စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နာကျင်မှုရဲ့အနက်အဓိပ္ပာယ်




ပုံပြင်တစ်ပုဒ်မှာ ငါးတစ်ကောင်ဟာ ခုန်တဲ့အချိန်မှာ မတော်တဆ ကမ်းပေါ်ကိုခုန်တက်မိတယ်။ ငါးဟာ ရေထဲပြန်ရောက်ဖို့ ဘယ်လိုပဲကြိုးစားကြိုးစား မရခဲ့ဘူး။ ဒီလိုနဲ့နောက်ဆုံးမှာ အင်အားတွေကုန်ခမ်းပြီး ကြိုးစားခုန်ဖို့ ငါးလက်လွှတ်လိုက်တယ်။ ကမ်းပေါ်မှာပဲသေဆုံးသွားဖို့ သူစောင့်နေခဲ့တယ်။

အဲဒီအချိန်မှာ ငါးနံဘေးနား ပုရွက်ဆိတ်တစ်အုံရောက်လာပြီး ငါးသေနိုင်တယ်၊ သေကိုသေရမယ်လို့ ဝိုင်းဝေဖန်ကြတော့တယ်။ အဲဒီမှာ ပုရွက်ဆိတ်လေးတစ်ကောင်က "ငါးသေမယ်လို့ မပြောနိုင်သေးဘူး... သူ့ကို ရေထဲရောက်အောင် ငါတို့လုပ်နိုင်တယ်" လို့ဆိုတယ်။

ပုရွက်ဆိတ်လေးရဲ့ စကားကိုကြားတော့ ကျန်ပုရွက်ဆိတ်တွေက တအံ့တသြနဲ့ "ငါးကိုရေထဲ ဘယ်လိုပြန်ပို့မလဲ?"ဆိုတော့ ပုရွက်ဆိတ်လေးက "ငါးကို ကျွန်တော်တို့ ဝိုင်းဆွဲဖို့မဟုတ်ဘူး။ ငါးကို ကျွန်တော်တို့ ဝိုင်းကိုက်ကြဖို့ပါ" လို့ ပြန်ပြောတယ်။

ပုရွက်ဆိတ်လေးပြောတာကို အားလုံးကအဓိပ္ပာယ်ရှိတယ်ဆိုပြီး ငါးပေါ်ကိုဝိုင်းတက် ကိုက်ကြတော့တယ်။ ပုရွက်ဆိတ်တွေ အားကုန်ကိုက်တော့ ငါးဟာ နာကျင်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး ထထခုန်ပါတော့တယ်။ ခုန်ရင်းခုန်ရင်း ငါးဟာ ရေထဲကို ရောက်သွားတော့တယ်။

ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် နာကျင်မှုတွေက သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ခန္ဓာရဲ့နာကျင်မှုက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် ထိခိုက်နေပြီဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ သတိပြုဖို့လိုအပ်ပြီဆိုတဲ့အကြောင်း သတိပေးတာဖြစ်တယ်။ စိတ်ရဲ့နာကျင်မှုကိုတော့ ဘယ်လိုအဓိပ္ပာယ်ကောက်ယူဖို့ ကျွန်တော်တို့သိနားလည်ရင် ကျွန်တော်တို့အတွက် ကြီးပြင်းရင့်ကျက်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ နာကျင်မှု
××××××××××××

ခန္ဓာကိုယ်ထဲက အင်္ဂါအဖွဲ့အစည်းတစ်ခုစီတိုင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အသက်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် တာဝန်ကိုယ်စီရှိတယ်ဆိုတာကို ကျွန်တော်တို့သိထားပါတယ်။ ခန္ဓာကိုယ်ပေါ်က နာကျင်မှုဆိုတာကလည်း အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့ သတိပေးအချက်ပြဖြစ်တယ်။ ဒီလိုအချက်ပြက ခန္ဓာကိုယ်ကို ကျွန်တော်တို့ ဂရုစိုက်ဖို့လိုအပ်ပြီဖြစ်ကြောင်း၊ ကျန်းမာရေးအခြေအနေနဲ့ ကင်းကွာနေပြီဖြစ်ကြောင်း ဖော်ပြတာဖြစ်တယ်။

