စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာတစ်ဝန်းတွင် ခက်ခဲပင်ပန်းစွာဖြင့် ပညာသင်ယူနေရသည့် ကျောင်းသူကျောင်းသားလေးများ



ပညာရေး ကဏ္ဍသည် လူ့အဖွဲ့အစည်း တိုးတက်မှု၏ အခြေခံ အကျဆုံး လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ ပညာရေးကဏ္ဍကို မြှင့်တင်ရန် အခြေခံ အကျဆုံး လိုအပ်ချက်မှာမူ စာသင်ကျောင်းလေးများ ဖြစ်ကြသည်။
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျောင်းနေအရွယ် ကလေးငယ်များသည် မိမိတို့ သက်ဆိုင်ရာ စာသင်ကျောင်းလေးများတွင် သွားရောက် ပညာသင်ကြားကြသည်။ ယင်းတို့အနက်မှ အချို့သော ဒေသများရှိ ကလေးငယ်များသည် ပညာသင်ယူရန်အတွက် စာသင်ကျောင်းသို့ ခက်ခက်ခဲခဲ စွန့်စား သွားလာရသည်များလည်း ရှိတတ်သည်။

ပညာသင်ကြားမှုတွင် သက်တောင့်သက်သာ လိုလေသေးမရှိ အရာရာ ပြည့်စုံစွာဖြင့် လေ့လာဆည်းပူးနိုင်သူများ ရှိသလို နေ့စဉ်နေ့တိုင်း ခက်ခဲပင်ပန်းစွာ စွန့်စားသွားလာရင်း ပညာယူရရှာသည့် ကလေးငယ်များ ရှိနေကြောင်းကို UNESCO က ဖော်ပြခဲ့သည်။ အချိန်မရွေး ရေကြီးနိုင်သည့်၊ တောင်ပြိုနိုင်သည့် လမ်းကြောင်းများတွင် သွားလာရင်း နေ့စဉ် ကျောင်းတက်နေရသည့် ကလေးငယ်များကို ကမ္ဘာ့နေရာ အနှံ့အပြားတွင် တွေ့မြင်နိုင်မည် ဖြစ်သည်။

လမ်း၊ တံတားများ ဆောက်လုပ်ပေးခြင်း၊ ကျောင်းကားများ စီစဉ်ပေးခြင်း အစရှိသည့် အခြေခံလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်သည့် အချို့သော နယ်ပယ်ဒေသများတွင် နေ့စဉ် ခက်ခက်ခဲခဲ ကျောင်းတက် သွားလာနေရသည့် ကလေးငယ်များ၏ ပုံရိပ်အချို့ကို ယခုကဲ့သို့ စုစည်းဖော်ပြအပ်ပါသည်။



၁။ တရုတ်နိုင်ငံ၊ ဂူလူအရပ်ရှိ တောင်ပေါ်ဒေသတွင် ဖွင့်လှစ်ထားသည့် ကျောင်းကလေးကို ကမ္ဘာပေါ်တွင် လူသူအရောက်အပေါက် အနည်းပါးဆုံး ကျောင်းလေးတစ်ခုအဖြစ် သတ်မှတ်ထားသည်။
ကျောင်းသူ ကျောင်းသားများသည် အသွားအပြန် (၅)နာရီမျှ ခရီးကို တောင်ပတ် လမ်းကျဉ်းလေးအတိုင်း ခြေလျင် လျှောက်၍ သွားလာရသည်။ လမ်းကျဉ်းလေးသည် အချို့သော နေရာများတွင် အကျယ်(၁)ပေမျှသာ ရှိလောက်အောင် ကျဉ်းမြောင်းပြီး အလွန် အန္တရာယ်များသည့် အခြေအနေမျိုး ဖြစ်သည်။



၂။ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဇန်ရှီဝမ် ရွာကလေးတွင် တောင်စောင်းတစ်ခုပေါ်၌ ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားသည်။
ကျောင်းတက်မည့် ကလေးငယ်များသည် နံဘေးတွင် အကာအကွယ် တစ်စုံတစ်ရာမျှ မရှိသည့် နံရံကပ် လှေကားများကို ကုပ်တွယ်ပြီး အတက်အဆင်း ပြုလုပ်ရသည်။
ပေပေါင်းများစွာ မြင့်မားသည့် နေရာသို့ ယင်းကဲ့သို့ အတက်အဆင်း ပြုလုပ်ရခြင်းကြောင့် အနည်းငယ်မျှ ချွတ်ချော်သွားရုံဖြင့် အသက်ဘေး နီးလှသည်။



