်လို့ ပါ"ဆိုပြီး ဖခင်တစ်ယောက်ရဲ့ သားသမီး အပေါ် စိုးရိမ်ဝမ်းနည်းမှုငိုသံစွက်နေတဲ့ အသံနဲ့ သနားကရုဏာ သက်ဖွယ် အကူ အညီ တောင်းခံလာပါတယ်။စေတနာကရုဏာရှင် ကိုယ်ချင်းစာ စိတ်ပြည့်ဝသူ လေယာဉ်မှူးကြီး ဦးသန်း ထွေးက ရင်ထဲကဖြစ်လာတဲ့ ကူညီချင်စိတ်နဲ့ လူနာကောင် လေးမိသားစုကို မဆိုင်းမတွဘဲ အကူအညီပေးဖို့ စတင် ဆောင်ရွက်ပါတော့တယ်။

         လက်မှတ် မ၀ယ်ရသေးလို့ စိတ်ပူပန်နေတဲ့ လူနာရှင်မိဘကိုလည်း လက်မှတ်ကိစ္စ စိတ်မပူပန်ဖို့ ပြောပါတယ်။ ဒီလက်မှတ်ကို ရန်ကုန် ရောက်မှ စီစဉ် နိုင်ကြောင်းပြောပြီး လေယာဉ်မှူး ဦးသန်း ထွေးနဲ့ တွဲဖက်လေယာဉ်မှူး ဦးမင်းလွင် တို့ဟာ သတိမေ့မြောနေတဲ့ ကလေး ရဲ့ အသက်ကို အချိန်မီကယ်နိုင်ဖို့ ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးကနေ ခွဲစိတ်သမားတော် ဆရာဝန်ကြီးရဲ့ ဆေးထောက် ခံစာနဲ့ လူနာရှင်မိသားစု လေးဦး ရယ်၊ ဆရာမ ဒေါ်စုစုထွေးတို့ရဲ့ နာမည် စာရင်းတို့ကို မှတ်သားစေပြီး လေယာဉ်ပေါ် အမြန်တက်စေ ခဲ့ကာ ထားဝယ်- ရန်ကုန် ခရီးစဉ်ကို အန္တရာယ်ကင်းကင်း မြန်ဆန်စွာ ပျံသန်းမောင်းနှင်ခဲ့ပါ တယ်။

         ထားဝယ်မြို့ကနေ ရန်ကုန်ကို တစ်နာရီအတွင်းရောက်ရှိခဲ့ပြီး သတိ မေ့မြောနေတဲ့ လူနာကောင်လေးကို  ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို အချိန်မီ ပို့သဆေးကုသနိုင်ခဲ့ပါတယ်။
ထားဝယ် မြို့ လေဆိပ်ဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်လေးကို မျက်မြင်ကြုံတွေ့ခဲ့ကြတဲ့ ခရီးသည်တွေနဲ့ ထားဝယ်မြို့ခံတွေ၊ လေယာဉ်ဝန်ထမ်းတွေဟာ လေယာဉ်မှူး ဦးသန်းထွေးရဲ့ လူသားအချင်းချင်း စာနာထောက်ထားစိတ်နဲ့ အကူအညီ ပေးခဲ့တဲ့မြင်ကွင်း ကို အံ့ဩချီးမွမ်းမဆုံး ထားဝယ်မြို့တစ်မြို့လုံး ပြောမဆုံးဖြစ်ခဲ့ ရပါတယ်။

       ဒီသတင်းလေးက ထားဝယ်မြို့မှာတင် မဟုတ်ပါဘူး။ ဇူလိုင်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာလည်း စာရေးဆရာ ထားဝယ်သွေးရဲ့ "ဘ၀ တစ်ကွေ့ အတွေ့အကြုံ" မှာ 'အံ့ဩ ချီးမွမ်းဖွယ် လေယာဉ်မှူး' အဖြစ်လည်း ဂုဏ်ပြုချီးမွမ်း ရေးသားဖော်ပြခဲ့ တာမို့ မြန်မာပြည်ရဲ့ အနယ်နယ်အရပ်ရပ်က လည်း ဖတ်ခဲ့သိခဲ့ရတယ်လို့ လေယာဉ်မှူး ကြီးက မြန်မာတိုင်း(မ်)ကို ပြောပါ တယ်။

         "ပိုက်တန်းလန်းနဲ့ကလေးကို သူ့အဖေ က ပွေ့ပြီး လေယာဉ်ကွင်းထဲကို အူယား ဖားယားနဲ့ ပြေးလာတာကို မြင်လိုက်ရ တဲ့အချိန်မှာ ဦးကဘာများဖြစ်လို့ပါလဲ ဆိုပြီး စုံစမ်းလိုက်တော့ 'ကလေးက ဆိုင်ကယ်အက်ဆီးဒင့်နဲ့ ရောက်လာ တာ၊ အဲဒါ လေယာဉ်လက်မှတ် တော့ မ၀ယ်ရသေးဘူး၊ လေယာဉ်နဲ့လိုက်ချင် လို့ပါ ရမလား' လို့ မေးတော့ ဦးက 'လိုက်လို့ရပါတယ်ပေါ့' အရေးပေါ်ကိစ္စ ဆိုတော့ ဒီလိုပဲ နားလည်ပေးရမှာပဲ လေ၊ လေယာဉ်လက်မှတ်က ဘယ်မှာ ၀ယ်ဝယ်ရတယ်။

       "လက်မှတ်ကိစ္စကို နောက်မှပဲစီစဉ် တော့ ကလေးက အချိန်မီရောက်ဖို့ အရေးကြီးတယ်ဆိုပြီး သူတို့ကို လေ ယာဉ်ပေါ်ခေါ်နိုင်အောင် အရင်စီစဉ်ရ တယ်။ Rules & Regulations အရ ဆိုရင်တော့ ဒါခေါ်လို့မရဘူးပေါ့။ ဒါပေ မယ့်လည်း ဒါကအရေးပေါ်လူနာဖြစ်နေ တဲ့အတွက် သူ့အရေးပေါ်အခြေအနေ ကို ဦးကူညီပေးနိုင်လို့ ကူညီပေးခဲ့တာပါ။ ပြီးတော့ ဒီလိုကူညီပေးလိုက်လို့လည်း တခြားခရီး သည်တွေကို စိတ်အနှောင့် အယှက်မဖြစ်စေဘူးဆိုတော့ သူ့အချိန် နဲ့သူ အချိန်မီရောက်သွားတော့ ဦး ကုသိုလ်ရတာပေါ့" လို့ ဦးသန်းထွေးက ဆိုပါတယ်။

        "ဦးတို့အလုပ်က ခရီးသည်တွေ လိုရာ အရပ်ကို အန္တရာယ်ကင်းကင်းနဲ့ အချိန်မီ ရောက်စေချင်တဲ့ ရည်ရွယ်ချက်။ ဒါ လေယာဉ်မှူး တိုင်းရဲ့တာဝန်။ အဲတော့ ဒီလူနာကလေးလည်း အချိန်မီရောက် သွားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရလို့ ဦးအနေနဲ့ ၀မ်းသာ မိပါတယ်။ အခုလို ဦးတတ်နိုင်သလောက် ကူညီခဲ့ရ တဲ့အတွက်ကော၊ ပြီးတော့ ဦးကူညီခဲ့တာလေးကို အသိအမှတ်ပြုပေးတဲ့ အတွက် ကော တကယ်ကို ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲ ပီတိဖြစ်ရပါတယ်" ဟု ဦးသန်းထွေး က သူ့ခံစားချက်တွေကို ပြန်လည်ပြောပြခဲ့ပါ တယ်။

