စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျိုကာလေး နာလွန်းလို့ မျက်ရည်ကျနေတယ် (သူတို့တွေပျော်ပါစေ)

      ဖြေဖျော်ပွဲတစ်ခုမှာ ဂျိုကာလေးတစ်ယောက် မတော်တဆနဲ့ စင်ပေါ်က ပြုတ်ကျသွားခဲ့တယ်။ သူ့သွားတချို့ ကျိုးကုန်တယ်၊ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာရခဲ့တယ်။ နာကျင်လွန်းလို့ သူ့မျက်နှာရှုံ့မဲ့နေခဲ့တယ်။ ဒါကို သူသရုပ်ဆောင်တာ ပီပြင်တယ်ဆိုပြီး ပရိသတ်တွေ တဝါးဝါးနဲ့ပွဲကျခဲ့တယ်။
ကလေးလေးတစ်ယောက်ပဲ သူ့မေမေလက်မောင်းကိုဆွဲပြီး "မေမေ.. မေမေ.. ဂျိုကာလေး နာလွန်းလို့ မျက်ရည်ကျနေတယ်"လို့ ပြောခဲ့တယ်။
ကလေးလေးပြောတာကို ဘယ်သူမှ မကြားခဲ့ဘူး။ တစ်ယောက်မှ မကြားခဲ့ဘူး။
___________
သူ့ပျော်ရွှင်ပါစေဆိုပြီး ကိုယ့်ကိုယ်ကို ဒဏ်ရာအထပ်ထပ်နဲ့ မနာကျင်ပါစေနဲ့။ လူဆိုတာ တစ်ကိုယ်ကောင်းဆန်သူတွေပါ။ ကိုယ့်ခံစားချက်ကိုပဲ ကိုယ်ကြည့်ကြသူတွေပါ။ သင်ဒီလို နာကျင်တာကို လူနည်းစုလောက်ပဲ သတိပြု၊ ဂရုစိုက်မိမယ်ဆိုတဲ့အကြောင်း ပုံပြင်လေးက ပြောသွားခဲ့ပါတယ်။
.
Photo:

လေးစားလျက် (လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...