နေ့စဉ်ဘဝမှာ ကျွန်တော်တို့ဟာ နာကျင်မှုကို ကောင်းကောင်းဖယ်ထုတ်တတ်ကြတယ်။ နာကျင်လာပြီဆိုတာနဲ့ အနာပျောက်ဆေးတွေ စားတတ်ကြတယ်။ နာကျင်မှုကိုပျောက်အောင် လုပ်နိုင်တာကောင်းပါတယ်။ ခန္ဓာကိုယ်ထဲမှာ နာကျင်မှုရှိတာဟာလည်း အရေးပါတဲ့အချက်တစ်ခုဆိုတာ ကျွန်တော်တို့ မမေ့သင့်ဘူး။ ခန္ဓာကိုယ်ကို ဂရုစိုက်သင့်ပြီဖြစ်ကြောင်း ကျွန်တော်တို့ကို အသိပေးတဲ့အချက်ပြဖြစ်လို့ပါပဲ။

ဥပမာအားဖြင့် ပြောရရင် နှလုံးရောဂါမဖြစ်ခင် ရင်ဘတ်စူးအောင့်တာမျိုး... ဒီလို စူးအောင့်တာက ကျွန်တော်တို့မှာ ဘာရောဂါဖြစ်နိုင်ပြီဖြစ်ကြောင်း အသိပေးတာပဲဖြစ်တယ်။ အချိန်မီကုသဖို့၊ ဆေးဝါးမှီဝဲဖို့ အချက်ပြတာဖြစ်တယ်။ တကယ်လို့ ဒီလိုနာကျင်မှုအချက်ပြတာမရှိရင် ရောဂါဖြစ်နေမှန်း ကျွန်တော်တို့မသိနိုင်တော့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့နာကျင်မှုက ခန္ဓာကိုယ်ကို ပိုဂရုစိုက်သင့်ပြီ၊ ကျန်းမာရေးကို အလေးထားသင့်ပြီဆိုတဲ့ အကျိုးအမြတ်ကိုရတယ်။ ဒီလိုအင်္ဂါအစိတ်အပိုင်းရဲ့ နာကျင်မှုအချက်ပြကို တကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ရသလို တကိုယ်ကောင်းမဆန်ဘူးလို့လည်း ပြောလို့ရပါတယ်။ တကိုယ်ကောင်းဆန်တယ်ဆိုတာက ဒီအင်္ဂါအစိတ်အပိုင်းတွေဟာ သူတို့ရဲ့ကျန်းမာရေးအတွက်၊ အနာတရမဖြစ်ဖို့အတွက် အချက်ပြတာဖြစ်တယ်။ တကိုယ်ကောင်းမဆန်ဘူးဆိုတာက သူတို့ဟာ သူတို့ရဲ့တန်ဖိုးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တာဝန်ထမ်းဆောင်နေတာ၊ ပေးဆပ်နေတာဖြစ်တယ်။

ဒီအင်္ဂါအစိတ်အပိုင်းတွေက သူတို့တာဝန်ကို သူတို့ထမ်းဆောင်နေတယ်။ အချက်ပြတာဟာလည်း သူတို့ရဲ့တာဝန်အရဖြစ်တယ်။ ဒီလိုအချက်ပြကို မှန်ကန်တဲ့တုန့်ပြန်မှုနဲ့ ခန္ဓာကိုယ်ကို အလေးထားသင့်ပြီဖြစ်ကြောင်း အသိပေးတာဖြစ်တယ်။

စိတ်ရဲ့နာကျင်မှု
××××××××

အခက်အခဲ၊ ဆင်းရဲဒုက္ခ ဒါမှမဟုတ် အသဲကွဲတာနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ ကျွန်တော်တို့ရဲ့စိတ်မှာ နာကျင်တဲ့ဝေဒနာကို ခံစားရတယ်။ ဒီလိုနာကျင်မှုက သင်ခန်းစာတစ်မျိုး၊ ဒီလိုနာကျင်မှုကို ကျွန်တော်တို့ ဘယ်လို သဘောထားမယ်ဆိုတဲ့အပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုအောင်နိုင်ဖို့ ကျွန်တော်တို့ကို အခွင့်အရေးပေးပါလိမ့်မယ်။ နာကျင်မှု အမျိုးမျိုးရှိတယ်။ ဥပမာ......