             လေယာဉ်မှူးကြီး ဦးသန်းထွေးရဲ့ ပင်ကိုစိတ်ထားက လူတစ်ဖက်သားကို ကူညီရိုင်းပင်းလိုစိတ်ရှိသူတစ်ဦးဖြစ်ပြီး အများက အားကျ ဖွယ် တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်စွာ နေထိုင်တတ်တဲ့ မိသားစုကိုပိုင်ဆိုင်ထားသူလည်း ဖြစ်ပါ တယ်။
ဦးသန်းထွေးဟာ မွေးချင်းမောင်နှမ ခုနစ်ယောက်အနက် တတိယမြောက် သားဖြစ်ပြီး မိမိအထက် အစ်ကိုအစ်မ များအပေါ် ရိုသေ လေးစားမှုရှိသကဲ့သို့ မိမိအောက် ညီ၊ ညီမများ အပေါ်လည်း သနားကြင်နာစွာ အလျှော့ပေး ဆက်ဆံ တတ်သူ ဖြစ်ပါတယ်။
အသက်အရွယ်အားဖြင့် ငါးဆယ် ကျော်ဆိုပေမယ့် အခုချိန်ထိ အလုပ်ကို တက်တက်ကြွကြွနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်လျက် ရှိပြီး ၁၉၇၉ ခုနှစ်က စပြီး တပ်မတော်လေတပ်မှာ တပ်မတော် လေယာဉ်မောင်းခဲ့သူတစ်ဦး ဖြစ်ပါ တယ်။

         တပ်မတော်လေတပ်မှာ ခြောက် နှစ်တာ လေယာဉ်မောင်းခဲ့ပြီး လေယာဉ် နည်းပြဆရာသင်တန်းတက်ခဲ့ကာ လေယာဉ်နည်းပြအဖြစ် လေးနှစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၈၉ ခုနှစ်မှာတော့ မင်္ဂလာဒုံလေတပ် မှာ ဖော်ကာလေယာဉ် မောင်းခဲ့ပါသေး တယ်။ အင်ဂျင်လေးလုံးတည်းနဲ့ မောင်းရ တဲ့ ၀ိုင်အိက်စ်လေယာဉ်မျိုးတွေလည်း မောင်းခဲ့ဖူးသူပါ။
၁၉၉၈ ခုနှစ်မှာ ဒုဗိုလ်မှူးကြီးအဖြစ် မိတ္ထီလာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မှူး၊ အုပ်မှူးများအဖြစ်လည်း တာဝန် ယူခဲ့ရတယ်လို့ ဆိုပါ တယ်။

          အဲနောက်မှာ လေယာဉ်မှူးသင်တန်း နည်းပြဆရာ အဖြစ်လည်း အက်ဒမင်လုပ်ခဲ့ရပါသေး တယ်။ ၂၀၀၂ ခုနှစ်မှာတော့ မြန်မာ့ လေ ကြောင်း ကိုပြောင်းကာ လေယာဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု လက်ရှိ မြန်မာ့လေကြောင်းမှာ 'မြန်မာ့ လေကြောင်း လေ့ကျင့်ရေးနည်းပြချုပ်' အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း သိရပါတယ်။

ရေးသားသူ-သီဟတိုး
မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

စိတ် ထား လေး စား စ ရာ .. နှ လုံး လှ လွန်း တဲ့ သူပါ



ပုသိမ်မြို့မှာ ရေဘေးဒုက္ခသည်တွေကို စောင့်ရှောက်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၃၃ ခုထဲက တချို့ကို လိုက်ကြည့်နေတုန်း အမှတ် (၈) ရပ်ကွက်ထဲက “ဒေါ်သန်းဌေး ရေဘေး ကယ်ဆယ်ရေးစခန်း” ဆိုတဲ့ နာမည်ဆန်းဆန်း စခန်းတခုကို ရောက်သွားပါတယ်။

တခြား စခန်းတွေဟာ ဓမ္မာရုံတွေ ဘုန်းကြီးကျောင်းတွေကို ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားတာ ဖြစ်ပေမယ့် ဒီစခန်းကတော့ လူနေအိမ်ကို ဒုက္ခသည်စခန်း ဖွင့်လှစ်ထားတာဖြစ်ပြီး ပုသိမ်မြို့ရဲ့ တခုတည်းသော လူနေအိမ် ဒုက္ခသည်စခန်း ဖြစ်ပါတယ်။

ဘာလို့ “ဒေါ်သန်းဌေး ရေဘေးကယ်ဆယ်ရေးစခန်း” လို့ နာမည်ပေးထားလဲဆိုတော့ အမှတ် (၈) ရပ်ကွက် ဧရာမင်းဈေးနားက ဒေါ်သန်းဌေးဆိုတဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကြီးဟာ သူမပိုင်တဲ့နေအိမ် ၂ ခုစလုံးကို ဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ပြီး ရေဘေး ဒုက္ခသည်တွေကို စောင့်ရှောက်ထားလို့ပါပဲ။

ဒုက္ခသည်စခန်း တစ်ခုဖွင့်ထားတဲ့ ပျဉ်ထောင်သွပ်မိုး တစ်ထပ်အိမ်ဟာ ဒီနှစ်ဆန်းပိုင်းကမှ ဆောက်ထားခဲ့ တာဖြစ်ကာ လူမနေရသေးတဲ့ အိမ်အသစ်ဖြစ်ပြီး အိမ်ခန်းငှားစားဖို့အတွက် အထဲမှာ အခန်း ၃ ခန်း ကန့်ထားတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ ဒေါ်သန်းဌေးက အိမ်ငှားတွေအစား ရေဘေးဒုက္ခသည် ၁၈၉ ဦးကို အိမ်ပေါ် ခေါ်တင်ထားလို့ အိမ်ခန်း ၃ ခန်းစလုံး ဒုက္ခသည်တွေနဲ့ ပြည့်နေပါတယ်။

“အကုန်လုံးရေတွေတက်လာတော့ လူတွေက နေစရာ မရှိတော့ဘူး။ အိမ်တွေထားခဲ့ပြီး ပြေးတက်လာကြပြီ။ သူတို့ (ဒုက္ခသည်တွေ) က ဒီအိမ်မှာ နေပါရစေလို့ လာပြောတဲ့အချိန်မှာ အန်တီက မြို့ထဲက ဆိုင် မှာ ရောက်နေတယ်။ အဲဒါနဲ့ ဒီကို ချက်ခြင်းလိုက်လာ အိမ်တံခါးသော့ ဖွင့်ပေးပြီး ဒုက္ခသည်တိုင်းကို အန်တီ့အိမ်က ဆန် ၂ ပြည်ဆီ အလကား ဝေပစ်လိုက်တယ်။ ချက်ခြင်း သူတို့ ချက်စားတယ်။ သူတို့က ၀၀လင်လင်မစားရတာ ၁၀ ရက်လောက် ရှိနေပြီလေ”လို့ ဒေါ်သန်းဌေးက ပြောပါတယ်။

မူလက ရပ်ကွက်ထဲက အိမ်နီးနားချင်း ဒုက္ခသည် ဆယ်ဂဏန်းလောက်ပဲ လက်ခံထားပေမယ့် ရပ်ကွက် ဘုန်းကြီးကျောင်းမှာ နေစရာ နေရာ မရှိတော့လို့ အခက်တွေ့နေတဲ့ ဒုက္ခသည်တွေကိုပါ ဘုန်းကြီးကျောင်း ကနေ ခေါ်လာပြီး သူမအိမ်မှာ နေရာချပေးခဲ့တယ်လို့ လက်ရှိ ခိုလှုံနေတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
တဖြည်းဖြည်း ဒုက္ခသည်တွေများလာတော့ ညအိပ်ချိန်မှာ နေရာကြပ်တဲ့အတွက် ဒေါ်သန်းဌေးဟာ သူမရဲ့ မိသားစုနေအိမ် (RC နှစ်ထပ်တိုက်) ထဲကိုပါ ဒုက္ခသည်တွေကို ခေါ်သိပ်ခဲ့ပါတယ်။