၃။ အိန္ဒိယနိုင်ငံ ဘက်ခြမ်းရှိ ဟိမဝန္တာ တောင်ခြေရွာကလေးတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းလေးသို့ ကျောင်းသားလူငယ်များ သွားရောက်နေပုံ ဖြစ်သည်။
အေးခဲလှသည့် ရာသီဥတုတွင် ရေခဲကျောက်ဆောင်များပေါ် ခြေမချော်အောင် ကြိုးစားထိန်းသိမ်း လမ်းလျှောက်သွားရင်း နေ့စဉ် ကျောင်းတက်ကြရသည်။



၎။ အင်ဒိုနီးရှားနိုင်ငံ၊ လီဘက်ရှိ ခနော်နီ ခနော်နဲ့ ကြိုးတံတားသည် ဆိုင်းကြိုးများ ပြတ်တောက်ပြီး ယိုယွင်းပျက်စီးလျက် ရှိသည်။
မည်သို့ပင်ဖြစ်စေ ဒေသခံ ကလေးငယ်များသည် ပြုပြင်ခြင်း မရှိသေးသည့် အဆိုပါ ကြိုးတံတားကိုပင် တွယ်ကပ်၍ တသွင်သွင် စီးဆင်းနေသော မြစ်ပြင်ပေါ်မှ ဖြတ်ကူးကာ ကျောင်းတက်ကြရသည်။



၅။ ကိုလံဘီယာနိုင်ငံရှိ ရီယိုနီဂရို မြစ်ပေါ်တွင် ကောင်းကင်ဆိုင်းကြိုးများ သွယ်တန်းထားသည်။
အဆိုပါ ဒေသအတွင်းမှ ကျောင်းသူကျောင်းသားများသည် မြေပြင်အထက် မီတာ(၄၀၀)အမြင့်တွင် ဆိုင်းကြိုးများကို စီးနင်းလိုက်ပါသွားပြီး မီတာ(၈၀၀)ထိ ခရီးပေါက်အောင် သွားလာရသည်။ ယင်းခရီးစဉ်သည် ၎င်းတို့၏ နေ့စဉ် ကျောင်းတက်ကျောင်းဆင်း ဖြတ်သန်းရသည့် အတွေ့အကြုံ တစ်ရပ်လည်း ဖြစ်သည်။



၆။ အင်ဒိုနီးရှား နိုင်ငံရှိ ရိုင်အူတွင် ကျောင်းသူကျောင်းသား ကလေးငယ်များသည် ကနူးလှေငယ်များကို ကိုယ်တိုင်လှော်ခတ်၍ ကျောင်းတက်လေ့ရှိသည်။



၇။ အိန္ဒိယနိုင်ငံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် သစ်မြစ်တံတားကြီး တစ်ခုသည် ကျောင်းသူကျောင်းသား လူငယ်များအတွက် ချောင်းကူးတံတားတစ်ခု ဖြစ်လာသည်။



၈။ မြန်မာနိုင်ငံတွင် လယ်ယာမြေသုံး ကျွဲတစ်ကောင်၏ ကျောပေါ်တွင် စီးနင်းလိုက်ပါရင်း ကျောင်းသွားနေသည့် မိန်းကလေးငယ် တစ်ဦး၏ ပုံရိပ်ဖြစ်သည်။



၉။ အိန္ဒိယနိုင်ငံ၊ ဘယ်လ်ဒန်ဂါတွင် သုံးဘီးတပ် ယာဉ်ငယ်လေးများပေါ် ကလေးငယ်များကို ပြွတ်သိပ်တင်ဆောင်ပြီး ကျောင်းကားသဖွယ် အသုံးပြုကြသည်။



၁၀။ တရုတ်နိုင်ငံ၊ ဆီချွမ်ဒေသရှိ ဒူဂျင်ဂျန်း အရပ်တွင် နှင်းရည်များ စိုစွတ်နေချိန်၌ တံတားပျက် တစ်ခုပေါ် သတိကြီးကြီး သွားလာပြီး ကျောင်းတက်နေရသည့် ကလေးငယ်များ ရှိနေဆဲ ဖြစ်သည်။



၁၁။ အင်ဒိုနီးရှား နိုင်ငံ၊ ပန်ဂူရူရန်တွင် လူအမြောက်အမြား တင်ဆောင်လာသည့် ကူးတို့ရေယာဉ်များ၏ ခေါင်မိုးထက်မှ လိုက်ပါရင်း နေ့စဉ် ကျောင်းတက်နေရသည့် ကလေးငယ်များကို တွေ့မြင်နိုင်မည် ဖြစ်သည်။