နစ်နာတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ အထင်လွှဲတဲ့အခါ

ထိခိုက်တဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ စွန့်ပစ်သွားတဲ့အခါ

လိမ်ညာခံရတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ လိမ်ညာသွားတဲ့အခါ

သစ္စာဖောက်ခံရတဲ့နာကျင်မှု --- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ သစ္စာဖောက်သွားတဲ့အခါ

ဒီလိုနာကျင်မှုတွေက တစ်ခါတလေမှာ စကားလုံးနဲ့ဖော်ပြလို့မရသလို ထုတ်ဖော်ပြသလိုလဲ မရနိုင်ဘူး။ နာကျင်တဲ့အခါ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တယ်၊ ကြေကွဲတယ်၊ ထိခိုက်တယ်၊ အော်ဟစ်ဆဲဆို ပေါက်ကွဲချင်စိတ်ဖြစ်တယ်။ စိတ်တိုနာကျင်လွန်းလို့ ခန္ဓာကိုယ်တောင် တုန်လှုပ်နိုင်တယ်။ သွေးတိုးနိုင်တယ်။

ဒါပေမဲ့ ဒီလိုနာကျင်မှုကလည်း သူ့အဓိပ္ပာယ်နဲ့ သူရှိနေခဲ့တယ်။ အဲဒီအဓိပ္ပာယ်ကို ကျွန်တော်တို့ ဖတ်သိနားလည်နိုင်ရင်၊ အပြုသဘောနဲ့ ရင်ဆိုင်ဖြေရှင်းဖို့သင်ယူတတ်ခဲ့ရင် အချစ်ရဲ့ တကယ့်အနက်အဓိပ္ပာယ်ကိုသိဖို့ ဒီနာကျင်မှုတွေက ကျွန်တော်တို့ကို သိနားလည်စေပါလိမ့်မယ်။ အချစ်မှာ တကယ်နာကျင်ခဲ့ဖူးသူကမှ အချစ်ရဲ့တန်ဖိုး၊ အချစ်ကို ပိုတန်ဖိုးထား နားလည်မှာဖြစ်တယ်။

တစ်ခါဆုံးရှုံးရင် တစ်ခါကြီးပြင်းသတဲ့။ တကယ်လို့ သင့်ကိုယ်သင် ပိုရင့်ကျက်ချင်ရင် တစ်ခါလောက်တော့ အသဲကွဲကြည့်ပါ။ ရင့်ကျက်တဲ့လမ်းဆီ သင်ရောက်သွားပါလိမ့်မယ်။ ဘဝထဲက အခက်အခဲ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ လူဟာ ပိုကြံ့ကြံ့ခံ သန်မာလာတာဖြစ်တယ်။ သေဆုံးတာကို တွေ့ကြုံဖူးသူတစ်ယောက်က လက်လွှတ်ဖို့ကို ပိုသိနားလည်လာတာဖြစ်တယ်။

ဒါကြောင့် ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် သူ့အဓိပ္ပာယ်နဲ့သူရှိပါတယ်။ ဒီနာကျင်မှုတွေကို လက်ခံနိုင်တဲ့စိတ်နဲ့ သေသေချာချာသိနားလည်နိုင်မှ ကျွန်တော်တို့ကို အပြုဆောင်တဲ့အရာတွေ ပိုပေးလာနိုင်မှာဖြစ်တယ်။ နာကျင်မှုထဲကနေ ကြီးပြင်းရင့်ကျက်ဖို့ ပိုသင်ယူနိုင်မှာဖြစ်ပါတယ်။


မူရင်း-- http://www.rs66.com/a/1/87/tengtongdeyiyi_78731_3.html

နိုင်းနိုင်းစနေ

အိမ်ထောင် တစ်ခု ပြုမယ် ဆိုရင်



A .. Age .. အသက် ဖြစ်ပါတယ် .. ကိုယ်နဲ့ အိမ်ထောင် ပြုမယ့် သူဟာ အသက် ကွာခြား ချက် ကြီး လို့ မရပါဘူး .... အသက် ( ၅ ) နှစ်ဟာ ခေတ် တစ်ခေတ် ကွာပါတယ် ... အတွေးအခေါ် အယူ အဆ ဖြတ်သန်း လာခဲ့ရတဲ့ ဘ၀ ပေး သင်ခန်းစာ တူဖို့ ဆိုတာ အင်မတန် ခက်ခဲ ပါတယ် ...

