စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရေနဂါး (Seahorse) တို့ရဲ့ ချစ်ခြင်း



Seahorse လို့ခေါ်တဲ့ ပင်လယ်မြင်း/ ရေနဂါး အစရှိသဖြင့် အမျိုးမျိုး သိကြတဲ့ ရေအောက် သတ္တဝါကို သိကြမှာပါ။ အချို့က သူတို့ကို ရေနဂါးလို့ မခေါ်ပဲ ပင်လယ်မြင်းလို့ ခေါ်ပါတယ်။ အသွင်အပြင် အားဖြင့် လှပသည့် အပင် သူ့မှာ ချစ်စဖွယ် အလေ့အထ တစ်ခုလည်း ရှိပါတယ်။ ၎င်းကတော့ သူတို့ရဲ့ ချစ်ခြင်း ဖြစ်ပါတယ်။

Seahorse အထီးနဲ့ အမ တို့ဟာ သူတို့ရဲ့ လက်တွဲဖော် တစ်ကောင်ကောင် ကို ရွေးချယ်ပြီးရင် နောက်ထပ် ဘယ် Seahorse နဲ့မှ ထပ်မတွဲတော့ ပါဘူး။ Lifetime တစ်ခုအတွက် လက်တွဲဖော် တစ်ဦးသာ ရွေးချယ် နေထိုင်ကြခြင်း ဖြစ် ပါတယ်။ အမြဲတမ်း တစ်တွဲတွဲလည်း နေထိုင်ပါတယ်။ နေရာ ဒေသ တစ်ခုကနေ တစ်ခုသို့ ပြောင်းရွှေ့တဲ့ အခါမှာဆိုရင်လည်း တစ်ကောင်နဲ့ တစ်ကောင် အမြီး ချင်း ချိတ်လို့ သွားလာတတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယင်း ရေနဂါး အရုပ်လေးများဟာ ချစ်ခြင်းရဲ့ သင်္ကေတ အဖြစ် ကမ္ဘာ့ နိုင်ငံအတော်များများမှာ လက်ဆောင် အဖြစ် ပြုလုပ် ပေးလေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
.
Ref: dyknow

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

“စိတ်ညစ်ရင် အာရုံပြောင်းလိုက်ပါ။”





ဘဝမှာအမြဲတမ်း ပျော်ရွင်တက်ကြွနေဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။ တစ်ခါတလေ ပျော်မယ်။
တစ်ခါတစ်လေ စိတ်ညစ်မယ်။ တစ်ခါတစ်လေဆို ဘဝမှာ ဘာမှ အသုံးမဝင်တဲ့တောထဲက သစ်ဆွေးတုံးကြီးလို ခံစားချင်ခံစားရမယ်။ ပျော်ရွှင်နေတဲ့အခါ ဘာလုပ်လုပ် အဆင်ပြေနေတတ်ပေမယ့်၊
မပျော်မရွင်နဲ့ စိတ်ဓာတ်ကျနေတဲ့ အခါမျိုးတွေမှာတော့ ဘာပဲလုပ်လုပ် အဆင်မပြေ ဖြစ်နေတတ်ပါတယ်။

ဒါဘာဖြစ်လို့လဲမေးရင် “အာရုံ”ကြောင့်လို့ ယေဘူယျ ဖြေလို့ရပါတယ်။ ဘဝခရီးတစ်လျှောက်
အာရုံမျိုးစုံနဲ့ တွေ့နေကြရမှာပါ။ အဲဒီ အာရုံမျိုးစုံထဲမှာ နှစ်သက်တဲ့ အာရုံလည်း တွေ့ရမှာဖြစ်သလို မနှစ်သက်တဲ့ အာရုံလည်း တွေ့ရမှာပါ။ တစ်ခါတစ်လေ အာရုံတစ်ခုကြောင့် ကိုယ့်ရဲ့
ဘဝလမ်းကြောင်းတွေ ပျောက်နေတတ်တာတောင် ရှိတတ်ပါတယ်။ ဒါမျိုးက တွေ့ကြုံရသူအတွက်
အလွန်အန္တရာယ် များလှပါတယ်။

ဒီတော့ဘာလုပ်မလဲ?

