စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဟင်းသီးဟင်းရွက်များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ

ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ ဗဟုသုတလေးပေါ့ !
ဘာရယ်မဟုတ်ဘူး.. တနေရာကနေ မလာတာ ..သူငယ်ချင်းတွေ နဲ့ ရော.. အားလုံး သိရအောင်ဆိုပြီးတော့ !

--------------------------------------------------------------------
  • ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ.... တဲ့ ဗဟုသုတလေးပေါ့ ! ဘာရယ်မဟုတ်ဘူး.. တနေရာကနေ မလာတာ ..သူငယ်ချင်းတွေ နဲ့ ရော.. အားလုံး သိရအောင်ဆိုပြီးတော့ ! -------------------------------------------------------------------- ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ.. Acacia - ကင်မွန်းချဉ်ရွက် Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက် Marrow / chayote / chaico - ဂေါ်ရခါးသီး Cabbage - ဂေါ်ဖီထုပ်ဖြူ Asparagus - ကညွတ် Spinach - ဟင်းနုနွယ် Egg plant / Aubergine - ခရမ်းသီး Bamboo shoot - မျှစ် Bean curds - ပဲပြား Bean spouts - ပဲပင်ပေါက် tomato - ခရမ်းချဉ်သီး Gourd - ဗူးခါးသီး ( အသေးစား ) Calabash - ဘူးသီး Calabash shoot - ဘူးညွှန့် Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး carrot - မုန်လာဥနီ ( ရှည် မျောမျော ပုံ ) beet root - မုန်လာဥနီ ( အလုံး ပုံ ) White radish / turnip - မုန်လာဥဖြူ အကြီး။ Red radish - မုန်လာဥ နီ အလုံးသေး Cauliflower - ပန်းဂေါ်ဖီ Chinese cabbage - မုန်ညင်းဖြူ ( တရုပ် ) White mustard - မုန်ညင်းဖြူ ( ကြံမဆိုင် ) cucumber - သခွားသီး Gherkin - သခွားငယ် ( ချဉ် ) Musk melon - သခွားသီးမွှေး White pumpkin - ကျောက်ဖရုံသီး yellw pumpkin - ရွှေဖရုံသီး Okra / lady's fingure - ရုံးပတေသီး capsicum - bell pepper spring onion - ကြက်သွန်မြိတ် garlic - ကြက်သွန်ဖြူ cardamon - ဖာလာစေ့ star of aniseed - နာနတ်ပွင့် ginger - ဂျင်း chives - ဂျူးဖူး clove - လေးညှင်းပွင့် cumin - ဇီယာ။ basil - ပင်စိမ်းရွက် bay leave - ကရဝေးရွက်။ lemon grass - စပါးလင် nut meg - ဇာဒိပိုသီး။ Cinnamon bark - သစ်ဂျပိုးခေါက်။ licorice or sweet wood - နွယ်ချို shallot or small onion - ကြက်သွန်နီအသေးစား။ salt - ဆား chilli powder - ငရုပ်သီးမူန့် green chilli - ငရုပ်သီးစိမ်း pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း curry leaf -ပျဉ်းတော်သိမ်းရွက် pepper corn/ black pepper - ငရုပ်ကောင်း။ leek ( shallot, scallion ) - ကြက်သွန်မြိတ် seasoning powder ( monosodium glutamate powder ) - အချိုမူန့် celery or chinese persley- တရုပ်နံနံ coriander leaf/ seeds - နံနံရွက်။ နံနံပင်။ mustard seeds - မုန့်ညင်းစေ့။ mustard leaf - မုန့်ညင်းရွက်။ mint - ပူစီနံ။ tamarind - မန်ကျည်းသီး။ turmeric powder - နနွင်းမှုန့်။ saffron - ဂုန်မာန်။ (copy fr: ထူးထူးဆန်းဆန်း ) Patricia Lun Lun

ဟင်းသီးဟင်းရွက်များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..

Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး
Cabbage - ဂေါ်ဖီထုပ်ဖြူ
Asparagus - ကညွတ်
Spinach - ဟင်းနုနွယ်
Egg plant / Aubergine - ခရမ်းသီး
Bamboo shoot - မျှစ်
Bean curds - ပဲပြား
Bean spouts - ပဲပင်ပေါက်
tomato - ခရမ်းချဉ်သီး
Gourd - ဗူးခါးသီး ( အသေးစား )
Calabash - ဘူးသီး
Calabash shoot - ဘူးညွှန့်
Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး
carrot - မုန်လာဥနီ (ရှည် မျောမျော ပုံ)
beet root - မုန်လာဥနီ (အလုံး ပုံ)
White radish / turnip - မုန်လာဥဖြူ အကြီး
Red radish - မုန်လာဥ နီ အလုံးသေး
Cauliflower - ပန်းဂေါ်ဖီ
Chinese cabbage - မုန်ညင်းဖြူ (တရုပ်)
White mustard - မုန်ညင်းဖြူ (ကြံမဆိုင်)
cucumber - သခွားသီး
Gherkin - သခွားငယ် ( ချဉ် )
Musk melon - သခွားသီးမွှေး
White pumpkin - ကျောက်ဖရုံသီး
yellw pumpkin - ရွှေဖရုံသီး
Okra / lady's fingure - ရုံးပတေသီး
capsicum - bell pepper
spring onion - ကြက်သွန်မြိတ်
garlic - ကြက်သွန်ဖြူ
cardamon - ဖာလာစေ့
star of aniseed - နာနတ်ပွင့်
ginger - ဂျင်း
chives - ဂျူးဖူး
clove - လေးညှင်းပွင့်
cumin - ဇီယာ
basil - ပင်စိမ်းရွက်
bay leave - ကရဝေးရွက်
lemon grass - စပါးလင်
nut meg - ဇာဒိပိုသီး
Cinnamon bark - သစ်ဂျပိုးခေါက်
licorice or sweet wood - နွယ်ချို
shallot or small onion - ကြက်သွန်နီအသေးစား
salt - ဆား
chilli powder - ငရုပ်သီးမူန့်
green chilli - ငရုပ်သီးစိမ်း
pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း
curry leaf - ပျဉ်းတော်သိမ်းရွက်
pepper corn/ black pepper - ငရုပ်ကောင်း
leek ( shallot, scallion ) - ကြက်သွန်မြိတ်
seasoning powder ( monosodium glutamate powder ) - အချိုမူန့်
celery or chinese persley - တရုပ်နံနံ
coriander leaf/ seeds - နံနံရွက် နံနံပင်
mustard seeds - မုန်ညင်းစေ့
mustard leaf - မုန်ညင်းရွက်
mint - ပူစီနံ
tamarind - မန်ကျည်းသီး
turmeric powder - နနွင်းမှုန့်
saffron - ဂုန်မာန်

လိုအပ်တာရှိရင်လဲ ထပ်ဖြည့်ပေးကြပါခင်ဗျား

လိမ်ပြောမပြော အလွယ်တကူ အကဲခတ်နည်း



လိမ်ပြောမပြော အလွယ်တကူ အကဲခတ်နည်း

လူတစ်ယောက် လိမ်ပြောတယ် မပြောဘူးဆိုတာ သိရခက်ပါတယ်။ အထူးသဖြင့် လည်လည်ဝယ်ဝယ် ရှိတဲ့ သူတစ်ယောက်နဲ့ စကားပြောမိရင် ကိုယ်ခံလို့ ခံလိုက်ရမှန်းမသိ လိမ်သွားတာမျိုးတို့တောင် ဖြစ်တတ်ပါတယ်။ ဒီတော့ လူတစ်ယောက်နဲ့ စကားပြောတဲ့ သူ လိမ်လားမလိမ်လားဆိုတာ သိဖို့ လိုအပ်လာပါတယ်။

1. Eye contact
...

လူတစ်ယောက် လိမ်ပြီဆိုရင် နံပါတ် ၁ လုပ်နိုင်ချေအမူအရာက မျက်လုံးက အမြင်လွဲတာ ဖြစ်ပါတယ်။ စိုက်မကြည့်ရဲပါဘူး။ တောင်ကြည့်၊ မြောက်ကြည့် လုပ်နေတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကတော့ စိုက်ကြည့်ခြင်း ဖြစ်ပါတယ်။ သူလိမ်နေတာ မရိပ်မိအောင် တစ်ဖက်ရဲ့ မျက်နှာ အမူအရာကို လိမ်ပြောသူ စောင့်ကြည့်နေလို့ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါခါဆို လိမ်ပြောတဲ့သူက မျက်တောင်ခတ်တဲ့ အကြိမ်တောင် သာမန် မြင်နေကျအချိန်ထက် နည်းသွားပါတယ်။

2. Forced smile

Force smile ဆိုတာ ဘာသာပြန်လိုက်ရင် တွန်းအားပေးမှုကြောင့် ပြုံးရယ် မှု ဖြစ်ပါတယ်။ ဆိုလိုရင်က လုပ်ရယ် ရယ်ခြင်း ဖြစ်ပါတယ်။ အမှန် တကယ် မဟုတ်သော်ငြားလည်း ရယ်ချင် ယောင်ဆောင်ပါတယ်။ အရမ်း ဟားရယ်တာမျိုး မဟုတ်ပဲ နှုတ်ခမ်း လှုပ်ရုံလေး ရယ်တတ်ပါတယ်။ သဘာဝအတိုင်းသာ ရယ်မယ်ဆိုရင် Natural Smile က - ပါး၊ မျက်လုံး၊ နှာခေါင်း၊ နှဖူး စတာတွေ အကုန်လုံး တွန့်သွား အေင်ကို အမူအရာ ပီပြင်ပါတယ်။ စင်စစ် ရယ်မောမှု (Genuine smile) ဆိုရင် မျက်လုံးက ကျဉ်းသွားပြီး မှေးပါမှေးသွားပါတယ်။ ဟန်ဆောင် အပြုံး ကတော့ ပါးစပ်တစ်ဝိုက် လှုပ်ရှားမှုသာ ပိုမြင်ရမှာ ဖြစ်ပါတယ်။