B .. Beauty .. အလှအပ ဖြစ်ပါတယ် ... ကိုယ်နဲ့ ယူမယ့် အိမ်ထောင်ဘက် ဟာ ... ကိုယ်နဲ့ လိုက် ဖက် တဲ့ ရုပ်ရည် ရူပကာ ရှိသင့် ပါတယ် ....

C .. Character .. အကျင့် စာရိတ္တ ... ကိုယ်နဲ့ ပေါင်း ဖက်မယ့် အိမ်ထောင် ဖက် ဟာ အကျင့် စာ ရိတ္တ ကောင်း မွန်ဖို့လိုပါမယ် ...

D .. Director .. ဦးဆောင် နိုင်စွမ်း ... ကိုယ်နဲ့ ပေါင်း ဖက်မယ့် အိမ်ထောင် ဖက်ဟာ .. အိမ်ဦးနတ် ပဲ ဖြစ်ဖြစ် အိမ်ထောင် ရှင်မ ပဲ ဖြစ်ဖြစ် ကျရာ တာဝန်မှာ ဦးဆောင် နိုင်စွမ်း ရှိတဲ့ သူတစ် ဦး ဖြစ် ဖို့ လိုပါတယ် ...

E .. Education .. ပညာရေး ... အိမ်ထောင် တစ်ခု မှာ ပညာရေး ကွာ ခြားလို့ မရပါဘူး ... ပညာေ ရး ကွာခြားချက် ကြီးမား တာနဲ့ အမျှ အတွေးအခေါ် အယူ အဆတွေ ပေါင်းသင်း ဆက်ဆံ ရေးေ တွ မှာ ကွာခြား လာပါတယ် ... အဲ့ အတွက် ကိုယ့် ရဲ့ လူမှု ပေါင်းသင်း ဆက်ဆံရေး နယ်ပယ် အ တွက် ပါ ထိခိုက်လာ နိုင်ပါတယ် ...

F .. Facility ...အထောက် အကူ ပြု ပစ္စည်း .. ဒီ နေရာမှာ ဘ၀ အတွက် အထောက် အကူ ပြုနိုင် တဲ့ အရာ ပေါ့ဗျာ ... ငွေကြေး ပဲ ထားပါတော့ ... သိပ်တော့ အရေး မကြီးပါဘူး ... ဒါပေမယ့် ထည့် သွင်း စဉ်းစား ရမယ့် အချက် တစ်ခုအနေနဲ့ ထည့် ထားတာပါ ....

G ... Generation .. မျိုး ဆက် ( သို့ ) မျိုး ရိုး ... ကိုနဲ့ အိမ်ထောင် ပြု မယ့် သူဟာ မျိုးရိုး ကော င်းဖို့ လိုပါမယ် ... ဒါက ထွေထွေ ထူးထူး ပြောနေစရာ ကိစ္စမဟုတ်ပါဘူး ...

H ... Health .. ကျန်းမာရေး ... ဒါကတော့ ပြောနေ စရာကို မလိုတာ ... ကိုယ့် အိမ်ထောင် ဖက် ကို ကိုယ့် ဖာသာ ကို စစ်ဆေးခိုင်း ပေါ့ဗျာ ....

ကျွန်တော် သင်ကြား ခဲ့ ဘူးတာလေး ကို ပြန်လည်ဝေမျှတာပါ ... သဘောထားချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါမယ် ....