“အန်တီ့အိမ်မှာ လူတွေ အများကြီးနေလို့ အိမ်ပျက်စီးမှာ မပျက်စီးမှာကို ခေါင်းထဲကို မထည့်ဘူး။ ဒီကုသိုလ်မျိုး ကိုယ်လိုချင်တိုင်း မရဘူး။ ဒီအိမ်ကြီး ပျက်စီးသွားလည်း အရေးမကြီးဘူး။ အဓိကက သူတို့ (ဒုက္ခသည်တွေ) အဆင်ပြေရင် ကျေနပ်ပြီ“လို့ ဒေါ်သန်းဌေးက ပြောပါတယ်။

တဖက်မှာလည်း အလှူရှင်တွေ မလာမီစပ်ကြား ဒုက္ခသည်တွေကို သူမကပဲ ဒိုင်ခံ ချက်ကျွေးနေပြီး နောက်ပိုင်း ကူညီထောက်ပံ့မှုတွေ ရလာတဲ့အခါမှာလည်း မနက် ည တနပ်မှ မငတ်ရအောင် စီမံခန့်ခွဲပေးခဲ့တယ်လို့ အဲဒီ ရပ်ကွက်ထဲကလူတွေက ပြောပါတယ်။


သူမနေတဲ့ နှစ်ထပ်တိုက်ထဲ ၀င်ကြည့်တဲ့အခါမှာ နေအိမ်ပရိဘောဂတွေကို အခန်းထောင့် နေရာလွတ်တွေမှာ စုပုံထားပြီး အိမ်အောက်ထပ် တထပ်လုံး ဒုက္ခသည်တွေ အိပ်လို့ရအောင် စီမံထားတာ တွေ့ရပါတယ်။
“ဒီကိုလာတဲ့ တချို့လူတွေမှာ ဖျာမပါလာဘူး။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး ပါမလာဘူး။ အန်တီ့အိမ်က ဖျာ၊စောင်၊ခေါင်းအုံး ချပေးလိုက်တယ်။ အိမ်မှာ ရှိသမျှတွေ အကုန် ချပေးလိုက်တယ်” လို့ ဒေါ်သန်းဌေး က ပြောပါတယ်။
ပုသိမ်မြို့ထဲမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ဒေါ်သန်းဌေးဟာ နေအိမ်မှာ ဒုက္ခသည်စခန်း ဖွင့်ထားလို့ အခုချိန်မှာ စီးပွားရေးကို ခေါင်းထဲက လုံးဝ ထုတ်ထားကြောင်း သူမက ဆက်ပြောပါတယ်။

“ရေကျသွားရင် ကိုယ့်အိမ်ကို ကိုယ်ပြန်ကြ။ ရေပြန်မြုပ်တယ်နော်။ ဒီကို အချိန်မရွေး တက်လာကြ။ သူတို့တွေကို အဲ့လို ပြောထားတယ်။ ပြန်တက်လာလို့ ပံ့ပိုးမှုတွေ မရှိလည်း ဇယားမရှိဘူး။ ကိုယ့်စားရိတ်နဲ့ကိုယ် သူတို့ကို ချက်ကျွေးမယ်”ဆိုပြီး သူမ စိတ်ကူးထားတဲ့ အစီအစဉ်တွေကို ကျနော့်ကို ပြောပြနေပါတယ်။

ဒေါ်လေးက ဒီအိမ်ကို ရောင်းဖို့ ငှားဖို့ ဆောက်ထားတာဆိုတော့ ရေပြန်ကျပြီး နောက်တခါ ရေမတက်ခင် ဒီအိမ်ကို လာဝယ်တဲ့လူ ရှိရင် ဘယ်လိုလုပ်မလဲ။ ရောင်းပစ်မှာလားဆိုပြီး ကျနော်က ကြားဖြတ်မေးခွန်းမေး လိုက်ပါတယ်။

အဲဒီမှာ ချက်ခြင်းပဲ“ဘယ်လောက်ပေးပေး မရောင်းဘူး။ လုံးဝ မရောင်းဘူး။ ဒုက္ခသည်တွေကို လက်ခံဖို့ပဲ သီးသန့် ထားမယ်”ဆိုပြီး ကိုယ်ပိုင်အိမ်ကို ရက်ရက်ရောရော ဒုက္ခသည် စခန်းဖွင့်ပစ်တဲ့ အမျိုးသမီးကြီးက မဆိုင်းမတွ ပြန်ဖြေခဲ့ပါတယ်။
Credit by ဧရာဝတီ Blog

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ (DownLoad mp3)

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ

မိန့်ခွန်း - ၁  downlode

မိန့်ခွန်း - ၂  downlode

မိန့်ခွန်း - ၃  downlode

မိန့်ခွန်း - ၄  downlode

မိန့်ခွန်း - ၅  downlode

မိန့်ခွန်း - ၆  downlode

မိန့်ခွန်း - ၇  downlode

မိန့်ခွန်း - ၈  downlode

အောက်ပါလိပ်စာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ အသံဖိုင်လေးတွေရှိပါသည်။နားဆင်လိုက သွာရောက်နားဆင်နိုင်ပါသည်။
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7205902&xgs=1&xg_source=msg_share_post

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ လွှမ်းမိုးနိုင်တဲ့ ဖက်ရှင်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ လွှမ်းမိုးနိုင်တဲ့ ဖက်ရှင်


ဇာနည်မာန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာအတွင်း ပထမဆုံး ဥရောပခရီးစဉ် တလျှောက်လုံးမှာ သူရဲ့ သွားလာလုပ်ဆောင်မှု မှန်သမျှကို မြန်မာပြည်သူတွေ အပါအ၀င်၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ကြ၊ ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာတိုင်း မြန်မာပြည်သူတွေ အထူးစိတ်ဝင်တစား ပြောဆိုဖြစ်ကြတာကတော့ သူ့ရဲ့ ၀တ်စားဆင်ယင်မှုပါပဲ။

ဇွန် ၂၂ လန်ဒန်မြို့ Royal Festival Hall မြန်မာမိသားစုများ တွေ့ဆုံပွဲ (ဓာတ်ပုံ - Getty Images)

ဥရောပကို ခရီးထွက်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းဝတ်စုံတွေ မ၀တ်ဘဲ ပြည်တွင်းဖြစ် ရိုးရာထည်တွေကိုပဲ ၀တ်ဆင်ခဲ့တာက မြန်မာပြည်သူတွေအတွက် အားကျစရာ၊ ဂုဏ်ယူဝင့်ကြွား ပြောဆိုစရာ ခေါင်းစဉ်တခုဖြစ်ခဲ့ပါတယ်။


Facebook လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ပြောဆိုကြတဲ့အခါ သူ့ရဲ့ ၀တ်စားဆင်ယင်မှု အကြောင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ စိတ်ဝင်တစား ပြောဆိုကြတာကို တွေ့ရပါတယ်။

ဇွန် ၁၈ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ Bord Gais Energy Theatre နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ Ambassador of Conscience ဆုပေးပွဲ (ဓာတ်ပုံ - Getty Images)

တချို့တွေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စားဆင်ယင်ပုံ အမျိုးမျိုးနဲ့ ဓာတ်ပုံတွေကို စုစည်းထားပြီး Facebook ပေါ်မှာ အချင်းချင်းဖြန့်ဝေကြ၊ မြန်မာဆန်တဲ့ ၀တ်စားဆင်ယင်မှုနဲ့ အနောက်တိုင်းဆန်တဲ့ ၀တ်စားဆင်ယင်မှုတွေကို ချိန်ထိုးပြောဆိုကြတာတွေ ရှိပါတယ်။



ဥရောပ ခရီးစဉ်တလျှောက်လုံး မြန်မာအ၀တ်အစားကိုပဲ ၀တ်ခဲ့တာ၊ ဥရောပကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့တဲ့အခါ ကိုယ့်ရိုးရာဝတ်စုံတွေကိုပဲ အများစု ၀တ်ဆင်ခဲ့ကြတာတွေကို ထောက်ပြပြီး
ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ရိုးရာဝတ်စုံတွေအကြောင်း ကမ္ဘာက ပိုသိသွားရတယ်၊ မြန်မာဝတ်စုံတွေရဲ့အလှ ကမ္ဘာကျော်ရတယ်လို့ ပြောဆိုကြတာတွေ တွေ့ရသလို ဒီအချက်နဲ့ ပတ်သက်ပြီး အငြင်းပွားကြတာတွေလည်း ရှိပါတယ်။

