စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်း



By Health Digest | Wednesday, June 26, 2013.

မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်းမုဒိမ်းမှု ဖြစ်ပွားပြီးနောက် ပြုကျင့်ခံရသည့် အမျိုသမီးအတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုများ ရှိပါသည်။ မိန်းမကိုယ်မှ အရည်များ ဆင်းနေသည့်ပြဿနာ ဆက်လက်ခံစား ရခြင်း၊ မိန်းမကိုယ်တစ်ဝိုက် ယားယံနေခြင်းစသည့် ဝေဒနာများ ကျန်ရစ်တတ်ခဲ့ပါသည်။ ထိုအနေအထားများ ဖြစ်ရသည့် အကြောင်းရင်းမှာ မှိုပိုး သို့မဟုတ် ကပ်ပါးပိုး ကူးစက်ဝင်ရောက်ခံရခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် အညိုအမည်း စွဲခြင်း၊ ရောင်ရမ်းခြင်း၊ ထိလျှင် နာကျင်ခြင်း စသည့်ဝေဒနာများကိုလည်း မုဒိမ်းကျင့်ခံရပြီးနောက် နာရီပေါင်းများစွာအထိ ဆက်လက်ခံစားနေရတတ်သည်။

ထိုဝေဒနာများ ခံစားနေရပါက မူလက ပြသစစ်ဆေးခဲ့သော ဆရာဝန်ထံ ပြန်သွားပြီး မှတ်တမ်းတင်ထားပါ။ အချို့သော အမျိုးသမီးများတွင် အစာဟောင်း အိမ်ပတ်လည်၌ အနည်းငယ် စုတ်ပြဲနေသည်ကိုလည်း တွေ့ရတတ်သည်။

မုဒိမ်းကောင်က စအိုတွင်း ဆက်ခံရန် ဝမ်းသွားလျှင် ညှစ်သည့်အခါ သွေးထွက်လာတတ်သည်။ ဤကြုံတွေ့ရမှုကိုလည်း ဆရာဝန်ထံ သတင်းပို့ပါ။ အချိန်ကြာတော့မှ ထိုသို့ ကြုံရသည်ဖြစ်စေ သတင်းပို့ပါ။ မုဒိမ်းကျင့်ခံရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်မျိုးမျိုး မကြုံရသည့် အမျိုးသမီး မရှိပါ။ တစ်ဦးနှင့်တစ်ဦးတော့ ကွာခြားနိုင်ပါသည်။

တချို့မှာ အေးဆေးငြိမ်သက်စွာ ရှိတတ်သည်။ မည်သို့ပင်ရှိစေကာမှု စိုးရိမ်သောက ဖြစ်ခြင်းသည် ပုံမှန်အတိုင်း ဖြစ်ပါသည်။ အချို့၏အမှုအရာမှာ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတတ်သည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးတစ်ဦးသည် အထီးကျန်ရှိနေစေခဲ့လျှင် စိုးရိမ်သောကဖြစ်ခြင်း သည်လည်း ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါသည်။ အိပ်မရဘဲဖြစ်ခြင်းကိုလည်း ကြုံရနိုင်ပါသည်။

အဝေးသို့ ထွက်ပြေးပြီး အခြားသူများနှင့် မတွေ့ချင်တော့ဘဲ ပုန်းရှောင်ခြင်း သည်လည်း ဖြစ်လေ့ဖြစ်ထရှိပါသည်။ မိသားစုဝင်များနှင့် သူငယ်ချင်း မိတ်ဆွေများ၏ အကူအညီဖြင့် ထိုခံစားချက်များ ပျောက်သွားစေနိုင်ပါသည်။ တစ်ယောက်တည်းနေခြင်းထက် မိသားစုများ၊ မိတ်ဆွေများနှင့်နေခြင်းက ထိုခံစားချက်များ မြန်မြန်ပျောက်လွယ်ပါသည်။

ရိုးရာလေး။

https://www.facebook.com/photo.php?fbid=435499586547878&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...