လင်းလက်လူ ( GLM ) ရေးခဲ့တဲ့ ပိုစ့် အဟောင်းလေး တစ်ခု ပါ ....


https://www.facebook.com/photo.php?fbid=476629489101554&set=a.351047714993

ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်



စာဖတ်သူတို့ ထမင်းတခါပြင်တပွဲကို ငွေ ၂၀၀ နဲ့ ရောင်းတဲ့ဆိုင်များ တွေ့ဖူးကြပါသလား။ ကျနော်လည်း အရင်က မတွေ့ဖူးပါဘူး။ တန့ကတော့ မိတ်ဆွေသတင်းထောက်တယောက်ရဲ့ အကူအညီနဲ့ ထမင်းတပွဲ ၂၀၀ ကျပ်နဲ့စားလို့ရတဲ့ဆိုင်ကို ရောက်ခဲ့ပါတယ်။


(ဘဲဥနဲ့ဝက်သားတွဲမှာထားတဲ့ ၃၀၀ ကျပ်တန် ထမင်းပွဲ)
အဲဒီထမင်းဆိုင်လေးကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကမ်းနားလမ်းမှာတည်ရှိတဲ့ မြို့တော်ခန်းမနောက်ဘက်က ပန်းခြံလမ်းထဲမှာပါ။

ဆိုင်ရှေ့ရောက်ချိန်မှာ ဆိုင်ကိုအကဲခတ်ကြည့်တော့ ထမင်းဆိုင်ရယ်လို့လည်း ဆိုင်းဘုတ်တပ်ခြင်းမရှိ။ ဆိုင်နာမည်လည်း မရှိ။ ထမင်းတခါပြင် ၂၀၀ လို့တောင် ဆိုင်းဘုတ်တပ်ကြော်ညာ ထားတာလည်း မတွေ့ရပါဘူး။

ဒါပေမယ့် ဆိုင်ရှင်ကတော့ ထမင်းပွဲကို လက်မလည်အောင် တပွဲပြီးတပွဲပြင်ပေးပြီး ရောင်းနေတာကို တွေ့ရပါတယ်။

ကျနော်နဲ့ ကျနော့်မိတ်ဆွေက ဆိုင်ရှေ့က ပလတ်စတစ်ထိုင်ခုံတွေမှာ ၀င်ထိုင်လိုက်ပြီး ပုသိမ်သားဖြစ်တဲ့ကျနော့်မိတ်ဆွေက မှာလိုက်တယ် ...

“၀က်၊ ဘဲနဲ့ ထမင်း နှစ်ပွဲပေးပါ”

သူမှာလိုက်တဲ့ဟင်းက ကျနော့်နားထဲတမျိုးဖြစ်နေလို့ ကျနော့်မိတ်ဆွေကိုမေးလိုက်တယ်။

“ဘာလဲဟ ၀က်ဘဲဆိုတာ”

“၀က်သားဟင်းနဲ့ ဘဲဥဟင်း နှစ်မျိုးလုံးထည့်ပေးပါလို့ ပြောတာ”

ဟိုက်ရှားဘား......။ ထမင်းတပွဲ ၂၀၀ တန်ဆိုင်မှာ ၀က်သားဟင်းလည်း ရနေပါလား။
ဆိုင်ရှင်အမျိုးသားကလည်း ခပ်သွက်သွက်ပဲ စတီးပန်းကန် ၂ ချပ်ယူပြီး ပြင်ပေးလိုက်တာ ခဏချင်းမှာပဲ ထမင်း ၂ ပွဲရောက်လာတယ်။

ဘဲဥတလုံး၊ လက် ၂ လုံးလောက်ရှိမယ့် ၀က်သားဟင်း ၇ ဖတ်လောက်နဲ့ ဟင်းအရည်ဆမ်းထားတဲ့ ထမင်းပွဲက သူရောင်းနေတဲ့ဈေးနှုန်းနဲ့ ဘယ်လိုမှ ယုံနိုင်စရာမရှိဘူး ဖြစ်နေတယ်။

(အခြေခံလူတန်းစားတို့အားထားရာ ပုသိမ်မြို့ ပန်းခြံလမ်းက ၂၀၀ ကျပ်တန် ထမင်းရောင်းတဲ့ဆိုင်)

