ညစဉ် အိပ်ချိန် ငါးနာရီနှင့်၊ ငါးနာရီ အောက်သာ ရှိသော အသက် ၄၀ အောက်
လူငယ်များ တွင် အိပ် ချိန် ပြည့်ဝ သူများ ထက် ဝမ်းဗိုက် အဆီ စုဆောင်းမှု
ငါးနှစ် အတွင်း သိသိ သာသာ များ လာ ကြောင်း ကျန်းမာရေး သုတေသန များ က
တွေ့ရှိ ထား ကြသည်။ ထို့ကြောင့် အိပ်ရေး မဝခြင်း သည် အဝလွန် ၍
ဗိုက်ရွှဲစေသည် ဟူသော သဘော တရား သည် မှန်ကန် ကြောင်း သက်ေ သပြ နိုင်သည်။
သို့သော် တစ်ဖက် မှ လေ့လာ ချက် တစ်ရပ် မှာ လည်း အိပ်ချိန် ရှစ် နာရီနှင့်၊ ရှစ် နာရီ အထက် ရှိသူများ သည် လည်း ဤကဲ့ သို့ အဝလွန် ၍ ဗိုက်ရွှဲ စေကြောင်း သိရှိရ ပြန်သည်။
ထို့ကြောင့် ဤ သုတေသန ချက်များ ၏ ရလဒ် အနှစ်ချုပ် ကို တင်ပြ ရလျှင်
ဝမ်းဗိုက် အဆီ တက် ရန် အခွင့်အလမ်း အနေဖြင့် အိပ်ချိန် ငါးနာရီ ခန့် ရှိသူ
များ သည် ၃၂ ရာခိုင် နှုန်း၊ ခြောက် နာရီမှ ခုနှစ်နာရီ ရှိသူများ သည် ၁၃
ရာခိုင်နှုန်း၊ ရှစ် နာရီ ရှိသူများ သည် ၂၂ ရာခိုင်နှုန်း သာ ရှိသည်ဟု
သိရသည်။ ဤ ရလဒ် ကိန်းဂဏန်းများ သည် အိပ်ချိန် ဟူသော အချက် တစ်ချက် တည်းပေါ်
မူတည် ၍ တွက်ချက် ထားခြင်း ဖြစ်ပြီး အဝလွန် စေသော အခြား အရေး ပါသော
အချက်များ ဖြစ် သည့် အစား အသောက် ပမာဏ၊ အမျိုး အစား၊ ကိုယ်လက် လှုပ်ရှားမှု
အနည်း / အများ၊ ပညာ တတ်မြောက် မှု နှင့် ဆေးလိပ် သောက် / မသောက် စသည့်
အချက်များ ကိုလည်း ထည့်သွင်း စဉ်းစား ရမည်။
မည်သို့ပင် ဆိုစေ
ကာမူ အိပ်ရေး ပျက်လျှင် ကစီဓာတ်များ အပေါ် ခုံမင် စေသော ဟော်မုန်း တစ် မျိုး
ထွက်လာ ခြင်း၊ အစာ စား နေစဉ် အတွင်း အစား အသောက် ကို တင်းတိမ် စေေ သာ ဟော်
မုန်း တစ်မျိုး အထွက် နောက်ကျခြင်း စသည့် အချက်များ ကြောင့် နေ့စဉ်
အိပ်ချိန် နည်း လွန်းခြင်း သည် အဝလွန် ခြင်းကို အားပေး သည်ဟု မြောက် ဥက္ကလာပ
ဆေးရုံမှ လက်ထောက် ဆရာဝန် တစ်ဦး က ပြောကြား သည်။ အအိပ် များ လွန်းခြင်း /
နည်းလွန်းခြင်း သည် အဝလွန် ခြင်း အပေါ် တိုက်ရိုက် မ ဟုတ် သော် လည်း
သွယ်ဝိုက်သော နည်းဖြင့် ဆက်နွှယ် နေလေရာ တတ်နိုင် လျှင် အထက်ပါ ရလဒ်များ အရ
အိပ်ချိန် ခြောက်နာရီ မှ ခုနှစ် နာရီ ကြား ထားလျှင် အကောင်း ဆုံး ဖြစ် မည်
ဟု ကျန်းမာရေး ပညာရှင် များ က ပြောကြား သည်။