ဇွန် ၂၉ ပါရီမြို့ Louvre Museum (ဓာတ်ပုံ - Getty Images)

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဥရောပတိုင်းသားတွေအပေါ် မြန်မာဝတ်စုံဖက်ရှင်တွေ လွှမ်းမိုးမှု ရှိတယ်၊ မရှိဘူးဆိုတာကို သေချာမသိနိုင်ပေမယ့် အိမ်နီးချင်း အာရှနိုင်ငံတွေပေါ်ကိုတော့ လွှမ်းမိုးမှု တစုံတရာ ရှိနေပါတယ်။



“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စားဆင်ယင်မှုတွေဟာ ကျမကို အင်မတန် လွှမ်းမိုးပါတယ်။ သူနေအိမ်အကျယ်ချုပ်က လွတ်လာပြီးကတည်းက သူဝတ်တာတွေကို ကျမ သတိထားမိပြီး အဲ့ဒီဝတ်စုံလေးတွေကို ကျမ သိပ်ချစ်သွားတယ်။ အဲ့ဒါမျိုးလေးတွေ ကျမ သိပ်ဝတ်ချင်မိတယ်” လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အသံသွင်း အင်ဂျင်နီယာအမျိုးသမီးတဦးဖြစ်သူ ဂျန် က ဧရာဝတီကို ပြောပြပါတယ်။



ဂျန်က သူ့မှာ မြန်မာအင်္ကျီတွေနဲ့ မြန်မာဝတ်စုံ ၇ စုံရှိတဲ့အကြောင်း၊ အဲ့ဒီဝတ်စုံလေးတွေကို မြန်မာပြည်ကနေ မှာယူခဲ့တဲ့အကြောင်း၊ ဖက်ရှင်ချစ်သူ အမျိုးသမီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာဝတ်စုံ ဖက်ရှင်လေးတွေကို ၀တ်ကြည့်စေချင်ကြောင်း သူက ပြောပြပါတယ်။



“အဲ့ဒီအင်္ကျီလေးတွေကို စကပ်လေးနဲ့ တွဲဝတ်တယ်။ ထမီနဲ့ ၀မ်းဆက်လေးတွေကိုတော့ အခမ်းအနား၊ ပွဲလမ်းတွေ ရှိတာအခါ ၀တ်တယ်။ ၀တ်စုံလေးတွေက သိပ်လှတယ်။ အရည်အသွေးလည်း သိပ်ကောင်းတာပဲ။ တခါ အခမ်းအနားတခုသွားတော့ ကျမလို မြန်မာထည်လေးတွေဝတ်တဲ့ အမျိုးသမီးတွေကို တွေ့တယ်ရှင့်။ ကျမတို့ စကားပြောဖြစ်တော့ အောင်ဆန်းစုကြည်ဟာ ကျမတို့ လေးစားတဲ့ စံပြအမျိုးသမီး၊ ကျမတို့ရဲ့ ဖက်ရှင် စံပြပုဂ္ဂိုလ် ဖြစ်နေတာကိုး” လို့ ဂျန်က ပြောပါတယ်။

ဇွန် ၂၇ ပါရီမြို့၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius နှင့် (ဓာတ်ပုံ - Getty Images)

ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က ဆရာမတယောက်ဖြစ်တဲ့ ၀မ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စုံတွေနဲ့ဆင်တူ ၀တ်စုံတွေ ၀ယ်ထားသလို ဥရောပခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဝတ်ခဲ့တဲ့ ၀တ်စုံမျိုးကိုလည်း ၀ယ်မယ်လို့ ဆိုပါတယ်။



“သူဝတ်တာလေးတွေ သဘောကျလွန်းလို့လေ။ ရန်ကုန်က ကျမသူငယ်ချင်းတွေဆီကနေ မှာထားတာ။ သူ ILO မှာ မိန့်ခွန်းပြောတဲ့ အဖြူနဲ့အနက် ၀တ်စုံလေးရယ်၊ နိုဗယ်လ်ဆုယူတုန်းက၀တ်တဲ့ အဖြူပေါ် ခရမ်းရင့်ရောင်အပွင့်ထမီနဲ့ ခရမ်းရင့်အင်္ကျီဝတ်စုံမျိုး လိုချင်လို့ ထပ်မှာထားတယ်” လို့ ဆရာမ ၀မ်က ပြောပြပါတယ်။

ဇွန် ၁၄ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တော် (ဓာတ်ပုံ - ILO)

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ (ILO) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောချိန် ၀တ်ခဲ့တဲ့ ပိုးသားအနက်ရောင်ပေါ် အဖြူနဲ့ မီးခိုးဆေးရေးထမီနဲ့ အဖြူရောင်ပေါ် အနက်ရောင်အနားကွပ်အင်္ကျီ၊ အစိမ်းရောင်ပုဝါနဲ့ ၀တ်စုံ၊ နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဗယ်လ်ဆုယူချိန်မှာ ၀တ်ခဲ့တဲ့ အဖြူရောင်ပေါ် ခရမ်းရောင်ဖောက်တဲ့ ချိတ်ထမီနဲ့ ခရမ်းရင့်ပေါ် ကနုတ်ပန်းခက်လေးတွေ ထိုးထားတဲ့အင်္ကျီ၊ ခရမ်းနုရောင် ပုဝါနဲ့ဝတ်စုံ၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရဲ့ သမိုင်းဝင် ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာ ဗြိတိန် ၀န်ကြီးချုပ်နဲ့တွေ့ဆုံချိန် ၀တ်ခဲ့တဲ့ နီညိုရင့် ချိတ်ဝမ်းဆက်၊ ပြင်သစ်နိုင်ငံကို အသွား ၀တ်ခဲ့တဲ့ စိမ်းပြာနုပေါ် လက်ထိုးပန်းပွင့်လေးတွေ ထိုးထားတဲ့ ၀တ်စုံ၊ ပြင်သစ်သမတ ဖရွန်ဆွာ အောလန်နဲ့ တွေ့ဆုံချိန်မှာ ၀တ်ခဲ့တဲ့ အစိမ်းရောင်ချိတ်ထမီနဲ့ စိမ်းနုရောင် အင်္ကျီဝတ်စုံတွေဟာ မြန်မာအမျိုးသမီးထုကိုသာမက မြန်မာ့ရိုးရာဝတ်စုံတွေကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။



“ကျမအရင်က မြန်မာဝတ်စုံတွေကို သိပ်စိတ်မ၀င်စားခဲ့ဘူး။ အောင်ဆန်းစုကြည် ILO မှာ မိန့်ခွန်းမပြောခင် ထိုင်စောင့်နေတဲ့ ပုံလေးကို တွေ့လိုက်တော့ မြန်မာဝတ်စုံက တယ်လည်း ကျက်သရေရှိပါလားဆိုပြီး ကျမလည်း အဲ့ဒါမျိုးလေး သိပ်ဝတ်ကြည့်ချင်မိသွားတယ်” လို့ ရန်ကုန်မြို့က ဂျပန် NGO တခုမှာ တာဝန်ကျတဲ့ ဂျပန်အမျိုးသမီး ခဇုကို က ပြောပြပါတယ်။



အရွက်စိမ်းစိမ်း၊ သစ်ခွဖြူလွလွတွေနဲ့ ပြည့်နေတဲ့ ပန်းအိုးကြီးရဲ့ရှေ့မှာ အဖြူအနက်ဝတ်စုံ၊ အစိမ်းရောင် ပုဝါလေးခြုံပြီး ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ပန်ဟာ ပန်းပွင့်ဖြူတွေနဲ့ ပနံရလှပြီး သူ့ကိုဖမ်းစားခဲ့ပါတယ်တဲ့။