ဆိုင်မှာ ဟင်းက ငါးဟင်း၊ ငါးဆုပ်ဟင်း၊ ဘဲဥဟင်း၊ ၀က်သားနဲ့ အမဲအူဆိုပြီးတော့ ဟင်း (၅) မျိုး ရတယ်။ ဟင်း တမျိုးစားလည်း ၂၀၀ ကျပ်၊ နှစ်မျိုးစားလည်း ၂၀၀ ကျပ်ပဲ ပေးရတယ်။ ဘဲဥဟင်းနဲ့ တခြားဟင်းတမျိုးတွဲရင်တော့ ၃၀၀ တဲ့။

ကျနော်တို့မှာလိုက်တဲ့ ထမင်းပွဲကတော့ ၃၀၀ တန်ထမင်းပွဲပေါ့။
ထမင်းလိုက်ပွဲထပ်ယူရင် တပွဲ ၁၀၀။ တခြားထမင်းဆိုင်ကြီးတွေလို ဟင်းချို၊ အရွက်ကြော်၊ ငါးပိရည် တို့စရာ တွေတော့ မပါဘူး။ ဒါပေမယ့် ရေနွေးကြမ်းရတယ်။ ဆားပန်းကန်နဲ့ အစပ်ကြိုက်သူအတွက် ငရုတ်သီးစိမ်းပန်းကန် ချထားပေးတယ်။

မှာထားတဲ့ထမင်းပွဲကို စားကြည့်လိုက်တော့ ဟင်းလက်ရာ ကောင်းသလို ဆန်ကလည်း ဆန်ကြမ်းပေမယ့် အညံ့စားကြီး မဟုတ်ဘဲ စားလို့အဆင်ပြေတဲ့အနေအထားမှာ ရှိတာ တွေ့ရတယ်။ ကျနော်လည်း မြည်းရင်းစမ်းရင်း စားလိုက်တာ တပန်းကန်ကုန်သွားတယ်။

ကျန်တဲ့လူတွေအကဲခတ်ကြည့်တော့ ထမင်းစားလိုက်၊ ငရုတ်သီးစိမ်းလေးကိုက်လိုက်၊ ရေနွေးကြမ်းပူပူ သောက်လိုက်နဲ့ သူ့ဟာနဲ့သူ အဆင်ပြေနေတယ်။
ဟင်းအရည်လိုချင်ရင် ထပ်တောင်းလို့လည်း ရတယ်။ ဟင်းရည်တောင်းရင် အသားဖတ် ၂ ဖတ်၊ ၃ ဖတ်တောင် ဆိုင်ရှင်က အဆစ်ထည့်ပေးလိုက်သေးတယ်။

(၂၀၀ ကျပ်ဖိုး ဟင်းနှစ်မျိုး တွဲစားလို့ရ)

ပုသိမ်မှာ လက်ဖက်ရည်တခွက်တောင် ၂၀၀ ကျပ် ဖြစ်နေတဲ့ခေတ်မှာ ထမင်းတပွဲကို ငွေ ၂၀၀ နဲ့ ရောင်းနေတဲ့ကိစ္စက အတော့်ကို ထူးဆန်းစရာပဲမဟုတ်လား။

ဆိုင်ရှင်အမျိုးသားကိုဇေယျာလင်းကို မေးလိုက်တယ်။

“ဒီဈေးနှုန်းနဲ့ ရောင်းနေတော့ အစ်ကိုတို့ မြတ်ကော မြတ်ရဲ့လားဗျ”

“ဈေးသည်ပဲဗျာ။ မြတ်လို့ရောင်းတာပေါ့။ အဓိကကတော့ စားတဲ့လူတွေ ဈေးသက်သက်သာသာနဲ့ အဆင်ပြေပြေစားလို့ရနေရင် ကျေနပ်ပါတယ်။ ကျနော်တို့ ဒီဆိုင်ဖွင့်လာတာ အခုဆိုရင် သက်တမ်း ၁၅ နှစ်နီးပါးရှိနေပြီ။
စရောင်းတုန်းကတော့ ထမင်းတပွဲ ၄၀ (ကျပ်)၊ နောက်တော့ ကုန်ဈေးနှုန်းတက်လာလို့ ၂၀၀ ကျပ်အထိ တက်ရောင်းဖြစ်တာ”လို့ ကိုဇေယျာလင်းက ပြန်ဖြေပါတယ်။