အာရုံဆိုးတွေနဲ့တွေ့ပြီး စိတ်ညစ်နေတဲ့အခါမျိုးတွေမှာ အာရုံပြောင်းပစ်လိုက်ဖို့ပါပဲ။
ခရီး ထွက်ပစ်တာတို့ ၊ကိုယ်အထုံဝါသနာအပါဆုံး “ကုသိုလ်”မျိုးကို အားရပါးရ ပြုလုပ်ပစ်တာတို့၊
ရိပ်သာမှာ တစ်ပတ်ဆယ်ရက်ဝင်ပစ်တာတို့ စသည့်ဖြင့်ပေါ့။ စာမှာ တိုက်ရိုက်ပြထားတာကတော့
စိတ်ညစ်လာပြီဆိုရင် ကိုယ်ဝါသနာပါတဲ့ “ဝေယျာဝစ္စ ကုသိုလ်”တစ်ခုကို ပြုပြီး ဖျောက်ပစ်ပါတဲ့။

ဒီနေရာမှာ အာရုံပြောင်းဖို့အတွက်သောက်လေ့ မရှိတဲ့ အရက်သွားသောက်တာတို့ ၊
ဗေဒင်သွားမေးတာတို့ကိုတော့ အထူးသတိထားရပါမယ်။ ကိုယ့်အားနည်းချက်ကိုသိပြီး အခွင့်အရေး ယူတတ်တဲ့ဗဒင်ဆရာမျိုးနဲ့များ သွားတွေ့လိုက်လို့ကတော့ ပိုတောင် အန္တရာယ်များသွားနိုင်ပါတယ်။
အဓိကကတော့ “အာရုံပြောင်းလဲမှု” မှန်ဖို့ပါပဲ။

-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“ကုသိုလ်ဖြစ်အောင်တွေးမယ်”မှ - 】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 

လက်တွေ့ ကျကျ ပုရွက်ဆိတ်အန္တာရာယ်နှိမ်နင်းနည်း

                           

မုန့် အချိုများ နှင့် အစားအစာတွေက ပုရွက်ဆိတ်တွေအတွက် သည်းခြေကြိုက်ဖြစ်ကြ သလို၊ တခါတရံ ပန်းပင်တွေပေါ်အုံခဲနေ တတ်ပြီး အပင်များကိုသေစေတတ် တာကြောင့်၊ အိမ်ရှင်မများစိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင် တဲ့  နည်းလမ်းကောင်းလေးတွေရှိလို့  စမ်းသပ်ကြည့်ကြပါဦးနော်။

(၁) မုန့် လုပ်ဆော်ဒါက ပုရွက်ဆိတ်တွေအတွက် အဆိပ်မှုန့် ဖြစ်စေလို့ ၊ ပုရွက်ဆိတ် အုံပေါ် ဆော်ဒါမှုန့် ဖြူးပေးပါ။ (သို့ မဟုတ်) မုန့် လုပ်ဆော်ဒါနဲ့  သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို့  အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

(၂) ဂျုံမှုန့် နဲ့ ကလေးပေါင်ဒါမှုန့် များပေါ် ပုရွက်ဆိတ်တွေ ဖြတ်သန်းကျော် လွှားနိုင် စွမ်းမရှိကြပါဘူး။ ဒါကြောင့် ပန်းပင်တွေရဲ့  အောက်ခြေပတ်လည်မှာ ဂျုံမှုန့် နဲ့  ကလေးပေါင်ဒါမှုန့် လေးတွေ စက်ဝိုင်းသဏ္ဍာန်ဖြူးထားလိုက်တော့ ပုရွက်ဆိတ် ရန်ကကင်းပြီ ပေါ့။

(၃) ငရုပ်သီးမှုန့် ၊ ငရုပ်ကောင်းမှုန့် များကလည်း ပုရွက်ဆိတ်ကိုနိုင်တဲ့ အမှုန့်  များဖြစ်ပါတယ်။

(၄) ပုရွက်ဆိတ်တွင်း(သို့ မဟုတ်)ပုရွက်အိမ်ပေါ်ကို ကော်ဖီမှုန့် ဖြူးထားတဲ့အခါ၊ ပုရွက် ဆိတ်တွေ ကော်ဖီမှုန့် စားကြပြီး၊ သူတို့  အဆောက်အအုံ ယိုယွင်းပြိုကျသွားကာ၊ သူတို့ အဲဒီနေရာကို ဘယ်တော့မှပြန်မလာကြတော့ဘဲ အသိုက်ပြောင်းသွားပါတော့ တယ်။

