စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပေါင်ကိုရေလောင်း အိပ်လို့ကောင်း




နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းသည် လူ့ခန္ဓာကိုယ်အတွက် အကောင်းဆုံးသောခွန်အားကို ပေးနိုင်ပေ သည်။ အိပ်ပျော်ခြင်း၌ ခန္ဓာကိုယ်၏ကြွက်သားများ အနားရကြသဖြင့် အိပ်ရေးဝသောအခါ ခွန်အား ပြည့်လာကြခြင်းဖြစ်၏။ အိပ်ရေးမဝဘဲ နိုးလာသောကလေးများ ဂျီကျတတ်သည်ကိုမြင်ရမည်။ အိပ် ရေးဝဝအိပ်ပြီးမှ နိုးလာသောကလေးများကား ရွှင်လန်းနေကြသည်ကို မြင်တွေ့ရပေမည်။ လူကြီးများ အနေဖြင့်လည်း အိပ်ရေးမဝလျှင်ကား၊ ရောဂါမရှိဘဲ အားနည်းနုံးချည့်သွားလေ့ရှိ၏။ ထို့ကြောင့် အိပ် စက်ခြင်းသည် ကျန်းမာရေးအတွက် ထိပ်တန်းထားရမည့်အချက်ဖြစ်သည်။

ဤသို့အရေးကြီးမှန်းသိသော်လည်း အရေးမစိုက်ကြသူများလည်းရှိ၏။ ချက်ချင်းဆေးရုံရောက် လောက်အောင် ထိခိုက်ခြင်းမဟုတ်သဖြင့် အိပ်စက်ခြင်းကို ဥပေက္ခာပြုတတ်ကြသည်။ အလုပ်၌စိတ် ဝင်စားလွန်းပြီး၊ ညဥ့်နက်သန်းခေါင်အထိ အလုပ်လုပ်နေရသူများ၊ စာရေးစာဖတ်သူများရှိသည်။ အချို့ ကမအိပ်ချင်အောင်ဆေးသောက်ကြသည်။ သဘာဝကိုဆန့်ကျင်ခြင်းဖြစ်၊ တစ်နည်းမဟုတ်တစ်နည်း ရောဂါရမည်မှာသေချာသည်။ အထူးသဖြင့်လူငယ်များကြားညဥ့်အခါ ဂိမ်းဆော့ခြင်း၊ အင်တာနက်သုံး ခြင်းတို့ဖြင့်၊ အိပ်ချိန်ကိုလျော့စေသောအခါ စိတ်ပိုင်းဆိုင်ရာ ယုတ်လျော့အားနည်းမှုများ မသိမသာဝင် လာကြ၏။ ရောဂါကြီးမှသာ အထိတ်တလန့်ဖြစ်ကြပြီး အိပ်စက်မှုနည်းခြင်း၌ အခြေခံခြင်းကိုသတိထား မိသူနည်းပါးသည်။

အသက်ကြီးပိုင်းများကမူ ဂိမ်းမဆော့၊ အင်တာနက်မသုံး၊ စာမဖတ်ဘဲ၊ အိပ်ရာထဲလှဲနေပါလျက်နှင့် အိပ်မရဖြစ်တတ်ကြ၏။ အချင်းချင်းတွေ့လျှင် အိပ်မပျော်ကြောင်းညည်းကြ၏။ ညဥ့်ဘက်တစ်ရေးနိုးပြီး ပြန်အိပ်မရကြောင်း၊ အရုဏ်မတက်မီအိပ်ရာမှ ထလိုက်ရကြောင်းစသဖြင့် ပြောရင်း၊ ဤကိစ္စမှာအ သက်ကြီး၍ဖြစ်ရာ၊ ဖြစ်ရိုးဖြစ်စဉ်ဟု သဘောထားကြတော့သည်။

အအိပ်ပျက်သောအခါ အစားပါပျက်တတ်၏။ အအိပ်အစားနည်းသွားလျှင်၊ ခွန်အားဆုတ်လျော့၏။ စိတ်ဓာတ်လည်းကျဆင်း၏။ သို့ဖြစ်ရာ ခွန်အားယုတ်လျော့ခြင်း၏ မူလအခြေခံဖြစ်သော ‘အိပ်ပျော် ခြင်း’ ကို အရေးတကြီးပြင်ဆင်သင့်ပါသည်။ ဖြစ်ရိုးဖြစ်စဉ်ဟု သဘောထားပြီး မပြုပြင်လျှင် တဖြည်း ဖြည်းယိုယွင်းလိမ့်မည်။

