စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြုမိသည့် အကုသိုလ် နောင်တရမဆုံးလျှင် အကုသိုလ်မဆုံးနိုင်





အကုသိုလ်တစ်ခုခုကို ကျူးလွန်မိပြီးဆိုရင် မေ့မေ့ပျောက်ပျောက် ထားလိုက် ပါ။

ပြန်လည်မတွေးပါနှင့်။ ယင်းကဲ့သို့ ပြန်လည်တွေးတောခြင်း သည်။ နောင်တ စိတ်ဝင်ပြီး (အကုသိုလ်) တရားများကို ပြန်ပွားနေ သလို ဖြစ်စေသည်။ ထို့ကြောင့် အကုသိုလ်ကိုပိုမိုသက်ဆိုးရှည်စေသည်။

ကုသိုလ်အလုပ်မှသာ ပြန်လည်တွေးပြီး မုဒိတာပွားရမှာဖြစ်သည်။

မည်သည့် ၃၁ ဘုံသားမဆို ကျူးလွန်မိသော အကုသိုလ်ကို ဘုရားပြန်တောင်းပန်ပြီး ချေပလို့မရ။ ယင်းအတွက် ဗုဒ္ဓဘာသာဝင်တို့ စိတ်သောက ဖြစ်စရာမလိုပါ။ အဘယ်ကြောင့်ဆိုသော် လူဟုဖြစ်လာသည်မှ စတင်ကာ မနက်မှ ညနေထိ (ပုထုဇဉ်ဖြစ်နေသေးသရွေ့) စက္ကန့်တိုင်းတွင် (အများအားဖြင့်) အကုသိုလ်နှင့် ကုသိုလ်တွေတစ်လှည့်စီဖြစ်နေပါသည်။ ထို့ကြောင့် ၃၁ ဘုံက မလွတ်နိုင် မကျွတ်နိုင် ဘဝသံသရာတွေ ရှည်နေကြရခြင်းဖြစ်ချေသည်။

မိမိအကုသိုလ်အမှုတစ်ခုခု ကျူးလွန်ခဲ့မိသည် ရှိသော် မေ့လိုက် ပါတော့။ မေ့လိုက်ပါဆိုခြင်း နောင်ထပ်မိုက်ရန် မဆိုလို။ အမှားမြင် အမှန်သိကာ အမှန်ကိုသာ နှလုံးသွင်းခြင်းကို ဆိုလိုသည်။ မဟာကုသိုလ် စိတ် ၁၂ ပါး မှ မြင့်မြတ်သော ကုသိုလ်စိတ် ၄ ပါးဖြင့် ကုသိုလ်တွေလုပ် မည်။ ပြီး မဂ်ကုသိုလ်တွေပွားများကျင့်ကြံမည် ဆိုလျှင် ကုသိုလ်ကံ အကျိုးပေးရန် ပိုများပြီး အကုသိုလ်ကံအလှည့်ကျ အကျိုးပေးချိန် ကို နှောင်းနှေးစေနိုင်သည်။ (ရှောင်လွဲရန် မရချေ။)

သို့သော် နိဗ္ဗာန်ရည်စူး ကျင့်ကြံအားထုတ်မှု ထက်သက်အောင်မြင် (မင်္ဂဖိုလ်ပေါ်)လျှင် ယင်း အကုသိုလ်၊ ကုသိုလ် တောမှ လွတ်မြောက်ကာ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်မည် ဟုတ် ဗုဒ္ဓမြတ်စွာဘုရား ဟောတော် မူခဲ့ခြင်းတည်း။

အောင်ခမ်း ( ရိုးရာလေး )
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...