(၅) ရှာလကာရည်နဲ့ ရေ တို့ ဆတူရောပြီး spray ဖျန်းဗူးထဲထဲ့ကာ၊ ပုရွက်ဆိတ်များ ကိုဖျန်းပက်ပေးခြင်းက သူတို့ အတွက် အက်ဆစ်ရေဖြစ်စေလို့  သေစေနိုင်ပါတယ်။

(၆) သံပုရာရည်ကလည်း သူတို့ အတွက် အက်ဆစ်ရည်ဖြစ်လို့  ပြေးကြပြီပေါ့ရှင်။

(၇) မြေဖြူလိုင်းတားထားပါ။ သူတို့ က မြေဖြူကို ကျော်ခွပြီး မဖြတ်ရဲကြဘူးလေ။ (သို့ မဟုတ်) မြေဖြူမှုန့် (သို့ မဟုတ်) ထုံးမှုန့်  ဖြူးထားနိုင်ပါတယ်။

(၈) ပုရွက်ဆိတ်အုံပေါ်သို့ ရေနွေးပူလောင်းချခြင်း(သို့ မဟုတ်)ရေနွေး နဲ့  ပန်းကန်ဆေးဆပ်ပြာရည်ရောပြီး spray ဗူးဖြင့် ဖျန်း ပက်ခြင်းပြုလုပ်ပါ။

(၉) ပင်စိမ်းရွက်ရနံ့ ကို ပုရွက်ဆိတ်တွေကြောက်ကြပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်အခြောက်မှုန့် (သို့ မဟုတ်)ပင်စိမ်းရွက် သတ္တုရည် တို ဖြင့် နှိမ်နင်းပါ။

(၁၀) သစ်ကြပိုးခေါက် နဲ့  လေးညှင်းပွင့်ရနံ့ တို့ ကိုလည်း ပုရွက်ဆိတ်တွေမကြိုက်ကြဘူးလေ။ မိမိအိမ်အခန်းဒေါင့်မှာ သစ်ကြပိုး ခေါက်မှုန့်  (သို့ မဟုတ်) လေးညှင်းပွင့်လေးတွေ ပုံထားပေးပါ။

(၁၁) ပန်းပေါင်းစုံရာပန်းဆီရနံ့ က ပုရွက်ဆိတ်တွေကို မွန်းကြပ်ပူစပ်လောင်စေနိုင်တာကြောင့်၊ ရာပန်းဆီကို ရေအနည်းငယ်ရော ၍ spray ဖျန်းပါ။

(၁၂) သကာရည် လ္ဘက်ရည်ခွက် ၃-ပုံ ၁-ပုံ၊ သကြား စားပွဲတင်ဇွန်း ၆-ဇွန်း၊ ကဇော်(အချဉ်)ဖောက်တဲ့တစေး စားပွဲတင်ဇွန်း ၆-ဇွန်း တို့ ရောစပ်ကာ၊ ရလာသောအနှစ်ပျစ်ပျစ်ကို အိမ်ပြူတင်းပေါက်ဘောင်များပေါ်လိမ်း၍ ပုရွက်ဆိတ်အန္တရာယ်မှ ကာကွယ်နိုင် ပါတယ်။

+++++++++++++++++++++++++
၅-ပါးသီလကို ကာယ-၀စီ-မနော တည်းဟူသော ကံ၃ပါးစလုံးလုံမှသာ အပြစ်ကင်းတဲ့ သီလဆောက်တည်နိုင်မှာဖြစ်ပါတယ်။ မူလအစကတည်းက ပုရွက်ဆိတ်များ မအုံဖွဲ့ နိုင်အောင် မိမိအိမ်တွင်းအိမ်ပြင်ကို သန့် ရှင်းစင်ကြယ်စွာ ထိန်းသိမ်းနိုင်ရင် အကုသိုလ် မဖြစ်စေတော့ဘူးပေါ့ရှင်။ အထက်ပါ ပုရွက်ဆိတ်နှိမ်နှင်းနည်းအချို့ က အိမ်မွေးခွေး/ကြောင် နဲ့  ကလေး သူငယ်များကို အန္တာရာယ်ဖြစ်စေလို့  သတိနဲ့ ယှဉ်ပြီး ပုရွက်ဆိတ်နှိမ်နင်းနိုင်ကြပါရန် နှိုးဆောင်လိုက်ပါရစေ။

(ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား။ Health and Wellness@Internet News on 8th August 2013)

သက်ရှည်ကျန်းမာ


မူရင်း=https://www.facebook.com/364484143692148/photos/a.364489287024967.107374
Related Posts Plugin for WordPress, Blogger...