အချို့ကအိပ်ပျော်ရန် ‘အိပ်ဆေး’ စိတ်ငြိမ်ဆေးများ သောက်ကြ၏။ တစ်ခါတစ်ရံအတွက် ကောင်းသော် လည်း၊ အလေ့အထဖြစ်သွားလျှင် မကောင်းပါ။ အိပ်ဆေးသောက်မှ အိပ်ပျော်သူများသည်ကြာလျှင်စိတ်ကျရောဂါခံစားရတတ်သဖြင့် လိုအပ်မှသာသောက်ရန်၊ ဆရာဝန်ညွှန်ကြားမှသာ သောက်ရန်သင့် သည်။ အချို့လူများကစိတ်ငြိမ်ဆေးကို အမြဲဆောင်ထားပြီး အားကိုးတတ်၏။ မှားယွင်းသောအားကိုးမှု ဖြစ်သည်။

အချို့က အိပ်ပျော်ရန်၊ အိပ်ခါနီး၊ နွားနို့ပူပူတစ်ခွက်သောက်ရန် အကြံပြုကြ၏။ အင်အားပေးသဖြင့် မမှားနိုင်ပါ။ သို့သော်နွားနို့ပူပူတစ်ခွက်အမြဲရဖို့ မလွယ်ချေ။ ယခုကာလမှာ နွားနို့စစ်စစ်ရှား၏။ ရေက ပိုများနေတတ်၏။ ကျိုလိုက်လျှင်မလိုင်တော်တော်နှင့်မတက်။ ရေတွေသာပွက်ပွက်ဆူနေတတ်သည်။

အချို့က လေ့ကျင့်ခန်းလုပ်ရန်ပြောပြီး အချို့ကတရားမှတ်ရန် ပြောကြသည်။ လေ့ကျင့်ခန်းပြင်းပြင်း လုပ်ခြင်းကလည်း အကြောပြေပြီး အိပ်ပျော်ခြင်းကို တွန်းပို့နိုင်ပါ၏။ သို့သော်အိပ်ခါနီး၌ အစာရှိနေလျှင် လေ့ကျင့်ခန်းလုပ်ရန် မဖြစ်ပေ။ တရားမှတ်ခြင်းက စိတ်အာရုံကိုငြိမ်သက်အေးချမ်းစေသဖြင့် ငိုက်မျဉ်း ပြီးအိပ်ပျော်စေနိုင်ပါ၏။ ကောင်းသောနည်းတစ်ခုဖြစ်ပြီး အကုသိုလ်လည်း ကင်းသည်။ ခက်သည်မှာ လူတိုင်းမကျင့်နိုင်ခြင်းဖြစ်၏။ လူအများစုမှာ အိပ်ရာဝင်လျှင် ဟိုအရေးသည်အရေး စဉ်းစားချင်ကြ သည်။

မစဉ်းစားနိုင်လောက်အောင်၊ မျက်ခွံတွေလေးလံလာပြီး ဘယ်လိုအိပ်ပျော်သွားမှန်း မသိဘဲ၊ တစ်ရေး မနိုး။ နိုးလာသောအခါ မနက်လင်းနေပြီဆိုသော အိပ်ပျော်မှုကို လိုချင်ပါသလား။