ဇွန် ၁၆ နော်ဝေနိုင်ငံ၊ အော်စလိုမြို့ နိုဗဲလ်ငြိမ်းချမ်းရေးဆုပေးပွဲ (ဓာတ်ပုံ - Getty Images)

ရန်ကုန်မှာ မြန်မာအမျိုးသမီးတွေ တော်တော်များများက ခေတ်ရဲ့သမီးပျိုတွေပီပီ အနောက်တိုင်းဝတ်စုံတွေကို ၀တ်ကြတာကိုပဲ အများစုတွေ့လေ့ရှိပြီး မြန်မာဝတ်စုံလေးတွေ ၀တ်တာမျိုး တွေ့လိုက်ရရင် သူ့အနေနဲ့ အရင်ကထက် ထူးထူးခြားခြား သတိပြုမိ၊ လိုက်ကြည့်မိတယ်လို့လည်း သူက ပြောပါတယ်။


“စကတ်တို့၊ ဘောင်းဘီတို့ကတော့ ဘယ်နိုင်ငံသွားသွား မြင်နေရတော့ မထူးဆန်းဘူး။ မြန်မာဝတ်စုံလေးတွေကျတော့ ကျမတို့အတွက် အမြင်ဆန်းတယ်။ ၀တ်စုံလေးတွေက ချပ်ချပ်ရပ်ရပ်နဲ့ သိပ်ကြည့်လို့ကောင်းတယ်။ ဒီက ရာသီဥတုနဲ့လည်း ကိုက်ညီတယ်လို့ ထင်တယ်လေ။ ချုပ်ပြီးသားတစုံ ၀ယ်ဝတ်ကြည့်တာ သိပ်သဘောကျတာပဲ” လို့ ခဇုကိုက ပြောပြပါတယ်။



မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြားထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ဓာတ်ပုံတွေအောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ကျက်သရေဆောင်ဖြစ်တယ်၊ မြန်မာမိန်းကလေးတွေ မြန်မာဆန်ဆန်ဝတ်သင့်တယ်၊ အတုယူသင့်တယ်လို့ တိုက်တွန်းပြောဆိုရေးသားမှုတွေ ပိုမို ပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။



“အခုခေတ် မိန်းကလေးတွေ တော်တော်များများက အတိုတွေ၊ အပြတ်တွေဝတ်မှ လှတယ်၊ ခေတ်မီတယ်ထင်ကြတယ်။ ဥရောပကို သွားတယ်ဆိုပေမယ့် ဘိုလို မ၀တ်ဘဲ မြန်မာဆန်ဆန်ဝတ်ဆင်ခဲ့တဲ့ အမေစုရဲ့ ရှေ့ဆောင်လမ်းပြ ၀တ်စားဆင်ယင်ပုံကို ကြည့်ပြီး မြန်မာဝတ်စုံလေးတွေဟာလည်း လှတယ်၊ ခေတ်မီတယ်ဆိုတာ မြန်မာမလေးတွေ သိနားလည်သင့်တယ်။ အတုယူသင့်တယ်” လို့ ရန်ကုန်မြို့က မသန္တာက ပြောပါတယ်။


ဇွန် ၂၇ ပြင်သစ်နိုင်ငံ ပါရီမြို့ မြို့တော်ခန်းမ (ဓာတ်ပုံ - AFP)

Facebook သုံးသူ တယောက်ကလည်း “အမေစုနဲ့ သူ့ရဲ့ဝတ်စားဆင်ယင်မှုကြောင့် မြန်မာကို ကမ္ဘာက ပိုသိသွားပြီ။ ယဉ်ကျေးတဲ့ မြန်မာတွေဆိုပြီး အမေက ရှေ့က ပုံဖော်ပေးနေသလို၊ မြန်မာမလေးတွေကိုလည်း အမေ့လိုပဲ ရိုးရိုးယဉ်ယဉ်နဲ့ ကျက်သရေရှိစေချင်တယ်။ ကမ္ဘာက မြန်မာကိုသိတာထက် မြန်မာနိုင်ငံက မိန်းကလေးတွေ ပိုသိဖို့လိုတယ်” လို့ ရေးသားထားပါတယ်။



ဝတ်စားဆင်ယင်မှုအပြင် နော်ဝေနိုင်ငံရောက် မြန်မာတွေနဲ့ တွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မြန်မာစာ မြန်မာစကားကို မမေ့ဖို့၊ ကလေးတွေကိုသင်ပေးဖို့၊ မြန်မာစကား ပြောကြဖို့ တိုက်တွန်းတာကိုလည်း အချင်းချင်း ပြန်လှန်ဝေငှကြရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့အတူ ဆွေးနွေးကြတဲ့ နောက်အကြောင်းအရာကတော့ ၀တ်စားဆင်ယင်မှုနဲ့ မျိုးချစ်စိတ်ပါ။



မြန်မာဆန်ဆန် ၀တ်စားဆင်ယင်တာနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတယ်လို့ ပြောလို့မရဘူးလို့ ဆိုသူတွေရှိသလို အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းတယ်ဆိုတာ ၀တ်စားဆင်ယင်မှုလည်းပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီလိုလေး ၀တ်စားဆင်ယင်တယ်ဆိုရင်ပဲ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတာနဲ့ အတူတူပါပဲ ဆိုပြီး ရေးသားကြ၊ မှတ်ချက်ပေးကြ၊ ပြောဆို ဆွေးနွေးကြတာတွေလည်း ဒုနဲ့ဒေးပါပဲ။


ဇွန် ၂၁ လန်ဒန်မြို့ ၀န်ကြီးချုပ် David Cameron နှင့် (ဓာတ်ပုံ - Getty Images)


အာရှနိုင်ငံတော်တော်များများက ခေါင်းဆောင်တွေဟာ အခုအချိန်မှာဆိုရင် အများစုက အနောက်တိုင်း ၀တ်စုံတွေကိုသာ ၀တ်ဆင်နေကြတာတွေ့ရမှာပါ။


ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး အားကောင်းတဲ့ အိန္ဒိယနိုင်ငံက ခေါင်းဆောင်တွေကတော့ အမြဲတစေ ရိုးရာဝတ်စုံတွေကို ၀တ်လေ့ရှိတာကို သတိပြုမိမှာပါ။ ဒါတွေနဲ့ပတ်သက်လို့ အိန္ဒိယ နိုင်ငံရေး တက်ကြွသူ လူငယ်တယောက်ဖြစ်တဲ့ အမ်မိခ်ကတော့ ရိုးရာထိန်းသိမ်းတယ်၊ အနေထိုင် သိမ်မွေ့တယ်ဆိုတာထက် နိုင်ငံခေါင်းဆောင်တွေရဲ့ ပြည်သူအပေါ်၊ နိုင်ငံအပေါ် ထားရှိတဲ့ စေတနာနဲ့ သူတို့ရဲ့ အမှန်တကယ် လုပ်ဆောင်မှုတွေက ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။



“ကျနော်တို့ရဲ့ ဂန္ဓီကြီး ပြောဖူးတယ်။ ကိုယ့်ရဲ့ စိတ်ကတော့ တိုင်းတပါးက အလေ့အထတွေကို လေ့လာပါ၊ ဖလှယ်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ခြေထောက်ကိုတော့ ကိုယ့်တိုင်းပြည်ရဲ့ မြေပေါ်မှာပဲ စွဲစွဲမြဲမြဲထားပါ။ ဒါမှ တိုင်းတပါးက လေကြမ်းတွေ တိုက်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုး လှုပ်ခါယုတ်လျော့မှု မရှိမှာဖြစ်တယ် ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံအပေါ်ထားတဲ့ သူ့စေတနာကြောင့် နိုင်ငံတကာမှာ သူ့နိုင်ငံကို ကိုယ်စားပြုပြီး တောက်ပနေတော့ သူ့ကြောင့် မြန်မာ့ယဉ်ကျေးမှုက ဂုဏ်ပိုတက်သွားတယ်လို့ ပြောရမှာပါ” လို့ အမ်မိခ် က ပြောပါတယ်။