http://myawadynews.blogspot.com/2013/09/blog-post_2795.html
နယ်သာလန်နိုင်ငံက ထောင် ၈ ခုပိတ်လိုက်ရပါတယ် အကြောင်းကတော့ ရာဇ၀တ်သားတွေ မရှိတော့လို့ဖြစ်ပါတယ်တဲ့
သတင်းကောင်းလို့ပြောရမလိုပါပဲ နယ်သာလန်တရားစီရင်ရေး ၀န်ကြီးဌာနက ထောင် ၈ ခုကို ပိတ်လိုက်ပါတယ်။ဒုစရိုက်မှုတွေ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာတာကြောင့် အချို့ထောင်တွေဆို ထောင်သားတွေ မရှိသလောက်ကိုဖြစ်နေတဲ့အတွက် ဒီထောင်တွေက ထောင်သားတွေကို စုစည်းပြိးတော့ ကျန်တဲ့ထောင်တွေကို ပိတ်လိုက်ပါတယ်။
နယ်သာလန်နိုင်ငံရဲ့ ထောင်တွေမှာ အကျဉ်းသားပေါင်း ၁၄၀၀၀
ထိန်းသိမ်းထားနိုင်ပြီး လောလောဆယ် အကျဉ်းသား ၁၀၀၀၀ ကျော်လောက်သာရှိတဲ့အတွက်
ပိတ်လိုက်ရခြင်းဖြစ်ပါတယ်။
မောင်စိုင်း
(ကနောင်)
https://www.facebook.com/photo.php?fbid=476254212472415&set=a.35104771499306
တီဘီဆေးများသောက်နေရာမှ အပူငြိမ်းစေရန်ရည်ရွယ်၍ ဗမာဆေးကို
တွဲသောက်ချိန်တွင် ကိုအောင်သူ အ တွက် ထင်မှတ်မထားသည့် ပြဿနာ တစ်ခု ဖြစ်ေ
ပ်ါလာခဲ့ သည်။ တစ်လနီးပါး နေမကောင်းဖြစ်နေသောကြောင့် လို
အပ်သည့်ကျန်းမာရေးစစ်ဆေးမူများ
ပြု လုပ်ပြီးချိန်တွင် ဆရာဝန်က တီဘီဆေး များ စတင်ေ သာက်စေခဲ့သည်။ သို့သော်
တီဘီဆေးဒဏ်ကို ကိုအောင်သူမခံနိုင်၊ ခန္ဓာကိုယ်တွင်း အမြဲတမ်းပူနေသော
ကြောင့် အပူငြိမ်းစေသည့် တိုင်းရင်း ဆေး ကို သောက် သုံးမိသောအခါ သူ့ ခန္ဓာကိုယ်တွင် ပြောင်းလဲမူတစ်ခုကို သူ စတင်သတိထားမိခဲ့သည်။
”ဆီးလုံးဝမသွားတော့ဘူး၊ တီဘီ ဆေးသောက်ရင် ဆီးများများသွားရ တယ်လေ။
ဗမာဆေးသောက်ပြီး က တည်းက ဆီးမသွားတော့လို့ လူကနေ လို့လည်းမကောင်းေ
တာ့ဘူး”ဟု ကို အောင်သူက သူ့ဖြစ်စဉ်ကို ပြောပြသည်။ အင်္ဂလိပ်ဆေးနှင့်
ဗမာဆေးတွဲ သောက်ခြင်းကြောင့် ခန္ဓာကိုယ်ကို ထိ ခိုက်သည့် အဖြစ်မျိုး
ဖြစ်ခဲသော်လည်း အင်္ဂလိ ပ်ဆေးများ ကြိတ်ထည့်ထားသော ဗမာဆေးနှင့်တွဲသောက်မိပါက
ဆေးအ သုံးလွန်ကာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်ဟု အထွေထွေရောဂါ
ကု ဆရာဝန် ဒေါက်တာဝင်းသိန်းက ပြောသည်။
”ဗမာဆေးစစ်စစ်ဆိုရင်
ဖြစ်ခဲ တယ်။ပြဿနာမရှိဘူး။ဒါပေမဲ့ အင်္ဂလိပ် ဆေးရောပြီးသား ဗမာဆေးတစ်ခုကို