ရောင်းလို့ မကုန်တဲ့နေ့ မရှိသလို နေ့လည် ၁၁ နာရီလောက်ကစရောင်းတာ မွန်းလွဲ ၂ နာရီထိုးလောက်ဆိုရင် ရောင်းကုန်ပြီလို့ သူက ပြောပါတယ်။

ကျနော်စဉ်းစားကြည့်တယ်။ ဒီဈေးနှုန်းနဲ့ရောင်းနိုင်ရအောင် ဆန်တွေများ အလကား ရနေလို့များလား။

“အစ်ကိုတို့ ဆန်ကျတော့ကော။ ရွာက မှာတာလား”

“မဟုတ်ပါဘူး။ ဆန်ကလည်း ပုသိမ်ကပဲ ၀ယ်ပါတယ်။ အသားတွေ ဟင်းတွေလည်း ဈေးသက်သက်သာသာနဲ့ သန့်သန့်ရှင်းရှင်းစားလို့ရအောင် ချက်ပါတယ်”လို့ သူက ပြောပါတယ်။

ထမင်းဆိုင်ကို အားပေးနေသူတွေကတော့ ကမ်းနားတ၀ိုက်က ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ဆိုက္ကားသမားတွေ၊ အခြေခံလူတန်းစားတွေနဲ့ ကျေးရွာတွေက တက်လာတဲ့ တောသူတောင်သားတွေအများစုဖြစ်နေတာ တွေ့ရပါတယ်။

“မသိသူကျော်သွား၊ သိသူဖော်စား“ဆိုတဲ့ စကားပုံလိုပဲ ဒီဆိုင်ကိုသိနေတဲ့ ဖောက်သည်တွေက လူအုပ်လိုက်ဝင်လာ ခပ်သုတ်သုတ်စား။ ပြီးတာနဲ့ ငွေရှင်းပြီး ပြန်ကြ။ ရောင်းတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ရောင်း၊ စားတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ စားကြတာ တွေ့ရပါတယ်။

“ကျနော်တို့လို ဆိပ်ကမ်းကကုန်တင်ကုန်ချအလုပ်သမားတွေအတွက်တော့ ဒီဆိုင်လေးက တအားအဆင်ပြေတယ်။ ပုသိမ်တမြို့လုံးမှာ ဒီဆိုင်က ဈေးအသက်သာဆုံးပဲ။
ဈေးလည်းသက်သာတယ်။ စားလို့လည်း ကောင်းတယ်”လို့ ပုသိမ်ဆိပ်ကမ်းက ကုန်တင်ကုန်ချလုပ်သားတဦးက ပြောပါတယ်။

ဆိုခဲ့သလိုပဲ ထမင်းဆိုင်ရယ်လို့တောင် ဆိုင်းဘုတ်တပ် နာမည်ပေးထားခြင်းမရှိပေမယ့် မြို့တော်ခန်းမနား အနီးတ၀ိုက်မှာ “၂၀၀ ကျပ်တန် ထမင်းဆိုင်”လို့ မေးလိုက်ရင် မသိတဲ့လူ မရှိသလောက်ဖြစ်အောင်ကို နာမည်ကြီးပါတယ် တဲ့။

ကဲ ... ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်ဆိုတာ မယုံဘူးဆိုရင်တော့ မြို့တော်ခန်းမ နောက်ကျောက ပန်းခြံလမ်းထဲမှာရှိတဲ့ ၂၀၀ ကျပ်တန် ထမင်းဆိုင်ကိုသာ ကြွခဲ့ပါလို့ ပြောပါရစေဗျာ…


ဆလိုင်းသန့်စင်
ဧရာဝတီသတင်း


https://www.facebook.com/photo.php?fbid=476632192434617&set=a.35104771499306
Related Posts Plugin for WordPress, Blogger...