ဘန်ကောက်က ထိုင်းအမျိုးသမီး ဂျန် ကတော့ “အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတခုတည်း အတွက်တင်မကဘူး၊ ကျမတို့ အာရှအမျိုးသမီးထုအတွက် စံပါပဲ။ ၀တ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတဲ့စိတ်၊ သူ့တိုင်းပြည်အပေါ်ထားတဲ့ စေတနာနဲ့ အနစ်နာခံမှုတွေကို မြန်မာမိန်းကလေးတွေသာမက အမျိုးသမီးတိုင်း သူ့ကို စံနမူနာယူသင့်တယ်” လို့ ဆိုပါတယ်။



ဆက်စပ်ဖတ်ရှုရန်
မြန်မာ Icon ရဲ့ ဖက်ရှင်

ဇာနည်မာန်

ဒေါ်အောင်ဆန်းစုကြည်ကို မွှေးမွှေးပေးခွင့် ရခဲ့သူများ


ဒီဇိုင်း - သားသားလေး

ပြည်တွင်း/ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ကို ( အနမ်း ) မွှေးမွေးပေးခွင့် ရရှိခဲ့ကြသော မမ, ဒေါ်ဒေါ်များ

အဲဒီထဲမှ အောက်တန်း ဘယ်ဘက်စွန်က ဦးထုပ်နဲ့ ဒေါ်ဒေါ်သည် အထူးခြားဆုံးဖြစ်နေတာပါ။ အဲဒီဒေါ်ဒေါ်ဟာ သာမန် အလုပ်သမ တစ်ယောက်သာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူတန်းစား မခွဲခြားဘဲ အလေးထားမှုကို ဖော်ပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ကြားဖြတ်ရွှေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ မြိတ်မြို့ကို သွားစဉ်က ဒေါ်အောင်ဆန်းစုကြည်အား မွှေးမွှေးပေးခွင့်ရခဲ့တဲ့ ဒေါ်ဒေါ် ဖြစ်ပါတယ်။

ပြည်ပကတော့ အိုင်ယာလန်ရောက် ဒေါ်ဒေါ်နဲ့ ကျန်တယောက်ကတော့ အင်္ဂလန်ရောက် ဒေါ်ဒေါ်တို့ ဖြစ်ပါတယ်....။

Source by :http://blog.irrawaddy.org/

နည်းနည်းတော့ဆင်ခြင်ကြစေချင်


ဝဲဘက်ပုံကတော့ Idea မဂ္ဂဇင်း၊ ဇူလိုင်လထုတ်မှာ ပါခဲ့တဲ့ပုံပါ . ပုဂံဓမ္မရံကြီးဘုရားကို background ယူထားပြီး တော်တော်လေးအမြင်ဆိုးဝါးတဲ့ပုံပါပဲ .. ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ဒီလိုမျိုးဝတ်ဆင်တာ တော်တော်လေးအမြင်ရိုင်းပါတယ် ဘုရားမှာ ဒီလိုဝတ်ဆင်တာ ယဉ်ကျေးမှုကိုရော၊ ဘာသာရေးကိုတိုက်ခိုက်လာသလိုပါပဲ .. ညာဘက်ပုံနဲ့ ယှဉ်ကြည့်လိုက်ရင် တော်တော်လေးအနှစ်သာရ ကွာခြားနေပါပြီ၊ ခေတ်နောက်ပြန်ဆွဲလိုတာမဟုတ်ပါဘူး အ၀တ်အစားနဲ့လိုက်ဖက်တဲ့ နောက်ခံကိုဖြစ်စေချင်ပါတယ် .. မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တာကြောင့်ဒါဘယ်သူ့မှာတာဝန်ရှိနိုင်ပါသလဲ..ဘယ်သူတွေက
ထိမ်းသိမ်းစောင့်ရှောက်ရမှာလဲ သိချင်တယ်။ရှေးဟောင်း သမိုင်းဝင်နယ်မြေကို နိုင်ငံတကာက ဧည့်သည်တွေတောင်ဒါမျိုးဝတ်ပြီးမလာဘူး။ ကိုယ့်နိုင်ငံထဲကဟာတွေကတော့ ရိုက်ချက်ပြင်းပါ့။ ကောင်းသည် ဆိုးသည်မခွဲခြားနိုင်တော့လောက်အောင် အသိဥာဏ်မဲ့ကုန်ကြဘီလားတွေးမိတယ်။ အံ့ရော :(မော်ဒယ်လ်ကလည်း နာမည်ကြီးချင်တော့ အားလုံးလုပ်တယ် ... မဂ္ဂဇင်းကစီစဉ်သူတာဝန်ရှိသူတွေနဲ့ ဂေါပကတွေကလည်း ငွေနောက်ပဲလိုက်တယ် ..
စာနယ်ဇင်းလွတ်လပ်ခွင့်စပေးတာနဲ့ အရေးအသားတွေ၊သတင်းတွေ လွတ်လပ်စွာဖတ်ခွင့်မြင်ခွင့်ရမယ်ထင်ခဲ့တာ အရင်ဆုံးမြင်ရတာတော့ မော်ဒယ်လ်တွေရဲ့ အဖော်အချွတ်တွေပဲ .. ဟူးးးးးးးးးးးးးး(
credit: http://www.facebook.com/phonemin

တောင်ကြီးက အေးသာယာ စပျစ်ခြံကြီးဆီသို့

အေးသာယာ စပျစ်ခြံကြီးဆီသို့


 
     တောင်ကြီးအင်းလေးကို သွားခဲ့တုန်းက တောင်ကြီးမြို့ အတက်နားက အေးသာယာ စပျစ်ခြံကို သွားခဲ့တဲ့ အကြောင်းကို ရေးချင်ပါတယ်။ ခြံကြီးရဲ့ နာမည်က အေးသာယာဝိုင် ထုတ်လုပ်တဲ့ အေးသာယာ စပျစ်ခြံကြီးပါ။ ခြံကြီးထဲမှာ စပျစ်စိုက်ခင်း စိမ်းစိမ်းစိုစိုကို ကြည့်ရင်း အဲဒီ စပျစ်ပင်တွေကရတဲ့ အသီးကနေ ထုတ်လုပ်ထားတဲ့ ဝိုင်တွေကို သောက်သုံးနိုင်တဲ့ အရသာကို ခံစားနိုင်ပါတယ်။ ကျယ်ဝန်းလှတဲ့ ခြံကြီး ထဲက တောင်စောင်းတလျှောက် မျက်စိတစ်ဆုံး စိုက်ပျိုးထားတဲ့ စပျစ်ပင်တွေဟာ ညီညာသွယ်တန်းပြီး လှိုင်းတွေလို ဝေ့ဝိုက် လူးလွန့်နေပုံက ကြည့်လို့ မဝနိုင်လောက်အောင် ဆွဲဆောင်မှု ကောင်းလွန်း လှပါတယ်။ အင်းလေးကန်နဲ့လည်း မဝေးလှတဲ့အတွက် နိုင်ငံခြားသား ခရီးသွားများ အတော်များများဟာ အေးသာယာ စပျစ်ခြံကြီးဆီကို လာရောက်လေ့လာ စား သောက်လေ့ ရှိကြပါတယ်။ အဲဒီခြံကြီးထဲကို ကျွန်မနဲ့ အတူတူ လျှောက်သွား ကြည့်ရအောင်လားနော်။