ထပ်သုံးလိုက်ရင်တော့ ဆေးဆေးချင်း ထပ်ပြီးတော့ အစာအိမ်နာတာတို့၊ ရင်
တုန်တာတို့၊ မောတာတို့ ဖြစ်တယ်။ ဥလနမိသျန ပေါ့”ဟု ဒေါက်တာဝင်းသိန်း က
ပြောသည်။ တိုင်းရင်းဆေးဆရာအချို့က စက် ထရင်၊ ဆာဖာ စသည်တို့ကိုအပူငြိမ်း
သည်ဟု သတ်မှတ်ကြပြီး အချို့ကအဆို ပါ ဆေးများကို ကြိတ်ထည့်လေ့ရှိ ကြောင်း၊
အဆိုပါ ဆေးများသည် ကျောက်ကပ်ကိုထိခိုက်စေနိုင်ပြီး
ဆီး နည်းသွားနိုင်ကြောင်း ၎င်းက ဆိုသည်။ ကိုအောင်သူကတော့ သူ့အခြေ
နေကိုသူရိပ်စားမိ၍ နှစ်ရက်ခန့်သောက် ပြီး ဗမာဆေးကို သူရပ်လိုက်သည်။
ထိုသို့ရပ်လိုက်ေ သာ အခါ သူ့ခန္ဓာကိုယ် သည် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ကိုအောင်သူကဲ့သို့ပင် အလားတူ ဖြစ်ရပ်မျိုးခံစားခဲ့ရသူက ရွှေပြည်သာ တွင်
နေထိုင်သည့် ကိုသက်ပိုင် ဖြစ် သည်။ကိုသက်ပိုင်သည် အဆုတ်ရောဂါ ကြောင့် အသက်
ရှူမကြာခဏ ကျပ်တတ် သည်။ အသက်ရှူကျပ်၍ အင်္ဂလိပ် ဆေးသောက်ပြီး ခဏအကြာအဆုတ်
ရောဂါနှင့် ပတ်သက်သည့် ဗမာဆေး နှစ်မျိုး ထပ်သောက် လိုက်သော အခါ ပို၍
အသက်ရှူကျပ်လာသည်။ ထိုအခါ အထွေထွေရောဂါကု ဆရာဝန်ထံ သူ ပြေးရတော့သည်။
”မျက်နှာတွေပါ ပြာနှမ်း လာတာ။အဲဒီ တုန်းက ဆို သေပြီေ တာင်ထင်တာ”ဟု
ကိုသက်ပိုင်က ပြန်ပြောပြသည်။ အမှန်တကယ်တော့ သူစိတ်လောသွားခြင်းဖြစ်သည်၊
သတိမမူ ဂူမမြင်ဟု ဆိုလည်းရမည်ထင်သည်။ အင်္ဂလိပ် ဆေးက ချက်ချင်းအာနိသင် မပြ၍
ပျောက်ချင်ဇောဖြင့် သောက်လိုက်ခြင်း ဖြစ်သည်ဟု သူက ဝန်ခံပါသည်။ ကို
သက်ပိုင်ရော ကိုအောင်သူေ ရာ နှစ် ယောက်စ လုံးပင် ရောဂါ ကိုပျောက်ချင်
ဇောအားကြီးသည်။ ထိုအချက်ကလည်း သူတို့နှစ်ယောက်အတွက် မမေ့နိုင်သည့်
သင်ခန်းစာပေးခဲ့ခြင်း ဖြစ်သည်။
”ဆရာဝန်က ဆေးတစ်လုံးထိုးပေး
လိုက်တယ်။ ဖြစ်စဉ်ကိုပြောပြလိုက်တော့ နောက်တစ်ခါ ဗမာဆေးနဲ့အင်္ဂလိပ်ဆေး
ကိုတွဲမသောက်ဖို့ ၊သောက်မယ်ဆိုရင် လည်း အင်္ဂလိ ပ်ဆေးပတ်လည်တဲ့ အ
ချိန်မျိုးမှာမှ သောက်ဖို့သတိပေးတယ်”ဟု ကိုသက်ပိုင်က ပြောပြသည်။
ထိုကဲ့သို့သောလူနာမျိုး၊ ထိုကဲ့သို့ ဖြစ်စဉ်မျိုးကို သူ၏ဆရာဝန် သက်တမ်း
တစ်လျှောက်အမြဲတမ်းကြားနေရ ကြောင်း ဒေါက်တာဝင်းသိန်းက