3. Head & Eye direction

ညာသန် (Right Handed) လူဆိုရင် များသောအားဖြင့် ဖြစ်ရပ်မှန် တစ်ခုခု ကို ပြန်လည်စဉ်းစားတဲ့အခါ၊ တကယ်ဖြစ်ခဲ့တာ၊ တွေ့ခဲတာ၊ သိခဲ့တာ ကို ပြန်တွေးတဲ့အခါ မျက်လုံးက ညာဘက်အပေါ်ကို ကြည့်ရှုပါတယ်။ အင်္ဂလိပ်လိုဆိုရင် (the right in an upward direction) ဖြစ်ပါတယ်။ ဒါဆိုရင် အမှန်အတိုင်းပြောနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် စိတ်ကူးထဲ ရှိရာပြောမယ်. စိတ်ကူးယဉ်ပြီးပြောမယ်၊ တစ်ခုခု ဇာတ်လမ်း ဆင်ပြီးပြော မယ်ဆိုရင် ဘယ်ဘက် အပေါ်ကို ကြည့်မှာ ဖြစ်ပါ တယ်။ (the left in an upward directoin). ဒါကြောင့် ဒါက လိမ်ပြောတာ ဖြစ်ပါတယ်။ ဘယ်သန် ဆိုရင်တော့ ညာသန်ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

အထက်ပါ သုံးချက်ကို ပုံသေမှတ်လို့တော့ မရပါဘူး။ များသော အားဖြင့် ဖြစ်နိုင်ချေကို သီအိုရီ ထုတ်ယူထားခြင်း ဖြစ်ပါတယ်။ တစ်ခါ တစ်လေကျ မှားတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက် လိမ်ပြော မပြော ကို ဒါတွေ သိရုံနဲ့ မလုံလောက်သေးပါဘူး။ လိမ်ပြောနေသူ ကို ထောက် လှမ်းနိုင်မယ့် အခြားသော Body Language, ကိုယ်ပိုင် အသိဥာဏ်၊ စဉ်းစား ဆင်ခြင်ချက်တွေကို ပေါင်းစပ်မယ်ဆိုရင် အနည်းနဲ့ အများတော့ အလိမ်ခံ ရခြင်းက ကင်းဝေးမှာ ဖြစ်ပါတယ်။
--
Ref:ezinearticles.com
--
http://www.innewsmyanmar.com/2012/12/blog-post_9971.html

ကမ္ဘာ့အရောင်စုံဆုံး သစ်ပင် (သက်တံ့သစ်ပင်)



ကမ္ဘာ့အရောင်စုံဆုံး သစ်ပင် (သက်တံ့သစ်ပင်)

ကမ္ဘာ့အရောင်အစုံဆုံး သစ်ပင်လို့ သတ်မှတ်ထားတဲ့ သစ်ပင်ကို သက်တံ့ သစ်ပင် (Rainbow Eucalyptus) လို့ခေါ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဝါ၊စိမ်း၊နီ၊ပြာ၊ လိမ္မော်၊ခရမ်း အစရှိသဖြင့် အရောင်အသွေး စုံလင်လှပါတယ်။ ပေါက်ရောက်တဲ့ နေရာကတော့ အရှေ့ တောင်အာရှမှာ အများဆုံး ဖြစ်ပြီး ဖိလစ်ပိုင်မှာဆိုရင် စက္ကူလုပ်ဖို့အတွက် သီးသန့်တောင် စိုက်ပျိုးထားပါတယ်။ tropical zone တောတွေမှ...
ာ ပေါက်တဲ့ သစ်ပင်မျိုး ဖြစ်ပါတယ်။

အရှည် ၇၀ မီတာအထိ ရှည်နိုင်တဲ့ အပင်ရှည်သစ်ပင်မျိုး ဖြစ်ပြီး ပင်စည် အတွင်းသားကတော့ အစိမ်းရောင် ဖြစ်ပါတယ်။ Rainbow Eucalyptus လို့ခေါ်တဲ့ ယင်းပင်ကို ကမ္ဘာ့အရောင်စုံဆုံး သစ်ပင်အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။
--
Ref:wiki

http://www.innewsmyanmar.com/2012/12/blog-post_7.html
Related Posts Plugin for WordPress, Blogger...