Image Hosted by PicturePush - Photo Sharing

 အေးသာယာခြံကြီးသို့ အဝင် 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

 ခြံရှေ့က ဆိုင်းဘုဒ်များ 

Image Hosted by PicturePush - Photo Sharing 
ခြံထဲ ဝင်လိုက်တော့ လမ်းညွှန်ဆိုင်းဘုဒ် လေးတွေကို တွေ့ရပါတယ်. ဘယ်ဘက်ကိုသွားရင် စပျစ်ပင်တွေ စိုက်ထားတဲ့ စိုက်ခင်းကို ရောက်မှာ ဖြစ်ပြီး ညာဘက်မှာတော့ ရုံးခန်းနဲ့ အေးသာယာ ဝိုင်တွေရောင်းချတဲ့ဘား ရှိပါတယ်။ ဟိုရှေ့မှာ တွေ့ပါပြီ။ အတန်းလိုက် စီစီညီညီ စိုက်ထားတဲ့ စပျစ်ပင်ကြီးတွေပါ။ စပျစ်ခင်းကြီးဟာ ကြည့်လို့ မဆုံးနိုင်လောက်အောင် တမျှော်တခေါ်ရှိလှပြီး လှလွန်းတဲ့အတွက် ဓာတ်ပုံတွေ အများကြီး ရိုက်ဖြစ်ခဲ့ပါတယ်။ ကြည့်ကြည့်ရအောင်လားနော်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

အေးသာယာခြံကြီထဲက စပျစ်ပင်တွေဟာ ပုံထဲမှာ မြင်ရတဲ့ အတိုင်းပါဘဲ။ မြန်မာပြည် အလယ်ပိုင်းမှာ မြင်တွေ့ ခဲ့ရဖူးတဲ့ စပျစ်ပင်တွေလို စင်တွေနဲ့ စိုက်ပျိုးထားတာမျိုး မဟုတ်ဘဲ စိုက်ခင်းကြားထဲမှာ တိုင်တွေထောင်ထားပြီး တိုင်တွေကြားမှာ ကြိုးတန်းတွေ ရှိပါတယ်။ စပျစ်ပင်ရဲ့ ပင်စည်တွေက အဲဒီကြိုးတန်းတွေမှာ နွယ်နေတာဖြစ်ပါတယ်။ ဒီစပျစ်ခြံကြီးအကြောင်းကို ကျွန်မ လေ့လာစပ်စုမိခဲ့သလောက် ပြန်လည်ဖော်ပြရမယ်ဆိုရင် ခုတွေ့ရတဲ့ စိုက်ခင်းဟာ ၁ဝနှစ်သား အရွယ်ခန့်ရှိတဲ့ စပျစ်ပင်တွေဖြစ်ပါတယ်။ အေးသာယာ စပျစ်စိုက်ခင်း တည်ရှိရာနေရာဟာ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၁၂ဝဝခန့် ( ပေ သုံးထောင့် ကိုးရာကျော်ခန့်) မြင့်တဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ရဲ့ တောင်စောင်း တလျှောက်မှာ စိုက်ပျိုးထားပါတယ်။ ထုံးဓာတ်ပါရှိတဲ့ ရှမ်းပြည်နယ်ရဲ့ မြေမျိုးဟာ ဝိုင်ထုတ်လုပ်တဲ့ စပျစ်သီးများကို စိုက်ပျိုးဖို့ အကောင်းဆုံး မြေမျိုးဖြစ် တယ်လို့ သိရပါတယ်။ ဒီလို စပျစ်ပင်မျိုးဟာ ဝိုင်ချက်ဖို့ အလွန်ကောင်းတဲ့ စပျစ်ပင်တွေလို့ သိရပါတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ဒီစပျစ်ပင်တွေကို အီတလီ၊ ပြင်သစ်၊ စပိန် စတဲ့ ဥရောပနိုင်ငံတွေကနေ တင်သွင်းလာတာဖြစ်ပြီး ပြည်တွင်းက စပျစ် အရိုင်းမျိုးနဲ့ မျိုးစပ်ပြီး စိုက်ပျိုးထားပါတယ်။ ဒီစိုက်ခင်းကြီးနဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံးဝိုင်ကို ဖြစ်မြောက်အောင် တည်ထောင် ခဲ့သူကတော့ ဂျာမနီနိုင်ငံသား Mr Bert Morsbach နဲ့ သူငယ်ချင်းများ ဖြစ်ကြပါတယ်။ ၁၉၉၈ခုနှစ်မှာ ဥရောပ စပျစ်ပင်မျိုးပေါင်း ၃ဝဝဝ စတင် တင်သွင်းလာပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာ စတင် စိုက်ပျိုး ခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ စပျစ်စိုက်ခင်းကြီးကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနီးက အေးသာယာ ကို ပြောင်းရွေ့ လာပြီး နောက်ထပ် စပျစ်ပင်ပေါင်း တစ်သောင်းကို တင်သွင်းလာပြီး တိုးချဲ့ စိုက်ပျိုးလာခဲ့ပါတယ်။   ၁၉၉၈ မတိုင်မီက ဥရောပ စပျစ်မျိုးကို အရှေ့တောင်အာရှမှာ အောင်အောင်မြင်မြင် စိုက်ပျိုးဖြစ်ထွန်းနိုင်ဖို့ သုတေသနများစွာ လုပ်ခဲ့ရာမှာ ရှမ်းပြည်နယ် တောင်တန်းများဟာ အကောင်းဆုံးလို့ လေ့လာသိရှိရပြီးနောက် အပင်များစွာ စိုက်ပျိုးလာပြီး ခုချိန်မှာတော့ အဲဒီ စပျစ်စိုက်ခင်းကြီးဟာ မြန်မာပြည်မှာ ပထမဦးဆုံးဝိုင် စပျစ် စိုက်ခင်းကြီးဖြစ်သလို ၊ အေးသာယာ ဝိုင်ဟာလည်း  ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပထမဦးဆုံး ဥရောပစတိုင် ဝိုင်လည်း ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

ခြံကြီးထဲ ကျွန်မ ရောက်သွားတဲ့အချိန်ဟာ ခုလို စပျစ်သီးတွေ သီးနေပါပြီ။ ဒီအနေအထားဟာ ဝိုင်ချက်ဖို့အတွက် ခူးဆွတ်ဖို့ မရနိုင်သေးပါဘူး။ အကောင်းဆုံးဝိုင် ချက်ဖို့အတွက်တော့ အချိန် နောက်ထပ် အနည်းငယ် လိုပါသေးတယ်။ အသီးတွေကို အမျိုးအစားအလိုက် ခူးဆွတ်ပြီး ဝိုင်ချက်လုပ်ခဲ့ရာ ၂၀၀၄ ခုနှစ်မှာ အေးသာယာ ဝိုင်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဈေးကွက်မှာ စတင်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


Image Hosted by PicturePush - Photo Sharing
အေးသာယာဝိုင်
(အထက်က ပုံနှစ်ပုံကိုတော့ အင်တာနက်က ယူထားတာပါ) 