ဆိုသည်။ဆေးကိုသုံးလိုက်လို့
ပြဿနာ တက်မှန်းသိလို့ ရပ်လိုက်တယ်ဆိုရင် ဒါ ပြဿနာမရှိဘူး။ မသိဘဲ
ဆက်သုံးရင် ပွိုင်စင် (Poison) ဖြစ်သွားနိုင်တယ်။ အဲဒါဆိုရင်တော့
အသက်အန္တရာယ် ရှိတယ်”ဟုဒေါက်တာဝင်းသိန်းက
ပြော သည် ။ ထိုသို့ ပွိုင်စင်ဖြစ် ပါက ကျောက် ကပ်ပျက်စီးခြင်း၊
ကျောက်ကပ်အလုပ် မလုပ်တော့ခြင်း စသည့်နောက်ဆက်တွဲ ပြသနာများလည်း
ကြုံတွေ့ရနိုင်သည်။
ဈေးကွက်ထဲတွင် ထိုသို့ အင်္ဂလိပ်
ဆေးကြိတ်ထည့်ထားသော ဗမာဆေး များရှိနေဆဲဟု သိရသော်လည်း တိုင်း
ရင်းဆေးဆရာတစ်ဦးဖြစ်သည့် ဦးမြင့်ဦး ကမူ ထိုသို့ရော စပ်ဆေးများ ရှိသည်ဟု
မကြားရတော့ဟု ပြောသည်။ ”လွန်ခဲ့တဲ့ လေးငါးနှစ်လောက် ကတော့
ဒီလိုရောတာတွေကြားဖူးတယ်။ အကိုက်ခဲပျောက်ဆေး တစ်မျိုးဆိုရင် အဲလိုမျိုးတွေ
ရောထားလို့ ထုတ်လုပ် ခွင့်ပိတ်ခံခဲ့ရတယ်”ဟု ဦးမြင့်ဦးက ပြော သည်။
လေးဘက်နာရောဂါပျောက်ဆေး တွင် စတီးရွိုက်များထည့်ထားခြင်း၊
အ ကိုက် အခဲပျောက်ဆေးတွင် အက်စပရင် များကြိတ်ထည့်ထားခြင်း၊ ခေါင်းကိုက်
ပျောက်ဆေးတွင် ဘီဆစ်များထည့် ကြိတ်ထားခြင်း စသည်တို့ ရှိခဲ့ဖူးသည်ဟု
အထက်ပါပုဂ္ဂိုလ် တို့က ဆိုသည်။ ထိုသို့ပြုလုပ်ခြင်းမှာလည်း ရောဂါ ကို ယူပစ်သကဲ့သို့ပျောက်စေလို၍ ဖြစ် နိုင်ကြောင်း ၎င်းတို့က သုံးသပ်သည်။
”ဒီလိုဆေးတွေရောကြိတ်ထည့် တယ်ဆိုတာလည်း ဝိသမလောဘသား တွေလုပ်တာပါ။
တိုင်းရင်းဆေးဆရာ စစ်စစ်တွေက မလုပ်ပါဘူး”ဟု ဦးမြင့်ဦး က ဆိုသည်။
တိုင်းရင်းဆေး စစ်မှန်ပါက ပမာဏ များကြောင်း ၊ အချို့ဆေးများမှာမူ
ပမာဏနည်းနည်းဖြင့် ယူပစ်လိုက်သလို ပျောက်ကင်းသွားကြောင်း၊ သို့သော်
ယခုနောက်ပိုင်းတွင်မူ တိုင်းရင်းဆေး ဆရာများက သဘာဝ သစ်ဥသစ်ဖုများ
ဖြင့်ဆေးကိုအကျစ်လျစ်ဆုံး ဖြစ်အောင် စီမံထုတ်လုပ်လာကြကြောင်း ၎င်းက ဆိုသည်။
တိုင်းရင်းဆေးထု တ်လုပ်ပါ ကလိုင် စင်လျှောက်ထားရပြီး ထုတ်လုပ်သည့်
ဆေးဝါးများကိုလည်း တိုင်းရင်းဆေး ဦးစီးဌာနတွင် မှတ်ပုံတင်ရကာ၊ ဆေး
ဘူးနှင့် ဆေးထုပ် တွင် ပျောက်ကင်း သည့်ရောဂါ၊ သုံးစွဲရန်အညွှန်းနှင့် ပါဝင်
သည့်ပစ္စည်းနှင့် တိုင်းရင်းဆေးယာယီ မှတ်ပုံတင်နံပါတ်များကို ထည့်သွင်းရေး
သားရသည်။
တိုင်းရင်းဆေးထုတ်လုပ်ခွင့်မှတ်
