စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံများ


ငှက်ပျောသီးအခွံကို စားခြင်းအားဖြင့်တော့ လူကို တက်ကြွရွှင်လန်းစေပါတယ်။
နောက်ပြီးမျက်စိအားကောင်းစေသလို မျက်စိတိမ်စွရောဂါများ အတွက်လည်း
အလွန်ကောင်းပါတယ်။ ဘယ်လိုစားရမလဲ ဆိုရင်တော့ သုတေသီတွေမှ အကြံ
ပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ၁ဝ မိနစ်လောက်ပြုတ်
လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ဖျော်ပြီး ဖျော်ရည်အဖြစ်လဲ
စားသောက်နိုင်တယ်လို့ဆိုပါတယ်။





ကြက်သွန်ဖြူ အခွံမှာ ကွဲပြားတဲ့ antioxidant ၆ မျိုးပါဝင် ပါတယ်။ နောက်ပြီး
အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ
Glenville က ရှင်းပြပါတယ်။




လိမ္မော်သီး၊ ပျားလိမ္မော်သီး တို့ရဲ့အခွံတွေကတော့ ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့်
နှလုံးရောဂါဖြစ်ခြင်းတို့ကို အစွမ်းအထက်ဆုံး ကာကွယ်မှု့အပေးနိုင်ဆုံး အခွံတွေဖြစ်
ပါတယ်။ နောက်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောဓါတ်တွေကိုလည်း သိသိသာ
သာ လျှော့ချပေးနိုင်ခြင်းတို့ရှိတယ်လို့ အမေရိကန်မှ လေ့လာသိရှိခဲ့ပါတယ်။ ထိုကဲ့
သို့ပင် ဒေါက်တာ Glenville မှလည်း ၄င်းအခွံများနဲ့ ပါတ်သက်ပြီး ရှောက်သီး
သံပုရာသီး အမျိုးအနွယ်ဝင် အသီးများရဲ့ အခွံအောက်မှ အဖြူရောင် တစ်ရှူးအမျှင်
များဟာလဲ မြင့်မားတဲ့ ကာဗွန်ဟိုက်ဒရိုတ် ဓါတ်ကို ရရှိစေသလို ကိုလက်စထရော လျော့ကျခြင်း နှင့် ဘက်တီးရီးများ
ကိုလဲ ဟန့်တားပေးနိုင်တယ်လို့ ပြောပါတယ်။



ရွှေဖရုံ၊ ကျောက်ဖရုံ နှင့် သခွါးမွှေးများ (Pumpkin, butternut and other
squashes) သခွါးမွှေးကို စားခြင်းအားဖြင့်တော့ အင်ဇိုင်းများကို မြင့်မားစွာ
အကျိုးဖြစ်ထွန်းစေသလို၊အသားအရေ မွဲခြောက်မှု့၊ နှလုံးရောဂါ နှင့် ကင်ဆာ
ရောဂါများကို ဟန့်တားစေနိုင်ပါတယ်။ ယင်းအသီး များရဲ့ အခွံကိုစားဖို့
အတွက် ခက်ခဲမှု့အနည်းငယ် ရှိတဲ့အတွက်ကြောင့် အခွံကို ပါးနိုင်သလောက်
ပါးအောင်ခွာပြီး စားသင့်တယ်လို့ ဆိုပါတယ်။





အာလူးအခွံစားလျှင် လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ။
အာလူးအခွံမှာလဲ ပိုတက်စီယံ၊ သံဓါတ်၊ ဗီတာမင်စီနှင့် အခြားဓါတ်ပေါင်းများစွာ
ပါရှိတယ်လို့ သိရပါတယ်။




ကီဝီသီး ရဲ့အခွံမှာ အမွှေးပါးလေးများပါရှိပါတယ်။ antioxidants (အောက်စီဂျင်ဖြင့်ပါဝင်ပေါင်းစပ်) တဲ့အကျိုးကျေးဇူးကို
ဖြစ်ထွန်းစေသလို၊ ကင်ဆာရောဂါကို ကာကွယ်ခြင်း၊ နာကျင်ကိုက်ခဲမှုများကို လျော့ကျခြင်း နှင့် allergenic
(အလက်ကြိတ်)များမဖြစ်အောင် တားစီးနိုင်ခြင်း များပါဝင်နေတယ်လို့ ဒေါက်တာ Glenville ပြောပါတယ်။ ရောဂါဖြစ်
စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးပေါင်းများစွာကိုလည်း တိုက်ဖျက်နိုင်သလို ဖျားနာခြင်းများကို၎င်း၊ E-coli ဘက်တီးရီး
ယား နဲ့ အစာအဆိပ်တောက်ခြင်းများကိုလည်း တားစီးနိုင်ပါတယ်။
 
 
 
 
 
 
 
နာနတ်သီးကို အခွံပါစားရမယ် ထင်ပြီး မကြောက်လိုက်ပါနဲ့ အခွံကိုတော့ မစားခိုင်းပါဘူး လွင့်ပစ်လိုက်ပါ။
 
အလယ်အူတိုင်ကိုစားဖို့အတွက် ပြောတာပါ။ နာနတ်သီးနှင့် အူတိုင်ကို စားခြင်းအားဖြင့် သင့်ခရီးသွားလို့ ပင်ပမ်းနွမ်း
 
နယ်ပြီး အားအင်တွေ ကုန်ခမ်းသွားခြင်းကို ပြန်လည်အားဖြည့်ပေးသလို ဗီတာမင် စီ ဓါတ်ကိုလည်းရရှိစေပါတယ်။
 
ခန္ဓာကိုယ်အတွင်း၌ အစာခြေ၊ ချက်မှု စသည့် လုပ်ငန်းများအတွက် သက်ရှိကလာပ်စည်း တချို့က ထုတ်ပေးသည့်)
 
ဓာတ်ပြောင်းအကူဒြပ်။ အင်ဇိုင်း များအတွက်များစွာအကျိုးဖြစ်ထွန်းခြင်း အစာခြေမှု့ကို ပိုမိုအားကောင်းစေခြင်းတို့
 
ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အစာခြေဖျက်မှု့ပိုကောင်းတာဖြစ်တယ်လို့ ဒေါက်တာ Glenville ဆိုပါတယ်။
 
 
 
 
 
 
 
ဒါကတော့ အရိုးရောအရွက်တွေပါ ဝါသနာပါရင် ထည့်ပြီး ကြော်ခြင်ကြော်
 
ချက်ခြင်ချက် လို့ရပါတယ်။ သူကတော့ ကယ်လ်စီယံဓါတ်ကို မြင့်မားစွာ
 
ရရှိစေပါတယ်။ (ကယ်လ်စီယံ ကွေကာ သောက်စရာမလိုဘူးပေါ့) နောက်ပြီး
 
ဗီတာမင် စီ ဓါတ် ကိုလည်းရရှိစေပါတယ်လို့ ဒေါက်တာ Glenville ပြောပါ
 
တယ်။ ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်စေတယ်လို့လည်း
 
ကျွန်တော်မျှဝေခဲ့ဘူးပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...