အေးသာယာဝိုင်ဟာ နိုင်ငံတကာ ဝိုင်အသင်းအဖွဲ့နဲ့ အရည်အသွေးစစ်ဆေသူများရဲ့ ထောက်ခံချက်တွေများစွာကို ရရှိထားပြီး ကမ္ဘာ့ထိပ်တန်း ဝိုင်ရဲ့ စံချိန်စံညွှန်း အရည်အသွေး ပြည့်မှီတယ်လို့ ဆိုပါတယ်။ အီတလီကနေ တင်သွင်းစိုက်ပျိုးထားတဲ့ Shiraz စပျစ်ကနေ ထုတ်လုပ်တဲ့ Rose' (ရိုဇေး) ဝိုင်ဟာ ခဏချင်းမှာဘဲ နာမည်ကြီးလာပါတယ်။ ရိုဇေးဝိုင်ဟာ မြန်မာ အစားအစာများနဲ့ ဥရောပ အစားအစာတို့နဲ့ တွဲဖက် သုံးဆောင်ရင်လည်း အလွန် သင့်တော်တယ်လို့ ဆိုပါတယ်။ ထုတ်လုပ်တဲ့ စပျစ်သီးရဲ့ အမျိုးအစားကိုလိုက်ပြီး ဝိုင်တွေဟာ တစ်မျိုးနဲ့တစ်မျိုး အရသာ မတူညီကြပါဘူး။ စပျစ်သီးအမျိုးအစား အမျိုးမျိုးကနေ အေးသာယာဟာ ဝိုင်အမျိုးအစား ဝိုင်ဖြူ၊ ဝိုင်နီ၊ ဆိုဗင်းညူ ဘရောင်းဝိုင်၊ ကမ္ဘောဇဝိုင်၊ မွန်တီဗီနို စသဖြင့် အမျိုးမျိုးကို ထုတ်လုပ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အကြိုက်ချင်း မတူညီတဲ့အတွက် ဝိုင်တွေကို အရသာခံစားရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်တူမှာ မဟုတ်လို့ မိမိနှစ်သက်တဲ့ ဝိုင်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ခြံကြီးထဲမှာ အစားအသောက်များလည်း မှာယူစားသောက်နိုင်တာမို့ Menu ကို ဓာတ်ပုံရိုက်ယူခဲ့ရာမှာ အေးသာယာက ထွက်ရှိတဲ့ ဝိုင်အမျိုးအစားနဲ့ ဈေးနှုန်းတွေကို အပေါ်က Menu ထဲမှာ ကြည့်ရှုနိုင်ပါတယ်။ ဝိုင်နဲ့တွဲဖက်စားသောက်ဖို့ အခြားသော စားသောက်ဖွယ်ရာများနဲ့ အအေးများ ၊ ကော်ဖီများကိုလည်း Menu ထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
စပျစ်ခြံကြီးထဲမှာ လှည့်လှည်ကြည့်ရှု ဓာတ်ပုံတွေရိုက်ပြီးတော့ စားသောက်ခန်းမရှိရာ အပေါ်ထပ်ကို တက်လာပြီး ကောင်း မကောင်း Taste လုပ်ကြည့်ခဲ့တဲ့ အေးသာယာ ဝိုင်နီ ပါ။ :P

Image Hosted by PicturePush - Photo Sharing


အပေါ်ထပ်မှာ နိုင်ငံခြားသားတစ်အုပ်စု ရောက်နေတာ တွေ့ခဲ့ရပြီး ဝိုင်နဲ့အခြားသော စားသောက်ဖွယ်ရာတွေကို စားသောက်နေတာ တွေ့ခဲ့ရပါတယ်။ 


Image Hosted by PicturePush - Photo Sharing 



Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ခုမြင်ရတဲ့ အဆောက်အဦးရဲ့ အပေါ်ထပ်မှာ အစားအသောက်များစားသောက်ရင်း မျက်စိမဆုံးမြင်နေရတဲ့ စပျစ်ခင်းစိမ်းစိမ်းစိုစိုကို မျှော်ငေးရင်း စားသောက်နိုင်ပါတယ်။ အရှေ့မှာတော့ သာယာလှတဲ့ ရေကန်တစ်ခု ရှိနေပြီး ခြံကြီးနဲ့ ရေကန်ဘေးတစ်လျှောက်မှာတော့ ပန်းပင်များ ဖူးပွင့်နေတာကိုလည်း တွေ့မြင်ရတာ အင်မတန်မှ စိတ်ကြည်နူးဖွယ် ကောင်းလှပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing

 အပေါ်ထပ်ကနေ ခြံထဲကို လှမ်းကြည့်ရင် မြင်ရတဲ့ မြင်ကွင်းတွေပါ။

အပေါ်ထပ်မှာ စားသောက်ပြီးတာနဲ့ အေးသာယာက လုပ်သက်၅နှစ်ရှိ ဝန်ထမ်းလေးဖြစ်တဲ့ မရီရီဝင်းကို ဝိုင်ချက်တဲ့နေရာကို လိုက်ပြပေးလို့ ရမလားလို့ တောင်းဆိုတဲ့အခါ အင်မတန်မှ စိတ်ရှည်သဘောကောင်းတဲ့ မရီရီဝင်းက ဝိုင်စက်ရုံထဲကို လိုက်ပြရင်း ကျွန်မ သိချင်တာတွေကိုလည်း သေသေချာချာ ရှင်းပြပါတယ်။ အဲဒီ အတွက်တော့ ကျေးဇူးအများကြီးတင်ပါတယ်လို့ ညီမလေး မရီရီဝင်းက ဒီနေရာကနေ ပြောလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

စက်ရုံအပြင်ဖက်မှာ ထားထားတဲ့ ဝိုင်ထည့်တဲ့ သစ်သားစည်ကြီးတွေနဲ့ ပုလင်းတွေပါ။ 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 ဒီ အလူမီနီယံ စည်ကြီးတွေက စပျစ်သီးတွေကို စိမ်တဲ့ စည်ကြီးတွေဖြစ်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing
 ဝိုင်ထုတ်လုပ်ပုံ အဆင့်ဆင့်ကိုရှင်းပြထားတဲ့ Chart ဖြစ်ပါတယ်။ စိတ်ဝင်စားရင် တစ်ဆင့်ချင်း ကြည့်လို့ရပါတယ်

အေးသာယာဝိုင်ထုတ်လုပ်မှုကို ကြီးကြပ်ကွပ်ကဲသူများကတော့ ဂျာမဏီနိုင်ငံမှာ ဝိုင် အကြောင်းများကို အထူး သင်ကြားပေးတဲ့ နာမည်ကျော် Geisenheim တက္ကသိုလ်ကနေဆင်းထားကြသူများဖြစ်တယ်လို့ ဆိုပါတယ်။ ဝိုင်တွေဟာ သက်တမ်း ကြာကြာထားလေ အရသာကောင်းလေလို့ ကြားဖူးပါတယ်။ အေးသာယာ ဝိုင် ကတော့  ဈေးကွက်ရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်နိုင်ဖို့အတွက် အနည်းဆုံး ၂နှစ်လောက်သာ ထားပြီး ဈေးကွက်ထဲ ဖြန့်ပါတယ်။ ခုချိန်မှာတော့ အရည်အသွေးမြှင့် ဝိုင်အမျိုးအစားများစွာကို ထုတ်လုပ်ဖြန့်ချီနေပြီ လို့ ဆိုပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီဆိုင်းဘုဒ်ကတော့ ဝိုင်ချစ်သူတွေအတွက် သတင်းကောင်းပါ။ သောကြာနေ့တိုင်း ညနေ ၃နာရီမှ ည ၇နာရီအထိ ဝိုင်များကို ၃၀% လျှော့ဈေးနဲ့ မှာယူသုံးဆောင်နိုင်ပါတယ်တဲ့။ ဘယ်လိုပင်ဖြစ်စေ ဝိုင်အကြောင်းကို စိတ် မဝင်စား ရင်တောင်မှ အေးသာယာ စပျစ်ခြံကြီးဟာ ရှုခင်းလှလှတွေ သဘောကျတတ်သူများအတွက်လည်း စိတ်ကြည်နူး ချမ်းမြေ့စရာ နေရာလေးတစ်ခု ဖြစ်မှာ မလွဲအမှန်ပဲ ဖြစ်ပါတယ်။  တကယ်လို့များ  တောင်ကြီးမြို့ ကို ရောက်ခဲ့တယ် ဆိုရင် အေးသာယာ စပျစ်ခြံကို သွားချင်တယ်လို့ ကားသမားတွေ ကို ပြောလိုက်ရင် အေးသာယာမြို့သစ် အလွန် တောင်ကြီး အတက် ကားလမ်းဘေးက ခြံကြီးကို လိုက်ပို့ကြ မှာ သေချာပါတယ်။ တောင်စောင်း တစ်လျှောက်က ကျယ်ဝန်းလှတဲ့ စပျစ်ခင်း စိမ်းစိမ်းစိုစိုကို မျှော်ငေး ကြည့်ရင်း ဝိုင်လေးများလည်း တစ်ခွက်တစ်ဖလား မြည်းစမ်းကြည့်ခဲ့ နိုင်ပါတယ်နော်။ :P


အားလုံးသော မိတ်ဆွေများ စိတ်ရောကိုယ်ပါ ကျန်းမာ ရွှင်လန်းကြပါစေရှင်..



Image Hosted by PicturePush - Photo Sharing
Related Posts Plugin for WordPress, Blogger...