၁၂။ သီရိလင်္ကာနိုင်ငံတွင် (၁၆)ရာစုလက်ရာ ဂါလီခံတပ်ကြီးကို ဖြတ်သန်းပြီး ကျောင်းတက်ရသည့် လူငယ်များလည်း ရှိကြသည်။
ခံတပ်ကြီး၏ အချို့သော နေရာများတွင် ပျဉ်ချပ်ငယ်များကို လမ်းသဖွယ်ခင်းပြီး ချိတ်ဆက် သွားလာကြရသည်။



၁၃။ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်တွင် ဝန်တင်မြင်းလှည်းတစ်စီးပေါ်၌ မဆန့်မပြဲ စုရုံးလိုက်ပါရင်း ကျောင်းသွားတက်သည့် ကလေးငယ်များ၏ ပုံရိပ်ဖြစ်သည်။



၁၄။ အင်ဒိုနီးရှားနိုင်ငံ၊ ကလင်ကပ် ကျေးရွာလေးတွင် ကျောင်းသူကျောင်းသားများသည် မသေမသပ် ပြုလုပ်ထားသည့် သစ်ဖောင်လေးများပေါ် လိုက်ပါရင်း ရေစီးသန်သောမြစ်ကို ဖြတ်သန်းကာ ကျောင်းတက်ကြရသည်။



၁၅။ တရုတ်နိုင်ငံရှိ တောတောင်ထူထပ်ရာ ပီလေဒေသတွင် မိဘများက (၁၂၅)မိုင်မျှ ကွာဝေးသည့် ဒေသတွင် သားသမီးများကို ကျောင်းအိပ်ကျောင်းစား သွားရောက် အပ်နှံထားသည်။
ကျောင်းသွားအပ်သည့်အခါ ဖြတ်သန်းရသည့် နေရာတစ်ခုမှာ နက်ရှိုင်းသော ချောက်ကမ်းပါး နံဘေး၌ ခြေဖဝါး တစ်ချပ်စာသာ ချနိုင်လောက်အောင် ကျဉ်းမြောင်းသော လမ်းကြောင်းလေးအတိုင်း ကုတ်တွယ် သွားလာရခြင်း ဖြစ်သည်။



၁၆။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းရှိ ပန်ဒန်းတွင် မြစ်တစ်စင်းပေါ်၌ တံတားထိုးထားခြင်း မရှိချေ။
ထို့ကြောင့် အနီးအနားရှိ ရွာများမှ ကလေးငယ်များသည် မြစ်ကိုဖြတ်ကာ သွယ်တန်းထားသည့် ကြိုးတန်းတစ်ခုကို လက်ဖြင့်ကိုင်ပြီး ကျန်ကြိုးပေါ်တွင် နင်းလျှောက်ကာ ကျောင်းတက်ရသည်။



၁၇။ ဖိလစ်ပိုင်နိုင်ငံ၊ ရီဇဲလ် ဒေသတွင် မူလတန်းကြို ကျောင်းတစ်ကျောင်းမှ ကျောင်းသူကျောင်းသားများသည် လေထိုး တာရာများပေါ် မှီခိုလိုက်ပါရင်း မြစ်ကိုဖြတ်ကာ တစ်ဖက်ကမ်းရှိ ကျောင်းတွင် သွားရောက် ပညာသင်ယူကြရသည်။

_Ref: Xposethereal

 http://7daydaily.com/story/19867#.VAh0b2OM-So

အလှပျက်စေတဲ့အဆီကွက်တွေကို ပယ်ဖျက်ပေမယ့် ကော်ဖီအစွမ်း


အမျိုးသမီးတွေရဲ့ ပေါင်၊ ခြေသလုံး၊ လက်မောင်းနဲ့လက်ဖျံတွေမှာ အဆီကွက်ထပြီး အလှပျက်နေတယ် ဆိုရင် အလွန်အသုံးတည့်မယ့် ဆေးနည်းတခု ရှိနေပါတယ်။ 


 



 ကော်ဖီဟာ အဆီကွက်တွေကို ပျောက်ကင်းအောင်လုပ်တာနဲ့ ရေချိုး ဂျယ်လ်စတဲ့ အသားအရေ လှပ   
အောင် လုပ်တဲ့ ပစ္စည်းတွေမှာ အလွန်နာမည်ကြီးတဲ့ ပစ္စည်းတမျိုးဖြစ်ပါတယ်။