နွားနို့လည်း မလိုပါ။

လေ့ကျင့်ခန်းလည်း မလိုပါ။

တရားမှတ်ဖို့လည်း မလိုပါ။

မျက်စိဖွင့်မရလောက်အောင် သဘာဝကျကျ အိပ်ပျော်သွားသောနည်းဖြစ်၏။

ဤနည်းကိုပေးသူမှာ၊ သာကေတမှသြဠာရိက ဆရာကြီးဦးဘသွင်ဖြစ်ပါသည်။ ကလေးညဘက်ငိုငိုနေ ၍သွားပြရာတွင် ပြောပြခဲ့သောနည်းဖြစ်ပြီး လူကြီးများလည်း လုပ်ရမည့်နည်းပါ”။ ‘ကလေးညဥ့်ဘက် ငိုတာက နို့ဆာလို့မဟုတ်ရင် အိပ်မရလို့ပဲ။ လူကြီးတွေကတော့ အိပ်မပျော်ရင်၊ ဟိုတွေး၊ ဒီတွေးလုပ် တယ်။ တွေးလေအိပ်မပျော်လေဖြစ်တယ်။အမှန်ကညဥ့်မှောင်နေတဲ့အချိန်ဆိုတာ အိပ်ဖို့ပဲ။ မအိပ်ဖူး ဆိုရင်မျက်ကြည်လွှာကျယ်နေတာဖြစ်မယ်။ ဘာဖြစ်လို့ကျယ်သလဲမေးရမယ်။ သိပ္ပံဘာသာတရားအရ အပူဆိုတာ အပေါ်တက်တယ်။ ခန္ဓာကိုယ်ထဲမှာ အပူတွေရှိသင့်တာထက်များလာရင်၊ အပေါ်တက် တယ်။ ဒီအပူဒဏ်ကို အကြောတွေကြွက်သားတွေက ခံရတယ်။ အကြော်ကြီးကြီးဆိုရင် ခံနိုင်ရည်ရှိ တယ်။ သေးရင်မခံနိုင်ဘူး။ ဒီတော့မျက်နှာနဲ့ဦးနှောက်ထဲက အကြောမျှင်မျှင်လေးတွေက မခံနိုင်တဲ့ အခါ နာလာတယ်။ ဒါကိုခေါင်းကိုက်တယ်ခေါ်တာပါပဲ။ အဲနောက်တစ်ခုက မျက်စိပါ။ မျက်စိထဲမှာ လည်း အင်မတန်သေးငယ်တဲ့ အကြောလေးတွေရှိတယ်။ ပြီးတော့မျက်ကြည်လွှာက ပူလာရင်ကျယ် ပြန့်သွားတယ်။ မျက်စိကျယ်တယ်ပေါ့။ ဒီတစ်ခါဘယ်လိုမှ မအိပ်ချင်ဘူး။ မျက်စိကြောင်နေတယ်ဆို တာဒါပါပဲ။

ဒီတော့အဲဒါကိုပြောင်းပြန်လှန်ပစ်ရင် အိပ်ချင်မှာပဲ။ ခန္ဓာကိုယ်ပူနေလို့ အပူတွေအပေါ်တက်နေတာကို အောက်ပြန်ဆင်းအောင်လုပ်ရမယ်။ လွယ်ပါတယ်။ အပူကိုနိုင်တာရေပါ။ ဒီနည်းကိုလုပ်ဖို့ ပိုက်ဆံမကုန် ပါဘူး။ ရေရှိရင်ရပါပြီ။

အိပ်တော့မယ်လို့ ဆုံးဖြတ်ပြီးရင် ရေချိုးခန်းထဲသွားပြီး ပေါက်ကနေစပြီး ရေလောင်းချပါ။ တစ်ဖက်စီ လောင်းပါ။ များလေကောင်းလေပါပဲ။ အနည်းဆုံးတစ်ဖက်ကို ဆယ်ခွက်လောက်လောင်းရမယ်။ အပေါ်ပိုင်းကိုလုံးဝမလောင်းရပါဘူး။ အဲသလိုလောင်းပြီးရင်၊ အဝတ်နဲ့ခြောက်အောင်မြန်မြန်သုတ်ပြီး အိပ်ရာထဲလှဲပါ။ ဟိုလျှောက်ဒီလျှောက်မလုပ်ပါနဲ့တော့။ ငြိမ်ငြိမ်လေးလှဲကြည့်ပါ။ ၅ မိနစ်အတွင်းဖျင်း ဖျင်း၊ ဖျင်းဖျင်းနဲ့အပေါ်ကအပူတွေအောက်ဆင်းလာတာကို သိသာလာပါလိမ့်မယ်။ အအေးရှိရာအပူ လာဆိုတဲ့ သိပ္ပံသဘောပါပဲ။

အဲဒီအပေါ်က အပူတွေအောက်ဆင်းလာပြီး ခြေဖဝါးကနေ တရှိန်းရှိန်းနဲ့ထွက်သွားတာ တွေ့ရပါလိမ့် မယ်။ တစ်ချိန်တည်းမှာပဲ မျက်လုံးထဲကအပူတွေ ဆင်းသွားလို့မျက်ကြည်လွှာပြန်ကျုံ့သွားတာမို့ မျက် ခွံတွေလေးလာရာက ဘာမှမစဉ်းစားနိုင်တော့ဘဲ ဘယ်လိုကဘယ်လိုအိပ်ပျော်သွားမှန်းမသိ ဖြစ်သွား ပြီး နိုးလာတော့မိုးလင်းနေပြီ။ အိပ်ရေးဝလိုက်တာ အိပ်မက်တောင်မမက်ဘူးဆိုတာမျိုး ရရှိပါလိမ့်မယ်’ ဤနည်းဖြင့် အိပ်ရေးဝ၍ အစားကောင်းပြီးခန္ဓာရောစိတ်ပါ ဖျတ်လတ်ရွှင်လန်းခြင်းကို အံ့မခန်းရရှိပါ လိမ့်မည်။
http://www.searchmyanmar.com/click/Health#content-43820

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...