ပုံတင် လျှောက်ထားစဉ်ကပင် တံဆိပ်၊ စာသား၊ ထုတ်လုပ်မည့်ပုံစံနှင့် ဆေးနမူ
နာများကို နေပြည်တော် တိုင်းရင်းဆေး ဦးစီးသို့ တင်ပြကာ
ခွင့်ပြုချက်ယူရသည်။သုံးနှစ်တစ်ကြိမ်မှတ်ပုံတင်ပြန်လျှောက်ရကာ
ဆေးများကို ပြည်လည်စစ်ဆေးပြီး ယာယီ မှတ်ပုံတင်ချပေးသည်ဟု သိရသည်။
ကျွန်တော်ကတော့ ဈေးကွက် ထဲကဆေးတွေကိုပါ ယူစစ်တာ သိပ်သ ဘောကျတယ်။
အဲလိုရောနှောတာတွေ တွေ့ရင် ဥပဒေအရပြင်းပြင်းထန်ထန်အရေးယူပေါ့”ဟု
ဦးမြင့်ဦးက ပြောသည်။သို့သော် မည်သည့်ဆေးပင်ဖြစ်စေ၊ သက်ဆိုင်ရာ
ဌာနများတွင် မှတ်ပုံမတင် ထားဘဲ ဈေးကွက်အတွင်းရောက်ရှိနေ သည်ကိုလည်း
သတိပြုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
”အင်္ဂလိပ်ဆေးဆိုရင်လည်း
နယ်စပ်ကဝင်လာတဲ့ ဆေးတွေရှိနေတာပဲ။ ဒီဆေးတွေရဲ့ စစ်မှန်မှုနဲ့
အရည်အသွေးကိုလည်း သတိပြုသင့်တယ်”ဟု ၎င်းက သုံးသပ်ပြော
သည်။ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ ဆေးဝါးရောင်းချသည့်ဆေးဆိုင်
များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေး
ဝါးအတု၊ စံမမီဆေးဝါးများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း
လုံးဝမပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်
ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေ ပုဒ်မ ၁၈ အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည် ။
၂ဝ၁၁/
၂ဝ၁၂ စာရင်းများအရ တိုင်းရင်းဆေးဝါးအမျိုးပေါင်း ၇၉၅၁
မျိုးမှတ်ပုံတင်ထားပြီး တိုင်းရင်းဆေး ထုတ်လုပ်သူ ၁၃၇၈ ဦးကို ဆေးဝါးထုတ်
လုပ်ခွင့် လိုင်စင်ချပေး ထားကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေ ကိုသက်ပိုင်က
တော့ အင်္ဂလိပ်ဆေးသောက်ထားပြီး နောက်ပိုင်းတွင် ယခင်ကကဲ့သို့ ဗမာ
ဆေးတစ်မျိုး မျိုးကို သတိလက် လွတ် သောက်သုံးဖြစ်တော့မည် မဟုတ်ပါ။မိရိုးဖလာ
တိုင်းရင်းဆေးကို ယုံကြည် အားထားမှုလည်း လျော့သွားမည် မဟုတ်။
”အချိန်ခြားသောက်ဖို့တော့ စိတ်ထဲအမြဲတမ်းမှတ်ထားတယ်၊ လေးနာရီ လောက်ခြားသောက်ရင် ပြဿနာမရှိ ဘူးလေ”ဟု ကိုသက်ပိုင်က ဆိုသည်။
မေဇင်ဝင်း၊ မြတ်ဆုငြိမ်း
http://myawadynews.blogspot.com/2013/09/blog-post_9529.html