ကော်ဖီရဲ့ အသုံးဝင်မှုဟာ အလှအပလိုက်စားသူ အမျိုးသမီးတွေနဲ့ ကိုယ်ခန္ဓာကိုယ်ပေါ်က အဆီကွက်တွေ ပျောက် ကင်းစေတဲ့ နည်းလမ်းကောင်းတခုလည်းဖြစ်ပြီး ၃ ရက်၊ ၄ ရက်မှာ တကြိမ်လုပ်ဆောင်ပေးမယ်ဆိုရင် အတိုင်းအ တာ ပေါ် မူတည်ပြီး သိပ်မကြာခင်မှာပဲ အဆီကွက်တွေ ပပျောက်ကာ အသားအရေ ချောမွတ် သွားစေ တယ်လို့ Beautiful Girls Magazine က ဖော်ပြထားပါတယ်။ 


လုပ်ပုံလုပ်နည်းကလည်း အလွန်ပဲ ရိုးစင်းပါတယ်။ ကော်ဖီမှုန့်စစ်စစ်ကို ဇလုံတခုတည်း ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။ ဆားနဲ့ ကော်ဖီကို သမအောင် မွှေပါ။ ပြီးတော့ သံလွင်ဆီ ဒါမှမဟုတ် anti-cellulite oil လို့ခေါ်တဲ့ အဆီကျဆီကို ထပ်ရောပြီး သမအောင် မွှေပါ။ 

 ဒါဆိုရင် ကော်ဖီနဲ့ ဆား၊ သံလွင်ဆီတို့ သမအောင်မွှေထားတာကို အသင့်သုံးလို့ရနေပါပြီ။ ဒီလိုအခြေအနေရောက်ပြီဆိုရင် သင်ရဲ့ ခန္ဓာကိုယ်မှာ တပိုင်းစီ၊ တပိုင်းစီကို အသားထဲ့ စိမ့်ဝင်အောင် ပွတ်လိမ်းရပါမယ်။ အကြိမ်ကြိမ်ပွတ်လိမ်းပြီးရင် လက်နဲ့ပဲ ကော်ဖီနဲ့စပ်လိမ်းထားတဲ့ အဆီတွေကို ဖယ်ရှားသန့်ရှင်းရပါမယ်။ 

( မှတ်ချက်။ ။ မည်သည့် ဆပ်ပြာ၊ ရေတို့နဲ့မျှ မဆေးကြောပစ်ရပါဘူး)

နောက်တဆင့် က လျှောက်သီး၊   လျှောက်ခါးသီး၊ လိမ္မော်သီး ဒါမှ မဟုတ် လာဗင်ဒါလို့ ခေါ်တဲ့ ခရမ်းရောင် အဆင်းရှိတဲ့ Lavender ပန်းဆီတွေနဲ့ ခုနက ကော်ဖီပါတဲ့ အဆီတွေကို ရောသမမွှေရပါမယ်။ 


အဲဒီလို နောက်ဆုံး ရောစပ်ထားတဲ့ အဆီကို ခန္ဓာကိုယ်မှာ သုပ်လိမ်းကာ မိနစ်အနည်းငယ်ကြာဆုတ်နယ်ပေးပြီး ပလပ်စတစ်နဲ့ ပတ်ပြီး ဖုံးအုပ်ထားလိုက်ပါ။ ၁၀ မိနစ်လောက်ကြရင်တော့ သုပ်လိမ်းထားတဲ့ အဆီတွေကို ဖယ်ရှားလိုက်ပါ။ 

သိသိသာသာ အဆီကွက်တွေ လျော့ပါးလာတာတွေ့ရပါလိမ့်မယ်။ အမျိုးသမီးတွေ အဆီကွက်ကြောင့် အလှပျက်တယ်ထင်ပြီး စိတ်ညစ်စရာတွေ ကင်းဝေးစေမည့် နည်းလမ်းကောင်း တခု ဖြစ်တယ်ဆိုတာ အသုံးပြုသူများ လက်တွေ့ သိရှိနိုင်ပါလိမ့်မယ်။ 

 အိမ့်သံစဉ် ~

 

ဝက်ခြံလုံးဝ မထွက်ချင်ရင် ဒီနည်းလမ်းတွေကို သုံးကြည့်လိုက်ပါ


         
လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။

မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြ ပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါ တယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေ ပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက် တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစား အသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်း ကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ရောဂါကုထုံး

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

Ref-healthnewsေ

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766
Related Posts Plugin for WordPress, Blogger...